လှိုင်းအောက်ကောင်းကင်ဘုံအရှင်
Vol. 66 Ch. 917
ရှေးကျောက်တုံးကြယ်ပိုင်နက်........
အပြည့်အစီးတွေနဲ့ပြည့်နှက်နေတဲ့စွန့်ပစ်နယ်မြေတစ်ခုမှာ ပုံရိပ်နှစ်ရိပ်က မျက်နှာချင်းဆိုင်လျက်ရှိနေတယ်။
"အမှောင်သမန်းဝံပုလွေက တကယ်မယုံနိုင်စရာပဲ"
သမန်းဝံပုလွေလီဖူချန်းလီဖူချန်ရင်ဆိုင်နေရတာက ခြောက်မီတာရည်တဲ့အခြားမျိုးနွယ်ကောင်းကင်ဘုံအရှင်ဖြစ်တယ်။ သူ့မှာ ပုတ်သင်ညိုဦးခေါင်း၊ ပုတ်သင်ညိုအမြီးနဲ့ အလွန်တုတ်ခိုင်သန်မာတဲ့ခန္ဓာကိုယ်တစ်ခုရှိတယ်။
ဒီနေရာမှာအသိဗဟုသုတများတဲ့တစ်စုံတစ်ယောက်ရှိရင် ဒီအခြားမျိုးနွယ်ကောင်းကင်ဘုံအရှင်က ကော်မ္မရိုဇ့်မျိုးနွယ်မှဆိုတာကို သူတို့က သေချာပေါက်မြင်နိုင်တယ်။
ကော်မ္မရိုဇ့်မျိုးနွယ်က အားကောင်းတဲ့မျိုးနွယ်တစ်ခုမဟုတ်ပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်တွေမှာ တိုက်ခိုက်လိုတဲ့အမှတ်အသားတစ်ခုရှိတာကြောင့် သူတို့က တိုက်ပွဲမျိုးနွယ်တစ်စုဖြစ်နေတုန်းပါပဲ။
ကော်မ္မရိုဇ့်ကောင်းကင်ဘုံအရှင်က ကြောက်မက်ဖွယ်ရာချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေတယ်။ အဲဒါက အရပ်ခြောက်မီတာရှိမှန်းသိသာပေမယ့် နက္ခက်တာရာသားရဲလို ခံစားရတယ်။ ဖိအားက ကြယ်တွေတစ်လျှောက် ပျံ့နှံ့နေတယ်။
အစောတုန်းက သူတို့နှစ်ယောက်ကြားရိုးရှင်းတဲ့တိုက်ခိုက်မှုတစ်ခုက မိုင်ဘီလီယံအနည်းငယ်အတွင်းရှိကြယ်အားလုံးကို ဖျက်ဆီးခဲ့တယ်။ အားကောင်းတဲ့စွမ်းအင်ရဲ့သက်ရောက်မှုက ဒီနယ်မြေကို သေမင်းနယ်မြေဖြစ်သွားစေခဲ့တယ်။ ကောင်းကင်ဘုံအရှင်အောက်တစ်ယောက်ယောက်က ဒီနေရာမှာရှိရင် သူတို့က ဖရိုဖရဲစွမ်းအင်ကြောင့် ကြေမွဆုတ်ပြဲသွားလိမ့်မယ်။ ဒီနေရာမှာ သူတော်စင်အရှင်တွေကသာ အသက်ရှင်သန်နိုင်မယ်လို့ ယူဆရတယ်။
"ဘာလို့ မင်းက ငါ့ကို ပစ်မှတ်ထားနေရတာလဲ"
သမန်းဝံပုလွေလီဖူချန်းက နားမလည်နိုင်ဘူး။ သူက ကော်မ္မရိုဇ့်မျိုးနွယ်ကောင်းကင်ဘုံအရှင်ကို မရင်ဆိုင်ခဲ့ဘူး၊ ဒါက မတော်တဆတွေ့ဆုံမှုတစ်ခုဖြစ်တယ်။
"ဟားဟား၊ ပိုသန်မာချင်လို့ပေါ့ကွာ။ မင်းရဲ့အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်က ငါ့အတွက် အသုံးဝင်တယ်။ မင်းရဲ့သွေးမျိုးဆက်တစ်ဝက်ကို ငါ့အတွက် ထုတ်ယူပေးဖို့ဆန္ဒရှိရင် ငါ မင်းကို သွားခွင့်ပြုနိုင်တယ်" ကော်မ္မရိုဇ့်မျိုးနွယ်ကောင်းကင်ဘုံအရှင်က ရက်စက်စွာပြုံးလိုက်တယ်။
သမန်းဝံပုလွေလီဖူချန်းရဲ့သွေးမျိုးဆက်က အဆုံးစွန်းအဆင့်သွေးမျိုးဆက်အထိ အပြည့်အဝမကူးပြောင်းရသေးတာကို သူ မြင်နိုင်တယ်။ ပြောင်းလဲခြင်းက ပြီးမြောက်နေရင်း သူက လှုပ်ရှားရဲလိမ့်မှာမဟုတ်ဘူး။ သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တွေမှာ နာမည်ဆိုးနဲ့ကျော်ကြားကြတယ်။
"ဒါဆိုလဲတိုက်ခိုက်ကြတော့" သမန်းဝံပုလွေလီဖူချန်းက ပြောင်းလဲလိုက်တယ်။
ပြောင်းလဲပြီးနောက် သမန်းဝံပုလွေလီဖူချန်းက အခုဆိုရင် အရပ်လေးမီတာရှိနေပါပြီ။ သူ့ခန္ဓာကိုယ်ပေါ်ရှိအမွေးတွေက သန့်စင်တဲ့ရွှေရောင်တွေမဟုတ်ပါဘူး။ သူတို့က နက်ရွှေရောင်ဖြစ်နေကာ အနက်ရောင်တစ်လက်လက်ဖြစ်နေတယ်။
လွန်ခဲ့တဲ့နှစ်တွေနဲ့နှိုင်းယှဉ်ရင် သမန်းဝံပုလွေလီဖူချန်းက စွမ်းအင်ထိန်းချုပ်မှုပိုအားကောင်းလာတယ်။ သူ့စွမ်းအင်တွေ အပြင်ဘက်ကိုထုတ်လွှတ်ခြင်းမှ သူရပ်တန့်နိုင်တာနဲ့ သူ့ရဲ့တိုက်ပွဲခွန်အားက မယုံကြည်နိုင်တဲ့အဆင့်တစ်ခုကို ရောက်ရှိလိမ့်မယ်။
ဝုန်း......
သူတို့နှစ်ယောက်က ထိပ်တိုက်တွေ့ကြပြန်တယ်။
ကြီးမားပြင်းထန်တဲ့အလင်းဖြာထွက်မှုတစ်ခု ပေါက်ကွဲထွက်သွားတယ်။
မိုင်ဘီလီယံပတ်လည်အတွင်းမှာ ကြယ်အပျက်အစီးတစ်ခု ရှိတယ်။ အရာရာတိုင်းက အပိုင်းအစတွေ၊ ဖုန်မှုန့်တွေအဖြစ် ပျက်ဆီးသွားရတယ်။
ဖြာထွက်အလင်းရဲ့အလယ်မှာ အနက်ရောင်အပေါက်တစ်ခုရှိတယ်။
သူတို့နှစ်ယောက်ထိပ်တိုက်တွေ့တဲ့အချိန်မှာ အနက်ရောင်အပေါက်တစ်ခုကို ဖြစ်စေခဲ့တယ်။ မကြာမီမှာပဲ နှစ်ယောက်သားထပ်မံရင်ဆိုင်တိုက်ခိုက်တဲ့အချိန်မှာ အနက်ရောင်အပေါက်က ပျောက်ကွယ်သွားရတော့တယ်။
ဝုန်း ဝုန်း ဝုန်း......
စမ်းသပ်မှုတစ်ခုလို့သာဆိုရမယ့်ပထမတိုက်ခိုက်မှုနဲ့မတူညီစွာပင်၊ သူတို့နှစ်ယောက်က အထွတ်အထိပ်ခွန်အားကို အသုံးပြုနေကြတယ်။
"မယုံနိုင်စရာပဲ၊ တကယ်မယုံနိုင်စရာပဲ။ မင်းရဲ့သွေးမျိုးဆက်က အပြည့်အဝမပြောင်းလဲပေမယ့် မင်းက ငါ၊ လှိုင်းအောက်ကောင်းကင်ဘုံအရှင်နဲ့ တူညီတဲ့ခွန်အားရှိတယ်။ ငါ တကယ်မနာလိုဖြစ်မိတယ်"
လှိုင်းအောက်ကောင်းကင်ဘုံအရှင်က မနာလိုစိတ်တွေ ပြည့်နှက်နေတယ်။ တိုက်ပွဲပါရမီအရ သမန်းဝံပုလွေတွေက စကြယဝဠာထဲရှိမျိုးနွယ်တွေမှာ အနည်းဆုံးထိပ်ဆုံးမျိုးနွယ်ငါးခုထဲ ဝင်တယ်။ ကော်မ္မရိုဇ့်မျိုးနွယ်က ထိပ်ဆုံးဆယ်မျိုးနွယ်ထဲတောင် မဝင်ပါဘူး။ သူက သမန်းဝံပုလွေမျိုးနွယ်ရဲ့ပါရမီကို ရရှိနိုင်ရင် သူ၊ လှိုင်းအောက်ကောင်းကင်ဘုံအရှင်က လက်ရှိထက်အနည်းဆုံးဆယ်ဆပိုသန်မာလာလိမ့်မယ်။
"မင်း ငါ့ထက်နှစ်သောင်းအနည်းငယ်ပိုကျင့်ကြံထားခဲ့ရင် ငါက မင်းအတွက် ပြိုင်ဘက်မဖြစ်နိုင်ဘူး။ ဒါပေမယ့် အခု မင်းက သေချာပေါက်သေရလိမ့်မယ်" ပြောနေရင်း လှိုင်းအောက်ကောင်းကင်ဘုံအရှင်က ပျောက်ကွယ်သွားတော့တယ်။
"အမ်" သမန်းဝံပုလွေလီဖူချန်းရဲ့အမူအရာက ပြောင်းသွားတယ်၊ သူက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ဖြန့်ထုတ်လိုက်တယ်။
ဒါပေမယ့် သူ့ရဲ့ကောင်းကင်ဘုံအရှင်အဆင့်လိပ်ပြာအသိစိတ်အာရုံက လှိုင်းအောက်ကောင်းကင်ဘုံအရှင်ကို ရှာမတွေ့နိုင်ခဲ့ဘူး။
ဝုန်း.....
ရုတ်တရက် လှိုင်းအောက်ကောင်းကင်ဘုံအရှင်က သမန်းဝံပုလွေလီဖူချန်းအနောက်မှာ ထွက်ပေါ်လာပြိး သူ့ကို လက်သီးတစ်ချက်နဲ့ လွင့်သွားစေလိုက်တယ်။
"ရုတ်ချည်းရွှေ့ပြောင်းမှုလာ။ အဲဒါက ကိုယ်ယောင်ဖျောက်တာနဲ့ပိုတူတယ်"
သမန်းဝံပုလွေလီဖူချန်းရဲ့လည်ချောင်းထဲမှာ သွေးတွေက ချိုမြနေတယ်၊ သူက သွေးအန်ထွက်ခဲ့ရတယ်။
ကံကောင်းတာကတော့ သမန်းဝံပုလွေလီဖူချန်းရဲ့ခုခံမှုက ကြမ်းတမ်းတယ်၊ သို့မဟုတ်ရင် စောစောကလက်သီးက သူ့ကို သေချာပေါက်ဒဏ်ရာရစေလောက်ပြီ။
"ဒီလိုအားကောင်းတဲ့ခုခံမှု" လှိုင်းအောက်ကောင်းကင်ဘုံအရှင်ရဲ့အမူအရာက အရုပ်ဆိုးနေတယ်။
"သေစမ်း၊ သေစမ်း၊ သေစမ်း" လှိုင်းအောက်ကောင်းကင်ဘုံအရှင်က သမန်းဝံပုလွေလီဖူချန်းအပေါ် လက်သီးချက်မျိုးစုံပစ်သွင်းလိုက်တယ်။
"ထွက်သွားစမ်း" အံ့ဖွယ်လက်နက်တစ်ခုနဲ့တူတဲ့ထက်ရှတဲ့ဝံပုလွေလက်သည်းနဲ့အတူ သမန်းဝံပုလွေလီဖူချန်းက ကြမ်းတမ်းရက်စက်တဲ့လက်သည်းကုတ်ချက်တစ်ခုကို လှိုင်းအောက်ကောင်းကင်ဘုံအရှင်အပေါ် ဖော်ထုတ်လိုက်တယ်။
"မင်း ငါ့ကို တကယ်ရိုက်လိုက်တာလား" လှိုင်းအောက်ကောင်းကင်ဘုံအရှင်က သူ့ရင်ဘက်ပေါ်ရှိ အရိုးနက်ဒဏ်ရာကို ထိတ်လန့်တကြား ငုံ့ကြည်လိုက်တယ်။
သူ့ရဲ့မွေးရာပါစွမ်းရည်က အရောင်ပြောင်းခြင်းဖြစ်တယ်။ အဲဒါက သူ့ကို ပတ်ဝန်းကျင်နဲ့ချို့ယွင်းချက်မဲ့ပေါင်းစပ်စေတယ်။ လိပ်ပြာအသိစိတ်အာရုံက အလွန်မြင့်မားတဲ့အဆင့်တစ်ခုမှာမရှိရင် သူ့ကို ရှာတွေ့ဖို့က မဖြစ်နိုင်ပါဘူး။
"သွေးလလက်သည်း....."
သမန်းဝံပုလွေလီဖူချန်းက အရေးမပါတဲ့စကားတွေနဲ့ အချိန်မဖြုန်းပါဘူး၊ သူက သွေးလက်သည်းတစ်ခုကို လှိုင်းအောက်ကောင်းကင်ဘုံအရှင်ထံ ပစ်လွှတ်လိုက်တယ်။
ဒရစ်ရဲ့သွေးလလက်သည်းနဲ့နှိုင်းယှဉ်ရင် သမန်းဝံပုဆလွလီဖူချန်းရဲ့သွေးလလက်သည်းထဲရှိဆုတ်ဖြဲခြင်းဥပဒေသက ခြားနားတဲ့အဆင့်တစ်ခုမှာ ရှိတယ်။ ဟင်းလင်းပြင်အလွှာတွေက ဆုတ်ပြဲသွားပြီး အချိန်ကတောင် ရပ်တန့်သွားပုံရတယ်။
လှိုင်းအောက်ကောင်းကင်ဘုံအရှင်က ရှောင်တိမ်းဖို့ အချိန်မရှိပါဘူး၊ သူလုပ်နိုင်တဲ့အရာက သူ့အရှေ့မှာ သူ့လက်မောင်းတွေကို ကန့်လန့်ဖြတ်ထားခြင်းသာဖြစ်တယ်။ ပြီးနောက် သူက သူ့ခန္ဓာကိုယ်ကို အနက်ရောင်အလွှာတစ်ခုနဲ့ ဖုံးလွှမ်းထားလိုက်တယ်။
မွေးရာပါစွမ်းရည်၊ မာကျောခြင်း။
ဂျိုင်း.......
သွေးလလက်သည်းက လှိုင်းအောက်ကောင်းကင်ဘုံအရှင်ရဲ့ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီး မီးပွားအချို့ ပေါ်ထွက်လာတယ်။
"ခံစစ်ကို မချိူးဖြတ်နိုင်ခဲ့ဘူးလား" သမန်းဝံပုလွေလီဖူချန်းရဲ့မျက်လုံးတွေက အလွန်စူးရှသွားတယ်။ ကြီးမားတဲ့အမှောင်စွမ်းအင်ပမာဏတစ်ခုက သူ့လက်တွေဆီ စီးဆင်းလာတယ်။
သမန်းဝံပုလွေလီဖူချန်းရဲ့အမှောင်စွမ်းအင်က အကန့်အသတ်မဲ့တယ်။ ဒါပေမယ့် အမှတ်အသားတိုက်ကွက်တွေကို အသုံးပြုရတဲ့အခါ အမှောင်စွမ်းအင်ကုန်ဆုံးတဲ့အရှိန်က သာမန်ထက် ဆယ်ဆဒါမှမဟုတ်အဆတစ်ရာတောင်ပိုမြန်တယ်။
"အမှောင်လလက်သည်း"
ပိုအဆင့်မြင့်မားတဲ့အမှောင်လလက်သည်းကို ဖော်ထုတ်တဲ့အခါ စကြာဝဠာက အမှောင်ထုထဲသို့ ရုတ်တရက် ထိုးကျသွားတယ်။ ကြောက်စရာကောင်းတဲ့လှိုင်းတစ်ခုက လှိုင်းအောက်ကောင်းကင်ဘုံအရှင်ရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားတယ်။
ဖြောက်......
လှိုင်းအောက်ကောင်းကင်ဘုံအရှင်ရဲ့မာကျောမှုက ယိုယွင်းသွားပြီး သူ့လက်မောင်းနှစ်ဖက်က အမှောင်အရာဝတ္ထုတွေအဖြစ် ပြောင်းလဲပြန့်ကျဲသွားတော့တယ်။
"မဖြစ်နိုင်ဘူး" လှိုင်းအောက်ကောင်းကင်ဘုံအရှင်က နာကျင်စွာအော်လိုက်တယ်။
သူ့ရဲ့မာကျောမှုက သူ့ခွန်အားကို ဆယ်ဆတိုးလာစေပေမယ့် အဲဒါက ချက်ချင်းပျက်စီးသွားခဲ့ရတယ်။
သူ့လက်နှစ်ဖက်က ပြန်ပေါက်လာတယ်၊ လှိုင်းအောက်ကောင်းကင်ဘုံအရှင်က ကြောက်စရာကောင်းတဲ့အသံလှိုင်းတစ်ခုကို သမန်းဝံပုလွေလီဖူချန်းထံ တိုက်ခိုက်လိုက်တယ်။
သမန်းဝံပုလွေလီဖူချန်းက လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်လိုက်ရတယ်။
အသံလှိုင်းက ခန္ဓာကိုယ်အတွင်းရောအပြင်ရောတုန်လှုပ်စေတဲ့တုန်ခါမှုလှိုင်းတစ်ခုဖြစ်ပြီး ခုခံဖို့အလွန်ခက်ခဲတယ်။
"သေစမ်း"
အသံလှိုင်းက ထိရောက်မှုရှိတာကို မြင်ပြီး လှိုင်းအောက်ကောင်းကင်ဘုံအရှင်က အသံလှိုင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ်ဖော်ထုတ်လိုက်တယ်။
"စုပ်ယူစမ်း" သမန်းဝံပုလွေလီဖူချန်းက အမှောင်အတားအဆီးတစ်ခုကို တည်ဆောက်လိုက်တယ်။
သူက အခုထိ သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တရားဝင်မဖြစ်သေးပါဘူး၊ ပြီးတော့ သူ့ရဲ့အမှောင်စွမ်းအင်မှာ အားနည်းချက်တွေများစွာရှိတယ်။ သူက အစစ်အမှန်သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တစ်ကောင်ဖြစ်လာရင် လှိုင်းအောက်ကောင်းကင်ဘုံအရှင်ရဲ့တိုက်ခိုက်မှုအားလုံးကို အမှောင်စွမ်းအင်က စုပ်ယူသွားပေလိမ့်မယ်။
အခု သူက စွမ်းအင်ကို စုပ်ယူဖို့ အမှောင်အတားအဆီးတစ်ခုကိုသာ တည်ဆောက်န်ိုင်တယ်။ ဒီလိုပြုလုပ်ခြင်းက သူ့စွမ်းအင်ရဲ့ကြီးမားတဲ့ပမာဏကို သုံးစွဲစေတယ်။
"တောက်၊ ဘာလို့ အမှောင်သမန်းဝံပုလွေတစ်ကောင်က ဒီလောက်အားကောင်းရတာလဲ" လှိုင်းအောက်ကောင်းကင်ဘုံအရှင်က ဒေါသထွက်နေတယ်။
သူက သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တွေအပေါ် အထင်သေးမိတာကို သူက သဘောပေါက်ခဲ့တယ်။ သူက အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်ကို လျှော့တွက်ထားခဲ့တာပဲ။
ဒါပေမယ့် ကော်မ္မရိုဇ့်ကောင်းကင်ဘုံအရှင်တွေမှာ အလွန်ရိုးစင်းတဲ့တိုက်ခိုက်ရေးနည်းလမ်းတွေပဲ ရှိတာကို လှိုင်းအောက်ကောင်းကင်ဘုံအရှင်က ဝန်ခံတယ်။ သူတို့ကို သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တွေက လုံးဝချုပ်ထိန်းထားတယ်။ အခြားမျိုးနွယ်တစ်ခုမှကောင်းကင်ဘုံအရှင်တစ်ယောက်သာဆိုရင် သူတို့က ဒီလိုသနားစဖွယ်အခြေအနေကို ကျရောက်လိမ့်မှာမဟုတ်ဘူး။
"အမှောင်စွမ်းအင်ကို ထိန်ချန်ထားလို့မရဘူး။ ငါ့ရဲ့ခွန်အားအပြည့်နဲ့ ရန်သူကို အနိုင်ယူရမယ်"
သွေးမျိုးဆက်ထဲမှာ ကြီးမားပြီးကြောက်စရာကောင်းတဲ့အမှောင်စွမ်းအင်က တိုးထွက်လာတယ်။ သမန်းဝံပုလွေလီဖူချန်းက သူ့ရဲ့ညာလက်ကို အားမာန်အပြည့်နဲ့ ဝှေ့ယမ်းလိုက်တယ်၊ စကြာဝဠာက မဟာအမှောင်ထုထဲသို့ နစ်မြုပ်သွားတော့တယ်။ ကြမ်းတမ်းပြင်းထန်တဲ့လက်သည်းလ်ှိုင်းက ရက်စက်ကြမ်းကြုတ်တဲ့မုန်တိုင်းတစ်ခုပမာ လှိုင်းအောက်ကောင်းကင်ဘုံအရှင်ကို ဝန်းရံသွားတယ်။
ဝုန်း ဝုန်း ဝုန်း .......
လှိုင်းအောက်ကောင်းကင်ဘုံအရှင်က အပိုင်းပိုင်းအစစပေါက်ကွဲထွက်သွားတယ်။ ပေါက်ကွဲသွားတဲ့အစိတ်အပိုင်းအားလုံးက အနက်ရောင်အရာဝတ္ထုတွေအဖြစ် ပြောင်းလဲကာ ပြန့်ကျဲသွားတယ်။
"ပြေးတော့"
သမန်းဝံပုလွေလီဖူချန်းရဲ့အမှောင်စွမ်းအင်က အကန့်အသတ်ရှိပြီး အချိန်အကြာကြီးအသုံးမပြုနိုင်ဘူးဆိုတာကို လှိုင်းအောက်ကောင်းကင်ဘုံအရှင်က သိရင်တောင် သူက မစွန့်စားရဲသေးပါဘူး။ သမန်းဝံပုလွေလီဖူချန်းမှာ သူ့ကို သတ်ဖို့လုံလောက်တဲ့စွမ်းအင်ရှိရင် သူက အကြီးအကျယ်ဆုံးရှုံးမှုဖြစ်သွားရလိမ့်မယ်။
နေရာလပ်ဇုန်ကို ဆုတ်ဖြဲပြီးနောက် လှိုင်းအောက်ကောင်းကင်ဘုံအရှင်က ပျောက်ကွယ်သွားတော့တယ်။
"ဟမ့်၊ ဒီလိုလွယ်လွယ်နဲ့ ထွက်သွားလို့ရနိုင်ရိုးလား" သမန်းဝံပုလွေလီဖူချန်းရဲ့မျက်လုံးတွေက အေးစက်တဲ့အလင်းတွေလက်သွားပြီး သူက ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ ကုတ်ဆွဲလိုက်တယ်။
အား......
ဟင်းလင်းပြင်အနက်ပိုင်းအထဲမှာ လှိုင်းအောက်ကောင်းကင်ဘုံအရှင်ရဲ့အော်သံကို ကြားရနိုင်တယ်။
အသက်ရှုထုတ်ပြီးနောက် သမန်းဝံပုလွေလီဖူချန်းက သူ့ရာသူရေရွတ်လိုက်တယ်"ငါ့မှာ အမှောင်စွမ်းအင်ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကျန်ရှိသေးတယ်"
ဒါက သာမန်တိုက်ပွဲတစ်ခုဆိုရင် သမန်းဝံပုလွေလီဖူချန်းရဲ့အမှောင်စွမ်းအင်က အနည်းဆုံးကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်ကျန်ရှိလိမ့်မယ်။ ဒါပေမယ့် သွေးလလက်သည်း၊ အမှောင်လလက်သည်းနဲ့ အမှောင်အတားအဆီးတို့ကို ဖော်ထုတ်ရတာ အမှောင်စွမ်းအင်အမြောက်အများကို ကုန်ဆုံးစေခဲ့တယ်။
သမန်းဝံပုလွေလီဖူချန်းမှာ လုံလောက်တဲ့အမှောင်စွမ်းအင်ကျန်ရှိရင် သူက လှိုင်းအောက်ကောင်းကင်ဘုံအရှင်ကို လိုက်ဖမ်းဖို့ပြဿနာရှိလိမ့်မှာမဟုတ်ပါဘူး။
"လှိုင်းအောက်ကောင်းကင်ဘုံအရှင်က သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ဘယ်အဆင့်မှာရှိနေသလဲကို ငါ သိချင်တယ်"
အရာအားလုံးကို မြင်ပြီးနောက် လီဖူချန်းက ပြုံးလိုက်မိတယ်၊ ပြီးနောက် သူက စိတ်သက်သာရသွားတော့တယ်။
သမန်းဝံပုလွေလီဖူချန်းက အလွန်သန်မာတယ်၊ အမှောင်စွမ်းအင်က တိုက်စစ်ရောခံစစ်ရောဘက်စုံအသုံးပြုလို့ရတယ်။ အဲဒါက ရန်သူရဲ့ခန္ဓာကိုယ်ကို ကျူးကျော်ဝင်ရောက်နိုင်ပြီး တိုက်ခိုက်မှုကိုလည်း စုပ်ယူနိုင်တယ်။ တိုက်ပွဲအချိန်အကန့်အသတ်ကို ဘေးဖယ်ထားရင် ကောင်းကင်ဘုံအရှင်တစ်ယောက်က သမန်းဝံပုလွေလီဖူချန်းထက် ပိုသန်မာရင်တောင် သူတို့က သမန်းဝံပုလွေလီဖူချန်းကို အသာစီးမရယူနိုင်ပါဘူး။
ဒါပေမယ့် အဲဒါက လှိုင်းအောက်ကောင်းကင်ဘုံအရှင်ရဲ့ရိုးရှင်းတဲ့တိုက်ခိုက်ရေးနည်းလမ်းတွေကြောင့်ဖြစ်တယ်။ သမန်းဝံပုလွေလီဖူချန်းက တိုက်ခိုက်ရေးနည်းလမ်းအမျိုးမျိုးရှိတဲ့အခြားကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ရင်ဆိုင်ရရင် ရန်သူကို ဖယ်ရှားဖို့က ဒီလောက်လွယ်မှာမဟုတ်ဘူး။
လှိုင်းအောက်ကောင်းကင်ဘုံအရှင်ကို မောင်းထုတ်ပြီးနောက် သမန်းဝံပုလွေလီဖူချန်းက နှာခေါင်းရှုပ်ကာ ဟင်းလင်းပြင်ထဲသို့ ရွှေ့ပြောင်းသွားတော့တယ်။
ဒီမတိုင်းခင်တုန်းက သူက သူတော်စင်အရှင်အဆင့်နက္ခက်တာရာသားရဲတစ်ကောင်ကို ရှေးကျောက်တုံးကြယ်ပိုင်နက်မှာ ရှာတွေ့ခဲ့တယ်။ အဲကောင်က ငွေအင်းကွက်နက္ခက်တာရာသားရဲဖြစ်ပြီး တန်ဖိုးက ကြီးမားတယ်။ အဲဒါကို ဖမ်းမိနိုင်ရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးမီလီယံအနည်းငယ်အထိ ရောင်းချနိုင်လိမ့်မယ်။ ကံမကောင်းတာက အဲဒါက အလွန်မြန်တယ်၊ အခွင့်အရေးပေးမိတာနဲ့ ၎င်းက ဟင်းလင်းပြင်ထဲကို ရွှေ့ပြောင်းသွားလိမ့်မယ်။
ကံကောင်းတာကတော့ သမန်းဝံပုလွေလီဖူချန်းက ငွေအင်းကွက်နက္ခက်တာရာသားရဲရဲ့အနံ့ကို မှတ်မိနေပြီး အနံ့ခံကာ လိုက်ဖမ်းနိုင်တယ်။ ငွေအင်းကွက်နက္ခက်တာရာသားရဲက အဝေးကြိီးကို မလွတ်မြောက်သွားသရွေ့ သူက ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်။
…
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှာ စကြဝဠာမြို့စုစုပေါင်း၁၁မြို့ရှိတယ်။
ခွဲဝေမှုအရ စိတ်ဝိညာဉ်တစ်သောင်းမြို့၊ အံ့ဖွယ်သစ်ရွက်မြို့နဲ့အသေင်္ချပန်းမြို့တို့က နယ်မြေတစ်ခုထဲမှာ တည်ရှိပြီး နှိုင်းယှဥ်ကြည့်ရင် တစ်မြို့နဲ့တစ်မြို့ပိုနီးကပ်တယ်။
အံ့ဖွယ်သစ်ရွက်မြို့နဲ့အနီးဆုံးမြို့ကတော့ စကြာဝဠာမြို့တစ်မြို့ဖြစ်တဲ့အမှောင်ပူဆွေးခြင်းမြို့ပါပဲ။
အမှောင်ပူဆွေးခြင်းမြို့က ဧရာမပျားတူအသိုက်တစ်ခုနဲ့တူပြီး ကြောက်စရာကောင်းတဲ့အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေတယ်။
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှာ အမှောင်ပူဆွေးခြင်းမြို့က ကောင်းခြင်းဆိုးခြင်းရောထွေနေတဲ့မြို့တစ်မြို့ဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်တဲ့ကျွမ်းကျင်သူတွေ အမှောင်ပူဆွေးခြင်းမြို့မှာ စုဝေးနေကြတယ်။ လူအများစုအတွက် ဒါက နဂါးတစ်ကောင်ရဲ့ရေကန်ဒါမှမဟုတ်ကျားတစ်ကောင်ရဲ့အသိုက်ပါပဲ။
ဒီနေ့မှာတော့ ဓားပုံသဏ္ဍာန်သင်္ဘောတစ်စင်းက အမှောင်ပူဆွေးခြင်းမြို့ဆီ ပျံသန်းလာနေတယ်။
သင်္ဘောပေါ်မှာ သူတော်စင်အရှင်လေးယောက်ရှိပြီး လီဖူချန်းက သူတို့အထဲကတစ်ယောက်ပါပဲ။
သူက အစည်းအရုံးမစ်ရှင်တစ်ခုအတွက် အမှောင်ပူဆွေးခြင်းမြို့ကို ဦးတည်လာရတာပဲ။
မစ်ရှင်ကတော့ ကလန်တစ်ခုကို အံ့ဖွယ်သစ်ရွက်မြို့ဆီ လိုက်ပါပို့ဆောင်ပေးဖို့ဖြစ်ပြီး အဲဒါက နံနက်ခင်းကြယ်အဆင့်မစ်ရှင်တစ်ခုပါပဲ။
သူတော်စင်အရှင်လေးယောက်ထဲမှာ လီဖူချန်းကသာ တတိယအဆင့်အထွတ်အထိပ်အဆင့်အဖွဲ့ဝင်ဖြစ်တယ်၊ အခြားသူတွေက နံနက်ခင်းကြယ်အဆင့်အဖွဲ့ဝင်တွေဖြစ်ကြတယ်။
"အမှောင်ပူဆွေးခြင်းမြို့ကို လာတဲ့အခါ အရမ်းဖိအားများသလို ငါ ခံစားနေရတယ်"
"ဘာလို့ မင်းက ဖိအားမခံစားရမှာလဲ။ အမှောင်ပူဆွေးခြင်းမြို့က အင်းဆက်အုံတစ်ခုအပေါ်မှာ တည်ဆောင်ထားတယ်။ ဒီလိုကြိီးမားတဲ့အင်းဆက်အုံတစ်အုံက ဘာလို့ စကြာဝဠာမှာရှိနေရတာကို မသိဘူး"
"လူတွေက အမှောင်ပူဆွေးခြင်းမြို့မှာ နေထိုင်ဖို့ဘာကြောင့်ရွေးချယ်တယ်လို့ မင်းထင်လဲ။ ငါသာဆိုရင် ဒီနေရာမျိုးမှာ ဘယ်တော့မှနေချင်မှာမဟုတ်ဘူး"
"ရက်စက်ယုတ်မာသူတွေကလွဲပြီး အများစုက ရွေးချယ်စရာမရှိလို့ပဲ။ အခြားစကြဝဠာမြို့တစ်မြို့ဆီ သွားလာရတာ ဝေးလွန်းတယ်၊ သေးငယ်တဲ့လူအစိတ်အပိုင်းတစ်ခုကသာ စွန့်စားဖို့ဆန္ဒရှိတယ်။ အမှောင်ပူဆွေးခြင်းမြို့က အနည်းငယ်ဖရိုဖရဲဖြစ်ပေမယ့် စည်းမျဉ်းတွေတော့ ရှိသေးတယ်လေ"
ဓားတာအိုသူတော်စင်အရှင်သုံးယောက်က ဆွေးနွေးနေကြတယ်။