← Chapters

တိုင်တန်မျိုးနွယ်

Vol. 67 Ch. 920

တိုင်တန်မျိုးနွယ်

Vol. 67 Ch. 920

ငရဲမီးလက်သီးက သာမန်အမှတ်အသားတိုက်ကွက်တစ်ခုမဟုတ်ပါဘူး၊ အဲဒါမှာ ဖရိုဖရဲအရှိန်အဝါအရိပ်အယောင်တစ်ခုပါဝင်တယ်။

ဆိုလိုတာကတော့ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ရဲ့နတ်ဆိုးသွေးမျိုးဆက်က အဆုံးစွန်းသွေးမျိုးဆက်အရိပ်အယောင်တစ်ခုရှိနေပြီးလို့ဆိုလိုတယ်။

"ဓားသမားအစည်းအရုံးက ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်တစ်ယောက်ကို လွှတ်လိုက်လိမ့်မယ်လို့ ငါ မထင်ထားဘူး" မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က မကျေမနပ်ဖြစ်နေတယ်၊ သူက ခေါင်းကိုက်သလိုခံစားရတယ်။

မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က ပြိုင်ဘက်ကင်းသူတော်စင်အရှင်တစ်‌ယောက်ကို အများဆုံးဖိနှိပ်နိုင်ရုံသာ တတ်နိုင်တယ်။ သူ့အနေနဲ့ ပြိုင်ဘက်ကင်းသူတော်စင်အရှင်တစ်‌ယောက်ကို အပြည့်အဝအနိုင်ယူဖို့က မဖြစ်နိုင်ဘူး။

ဒါ့အပြင် မိုးချုံးသံဓားသူတော်စင်အရှင်နဲ့အခြားသူတွေကလည်း ဘေးကနေ အထွတ်အထိပ်တိုက်ပွဲနည်းဗျူဟာနဲ့အတူ ထောက်ပံ့ပေးနေတယ်။

"မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်၊ မင်း ငါ့အကူအညီလိုသေးလား" မိုင်တစ်သိန်းအကွာမှ နောက်ထပ်သင်္ဘောကြီးတစ်စင်းက ထွက်ပေါ်လာတယ်။

အဲဒါက အာဗီယန်ငှက်သဏ္ဍာန်သင်္ဘောတစ်စင်းဖြစ်ပြီး ဧရာမငှက်တောင်မွေးတွေနဲ့ ဖုံးအုပ်ထားတယ်။

အာဗီယန်ရဲ့ဦးခေါင်းမှာ ဆယ်မီတာရှည်တဲ့ပုံရိပ်တစ်ခုက ရပ်နေတယ်။ အဲဒါက ခရမ်းပြာရောင်အသားအရေနဲ့ထိပ်ပြောင်တစ်ယောက်ပါပဲ။

"ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်" အပီရဲ့အမူအရာက ကျန်တာလုကလန်အဖွဲ့သားတွေနဲ့အတူ ပြောင်းလဲသွားတော့တယ်။

"ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်၊ မင်းက ငါ့ကို ကူညီဖို့အထိ ကြင်နာတတ်နေတာလား" မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က မျက်မှောင်ကြုတ်လိုက်တယ်၊ သူ့မျက်လုံးတွေမှာ စိုးရိမ်ကြောင့်ကြတဲ့အရိပ်အယောင်တွေရှိလာတယ်။

မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က အမှောင်ပူဆွေးခြင်းမြို့ရဲ့သူတော်စင်အရှင်တွေကြားမှာထိပ်ဆုံးဆယ်‌ယောက်ထဲဝင်ပြီး ထိပ်ဆုံးငါးယောက်ထဲဝင်ဖို့ အခွင့်အရေးတစ်ခုရှိတယ်ဆိုရင် ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က ထိပ်ဆုံးငါးယောက်ဒါမှမဟုတ်ထိပ်ဆုံးသုံးယောက်ထဲတောင် ဝင်နိုင်တယ်။

အဓိကအကြောင်းပြချက်ကတော့ ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က တိုင်တန်မျိုးနွယ်သူ‌တော်စင်အရှင်ဖြစ်နေတာပဲ။ တစ်ဦးချင်းခွန်အားအရ စကြာဝဠာထဲမှာ တိုင်တန်မျိုးနွယ်က နတ်ဘုရားမျိုးနွယ်နဲ့ယှဉ်နိုင်တဲ့တစ်ခုတည်းသောမျိုးနွယ်ဖြစ်တယ်။

တိုင်တန်မျိုးနွယ်ရဲ့ဘယ်အဖွဲ့ဝင်မဆို သူတို့က သူတော်စင်တွေဖြစ်လာပြီးအထွတ်အထိပ်သူတော်စင်တစ်ယောက်ရဲ့ခွန်အားရှိလာတာနဲ့ သူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားကို ပိုင်ဆိုင်ဖို့အနည်းငယ်သာကျင့်ကြံအားထုတ်ဖို့လိုလိမ့်မယ်။

နှိုင်းယှဉ်ရရင် အခြားမျိုးနွယ်သူတော်စင်တွေက အများကြီးနိမ့်ကျတယ်။ လူသားမျိုးနွယ်တွေကို ဥပမာယူပါ၊ သူတို့က သူတော်စင်တစ်ယောက်ဖြစ်လာတဲ့အခါ သူတို့က အားအနည်းဆုံးသူတော်စင်တွေဖြစ်လိမ့်မယ်။ ပြီးနောက် သူတို့က အလယ်ဆင့်သူတော်စင်၊ အဆင့်မြင့်သူတော်စင်၊ အထွတ်အထိပ်သူတော်စင်၊ သူတော်စင်အရှင်တွေအဖြစ်သို့ တစ်လှမ်းချင်းစီတက်ရလိမ့်မယ်။

ကံမကောင်းတာကတော့ တိုင်တန်မျိုးနွယ်မှာ နတ်ဘုရားမျိုးနွယ်ထက် အဖွဲ့ဝင်ပိုနည်းတာပဲ၊ သို့မဟုတ်ရင် သူတို့က နံပါတ်၁မျိုးနွယ်တောင်ဖြစ်လောက်တယ်။

"ပြီးသွားပြီ။ ကောင်းကင်က ငါတို့တာလုကလန်ကို သုတ်သင်ချင်နေတာလား" တာလုကလန်အဖွဲ့ဝင်တွေက စိတ်ပျက်အားငယ်သွားရတော့တယ်။

မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တစ်ယောက်ကတင် ရင်ဆိုင်ရခက်ခဲနေပြီ၊ အခု နောက်ထပ်ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ပါဆိုရင် တာလုကလန်က အခွင့်အရေးတစ်ခုမှ ရှိလိမ့်မှာမဟုတ်ဘူး။

"မဟုတ်ဘူး၊ ငါတို့မှာ မျော်လင့်ချက်အချို့ရှိသေးတယ်"

တာလုကလန်အဖွဲ့ဝင်တွေက လီဖူချန်းကို ကြည့်လိုက်တယ်။

လက်ရှိအချိန်မှာ လီဖူချန်းကသာ တာလုကလန်ကို ကယ်ဆယ်နိုင်တယ်။

ဒါပေမယ့် လီဖူချန်းကရော မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်နဲ့ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်တို့နှစ်ယောက်လုံးကို ရင်ဆိုင်နိုင်မလားဆိုတာပဲ။

"ငါ၊ ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က အမြဲတမ်းကြင်နာတတ်ပါတယ်။ မင်း ငါ့ကို အဖိုးအခအချို့ ပေးရင် ရန်သူကို ရင်ဆိုင်ဖို့ ငါ မင်းကို ကူညီပေးနိုင်တယ်" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်မှာ ပျက်သုန်းခြင်းလက်ပတ်နဲ့ပတ်သက်ပြီးတော့ အတွေးတစ်ခုမှ မရှိပါဘူး။

အဲဒါက အားကောင်းရင်တောင် အဲဒါက သူ့ရဲ့ကိုယ်ပိုင်ခွန်အားနဲ့ နှိုင်းယှဉ်နိုင်ရုံမျှသာ၊ ဒါမှမဟုတ် အနည်းငယ်သာ ပိုသန်မာတယ်။ တိုက်ပွဲတစ်ခုမှာ အဲဒါက သိပ်အသုံးဝင်မှာမဟုတ်ဘူး။ တိုင်တန်မျိုးနွယ်က သူတို့ရဲ့ကိုယ်ပိုင်ခွန်အားကိုပဲ အများစုံယုံကြည်တယ်။

"အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဘယ်လောက်လဲ၊ ငါ့ကို ပြောပါ" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကိုပဲ စိတ်ဝင်စားတာကို မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က သိတယ်။

"သုံးမီလီယံ" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က လက်သုံးချောင်းထောင်ပြလိုက်တယ်။

"ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်၊ မင်းက လောဘကြီးလွန်းနေတာပဲ"

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ဘူး။ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ရဲ့ကြွယ်ဝမှုက စုစုပေါင်းအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်မီလိယံနဲ့နှစ်ဆယ်မီလီယံကြားမှာပဲရှိတယ်။ ဒါပေမယ့် သူတို့အများစုက သူကိုယ်တိုင်အသုံးပြုဖို့ထားထားတဲ့အရင်းမြစ်တွေ၊ရတနာတွေပဲ။ သူ့မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးမီလီယံအနည်းငယ်သာရှိတယ်။

ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က ခေါင်းခါလိုက်တယ်" လေလံပွဲတစ်ခုမှာ တစ်ဝက်တစ်ပျက်အဆုံးစွန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးမီလီယံမှဆယ်မီလီယံအထိ ရှိနိုင်တယ်။ သေချာတွက်ချက်ကြည့်ရင် မင်းက အကျိုးရှိနေပါသေးတယ်။ သုံးမီလီယံက မျှတတဲ့ပမာဏတစ်ခုပဲ။ ဒါမှမဟုတ်ရင် ငါ အခုထွက်သွားတော့မယ်"

မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က တစ်ချက်စဉ်းစားပြီးနောက် ပြောလိုက်တယ်"ကိစ္စအားလုံးပြီးရင် ငါ မင်းကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံပေးမယ်"

"ကောင်းပြီလေ" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်။

"မင်း အရင်ဆုံးလှုပ်ရှားပါ" မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က ပြောလိုက်တယ်။

"ကောင်းပြီ၊ မင်း ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ရဲ့ခွန်အားကို မြင်တွေ့ခွင့်ရမယ်" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က မရွေ့ဘူး၊ သူက သူ့ရဲ့ညာလက်သီးကိုသာ ရိုးရိုးရှင်းရှင်း ထိုးလိုက်တယ်၊ လက်သီးအားတစ်ခုက ပေါက်ကွဲထွက်လာတယ်။

ဝုန်း......

စကြာဝဠာက ကြမ်းတမ်းစွာတုန်လှုပ်နေတယ်။ ထိုအချိန်မှာ ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က ကမ္ဘာရဲ့ဗဟိုချက်ဖြစ်တယ်။ သူလှုပ်ရှားတိုင်း ကောင်းကင်မြေကြီးစွမ်းအင်ကို တုန်ခါသွားစေတယ်။

"ဒါက တိုင်တန်သူတော်စင်အရှင်လား"

မိုးချုံးသံဓားသူတော်စင်အရှင်တို့အနေနဲ့ တိုင်တန်သူတော်စင်အရှင်တစ်ယောက်နဲ့ ပထမဆုံးအကြိမ်ဆုံတွေ့တဲ့အချိန်ပဲ။ သူတို့အားလုံးက ထိတ်လန့်တုန်လှုပ်သွားကြတယ်။

"အချိန်ကျပြီ" လီဖူချန်းက သူ့ရဲ့ဓားကို ခုတ်ပိုင်းလိုက်တယ်။

ဖြောက်.......

သူတို့နှစ်ယောက်ကြားမှာ ဟင်းလင်းပြင်ချောက်နက်တစ်ခု ဖြစ်လာတယ်၊ ကြီးမားလွန်းတာကြောင့် စကြာဝဠာရဲ့ဒီနယ်မြေက ပိုင်းဖြတ်ခံလိုက်ရသလို ခံစားမိတယ်။

နောက်အခိုက်မှာတော့ ကြောက်စရာကောင်းတဲ့တုန်ခါမှုလှိုင်းတွေ ပေါက်ကွဲထွက်လာတယ်။ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ကလွဲပြီး အခြားသူတွေအားလုံးက လွင့်ထွက်သွားတယ်။ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ဘေးနားရှိအထွတ်အထိပ်သူတော်စင်အရှင်တွေအားလုံးက သွေးပွက်ပွက်အန်လိုက်ရပြီး အရိုးအနည်းငယ်ကျိုးပဲ့ပျက်ဆီးသွားကြတယ်။

"ဒီလိုစွမ်းအား......"

လီဖူချန်းက မိုင်ရာအနည်းငယ်အထိ လွင့်ထွက်သွားတယ်။ ကြယ်မသေမျိုးခန္ဓာကိုယ်ကြောင့်မဟုတ်ရင် သူက သေချာပေါက် ဒဏ်ရာရသွားလိမ့်မယ်။

"ကြည့်ရတာ ကောင်းကင်ဆက်ဓားကို မသုံးရင် ငါက ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်အတွက် ပြိုင်ဘက်မဟုတ်ဘူးပဲ"

လီဖူချန်းရဲ့လက်ရှိခွန်အားက သေချာပေါက်အားကောင်းတယ်။ ကောင်းကင်ဆက်ဓားမရှိရင်တောင် သူက မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်နဲ့ ယှဉ်ပြိုင်နိုင်သေးတယ်။ ဒါပေမယ့် သူက ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ထက် နိမ့်ကျတယ်။

"ငါ့ရဲ့ဒုတိယ‌မြောက်လက်သီးကို လက်ခံလိုက်စမ်း" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က အဗီယန်ငှက်သဏ္ဍာန်သင်္ဘောပေါ်မှ ခုန်ချလာပြီး ခုန်ချနေရင်း နောက်ထပ်လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်တယ်။

လက်သီးပေါက်ကွဲထွက်လာတဲ့အခါ စကြာဝဠာကတောင် တုန်ခါသွားရတယ်။ ကြယ်အရွယ်အစားလက်သီးတစ်လုံးက လီဖူချန်းထံ ကျဆင်းလာတယ်။

"မူလအဆုံးစွန်းဓားခန္ဓာကိုယ်"

လီဖူချန်းက မူလအဆုံးစွန်းဓားနည်းလမ်းကို အဆုံးစွန်းထိ လှည့်ပတ်လိုက်တယ်။ ဟင်းလင်းပြင်အနက်ပိုင်းမှ ကြောက်မက်ဖွယ်ရာဓားတာအိုစွမ်းအားက ထောက်ပံ့ပေးလာတယ်။

"မူလဘူတဓား"

ဓားတစ်သောင်းက ဓားတစ်လက်အဖြစ် ပေါင်းစည်းသွားပြီး ကြယ်အရွယ်အစားလက်သီးထံ ထိုးဖောက်လိုက်တယ်။

ဖြောက်......

ဓားက လက်သီးကို ထိုးဖောက်သွားပြီး အစိတ်စိတ်အမွှာမွှာဖြစ်သွားစေတယ်။

ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက မိုင်တစ်ရာအထိ။လွင့်ထွက်သွားတယ်။

"ကောင်းတယ်၊ ငါ့ရဲ့တတိယမြောက်လက်သီးကို လက်ခံစမ်း" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ရဲ့ချီစွမ်းပကားက လျင်မြန်စွာထိုးတက်လာပြီး သူ့မျက်လုံးတွေက အလင်းတလက်လက်တောက်ပနေတယ်။

ဟင်းလင်းပြင်ကို ချက်ချင်းထိုးဖောက်သွားတယ်။ သာမန်အရွယ်အစားဆိုပေမယ့် ထူးကဲအားကောင်းလှတဲ့လက်သီးက လီဖူချန်းထံ ကျရောက်လာတယ်။

"ငါ ဒါကို မတားနိုင်ဘူး" လက်သီးက မြန်လွန်းတယ်၊ အားကောင်းလွန်းတယ်။ လီဖူချန်းအတွေးပေါ်လာတဲ့အချိန်မှာ သူက မိုင်သောင်းအနည်းငယ်အထိ လွင့်ထွက်သွားပြီဖြစ်တယ်။ သူ့ခန္ဓာကိုယ်ပေါ်ရှိအရိုးတွေက အက်ကွဲသွားပြီး သွေးတွေက ပန်းထွက်လာတယ်။

"အာ......." ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က အံ့အားသင့်သွားတယ်။ သူက တတိယလက်သီးမှာ သူ့ရဲ့ခွန်အားအပြည့်အသုံးပြုခဲ့ပေမယ့် အဲဒါက လီဖူချန်းကို ဒဏ်ရာအပြင်းအထန်မရစေနိုင်ဘူး။ ကြည့်ရတာ လီဖူချန်းရဲ့ခန္ဓာကိုယ်က အလွန်မာကျောပုံပေါ်တယ်။

"သူ့ခွန်အားက သွေးဆာသူတော်စင်အရှင်လောက် မသန်မာပေးမယ့် သူက အရမ်းကြမ်းကြုတ်တယ်"

လီဖူချန်းက သွေးဆာသူတော်စင်အရှင်လိုနည်းစနစ်အမျိုးအစားတွေကို ကြောက်ရွံ့ခြင်းအနည်းဆုံးပဲ၊ သူက ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်လိုအံ့မခန်းခွန်အားအမျိုးအစားတွေကို ပိုစိုးရိမ်တယ်။

နည်းစနစ်ဆိုင်ရာကျွမ်းကျင်မှုအရ တစ်ယောက်မှလီဖူချန်းထက်မသာနိုင်ဘူး။ သူက သူ့ခွန်အားရဲ့၁၂၀ရာခိုင်နှုန်းဒါမှမဟုတ်၁၅၀ရာခိုင်နှုန်းကိုတောင် အသုံးချနိုင်တယ်။

"အကြွင်းမဲ့ဓားသုံးလက်၊ သုံးဆဓားတိုက်ခိုက်မှု"

မိုးချုံးသံဓားသူတော်စင်အရှင်နဲ့အခြားနှစ်‌ယောက်တို့ ဘယ်အချိန်တုန်းက တိုက်ပွဲနည်းဗျူဟာကို ဖွဲ့စည်းထားသလဲကို မသိခဲ့ရဘူး။ ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က လီဖူချန်းကို တိုက်ခိုက်နေတဲ့အချိန်မှာ ဓားအလင်းသုံးခုက ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်အပေါ် ခုတ်ပိုင်းလာတယ်။

ချွမ်း.......

ဓားအလင်းသုံးခုက ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ရဲ့အရေပြားကို ဖြတ်သွားပေမယ့် အမှတ်အသားတစ်ခုတောင် မချန်ထားနိုင်ခဲ့ဘူး။

"အရူးတွေ၊ တိုင်တန်မျိုးနွယ်ရဲ့မာကျောမှုက စကြာဝဠာမှာနံပါတ်၁ပဲ" မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က လှောင်ပြောင်လိုက်တယ်။

"သေးနုန့်တဲ့အင်းဆက်လေးတွေက ငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့........"

ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က လှည့်ကာ အကြွင်းမဲ့ဓားသုံးလက်နည်းဗျူဟာကို လက်ဝါးတစ်ချက်နဲ့ ဖျက်ဆီးလိုက်တယ်။

"ဘာလုပ်ရမလဲ၊ ဘာလုပ်ရမလဲ" အပီနဲ့တာလုကလန်အဖွဲ့ဝင်တွေက မျှော်လင့်ချက်မဲ့လာတယ်။

ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က သန်မာလွန်းတယ်၊ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ထက်‌တောင်ပိုသန်မာတယ်၊ အားနည်းချက်တစ်ခုမှ မရှိဘူး။

"ကောင်းကင်ဆက်ဓား၊ မင်းအလှည့်ပဲ" ဒဏ်ရာမှ ချက်ချင်း သက်သာလာပြီးနောက် လီဖူချန်းက ကောင်းကင်ဆက်ဓားကို ဆွဲထုတ်လိုက်တယ်။

ကောင်းကင်ဆက်ဓားကို ဓားအိမ်မှချွတ်လိုက်တဲ့အခိုက် ခြိမ်းခြောက်နိုင်တဲ့အေးစက်စက်ဆန္ဒတစ်ခုက ဟင်းလင်းပြင်ကို ပျံ့နှံ့သွားတယ်။ ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က သူ့ခန္ဓာကိုယ်ပေါ်မှာတောင် ချမ်းစိမ့်စိမ့်ခံစားမိလာတယ်။

"အဆုံးစွန်းအဆင့်လက်နက်...."ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်နဲ့မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တို့ရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူတို့ရဲ့အသက်ရှုသံတွေက မြန်ဆန်လာတယ်။

တစ်ဝက်တစ်ပျက်အဆုံးစွန်းအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုက တာလုကလန်ကို ဒီလိုဆိုးဝါးတဲ့အခြေအနေထဲ နစ်မြုပ်စေခဲ့တယ်။ အဆုံးစွန်းအဆင့်လက်နက်တစ်ခုက သူတော်စင်အရှင်တစ်ယောက်ကို ရူးသွပ်စေဖို့လုံလောက်တယ်။

"ငါ အဲဒါကို ရရမယ်" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်နဲ့မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တို့ရဲ့နှလုံးသားက တုန်ဟီးနေတော့တယ်။

အထူးသဖြင့် ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ပဲ။ သူ့ရဲ့အသံက မိုးခြိမ်းသံပမာမြည်ဟည်းနေတယ်"အဆုံးစွန်းလက်နက်ကို ပေးလိုက်၊ အဲဒါဆို ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

"ကောင်းကင်ဆက်ဓားကို ငါ့အတွက် ဒုက္ခတွေဖိတ်ခေါ်ဖို့ ထုတ်လိုက်တယ်လို့ မင်းထင်လား" လီဖူချန်းက သရော်လိုက်တယ်။

"မင်း သေချင်နေတာပဲ" ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်က လီဖူချန်းထံ ပစ်ထိုးလိုက်တယ်။

အခြားတစ်ဖက်မှာ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ကလည်း တစ်ဟုန်ထိုးပြေးဝင်လာတယ်။

"ကောင်းကင်တာအိုအံ့ဖွယ်မျဉ်းဓား......."

ကောင်းကင်ဆက်ဓားကို ကိုင်ဆွဲရင်း လီဖူချန်းက ဓားတစ်ကွက်ထုတ်ဖော်လိုက်တယ်။ ဓားအမှတ်အသားအစင်းကြောင်းတွေက နေရာလပ်ဖုန်ကြားအကွာအဝေးကို လစ်လျူရှုကာ ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်နဲ့မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တို့နှစ်ယောက်လုံးအပေါ်  ခွဲဖြတ်သွားတယ်။

ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ရဲ့မဖျက်ဆီးနိုင်တဲ့ခန္ဓာကိုယ်က ချက်ချင်း လှီးဖြတ်သွားပြီး ခရမ်းပြာရောင်သွေးတွေစီးဆင်းနေတယ်။ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က ပိုဆိုးတယ်၊ သူ့ခန္ဓာကိုယ်က ဓားဒဏ်ရာတွေဖုံးလွှမ်းနေပြီး သူ့ရဲ့စွမ်းအင်ခန္ဓာကိုယ်က အသုံးမဝင်ဘူးဖြစ်နေတယ်။

အဆုံးစွန်းအဆင့်လက်နက်နဲ့ရင်ဆိုင်ရတဲ့အခါ စွမ်းအင်ခန္ဓာကိုယ်က အသုံးဝင်ရင် စွမ်းအင်လက်နက်တစ်ခုလို့ခေါ်တော့မှာမဟုတ်ဘူးလေ။

"တိုင်တန်လက်သီး......"

"ငရဲမီးလက်သီး......"

ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်နဲ့မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တို့က သူတို့ရဲ့ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာတွေကို လစ်လျူရှုကာ သူတို့ရဲ့အမှတ်အသားတိုက်ကွက်တွေကို ဖော်ထုတ်လိုက်ကြတယ်။

ဝုန်း ဝုန်း ဝုန်း.......

သုံးယောက်ကြားတိုက်ပွဲက အခုဆိုရင် အထွတ်အထိပ်မှာ ရှိနေပါပြီ။ အနက်ရောင်စကြာဝဠာက ပြင်းထန်တဲ့ဖြာထွက်အလင်း‌တွေ မကြာမခဏ ပေါက်ကွဲထွက်လာတယ်။

မိုင်တစ်ရာမီလီယံပတ်လည်အတွင်းမှာ သေခြင်းနယ်မြေတစ်ခုဖြစ်လာပြီး အဲဒါက ကြီးမားလာနေတုန်းပါပဲ။

နှိုင်းယှဉ်ရရင် ကောင်းကင်ဆက်ဓားကိုကိုင်ဆောင်ထားတဲ့လီဖူချန်းက အသန်မာဆုံးဖြစ်တယ်၊ ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်က ဒုတိယဖြစ်ပြီး မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က အားအနည်းဆုံးဖြစ်တယ်။

ဒါပေမယ့် လီဖူချန်းက ရန်သူနှစ်ယောက်နဲ့ရင်ဆိုင်နေရတာကြောင့် သူက အပေါ်စီးကိုတော့ မရရှိနိုင်ပါဘူး။

ကောင်းကင်ဆက်ဓားက ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ရဲ့အရေပြားကို အလွယ်တကူချိုးဖြတ်နိုင်တယ်၊ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ရဲ့စွမ်းအင်ခန္ဓာကိုယ်ကို ဖျက်ဆီးနိင်တယ်၊ ဒါပေမယ့် ကိစ္စမရှိဘူး။ လီဖူချန်းက သူတို့ကို ဒဏ်ရာအပြင်းအထန်မရစေနိုင်ရင် သူက သူတို့ရဲ့အသက်စွမ်းအားနဲ့စွမ်းအင်ကိုသာ တဖြည်းဖြည်းကြိတ်ခြေရလိမ့်မယ်။

လီဖူချန်းက အသာစီးမရနိုင်ပေမယ့် ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်နဲ့မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တို့လည်း အတူတူပဲ။ သူတို့နှစ်ယောက်လုံးက စိတ်ပျက်ကာစိုးရိမ်တကြီးဖြစ်နေတယ်။

အချိန်တစ်ခုကြာပြီးနောက် လီဖူချန်းက အဆုံးစွန်းလက်နက်ကြောင့်သာ အားကောင်းတာမဟုတ်ဘူး၊ အဲဒါက သူ့ရဲ့ကြမ်းတမ်းမာကျောတဲ့ခန္ဓာကိုယ်ကြောင့်လည်းဆိုတာကို သူတို့နှစ်ယောက်က သဘောပေါက်ခဲ့တယ်။

"ငါ ဒီအတိုင်းဆက်သွားလို့မရဘူး" လီဖူချန်းက ဒီအတိုင်း အချိန်ဆွဲနေလို့မရပါဘူး။

သူတို့က အမှောင်ပူဆွေးခြင်းမြို့နဲ့ အလွန်နီးကပ်တယ်၊ သတင်းအချက်အလက်သာ ပေါက်ကြားလာရင် သူတို့က သူတော်စင်တစ်အုပ်က ဝန်းရံလာနိုင်တယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်ကိုတောင် ဆွဲဆောင်နိုင်တယ်။

အဲဒါက လီဖူချန်းအတွက် အန္တရာယ်ရှိတယ်။

"ငါ ဒီဓားကွက်ကို သုံးရမယ်"

ထက်ရှတဲ့မျက်လုံးတွေနဲ့အတူ လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲရှိဓားစွမ်းအင်က တစ်ဆယ်ရာခိုင်နှုန်းလောက် လျော့နည်းသွားတယ်။ ဓားစွမ်းအင်အားလုံးက ကောင်းကင်ဆက်ဓားမှာ စုဝေးလာပြီး ချီသွေးအရင်းမြစ်အပိုင်းတစ်ခုကိုလည်း ထုတ်ယူခဲ့တယ်။

"ဓားချီမူလပြန်သွားခြင်း"

ကောင်းကင်ဆက်ဓားရဲ့ထိပ်မှာ အလင်းတလက်လက်ဖြစ်နေပြီး လီဖူချန်းက ဓားကို ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်နဲ့မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တို့ထံ ဝှေ့ယမ်းလိုက်တယ်။

All Chapters