တာအိုဝါဒ၏ထူးခြားသောပါရမီရှင်များ
Vol. 75 Ch. 1048
အခန်း (၁၀၄၈) တာအိုဝါဒ၏ထူးခြားသောပါရမီရှင်များ
နျဲ့ကျင်းရှန်က သိုင်းသူတော်စင် နဝမအဆင့်သို့ ရောက်ရှိနေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သူက ထိပ်တန်းအရှင်သခင်အသစ်တစ်ယောက်ဖြစ်လာရန် ဖြစ်နိုင်ခြေအရှိဆုံး သိုင်းကျင့်ကြံသူတစ်ယောက်အဖြစ် အထက်ဘုံကမ္ဘာတစ်ခုလုံးက အသိအမှတ်ပြု ခံထားရသည်။
သူကဲ့သို့ပင် ချင်ရှုကျီသည်လည်း ကျစ်ကြံခြင်းတစ်ဆို့ခြင်းကိုကျော်ဖြတ်ပြီး လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်ရန် ခြေတစ်လှမ်းမျှသာ လိုတော့သည်။
သို့တိုင် ရန်ကျောက်ကဲ၏အနိုင်ယူတိုက်ခိုက်မှုကိုခံရပြီး အသက်ဆုံးရှုံးခဲ့ရသည်။ ဤသည်က ကျေနပ်စရာကောင်းသည့်အချက်တစ်ခုတော့ မဟုတ်ခဲ့ပေ။
သိုင်းသူတော်စင်များအလယ်တွင် လောကပထမ ပြိုင်ဘက်ကင်း သတ်မှတ်ခံထားရသူမှာ အထက်ရပ်ထိပ်တန်းအရှင်သခင် “ချန်ချန်းဟွာ” ဖြစ်သည်မှာ ငြင်းမရပေ။
ဒုတိယအဆင့်ရှိသူကတော့ မြေကမ္ဘာထိပ်တန်းအရှင်သခင် “ဝမ်ကျန်းချန်” ဖြစ်သည်။
သို့သော် တတိယအဆင့်ရှိသူကတော့ သိုင်းသူတော်စင် နဝမအဆင့်ရှိသော “နျဲ့ကျင်းရှန်” ဖြစ်၏။
ထိပ်တန်းအရှင်သခင် (၁၀)ယောက်၏ ဂုဏ်ရှိန်ကြောင့်သာ နျဲ့ကျင်းရှန်ကို ကျယ်ကျယ်ပြန့်ပြန် သတိမပြုမိကြခြင်းဖြစ်သည်။
သို့သော် နျဲ့ကျင်းရှန်၏ ဂိုဏ်းတူအစ်ကို ၊ အနောက်တောင်ထိပ်တန်းအရှင်သခင် ‘ပိုင်တောင်း’ နှင့် အခြားသော လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူများက ထိုသို့အဆင့်သတ်မှတ်ချက်အပေါ်တွင် မကျေမနပ်ဖြစ်ခြင်း မရှိခဲ့ကြပေ။
လက်ရှိအချိန်တွင် အကြောင်းသိသူအားလုံးကတော့ နျဲ့ကျင်းရှန် လူသားအထွတ်ထိပ်အဆင့်သို့ ရောက်ရှိပါက မည်သို့ဖြစ်လာမည်ကို စောင့်မျှော်နေခဲ့ကြသည်။
ယခင်တစ်ချိန်က ‘ချန်ရွှယ်ကျီး’ ဟု နာမည်အတုကိုအသုံးပြုခဲ့သော ရှောင်ကျန့်နတ်ဓားရှင် ‘လုန်ရွှယ်ကျီး’ က အထက်ဘုံကမ္ဘာတွင် အချိန်ခဏမျှသာ လှုပ်ရှားသွားခဲ့သည်ဖြစ်ရာ ယခုအချိန်တွင် လူအနည်းစုသာလျှင် သူ့ကိုသိရှိကြတော့သည်။
သို့သော် ကောင်းကင်သခင်လေးနှင့် နတ်ဘုရားများကို တုန်လှုပ်စေသောနတ်ဓားရှင် မည်သူက သာလွန်ကြောင်း လူတိုင်းသိရှိချင်နေကြသည်။
ယခုလည်း အထက်ဘုံကမ္ဘာတွင် နောက်ထပ်ဒဏ္ဍာရီအသစ်များ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
“သားအဖနှစ်ယောက်လုံး ကောင်းကင်ဘုံကဆင်းသက်လာသောနတ်ဘုရားများ” ဟူသော စကားတစ်ရပ်သည် အထက်ဘုံကမ္ဘာတွင် လျှင်မြန်စွာ ပျံ့နှံ့သွားခဲ့ပေပြီ။
ကျူတောပင်လယ်ဒေသတိုက်ပွဲတွင် ကြီးမြတ်သော ‘ချင်းယွမ်ဧကရာဇ်’ ကိုတွန်းလှန်နိုင်ပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင် ‘ကျွမ်းရှန်’ ကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ရန်ကျောက်ကဲနှင့် ရန်တိက ထိုသို့သောဂုဏ်သတင်းနှင့် ထိုက်တန်သည်ဟု အကဲဖြတ်သူများက မှတ်ချက်ပြုကြသည်။
ထိုသို့ အကဲဖြတ်ခဲ့သူများမှတစ်ယောက်မှာ အထက်ဘုံကမ္ဘာတွင် အထူးချွန်ဆုံး လူငယ်မျိုးဆက် နတ်ဘုရားများကို တုန်လှုပ်စေသောနတ်ဓားရှင် ‘နျဲ့ကျင်းရှန်’ ဖြစ်သည်။
နျဲ့ကျင်းရှန်ကိုယ်တိုင် ထိုသို့အကဲဖြတ်လိုက်သဖြင့် ‘ရန်’ အိမ်တော်မှ ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရားနှစ်ပါး’ ဆိုသည့် အံ့သြဖွယ်ရာဂုဏ်သတင်းမှာ အထက်ဘုံကမ္ဘာတစ်ခွင် လျှင်မြန်စွာ ပျံ့နှံ့စိမ့်ဝင်သွားခဲ့သည်။
ယခုကဲ့သို့ တာအိုဝါဒ ပြန်လည်ရှင်သန်လာခြင်းအတွက် ကျင့်ကြံသူလောကရှိ လူအများမှာ အတော်လေး စိတ်ခံစားချက်ပြင်းထန်ခဲ့ကြသည်။
ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးအပြင် မကြာသေးမီနှစ်များအတွင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပါရမီရှင်များစွာ ပေါ်ထွက်လာခဲ့သည်။
အထက်ဘုံကမ္ဘာတွင် ခဏမျှသာ လှုပ်ရှားခဲ့သော ‘လုန်ရွှယ်ကျီး’ ၊ လက်ရှိ လောကပထမ ပြိုင်ဘက်ကင်းသိုင်းသူတော်စင် ‘ချန်ချန်းဟွာ’ ၊ လူသားအထွတ်ထိပ်အဆင့်သို့ မရောက်သေးသည့်တိုင် လူအသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်များထက်သာလွန်သော နျဲ့ကျင်းရှန်နှင့် ယခု ထင်ပေါ်ကျော်ကြားလာသော ရန်ကျောက်ကဲနှင့် ရန်တိတို့နှစ်ယောက် ဖြစ်သည်။
ဤသူများအားလုံးသည် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် နှစ်ပေါင်းတစ်ရာ သို့မဟုတ် နှစ်ပေါင်းတစ်ထောင်တွင် တစ်ကြိမ်သာပေါ်ပေါက်လာသော ထူးခြားသည့်ပါရမီရှင်များ ဖြစ်ကြသည်။
သူတို့အားလုံး ယခုကဲ့သို့ စုစည်းထွက်ပေါ်လာခြင်းက မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် နှစ်ပေါင်းများစွာအတွင်း ကြိုစားအားထုတ်မှုအသီးအပွင့်များ ခံစားရသည်ဟု ဆိုနိုင်သည်။
ရန်ကျောက်ကဲနှင့် ဝါဒတောင်အကြောင်း ကောလဟလများကို နျဲ့ကျင်းရှန် ဟိုးယခင်ကပင် ကြားဖူးထားခဲ့သည်။
ယနေ့မတိုင်မီက သူတို့ကြားတွင် ဤသို့ဆက်နွယ်မှုရှိမည်ဟု ထင်မှတ်မထားခဲ့ပေ။
ပြောရလျှင် နျဲ့ကျင်းရှန်က အထက်ဘုံကမ္ဘာတွင် လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်ရန် အနီးစပ်ဆုံးလူတစ်ယောက်ဟု ဆိုနိုင်သော်လည်း သူက အချိန်မရွေး လူသားအထွတ်ထိပ်အဆင့်သို့တက်ရောက်နိုင်သူဖြစ်နေပြီဟု ကျောက်စိမ်းကျောက်ဆောင်အပြင်ဘက်ရှိ မည်သူတစ်ဦးတစ်ယောက်မှ သိရှိခဲ့ကြခြင်း မရှိပေ။
ယနေ့ ဝါဒတောင်ဖြစ်ရပ်သာ မကြုံတွေ့ပါက သူ့အနေဖြင့် ယခုအချိန်မှာပင် ကျင့်ကြံခြင်းအဆင့် တက်ရောက်သွားမည် ဖြစ်သည်။
သို့သော် ယခု နျဲ့ကျင်းရှန်၏ပြောစကားကိုကြည့်မည်ဆိုလျှင် -
အကယ်၍ ဝါဒတောင်က တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်ကို သိမ်းပိုက်မည်ဆိုပါက သူ့အနေဖြင့် ဆန့်ကျင်မည်မဟုတ်ကြောင်း ဆိုလိုခြင်းနှင့် ညီမျှသည်။
နျဲ့ကျင်းရှန်အပြင် မကြာမီအချိန်တိုအတွင်း လူသားအထွတ်ထိပ်အဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်မည့် အခြားသော အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များအနေဖြင့် ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖကို နှိမ်နင်းရန် အယုံအကြည်ရှိမည်မဟုတ်ပေ။
ထို့ပြင် ထိုသူများအနေဖြင့် လူသားအထွတ်ထိပ်အဆင့်သို့ တက်ရောက်မည်ဆိုလျှင်တောင်မှ မိုင်းတွင်းတစ်ခုပမာဖြစ်နေသည့် တောင်ပိုင်းမီးတောက်ကောင်းကင်ပြည်နယ်သို့ ဝင်ရောက်ခြေချကြမည် မဟုတ်ပေ။
ဝမ်ဖူက ပြုံးလိုက်ရင်း...
“မင်းတို့ဝါဒတောင်ဂိုဏ်းက တာအိုဝါဒအရှေ့ပိုင်းတောင်ထွတ်ရဲ့နာမည်ကို အမွေဆက်ခံပြီး တောင်ပိုင်းဒေသမှာ ဖွံ့ဖြိုးတိုးလက်လာတော့မှာပဲ”
နေရာတွင် ရှိနေသူများအားလုံးသည်လည်း ပြုံးလိုက်ကြသည်။
ထိုအချိန် ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း တစ်စုံတစ်ခုကိုတွေးတောနေပြီး မျက်ဝန်းများသည်လည်း တောက်ပလျှက် ရှိသည်။
ရန်တိက...
“အားလုံးပဲ... ဒီ ‘ရန်’ မှာ တောင်းဆိုစရာတစ်ခု ရှိပါတယ် ၊ ဖြစ်နိုင်ရင် မင်းတို့ ငါ့ကိုကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
သူက ဆက်ပြောသည်။
“မိန်းမပျိုဧကရာဇ်ကိုလည်း အနှောက်အယှက်ပေးသလို ဖြစ်သွားနိုင်ပါတယ်”
ထိုစကားကိုကြားတော့ ချောင်ကျယ် ၊ လျိုကျန်းကူ ၊ ဝမ်ဖူနှင့် အခြားသူများအားလုံး စိတ်ထဲတွင် စူးစမ်းလိုစိတ်ဖြစ်ပေါ်သွာပြီး သူတို့၏မျက်နှာများက တည်ကြည်လေးနက်သွားကြသည်။
ရန်တိက မာနကြီးပြီး ကြံ့ကြံ့ခံနိုင်သူတစ်ယောက်ဖြစ်ရာ အခြားသူများကို အကူအညီတောင်းခဲလှသည်။
ချင်းယွမ်ဧကရာဇ်နှင့် ထိပ်တန်းအရှင်သခင် (၄)ယောက်တို့ ဝိုင်းဝန်းဖိုအားပေးခြင်းကို ရင်ဆိုင်ရသည့်တိုင် သူက အကြောက်အရွံမရှိသလို မည်သူ့အကူအညီမှ ရယူခဲ့ခြင်း မရှိပေ။
ယခုတော့ ရန်တိက အကူအညီတောင်းရန် အစပြုပြောဆိုလေရာ ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုမဟုတ်သလို ခံစားရသည်။
ရန်တိက...
“ငါက ဂိုဏ်းတူအစ်ကိုတစ်ယောက်ရဲ့ မျိုးဆက်တွေကို စောင့်ရှောက်ပေးနေတာပါ ၊ အစတုန်းက ဒီကိစ္စကို မသိခဲ့ဘူး ၊ ဒီ’ရန်’ နဲ့ သား ကျောက်ကဲ ကျင့်ကြံခြင်းအဆင့် မြင့်မားလာတဲ့နောက်မှ အဲဒီ မူမမှန်တာကို ရှာလို့တွေ့ခဲ့တယ်”
သူက ဆက်ပြောသည်။
“ဒါတောင်မှ ဘာဖြစ်တယ်ဆိုတာကို မပြောနိုင်သေးဘူး ၊ ဒါကြောင့် သူတို့ကိုကြည့်ပြီး ကူညီပေးစေချင်ပါတယ်”
ရန်တိနှင့် ရန်ကျောက်ကဲက သာမန်ထက်ထူးခြားသော တန်ခိုးစွမ်းအားကို ပိုင်ဆို်ငထားကြသည်။ သို့တိုင် အချို့သောကိစ္စရပ်များကိုလုပ်ဆောင်နိုင်ရန် ကျင့်ကြံခြင်းအဆင့် ယခုထက်ပိုမိုမြင့်မားရန် လိုအပ်သည်။
ရန်ကျောက်ကဲက လေးနက်စွာဖြင့်...
“အဲဒါက ငရဲကိုးထပ်နဲ့သက်ဆိုင်နေတယ်”
မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော် စာကြည့်တိုက်တွင် နေထိုင်ခဲ့သော ရန်ကျောက်ကဲအနေဖြင့် ရန်တိမသိနိုင်သော အချို့အရာများကို သိမြင်နိုင်စွမ်းရှိလေသည်။ သူ၏ အသိပညာနှင့် ပိုင်းခြားသိမြင်နိုင်စွမ်းက အတော်လေး ကြီးမားလှသည်။
သို့သော် သူက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်မျှသာ ဖြစ်လေရာ ထိုကိစ္စနှင့်ပတ်သက်ပြီး အကန့်အသတ် ရှိနေဆဲပင်။
“ငရဲကိုးထပ်” ဆိုသောအမည်ကိုကြားလိုက်ရတော့ နျဲ့ကျင်းရှန် ၊ ချောင်ကျယ် ၊ ပိုင်တောင်းနှင့်အခြားသူများ၏ မျက်နှာအမူအရာများ လေးနက်သွားကြသည်။
ငရဲကိုးထပ်ဆိုသည်က မိုးအောက်မြေပြင်တွင် ညစ်ညမ်းပြီး မကောင်းမှုများဖြင့်ပြည့်နက်နေသည့် အရာတစ်ခုဖြစ်ကာ ကမ္ဘာပေါင်းအသေင်္ချနှင့် ဆန့်ကျင်ဘက်ရပ်တည်နေသည့် တစ်ခုတည်းသောအရာ ဖြစ်၏။
နတ်ဆိုးအမြောက်အမြားက ဖရိုဖရဲ စည်းမရှိကမ်းမရှိ ပျော်ရွှင်မြူးတူးနေကြပြီး သူတို့အထဲတွင် မရေမတွက်နိုင်သော တန်ခိုးစွမ်းအားရှင်များလည်း ရှိနေခဲ့သည်။
သို့သော် မဟာကပ်ဘေးကြီးက ငရဲကိုးထပ်အပေါ်တွင်လည်း ပြင်းထန်စွာ သက်ရောက်မှု ရှိခဲ့သည်။
သို့တိုင် မဟာကပ်ဘေးကြီးအလွန်ကာလတွင် ငရဲကိုးထပ်မှ နတ်ဆိုးအငွေ့အသက်များက ကမ္ဘာများစွာအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ပျံ့နှံ့နေခဲ့သည်။
ထိုနှစ်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ငရဲကိုးထပ်တံခါး ပွင့်လာပြီး အစစ်အမှန်နတ်ဆိုးများ ဝင်ရောက်လာလုနီးပါး ဖြစ်ခဲ့ရသည်။
ယခုတော့ ထိုတံခါးကို စည်းတံဆိပ်ခတ်ထားနိုင်ပြီဖြစ်သဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာအတွက် ယာယီအန္တရယ်ကင်းနေပေပြီ။ သို့သော် ငရဲကိုးထပ်အား တန်ပြန်တိုက်စစ်ဆင်ရန် မည်သူမှ မစဉ်းစားဝံ့ခဲ့ကြပေ။
ငရဲကိုးထပ်မှ တန်ခိုးစွမ်းအားရှင်များက သိုင်းသူတော်စင် တတိယအဆင့်ရှိသော မီးတောက်မိစ္ဆာဘုရင်ကြီးအဆင့်နှင့် နှိုင်းယှဉ်လျှင်ပင် တူညီခြင်း မရှိပေ။
ယခင်အချိန်က ရန်တိနှင့်အခြားသူများ ထိုက်ယီချိုးဖျက်အစီအရင်အသုံးပြုကာ မီးတောက်မိစ္ဆာများကို သုတ်သင်ပစ်ခဲ့ကြသည်။
ထို့ပြင် မီးတောက်မိစ္ဆာများအနေဖြင့် ဒေသတွင်းအားသာချက်ရယူနိုင်ပြီး တန်ခိုးစွမ်းအား ပိုမိုမြင့်လားကြသည့်တိုင် ယွမ်ကျန်းဖုန်းနှင့် အခြားသူများ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ ရောက်၇ှိလာပြီးနောက် ထိုပြဿနာက စကားထဲ ထည့်ပြောစရာမလိုအပ်တော့ပေ။
တစ်ချိန်က မီးတောက်မိစ္ဆာများ၏ ကျူးကျော်မှုကြောင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့ရသော ဝါဒတောင်သည် အထက်ဘုံကမ္ဘာတွင် ပြန်လည်အားသစ်လောင်းနိုင်ခဲ့ပြီးနောက် ပထမဆုံးလုပ်ဆောင်သောအလုပ်မှာ မီးတောက်မိစ္ဆာကမ္ဘာကို တန်ပြန်တိုက်ခိုက်ပြီး ထိုနေရာကို လုံးဝဖျက်ဆီးလိုက်ခြင်း ဖြစ်၏။
ယခုတော့ မီးတောက်မိစ္ဆာကမ္ဘာသည် ရာဇဝင်ထဲမှ အမှိုက်ပုံးထဲသို့ လုံးလုံးလျားလျား ရောက်ရှိသွားခဲ့ပေပြီ။
သို့သော် ငရဲကိုးထပ်ကတော့ လုံးဝ မတူကွဲပြားသော ဇာတ်လမ်းတစ်ခု ဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကျူးကျော်
အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ကျူးကျော်ဝင်ရောက်ခြင်းက ငရဲကိုးထပ်၏ ထူခြားသောဝိသေသတစ်ခုသာ ဖြစ်သည်။
ထိုနှစ်တွင် အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဝင်ရောက်လာရန်ကြိုးစားသော နတ်ဆိုးများသည် ငရဲကိုးထပ်တစ်ခုလုံးနှင့် နှိုင်းယှဉ်ကြည့်လျှင် လုံးဝအဓိပ္ပါယ်မရှိသော အသေးအဖွဲ နတ်ဆိုးငယ်လေးများသာ ဖြစ်ကြသည်။
မဟာနတ်ဆိုးကြီးများက အသင်္ချေကမ္ဘာများအားလုံးကို ပစ်မှတ်ထားသည်ဖြစ်လေရာ အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ သမုဒ္ဒရာကမ္ဘာ ၊ ယန်ဖူကမ္ဘာကဲ့သို့ အောက်ဘုံကမ္ဘာများကို ပစ်မှတ်ထားခြင်းက သူတို့အတွက် များစွာအဓိပ္ပါယ် မရှိပေ။
ထို့ကြောင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ငရဲကိုးထပ်တံခါးကို စည်းတံဆိပ်ခတ်ခြင်းမှာ ထိုနေရာတစ်ဝိုက်မှ နတ်ဆိုးငယများကို စိတ်မချမ်းမသာဖြစ်စေရုံမှတပါး ကြီးမားသောထိခိုက်မှု မရှိခဲ့ပေ။
မည်သို့ပင်ဖြစ်စေ အစွန်းရောက်ရှစ်ပါးကမ္ဘာဘက်မှ နတ်ဆိုးတံခါးဖွင့်လှစ်ရန် အစပျိုးလုပ်ဆောင်မည်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှီကျွင်းနှင့် ယင်ယွီကျန်းတို့၏အခြေအနေက အလွန်ထူးခြားလှသည်။
ရန်ကျောက်ကဲသည်ပင် အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိသည့်တိုင် ထိုပြဿနာ အောက်ခြေအထိ စုံစမ်းနိုင်ခြင်းမရှိသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ထံတွင် ရေးထိုးထားသော နတ်ဆိုးစည်းတံဆိပ်မှာ မရိုးရှင်းကြောင်း သေချာစေသည်။
ဤသို့သောအရာကိုလုပ်ဆောင်နိုင်သည်မှာ အကန့်အသတ်ရှိသော မဟာနတ်ဆိုးများသာလျှင် ဖြစ်နိုင်ခြေ ရှိသည်။
ရန်ကျောက်ကဲက သူသတ်မှတ်ထားသည့်စည်းဘောင်အတွင်း ပစ်မှတ်အချို့ကို စဉ်းစားရုံဖြင့် အတည်ပြုနိုင်မည်မဟုတ်ကြောင်း သိရှိထားသည်။
သူ့တွင် မှန်းဆချက်အချို့ ရှိထားသည့်တိုင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ငရဲကိုးထပ် ဟုတ်လား”
ဝါဒတောင်ဖွင့်ပွဲအခမ်းအနားအပြီးတွင် ရေခဲရုပ်တုအတွင်းပြန်လည်ဝင်ရောက်သွားခဲ့သော ဧကရီ ကျဲ့မင်ခုန်က စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။
ရေခဲရုပ်တုမှ တောက်ပသေသာအလင်းရောင်များ ထွက်ပေါ်လာပြီး သူမ၏အသံက အားလုံး၏နားထဲတွင် ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ငါ ကြည့်ပါရစေ”
ရန်တိက ခေါင်းညိတ်ရင်း...
“ဒါဖြင့် မိန်းမပျိုဧကရာဇ်ကို အနှောက်အယှက်ပေးရတော့မယ်”
ထို့နောက် ရန်တိက ဖန်ကျွင်းကို ခေါင်းညိတ်အချက်ပြလိုက်ရာ သူက ရေခဲခေါင်းတလားတစ်ခု ထုတ်ယူလာသည်။
ဖန်သားပမာကြည်လင်သော ရေခဲခေါင်းတလားထဲတွင် မျက်လုံးများမှေးမှိတ်ကာ အိပ်ပျော်နေဟန်ရှိသော မိန်းကလေးတစ်ယောက်အား တွေ့ရသည်။ သူမက ရှီကျွင်း၏မိခင် ၊ ရှီစုန်းထောင်း၏ဇနီး ယင်ယွီကျန်းမှလွဲပြီး အခြားသူ မဟုတ်ပေ။
ရန်တိထံမှ ညွှန်ကြားချက်လက်ခံရရှိပြီးနောက် အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့် ရှီကျွင်းမှာလည်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။