ပျက်သုန်းခြင်းလက်ပတ်
Vol. 67 Ch. 921
"ဘာလဲ.......ဒီဓားက......." အန္တရာယ်အရိပ်တစ်ခုက ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်ရဲ့စိတ်ထဲမှာ လင်းလက်သွားတယ်။
၎င်းက အာကာသ-အချိန်နဲ့ဥပဒေသတွေကိုကျော်လွန်သွားသလိုခံစားချက်တစ်ခု ဓားက သူ့ကို ပေးစွမ်းတယ်။ ဒီဓားနဲ့ရင်ဆိုင်မိတဲ့အရာရာတိုင်းက သူတို့ရဲ့အဓိပ္ပါယ်ကို ဆုံးရှုံးသွားခဲ့ရတယ်။
"မကောင်းတော့ဘူး........" မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်လည်း တုန်လှုပ်ချောက်ခြားသွားတယ်။
သူတို့ရဲ့အဆင့်မှာ သူတို့ရဲ့အန္တရာယ်ခံစားမှုက အလွန်တိကျတယ်။
ဒါ့ပြင် လီဖူချန်းရဲ့ဓားကွက်က ဆန်းကြယ်လွန်းတယ်။ မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က ရှေးဦးဖရိုဖရဲအရှိန်အဝါတစ်ခုကို ခံစားမိနေတယ်။ သူ့ရဲ့ငရဲမီးလက်သီးနဲ့နှိုင်းယှဉ်ရင် အဲဒါမှာ ပိုစုစည်းပြီးကွဲပြားခြားနားတဲ့ရှေးဦးဖရိုဖရဲအရှိန်အဝါတစ်ခုရှိတယ်။
လီဖူချန်း သူ့ဓားကို ဝှေ့ယမ်းလိုက်တာနဲ့ ဓားထိပ်ဖျားမှအလင်းရောင်တောက်ပမှုက ဓားခန္ဓာကိုယ်သို့ စီးဆင်းသွားတယ်။ အဲဒါ(အလင်းရောင်တောက်ပမှု)က တည်ရှိမှုအားလုံးကို ငြင်းပယ်နေတယ်၊ နေရဲ့အလင်းရောင်လိုပဲ အဲဒါကို သန့်စင်တဲ့အလင်းတွေနဲ့ပြုလုပ်ထားပြီး မသန့်စင်ခြင်းအညစ်အကြေးတစ်ခုမှမပါရှိဘူး။
ဒါပေမယ့် ဓားမှအလင်းတောက်ပမှုက အရာအားလုံးကို လွှမ်းခြုံတယ်၊ ဒါမှမဟုတ် အရာအားလုံးကို ပျောက်ကွယ်သွားစေတယ်လို့ ဖော်ပြနိုင်တယ်။
အဲဒါက ရှေးဦးဖရိုဖရဲအလင်းတောက်ပခြင်းပဲဖြစ်တယ်။
ဒီဓားက ရှေးဦးဖရိုဖရဲထံဦးတည်နေတဲ့ဓားတစ်လက်လည်းဖြစ်တယ်။
ဓားကွက်ကို ထုတ်ဖော်လိုက်တာနဲ့ အာကာသ-အချိန်ကို ချိုးဖြတ်သွားတယ်။ ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်နဲ့မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တို့က ဓားထိမှန်သွားတယ်။
အား......
မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က စိတ်မချမ်းမြေ့စဖွယ်အော်လိုက်မိတယ်။
ဓားက သူ့အရင်းအမြစ်ကို တိုက်ရိုက်ခွဲဖြတ်တယ်၊ သူ့အရင်းအမြစ်ကို ပြင်းထန်တဲ့ဒဏ်ရာဖြစ်သွားစေခဲ့တယ်။
အခြားတစ်ဖက်မှာတော့ ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်ရဲ့အရင်းအမြစ်လည်း ဒဏ်ရာရသွားခဲ့တယ်။
လီဖူချန်းရဲ့ဓားကွက်မှာ အဆုံးစွန်းအဆင့်ဓားကွက်ရဲ့အငွေ့အသက်လေးတစ်ခုရှိပြီးသားဖြစ်တယ်၊ ရန်သူရဲ့အရင်းမြစ်ကို တိုက်ခိုက်နိုင်တယ်။
ရန်သူက ကောင်းကင်ဘုံအရှင်တစ်ယောက်မဟုတ်ရင် တစ်ယောက်မှ အဲဒါကို ရင်ဆိုင်နိုင်လိမ့်မှာမဟုတ်ဘူး။
ဒီဓားကွက်ကို ထိပ်တန်းအဆင့်အထွတ်အထိပ်အခြေအနေကို ရောက်အောင် တွန်းပို့ဖို့ လီဖူချန်းက နှစ်ပေါင်းများစွာ အသုံးချခဲ့တာကို ဒီနှစ်ယောက်က မသိဘူးပဲ။
ဓားချီမူလပြန်သွားခြင်းက ဓားချီရှေးဦးဖရိုဖရဲသို့ပြန်သွားခြင်းနဲ့ တူညီတဲ့အဓိပ္ပါယ်ရှိတယ်။
ဒီဓားကွက်က အန္တိမအဆင့်ဓားကွက်တစ်ခု ဖြစ်လာနေတယ်။ ဒီဓားကွက်က ၎င်းရဲ့အစစ်အမှန်အဆုံးစွန်းကို ရောက်ရှိလာတဲ့တစ်နေ့မှာ အဲဒါက အန္တိမအဆင့်ဓားကွက်တစ်ကွက်ဖြစ်လာလိမ့်မယ်။
(မြန်မာဘာသာပြန်သူ၏ရှင်းလင်းချက်အသစ်: extreme, extremity= အဆုံးစွန်း၊ supreme= အန္တိမ(နောက်ဆုံး)......သဘောတရားတော့ အတူတူပါပဲ။ အဆုံးစွန်းကို ရောက်ရင် အန္တိမလို့ ခေါ်တွင်တယ်။ အဆုံးစွန်းနဲ့အန္တိမကို ခွဲပြီးပြန်သုံးစွဲပါ့မယ်)
ဒါက စာစဉ်၈၃၀တုန်းက ရှင်းလင်းချက်အဟောင်းပါ(မြန်မာဘာသာပြန်သူ၏ရှင်းလင်းချက်: extremeကို အဆုံးစွန်း၊ supremeကို အန္တိမလို့ ဘာသာပြန်ခဲ့ပါတယ်၊ ဒါပေမယ့် နှစ်ခုစလုံးရဲ့အဓိပ္ပါယ်က အတူတူဖြစ်တာကြောင့် အဆုံးစွန်းတစ်ခုကိုပဲ ပုံသေသုံးသွားပါတော့မယ်။ အဆုံးစွန်းဆိုတာ ဘာလဲဆိုရင် တာအိုပဲဖြစ်ဖြစ်၊ပညာရပ်ပဲဖြစ်ဖြစ်၊ လက်နက်ပဲဖြစ်ဖြစ်၊ နည်းလမ်းပဲဖြစ်ဖြစ်.........အရာအားလုံးရဲ့နောက်ဆုံးအဆင့်ပါပဲ)
အခု အဲဒါကို တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားကွက်လို့ဆိုနိုင်တယ်။
ကံမကောင်းတာကတော့ ဒီဓားကွက်က လုံးဝပြီးပြည့်စုံခြင်းအခြေအနေကို မရောက်ရှိသေးဘူး၊ ဒါကြောင့် အဲဒါကို အသုံးပြုဖို့တန်ဖိုးတစ်ခုတော့ ပေးချေရတယ်။
"ဓားချီမူလပြန်သွားခြင်းက ရှေးဦးဖရိုဖရဲရဲ့မူလသို့ အလိုအလျောက်ပြန်သွားတာပဲ။ ငါက ယာယီအားဖြင့် အဲဒါကို မအောင်မြင်နိုင်ဘူး။ ငါက ဓားစွမ်းအင်ကြီးမားတဲ့ပမာဏတစ်ခုနဲ့ချီသွေးအရင်းမြစ်အရိပ်အယောင်တစ်ခုကို အသုံးပြုမှသာ ရှေးဦးဖရိုဖရဲရဲ့မူလကိုပြန်သွားဖို့ ဖိအားပေးနိုင်တာ။ အဆုံးမှာတော့ ငါက အနည်းငယ်ကင်းမဲ့နေတုန်းပဲ" လီဖူချန်းက သက်ပြင်းချလိုက်တယ်။
"သူ နိုင်သွားတာလား" တိုက်ပွဲကွင်းပြင်ရဲ့ဘေးနားမှာ ကြည့်ရှုသူတွေက မတုံ့ပြန်နိုင်ဘူးဖြစ်နေတယ်။
"ဒီလိုကြောက်စရာကောင်းတဲ့ဓားကွက်တစ်ကွက်"
မိုးချုံးသံဓားသူတော်စင်အရှင်နဲ့အခြားသူတွေက ထိတ်လန့်တုန်လှုပ်သွားကြတယ်။ ဒါက သူတို့မြင်တွေ့ဖူးသမျှအသန်မာဆုံးဓားကွက်ဖြစ်တယ်။
"ထွက်သွားဖို့အချိန်တန်ပြီ" ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်ရဲ့မျက်လုံးတွေက မည်းမှောင်သွားတော့တယ်။ ရုတ်ချည်ရွှေ့ပြောင်းခြင်းနဲ့အတူ သူက အဗီယန်ငှက်ပုံသဏ္ဍာန်သင်္ဘောပေါ် ရောက်ရှိသွားတယ်။
မဖြစ်နိုင်တဲ့ပစ်မှတ်တစ်ခုအတွက်နဲ့ သူ့ရဲ့အရင်းမြစ်ကို အပြင်းအထန်ဒဏ်ရာရစေလောက်တဲ့အထိ စွန့်စားဖို့မထိုက်တန်ပါဘူး။ လက်ရှိအချိန်မှာ သူ့ရဲ့အရင်းမြစ်က အနည်းငယ်သာ ထိခိုက်သေးတယ်၊ အချိန်တစ်ခုကြာပြီးနောက် အဲဒါက ပြန်ကောင်းလာနိုင်တယ်။ ဒါပေမယ့် သူ့ရဲ့အရင်းမြစ်က အပြင်းအထန်ထိခိုက်သွားရင် နှစ်ပေါင်းရာကျော်အထိ ကြာနိုင်တယ်။
(မြန်မာဘာသာပြန်သူ၏ရှင်းလင်းချက်: source=အရင်းမြစ်/အရင်းအမြစ်။ အရင်းအမြစ်ဆိုရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၊ ဆေးပင်တွေလို့ကျင့်ကြံရာမှာအသုံးပြုတဲ့အရာတွေကို ပြောတာပါ။ အရင်းမြစ်ဆိုရင် အသက်တစ်မျှအရေးကြီးတဲ့ထိခိုက်လို့မရတဲ့အရာပေါ့- ဥပမာ- ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်ရဲ့အရင်းမြစ်......အဲလိုလေးခွဲမှတ်ပေးပါ)
"တောက်...." မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ထွက်ပြေးသွားတာ ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်ထက်တောင် ပိုမြန်တယ်။
သူ့ရဲ့အရင်းအမြစ်က အပြင်းအထန်ထိခိုက်ထားတယ်၊ လီဖူချန်းရဲ့ဓားကွက်တွေ ထပ်မံကျရောက်လာရင် ပြင်းထန်တဲ့ဒဏ်ရာက စိုးရိမ်ဖွယ်ရာဒဏ်ရာတွေ ဖြစ်သွားရလိမ့်မယ်။ နှစ်ထောင်အနည်းငယ်ကြာတောင် သူက စိုးရိမ်ဖွယ်ရာဒဏ်ရာမှ ပြန်မကောင်းလာနိုင်ဘူး။
လီဖူချန်းက သူတို့နောက်ကို မလိုက်သွားဘူး။ လိုက်သွားရင်တောင် သူက အများဆုံး မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ကိုသာ သတ်နိုင်မယ်၊ ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်ကို သတ်ဖို့က မဖြစ်နိုင်ဘူး။ သူက ရန်သူတွေကို ဓားကွက်ဆယ်ကွက်အတွင်းမသတ်နိုင်ရင် သူက ပျောက်ကွယ်သွားရမယ့်သူ ဖြစ်သွားပေလိမ့်မယ်။
အနက်ရောင်သင်္ဘောနဲ့အဗီယန်ငှက်သဏ္ဍာန်သင်္ဘောထွက်သွားတာကို စောင့်ပြီးနောက် လီဖူချန်းက ဓားသဏ္ဍာန်သင်္ဘောဆီ ပြန်ရောက်လာကာ ပြောလိုက်တယ်"သွားကြစို့"
သူတို့က အခွင့်အရေးရှိတုန်း မထွက်သွားရင် သေရေးရှင်ရေးအကျိုးဆက်တွေ ဖြစ်ပွားလာနိုင်တယ်။
"ကောင်းပြီ" မိုးချုံးသံဓားသူတော်စင်အရှင်က ဓားသဏ္ဍာန်သင်္ဘောကို ထိန်းချုပ်ကာ အဆုံးစွန်းအရှိန်နဲ့ သွားစေလိုက်တယ်။
…
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ ငါ တကယ်လေးစားမိတယ်။ ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရှိကောင်းကင်ဘုံအရှင်တွေအားလုံးအောက်မှာ မင်းက အသန်မာဆုံးဓားသမားတွေထဲကတစ်ယောက်ဆိုတာအသေအချာပဲ" ဓားသဏ္ဍာန်သင်္ဘောပေါ်မှာ လေပြင်းဓားသူတော်စင်အရှင်က လေးစားအားကျစွာ ပြောနေတယ်။
လီဖူချန်းကြောင့်သာမဟုတ်ရင် သူတို့သုံးယောက်က အရှက်ရပြီး သူတို့ရဲ့အသက်တောင် ဆုံးသွားနိုင်တယ်။
"ဟုတ်တယ်။ မူလအဆုံးစွန်းဓားသူတော်စင်အရှင်လောက်နီးပါးသန်မာတဲ့အခြားဓားသမားတွေရှိနိုင်ပေမယ့် ပိုသန်မာတာကတော့ လုံးဝမရှိနိုင်ဘူး" မိုးချုံးသံဓားသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်။
လီဖူချန်းရဲ့နောက်ဆုံးဓားကွက်က ကြောက်စရာကောင်းတယ်။ မိုးချုံးသံဓားသူတော်စင်အရှင်ရဲ့အမြင်ထဲမှာ အဲဒါကို တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားကွက်တစ်ခုလို့ ဆိုနိုင်တယ်။
သွေးမျက်ရည်ဓားသူတော်စင်အရှင်က ပြောလိုက်တယ်"ငါသိထားတာအရ အံ့ဖွယ်သစ်ရွက်မြို့မှာ လေတိမ်ဓားသူတော်စင်အရှင်ကသာ မူလအဆုံးစွန်းဓားသူတော်စင်အရှင်နဲ့ ယှဉ်ပြိုင်နိုင်တယ်".
"ဒါဟုတ်တယ်၊ လေတိမ်ဓားသူတော်စင်အရှင်ပဲ ယှဉ်နိုင်တယ်" လေပြင်းဓားသူတော်စင်အရှင်က သဘောတူလိုက်တယ်။
"လေတိမ်ဓားသူတော်စင်အရှင်လား......" လီဖူချန်းက လေတိမ်ဓားသူတော်စင်အရှင်နဲ့ပတ်သက်ပြီးသိတယ်။ သူ့ကို အံ့ဖွယ်သစ်ရွက်မြို့၊ ဓားသမားအစည်းအရုံးရဲ့နံပါတ်၁ဓားသူတော်စင်အရှင်လို့ အများက လက်ခံထားကြတယ်။ သူ့ရဲ့လေတိမ်ဓားပညာက တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားပညာတစ်ခုဖြစ်တယ်။
***
တစ်ယောက်မှ သူတို့နောက်မလိုက်လာတာကို မြင်ပြီးနောက် လီဖူချန်းက နောက်ဆုံးတော့ စိတ်သက်သာရရသွားတယ်။
"ကြည့်ရတာ ငါက အတွေးလွန်နေပုံပဲ" လီဖူချန်းက မချိတင်ကဲပြုံးလိုက်မိတယ်။
ကျန်ရှိတဲ့နေ့ရက်တွေမှာတော့ အရာအားလုံးအေးချမ်းလျက်ရှိတယ်။ လူတိုင်းက စိတ်သက်သာရာရကာ ရောက်တတ်ရာရာစကားစမြည်ပြောနေကြတော့တယ်။
အထူးသဖြင့် တာလုကလန်သားတွေပဲ။ သူတို့က သေမင်းလက်ထဲမှ လွတ်မြောက်လာသလို သူတို့ရဲ့အမူအရာတွေက လန်းဆန်းတက်ကြွနေတယ်။
အံ့ဖွယ်သစ်ရွက်မြို့က အမှောင်ပူဆွေးခြင်းမြို့လိုမဟုတ်ဘူး။ အံ့ဖွယ်သစ်ရွက်မြို့မှာ တင်းကြပ်တဲ့စည်းမျဉ်းတွေရှိတယ်၊ ဒါကြောင့်၊ တာလုကလန်က အမှောင်ပူဆွေးခြင်းမြို့ထက် ပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်ရလိမ့်မယ်။
ဒီအဖြစ်အပျက်ကို တွေ့ကြုံပြီးနောက် အပီက ပျက်သုန်းခြင်းလက်ပတ်ကို လေလံပွဲမှာ ရောင်းချဖို့ အတွေးဝင်လာတယ်။
တစ်ဝက်တစ်ပျက်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုအနေနဲ့ ပျက်သုန်းခြင်းလက်ကောက်ဝတ်ကို လေလံပွဲမှာ ရောင်းချရင် အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးမီလီယံရရှိလိမ့်မယ်။ ကံကောင်းရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်မီလီယံအထိ ရရှိန်ိုင်တယ်။ ဒီလောက်များတဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ဆိုရင် တာလုကလန်က ကျင့်ကြံခြင်းအရင်းအမြစ်များစွာကို ဝယ်ယူနိုင်ပြီး ကလန်ရဲ့အလုံးစုံခွန်အားကို သိသိသာသာမြှင့်တင်နိုင်လိမ့်မယ်။
အချက်အလက်အရ အမှောင်ပူဆွေးခြင်းမြို့မှာတုန်းက မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးအနည်းငယ်ခပ်များများလေးနဲ့ ဝယ်ယူဖို့ဆန္ဒရှိရင် အပီက အံကြိတ်ကာရောင်းချပေးလိုက်မှာပါ။ ဒါပေမယ့် မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်မီလီယံသာ ပေးဖို့ဆန္ဒရှိတယ်၊။ သူက သူတို့ကို သူဖုန်းစားတွေလို ဆက်ဆံနေတာပဲ။
"ဟုတ်တယ်၊ ငါက သူ့ကို ရောင်းလို့ရတယ်"
…
"မင်းက ပျက်သုန်းခြင်းလက်ပတ်ကို ငါ့ထံ ရောင်းချင်တာလား" လီဖူချန်းက အပီက သိလိုစိတ်နဲ့ ကြည့်လိုက်တယ်။
"ဟုတ်ပါတယ်၊ သင်က ဈေးကွက်ပေါက်ဈေးနဲ့ ကမ်းလှမ်းချင်ဖို့ဆန္ဒရှိရင် ပျက်သုန်းခြင်းလက်ပတ်က သင့်အတွက်ပါပဲ" အပီစိတ်ကူးထားတဲ့ဈေးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံဖြစ်တယ်။
သူက လီဖူချန်းနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်လိုတာကြောင့် အပီက ပျက်သုန်းခြင်းလက်ပတ်ကို လီဖူချန်းထံ ရောင်းချဖို့ ဆန္ဒရှိနေတယ်။ အဲဒါက သူတို့တာလုကလန်ရဲ့အနာဂတ်တိုးတက်မှုအတွက် အလွန်အကူအညီပေးနိုင်တယ်။ တကယ်တော့ မတော်တဆတစ်ခုမရှိရင် ပြိုင်ဘက်ကင်းသူတော်စင်တစ်ယောက်က အနည်းဆုံးနှစ်မီလီယံအနည်းငယ်အထိ အသက်ရှင်နိုင်တယ်။ ဒါ့အပြင် လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတာနဲ့ တာလုကလန်အတွက် အံ့ဖွယ်ဖြစ်လာလိမ့်မယ်။ ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အကူအညီတစ်ခုက လူတိုင်းကို ထိပ်မှာ ရပ်တည်နိုင်စေဖို့လုံလောက်တယ်။
"ငါ ပျက်သုန်းခြင်းလက်ပတ်ကို တစ်ချက်ကြည့်လို့ရမလား" လီဖူချန်းက မေးလိုက်တယ်။
"သေချာတာပေါ့" အပီက ပျက်သုန်းခြင်းလက်ပတ်ကို နေရာလပ်လက်စွပ်မှ ယူထုတ်လိုက်တယ်။
ပျက်သုန်းခြင်းလက်ပတ်က မီးခိုးရောင်လက်ပတ်တစ်ခုဖြစ်တယ်။ လီဖူချန်းက အဲဒါကို လက်ခံပြီး အထဲကို သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ ကြည့်လိုက်တယ်။
"ဒါက တစ်ဝက်တစ်ပျက်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာ အံ့ဩစရာမရှိဘူးပဲ" သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ရုတ်သိမ်းပြီးနောက် လီဖူချန်းရဲ့အမူအရာက သဘောကျသွားတယ်။
ပျက်သုန်းခြင်းလက်ပတ်မှာ ပျက်သုန်းခြင်းစွမ်းအားပါဝင်ပြီး အဲဒါက အလွန်အမင်းအားကောင်းတယ်။ လီဖူချန်းရဲ့ကောက်ချက်အရ သူက ပျက်သုန်းခြင်းလက်ပတ်ရဲ့စွမ်းအားကို အပြည့်အဝအသုံးချနိုင်ရင် ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်ကို ဒဏ်ရာရစေနိုင်လိမ့်မယ်။
အရင်ကတော့ ကောင်းကင်ဆက်ဓားနဲ့အတူ ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေတဲ့ဓားချီမူလပြန်သွားခြင်းကို ထုတ်ဖော်ပြီးတာတောင်မှ သူက ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်ကို ဖယ်ရှားရုံသာ တတ်နိုင်တယ်။
ဒါပေမယ့် တစ်ဝက်တစ်ပျက်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုကို အပြည့်အဝသန့်စင်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ အသုံးအဆောင်ပစ္စည်းရဲ့အသန်မာဆုံးစွမ်းအားကို အသုံးမချခင် သူက အတွင်းရှိဆန်းကြယ်မှုတွေကို အရင်ဦးဆုံးနားလည်အောင်လုပ်ရမယ်။ နောက်တစ်နည်းလမ်းကတော့ အသုံးအဆောင်ပစ္စည်းအတွင်းရှိအင်းကွက်တွေအားလုံးကို ချိတ်ဆက်ဖို့ အားကောင်းတဲ့စွမ်းအင်ကို အသုံးပြုခြင်းပါပဲ၊ ဒါက ပိုင်ရှင်အား စွမ်းအားရဲ့၉၀ရာခိုင်နှုန်းကို အသုံးချစေနိုင်တယ်။
"ငါ မတတ်နိုင်ဘူး" လီဖူချန်းက ပျက်သုန်းခြင်းလက်ပတ်ကို အပီထံ ပြန်ပေးလိုက်တယ်။
အပီက ပြန်မယူလိုက်ပါဘူး"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ တာလုကလန်အမှောင်ပူဆွေးခြင်းမြို့မှလွတ်မြောက်လာနိုင်တာ သင့်ကြောင့်ပဲ။ သင်က ပျက်သုန်းခြင်းလက်ပတ်ကို ကြိုက်ရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံနဲ့ ရယူနိုင်တယ်။ ဒါပေမယ့် သင့်မှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံမရှိရင် စရံအရင်ပေးထားပြီး ကျန်တာတွေကို နောက်မှပေးချေလို့ရတယ်"
"ငါ အခွင့်အရေးယူသလိုဖြစ်သွားလိမ့်မယ်" လီဖူချန်းက ပြောလိုက်တယ်။
အရိုးသားဆုံးပြောရရင် လီဖူချန်းက အခြားသူတွေအပေါ် အခွင့်အရေးမယူချင်သလို အဲလိုလုပ်ရတာကိုလဲ မကြိုက်ဘူး။ ဒါ့အပြင် သူ့အနေနဲ့ အဲလိုလုပ်စရာအကြောင်းမရှိဘူး။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ၊ မဟုတ်ရင် သင်က ငါတို့တာလုကလန်ကို အထင်သေးနေတာပဲ" ထိုအချိန်မှာ အပီက ပျက်သုန်းခြင်းလက်ပတ်ကို လက်လျော့ဖို့ ဆုံးဖြတ်ထားတယ်။ လီဖူချန်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ မကမ်းလှမ်းရင်တောင် သူက လီဖူချန်းကို ပေးလိုက်လိမ့်မယ်။
အဆုံးမှာတော့ လီဖူချန်းက ပျက်သုန်းခြင်းလက်ပတ်ကို လက်ခံခဲ့တယ်။ စရံက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်မီလီယံဖြစ်ပြီး ကျန်တဲ့နှစ်မီလီယံကို နှစ်နှစ်ဆယ်အတွင်း သူက အပြည့်ပေးရလိမ့်မယ်။ ဒါ့အပြင် တာလုကလန်က အနာဂတ်မှာ ဒုက္ခတစ်ခုခုဖြစ်လာရင် သူ့ကို လာရှာနိုင်တယ်လို့ လီဖူချန်းက ကတိပေးခဲ့တယ်။
ကတိကိုကြားပြီး အပီက အားရကျေနပ်သွားတယ်။ ဒီစကားက ဘယ်အရာမဆိုထက် ပိုထိုက်တန်တယ်။
အချိန်ကုန်ဆုံးလာနေသလို လီဖူချန်းက ပျက်သုန်းခြင်းလက်ပတ်အတွင်းရှိပျက်သုန်းခြင်းအင်းကွက်တွေကို နားလည်ဖို့အားထုတ်နေတယ်။ နားလည်ခြင်းဖြစ်စဉ်အတွင်း ပျက်သုန်းခြင်းလက်ပတ်က သန့်စင်ခြင်းဖြစ်စဉ်အတွင်းမှာပျက်ဆီးသွားခဲ့တဲ့အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာကို လီဖူချန်းက သေချာခဲ့တယ်။ အထဲရှိအင်းကွက်တွေက အန္တိမဖြစ်ပြီး မဟာအရှိန်အဝါတစ်ခုရှိတယ်။ လီဖူချန်းက အဲဒါကို အပြည့်အဝနားလည်နိုင်ရင် သူ့အတွက် အန္တိမအဆင့်ဓားကွက်တစ်ကွက်ကိုနားလည်ရာမှာ အကြီးအကျယ်ကူညီပေးလိမ့်မယ်။
ပျက်သုန်းခြင်းလက်ပတ်ရဲ့ကိုးဆယ်ရာခိုင်နှုန်းကို သန့်စင်ပြီးနောက် သူတို့က အံ့ဖွယ်သစ်ရွက်မြို့ကို ရောက်ရှိလာတယ်။