လေ့ကျင့်ခြင်း
Vol. 67 Ch. 926
"ထွက်သွားဖို့အချိန်ပဲ"
အရိုးသားဆုံးပြောရရင် လီဖူချန်းက နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေကို ထပ်ရှာဖွေချင်သေးတယ်။ ဒါပေမယ့် အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးခြောက်ရုပ်နဲ့ ခြောက်လကြာ တိုက်ခိုက်ပြီးနောက် သူ့ရဲ့ကြယ်မသေမျိုးခန္ဓာကိုယ်က ပြိုလဲလုလုဖြစ်ပြီး သူ့ရဲ့အသက်စွမ်းအားကလည်း အပြင်းအထန်ကုန်ခန်းသွားတယ်။ သူ့ရဲ့အရင်းမြစ်ကတောင် အနည်းငယ်ထိခိုက်သွားသေးတယ်။
သူ ဆက်ရှာဖွေရင်တော့ သေမင်းကို ရှာဖွေသလိုပေါ့လေ။
ကောင်းကင်ဘုံပုံဆောင်ခဲဘောလုံးကို အသုံးပြုလျက် လီဖူချန်းက မူလလမ်းကြောင်းအတိုင်း ပြန်လှည့်လာပြီး တည်နေရာရွှေ့ပြောင်းရေးရင်ပြင်ဆီ ရောက်ရှိလာတယ်။
လမ်းတစ်လျှောက်မှာ လီဖူချန်းက တည်နေရာရွှေ့ပြောင်းရေးရင်ပြင်သုံးခုကို သတိပြုမိခဲ့တယ်။ ဒိီတည်နေရာရွှေ့ပြောင်းရေးရင်ပြင်တွေက နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေရဲ့ရှာဖွေသူတွေကို အပြင်သို့ ပို့ဆောင်ပေးရန်ဖြစ်တယ်။
ဝီဝီ.......
အလင်းတစ်ခုလက်သွားပြီး လီဖူချန်းက တည်နေရာရွှေ့ပြောင်းရေးရင်ပြင်မှ ပျောက်ကွယ်သွားတော့တယ်။
…
အံ့ဖွယ်သစ်ရွက်မြို့ကို ပြန်ရောက်ပြီးနောက် လီဖူချန်းက ချက်ချင်း သီးခြားကျင့်ကြံလိုက်တယ်။
သူ့ရဲ့အရင်းမြစ်ဒဏ်ရာကို အမြန်မကုသရင် အဲဒါက ပိုဆိုးလာလိမ့်မယ်။
လအနည်းကြာပြီးနောက် တန်ဖိုးကြီးအရင်းအမြစ်တွေရဲ့ကြီးမားတဲ့ပမာဏကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့အရင်းမြစ်က အပြည့်အဝသက်သာလာတယ်။ ကုန်ခန်းသွားတဲ့အသက်စွမ်းအားကိုတော့ ဖြည်းဖြည်းချင်းပြန်ဖြည့်နိုင်တယ်။ ဒါပေမယ့် အသက်စွမ်းအားအားဖြည့်ခြင်းအရင်းအမြစ်အချို့ကို သုံးစွဲခြင်းက ဖြည့်တင်းခြင်းကို ပိုမြန်ဆန်စေလိမ့်မယ်။
"နတ်ဆရာချပ်ဝတ်နဲ့လက်နက်တွေရဲ့တန်ဖိုးကို စုံစမ်းကြည့်ရတာပေါ့"
စုံစမ်းမှုအချို့ပြုလုပ်ပြီးနောက် အဆင့်နိမ့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာလက်နက်တစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သောင်းမှနှစ်သောင်းအထိ ထိုက်တန်တယ်။ အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာလက်နက်တစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်သိန်းမှနှစ်သိန်းအထိ တိုက်တန်တယ်။ အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာလက်နက်တစ်ခုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်မီလီယံမှနှစ်မီလီယံအထိ ထိုက်တန်တယ်။
နတ်ဆရာချပ်ဝတ်တွေက ပိုဈေးကြီးတယ်။ အဆင့်နိမ့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်တစ်စုံက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသောင်းမှတစ်သိန်းအထိ ထိုက်တန်တယ်။ အလယ်ဆင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်တစ်စုံက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသိန်းမှတစ်မီလီယံအထိ ထိုက်တန်တယ်။ အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်တစ်စုံက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးမီလီယံမှဆယ်မီလီယံအထိ ထိုက်တန်တယ်။
လီဖူချန်းမှာ နတ်ဆရာလက်နက်၂၄ခုနဲ့နတ်ဆရာချပ်ဝတ်တွေ၂၄စုံရှိတယ်။ လက်နက်တွေအတွက်ကတော့ အဆင့်နိမ့်၁၀ခု၊ အလယ်ဆင့်၈ခု၊ အဆင့်မြင့်၆ခု။ ချပ်ဝတ်တွေက အတူတူပဲ။ စုစုပေါင်းခန့်မှန်းတန်ဖိုးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၄၀မီလီယံမှ၈၀မီလီယံ ရှိလိမ့်မယ်။
"အခြားပစ္စည်းတွေလည်း ဈေးမပေါဘူး။ ငါ ဒီတစ်ကြိမ် အကြီးအကျယ် တန်ဖိုးရှိခဲ့တာပဲ"
နတ်ဆရာချပ်ဝတ်နဲ့လက်နက်တွေအပြင် နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှာရရှိခဲ့တဲ့လကျိန်စာစာလိပ်တွေ၊ယဇ်ရုပ်သေးတွေ၊ နတ်ဆရာလက်စွပ်တွေကလည်း အလွန်တန်ဖိုးရှိတယ်။ အားလုံးကို ပေါင်းလိုက်ရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၉၀မီလီယံမှ၁၃၀မီလီယံအထိ ရရှိလိမ့်မယ်။
ဒါတွေက ဈေးကွက်ဈေးနှုန်းအရပဲ။ လေလံပွဲတစ်ခုမှာဆိုရင် ၁၅၀မီလီယံဒါမှမဟုတ်အဲ့ထက်တောင် ပိုမြင့်နိုင်တယ်။
"သူတို့ကို ရောင်းဖို့ အလျင်လိုနေစရာမလိုဘူး။ သူတို့ကို လေလံပွဲတစ်ခုမှာ ရောင်းချရင်လည်း နောက်မကျလွန်းဘူး"
လီဖူချန်းက သူတို့ကို နံနက်ခင်းကြယ်အဆင့်ဒါမှမဟုတ်ဖြာထွက်လအဆင့်လေလံပွဲတစ်ခုမှာ ရောင်းချဖို့စီစဉ်ထားတယ်။
ဒါပေမယ့် သူက အခြားပစ္စည်းတွေကို အရင်ရောင်းချနိုင်တယ်။
နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှာ လီဖူချန်းက မြူခိုးမျိုးနွယ်သူတော်စင်အရှင်တစ်ယောက်ထံမှ နေရာလပ်လက်စွပ်တစ်ကွင်းကို ရရှိခဲ့တယ်။ အထဲရှိအရင်းအမြစ်တွေက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသိန်းထိုက်တန်တယ်။ ဒါ့အပြင် သူက နက်ပြာပလိန်းရှိသားရဲအာဏာရှင်များစွာကို သတ်ဖြတ်ခဲ့တယ်။ သူတို့ဆီမှရတဲ့ကြွယ်ဝမှုတွေနဲ့အတူကောင်းကင်လှည့်သားရဲအာဏာရှင်ရဲ့ကြွယ်ဝမှုကိုပေါင်းလိုက်ရင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်မီလီယံရရှိလိမ့်မယ်။
နောက်ထပ်သုံးရက်ကြာပြီးနောက် လီဖူချန်းရဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေက သုံးမီလီယံအထိ ရောက်ရှိလာတယ် နှစ်မီလီယံကို တာလုကလန်ကို ပေးပြီးနောက် လီဖူချန်းမှာ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်မီလီယံကျန်ရှိသေးတယ်။
ဓားသမားအစည်းအရုံး......
"အံ့ဖွယ်သစ်ရွက်ရည်ဆယ်ပုလင်း"
နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေသို့ဒီခရီးမှာ လီဖူချန်းက အတော်လေးကြီးမားတဲ့မြေပုံတစ်ခုကို ထုတ်နိုင်ခဲ့တယ်။ မြေပုံကိုတန်ဖိုးဖြတ်ပြီးနောက် သူက အစည်းအရုံးအမှတ်ဆယ်မီလီယံကို ရရှိခဲ့တယ်။
လီဖူချန်းက သူတို့အားလုံးကို အံ့ဖွယ်သစ်ရွက်ရည်နဲ့ ဖလှယ်ဖို့ အသုံးပြုခဲ့တယ်။
အံ့ဖွယ်သစ်ရွက်ရည်ဆယ်ပုလင်းနဲ့အတူ သူက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၇ရဲ့နှောင်းပိုင်းအခြေအနေကို ရောက်ရှိသင့်တယ်လို့ လီဖူချန်းက ယုံကြည်တယ်။
မျှော်လင့်ထားသလိုပဲ အံ့ဖွယ်သစ်ရွက်ရည်ဆယ်ပုလင်းကို သုံးစွဲပြီး အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေမှ စွမ်းအင်တွေကြီးမားတဲ့ပမာဏကို စုပ်ယူပြီးနောက် လီဖူချန်းရဲ့ကျင့်ကြံခြင်းက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၇ရဲ့နှောင်းပိုင်းအခြေအနေကို ရောက်ရှိလာခဲ့တယ်။ သူက စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်အဆင့်၈နဲ့ ပိုနီးကပ်လာနေတယ်။
အချိန်ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းကုန်ခန်းသွားတဲ့အသက်စွမ်းအားက အရင်းအမြစ်မျိုးစုံနဲ့အတူ လုံးဝပြန်ပြည့်လာခဲ့တယ်။
ခြံဝင်းထဲမှာ ရှေးဦးအလင်းတောက်ပမှုရှိတဲ့ဓားအလင်းတစ်ခုက လက်သွားတယ်။ အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဟင်းလင်းပြင်ကို ကြီးမားတဲ့အပေါက်တစ်ခုနဲ့အတူ ထိုးဖောက်သွားတယ်။
"ဓားချီမူလပြန်သွားခြင်းက အနည်းငယ်တိုးတက်လာပြန်ပြီ။ အခုဆိုရင် ငါက ဒီဓားကွက်ကို ထုတ်ဖော်ဖို့ ဓားစွမ်းအင်၁ရာခိုင်နှုန်းကိုသာ လိုအပ်တယ်"
ဓားစွမ်းအင်၁၀ရာခိုင်နှုန်းနဲ့၁ရာခိုင်နှုန်းက ကြီးမားတဲ့ခြားနားချက်တစ်ခုပါပဲ။
ရှေ့က ဓားဆယ်ကွက်ကိုသာ ဖော်ထုတ်နိုင်တယ်၊ နောက်ပိုင်းက ဓားကွက်တစ်ရာကို ဖော်ထုတ်နိုင်တယ်။
"စိတ်မကောင်းစရာကတော့ ငါက ချီသွေးအရင်းမြစ်တစ်ခုကို လိုအပ်နေသေးတာပဲ"
လက်ရှိအချိန်မှာ လိုအပ်တဲ့ကျင့်ကြံခြင်းအဆင့်ကို မရောက်ခင် တန်ဖိုးတစ်ခုပေးချေရမယ်ဆိုတာကို လီဖူချန်းက နက်နက်ရှိုင်းရှိုင်းနားလည်ထားတယ်။
သူက လိုအပ်တဲ့ကျင့်ကြံခြင်းအဆင့်ကို ရောက်ရှိလာရင် ဓားကွက်က ချီသွေးအရင်းမြစ်တစ်ခုမှ အသုံးမပြုဘူး၊ ဓားစွမ်းအင်ရဲ့၀.၀၁ရာခိုင်နှုန်းသာ လိုအပ်လိမ့်မယ်၊ ဒါပေမယ့် ဒီဓားကွက်ရဲ့သက်ရောက်မှုက အဆတစ်သောင်းပိုသန်မာလိမ့်မယ်။
"သူက ဒီနေရာကို ရောက်တော့မယ်" လီဖူချန်းက တစ်ယောက်ယောက်ကို စောင့်မျှော်နေတယ်။
နောက်ထပ်တစ်လကြာပြီးနောက် ကြီးမားတဲ့ပုံရိပ်တစ်ခုက အံ့ဖွယ်သစ်ရွက်မြို့ကို ဝင်ရောက်လာတယ်။
"သူ နောက်ဆုံးတော့ ရောက်လာပြီ" လီဖူချန်းက ပြုံးလိုက်တယ်
ထိုလူက သမန်းဝံပုလွေလီဖူချန်းပါပဲ။
ပိုသန်မာတဲ့ခွန်အားနဲ့ဆိုရင် နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှာ ပိုများပြားတဲ့ကြွယ်ဝမှုကို ရရှိနိုင်လိမ့်မယ်။ လီဖူချန်းက အတားအဆီးထောင်ချောက်တွေကို ဖြတ်မြင်နိုင်ပေမယ့် သူ့မှာ လုံလောက်တဲ့ခွန်အားမရှိဘူး၊ အဆင့်မြင့်နတ်ဆရာရုပ်သေးတွေကိုသာ ရင်ဆိုင်နိုင်တယ်။ သမန်းဝံပုလွေလီဖူချန်းနဲ့ဆိုရင် အရာအားလုံးက အလွယ်တကူဖြစ်လာလိမ့်မယ်။
ဒါပေမယ့် ဒီမတိုင်းခင် လီဖူချန်းက သမန်းဝံပုလွေလီဖူချန်းရဲ့သွေးမျိုးဆက်ကို ပြီးပြည့်စုံသောအမှောင်သမန်းဝံပုလွေသွေးမျိူးဆက်အဖြစ်သို့ ဆင့်ကဲပြောင်းလဲရလိမ့်မယ်။
ရှေးကျောက်တုံးနယ်မြေမှာ သမန်းဝံပုလွေလီဖူချန်းရဲ့ရိတ်သိမ်းမှုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးဆယ်မီလီယံပတ်လည်ရှိတယ်။
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးဆယ်မီလီယံအတူ သမန်းဝံပုလွေလီဖူချန်းက သူ့သွေးမျိုးဆက်၅၀ရာခိုင်နှုန်းကို အမှောင်သမန်းဝံပုလွေသွေးမျိူးဆက်သို့ ပြောင်းလဲထားခဲ့ပြီဖြစ်တယ်။ ကျန်ရှိနေတဲ့ငါးဆယ်ရာခိုင်နှုန်းကို ပြောင်းလဲဖို့ဆိုရင် သူက အနည်းဆုံးအထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀မီလီယံလိုအပ်လိမ့်မယ်။ အဲဒါက လီဖူချန်းမျှော်လင့်ထားတာထက် အများကြီးပိုတယ်။
"နောက်၂နှစ်မှာ ငွေလမြို့က ဖြာထွက်လအဆင့်လေလံပွဲတစ်ပွဲကို ကျင်းပလိမ့်မယ်။ ဒီပစ္စည်းတွေကို အရင်ယူသွား"
လီဖူချန်းက သမန်းဝံပုလွေလီဖူချန်းကို နေရာလပ်လက်စွပ်တစ်ကွင်း ကမ်းပေးလိုက်တယ်။
"ကောင်းပြီ" နေရာလပ်လက်စွပ်ကို လက်ခံပြီးနောက် သမန်းဝံပုလွေလီဖူချန်းက အံ့ဖွယ်သစ်ရွက်မြို့မှ ချက်ချင်း ထွက်သွားတယ်။
"အခု ငါ အံ့ဖွယ်သစ်ရွက်မြို့မှာပဲ အေးအေးဆေးဆေးစောင့်နေရမယ်"
လီဖူချန်းက ငွေလမြို့ကို သွားဖို့ အစီအစဉ်မရှိပါဘူး။ သမန်းဝံပုလွေလီဖူချန်းနဲ့ဆိုရင် ပြဿနာတစ်ခုမှ ရှိလိမ့်မှာမဟုတ်ဘူး။
"ဓားချီမူလပြန်သွားခြင်းကို ပိုမြင့်မားတဲ့အခြေအနေရောက်အောင် ငါ ကြိုးစားရမယ်"
လီဖူချန်းသိထားတာအရ လေတိမ်ဓားသူတော်စင်အရှင်ရဲ့ခွန်အားက လီဖူချန်းထက် သေချာပေါက် ပိုမြင့်မားတယ်။ လီဖူချန်းက ကောင်းကင်ဆက်ဓားကို မကိုင်ဆွဲရင် သူက လေတိမ်ဓားသူတော်စင်အရှင်အတွက် ပြိုင်ဘက်တစ်ယောက် ဘယ်တော့မှဖြစ်လိမ့်မှာမဟုတ်ဘူး။
နှစ်ဝက်ကြာပြီးနောက် ဓားသမားအစည်းအရုံးအတွင်းရှိသိုင်းပြိုင်ကွင်းအထဲမှာ.......
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ အခုကစပြီး ဂရုစိုက်ပါ။ ငါ့ရဲ့သစ်ရွက်နီဓားပညာကို သွေးသစ်ရွက်ဓားပညာလို့လည်း ခေါ်တယ်"
သိုင်းပြိုင်ကွင်းရဲ့ဗဟိုမှ လီဖူချန်းနဲ့သစ်ရွက်နီဓားသူတော်စင်အရှင်မတို့ ရပ်နေကြတယ်။
သစ်ရွက်နီဓားသူတော်စင်အရှင်မက အနီရောင်ဝတ်စုံနဲ့လှပတဲ့အမျိုးသမီးတစ်ယောက်ပါပဲ။ သူမက အလွန်အမင်းအားကောင်းပြီး ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တွေထဲကတစ်ယောက်လို့ အများက လက်ခံထားကြတယ်။
သူတို့နှစ်ယောက်က သိုင်းပြိုင်ကွင်းမှာ လေ့ကျင့်ဖို့အတွက် ရှိနေကြတာပါ။ ဒီအဆင့်မှာ အလုပ်ကြိုးစားရုံမျှနဲ့ အသုံးမဝင်ပါဘူး။ လက်တွေ့တိုက်ခိုက်ခြင်းက ထိရောက်မှုရှိပါလိမ့်မယ်။
ချွမ်း ချွမ်း ချွမ်း ချွမ်း ချွမ်း......
မီတာ၁၀၀က သူတို့နှစ်ယောက်အတွက် တည်ရှိမှုတစ်ခုမဟုတ်ပါဘူး။ နောက်အခိုက်မှာ သူတို့က ရုတ်တရက် တိုက်ခိုက်ခဲ့ကြတယ်။
"သစ်ရွက်နီကောင်းကင်ပြန့်ကျဲခြင်း"
သစ်ရွက်နီဓားသူတော်စင်အရှင်မက သူမရဲ့ဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။ အနီရောင်သစ်ရွက်တွေက ကောင်းကင်အပြည့်လွင့်မျောနေပြီး လှပလျက်ရှိနေတယ်။
"ဓားပင်လယ်မိုးကုတ်စက်ဝိုင်း"
လီဖူချန်းက သူ့လက်ထဲရှိနတ်ဆရာဓားကို ဝှေ့ယမ်းကာ ငွေရောင်ဓားပင်လယ်တစ်ခုကို ဖော်ထုတ်လိုက်တယ်။
ဝုန်း ဒုန်း.......
ဟင်းလင်းပြင်ထဲမှာ ငွေရောင်ဓားပင်လယ်တစ်ခုက အနီရောင်သစ်ရွက်ပင်လယ်နဲ့ ထိပ်တိုက်တွေ့နေတယ်။ အဲဒါက ဟင်းလင်းပြင်ထဲမှာ တွန့်လိမ်ရှုံ့တွခြင်းတစ်ခုကို ဖြစ်စေခဲ့တယ်။
၁၀ကွက်၊ ၁၀၀ကွက်၊ ၁၀၀၀ကွက်။
ကောင်းကင်ဆက်ဓားကို အားမကိုးဘဲနဲ့ လီဖူချန်းရဲ့ခွန်အားက သစ်ရွက်နီဓားသူတော်စင်အရှင်မနဲ့အတူ နှိုင်းယှဉ်နိုင်တယ်။ အချက်အလက်အရ သူမရဲ့ဓားပညာက သူ့ရဲ့ဓားပညာထက် ပိုချို့ယွင်းချက်မဲ့တယ်။ တကယ်တော့ သစ်ရွက်နီဓားပညာက ရှစ်ကွက်ရှိပြီး မူလအဆုံးစွန်းဓားပညာက သုံးကွက်သာရှိတယ်။ ဒါ့အပြင် တတိယဓားကွက်ဓားချီမူလပြန်သွားခြင်းကို သာမန်ကာလျှံကာအသုံးပြုလို့မရနိုင်ဘူး။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ သတ္တမဓားကွက်သစ်ရွက်နီလှည့်လည်ခြင်းကို မကြာသေးတဲ့ရာစုနှစ်အတောအတွင်း ငါ ဖန်တီးခဲ့တာပဲ။ ဂရုစိုက်ပါ"
ရုတ်တရက် သစ်ရွက်နီဓားသူတော်စင်အရှင်မရဲ့ချီတည်ရှိမှုက ပြောင်းလဲသွားတယ်။ အထီးကျန်ခြင်းနဲ့သတ်ဖြတ်ခြင်းချီတည်ရှိမှုတစ်ခုက မြင့်တက်လာပြီး ဟင်းလင်းပြင်ကို မီးခိုးရောင်လက္ခဏာအဖြစ်သို့ ပြောင်းလဲသွားစေတယ်။
"တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားကွက်လား" လီဖူချန်းရဲ့အမူအရာက ပြောင်းသွားတော့တယ်။