← Chapters

ကောင်းကင်ဘုံနတ်ဆရာအကြည့်

Vol. 67 Ch. 925

ကောင်းကင်ဘုံနတ်ဆရာအကြည့်

Vol. 67 Ch. 925

ငါးလ......ခြောက်လ......

ဒီနေရာကို မလာခင်တုန်းက နှစ်ဝက်ကြာတဲ့အထိ နတ်ဆရာရုပ်သေးခြောက်ရုပ်ကို တိုက်ခိုက်ရလိမ့်မယ်လို့ လီဖူချန်းက မမျှော်လင့်ထားခဲ့ဘူး။

အတိတ်မှာ ပုံမှန်အားဖြင့် သူ့ရဲ့တိုက်ပွဲတွေက အချိန်တိုအတွင်းမှာ အဆုံးသတ်ခဲ့တယ်။

"နတ်ဆရာပညာရပ်တွေမှာ ကျွမ်းကျင်တဲ့ပြိုင်ဘက်ကင်းသူတော်စင်အရှင်တစ်‌ယောက်‌ရှိရင် ဒီလောက်အချိန်ကြာမှာမဟုတ်ဘူး" လီဖူချန်းက သူ့ရာသူပြောလိုက်တယ်။

ခုနှစ်လမြောက်မှာ နတ်ဆရာရုပ်သေးတွေရဲ့စွမ်းအင်က လျော့ကျလာတာကို လီဖူချန်းက ခံစားမိလာတယ်။

ရှစ်လမြောက်မှာ နတ်ဆရာရုပ်သေးတွေက စွမ်းအင်၅၀ရာခိုင်နှုန်းသာ ကျန်တော့တယ်။

ကိုးလမြောက်မှာ လီဖူချန်းက နတ်ဆရာရုပ်သေးခြောက်ရုပ်ကို အလွယ်တကူဖိနှိပ်နိုင်ခဲ့တယ်။

ဆယ်လမြောက်.......

ဖြောက်......

ဓားအလင်းတစ်ခုလက်သွားပြီး နတ်ဆရာရုပ်သေးခြောက်ရုပ်လုံးက လက်နက်နဲ့ချပ်ဝတ်တွေအစုအပုံအဖြစ် ပြန့်ကျဲသွားတော့တယ်။

"ထင်ထားသလိုပဲ၊ အားလုံးက အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်နဲ့လက်နက်တွေပဲ" လီဖူချန်းက ပျော်ရွှင်သွားပြီး ချပ်ဝတ်အပိုင်းအစတစ်ခုကို ကောက်ယူလိုက်တယ်။

အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်ချပ်ဝတ်က သူ့အတွက်အသုံးမဝင်ပေမယ့် အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်က သူ့အတွက် အတော်လေးအသုံးဝင်တယ်။

"လောနေစရာမလိုဘူး" လီဖူချန်းရဲ့မျက်လုံးတွေက ခန်းမရဲ့အဆုံးရှိစားပွဲပေါ်ကို ရောက်ရှိသွားတယ်။

စာလိပ်တစ်ခုနဲ့သတ္တုလက်စွပ်တစ်ကွင်းရှိတယ်။

စာလိပ်ကို ဖွင့်ပြီးနောက် လီဖူချန်းက ပင့်သက်ရှိုက်လိုက်မိတယ်။ ဒီစာလိပ်က ထူးကဲအဆင့်လကျိန်စာစာလိပ်ဖြစ်တယ်။

သူက လကျိန်စာစာလိပ်၁၉လိပ်ထိ ရရှိထား‌နေပြီး။ အဆင့်နိမ့်အဆင့်လကျိန်စာစာလိပ်ဆယ့်တစ်ခု၊ အလယ်ဆင့်လကျိန်စာစာလိပ်ငါးခု၊ အဆင့်မြင့်လကျိန်စာစာလိပ်နှစ်ခုနဲ့ ထူးကဲအဆင့်လကျိန်စာစာလိပ်တစ်ခု။

ဒီမတိုင်ခင်က လီဖူချန်းက အဆင့်နိမ့်လကျိန်စာလိပ်တစ်ခုကို အသက်သွင်းခဲ့တယ်။ နတ်ဆရာပညာရပ်လကျိန်စာက အာကာသ-အချိန်နဲ့ပုံဆောင်ခဲပစ္စည်းတွေကို အေးခဲစေတယ်။ အဆင့်သတ်မှတ်မထားတဲ့အထွတ်အထိပ်လက်နက်တစ်ခုကတောင် အဲဒါကို မရပ်တန့်နိုင်ဘူး။ အဆင့်နိမ့်ကျိန်စာစာလိပ်တစ်ခုက သာမန်သူတော်စင်အရှင်တစ်ယောက်ကို ချက်ချင်းသတ်ဖို့ လုံလောက်တယ်။

အလယ်ဆင့်၊ အဆင့်မြင့်၊ ထူးကဲအဆင့်လကျိန်စာစာလိပ်တွေရဲ့စွမ်းပကားကို သူက စိတ်ကူးယဉ်ကြည့်နိုင်တယ်။

"ဒီစာလိပ်ရဲ့တန်ဖိုးကို ဆုံးဖြတ်ဖို့တကယ်ခက်တယ်" လီဖူချန်းက အသက်ရှုသွင်းလိုက်တယ်။

လကျိန်စာစာလိပ်တွေက တန်ဖိုးရှိပေမယ့် သူတို့က တစ်ခါသုံးဖြစ်နေတာပဲ။

ထူးကဲအဆင့်လကျိန်စာစာလိပ်ကို ထိန်းသိမ်းပြီးနောက် လီဖူချန်းရဲ့အာရုံက သတ္တုလက်စွပ်ဆီ ရွှေ့ပြောင်းသွားတယ်။

သူက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့အတူ လက်စွပ်အတွင်းကို ကြည့်လိုက်တယ်၊ သတ္တုလက်စွပ်ရဲ့အသေးစိတ်ကို ချက်ချင်းသိသွားတယ်။

ဒါက နတ်ဆရာလပ်စွပ်တစ်ကွင်းဖြစ်ပြီး အဲဒါကနတ်ဆရာပညာရပ်ကောင်းကင်ဘုံနတ်ဆရာအကြည့်ကို ထွင်းထုထားတယ်။

နတ်ဆရာမျိုးနွယ်ထဲမှာ နတ်ဆရာမျိုးနွယ်သူတော်စင်တွေကို နတ်ဆရာသူတော်စင်လို့ခေါ်ပြီး နတ်ဆရာမျိုးနွယ်သူတော်စင်အရှင်တွေကို နတ်ဆရာသူတော်စင်အရှင်လို့ခေါ်တယ်။ နတ်ဆရာမျိုးနွယ်ကောင်းကင်ဘုံအရှင်တွေကို ကောင်းကင်ဘုံနတ်ဆရာတွေလို့ ခေါ်ဆိုတယ်။

ကောင်းကင်ဘုံနတ်ဆရာအကြည့်ဆိုတဲ့နာမည်အရ ဒါက သာမန်မဟုတ်ဘူးကို လီဖူချန်းက သိတယ်။ ဒါပေမယ့် ၎င်းရဲ့ခွန်အားကို သူ အတိအကျမသိဘူး။

"ဒီလက်စွပ်ကို လေလံတင်ရင် အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ဆယ်ဒါမှမဟုတ်နှစ်ဆယ်မီလီယံနဲ့ ရောင်းချနိုင်လိမ့်မယ်"

လီဖူချန်းက နတ်ဆရာလက်စွပ်ကို ချက်ချင်း မဝတ်သေးပါဘူး။ သူက အဲဒါကို အရင်သန့်စင်ဖို့လိုတယ်။

"ငါ နတ်ဆရာချပ်ဝတ်နဲ့လက်နက်တွေကို သုတေသနပြုဖို့ကြိုးစားရမယ်"

လက်ကို ဝှေ့ယမ်းလိုက်ရာ နတ်ဆရာချပ်ဝတ်တစ်စုံက ပျံသန်းလာပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ဖုံးအုပ်သွားတယ်။

ဓားစွမ်းအင်က ပေါက်ကွဲထွက်လာပြီး လီဖူချန်းက နတ်ဆရာချပ်ဝတ်အတွင်းရှိနတ်ဆရာအင်းကွက်တွေကို ချိတ်ဆက်လိုက်တယ်။

"တည်ငြိမ်စက်ကွင်းလား"

ဒီနတ်ဆရာချပ်ဝတ်ကို နတ်ဆရာပညာရပ်ဖြစ်တဲ့တည်ငြိမ်စက်ကွင်းနဲ့ ထွင်းထုထားတယ်။

အမည်အတိုင်းပဲ အဲဒါက တည်ငြိမ်စွမ်းအင်စက်ကွင်းတစ်ခုကို ဖန်တီးခဲ့တယ်။

တည်ငြိမ်စက်ကွင်းကို ဝင်ရောက်လာတဲ့ဘယ်တိုက်ခိုက်မှုမဆို နှေးကွေးလာကာ ငြိမ်သက်သွားရတယ်။

"နတ်ဆရာရုပ်သေးတွေနဲ့တိုက်ခိုက်ရတဲ့အခါ ငါ့ရဲ့ဓားပညာက နှေးကွေးသလိုခံစားမိတာ အံ့ဩစရာမရှိဘူး"

နတ်ဆရာချပ်ဝတ်ခြောက်စုံလုံးကို တည်ငြိမ်စက်ကွင်းနဲ့ ထွင်းထုထားတယ်။

အချက်အလက်အရ ချပ်ဝတ်တွေအတွက် တည်ငြိမ်စက်ကွင်းကလွဲပြီး ပိုကောင်းတဲ့နတ်ဆရာပညာရပ်မရှိဘူး။

ရန်သူရဲ့တိုက်ခိုက်မှုနီးကပ်လာတဲ့အခါ အဲဒါက ပိုနှေးကွေးလာလိမ့်မယ်။ ခွန်အားခြားနားချက်တစ်ခုရှိနေသမျှ ရန်သူရဲ့တိုက်ခိုက်မှုအကျိုးသက်ရောက်မှုရှိဖို့က မဖြစ်နိုင်ဘူး။ အခြားတစ်ဖက်မှာတော့ အသုံးပြုသူက ရန်သူကို ဖိနှိပ်နိုင်လိမ့်မယ်။

နတ်ဆရာလက်နက်ခြောက်ခုကတော့ ပုဆိန်၊ လှံ၊ ဓားမော့၊ ဓား၊ တူနဲ့ တောင်ဝှေးတို့ဖြစ်တယ်။

နတ်ဆရာလက်နက်ခြောက်ခုကို အံ့ဖွယ်အထောက်အပံ့လို့ခေါ်တဲ့နတ်ဆရာပညာရပ်တစ်ခုနဲ့အတူ ထွင်းထုထားတယ်။

အဲဒါက နတ်ဆရာလက်နက်အသုံးပြုသူကို ပိုမြန်စေတယ်၊ ပိုသန်မာစေတယ်၊ အားတွေပိုပြီး‌တော့စုစည်းလာနိုင်စေတယ်။

"အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာလက်နက်တစ်ခုရဲ့တန်ဖိုးက ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်လက်နက်တစ်ခုနဲ့ တစ်ပြေးညီဖြစ်လောက်တယ်"

အပြင်ကမ္ဘာမှာ ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်လက်နက်တစ်ခုက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်မီလီယံထိုက်တန်တယ်၊ ရှားပါးတဲ့အထွတ်အထိပ်သူတော်စင်အရှင်အနည်းငယ်ကသာ အဲဒါအတွက် တတ်နိုင်တယ်။

"အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်တစ်စုံရဲ့တန်ဖိုးက ပိုတောင်ကြီးမြင့်လိမ့်မယ်"

ချပ်ဝတ်တွေရဲ့တန်ဖိုးက လက်နက်တွေထက် ပိုမြင့်တယ်လေ။

ယေဘုယျပြောရရင် ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်အပိုင်းအစတစ်ခုက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံထိုက်တန်တယ်။ အဲဒါက တစ်စုံလုံးဆိုရင် တန်ဖိုးက နှစ်ဆဖြစ်လာလိမ့်မယ်။ တကယ်တော့ ချပ်ဝတ်တစ်စုံလုံးရဲ့ခုခံမှုက ချပ်ဝတ်အပိုင်းအစတစ်ခုထက် ပိုမြင့်တယ်။

အတိုချုပ်အားဖြင့် လက်နက်‌ရောပါရှိတဲ့အဆင့်မြင့်ထိပ်တန်းအဆင့်နတ်ဆရာချပ်ဝတ်တစ်စုံလုံးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်မီယံပတ်လည်ထိုက်တန်လိမ့်မယ်။ ခြောက်စုံက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးခြောက်ဆယီလီယံကို ဆိုလိုတယ်။ နတ်ဆရာလက်စွပ်နဲ့ထူးကဲအဆင့်လကျိန်စာစာလိပ်ပါဆိုရင်  ဒီခရီးအတွက် လီဖူချန်းရဲ့အကျိုးအမြတ်က အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်ရာမီလီယံနဲ့ နီးကပ်တယ်။

"ဒီနတ်ဆရာချပ်ဝတ်တစ်စုံကို အရင်သန့်စင်ကြည့်တာပေါ့"

ဒါပေမယ့် နတ်ဆရာချပ်ဝတ်တွေက သန့်စင်ရတာ မလွယ်လှဘူး။ ၅၀ရာခိုင်နှုန်းလောက်ထိ သန့်စင်ပြီးတဲ့အချိန်မှာ လီဖူချန်းက သူတို့ကို ဆက်လက်မသန့်စင်နိုင်တော့ဘူး။ အပြည့်အဝသန့်စင်ခြင်းမရှိဘူးဆိုရင် နတ်ဆရာအင်းကွက်တွေကို သူ့ရဲ့ဓားစွမ်းအင်နဲ့ အတင်းအကြပ်ချိတ်ဆက်ခြင်းဖြင့် နတ်ဆရာချပ်ဝတ်ရဲ့သက်ရောက်မှုကို ၉၀ရာခိုင်နှုန်းသာ လီဖူချန်းက အသုံးချနိုင်တယ်။

တစ်ဆက်တည်းမှာပဲ လီဖူချန်းက နတ်ဆရာဓားကို ငါးဆယ်ရာခိုင်နှုန်းထိ သန့်စင်နိုင်ခဲ့တယ်။

နောက်ဆုံးမှာတော့ လီဖူချန်းက နတ်ဆရာလက်စွပ်ကို ထုတ်ယူခဲ့တယ်။

"နတ်ဆရာပညာရပ်ကောင်းကင်ဘုံနတ်ဆရာအကြည့်ရဲ့ခွန်အားက ဘာလဲဆိုတာ ငါ သိချင်တယ်"

ကောင်းကင်ဘုံနတ်ဆရာတစ်ယောက်က ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ညီမျှတယ်။ ‌ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အကြည့်က ဘယ်လိုကြောက်စရာကောင်းသလဲကို လီဖူချန်းက စိတ်ကူးယဉ်ကြည့်ဖို့ ခက်ခဲတယ်။

ဒီနတ်ဆရာလက်စွပ်ကို သန့်စင်ရတာ နတ်ဆရာချပ်ဝတ်နဲ့လက်နက်ကို သန့်စင်ရတာထက် ပိုခက်ခဲတယ်။ လီဖူချန်းက အချိန်အကြာကြီး ယူလိုက်ရပြီး သူက ၃၀ရာခိုင်နှုန်းသာ သန့်စင်နိုင်ခဲ့တယ်။

ဒါပေမယ့် ဒီလောက်သန့်စင်နိုင်တာက လုံလောက်တယ်။ လီဖူချန်းက သူ့ရဲ့ဓားစွမ်းအင်ကို အသုံးပြုကာ လက်စွပ်အတွင်းရှိနတ်ဆရာအင်းကွက်တွေနဲ့ ချိတ်ဆက်လိုက်တယ်။

"အသက်သွင်းစမ်း"

နတ်ဆရာလက်စွပ်ထဲရှိနတ်ဆရာအင်းကွက်တွေကို ချိတ်ဆက်ပြီးတာနဲ့ လီဖူချန်းက ကောင်းကင်ဘုံနတ်ဆရာအကြည့်ကို အသက်သွင်းလိုက်တယ်။

ပုံရိပ်ယောင်မျက်လုံးတစ်စုံက ဟင်းလင်းပြင်မှ စိုက်ကြည့်လာတယ်။

"ဒါက......"

လီဖူချန်းက ပုံရိပ်ယောင်မျက်လုံးထဲသို့ တိုက်ရိုက်မကြည့်နိုင်ဘူး၊ ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက အနည်းငယ်နှေးကွေးလာတာကို သူ သိလိုက်ရတယ်။ သူက အဲဒါကို ဂရုတစိုက်အာရုံမခံရင် ရှာတွေ့ဖို့က အခြေခံအားဖြင့် မဖြစ်နိုင်ဘူး။

"စိတ်ဝိညာဉ်ကို အေးခဲ‌ခြင်းလား" လီဖူချန်းက အံ့အားသင့်သွားတယ်။

ကောင်းကင်ဘုံနတ်ဆရာအကြည့်က သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အနည်းငယ်သာ နှေးကွေးစေနိုင်တယ်။ ဒါပေမယ့် အဲဒါက သူ့ရဲ့စိတ်ဝိညာဉ်နဲ့ရင်ဆိုင်ရာမှာတော့ အသုံးမဝင်ဖြစ်နေတယ်။

သူ့ရဲ့စိတ်ဝိညာဉ်က ခရမ်းနီရောင်စိတ်ဝိညာဉ်ဖြစ်ပြီး ‌ဘယ်ကောင်းကင်ဘုံအရှင်ထက်မဆို ပိုအားကောင်းတယ်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကို အနည်းငယ်နှေးကွေးသွားစေတာဆိုတော့ အဲဒါက သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို အေးခဲစေဖို့ လုံလောက်တယ်။ အေးခဲခြင်းကြာချိန်ကိုတော့ လီဖူချန်းက မသိသေးဘူး။

"နတ်ဆရာမျိုးနွယ်က ဝိညာဉ်တာအိုနည်းလမ်းတွေမှာလည်း ကျွမ်းကျင်တာများလား"

ပုံရိပ်ယောင်မျက်လုံးပျောက်ကွယ်သွားတာနဲ့ ကောင်းကင်ဘုံနတ်ဆရာတစ်ယောက်ရဲ့အကြည့်က ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အကြည့်နဲ့ လုံးဝခြားနားတာကို လီဖူချန်းက ခန့်မှန်းမိတယ်။

ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အကြည့်က သူတော်စင်အရှင်တစ်ယောက်ကို အနည်းငယ်သာ ဖိအားပေးနိုင်တယ်။

ဒါပေမယ့် ကောင်းကင်ဘုံနတ်ဆရာတစ်ယောက်ရဲ့အကြည့်က ဝိညာဉ်တာအိုတိုက်ခိုက်မှုတစ်ခုဖြစ်တယ်။ အဲဒါက စိတ်ဝိညာဉ်ကို အေးခဲနိုင်ပြီး သာမန်အကြည့်နဲ့ လုံးဝခြားနားတယ်။

All Chapters