← Chapters

နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေ

Vol. 67 Ch. 922

နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေ

Vol. 67 Ch. 922

အပီဒါမှမဟုတ်တာလုကလန်သားတွေပဲဖြစ်ဖြစ်၊ ဒါက အံ့ဖွယ်သစ်ရွက်မြို့သို့သူတို့ရဲ့ပထမဆုံးအကြိမ်ရောက်ရှိခြင်းပဲဖြစ်တယ်။ သူတို့အားလုံးက အံ့ဖွယ်သစ်ရွက်မြို့ရဲ့ခံ့ညားထည်ဝါမှုအပေါ် မှင်တက်နေမိကြတယ်။

ဘာလို့ ဒီလိုကြီးမားတဲ့သစ်ရွက်တစ်ရွက်က စကြာဝဠာမှာ ရှိနေသလဲ၊ စကြာဝဠာမြို့တစ်မြို့က ၎င်းအရွယ်အစားရဲ့တစ်ဝက်ပဲရှိနေသလဲကို သူတို့အနေနဲ့ စိတ်ကူးယဉ်ဖို့ ခက်ခဲစေတယ်။

အခုကနေစပြီး ဒါက သူတို့နေရမယ့်နေရာဆိုတာကို သိပြီး တာလုကလန်သားတွေက သူတို့ရဲ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပါဘူး။

ရတနာကို ရထားတယ်ဆိုတော့ လီဖူချန်းကပဲ တာလုကလန်ကို အခြေချဖို့ ကူညီပေးလိုက်ရတာပေါ့။

ဒီနံနက်ခင်းကြယ်အဆင့်အစည်းအရုံးမစ်ရှင်ကို ပြီးမြောက်ပြီးနောက် လီဖူချန်းက ပထမအဆင့်နံနက်ခင်းကြယ်အဆင့်အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့တယ်။ သူ့ရဲ့ဒီအဆင့်အတန်းအသစ်နဲ့အတူ သူက တာလုကလန်အတွက် သင့်တော်တဲ့အိမ်ယာတစ်ခုကို အလွယ်တကူရှာပေးနိုင်ခဲ့တယ်။

တာလုကလန်အတွက် အစီအစဉ်ပြုလုပ်ပြီးနောက် လီဖူချန်းက သီးခြားကျင့်ကြံဖို့ပြင်ဆင်နေတယ်၊ သူက ပျက်သုန်ခြင်းလက်ပတ်ကို အပြည့်အဝသန့်စင်ရမယ်။

…

ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဒါမှမဟုတ်တစ်ဝက်တစ်ပျက်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်စေ၊ သန့်စင်ဖို့က အလွန်အမင်းခက်ခဲတယ်။ လူအများစုက သူတို့ရဲ့စွမ်းအားကို အသုံးပြုကာ အသုံးအဆောင်ပစ္စည်းရဲ့အင်းကွက်တွေနဲ့ ချိတ်ဆက်ကြတယ်။ ဒါပေမယ့် အဲဒါက ပိုင်ရှင်အနေနဲ့ အသုံးအဆောင်ပစ္စည်းရဲ့စွမ်းအားရဲ့တစ်ရာရာခိုင်နှုန်းကို အသုံးပြုနိုင်လိမ့်မှာမဟုတ်ဘူး။

လီဖူချန်းက ၉၀ခိုင်နှုန်းစွမ်းအားနဲ့၁၀၀ရာခိုင်နှုန်းစွမ်းအားက ၁၀ရာခိုင်နှုန်းခြားနားချက်တစ်ခုသာ ရှိပြီး မိုးနဲ့မြေလောက်ကွာခြားတာကို လီဖူချန်းက ရှင်းရှင်းလင်းလင်းသိတယ်။

အသုံးအဆောင်ပစ္စည်းရဲ့၁၀၀ရာခိုင်နှုန်းစွမ်းအားကို အသက်သွင်းပြီးတာနဲ့ အဲဒါက အရင်းမြစ်စွမ်းအင်ကို ဆွဲထုတ်နိုင်လိမ့်မယ်။

အသုံးအဆောင်ပစ္စည်းတစ်ခုရဲ့အရင်းမြစ်စွမ်းအင်က ပြန်ဖြည့်ဖို့အလွန်ခက်တယ် ဒါပေမယ့် အဲဒါက သိသိသာသာပိုသန်မာတဲ့စွမ်းအားတစ်ခုရှိလိမ့်မယ်။ လီဖူချန်းက ပျက်သုန်းခြင်းလက်ပတ်ရဲ့အရင်းမြစ်ကို လျော့ပါးစေဖို့ စွန့်စားရဲရင် သူက ဧရာမစိတ်ဝိညာဉ်သူ‌တော်စင်အရှင်ကို သတ်နိုင်လောက်တယ်။

လီဖူချန်းက အခြားတစ်ဝက်တစ်ပျက်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတွေနဲ့ပတ်သက်ပြီး မသိဘူး၊ ဒါပေမယ့် ဒီပျက်သုန်းခြင်းလက်ပတ်က တစ်ဝက်တစ်ပျက်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတွေကြားမှာတောင် သာလွန်မြင့်မားတယ်။ တာလုကလန်ရဲ့အရင်ကလန်ခေါင်းဆောင် အလုံးစုံလေပြင်းသူတော်စင်အရှင်၊ လက်ရှိကလန်‌ခေါင်းဆောင်အပီ ဒါမှမဟုတ် မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်ဖြစ်စေ......သူတို့အားလုံးက ပျက်သုန်းခြင်းလက်ပတ်ကို လျော့တွက်ခဲ့ကြတာပဲ။

နောက်ထပ်လအနည်းငယ်ကြာပြီးနောက် လီဖူချန်းက ပျက်သုန်းခြင်းလက်ပတ်တစ်ခုလုံးကို နောက်ဆုံးမှာတော့ သန့်စင်နိုင်ခဲ့တယ်။

ချို့ယွင်းချက်ရှိအန္တိမအဆင့်အင်းကွက်တစ်ခုက အဆုံးမှာတော့ ချို့ယွင်းချက်ရှိလျက်ပါပဲ။ အဲဒါက စစ်မှန်တဲ့အန္တိမအဆင့်အင်းကွက်တစ်ခုဆိုရင် သူ့မှာ နှစ်တစ်ရာရှိရင်တောင် လီဖူချန်းက အဲဒါကို အပြည့်အဝနားလည်နိုင်လိမ့်မှာမဟုတ်ဘူး။

"ပျက်သုန်းစမ်း"

အိမ်တော်ထဲမှာ လီဖူချန်းက သူ့ရဲ့လက်ကောက်ဝတ်မှာ ပျက်သုန်းခြင်းလက်ပတ်ကို ဝတ်ဆင်ထားပြီး စွမ်းအင်ကို အထဲသို့ ထည့်သွင်းလိုက်တယ်။

မီးခိုးရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာတယ်။ အရှေ့မှာ အထွတ်အထိပ်လက်နက်တစ်ခုက ဗလာနတ္ထိချက်ချင်းဖြစ်သွားတယ်။

"အထွတ်အထိပ်လက်နက်တစ်ခုက အလွယ်တကူပျက်ဆီးသွားရတာပဲ" လီဖူချန်းက အံ့အားသင့်သွားတယ်။

လီဖူချန်းလည်း သာမန်အထွတ်အထိပ်လက်နက်တွေကို ဖျက်ဆီးနိုင်ပေမယ့် သူက ပျက်သုန်းခြင်းလက်ပတ်လို လုံးဝတစ်စစီဖြစ်အောင် မဖျက်ဆီးနိုင်ပါဘူး။ သူက အဲဒါကို ဓားချီမူလပြန်သွားခြင်းကို အသုံးပြုခြင်းဖြင့် အောင်မြင်နိုင်ပေတယ်။

"ပျက်သုန်းခြင်းလက်ပတ်က ငါ ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတဲ့အထိ အသုံးဝင်ပါလိမ့်မယ်"

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံ၊ ကတိတစ်ခုနဲ့ ပျက်သုန်းခြင်းလက်ပတ်ကို ဖလှယ်တာက လီဖူချန်းအတွက် ထိုက်တန်တယ်။ အနာဂတ်မှာ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာရင်တောင် သူက အဲဒါကို တစ်ယောက်ယောက်ကို လက်ဆင့်ကမ်းပေးနိုင်တယ်။

***

ဓားသမားအစည်းအရုံး........

"အံ့ဖွယ်သစ်ရွက်ရည်ဆယ်ပုလင်းပေးပါ"

ပထမအဆင့်နံနက်ခင်းကြယ်အဆင့်အနေနဲ့ အခုဆိုရင် လီဖူချန်းက အံ့ဖွယ်သစ်ရွက်ရည်ကို ဝယ်ယူနိုင်ပါပြီ။

ဒါပေမယ့် ပထမအဆင့်နံနက်ခင်းကြယ်အဆင့်မှာ သူက ဆယ်ပုလင်းပဲ ဝယ်ယူနိုင်တယ်။ ဒုတိယအဆင့်နံနက်ခင်းကြယ်အဆင့်အဖွဲ့ဝင်တွေက အံ့ဖွယ်သစ်ရွက်ရည်ပုလင်းငါးဆယ်ကို ဝယ်ယူနိုင်ပြီး တတိယအဆင့်နံနက်ခင်းကြယ်အဆင့်အဖွဲ့ဝင်တွေက အံ့ဖွယ်သစ်ရွက်ရည်ပုလင်းငါးရာကို ဝယ်ယူနိုင်တယ်။

"ကောင်းပြီ၊ အစည်းအရုံးအမှတ်ဆယ်မီလီယံ"

အံ့ဖွယ်သစ်ရွက်ရည်ရဲ့တန်ဖိုးက အံ့ဖွယ်သစ်ရွက်နှင်းစက်ထက် အဆတစ်သောင်းပိုတယ်။ လီဖူချန်းမှာ အစည်းအရုံးမှတ်ဆယ်မီလီယံကျော်သာရှိပြီး ကိုးဆယ်ရာခိုင်နှုန်းကို ချက်ချင်း အသုံးပြုလိုက်ရတယ်။

ကံကောင်းတာကတော့ အစည်းအရုံးအမှတ်တွေရရှိဖို့ အတော်လေးလွယ်ကူနေလို့ပဲ။

အစည်းအရုံးမှတ်ဆယ်မီလီယံကို အသုံးပြုပြီးနောက် လီဖူချန်းက အံ့ဖွယ်သစ်ရွက်ရည်နဲ့အတူ အိမ်တော်သို့ ပြန်လာတယ်။

"အံ့ဖွယ်သစ်ရွက်ရည်က မယုံနိုင်စရာကောင်းတယ်လို့တော့ သူတို့က ပြောကြတယ်။ ဘယ်လိုသက်ရောက်မှုတွေရှိသလဲကို ငါ သိချင်တယ်"

ပုလင်းအဖုံးကို ဖွင့်ပြီးနောက် လီဖူချန်းက အံ့ဖွယ်သစ်ရွက်ရည်တစ်ပုလင်းကို သူ့ပါးစပ်ထဲသို့ လောင်းချလိုက်တယ်။

ပထမ အရသာစူးတဲ့ခံစားချက်တစ်ခုက ခြေလက်တွေ၊ အရိုးတွေအားလုံးကို ဖြတ်သွားတယ်၊ ပြီးနောက် စိတ်ကူးမယဉ်နိုင်လောက်တဲ့ချိုမြိန်မှုတစ်ခုက ချက်ချင်း ဖြစ်တည်လာတယ်။

တစ်ပုလင်း၊ နှစ်ပုလင်း၊ သုံးပုလင်း.......

နောက်ထက်ရက်အနည်းငယ်ကြာပြီးနောက် ဆယ်ပုလင်းလုံး ကုန်သွားတယ်၊ လီဖူချန်းရဲ့ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၇ရဲ့စဦးအခြေအနေမှ စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၇ရဲ့အလယ်အခြေအနေကို ရောက်ရှိလာတယ်။

ဒါက အံ့ဖွယ်သစ်ရွက်ရည်ဆယ်ပုလင်းကို အသုံးပြုပြီးနောက်ရလဒ်ပဲ။ ပုလင်းတစ်ရာဆိုရင် လီဖူချန်းက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၈ကို ရောက်ရှိနိုင်တယ်။

အံ့ဖွယ်သစ်ရွက်ရည်က လီဖူချန်းရဲ့ကျင့်ကြံခြင်းကို သိသိသာသာတိုးတက်စေရုံသာမက လီဖူချန်းရဲ့စိတ်ထဲမှာ ဥပဒေသနားလည်ခြင်းအမြောက်အများကိုလည်း ဖြစ်ပေါ်စေခဲ့တယ်။

ကမ္ဘာ့သစ်ပင်မှာ စကြာဝဠာရဲ့ဆန်းကြယ်မှု‌တွေလည်းဖြစ်တဲ့ကမ္ဘာရဲ့ဆန်းကြယ်မှုတွေ ပါဝင်တယ်။ အံ့ဖွယ်သစ်ရွက်ရည်မှာလည်း အံ့အားသင့်စရာသက်ရောက်မှုမျိုးစုံ အလိုအလျောက်ပါဝင်တယ်။ သစ်ရွက်ရည်ကို သုံးစွဲတဲ့ဘယ်သူကိုမဆို ဥပဒေသနားလည်ခြင်းကို ချက်ချင်းရှိလာစေတယ်။

"ငါ အစည်းအရုံးမှတ်တွေရော အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေရော ထပ်ရဖို့လိုတယ်"

လီဖူချန်းက တာလုကလန်ကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်မီလီယံအကြွေးတင်နေသေးတယ်လေ။

…

နက်ပြာသူတော်စင်အရှင်ရဲ့အိမ်တော်မှာ.......

"ဝိုင်ကောင်းပဲ။ ဒီအံ့ဖွယ်နှင်းစက်ဝိုင်းကို အံ့ဖွယ်သစ်ရွက်နှင်းစက်မှ ချက်လုပ်ထားပြီး ဂုဏ်းသတင်းတွေအတိုင်း တကယ်ထိုက်တန်တယ်" နက်ပြာဓားသူတော်စင်အရှင်က ဝိုင်တစ်ပုလင်းကို အဆုံးသတ်ပြီးနောက် စိတ်ကျေနပ်စွာ ပြောလိုက်တယ်။

အံ့ဖွယ်သစ်ရွက်နှင်းစက်ဆယ်ပုလင်းက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးကျသင့်တယ်။ ဒါပေမယ့် အံ့ဖွယ်နှင်းစက်ဝိုင်က ပုလင်းတစ်လုံးအတွက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးအတုံးငါးရာ ကျသင့်တယ်။

အံ့ဖွယ်နှင်းစက်ဝိုင်တစ်ပုလင်းချက်လုပ်ဖို့အတွက် အံ့ဖွယ်သစ်ရွက်နှင်းစက်ပုလင်းတစ်ထောင်ကို အသုံးပြုရတယ်။ အခြားပစ္စည်းတွေ၊ လူငှားခ၊ ချက်လုပ်ခတွေပေါင်းထည့်လိုက်တော့ ဈေးနှုန်းမြင့်မားတဲ့အံ့ဖွယ်နှင်းစက်ဝိုင်တစ်ပုလင်းကို ရရှိတယ်။

ပုံမှန်အချိန်တွေမှာ နက်ပြာသူတော်စင်အရှင်က သောက်ဖို့အတွက် တွန့်ဆုတ်နေလိမ့်မယ်။ တစ်ပုလင်း အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးရာ၊ ပုလင်းတစ်ရာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသောင်း။ သူ့ရဲ့ကြွယ်ဝမှုတစ်ခုလုံးနဲ့တောင် သူက ဒီလိုကြီးမားတဲ့ပမာဏတစ်ခုကို မသောက်နိုင်ပါဘူး။

"ဓားသူတော်စင်အရှင်၊ ငါ့ဆီလာဖို့အတွက်နဲ့ ဘာလို့ဒီလောက်ကောင်းတဲ့ဝိုင်ကို အကုန်အကျခံနေတာလဲ။ တကယ်တော့ အနည်းငယ်ပိုနိမ့်တဲ့သူတော်စင်နှင်းစက်ဝိုင်ကိုပဲ ဝယ်လာလဲ ရပါတယ်"

သူတော်စင်နှင်းစက်ဝိုင်က ပုလင်းတစ်လုံးအတွက် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးဆယ် ကျသင့်တယ်။

လီဖူချန်းက ရယ်ကာပြောလိုက်တယ်"ငါက ဘာလို့ သူတော်စင်နှင်းစက်ဝိုင်ကိုပဲ ယူလာရမှာလဲ"

လီဖူချန်းရဲ့နှလုံးသားထဲမှာ ညည်းညူနေမိတယ်။ စကြာဝဠာမြို့တစ်မြို့က ရိုးရှင်းစွာဆိုရလျှင် ဝယ်ယူခြင်းကမ္ဘာတစ်ခုပဲ။ ဒီနေရာမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးရှိတဲ့ဘယ်သူမဆို အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်တယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးမရှိရင်တော့ တိုးတက်မှုတစ်ခုခုဖြစ်လာဖို့က ခက်ခဲတယ်။

အခြားအရာတွေ ပြောစရာမလိုဘူး၊ ဝိုင်အကြောင်းပဲ ပြောကြရအောင်။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်တုံးက ဈေးပေါတဲ့ဝိုင်ပုလင်းအကန့်အသတ်မဲ့ ဝယ်ယူနိုင်တယ်။ ဒါပေမယ့် ဈေးကြီးတဲ့ဝိုင်အချို့က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး သောင်းအနည်းငယ်ကျသင့်လိမ့်မယ်။

စိတ်ဝိညာဉ်တစ်သောင်းမြို့အရှင်ဖြစ်တဲ့စိတ်ဝိညာဉ်တစ်သောင်းကောင်းကင်ဘုံအရှင်က ကြယ်ရည်ဝိုင်လို့ခေါ်တဲ့ဝိုင်တစ်မျိုးကို သောက်သုံးတယ်လို့ ပြောကြတယ်။ အဲဒါကို ကြယ်အရည်နဲ့ချက်လုပ်ထားပြီး တစ်ပုလင်းဆိုရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်မီလီယံ ကျသင့်တယ်။

ဒါပေမယ့် စိတ်ဝိညာဉ်တစ်သောင်းမြို့အရှင်နဲ့နှိုင်းယှဉ်ရင် အံ့ဖွယ်သစ်ရွက်မြို့အရှင်က ပိုကြွယ်ဝတယ်။ လီဖူချန်းတို့နှစ်ယောက်က အံ့ဖွယ်နှင်းစက်ဝိုင်ကို သောက်နေတယ်၊ အံ့ဖွယ်သစ်ရွက်မြို့အရှင်က ကမ္ဘာနှင်းစက်ဝိုင်ကို သောက်နေတယ်။ ပုလင်းတစ်လုံးစီက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးမီလီယံ ကျသင့်တယ်။ အထွတ်အထိပ်သူတော်စင်များစွာက သူတို့ရဲ့ကြွယ်ဝမှုတစ်ခုလုံးနဲ့တောင် ပုလင်းတစ်လုံးအတွက် မတတ်နိုင်ဘူး။

လီဖူချန်းက အံ့ဖွယ်နှင်းစက်ဝိုင်ဆယ်ပုလင်းနဲ့အတူ တန်ဖိုးကြီးအသားဟင်းအချို့ကိုလည်း ဝယ်ယူလာတယ်။

သူတို့က သောက်ရင်းစကားပြောနေကြတယ်၊ လီဖူချန်းက မေးလိုက်တယ်" အံ့ဖွယ်သစ်ရွက်မြို့အနီးနားမှာ အစည်းအရုံးမှတ်နဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေရရှိနိုင်တဲ့နေရာတစ်ခုခုများရှိမလား"

နက်ပြာသူတော်စင်အရှင်က ဖြေလိုက်တယ်"အံ့ဖွယ်သစ်ရွက်မြို့ရဲ့အနီးဝန်းကျင်မှာ အပျက်အစီးနယ်မြေသုံးခုနဲ့အန္တာရာယ်နယ်မြေငါးခုရှိတယ်။  ရှစ်နေရာလုံးက မင်းရဲ့လိုအပ်ချက်နဲ့ကိုက်ညီတယ်၊ ဒါပေမယ့် နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေကို သွားဖို့ ငါ မင်းကို အကြံပေးချင်တယ်။ ထိုအပျက်အဆီးနယ်မြေကို လွန်ခဲ့တဲ့နှစ်သိန်းအနည်းငယ်က ရှာတွေ့ခဲ့ပြီး အပျက်အဆီးနယ်မြေအသစ်တစ်ခုလို့ ဆိုနိုင်တယ်"

ပုံမှန်အားဖြင့် နှစ်တစ်မီလီယံအတွင်းရှာတွေ့ခဲ့တဲ့အပျက်အဆီးနယ်မြေအားလုံးကို အပျက်အဆီးနယ်မြေအသစ်လို့ သတ်မှတ်ကြတယ်။

"နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေလား" လီဖူချန်းက သိလိုစိတ်ဖြစ်လာတယ်။

"‌နတ်ဆရာဘိုးဘေးက ရှေးကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပြီး သူ့ခွန်အားက ကန့်လန့်ဖြတ်မြစ်ဘိုးဘေး(အရင်တုန်းက ကန့်လန့်ဖြတ်မြစ်အုပ်ချုပ်သူလို့ သုံးနှုန်းခဲ့ပါတယ်)နဲ့အတူတူပဲ။ သူ့အပျက်အစီးနယ်မြေက အတားအဆီးမျိုးစုံ၊ ထောင်ချောက်မျိုးစုံ၊ နတ်ဆရာပညာရပ်မျိုးစုံနဲ့ ပြည့်နေတယ်။ ရှာဖွေဖော်ထုတ်သူရဲ့ခွန်အားက အလွန်အမင်းမြင့်မားဖို့လိုအပ်တယ်။ အလားတူပဲ၊ အထဲမှာ ရတနာအမြောက်အများရှိတယ်။ အခြားအပျက်အစီးနယ်မြေတွေနဲ့မတူတာကတော့ ခွန်အားလုံလောက်တဲ့ဘယ်သူတော်စင်မဆို ရှာဖွေန်ိုင်တယ်။ ဒါပေမယ့် အန္တရာယ်မြင့်မားလွန်းပြီး သူတော်စင်အရှင်တစ်ယောက်မဆိုထားနဲ့၊ ကောင်းကင်ဘုံအရှင်‌တစ်ယောက်ကတောင် စွန့်စားရလိမ့်မယ်။

လီဖူချန်းက တုံ့ပြန်တဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ ဆုလာဒ်အရ အပျက်အဆီးနယ်မြေအသစ်တွေက နယ်မြေအဟောင်းတွေထက် သေချာ‌ပေါက်ပိုမြင့်တယ်။ ဒါ့ပြင် နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေက ပိုမြင့်မားတဲ့ဝင်ခွင့်လိုအပ်ချက်ရှိပြီး လီဖူချန်းအတွက် ပိုသင့်တော်တယ်။

နတ်ဆရာဘိုးဘေးနဲ့ပတ်သက်ပြီးသက်ဆိုင်တဲ့အချက်အလက်တွေကို ရရှိပြီးနောက် သူတို့နှစ်ယောက်က ဆက်လက်သောက်လိုက်ကြတော့တယ်။

နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေကို ရှာတွေ့ပြီးကတည်းက အဲဒါက အံ့ဖွယ်သစ်ရွက်မြို့ရဲ့အနီးဝန်းကျင်ရှိနံပါတ်၁အပျက်အဆီးနယ်မြေဖြစ်လာတယ်။ အချက်အလက်အရ အဲဒါက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ရဲ့နံပါတ်၁အပျက်အဆီးနယ်မြေဖြစ်တယ်။ နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေမှာရှာဖွေသူတွေက နက်ပြာသစ်ရွက်မြို့မှသူတော်စင်အရှင်တွေသာမကဘူး၊ အခြားစကြာဝဠာမြို့မှသူတော်စင်အရှင်တွေလည်းပါတယ်။

ဥက္ကာခဲနယ်နိမိတ်တစ်ခုကို ကျော်ဖြတ်ပြီးနောက် လီဖူချန်းက နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေကို ချဉ်းကပ်လာတယ်။

ပိုနီးကပ်လာတဲ့အခါ အဝေးမှနေရာလပ်လှိုင်းတစ်ခုထုတ်လွှတ်နေတာကို ခံစားမိတယ်။

"ဒါ နတ်ဆရာပညာရပ်လှိုင်းလား" လီဖူချန်းက မှန်းဆကြည့်လိုက်တယ်။

နတ်ဆရာဘိုးဘေးက နတ်ဆရာမျိုးနွယ်ရဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်တယ်။ နတ်ဆရာမျိုးနွယ်က နတ်ဆရာပညာရပ်တွေကို မွေးရာပါဖော်ထုတ်နိုင်တယ်။ စကြာဝဠာထဲမှာ လူသားမျိုးနွယ်ရဲ့သိုင်းပညာစနစ်က အခမ်းနားဆုံးခန္ဓာကိုယ်စနစ်တွေထဲကတစ်ခုဖြစ်တယ်။ နှိုင်းယှဉ်နိုင်တဲ့ခန္ဓာကိုယ်စနစ်အနည်းငယ်သာရှိပြီး နတ်ဆရာမျိုးနွယ်ရဲ့နတ်ဆရာပညာရပ်စနစ်က တစ်ခုအပါအဝင်ဖြစ်တယ်။

သိုင်းပညာစနစ်က ဥပဒေသတွေကို တိုက်ခ်ိုက်မှုထဲသို့ အလိုအလျောက်ပေါင်းစပ်ကာ တိုက်ခိုက်ရေးစွမ်းအားကို ပိုသန်မာလာစေရင် နတ်ဆရာပညာရပ်စနစ်က အရာအားလုံးကို သုတေသနပြုပြီး အရာအားလုံးကို ပိုကောင်းလာစေဖို့ ဖန်တီးတယ်။

စကြာဝဠာထဲမှာ နတ်ဆရာမျိုးနွယ်ဝင်တစ်ယောက်ကို ရင်ဆိုင်ချင်တဲ့သူတွေအများကြီးမရှိဘူး။ နတ်ဆရာမျိုးနွယ်ရဲ့နတ်ဆရာပညာရပ်က နားလည်ဖို့ခက်ခဲတယ်။ အမှတ်မဲ့အမှားတစ်ခုကြောင့် နတ်ဆရာတစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခံရစေတယ်။

နတ်ဆရာမျိုးနွယ် ဘယ်အချိန်က ကျဆင်းလာခဲ့သလဲကိုတော့ မသိဘူး။ ကန့်လန့်ဖြတ်ကြယ်ပိုင်နက်ထဲမှာ နတ်ဆရာသူတော်စင်အရှင်တစ်ယောက်ဒါမှမဟုတ်နတ်ဆရာကောင်းကင်ဘုံအရှင်တစ်ယောက်ကိုအသာထား၊ နတ်ဆရာသူတော်စင်တစ်ယောက်ကို မြင်တွေ့ဖို့တောင် ခက်ခဲတယ်။

မကြာမီမှာပဲ လီဖူချန်းက နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေဝင်ပေါက်ကို ရောက်ရှိလာခဲ့တယ်။

ကြွေမွနေတဲ့ကြယ်အချို့နဲ့မရေမတွက်နိုင်လောက်တဲ့ကြယ်အစအနတွေရှိတယ်။ ၎င်းတို့က အနက်ရောင်စကြာဝဠာထဲမှာ စုပုံနေတဲ့ဖုန်မှုန့်တွေပမာပင်။ ကြွေမွနေတဲ့ကြယ်တွေရဲ့အတွင်းနက်ပိုင်းထဲမှာ ကြယ်တစ်လုံးထက် အဆများစွာပိုကြီးတဲ့သတ္တုတံခါးတစ်ချပ်ရှိတယ်။ အဲဒါက နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေရဲ့ဝင်ပေါက်ပါပဲ။

All Chapters