← Chapters

အန္တရာယ်မှ ကြွယ်ဝမှုကို ရှာဖွေခြင်း

Vol. 67 Ch. 924

အန္တရာယ်မှ ကြွယ်ဝမှုကို ရှာဖွေခြင်း

Vol. 67 Ch. 924

"ဖြောက်........

‌ဆယ်ငါးမိနှစ်ကြာပြီးနောက် နတ်ဆရာရုပ်သေးနှစ်ရုပ်က ချပ်ဝတ်အစုအပုံတစ်ခုအဖြစ်သို့ ပျက်ဆီးသွားတော့တယ်။

လီဖူချန်းရဲ့ခွန်အားအပြည့်တိုက်ခိုက်မှုနဲ့အတူ နတ်ဆရာရုပ်သေးတွေရဲ့စွမ်းအင်က နောက်ဆုံးတော့ လျော့ကျသွားလေတယ်။

လီဖူချန်းက ချပ်ဝတ်အပိုင်းအစတစ်ခုကို ကောက်ယူကာ အထဲကို လိပ်ပြာအသိစိတ်အာရုံနဲ့ ကြည့်လိုက်တယ်။

"စိတ်ဝင်စားစရာပဲ"

ချပ်ဝတ်အထဲမှာ အင်းကွက်တွေမျိုးစုံကို လီဖူချန်းက မြင်တွေ့လိုက်ရတယ်။ အင်းကွက်တွေက မန္တန်နဲ့ဆင်တူပေမယ့် ပုံရိပ်တွေနဲ့ပိုတူတယ်။ အဲဒါက မန္တန်နဲ့စာလုံးတွေပေါင်းစပ်ထားသလိုပဲ။ ဒါတွေက နတ်ဆရာအင်းကွက်တွေဖြစ်ပြီး နတ်ဆရာမျိုးနွယ်ရဲ့လက်နက်ကိရိယာဆိုင်ရာအင်းကွက်တစ်မျိုးဆိုတာက်ု လီဖူချန်းက သိလိုက်ရတယ်။

ပြီးနောက် လီဖူချန်းက နတ်ဆရာရုပ်သေးတွေရဲ့ပုဆိန်နဲ့လှံကို စစ်ဆေးကြည့်လိုက်တယ်။

လက်နက်နှစ်ခုလုံးမှာ နတ်ဆရာအင်းကွက်တွေရှိတယ်၊ နတ်ဆရာလက်နက်တွေမှန်း သိသာစေတယ်။

"ရှားပါးမှုနဲ့အတူ တန်ဖိုးက တိုးလာမှာပဲ"

လီဖူချန်းက နတ်ဆရာချပ်ဝတ်တွေနဲ့လက်နက်တွေကို သိမ်းလိုက်တယ်။ လက်နက်ဒါမှမဟုတ်ချပ်ဝတ်ဖြစ်စေ၊ ပုံမှန်အနေအထားမှာ မျိုးနွယ်စုအားလုံးက သူတို့ကို အသုံးပြုနိုင်တယ်။ နတ်ဆရာလက်နက်တွေနဲ့ချပ်ဝတ်တွေက အဆင့်နိမ့်အထွတ်အထိပ်အခြေအနေသာဖြစ်ပေမယ့် နတ်ဆရာပညာရပ်က အသုံးပြုသူရဲ့စွမ်းအား၊မြန်နှုန်းနဲ့စွမ်းရည်အားလုံးကို အကြီးအကျယ်တိုးစေနိုင်တယ်။ ဒါကြောင့် သူတို့ရဲ့တန်ဖိုးက အလယ်ဆင့်အထွတ်အထိပ်ချပ်ဝတ်တွေလက်နက်တွေနဲ့ နှိုင်းယှဉ်နိုင်တယ်။

"နတ်ဆရာရုပ်သေးနှစ်ရုပ်က ဒီလောက်တောင်ထိုက်တန်တာပဲ။ ဒီနေရာမှာ ဘယ်လိုရတနာရှိသလဲကို ငါ သိချင်တယ်"

စုပ်အားတစ်ခုနဲ့အတူ လီဖူချန်းက စာလိပ်နဲ့ရုပ်‌သေးရုပ်လေးကို သူ့ဆီ ဆွဲယူလိုက်တယ်။

စာလိပ်ကို လကျိန်စာလို့ခေါ်ဆိုပြီး နတ်ဆရာစာလိပ်တစ်ခုဖြစ်တယ်။ စွမ်းအင်ကို အထဲထည့်သွင်းလိုက်တာနဲ့ နတ်ဆရာပညာရပ်ဖြစ်တဲ့လကျိန်စာကို အသက်သွင်းနိုင်တယ်။ မိတ်ဆက်အရ နတ်ဆရာစာလိပ်က အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။

သစ်သားရုပ်သေးရုပ်ကိုတော့ ယဇ်ရုပ်သေးလို့ခေါ်တယ်။ သေရေးရှင်ရေးအခိုက်အတန့်မှာ အဲဒါက သင့်အသက်ကို ကယ်ဆယ်နိုင်တယ်၊ အဲဒါလည်း အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။

"ဒါတွေအားလုံးက ငါ့အတွက်အသုံးမဝင်ပေမယ့် ငါ ရောင်းချလို့ရတယ်"

အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်ပစ္စည်းတွေက လီဖူချန်းအတွက် အလွန်အသုံးမဝင်ပါဘူး။ ခွန်အားအရ ကောင်းကင်ဘုံအရှင်တွေကလွဲပြီး သူ့ကို ဘယ်သူကမှ မခြိမ်းခြောက်နိုင်ဘူး။ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ကို တိုက်ခိုက်ချင်ရင် လကျိန်စာနဲ့ယဇ်ရုပ်သေးက မလုံလောက်ပါဘူး။

ဒါပေမယ့် ဒီနှစ်ခုက အလွန်တန်ဖိုးရှိကာ အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသိန်းနဲ့ ရောင်းချနိုင်တယ်။

စာလိပ်နဲ့သစ်သားရုပ်သေးကို သိမ်းပြီးနောက် လီဖူချန်းက ဟိုဟိုသည်သည်ကြည့်ကာ နှစ်ဖက်လုံးရှိလမ်းကြောင်းနှစ်ခုကို မြင်လိုက်ရတယ်။

တုံ့ဆိုင်းမနေဘဲ လီဖူချန်းက ဘယ်ဘက်လမ်းကြောင်းကို ဦးတည်လိုက်တယ်။

…

"ကြွယ်ဝမှုကို အန္တရာယ်မှရှာဖွေခြင်း"ဆိုတဲ့စကားပုံတစ်ခုရှိတယ်။

နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေက ရတနာတွေပေါများပေမယ့် အလွန်လည်းအန္တရာယ်များတယ်။

နောက်တစ်လကြာပြီးနောက် နေရာတစ်ခုမှာ အံ့မခန်းအတားအဆီး‌ထောင်ချောက်တွေရှိရင် အထဲရှိရတနာက သေချာပေါက် အဆင့်မြင့်မားပေလိမ့်မယ်။

လီဖူချန်းတွေ့ဆုံခဲ့တဲ့အတားအဆီးထောင်ချောက်တွေက နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေရဲ့အပြင်နယ်နိမိတ်မှာ ပြောင်မြောက်တယ်လို့ သတ်မှတ်လို့ရတယ်။ ဒီလိုအတားအဆီးထောင်ချောက်တွေနဲ့တွေ့ရင် သူတော်စင်အများစုက သေမင်းနဲ့မျက်နှာချင်ဆိုင်သွားရလိမ့်မယ်။ အသက်ရှင်နိုင်သူတွေက အထွတ်အထိပ်သူတော်စင်အရှင်တွေဒါမှမဟုတ်အတားအဆီးထောင်ချောက်တွေမှာကျွမ်းကျင်တဲ့သူတော်စင်အရှင်တွေ ဖြစ်လိမ့်မယ်။

"ငါက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေ ကောက်ရနေသလိုပဲ"

လီဖူချန်းက စိတ်လှုပ်ရှားမှုတွေ အပြည့်ဖြစ်နေတယ်။ တစ်လကြာပြီးနောက် သူရရှိခဲ့တဲ့ရတနာတွေက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်မီလီယံထိုက်တန်တယ်။ အဲဒါက သူ ရှေးကျောက်တုံးနယ်မြေမှာ တစ်နှစ်ရရှိတာထက် ပိုများတယ်။

ဒါပေမယ့် အဆင့်အရ ရှေးကျောက်တုံးနယ်မြေက နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေထက် နိမ့်ကျတယ်။

"ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက အားမကောင်းရင် ငါလည်းပဲ အခြားသူတွေလို ဖြစ်နေလိမ့်မယ်"

သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကြောင့်သာ လီဖူချန်းက ဒီလောက်များတဲ့ရတနာတွေကို ရရှိနေရတာပဲ။

လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှာ မရပ်တန့်နိုင်ဘူးဖြစ်နေတယ်။ လမ်းနံရံတွေဖြစ်စေ၊ နတ်ဆရာအစီအရင်တွေဖြစ်စေ၊ အတားအဆီးထောင်ချောက်တွေဖြစ်စေ၊ သူက အကြည့်တစ်ချက်နဲ့ ဖြတ်မြင်နိုင်တယ်။

…

မျက်စိတစ်မှိတ်အတွင်း လီဖူချန်း နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှာ ရှာ‌ဖွေနေတာ တစ်နှစ်ရှိပါပြီ။

လီဖူချန်းက လမ်းကြောင်းတစ်ခုအရှေ့မှာ ရပ်လိုက်တယ်။

"ဒီအတားအဆီးထောင်ချောက်က ငါ့ကို ဒဏ်ရာအပြင်းအထန်ရစေနိုင်တယ်၊ ကံဆိုးရင် သေသွားစေနိုင်တယ်။ အန္တရာယ်အခွင့်အလမ်းက အနည်းဆုံး၅၀ရာခိုင်နှုန်းရှိတယ်" လီဖူချန်းရဲ့အမူအရာက လေးနက်နေတယ်။

စိတ်ဝိညာဉ်စွမ်းအားနဲ့စစ်ဆေးကြည့်လိုက်တဲ့အခါ လီဖူချန်းက အတားအဆီးထောင်ချောက်ရဲ့အန္တရာယ်ကို မြင်တွေ့လိုက်တယ်။

သူအရင်ရင်ဆိုင်ခဲ့တဲ့အတားအဆီးတွေက အန္တရယ်အခွင့်အလမ်း၃၀ရာခိုင်နှုန်းရှိရင် ဒီအတားအဆီးထောင်ချောက်က အန္တရာယ်အခွင့်အလမ်း၅၀ရာခိုင်နှုန်းဒါမှမဟုတ်ပိုမြင့်လိမ့်မယ်။

"ငါ့မှာ စိတ်ဝိညာဉ်စွမ်းအားရှိနေတာ ကံကောင်းသွားတယ်"

လီဖူချန်းက ဂရုတစိုက်ရှောင်တိမ်းကာ ‌‌ ‌ရှေ့တိုးသွားနေတယ်။

မကြာမီမှာပဲ သူက အတားအဆီးထောင်ချောက်ကို ကျော်ဖြတ်ခဲ့တယ်။

အသက်ကို ရှုထုတ်ပြီးနောက် လီဖူချန်းက ပင်မခန်းမထဲကို ဝင်ရောက်ခဲ့တယ်။

ဒီခန်းမက ခမ်းနားပြီးကျယ်ဝန်းတယ်။ ဒီနေရာမှာ နတ်ဆရာရုပ်သေးတွေ ခြောက်ရုပ်တိတိ ရှိတယ်။ သူတို့တစ်ခုစီက ထူးခြားနေတယ်။

"လွန်ခဲ့တဲ့လအနည်းငယ်က အန္တရာယ်အခွင့်အလမ်း၄၀ရာခိုင်နှုန်းရှိတဲ့ ပင်မခန်းမတစ်ခုရှိတယ်။ အလယ်ဆင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးလေးရုပ်ရှိတယ်။ အခု ဒိနတ်ဆရာရုပ်သေးခြောက်‌ရုပ်က အဆင့်မြင့်နတ်ဆရာရုပ်သေးတွေဖြစ်နိုင်တယ်။ သူတို့က အဆင့်မြင့်သူတော်စင်အရှင်အဆင့်တွေဖြစ်လောက်တယ်။

လီဖူချန်းရဲ့မျက်လုံးတွေက လက်သွားတယ်။

နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေရဲ့နတ်ဆရာရုပ်သေးတွေကို နတ်ဆရာချပ်ဝတ်နဲ့လက်နက်တွေနဲ့ ဖွဲ့စည်းထားတယ်။

အဆင့်နိမ့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးက အဆင့်နိမ့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်နဲ့လက်နက်ကို ပိုင်ဆိုင်တယ်။ အလယ်ဆင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးက အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်နဲ့လက်နက်ကို ပိုင်ဆိုင်တယ်။ ဒီအတိုင်းအရ အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်နဲ့လက်နက်တွေက အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးအတွက်ဖြစ်တယ်။

နတ်ဆရာချပ်ဝတ်နဲ့လက်နက်တွေရဲ့ရှားပါးမှုအရ အဆင့်နိမ့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးတစ်ရုပ်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သိန်းတန်ဖိုးရှိလိမ့်မယ်။ အလယ်ဆင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးတစ်ရုပ်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်မီလီယံပတ်လည်ရှိလိမ့်မယ်။ အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးတစ်ရုပ်က အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်မီလီယံရှိလိမ့်မယ်။ အခုဆိုရင် အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးခြောက်ရုပ်ရှိတယ်။

သူက နတ်ဆရာဘိုးဘေးရဲ့အပျက်အဆီးနယ်မြေရဲ့အစွန်အဖျားမှာ မရှိတော့ဘူးဆိုတာကို လီဖူချန်းက မသိဘူး။ သူက နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေရဲ့ဗဟိုချက်နဲ့ တဖြည်းဖြည်းနီးကပ်လာနေတယ်။

ဒီနေရာရှိအတားအဆီးထောင်ချောက်က အလွန်အမင်းအန္တရာယ်များတယ်။ ပုံမှန်အားဖြင့် ကောင်းကင်ဘုံအရှင်တွေကတောင် မဖြတ်သန်းနိုင်ဘူး။

ဝုန်း ဝုန်း ဝုန်း ဝုန်း......

အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးတွေက  အရူးအမူးအားကောင်းတယ်။ ခြောက်ယောက်တစ်ယောက်အခြေအနေမှာ လီဖူချန်းက အသာစီးမရနိုင်ဘူးဖြစ်နေတယ်။

"ပျက်သုန်းစမ်း......."

ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ ပျက်သုန်းခြင်းလက်ပတ်က မီးခိုးရောင်အလင်းတိုင်တစ်ခုကို ထုတ်လွှတ်ပြီး နတ်ဆရာရုပ်သေးတစ်ရုပ်အပေါ် ကျရောက်သွားတယ်။ ဒါပေမယ့် အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးက အသက်ရှုချိန်အနည်းငယ်သာ ငြိမ်သက်သွားတယ်။

တစ်ရက်......

တစ်ပတ်......

ခန်းမက မိုင်ရာအနည်းငယ်ကျယ်ပြီး လူသားတစ်‌ယောက်နဲ့နတ်ဆရာရုပ်သေးခြောက်ရုပ်က အကြိတ်အနယ်တိုက်ခိုက်နေတယ်။

အခြေခံအားဖြင့် လီဖူချန်းက ဆယ်ကြိမ်ကျော် ထိခိုက်ဒဏ်ရာရထားပြီဖြစ်တယ်။

လဝက်.....

တစ်လ.......

"ဒါက အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးတစ်ရုပ်ရဲ့ခွန်အားလား"

သူ့မှာ အားကောင်းတဲ့စိတ်ဝိညာဉ်မရှိရင်၊ ကြယ်မသေမျိုးခန္ဓာကိုယ်မရှိရင်၊ ကောင်းကင်ဆက်ဓားမရှိရင် သူက အချိန်အတော်ကြာကတည်းက လဲကျနေလောက်ပါပြီ။ အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးတစ်ရုပ်စီက ပြိုင်ဘက်ကင်းသူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်။ ရုပ်သေးတွေအပေါ် လက်နက်တိုက်ခိုက်မှုတွေက မထိရောက်တာကြောင့် လီဖူချန်းရဲ့တိုက်ခိုက်မှုက လုံးဝအကျိုးသက်ရောက်မှုမရှိဖြစ်နေတယ်။

နှစ်လ။

သုံးလ။

လေးလ။

လီဖူချန်းက အံကြိတ်ကာ အားထုတ်နေတယ်။

ဒီအချိန်မှာ သူ့ခွန်အားကို စမ်းသပ်တာမဟုတ်ဘူး။ သူ့ကြယ်မသေမျိုးခန္ဓာကိုယ်ရဲ့ခံနိုင်ရည်ကို စမ်းသပ်‌နေတာပဲ။ ကြယ်မသေမျိုးခန္ဓာကိုယ်က ပြိုလဲသွားရင် လီဖူချန်းလည်း ပြိုလဲသွားလိမ့်မယ်။

All Chapters