← Chapters

ထိပ်တန်းအရှင်သခင်(၁၀)ယောက်၏ခေါင်းဆောင်

Vol. 75 Ch. 1053

ထိပ်တန်းအရှင်သခင်(၁၀)ယောက်၏ခေါင်းဆောင်

Vol. 75 Ch. 1053

အခန်း (၁၀၅၃) ထိပ်တန်းအရှင်သခင်(၁၀)ယောက်၏ခေါင်းဆောင်

ဝမ်ကျန်းချန်နောက်တွင်ရပ်နေသည့် ညိုဝါရောင်ဝတ်စုံဝတ်ဆင်ထားသူက...

“ဟုတ်ကဲ့ပါ ဆရာ...”

ဟု ပြန်ပြောလိုက်သည်။

သို့သော် သူက ထွက်ခွာမသွားခင် ခဏမျှ ရပ်တန့်လိုက်ပြီး...

“ဒါပေမဲ့ တပည့်စိုးရွံ့မိတာက... ကျူတောပင်လယ်ဒေသတိုက်ပွဲ အဖြစ်အပျက်တွေပြီးဆုံးတဲ့နောက် သူ့မှာ သတ္တိမရှိတော့မှာကိုပဲ”

“အရင်ဆုံး ရန်ကျောက်ကဲနဲ့ရန်တိ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာ မပြောနဲ့ဦး... သူတို့နောက်မှာ ကျန့်ဟွမ်ဓားဧကရာဇ်လည်း ရှိနေသေးတယ်...”

တပည့်ဖြစ်သူက သံသယများနေသဖြင့် ဝမ်ကျန်းချန်က မကျေမနပ်ဖြစ်သွားပြီး...

“ဒါက စိုးရိမ်စရာမလိုတဲ့ကိစ္စတော့ မဟုတ်ပေမယ့် သူနဲ့ဆက်စပ်နေတာမျိုး မရှိပါဘူး”

“ထုန်းမင်ဧကရာဇ်ရဲ့တပည့် ၊ ရွှယ်ချူးချင်ရဲ့ဆရာက သူ့လက်ချက်နဲ့သေခဲ့ရတာ ၊ ‘ရန်’ သားအဖရော ကျန့်ဟွမ်ဓားဧကရာဇ်ရော အဲဒီအကြောင်းကို မသိကြဘူး ၊ နှင်းကြိုးကြာတစ်ယောက်ပဲသိတာ”

“အခု သူတို့ကြားကအဖြစ်အပျက်က ပဋိပက္ခတစ်ခုလောက်ပဲရှိတယ် ၊ ဒါပေမဲ့ နှင်းကြိုးကြာ သူ့မိသားစုနဲ့ပြန်ဆုံမယ်ဆိုရင်တော့ သေလောက်တဲ့ရန်ငြိုးဖွဲ့မှု ဖြစ်သွားလိမ့်မယ်”

ဝမ်ကျန်းချန်က သက်ပြင်းချရင်း...

“အဲဒီတုန်းက သူက နှင်းကြိုးကြာရဲ့ဆရာကို မတော်တဆ သတ်လိုက်မိတာ ၊ ဒါပေမဲ့ ဒီလိုလုပ်မိပြီဆိုမှတော့ သူ့အ‌နေနဲ့ သူတို့အပေါ် ဘာမှဆက်ပြီးစောင့်ထိန်းနေစရာ မရှိတော့ဘူး”

ညိုဝါရောင်ဝတ်စုံဝတ်ဆင်ထားသော လူရွယ်က သဘောပေါက်သွားဟန်ဖြင့်...

“လက်စသတ်တော့ အဲဒီလိုကိုး”

ဝမ်ကျန်းချန်က...

“ဒါဖြင့် မင်းသွားလို့ရပြီ”

“သူက သတိရှိတဲ့သူတစ်ယောက်ပဲ ၊ ဒီသတင်း အပြင်ကိုမပေါက်ကြားဘူးဆိုတာ သေချာတယ် ၊ ‘ရန်’ သားအဖနဲ့ ပြန်ဆုံခင် နှင်းကြိုးကြာကို ကြားဖြတ်သုတ်သင်နိုင်မလားဆိုတာကတော့ ငါတို့တွေ ပြင်ဆင်မှုဘယ်လောက်လုပ်ထားသလဲဆိုတဲ့အပေါ်မှာ မူတည်တယ်”

လူရွယ်က ဝမ်ကျန်းချန်ကို ဦးညွှတ်ဂါရဝပြုရင်း...

“ဟုတ်ကဲ့ပါ ဆရာ... တပည့်အခုပဲ သွားလိုက်ပါ့မယ်”

ထို့နောက် လူရွယ် ထွက်ခွာသွားသည်။

ဝမ်ကျန်းချန် အချိန်ကြာမြင့်စွာ အရှေ့တောင်ဘက်သို့ ငေးကြည့်နေပြီးမှ သက်ပြင်းချလိုက်ရင်း...

“ဒီနှစ်ခုက ဆက်စပ်နေမှပဲ…”

သူ့စကားအဓိပ္ပါယ်က ရန်ကျောက်ကဲ ၊ ရန်တိနှင့် ကျန့်ဟွမ်ဓားဧကရာဇ်၏ ဆက်ဆံရေးကိုဆိုလိုသည်လား ၊ ရန်ကျောက်ကဲ ၊ ရန်တိတို့နှင့် ရွှယ်ချူးချင် ပတ်သက်ဆက်နွယ်သည်ကို ဆိုလိုသည်လား မသိနိုင်ပေ။

***

အရှေ့တောင် ၊ ‌နေဝန်းကောင်းကင်ပြည်နယ် ၊ တောင်ဘက်စွန်းကုန်းမြေ ၊ ဘဲစာပင် ပင်လယ်။

ဤနေရာတွင် စိမ်းပြာရောင်ရေလှိုင်းများဖြင့် ပြည့်နေသော်လည်း ပင်လယ်မျက်နှာပြင်က လှိုင်းအနည်းငယ်ပင်မထဘဲ ပင်လယ်သေပမာ တည်ငြိမ်နေသည်။

ပင်လယ်ပြင်မျက်နှာပြင်ထက်တွင် ပေါလောမျောနေသည့် ဘဲစာပင်များဖြင့်ပြည့်နေသဖြင့် စိုစွတ်သော ကုန်းမြေတစ်ခုနှင့်ပင် ဆင်တူသည်။

ထိုအချိန်...

ပုံရိပ်တစ်ခုက ပင်လယ်ပြင်အထက်လေထုအား ဖြတ်ကျော်ပျံသန်းသွားသည်။

ရောက်ရှိလာသူက ရုပ်ရည်ချောမောပြီး နှုတ်ခမ်းအစုံက ပြုံးလျှက်ရှိနေလေရာ သူ့ကိုကြည့်ရသည်မှာ နွေဦးလေပြေလေးပမာ လွတ်လပ်ပေါ့ပါးသောခံစားချက်ကို ပေးစွမ်းသည်။

သူက သန့်စင်ကျော့ရှင်းသည့်ဟန်ပန်မျိုးရှိပြီး သူ၏အပြုအမူများက လုံးဝ အမှားအယွင်း မရှိပေ။ ထိုသူက မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

ဝါဒတောင်ဖွင့်ပွဲအခမ်းအနားတက်ရောက်စဉ် သူက အခြားဧည့်သည်တော်များကဲ့သို့ ဖြစ်ပျက်သမျှအားလုံးကို တိတ်တဆိတ် ကြည့်ရှုခဲ့သည်မှလွဲပြီး မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။

ဖွင့်ပွဲအခမ်းအနား ပြီးဆုံးသွားသည့်နောက်ပိုင်းမှာလည်း သူက အခြားဧည့်သည်တော်များနှင့်အတူ နားနေဆောင်တွင် နေထိုင်ခဲ့ပြီး မည်သည့်မူမမှန်မှုမှ မပြသခဲ့ပေ။

ရန်ကျောက်ကဲ ၊ ရှကွမ်းနှင့် သုံးပေတောင်အကြားရန်ငြိုးဖွဲ့မှုကို သိရှိပြီး ချန်ခွန်းဟွာနှင့် သုံးပေတောင်ကြား ဆက်ဆံရေးကို နားလည်ထားသူများမှာ ဤသည်က အနည်းငယ်မူမှန်ခြင်းမရှိဟု ခံစားကြရသည်။

မြေပြင်သခင်လေးမှာ ဝါဒတောင်၏ စွမ်းအားမြင့်မားမှုကြောင့် ခြိမ်းခြောက်မှုခံစားရပြီး အစီအစဉ်အတိုင်း မလှုပ်ရှားရဲတော့ဘဲ ငြိမ်သက်နေခဲ့သည်ဟု အချို့က ယုံကြည်ကြသည်။

ချန်ခွန်းဟွာက အထက်ဘုံကမ္ဘာ လူငယ်မျိုးဆက်များအလယ်တွင် ကျော်ကြားသော တန်ခိုးစွမ်းအားရှင်တစ်ယောက် ဖြစ်သော်လည်း သူ၏တန်ခိုးစွမ်းအားက ထိပ်တန်းအရှင်သခင်များထက်များစွာနိမ့်ကျသလို ချင်းယွမ်ဧကရာဇ်ထက်လည်း အဆပေါင်းများစွာ တန်ခိုးစွမ်းအား နည်းပါးသည်။

တောင်ပိုင်းထိပ်တန်းအရှင်သခင် ကျွမ်းရှန်က ဝါဒတောင်တွင်အသက်ဆုံးရှုံးခဲ့ပြီး ချင်းယွမ်ဧကရာဇ်သည်လည်း တွန်းလှန်ခံရသည်ဖြစ်ရာ ချန်ခွန်းဟွာအနေဖြင့် တိတ်ဆိတ်နေသည်မှာ သဘာဝကျသည်။ သူလှုပ်ရှားမည်ဆိုပါကလည်း အဓိပ္ပါယ်မဲ့မည်သာပင်။

သူ၏အစ်ကို ချန်ချန်းဟွာကိုယ်တိုင် ရောက်လာလျှင်တော့ အခွင့်အရေး ရှိကောင်းရှိနိုင်သည်။ မြေပြင်သခင်လေးတစ်ယောက်တည်းဆိုလျှင်တော့ လုံးဝ လှုပ်ရှားနိုင်စရာ အကြောင်းမရှိပေ။

သို့သော် မိန်းမပျိုဧကရာဇ်နှင့် နျဲ့ကျင်းရှန်တို့အုပ်စုရောက်ရှိလာပြီး ‘ရန်’ အိမ်တော်နှင့် ကျန့်ဟွမ်ဓားဧကရာဇ်တို့အကြား ဆက်ဆံရေးကို ထုတ်ဖော်လိုက်သည်ဖြစ်ရာ အထက်ရပ်ထိပ်တန်းအရှင်သခင်‌ရောက်လာလျှင်ပင် နောက်ဆုံးရလဒ်က ပြောင်းလဲနိုင်ခြင်းမရှိဟု လူတိုင်းခံစားမိကြသည်။

အချို့ကတော့ မြေပြင်သခင်လေးက ဝါဒတောင်နှင့် ဆက်ဆံရေးကောင်းမွန်စေရန် ကြိုးစားနေသည်ဟု ထင်မှတ်ကြသည်။ ထို့ကြောင့် ဖွင့်ပွဲအခမ်းအနားတွင် ချန်ခွန်းဟွာ၏ အပြုအမူများက လုံးဝ သဘာဝကျသည်ဟု ခံစားမိကြ၏။

သို့သော် ဝါဒတောင်ဖွင့်ပွဲအခမ်းအနားပြီးဆုံးသည့်နောက် တစ်လျှောက်လုံး သာမန်ပုံစံရှိသော ချန်ခွန်းဟွာက အနည်းငယ် မူမမှန်တော့ပေ။

သူက အလယ်ပိုင်းကျွင်းထျန်းကောင်းကင်ပြည်နယ်တည်ရှိရာ မြောက်ဘက်သို့ ပြန်သွားခြင်းမရှိဘဲ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်ပိုင်နက်ထဲတွင်ရှိသော ဘဲစာပင်လယ်ဒေသသို့ သွားရောက်ခဲ့သည်။

ပင်လယ်ထဲတွင် ဘဲစာပင်များပေါလောမျောနေပြီး သိုင်းသူတော်စင် အဋ္ဌမအဆင့်ရှိသော ချန်ခွန်းဟွာလိုလူမျိုးသည်ပင် ပေါ့ပေါ့တန်တန် လျှောက်လှမ်းခြင်းမပြုဝံ့သည့်နေရာ ဖြစ်သည်။

ငန်းတစ်ကောင်၏အမွှေးသည်ပင် ဘဲစာပင်လယ်ရေပြင်ထက် ကျရောက်သွားပါက ချက်ချင်းပင် နစ်မြုပ်သွားနိုင်ပေသည်။

ချန်ခွန်းဟွာက အရှိန်အဟုန်ဖြင့် ပျံသန်းလာရာ နောက်ဆုံးမှာတော့ သူ့အရှေ့တွင် ကြီးမားသောကျွန်းကြီးတစ်ခု ထွက်‌ပေါ်လာသည်။

ချန်ခွန်းဟွာက ထိုကျွန်းထက်သို့ ဆင်းသက်သွား၏။

ဤကျွန်းကြီးက ဘဲစာပင်လယ်ဒေသရှိ ထိပ်သီးသိုင်းဂိုဏ်းတစ်ခုဖြစ်သော ‘ကျောက်စိမ်းကျွန်း’ တည်ရှိရာနေရာ ဖြစ်သည်။ ကျောက်စိမ်းကျွန်းသခင်က အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် ထိပ်တန်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ဖြစ်ပြီး သိုင်းသူတော်စင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။

ကျောက်စိမ်းကျွန်းတွင် တန်ခိုးစွမ်းအားရှင်များစွာနှင့် တပည့်တပန်းများစွာက တိမ်တိုက်များပမာ များပြားလွန်းလှသည်။ ဤသိုင်းဂိုဏ်းက ဘဲစာပင်လယ်အတွင်းတွင် တည်ရှိနေသဖြင့် ခိုင်ခံ့သောခံစစ်ကိုပိုင်ဆိုင်ထားပြီး ငြိမ်းချမ်းသောအသွင်ဆောင်သော်လည်း ဂိုဏ်းသားများကတော့ မည်သူမှ သတိလစ်ဟင်းခြင်း မရှိကြပေ။

သို့သော် ကျောက်စိမ်းကျွန်း၏ အရံအတားများအားလုံးက ချန်ခွန်းဟွာအတွက်တော့ လုံးဝအဓိပ္ပါယ်မရှိသည့်အရာများသာပင်။

သူရောက်ရှိလာကြောင်းကို ကျောက်စိမ်းကျွန်းမှသိုင်းသမားများ သိမြင်နိုင်ခြင်းမရှိကြသလို သူရောက်ရှိလာသည်ကိုလည်း အာရုံစိုက်ခြင်း မရှိကြပေ။

ဘဲစာပင်လယ်ဒေသနှင့် အကျွမ်းတဝင်ရှိသူဆိုလျှင် ဤအဖြစ်အပျက်ကိုမြင်သည်နှင့် တစ်ခုခုထူးဆန်းသည်ဟု ခံစားရမည် ဖြစ်၏။

ယခု ကျောက်စိမ်းကျွန်းတွင် စွမ်းအားအမြင့်မားဆုံး ကျင့်ကြံသူများမှာ နတ်ဘုရားသိမြင်ခြင်းအဆင့် ကျင့်ကြံသူများသာလျှင် ရှိကြသည်။ ကျွန်းသခင်နှင့် အခြားသောအကြီးအကဲ (၂)ယောက်ဖြစ်သည့် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များကို မည်သည့်နေရာတွင်မှ တွေ့မြင်ရခြင်း မရှိပေ။

ချန်ခွန်းဟွာကတော့ မထူးဆန်းသည့်အလား ကျောက်စိမ်းကျွန်းထက်သို့ ဆင်းသက်လိုက်ပြီး တောင်အနောက်ဘက်သို့ လမ်းလျှောက်သွားလိုက်သည်။

တောင်အနောက်ဘက်တွင် ကျောက်စိမ်းကျွန်းမှ ထိပ်တန်းအဆင့်သိုင်းသမားများ တံခါးပိတ်ကျင့်ကြံရာ ကျောက်ဂူအိမ်တော်တစ်ခု ရှိသည်။

ချန်ခွန်းဟွာက ပိတ်ထားသည့် ကျောက်ဂူအိမ်တော်တံခါးကိုဖွင့်ကာ အတွင်းသို့ ဝင်လိုက်သည်။

အထဲသို့ရောက်သည်နှင့် ချန်ခွန်းဟွာပုံစံက အေးအေးဆေးဆေး သက်သောင့်သက်သာပုံစံမျိုးမဟုတ်တော့ဘဲ အသင့်အနေအထား သတိရှိနေသူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။

သူ လူတစ်ယောက်နှင့် တွေ့ရပေမည်။

ရွေးချယ်ခွင့်ရှိမည်ဆိုလျှင် ချန်ခွန်းဟွာက ထိုသူနှင့် ပတ်သက်ဆက်နွယ်လိုခြင်း မရှိပေ။

သူတို့က အတူတူကြီးပြင်းခဲ့သူများဖြစ်သည့်တိုင် ၊ လွန်ခဲ့သောနှစ်များအတွင်း အထက်ဘုံကမ္ဘာတွင် ချန်ခွန်းဟွာရရှိခဲ့သော ဂုဏ်သိက္ခာနှင့် သက်သောင့်သက်သာရှိမှုများက ထိုသူကြောင့် ဖြစ်သည့်တိုင် သူက ထိုသူနှင့် ပတ်သက်လိုခြင်း မရှိပေ။

ချန်ခွန်းဟွာအနေဖြင့် ထိုသူအား အဝေးမှပင် လေးစားလျှက် နေထိုင်လိုသည်။

သို့သော် ယခုတစ်ခေါက်တော့ သူ့အနေဖြင့် ထိုသူနှင့် တွေ့ဆုံရပေဦးမည်။

ကျောက်ဂူအိမ်တော် နက်နဲရာသို့ဝင်ရောက်လာသည့်အခါ ညစ်ညမ်းရိုင်းပျသောအသံများ အတွင်းမှ ထွက်ပေါ်နေသည်ကို ကြားလိုက်ရသည်။

ချန်ခွန်းဟွာက ထိုသို့သောအသံများနှင့် ရင်းနှီးခြင်းမရှိသည့်တိုင် ယောကျ်ားလေးနှင့်မိန်းကလေး ချစ်တင်းနှောခြင်းမှ ထွက်ပေါ်လာသည့်အသံများဖြစ်ကြောင်း သိရှိလိုက်သည်။

စင်္ကြံကိုဖြတ်၍ ကျောက်ဂူအိမ်တော်အခန်းတစ်ခန်းရှေ့သို့ရောက်သည့်အခါ ချန်ခွန်းဟွာ မျက်လုံးများ တောက်ပသွားသည်။

အခန်းထဲတွင် ကျောက်သားစားပွဲ ၊ ကျောက်သားကုလားထိုင်များ ရိုးရှင်းစွာ ရှိနေသည်။

သို့သော် ထိုအရာများအပြင် ဤနေရာမှမဟုတ်ဘဲ အခြားနေရာမှ ယူဆောင်လာခြင်းဖြစ်ဟန်တူသည့် ပစ္စည်းတစ်ခုလည်း ရှိနေသည်။ ထိုအရာက လက်တန်းပါသည့်သစ်သားထိုင်ခုံတစ်လုံးဖြစ်၏။

ထိုသစ်သားထိုင်ခုံထက်တွင် လူတစ်ယောက် အနားယူဟန်ဖြင့် ထို်ငနေသည်။ သူ၏မျက်နှာထက်တွင် မည်သည့်အရာကိုမှ စိတ်မဝင်စားဟန်ဖြင့် ပျင်းရိငြီးငွေ့ခြင်းများ ထင်ဟပ်နေသည်။

ထိုသူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက် (၂၀)ပင် မပြည့်သေးသော အသွင်အပြင်ရှိသည်။

သူ၏ရုပ်ရည်သွင်ပြင်ကတော့ မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ နှင့် ခပ်ဆင်ဆင်တူသည်။

ထိုလူငယ်မှာ အထက်ဘုံကမ္ဘာတွင် လောကပထမ သိုင်းသူတော်စင် အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ မှလွဲပြီး အခြားသူ မဟုတ်ပေ။

သို့သော် ထိပ်တန်းအရှင်သခင် (၁၀)ပါးတွင် ခေါင်းဆောင်ဖြစ်သော ‘ကော်းကင်သခင်လေး’ ပုံစံက အတော်ပင် သဘာဝမကျဘဲ ဖြစ်ကတတ်ဆန်းနိုင်လှသည်။

သူက ချောမောလှပသူဖြစ်သော်လည်း ချန်ခွန်းဟွာလောက်ပင် တောက်ပမှု မရှိပေ။

အမြဲတမ်း ပြုံးနေပြီး‌ ကျော့ရှင်းဟန်ရှိသော မြေပြင်သခင်လေး’ချန်ခွန်းဟွာ’ မှာတော့ ထိုသူ၏နံဘေးတွင် မခုတ်တတ်သည့်ကြောင်ပမာ နာခံမှုရှိစွာ မတ်တတ်ရပ်နေလေသည်။

တစ်ဖက်အခန်းမှထွက်ပေါ်နေသော ရိုင်းစိုင်းညစ်ညမ်းသည့်အသံများက ယခုအချိန်ထိ အဆုံးသတ်ခြင်း မရှိသေးပေ။

ဂရုတစိုက်နားထောင်ကြည့်လျှင် ထိုအခန်းထဲမှ ယောကျ်ားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လွန်ကဲသောစိတ်ဆန္ဒပြည့်ဝမှုအသံများကြားတွင် ဒေါသနှင့် နာကျည်းခြင်းများ ရောထွေးနေသည်ကို သိသာစွာ ကြားနိုင်သည်။

ခရမ်းရောင်ဝတ်ဆင်ထားသည့် လူငယ်က ထိုအရာများကို လုံးဝလျစ်လျူရှုထားပြီး သူ့ညီကိုလှည့်ကြည့်ကာ ပျင်းရိစွာ မေးလိုက်သည်။

“မင်း ပြန်လာပြီလား”

ထိုလူငယ်၏စကားပြောဟန်က တစ်လောကလုံး သူ့ထံအကြွေးတင်နေသည့်ပုံစံမျိုးပမာ အတော်လေး ခက်ထန်လှသည်။

ချန်ခွန်းဟွာက...

“ဟုတ်ကဲ့ အစ်ကိုကြီး”

ခရမ်းရောင်ဝတ်လူငယ်က လက်တစ်ဖက်ဝှေ့ယမ်းရင်း...

“ခဏစောင့် ၊ ဒီကကိစ္စတွေ ပြီးခါနီးနေပြီ ၊  ဒါနဲ့မှအဆင်မပြေသေးရင် ဆက်လုပ်ဖို့ သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူတွေ ထပ်ပြီးရှာဖွေရဦးမယ်”

ချန်ခွန်းဟွာက ခရမ်းရောင်ဝတ်လူငယ်ကို ဦးညွှတ်လိုက်ပြီး ဘေးနားတွင် တိတ်ဆိတ်စွာမတ်တတ်ရပ်လျှက် ခပ်ကုပ်ကုပ်လေး စောင့်ဆိုင်းနေလိုက်လေသည်။

All Chapters