နာမည်ဂုဏ်သတင်းနှင့်ထိုက်တန်လာသည့်တာအိုဝါဒအရှေ့ပိုင်းထောင်ထွတ်
Vol. 75 Ch. 1045
အခန်း (၁၀၄၅) နာမည်ဂုဏ်သတင်းနှင့်ထိုက်တန်လာသည့်တာအိုဝါဒအရှေ့ပိုင်းထောင်ထွတ်
“ဒီလိုဖြစ်ရပ်မျိုးက တကယ့်ရှားပါးဖြစ်ရပ်ပဲ”
အနက်ရောင်ဝတ်လူငယ်က ဆိုသည်။
ပိုင်တောင်းနှင့်အတူပါလာသည့် သက်လတ်ပိုင်းလူရွယ်တစ်ယောက်လည်းရှိသေးပြီး ထိုသူက ပိုင်တောင်း၏ဂိုဏ်းတူညီ ‘ဝမ်ဖူ’ ဖြစ်သည်။ သူသည်လည်း ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ ၏ တပည့်တစ်ယောက်ပင်။
သူက မိန်းမပျိုဧကရာဇ် ကျဲ့မင်ခုန်နှင့် အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်းတို့ဘေးတွင် ထိုင်နေသည်ဖြစ်ရာ သူ့ပုံစံက ထင်ရှားပေါ်လွင်လျှက် ရှိသည်။
သူက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ခွန်လွန်တောင် ၊ မြောက်ပိုင်းကုန်းမြင့်တောင်ထွတ်ရှိ ကျောက်စိမ်းကျောက်ဆောင်မှ ကျန့်ဟွမ်ဧကရာဇ်၏တပ်ည့များထဲမှ ထိပ်တန်းအဆင့်ရှိသူတစ်ယောက် ဖြစ်၏။
အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်းက ကျန့်ဟွမ်ဓားဧကရာဇ်၏ အကြီးဆုံးတပည့်ဖြစ်သော်လည်း သူက အနောက်တောင် ကျူးထျန်းကောင်းကင်ပြည်နယ်တွင်သာ အနေများပြီး အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ် ၊ ခွန်လွန်တောင်သို့ သွားရောက်သည်မှာ အလွန်ရှားပါးသည်။
ကျောက်စိမ်းကျောက်ဆောင်တွင် အထွေထွေရေးရာများကို စီစဉ်ဆောင်ရွက်သူမှာ အများအားဖြင့် ဝမ်ဖူသာ ဖြစ်သည်။
ဝမ်ဖူက သူ့ဘေးနားမှ အနက်ရောင်ဝတ်လူငယ် အံ့အားသင့်စွာဖြင့်ကြည့်လိုက်ရင်း...
“မင်း ငါတို့အဆက်အနွယ်ထဲကိုရောက်တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ တခြားသူတွေကို ချီးကျူးစကားဆိုတာ လက်ချိုးရေလို့ရတယ်နော်”
အနက်ရောင်ဝတ်လူငယ်က တည်ငြိမ်စွာဖြင့်...
“ဒါပေါ့... ဆရာဦးလေး’ရန်’ နဲ့ ဂိုဏ်းတူညီလေး’ရန်’ တို့က တကယ်လည်း တန်ခိးစွမ်းအားမြင့်မားကြတာကိုး...”
ရန်ကျောက်ကဲနှင့် ရန်တိကိုကြည့်ရင်း ဝမ်ဖူသည်ပင် လေးစားမှုဖြင့် သက်ပြင်းချလိုက်မိသည်။
“တကယ့်ကို လူတွေကြားက နဂါးပါပဲ”
ယခုကိစ္စမတိုင်ခင်က သူက ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖ၏ တန်ခိုးစွမ်းအားကို စမ်းသပ်ကြည့်ရန် ကြံရွယ်ထားခဲ့သည်။ ယခုပြန်တွေးကြည့်တော့ ခေါင်းအထပ်ထပ်ခါယမ်းရင်း ပြုံးရယ်မိသည်သာ။
အရှေ့တောင်ထိပ်တန်းအရှင်သခင် ချောင်ကျယ်၏ဘေးတွင်ထိုင်နေသော အနောက်မြေက်ထိပ်တန်းအရှင်သခင် လျိုကျန်းကူမှာလည်း အတော်လေး ခံစားချက် ပြင်းထန်နေသည်။
“ဒီအဘိုးကြီးက ထုန်းမင်ဧကရာဇ်ရဲ့တပည့်မလေးကိုယ်စား ရန်ကျောက်ကဲကို ကူညီပေးချင်တာ ၊ ဒါမှ စိတ်အေးချမ်းနိုင်မယ် မဟုတ်လား ၊ ဒါပေမဲ့ ဒီနေ့ ဒီလိုမျိုးတွေဖြစ်လာလိမ့်မယ်လို့ လုံးဝထင်မထားမိဘူး”
“ရန်ကျောက်ကဲကို ပထမဆုံးတွေ့တဲ့အချိန်ကို ပြန်သတိရမိတယ် ၊ အရင်တုန်းက ဒီကောင်လေးက အလားအလာရှိတဲ့ လူငယ်လေးတစ်ယောက်ပဲ ၊ ဒါပေမဲ့ (၁၀)နှစ်ပတ်ဝန်းကျင်အတွင်း သူက အထက်ဘုံကမ္ဘာမှာ မုန်တိုင်းထန်အောင် မွှေနှောက်နိုင်တဲ့လူတစ်ယောက် ဖြစ်လာခဲ့တယ်”
လျိုကျန်းကူက လေးစားဟန်ဖြင့်...
“ဒီလိုလူငယ်မျိုး ထွက်ပေါ်လာဖို့ဆိုတာ ခက်သားကလား ၊ သူ့အဖေလည်း အတူတူပါပဲ”
ရန်ကျောက်ကဲ အရင်က သူ့ကိုပြောခဲ့သည့်စကားများကို ပြန်စဉ်းစားရင်း ချောင်ကျယ်၏မျက်နှာအမူအရာက စိတ်ရှုတ်ထွေးဟန်ရှိနေပြီး အတွေးထဲ နစ်မျောနေဟန် ရှိသည်။
“တကယ်တော့ ငါ အမတခုံရုံးနယ်မြေကို ခရီးထွက်တုန်းက ကိစ္စတစ်ခု သိခဲ့ရတယ်”
ထိုအကြောင်းကို စဉ်းစားမိတော့ ချောင်ကျယ်စိတ်ထဲ နောင်တရသလို ခံစားရသည်။ ရန်ကျောက်ကဲ ပိုပြီးထူးချွန်လေ သူ့စိတ်ထဲ နှမျောစရာကောင်းသည်ဟု ခံစားရလေပင်။
ဘေးနားမှ ပိုင်တောင်းနှင့် ဝမ်ဖူကိုကြည့်ရင်း ချောင်ကျယ် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
“ကျန့်ဟွမ်ဓားဧကရာဇက်တော့ အဖြေတစ်ခုရှာပေးနိုင်မယ် မျှော်လင့်မိတယ်”
ဟုလည်း တွေးလိုက်မိ၏။
မိန်းမပျိုဧကရာဇ် ၊ ချောင်ကျယ်နှင့် ဝမ်ဖူ စသည့်လူများနှင့်နှိုင်းယှဉ်လျှင် အခြားဧည့်သည်တော်များသည်လည်း စိတ်ထဲတွင် ခံစားချက်အမျိုးမျိုး ရှိနေကြသည်။
ရန်ကျောက်ကဲနှင့် ယခင်က သိကျွမ်းခဲ့ဖူးသည့် ယန်ဖူကမ္ဘာမှ အကြီးအကဲ’ပိုင်ကျစ်မင်’ မှာ ယခုအချိန်ထိ ကျင်းထင်တောင်တွင် ဧည့်သည်အကြီးအကဲအဖြစ် နေထိုင်ဆဲ ဖြစ်၏။ သူသည်လည်း ယခုအချိန်တွင် စိတ်ခံစားချက် ပြင်းထန်လျှက် ရှိသည်။
အချိန် (၁၀)စုနှစ်တစ်ခုအတွင်းမှာပင် ဝါဒတောင်က ကျင်းထက်တောင်ထက်ပင် စွမ်းအားကြီးမားသော ကြီးမားသည့်သိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်လာခဲ့သည်။
ယခင်က တာအိုဝါဒ အရှေ့ဘက်တောင်တန်း၏နာမည်ဖြစ်သော ‘ဝါဒတောင်’ ဆိုသည့်အမည်ကို ရယူထားသည်မှာ မထိုက်တန်ဟု ခံစားမိသူများမှာ ယခုတော့ ထိုက်တန်လာပြီဟု ခံစားလာကြရသည်။
ပိုင်ကျစ်မင်ကတော့ ကျင်းထင်တောင်တွင် မှီခိုနေရဆဲပင်။
သူတို့နှစ်ယောက်လုံးက အောက်ဘုံကမ္ဘာမှ တက်ရောက်လာသူများဖြစ်သည့်တိုင် သူတို့ကြားမှ ခြားနားချက်က မိုးနှင့်မြေပမာ ကွာခြားလွန်းလှသည်။
အထက်ဘုံကမ္ဘာသို့တက်ရောက်သွားသည့် တန်ခိုးစွမ်းအားမြင့်မားသူများ နောက်ခံအင်အားရှိနေသော ချုန်းယန်နေမင်းဂိုဏ်းက ယန်ဖူကမ္ဘာတွင် လောပထမ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်နေဆဲပင်။ သို့သော် ပြန်လည်တည်ထောင်ထားသည့် သေးငယ်သော မျှော်စင်ရေလှိုင်းခန်းမကို ရင်ဆိုင်ရတိုင်း သူတို့အနေဖြင့် လေးစားနေရဆဲဖြစ်ပြီး အနည်းငယ်ပင် မခန့်လေးစား မပြုလုပ်ရဲကြပေ။
ဤသို့ဖြစ်ရသည့်အကြောင်းရင်းမှာ ရန်တိ၏ဆရာ ၊ ဝါဒတောင်ဂိုဏ်းချုပ်ဟောင်း ယွမ်ကျန်းဖုန်းကြောင့် ဖြစ်သည်။ ယွမ်ကျန်းဖုန်းက မျှော်စင်ရေလှိုင်းခန်းမနှင့် နီးကပ်သောဆက်ဆံရေးရှိပြီး ယခင်က ချုန်းယန်နေမင်းဂိုဏ်းနှင့် ပဋိပက္ခတွင်ပင် ဝင်ရောက်ပတ်သက်ခဲ့ဖူးသည်။
ဝါဒတောင်ကြောင့်ပင် မျှော်စင်ရေလှိုင်းခန်းမက ယခု ယန်ဖူကမ္ဘာတွင် ခမ်းနားသော ရွှေရောင်ဧကရာဇ်တစ်ပါးပမာ ရပ်တည်နိုင်ခဲ့သည်။
ချုန်းယန်နေမင်းဂိုဏ်းက ဤသို့သောခံစားချက်ကို သဘောမကျသော်လည်း ပြဿနာတစ်ခု ရှိနေသည်မှာ ရန်ကျောက်ကဲနှင့် ရန်တိက လှုပ်ရှားမှုမလုပ်လျှင်တောင်မှ ယွမ်ကျန်းဖုန်းက နတ်ဘုရားသိမြင်ခြင်း အထွတ်ထိပ်အဆင့်တွင် ရပ်တည်နေပြီး အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်တော့မည်ဖြစ်ရာ သူ၏တန်ခိုးစွမ်းအားဖြင့်ပင် အထက်ဘုံကမ္ဘာတွင် တည်ထောင်ထားသည့် ချုန်းယန်နေမင်းဂိုဏ်းကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေသည်။
ထို့ကြောင့် ယွမ်ကျန်းဖုန်း၏မျက်နှာကိုထောက်ရှုပြီး ယန်ဖူကမ္ဘာမှ မျှော်စင်ရေလှိုင်းခန်းမကို လက်ဖျားနှင့်ပင် မထိရဲခဲ့ပေ။
ပိုင်ကျစ်မင်၏ဂိုဏ်းဖြစ်သော တာ့ရွှယ်တောင်ကတော့ ထိုသို့ပြုလုပ်ရန်မလိုအပ်ပေ။ သို့သော် ယနေ့ ဝါဒတောင်ဖွင့်ပွဲအခမ်းအနားကိုကြည့်ရင်း ထုတ်ဖော်ပြောရန်ခက်ခဲသည့် ခံစားချက်များကို ခံစားနေရသည်။
ရန်တိ၏ဇာစ်မြစ်ကို သိရှိခဲ့ပြီးနောက် ပိုင်ကျစ်မင်အနေဖြင့် အားကျခြင်းလည်းမရှိသလို မနာလိုလည်းမဖြစ်မိဘဲ အရင်ကထက်ပင်ပိုပြီး အဖြစ်အပျက်များကို လက်ခံလာနိုင်ခဲ့သည်။
ထိုသို့တွေးမိတော့ ပိုင်ကျစ်မင် မည်သို့မှမတတ်နိုင်စွာ အူကြောင်ကြောင်ဖြင့် ပြုံးလိုက်မိသည်။
မြောက်ပင်လယ်ဓားခန်းမမှ ခန်းမသခင် ‘ကုဟုန်’ နှင့် ယိုးမင်ဂိုဏ်းချုပ် ကျိုးဟောက်ရှန်းတို့သည်လည်း အတူတူထိုင်နေကြသည်။
တစ်ချိန်က ရှန်လင်ကျီကြုံတွေ့ခဲ့ရသည့် ကပ်ဘေးကြီးကို ပြန်ပြောင်းတွေးတောရင်း ကျူတောပင်လယ်ဒေသ၏ အင်အားစုများအကြောင်း ပြန်လည်စဉ်းစားမိကြသည်။
ယခုတော့ ကျူတောပင်လယ်ဒေသ၏ အခြေအနေက အသစ်တစ်ခုပမာ ပြောင်းလဲသွားခဲ့ပေပြီ။
ယခင်က ကျူတောပင်လယ်ဒေသတွင် အာဏာကြီးမားခဲ့သော တာ့ရွှမ်တိုင်းပြည်အား တော်လှန်တိုက်ခိုက်ခဲ့သလို ဝါဒတောင်အား တော်လှန်တိုက်ခိုက်ရန် ကုဟုန်ရော ကျိုးဟောက်ရှန်းပါ မစဉ်းစားမိခဲ့ကြပေ။
ရန်ကျောက်ကဲနှင့်ဝါဒတောင်က သူတို့နှင့် အမြဲတမ်း ဆက်ဆံရေးကောင်းမွန်ခဲ့သည့်အတွက် ထိုသို့တွေးတောခဲ့ခြင်း မဟုတ်ပေ။
လက်ရှိ ဝါဒတောင်က ယခင် တာ့ရွှမ်တိုင်းပြည်ထက် ပိုမိုအင်အားကြီးမားနေသောကြောင့် ဖြစ်သည်။
တာ့ရွှမ်တိုင်းပြည်နှင့် ဝါဒတောင်ကြား ကွာဟချက်မှာ အဆင့်တစ်ခုကျော်သွားသည်ဖြစ်ရာ ကျူတောပင်လယ်ဒေသမှ အခြားသော အင်အားစုများအနေဖြင့် ဝါဒတောင်အား အမြင့်ဆံးအဆင့် ဦးဆောင်သူအဖြစ်လက်ခံပြီး အမိန့်နာခံရုံမှတစ်ပါး ခုခံတော်လှန်ရန် စိတ်မဝင်စားကြတော့ပေ။
အရင်တစ်ချိန်က တာ့ရွှမ်တိုင်းပြည်ကို တော်လှန်ခဲ့ကြသူများတွင် ကွမ်းမင်ဂိုဏ်းနှင့် ကြေးနီကျွန်း ပျက်သုဉ်းသွားပြီကို တွေးမိသည့်အခါ ကုဟုန်ရော ကျိုးဟောက်ရှန်းပါ မလွဲမသွေ စိတ်မကောင်းဖြစ်မိသွားကြသည်။
ကျိုးဟောက်ရှန်းနှင့် အခြားသော ယိုးမင်ဂိုဏ်းသားများမှာ သူတို့နှင့် ရင်းမြစ်တစ်ခုတည်းမှဆင်းသက်လာသည့် ကွမ်းမင်ဂိုဏ်းနှင့်ပတ်သက်ပြီး ရှုတ်ထွေးသောခံစားချက်များ ခံစားကြရသည်။
ခန်းမသခင် ‘ကုဟုန်’ က...
“ဒီအဘိုးကြီးကို စကားများတယ်လို့ မထင်စေချင်ဘူး ၊ ဒါပေမဲ့ ယိုးမင်ဂမ္ဘီရစက်ဝန်းကို ဝါဒတောင်ကရသွားတဲ့ကိစ္စ ‘ကျိုး’ ဂိုဏ်းချုပ်အနေနဲ့ လက်ခံလိုက်စေချင်တယ် ၊ အဲဒါက အကောင်းဆုံးဖြစ်မယ်ထင်တယ်”
ကျိုးဟောက်ရှန်းက မချိပြုံးပြုံးရင်း...
“ခန်းမသခင်’ကု’ က အတွေးလွန်နေပြန်ပြီ ၊ ယိုးမင်ဂမ္ဘီရစက်ဝန်းကိုရရှိတာက ကံကောင်းတာထက် ကံဆိုးဖို့များတယ်ဆိုတဲ့အကြောင်း ကျင်းထင်တောင်က သတိပေးခဲ့တယ် ၊ ဒီတော့ ဒီအဘိုးကြီး အဲဒီပစ္စည်းကိုရခဲ့ရင်တောင် ဘာအခွင့်အရေးမှ ရှိနိုင်မှာ မဟုတ်ပါဘူး”
သူက သက်ပြင်းတစ်ချက်ချရင်း...
“ငါတို့ယိုးမင်ဂိုဏ်းအတွက်တော့ ကပ်ဆိုးကြီးကြုံတွေ့ရတာတောင် အခုချိန်ထိ ရှင်သန်အောင် စွမ်းဆောင်နိုင်ခဲ့တာ လုံလောက်နေပါပြီ ၊ ဒီအဘိုးကြီးက အနာဂတ်မှာ ယိုးမင်ဂိုဏ်း ဖွံ့ဖြိုးတိုးတက်လာပြီး စွမ်းအားကြီးမားလာမယ်လို့ မျှော်လင့်ထားမိတယ် ၊ နောက်ပိုင်းလူငယ်တွေကို ကောင်းမွန်တဲ့ ဘိုးဘွားအမွေအနှစ်တွေကိုပဲ လက်ဆင့်ကမ်းပေးချင်မိပါတယ်”
ကျိုးဟောက်ရှန်းက ခဏမျှစဉ်းစားပြီး ဆက်ပြောသည်။
“တကယ်တော့ ကျူတောပင်လယ်ဒေသဟာ ဝါဒတောင်အတွက် သိပ်ကိုသေးငယ်လွန်းနေပါသေးတယ်...”
ထိုစကားကိုကြားတော့ ကုဟုန်က သဘောတူကြောင်း လေးနက်စွာခေါင်းညိတ်လိုက်သည်။
စစ်ဆေးမှုများအောင်မြင်ပြီးနောက် ခန်းမကြီးအတွင်းဝင်လာကြသည့် လူငယ်များကိုကြည့်ရင်း ကုဟုန် သက်ပြင်းချလိုက်သည်။ ဤလူငယ်များက မကြာမီ ဝါဒတောင်တပည့်များ ဖြစ်လာပေလိမ့်မည်။
“ဒီနေ့ ဝါဒတောင်က အရည်အချင်းရှိတဲ့တပည့်တွေကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေပြီ”
နှစ်ယောက်သား တူညီသည့်အတွေးများဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ဝါဒတောင်က လူအင်အားဖြည့်တင်းရန်အတွက် တပည့်များကို ပထမဆုံးအကြိမ်လက်ခံခြင်းဖြစ်သော်လည်း စစ်ဆေးမှုက တင်းကျပ်ပြီး နယ်ပယ်အားလုံးပါဝင်နေသည်။
စစ်ဆေးမှုက မည်မျှတင်းကျပ်သနည်းဆိုပါမူ စစ်ဆေးမှု မအောင်မြင်သူများသည်ပင် နောက်တစ်ချိန်တွင် တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်လာရန် အလားအလာရှိသူများ ဖြစ်ကြ၏။
ထို့ကြောင့် ဝါဒတောင်ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသည့် အခြားသော အင်အားစုများမှကိုယ်စားလှယ်များမှာ ဝါဒတောင်၏ စစ်ဆေးမှုမအောင်မြင်သော လူငယ်များကို တပည့်အဖြစ် ခေါ်ယူရန် စီစဉ်နေကြသည်။
နီးနီးနားနားတွင်တည်ရှိသော မြောက်ပင်လယ်ဓားခန်းမနှင့် ယိုးမင်ဂိုဏ်းတို့သည်လည်း ဤအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
လွန်ခဲ့သော (၁၀)စုနှစ်တစ်ခုကျော်က အထက်ဘုံကမ္ဘာသို့ရောက်ရှိလာသော ဝါဒတောင်ဂိုဏ်းသည် သူတို့အားအုပ်စိုးရန် ဦးခေါင်းပေါ်တက်လာခဲ့သော်လည်း ကုဟုန်နှင့် ကျိုးဟောက်ရှန်းတို့က အလွန်ပင် ငြိမ်သက်နေခဲ့သည်။
ယနေ့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲမရှိလျှင်တောင်မှ လွန်ခဲ့သည့်နှစ်များတစ်လျှောက် ရန်ကျောက်ကဲနှင့် ဝါဒတောင်တို့၏ အံ့သြဖွယ်ရာ အောင်မြင်မှုအဖုံဖုံအကြောင်း သူတို့က လက်ခံထားခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
ယနေ့ တောင်တံခါးဖွင့်ပွဲအခမ်းအနားနှင့် တပည့်အသစ်များလက်ခံခြင်းအပြင် ဝါဒတောင်အတွင်းပိုင်းတွင်လည်း အပြောင်းအလဲများလည်း ပြုလုပ်ခဲ့ကြသည်။
အသက်အရွယ်ကြီးမြင့်သူများက တံခါးပိတ်ကျင့်ကြံခြင်းဝင်ရောက်ပြီး ကျင့်ကြံခြင်းတွင်လုံ့လစိုက်ထုတ်ရန် ရာထူးမှ စွန့်ခွာကြသည်။
ဂိုဏ်း၏ သက်ဆိုင်ရာဌာနများတွင် ပထမအဆင့်ထိပ်တန်းအကြီးအကဲရာထူးများအား ကြီးထွားလာပြီဖြစ်သော တတိယမျိုးဆက်တပည့်များက လက်ခံရယူခဲ့ကြသည်။
မျိုးဆက်သစ်လူငယ်များက တဖြည်းဖြည်း အထက်ပိုင်းအဆင့်နေရာများ ရရှိလာကြသည်။
ဂိုဏ်းပြင်ပတွင် တာဝန်အသီးသီးထမ်းဆောင်နေကြသော တပည့်များသည်လည်း အရှိန်အဟုန်ဖြင့် တိုးတက်သည့်အရိပ်အယောင်များ ပြသနေကြသည်။
ဝါဒတောင်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအစီအစဉ်များကို ကောက်ချက်ချရန် ကြိုးပမ်းရင်း ဤအရာများက လူအများစိတ်ဝင်စားသောအရာများ ဖြစ်လာသည်။
သို့သော် လူအများအာရုံစိုက်မှုအများဆုံးမှာ ဝါဒတောင်တွင်ငယ်စဉ်ကပင် အရေးပါဆုံး အဓိကပုဂ္ဂိုလ်ဖြစ်သော ရန်ကျောက်ကဲမှာ ဝါဒတောင်တွင် မည်သည့်ရာထူးမှ ရယူထားခြင်းမရှိသည့်အချက် ဖြစ်သည်။
ဤသည်က အနည်းငယ်မျှော်လင့်မထားသော ကိစ္စဖြစ်သည့်တိုင် ကျိုးကြောင်းဆီလျော်သည်ဟုလည်း ယူဆနိုင်သည်။
ရန်ကျောက်ကဲက မည်သည့်ရာထူးမှ လက်ခံရယူထားခြင်း မရှိပေ။ သို့သော် ဝါဒတောင်တွင် သူ၏လွှမ်းမိုးနိုင်စွမ်းနှင့် သြဇာအာဏာမည်မျှရှိကြောင်း လူတိုင်းသိရှိကြသည်ပင်။
မည်သည့်ရာထူးမှ ရယူထားခြင်းမရှိခြင်းကြောင့် သူ့အနေဖြင့် ကျင့်ကြံခြင်းတွင်အာရုံစိုက်နိုင်သလို အပြင်ထွက်ရသည့်ကိစ္စများတွင်လည်း လွတ်လပ်စွာ သွားလာနိုင်သည်။
မည်သို့ပင်ဖြစ်စေ...
အထက်ဘုံကမ္ဘာတစ်ခွင်မှာပင် မိုးသက်မုန်တိုင်းကျရောက်အောင် လှုံ့ဆော်နိုင်သော ဤလူငယ်က ဘာဆက်လုပ်မည်ကို လူအများက အာရုံစိုက်နေကြဆဲပင် ဖြစ်လေ၏။