← Chapters

မပြီးဆုံးသေးသောကိစ္စရပ်များ

Vol. 75 Ch. 1052

မပြီးဆုံးသေးသောကိစ္စရပ်များ

Vol. 75 Ch. 1052

အခန်း (၁၀၅၂) မပြီးဆုံးသေးသောကိစ္စရပ်များ

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် ကျ့န်ဟွမ်ဓားဧကရာဇ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရန်ကျောက်ကဲနှင့် ရန်တိတို့ သက်သာရာရခဲ့ပြီး ရန်သူများ အလျှင်အမြန် ဆုတ်ခွာသွားခဲ့ကြသော်လည်း ပိုးသားဧကရာဇ်ကတော့ ထူးဆန်းစွာဖြင့် ရောက်ရှိလာခြင်း မရှိပေ။

ပိုးသားဧကရာဇ် ဖုယွင်ချီသည် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်မည်ဟု သဘောတူခဲ့သော်လည်း လာရောက်ဂုဏ်ပြုရန် လုံးဝ ပျက်ကွက်ခဲ့သည်။

အမှန်တော့  အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၂)ယောက်သာရှိသော သိုင်းဂိုဏ်းတစ်ခု၏ဖွင့်ပွဲအခမ်းအနားသို့ ဧကရာဇ်တစ်ပါး ကြွချီလာခြင်းဆိုသည်မှာ ကြီးမားသော မျက်နှာသာပေးခြင်းဟု ယူဆနိုင်သည်။

ထို့ကြောင့် ပိုးသားဧကရာဇ် စိတ်ပြောင်းပြီး ရောက်မလာဘူးဆိုလျှင်တောင်မှ တစ်ခုခုမှားနေသည်ဟု မည်သူကမှ ထင်မြင်ကြမည် မဟုတ်ပေ။

နှစ်ဖက်ကြား အဆင့်အတန်းကွာခြားမှု အလွန်ကြီးမားသည်ဖြစ်ရာ စည်းကမ်းနှင့် ကျင့်ဝတ်များက အရေးပါလှမည် မဟုတ်ပေ။

ထို့ကြောင့် ဧကရာဇ်တစ်ပါးအနေဖြင့် ပိုအရေးကြီးသောကိစ္စများကို ဦးစားပေးသည်က သဘာဝကျသည်။

ဝါဒတောင်မဟုတ်ဘဲ အခြားသောသိုင်းဂိုဏ်းတစ်ခုဆိုပါက ပိုးသားဧကရာဇ် ကြွရောက်မလာခြင်းအတွက် မှားယွင်းသည်ဟု ပြောဆိုမည့်အစား လက်ခံနိုင်ဖွယ်ရှိသည်ဟု လူတိုင်းက ထင်မြင်ကြပေမည်။

သို့သော် ရန်ကျောက်ကဲနှင့် ဝါဒတောင်ဆိုသည်က သာမန်စံနှုန်းများဖြင့် အကဲဖြတ်နိုင်ခြင်း မပြုနိုင်ကြောင်း ကိုယ်တိုင်သက်သေပြထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် ချင်းယွမ်ဧကရာဇ်ကို တားဆီးပြီး တောင်ပိုင်းထိပ်တန်းအရှင်သခင်ကို သတ်ဖြတ်ခဲ့ခြင်းက ရန်ကျောက်ကဲနှင့် ရန်တိက သာမန်လူများမဟုတ်ကြောင်း ထပ်မံသက်သေပြခဲ့သည်။

ဝါဒတောင်အနေဖြင့် ချင်းယွမ်ဧကရာဇ်ကို တွန်းလှန်နိုင်ခဲ့သော်လည်း ပိုးသားဧကရာဇ်ကိုတော့ တူညီစွာပြုလုပ်နိုင်မည်ဟု မဆိုလိုပေ။

သို့သော် ရန်ကျောက်ကဲနှင့် ဝါဒတောင်၏စွမ်းပကားနှင့် အရည်အချင်းက ဧကရာဇ်တစ်ပါး လျစ်လျူမရှုနိုင်စေရန် လုံလောက်သည်။

မထင်မှတ်ဘဲ မိန်းမပျိုဧကရာဇ် ဝါဒတောင်သို့ရောက်ရှိလာခြင်းက ပိုးသားဧကရာဇ် ရောက်ရှိလာရန် ပျက်ကွက်မှုကို ပိုပြီးထင်ရှားပေါ်လွင်စေသည်။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားသို့ရောက်ရှိနေသည့် မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများမှာ အပ်ပေါ်တွင်ထိုင်နေရသည့်ပမာ နေမထိထိုင်မသာ ဖြစ်လျှက် ရှိသည်။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသည့်တိုင် ပိုးသားဧကရာဇ်ရောက်ရှိလာခြင်းမရှိသည့်အခါ မြောက်ဖေးတောင်ထွတ်မှ သိုင်းသမားများမှာ တစ်ချက်မတုံ့ဆိုင်းရဲဘဲ စောလျှင်စွာပင် ဂုဏ်ပြုလွှာပေးအပ်ပြီး ထွက်ခွာသွားကြသည်။

ယခု ပိုးသားဧကရာဇ် မည်သည့်နေရာသို့ ရောက်ရှိနေကြောင်း သူတို့အားလုံး သိရှိချင်ကြသည်။

ပိုးသားဧကရာဇ်က ပေါ့ပါးပြီး မည်သည့်အရာကိုမှ အ‌ရေးမစိုက်သော ကိုယ်ရည်ကိုယ်သွေးရှိသည့်တိုင် သူ၏စကားကို ဘယ်တော့မှ ပြန်ရုတ်သိမ်းတတ်သူ မဟုတ်ပေ။

ယခုတစ်ကြိမ်ဖြစ်ရပ်က ပုံမှန်မဟုတ်သည်မှာ ထင်ရှားသည်။

ရန်ကျောက်ကဲ ၊ ရန်တိနှင့် ယွမ်ကျန်းဖုန်းတို့အုပ်စုမှာ ထိုကိစ္စနှင့်ပတ်သက်ပြီး မကျေမနပ် မဖြစ်မိကြပေ။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ပိုးသားဧကရာဇ်က ကတိဖျက်တာမဟုတ်ဘူး ၊ အကြောင်းတစ်ခုခုကြောင့် တခြားနေရာကို ရောက်သွားတာ ဖြစ်နိုင်တယ်”

“ကျွမ်းရှန် ၊ လန်ချင်း ၊ တာအိုဆရာ’ထျန်းယိ’ နဲ့ လျန်ကျူးလင်တို့က အစပိုင်းမှာ သူတို့ကိုယ်သူတို့ အရမ်းယုံကြည်မှု ရှိနေကြတယ် ၊ သူတို့စကားတွေကိုကြည့်ရတာ ပိုးသားဧကရာဇ်ရောက်မလာတော့ဘူးဆိုတာ သေချာနေပုံရတယ် ၊ အနည်းဆုံးတော့ အချိန်မီရောက်မလာနိုင်ဘူးဆိုတာ သူတို့ဘက်က သေချာနေပုံပဲ”

ရန်တိက...

“ပိုးသားဧကရာဇ်က ငါတို့ဂိုဏ်း တည်ထောင်တဲ့အခမ်းအနားကို တက်ရောက်မယ်လို့ သေချာပြောထားတာပဲ ၊ ကြီးကြီးမားမား အတားအဆီးမရှိရင် ရောက်မလာနိုင်စရာအကြောင်းမရှိဘူး ၊ ပြီးတော့ ချင်းယွမ်ဧကရာဇ်လည်း ရောက်လာတာဆိုတော့ ပိုးသားဧကရာဇ်သာမရှိရင် ချင်းယွမ်ဧကရာဇ်ကို ငါတို့တားဆီးနိုင်မှာမဟုတ်ဘူးလို့ သူတို့က တွေးထားပုံရတယ်”

သူက ဆက်ပြောသည်။

“မင်း မြေကမ္ဘာမယ်တော်တာအိုထုံးတမ်းအစီအရင်လုပ်ထားမှန်း သူတို့မသိဘူးလေ ၊ ပြီးတော့ ဂိုဏ်းတူအစ်ကို’ယွဲ့’ ကြိုတင်စီစဉ်ပေးထားတာကိုလည်း သူတို့မသိကြဘူး ၊ ပုံမှန်အတိုင်းဆိုရင် သူတို့ပထမဆုံးပစ်မှတ်ထားမှာက ပိုးသားဧကရာဇ်ပဲ မဟုတ်လား ၊ ဒီတော့ ပိုးသားဧကရာဇ်ရောက်မလာအောင် သူတို့ဘက်က တစ်ခုခုလုပ်ထားတာ ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက လက်နှစ်ဖက်ကို ဖြန့်ကားရင်း...

“အစကတော့ ဖြစ်နိုင်ခြေ နှစ်ခုရှိမယ်လို့ တွေးခဲ့တာ”

“ပထမတစ်ချက်က... ကြာပန်းနီကမ်းပါးမှာရှိနေတဲ့ ဖုထင်တစ်ခုခုဖြစ်လို့ ပိုးသားဧကရာဇ် ခွန်လွန်တောင်ကို ပြန်သွားတာ ဖြစ်နိုင်တယ်”

“ဒုတိယတစ်ချက်က ကျွမ်းရှန်တို့အုပ်စုက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကိုဆက်သွယ်ပြီး ပိုးသားဧကရာဇ်ကို တားဆီးပေးဖို့ အကူအညီတောင်းတာ ဖြစ်နိုင်တယ်”

သို့သော် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားပြီးဆုံးသည့်နောက် မြောက်ဖေးတောင်ထွတ်မှ ရရှိသည့်သတင်းများအရ ဖုထင်သည်လည်း မည်သည့်ပြဿနာမှမဖြစ်သလို ပိုးသားဧကရာဇ်သည်လည်း ခွန်လွန်တောင်မှ ထွက်ခွာသွားပြီးနောက် ပြန်ရောက်လာခဲ့ခြင်းမရှိကြောင်း သိရသည်။

အကယ်၍ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ပိုးသားဧကရဦဇ်ကို ကြားဖြတ်ဟန့်တားမည်ဆိုပါက အချိန်ကြာလာသည်နှင့်အမျှ အဆိုပါသတင်း ထွက်ပေါ်လာမည် ဖြစ်၏။

ထို့ပြင် ပိုးသားဧကရာဇ်အနေဖြင့် သူ၏အမတမှော်ဝင်ပစ္စည်းအသုံးပြုကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို ဖိနှိပ်နိုင်မည် ဖြစ်လေရာ တိုက်ပွဲက အချိန်ကြာမည်မဟုတ်ဘဲ ခဏမျှသာ ဖြစ်နိုင်သည်။

ရန်ကျောက်ကဲနှင့် ရန်တိတို့သားအဖနှစ်ယောက် အကြည့်ချင်းဖလှယ်လိုက်ကြပြီး မည်သို့မှမတတ်နိုင်စွာ ခေါင်းခါယမ်းမိကြသည်။

ရန်ကျောက်ကဲက တစ်စုံတစ်ခု စဉ်းစားမိဟန် မျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။

“တတိယဖြစ်နိုင်ခြေတစ်ခုလည်း ရှိနိုင်တယ်...”

ရန်တိက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“အရင်က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက နတ်ဘုရားထောင်ချောက်ဓားသိုင်း ဘာလို့ပို့ပေးလိုက်ရတာလဲဆိုတာ သိချင်နေတာ ၊ အခုတော့ အကြောင်းစုံ နားလည်သွားပြီ”

ထိုစဉ်အချိန်က ရန်ကျောက်ကဲနှင့် ဝါဒတောင် အဓိကရင်ဆိုင်နေရသောရန်သူမှာ တာ့ရွှမ်တိုင်းပြည် ဖြစ်သည်။ တာ့ရွှမ်မင်းဆက်တွင် တန်ခိုးစွမ်းအားအမြင့်မားဆုံးသူက ရှန်လင်ကျီ ဖြစ်၏။

ရှန်လင်ကျီ၏သတင်းမကြားရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီး သေဆုံးသွားပြီဟုပင် သတင်းများ ပျံ့နှံ့နေသည့်တိုင် နောက်ဆုံးတော့ ထိုသူက ကျူတောပင်လယ်ဒေသသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ရန်ကျောက်ကဲသာ နတ်ဘုရားထောင်ချောက်ဓားသိုင်း ကျင့်ကြံမထားဘူးဆိုလျှင် ရှန်လင်ကျီ၏ အချိန်ရေစီးကြောင်းဓားသိုင်းကို တိတိပပ တုံ့ပြန်နိုင်မည် မဟုတ်ပေ။

ရှန်လင်ကျီ ၊ တာအိုဆရာ’ရှီ’ နှင့် ဧကရာဇ်ရွှမ်ချန်တို့ ကျူတောပင်လယ်ဒေသသို့ ပြန်လည်ရောက်ရှိလာချိန် ရန်ကျောက်ကဲက နတ်ဘုရားထောင်ချောက်ဓားသိုင်းကိုအသုံးပြုကာ အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များဖြစ်သော ခန်းဖင်း ၊ ရှန်လင်ကျီတို့နှစ်ယောက်အား သတ်ဖြတ်သုတ်သင်နိုင်ခဲ့သည်။

ယခု နျဲ့ကျင်းရှန်နှင့် ပိုင်တောင်းတို့၏ပြောပြချက်အရ ရန်တိ၏မိခင်ရင်းက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှဖြစ်ကြောင်း သိရှိလာရသည်။

အပြာရောင်ခရီးရှည်ကောင်းပင်ဘုံတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်ခဲ့သော လုန်ချွမ်ဧကရာဇ် ‘လုန်ရှင်းချွမ်’ က ရန်တိ၏ဖခင် ‘ရွှေစင်ထက်ယံအရှင်သခင်’ ရန်ရှင်းထန်၏ ဂိုဏ်းတူညီဖြစ်သည်။

ထို့အတူ လုန်ချွမ်ဧကရာဇ်၏ ဇနီးဖြစ်သူ ရွှမ်ဟွမ်ဧကရီ ‘ကောင်းချင်းရွှမ်’ မှာ ရန်တိ၏မိခင် ဓားဧကရီ တိချင်းလျန်၏ ဂိုဏ်းတူအစ်မဖြစ်သည်။ ရွှမ်ဟွမ်ဧကရီ၏ မြစ်ဖြစ်သော ကောင်းချင်နှင့်ပင် ရန်ကျောက်ကဲ ဆုံတွေ့ခဲ့ဖူးသည် မဟုတ်ပါလား။

ဂိုဏ်းတူအစ်ကိုက ဂိုဏ်းတူညီမကိုလက်ထပ်ပြီး ဂိုဏ်းတူညီငယ်က ဂိုဏ်းတူအစ်မကိုလက်ထပ်ခဲ့သော ဒဏ္ဍာရီအား ပြန်ပြောင်းတွေးတောမိသည့်အခါ ရန်ကျောက်ကဲနှင့် ရန်တိတို့ သဘောကျနှစ်ခြိုက်စွာ ပြုံးလိုက်မိကြသည်။

အထက်ဘုံကမ္ဘာပြင်ပသို့ မကြာခဏသွားရောက်လေ့ရှိသော ကျန့်ဟွမ်ဓားဧကရာဇ် ‘ယွဲ့ကျန့်ပေ’ နှင့်မတူညီစွာ ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်တို့က အပြာရောင်ခရီးရှည်ကောင်းကင်ဘုံတွင် စွဲမြဲစွာ နေထိုင်ကြသည်။

ထို့ကြောင့် ရန်ရှင်းထန်နှင့် တိချင်းလျန်တို့က သားဖြစ်သူ ‘ရန်တိ’ အား ထိုက်ယိဟွာတိမ်တိုက်တွင် အပ်နှံခဲ့သောကိစ္စများကို သူတို့နှစ်ယောက်က ရှင်းရှင်းလင်းလင်း သိရှိကြသည်။

ထို့ကြောင့် ရန်တိ အထက်ဘုံကမ္ဘာသို့ရောက်ရှိလာသည်နှင့် ရွှမ်ဟွမ်ဧကရီနှင့် လုန်ချွမ်ဧကရာဇ်က လျှို့ဝှက်စွာ အာရုံစိုက်ခဲ့ပြီး နတ်ဘုရားထောင်ချောက်ဓားသိုင်းကိုပေးပို့ကာ ဝါဒတောင်နှင့် ရန်တိတို့သားအဖအား ကူညီပေးခဲ့ခြင်းပင်။

သို့သော် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတွင် ချန်းဧကရာဇ်တို့အုပ်စုက ဝါဒတောင်ကို ဖြိုခွင်းသည့်အခါမှာတော့ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံအနေဖြင့် ပွင့်ပွင့်လင်းလင်း ကူညီရန် ခက်ခဲသည်။

အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံက သဟဇာတဖြစ်သည့် ဆက်ဆံရေး မရှိပေ။

ထို့ကြောင့် သူတို့သာလှုပ်ရှားမည်ဆိုပါက ဝါဒတောင်အနေဖြင့် အထက်ဘုံကမ္ဘာ၏ရန်သူနှင့်ပူးပေါင်းသည်ဟုစွပ်စွဲခံရကာ ပို၍ပင် အခြေအနေဆိုးရွားလာစေနိုင်သည်။

သို့သော် ကျန့်ဟွမ်ဓားဧကရာဇ်ရှိနေသဖြင့် လုန်ချွမ်ဧကရာဇ်တို့ဇနီးမောင်နှံအတွက် စိတ်ပူပန်စရာ မရှိခဲ့ပေ။

အနောက်တောင်ထိပ်တန်းအရှင်သခင် ပိုင်တောင်းက ရန်ကျောက်ကဲနှင့်ရန်တိတို့အား အပြာရောင်ခရီးရှည်ကောင်းကင်ဘုံနှင့် ဆက်သွယ်ခြင်းအား တတ်နိုင်သမျှရှောင်ရှားရန် အရိပ်အမြွက်ပြောကြားခဲ့သည်။

ရန်တိက...

“ငါတို့ကြားက ဆက်ဆံရေးကိုအသာထား အဲဒီတုန်းက နတ်ဘုရားထောင်ချောက်ဓားသိုင်း ပေးလာတဲ့အတွက် ဆရာဦးလေး’လုန်ချွမ်’ ကို ကျေးဇူးတင်ရမှာပဲ”

သူက ဆက်ပြောသည်။

“ငါတို့ အခွင့်အရေးရှာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သွားရောက်လည်ပတ်ပြီး ကျေးဇူးတင်စကားဆိုသင့်တယ် ၊ ကျန်တာကတော့ နောင်ခါလာ နောင်ခါရေးပေါ့”

ရန်ကျောက်ကဲက...

“အဖေပြောတာမှန်ပါတယ် ၊ ကျွန်တော်လည်း အဲဒီအတိုင်း စိတ်ကူးထားတယ်”

အထက်ဘုံကမ္ဘာနှင့် အပြာရောင်ခရီးရှည်ကောင်းကင်ဘုံ၏ဆက်ဆံရေးက အခြေအနေတင်းမာသည့်တိုင် ရန်သူများပမာ ဆက်ဆံရေးမျိုးတော့ မဟုတ်သေးပေ။

ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးနောက်...

“အဖေက ဂိုဏ်းကိုဦးဆောင်ရမယ်ဆိုတော့ လှုပ်ရှားလို့သိပ်လွယ်မှာမဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ကျွန်တော်ကတော့ လွတ်လပ်တယ်လေ ၊ အခွင့်အရေးရှာပြီး အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို သွားလိုက်မယ် ၊ ပြီးတော့... အရင်တုန်းက ယင်စန်းတောင်ဓားဘုရင်ကလည်း ကျွန်တော့်ကိုအတော်လေးဂရုစိုက်ခဲ့တယ် မဟုတ်လား”

အချင်းချင်းဆက်သွယ်နိုင်ကြသည်ဆိုသော်လည်း လျှို့

အချင်းချင်း မလှုပ်မယှက်နိုင်ကြသော်လည်း လျှို့ဝှက်စွာ ပြုမူကြရမည်ဖြစ်သည်။

ရန်တိက...

“အင်း... မင်းစိတ်ထဲထည့်ထားလိုက်ပေါ့”

***

အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်။

နန်ကောင်းတောင်ထွတ် ၊ ချီလင်ကမ်းပါး။

အဘိုးအိုတစ်ယောက်က တည်ငြိမ်စွာဖြင့် အရှေ့တောင်ဘက်ဆီသို့ ငွေးမျှော်ကြည့်နေသည်။

ထိုအဘိုးအိုက မြေကမ္ဘာထိပ်တန်းအရှင်သခင် ‘ဝမ်ကျန်းချန်’ ပင် ဖြစ်၏။

ထို့နောက် သူက ခေါင်းတစ်ချက်စောင်းလိုက်ပြီး ဖြည်းညင်းသည့်လေသံဖြင့်...

“မင်း အခုသွားလို့ရပြီ”

All Chapters