← Chapters

စိတ်ဝင်စားစရာကောင်းလို့လေ

Vol. 75 Ch. 1054

စိတ်ဝင်စားစရာကောင်းလို့လေ

Vol. 75 Ch. 1054

အခန်း (၁၀၅၄) စိတ်ဝင်စားစရာကောင်းလို့လေ

ဘေးအခန်းအတွင်းမှ ပြင်းထန်သောခံစားချက်များနှင့် အသံဗလံများမှာလည်း နောက်ဆုံး အထွတ်ထိပ်သို့ ရောက်ရှိသွားသည်။

လက်တန်းပါ သစ်သားထိုင်ခုံထက်တွင်ထိုင်နေသောလူငယ်က တစ်စုံတစ်ခုအား ခံစားမိလိုက်ဟန်ဖြင့် ထိုင်ခုံမှထကာ တစ်ဖက်မှ ကျောက်တုံးအခန်းဆီသို့ လမ်းလျှောက်ဝင်သွားသည်။

ချန်ခွန်းဟွာက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် သူ့နောက်မှ လိုက်ပါသွား၏။

အခန်းထဲတွင် လက်စမသတ်သေးသောကိစ္စများဖြင့် အရာအားလုံး ရှုတ်ပွလျှက် ရှိသည်။

အမျိုးသားဖြစ်သူကတော့ သာမန်ရုပ်ရည်ရှိသော လူရွယ်တစ်ယောက်ဖြစ်ပြီး ၊ ယခုအချိန်တွင် သူ့မျက်နှာတစ်ခုလုံးက အရှုံးတရားများဖြင့် ပြည့်နက်နေသည်။

ကျောက်စိမ်းကျွန်းမှ သိုင်းကျင့်ကြံသူများသာ ထိုသူကိုတွေ့မည်ဆိုလျှင် အံ့သြတုန်လှုပ်သွားနိုင်သည်။  အဘယ်ကြောင့်ဆိုသော ထိုလူရွယ်မှာ ကျောက်စိမ်းကျွန်းသခင် ဖြစ်နေသောကြောင့်ပင်။

သူက ဘဲစာပင်လယ်ဒေသခံတစ်ယောက်ဖြစ်ပြီး အမတကူးပြောင်းခြင်း အလယ်ဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သို့သော် လောလောဆယ်တွင် သစ်သားရုပ်သေးရုပ်တစ်ရုပ်ပမာ သူ၏ခန္ဓာကိုယ်အား လုံးဝထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။

ချန်ချန်းဟွာတို့ညီအစ်ကို ဝင်ရောက်လာချိန်မှာတော့ မှေးစင်းနေသည့် သူ၏မျက်ဝန်းများထဲတွင် အဆုံးမဲ့ဒေါသများထွက်ပေါ်လာသည်။ သို့သော် သူ၏ခန္ဓာကိုယ်ကတော့ လုံးဝ ကူရာကယ်ရာမဲ့လျှက် ရှိသည်။

အမျိုးသမီးကို ကြည့်လိုက်သည့်အခါမှာတော့ ရှက်ရွံ့မှု ၊ ဒေါသစိတ်တို့ဖြင့် ပြည့်နက်နေကြောင်း တွေ့ရသည်။

အမျိုးသမီးက အတော်လေး မကျေမနပ်ဖြစ်နေဟန်ရှိသော်လည်း သူမ၏အသွင်အပြင်က သာမန်လူများနှင့် တူညီခြင်း မရှိပေ။

သူမ၏ခန္ဓာကိုယ်က လူအများ စိတ်ကူးယဉ်စေလောက်အောင် လှပပြေပြစ်သော်လည်း သူမ၏အရေပြားက ခရမ်းရောင်ဖြစ်နေသည်။ ခရမ်းရောင်အရေပြားထက်တွင် သွေးနီရောင်အလင်းတန်းများက ထူးဆန်းသည့် နတ်ဆိုးသင်္ကေတများကို ဖန်တီးထားလေရာ တွေ့မြင်ရသူ လူအများ၏စိတ်ကို ကြောက်ရွံ့တုန်လှုပ်စေမည် အမှန်ပင်။

သူမ၏မျက်လုံးများထဲတွင် အဖြူရောင်မျက်သားမရှိသလို မျက်ဆံလည်းမရှိပေ။

သူမ၏မျက်လုံးအိမ်တစ်ခုလုံးက ပကတိနက်မှောင်လျှက် ရှိသည်။

သို့သော် ထိုမျက်ဝန်းများထဲမှ ထူးဆန်းစွာဖြင့် မိစ္ဆာဆန်သော ဆွဲဆောင်မှုတစ်ခု ထွက်ပေါ်နေကာ မြင်ရသူတိုင်း ရုန်းထွက်ရန်ခက်ခဲသည့် စွဲလန်းမှုမိစ္ဆာစိတ်ကို မွေးဖွားပေးနိုင်သည်။

သာမန် လူသားမိန်းမပျိုတစ်ယောက် မပြုလုပ်နိုင်သော လွန်ကဲသည့်ဆွဲ‌ဆောင်မှုတစ်ခုက သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လျှက် ရှိသည်။

သို့သော် လောလောဆယ်မှာတော့ သူမ၏ခန္ဓာကိုယ်မှာ ရက်စက်ကြမ်းကြုတ်သည့်စွမ်းအားများ ထွက်ပေါ်နေပြီး သူမ၏ ဆွဲဆောင်နိုင်စွမ်းကို ဖိနှိပ်နေသည်မှာ ထင်ရှားသည်။

သူမ၏ဆွဲဆောင်နိုင်စွမ်းက လူသားတိုင်း၏စိတ်ဝိညာဉ်အပေါ် သက်ရောက်နိုင်စွမ်းရှိပြီး အတွေးများကို ဆုပ်ကိုင်ထားလျှက် စိတ်တည်ငြိမ်ရန် ခက်ခဲစေသည်။

ထိုအမျိုးသမီးကိုတွေ့သည်နှင့် မြေပြင်သခင်လေး ချန်ခွန်းဟွာက စိတ်ထဲမှကြိတ်ပြီး သက်ပြင်းချရင်း...

“ငရဲကိုးထပ်ကနတ်ဆိုးတွေမှာ တကယ်ထူးခြားတဲ့လက္ခဏာတွေရှိတာပဲ”

ကျောက်စိမ်းကျွန်းသခင်၏မျက်နှာက ဖြူဖျော့နေပြီး သေလောက်အောင် ရှက်ရွံ့ဒေါသထွက်နေကာ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုစိတ်ပင် ဖြစ်ပေါ်နေသည်။

ဤအမျိုးသမီးသည် အံ့သြစရာကောင်းလောက်အောင်ပင် ငရဲကိုးပါးမှ နတ်ဆိုးတစ်ဦးဖြစ်သည်သာမက အလွန်အစွမ်းထက်သော ငရဲကိုးထပ် အစစ်အမှန်နတ်ဆိုးတစ်ကောင် ဖြစ်သည်။

သူမ၏ လှည့်စားနိုင်စွမ်းကို အားမကိုးဘဲ တန်ခိုးစွမ်းအားသီးသန့်ဖြင့်ပင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ကို တိုက်ခိုက်ရန် လုံလောက်သော စွမ်းအားရှိသည်။

ငရဲကိုးထပ်နတ်ဆိုးများမှာ ပုံသဏ္ဌန်မျိုးစုံ အရွယ်အစားမျိုးစုံ ကွဲပြားကြသည်။

လူအများ၏စိတ်ကို ဂနာမငြိမ်ဖြစ်အောင်လုပ်နိုင်ခြင်း ၊ ရူးသွပ်အောင်လှုံ့ဆော်နိုင်ခြင်းနှင့် လှည့်စားနိုင်စွမ်းများကိုလည်း အမျိုးမျိုးအဖုံဖုံ ပိုင်ဆိုင်ကြသည်။

ဤနတ်ဆိုးမိန်းမပျိုကတော့ အခြားသူများကို လှည့်စားနိုင်စွမ်းရှိပြီး ချစ်တင်းနှောနေချိန် တစ်ဖက်လူသား၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများကို ခမ်းခြောက်သွားစေနိုင်သည့် အစွမ်းမျိုး ရှိသည်။

လက်ရှိမှာတော့ နတ်ဆိုးမိန်းမပျိုသည်လည်း ဒေါသအမျက်ချောင်းချောင်းထွက်နေသည်မှာ ထင်ရှားသည်။

အဘယ်ကြောင့်ဆိုသော် သူမ၏လှည့်ဖြားမှုရောင်ဝါများနှင့် အစွမ်းသတ္တိများအားလုံး ဖိနှိပ်ခံထားရသဖြင့် စိတ်မတည်မငြိမ်ဖြစ်နေသည်မှာ ထင်ရှားသည်။

အစောပိုင်း ပတ်သက်မှုတွင် သူမ၏စွမ်းအားများ ဖိနှိပ်ခံထားရသဖြင့် တစ်ဖက်လူ၏ ကြယ်တာရာချီစွမ်းအားအနှစ်သာရများကို ခမ်းခြောက်သွားစေရန် မတတ်နိုင်ခဲ့ပေ။

ထို့ကြောင့် မည်သို့မှမတတ်နိုင်စွာ အခန်းထဲမှအမျိုးသားဖြင့် သာမန် လူသားစုံတွဲများပမာ ပေါင်းသင်းခဲ့ရသည်။

ရိုးရှင်းစွာတွေးကြည့်မည်ဆိုလျှင် ကျောက်စိမ်းကျွန်းသခင်သည်လည်း သူ့ကိုယ်သူ တွင်းတူးပြီး မြေမြှုပ်ပစ်ချင်သည်အထိ ဖြစ်နေမိသည်။

ချီစွမ်းအားကျင့်ကြံသော သူ့လို သိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် မိန်းကလေးများနှင့် အတူနေထိုင်သည့်အခါ သူတို့၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို သန့်စင်ပြီး မိန်းကလေးထံတွင် သူ၏သွေးသား မကျန်ရစ်စေရန် ထိန်းသိမ်းနိုင်စွမ်း ရှိသည်။

သို့သော် ယနေ့မှာတော့ သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခဲ့ရသည်။

ဤအရာအားလုံးက ခရမ်းရောင်ဝတ်လူငယ်ကြောင့် ဖြစ်ရခြင်းပင်။

ချန်ချန်းဟွာက ကျောက်စိမ်းကျွန်းသခင်၏ မီးဝင်းဝင်းတောက်နေသော မျက်ဝန်းများကို လျစ်လျူရှုထားလိုက်ပြီး နတ်ဆိုးမအား တစ်ချက်အကဲခတ်လိုက်၏။

နတ်ဆိုးမ၏ လှည့်ဖျားခြင်းအစွမ်းက ချန်ချန်းဟွာအား လုံးဝသက်ရောက်မှုမရှိဘဲ သူက သူမကို ခဏမျှ စိုက်ကြည့်လိုက်သည်။

ထို့နောက် မျက်ဝန်းများထဲတွင်ပျင်းရိငြီးငွေ့ဖွယ် အငွေ့အသက်များ ပြန်လည်ဖုံးလွှမ်းသွားပြီး...

“သူ့မှာ ကိုယ်ဝန်မရဘူး”

ဟု ရေရွတ်လိုက်သည်။

“လူသားနဲ့နတ်ဆိုးကြားပေါင်းစည်းမှုက ဘာလို့ အဆက်အနွယ်ရင်သွေးကို မွေးမထုတ်နိုင်ရတာလဲ”

ထိုစကားများကို နားထောင်ရင်း ညီဖြစ်သူ ချန်ခွန်းဟွာက သက်ပြင်းချလိုက်သည်။

“အစ်ကိုကြီး... အရင်တုန်းက ကျောက်စိမ်းကျွန်းက အမတကူးပြောင်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်နဲ့ စမ်းသပ်ပြီးပြီ မဟုတ်ဘူးလား”

ချန်ချန်းဟွာက လုံးဝစိတ်ပျက်လက်ပျက်ဖြစ်နေဟန်ဖြင့်...

“ဘာဆက်ဖြစ်မလဲဆိုတာ နောက်ထပ်တစ်နည်းနည်းနဲ့ ထပ်ကြိုးစားကြည့်ရမယ်”

ချန်ခွန်းဟွာက...

"အစ်ကိုကြီးက ဘာလို့ ဒီကိစ္စကို အရမ်းရူးသွပ်စွဲလန်းနေတာလဲ"

ချန်ချန်းဟွာက ပေါ့ပါးစွာဖြင့်...

“လူသားအချင်းချင်းပေါင်းဖက်ရင် မျိုးဆက်တွေမွေးဖွားလာတာက ရှားပါးကိစ္စမဟုတ်ဘူး ၊ လူသားနဲ့ နတ်မိစ္ဆာတွေပေါင်းဖက်ပြီး သားသမီးတွေမွေးဖွားလာတဲ့ကိစ္စကလည်း သမိုင်းတစ်လျှောက် သာဓကတွေ အများကြီးရှိခဲ့တယ်”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ လူသားနဲ့နတ်ဆိုးပေါင်းစည်းမှုကနေ မျိုးဆက်မွေးဖွားလာတယ်လို့ တစ်ခါမှ မကြားဖူးဘူး ၊ အဲဒီတော့ ငါ နည်းနည်းစိတ်ဝင်စားမိတယ်”

ချန်ခွန်းဟွာ ကြိုးစားပြီး ပြုံးလိုက်သည်။

နတ်ဆိုးလက်ထဲကျရောက်သွားသော သိုင်းကျင့်ကြံသူများက ငရဲကိုးထပ်ရှိ ထူးကဲယင်စွမ်းအား၏အထောက်အပံ့ဖြင့် နတ်ဆိုးများအဖြစ် ပြန်လည်မွေးဖွားလာကြသည်။

သို့သော် နတ်ဆိုးများကြားတွင်ပင် ယင်နှင့်ယန်ပေါင်းစပ်မှုဖြင့် မည်သည့်အဆက်အနွယ်ကိုမှ မွေးထုတ်နိုင်ခြင်း မရှိခဲ့ပေ။

ချန်ခွန်းဟွာ မနေနိုင်ဘဲ စကားဆိုလိုက်မိသည်။

“အစ်ကိုကြီး... ဒီလို အဓိပ္ပါယ်မဲ့ ပြဿနာရှာတဲ့လုပ်ရပ်တွေ ဘာလို့လုပ်နေရတာလဲ”

သူ့နှုတ်မှ ထိုစကားထွက်သွားပြီးသည်နှင့် ချန်ခွန်းဟွာ အတော်လေး နောင်တရသွားသည်။

သို့သော် သူ့ရှေ့မှ ခရမ်းရောင်ဝတ်လူငယ်က အရေးမစိုက်ဟန်ဖြင့် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေသည်။

“စိတ်ဝင်စားစရာကောင်းလို့လေ...”

သူက ဆက်ပြောသည်။

“တန်ဖိုးကြီးပြီး ခက်ခဲတဲ့အရာတွေက ဘယ်လောက်ပျော်စရာကောင်းလဲဆိုတာ မင်းသိသင့်တယ် ၊ ကမ္ဘာကြီးက အရမ်းပျင်းစရာကောင်းနေတော့ ငါ့ဟာငါပဲ ပျော်စရာတွေ ရှာနေရတာပေါ့”

ထို့နောက် သူက တစ်ချက်ပင် နောက်ပြန်လှည့်မကြည့်တော့ဘဲ ကျောက်တုံးအခန်းထဲမှ ထွက်ခွာသွားသည်။

ကျောက်စိမ်းကျွန်းသခင်နှင့် နတ်ဆိုးမကို သူ လုံးဝ မေ့သွားပြီဖြစ်ပြီး သူက စိတ်ထဲလုပ်ချင်သည့်အရာကိုသာ လုပ်နေခြင်း ဖြစ်၏။

ချန်ခွန်းဟွာက သက်ပြင်းတစ်ချက်ချလိုက်သည်။

သူ၏အစ်ကိုဖြစ်သူက ထိုသို့ပင်ဖြစ်၏။

သူကတော့အစ်ကိုဖြစ်သူ စိတ်ထင်တိုင်းပြုလုပ်နေသည်ကို ခွင့်ပြုနိုင်ခြင်း မရှိပေ။

နဂိုကပင် လုပ်ချင်ရာလုပ်လေ့ရှိသော အစ်ကိုဖြစ်သူသည် တန်ခိုးစွမ်းအားများ မြင့်မားလာသည်နှင့်အမျှ ကြောင်တောင်တောင်နိုင်သောအလုပ်များကို ပို၍ပို၍ ပြုလုပ်လာသည်။

သို့သော် ဤလုပ်ရပ်များကို ဧကရာဇ် (၃)ပါးနှင့် အုပ်စိုးရှင် (၅)ပါးသာ သိရှိသွားပါက ချန်ချန်းဟွာက မည်မျှအရည်အချင်းရှိသူဖြစ်ပါစေ သူ၏လုပ်ရပ်များနှင့်ပတ်သက်ပြီး မကျေမနပ်ဖြစ်ကြမည်မှာ သေချာသည်။

“ကောင်းကင်သခင်လေး” ၊ “အထက်ရပ်ထိပ်တန်းအရှင်သခင်” ဆိုသည့်အမည်များက အလွန်တရာ တောက်ပထင်ရှားသည်ဖြစ်ရာ လူပုံအလယ်တွင် အလွန်တရာ ကျော်ကြားလှသည်။

အတွင်းစိတ်ထဲတွင် အခြေအနေမှန် မည်သို့ပင်ရှိစေကာမူ အပေါ်ယံမှာတော့ မိမိလုပ်ရပ်များကို ဆင်ခြင်ရန် လိုအပ်သည်။ သို့မှသာ ချန်ချန်းဟွာအတွက် ပိုပြီးအဆင်ပြေနိုင်မည်ဟု မြေပြင်သခင်လေး ‘ချန်ခွန်းဟွာ’ က ယူဆသည်။

ချန်ခွန်းဟွာ ခေါင်းတစ်ချက်ခါယမ်းလိုက်ပြီး ချန်ချန်းဟွာနောက်သို့ ချက်ချင်းလိုက်မသွားခဲ့ပေ။

သူက ကျောက်စိမ်းကျွန်းသခင်နှင့် နတ်ဆိုးမအနားသို့ လမ်းလျှောက်သွားသည်။

ထို့နောက် လက်ဝါးရိုက်ချက်တစ်ချက် တိတ်ဆိတ်စွာထုတ်ဖော်လိုက်ပြီး နတ်ဆိုးမရော ကျောက်စိမ်းကျွန်းသခင်ရောကိုပါ တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်လိုက်သည်။

နတ်ဆိုးက ငရဲကိုးထပ်တွင် ပြန်လည်မွေးဖွားလာမည် ဖြစ်သည်။ သို့သော် အရေးမကြီးပေ။

သူတို့ကိုယ်တိုင် ထုတ်ဖော်မပြောသရွေ့ ဤကိစ္စကိုထိန်းထားရန် လုံလောက်သည်။

ချန်ခွန်းဟွာ ကျောက်တုံးအခန်းထဲမှထွက်လာတော့ အစ်ကိုဖြစ်သူက ပျင်းရိပျင်းတွဲဟန်ဖြင့် လက်တန်းပါ ထိုင်ခုံထက် ပြန်ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ညီဖြစ်သူ ဘာလုပ်ခဲ့သည်ကို သိရှိသော်လည်း ချန်ချန်းဟွာက အရေးမစိုက်ပေ။ ထိုနတ်ဆိုးမနှင့် ကျောက်စိမ်းကျွန်းသခင်ကို သတ်သည်ဖြစ်စေ ၊ မသတ်သည်ဖြစ်စေ သူက အရေးမစိုက်ပေ။

အထက်ရပ်ထိပ်တန်းအရှင်သခင် ‘ချန်ချန်းဟွာ’ က...

“မင်း ဝါဒတောင်ကိုသွားတာ... ရလဒ်ကဘာလဲ”

ချန်ခွန်းဟွာက...

“သူတို့က ထင်ထားတာထက်ပိုပြီး စွမ်းအားကြီးမားတယ်”

ချန်ခွန်းဟွာက ဝါဒတောင်ဖွင့်ပွဲအခမ်းအနား အခြေအနေအသေးစိတ်ကို ပြောပြလိုက်သည်။

ချန်ချန်းဟွာက ပျင်းရိပျင်းတွဲပုံစံဖြင့် နားထောင်နေသော်လည်း မြေကမ္ဘာမယ်တော်တာအိုထုံးတမ်းအစီအရင် ၊  ထိုက်ယိဟွာတိမ်တိုက်နှင့် ရန်တိက ရွှေစင်ထက်ယံအရှင်သခင် ‘ရန်ရှင်းထန်’ ၏ သားဖြစ်သည်ဆိုသော အကြောင်းအရာများကို ကြားလိုက်ရချိန် သူ့မျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။

သူက...

“မမျှော်လင့်ဘဲ စိတ်ဝင်စားစရာကောင်းတာပဲ ၊ ငါ သဘောကျတယ်”

ထို့နောက် ခရမ်းရောင်ဝတ်လူငယ်က ပြုံးလိုက်ပြီး မတ်တတ်ရပ်ကာ ပျင်းကြောတစ်ချက် ဆန့်လိုက်သည်။

“ဒီလောက်စိတ်ဝင်စားစရာကောင်းတဲ့လူမျိုးနဲ့ မတွေ့ရတာအတော်ကြာနေပြီ ၊ ငါ့မှာသာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ တခြားကိစ္စတွေမရှိဘူးဆိုရင် သူတို့ကိုသွားရှာပြီး အပျော်ရှာပါတယ်”

ထိုစကားကိုကြားတော့ ချန်ခွန်းဟွာက အစ်ကိုဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ချန်ချန်းဟွာက ထူးခြားစွာပြုံးလိုက်ရင်း...

“ပိုးသားဧကရာဇ် ဘာလို့ရောက်မလာတာလဲဆိုတာ သိချင်နေတာလား”

ချန်ခွန်းဟွာက...

“အဲဒါ အစ်ကိုကြီးလက်ချက်လား...”

ချန်ချန်းဟွာက ပေါ့ပါးသည့် မျက်နှာအမူအရာဖြင့်...

“မဟုတ်ဘူး... အဲဒါ ကျွမ်းရှန်ရဲ့လက်ချက်...”

သူက ဆက်ပြောသည်။

“ကျွမ်းရှန်က သူ့ဘဝတစ်လျှောက်လုံး ပျင်းစရာကောင်းခဲ့တာ... ဒါပေမဲ့ မသေခင်မှာ ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ကိစ္စတစ်ခု လုပ်သွားမယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး ၊ စောစောစီးစီး သတိမထားမိခဲ့တာ စိတ်မကောင်းစရာပဲ ၊ မဟုတ်ရင် ပိုပြီး အံ့သြစရာတွေလုပ်နိုင်မှာ ၊ ငါသာ ဝါဒတောင်မှာ သူ့ကိုသွားပြီး ကယ်တင်လိုက်ရင် နောင်မှာ အံ့သြစရာတွေ ထပ်ပြီး ရှိကောင်းရှိလာနိုင်တယ်”

ချန်ခွန်းဟွာ သိချင်စိတ်ဖြစ်သွားပြီး...

“ပိုးသားဧကရာဇ် ဘာဖြစ်သွားတာလဲ”

ချန်ချန်းဟွာက ရယ်‌မောရင်း...

“သူ... ရူးသွားတာလေ”

ထိုစကားကြားတော့ ချန်ခွန်းဟွာမှာ နေရာမှာပင် မူးမေ့ချင်သလို ဖြစ်သွားသည်။

“မင်း ထင်မထားဘူးမဟုတ်လား”

ချန်ချန်းဟွာက အော်ဟစ်ရယ်မောရင်း ပြောလိုက်သည်။

“ငါလည်း ထင်မထားဘူး ၊ အဲဒါကြောင့် အတော်လေး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ပြောတာပေါ့”

“အဲဒီလိုကိစ္စမျိုးကို ငါသွားမကြည့်ဘဲနေလို့ ဘယ်ဖြစ်မလဲ”

ထို့နောက် ရယ်မောသံနှင့်အတူ ချန်ချန်းဟွာက သက်တံ့ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားပြီး များပြားလှစွာသော တောတောင်ရေမြေများကို ဖြတ်ကျော်ကာ ကျောက်စိမ်းကျွန်းမှ ထွက်ခွာသွားလေတော့သည်။

All Chapters