← Chapters

တောက်နူ

Vol. 118 Ch. 1642

တောက်နူ

Vol. 118 Ch. 1642

“တင်ပြပါတယ်...”

ကောင်းကင်ဘုံ၏ အကြီးဆုံးဘုံဖြစ်သော ကမ္ဘာဦးကောင်းကင်ဘုံ၏ တောင်ဘက်ရှိ အမြင့်ဆုံးတောင်ထွတ်ဖြစ်သည့် မိုးပြာမဟာဧကရာဇ်တောင်ထွတ်ပေါ်တွင် စိတ်လှုပ်ရှားစွာ အော်လိုက်သံတစ်သံ ထွက်ပေါ်လာသည်။ မကြာသေးမီက မိုးပြာမဟာဧကရာဇ်တောင်ထွတ်တစ်ခွင်လုံးတွင် ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့သည်။

မိုးပြာမဟာဧကရာဇ်တောင်ထွတ်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက မိုးပြာမဟာဧကရာဇ် တာအိုကျင့်ကြံရာနေရာ ဖြစ်သည်။ သို့သော် မိုးပြာမဟာဧကရာဇ်သည် ထိုတောင်ထွတ်တွင်နေရန် မရွေးချယ်ခဲ့ပေ။ ထို့ကြောင့် ၎င်းက မိုးပြာမဟာဧကရာဇ်၏ လက်အောက်ရှိ နံပါတ်တစ်မျိုးနွယ်ဖြစ်သော တောက်မျိုးနွယ်၏ အခြေစိုက်ရာနေရာ ဖြစ်လာခဲ့သည်။

တောက်မျိုးနွယ်၏ ဘိုးဘေးက မိုးပြာမဟာဧကရာဇ်၏ ဓားတော်ကိုင် ဖြစ်ခဲ့ပြီး မိုးပြာမဟာဧကရာဇ်‌နောက်သို့ နှစ်တစ်ရာတိုင်အောင် သစ္စာရှိရှိလိုက်ခဲ့သည်။ မိုးပြာမဟာဧကရာဇ်နောက်သို့ ထိုမျှကြာအောင် လိုက်ခဲ့ပြီး မဟာဧကရာဇ်ထံမှနေ၍ လမ်းညွှန်မှုများ ရရှိခဲ့သဖြင့် ထိုဘိုးဘေးသည် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်သွားခဲ့သည်။ ၎င်းဘိုးဘေးက မိဘမဲ့တစ်ယောက်ဖြစ်ပြီး အမည်လည်းမရှိသဖြင့် မိုးပြာမဟာဧကရာဇ်သည် သူ့ကို မျိုးရိုးအမည် ‘တောက်’၊ လူအမည် ‘နူ’ဟု မှည့်ပေးခဲ့သည်။ ယင်းမှာ တောက်မျိုးနွယ်၏ မူလအစပင်။

တောက်နူသည် မိုးပြာမဟာဧကရာဇ်တောင်ထွတ်တွင် ရှိမနေ။ သူက မိုးပြာမဟာဧကရာဇ်နှင့်သာ ဆက်နေနေပြီး တောက်မျိုးနွယ်၏ နိစ္စဓူဝကိစ္စများကို သူ၏သား တောက်နုက ကိုင်တွယ်ပေသည်။ တောက်ဖုန့်က တောက်နု၏သား ဖြစ်သည်။ မကြာသေးခင်က တောက်ဖုန့်၏ စိတ်ဝိညာဉ်ကျောက်စိမ်းအဆောင် ပျက်စီးသွားပြီဆိုသော သတင်း ရောက်လာခဲ့၏။ ယင်းမှာ တောက်ဖုန့်သေသွားပြီဟု ရည်ညွှန်ခြင်းပင်။

ထို့ပြင် ကုန်းယန်မျိုးနွယ်၊ လျန်မျိုးနွယ်နှင့် အခြားမျိုးနွယ်ကြီးများထံသို့လည်း သတင်းများ ရောက်လာခဲ့၏။ သခင်မလေးကုန်းယန်၊ သခင်လေးလျန်နှင့် အခြား သခင်လေးများ၊ သခင်မလေးများ ပြန်လာကြပေပြီ။ သူတို့သည် အထက်ဘုံမှ နံပါတ်တစ်ပါရမီရှင် ကျန်းရီ၏ ဖိအားပေးမှုကို ခံခဲ့ရသဖြင့် ပြန်လာရခြင်းပင်။ သခင်မလေးကုန်းယန်သည် မပြန်ခင်လေးတွင် တောက်ဖုန့်၏ နတ်ဘုရားရှောင်တိမ်းအဆောင်က လွင့်ထွက်သွားပြီး တောက်ဖုန့် လိုက်သတ်ခံနေရသည်ကို မြင်ခဲ့ရသည်။

တောက်မျိုးနွယ်တစ်ခုလုံး လက်နက်ဆွဲကိုင်ထားကြသည်။ မိုးပြာမဟာဧကရာဇ်၏ ဓားတော်ကိုင်က အတော်လေး စွမ်းဆောင်နိုင်ခဲ့သည်။ သူသည် သား ဆယ်ယောက်ကျော် မွေးခဲ့သည်။ သူ့သားအများစုကလည်း အုပ်ချုပ်သူအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။ ထို့ပြင် နှစ်ယောက်က ဧကရာဇ်တစ်ပိုင်းအဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။ တောက်မျိုးနွယ်တွင် စွမ်းအားကြီး သိုင်းသမားများ မရှားပေ။ ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးတွင် တောက်မျိုးနွယ်၏ ဂုဏ်သတင်းက ထိပ်တန်းပင်။ သူတို့သည် ပြီးခဲ့သော နှစ်များအတွင်း တိုက်ပွဲစွမ်းဆောင်ချက်များနှင့် တိုက်ပွဲအမှတ်များစွာ ရရှိခဲ့ပြီး တမလွန်ဘုံကို ခုခံသည့် အဓိကအင်အားထောက်တိုင်များထဲမှ တစ်ခုလည်း ဖြစ်လာခဲ့သည်။

ယခုတွင်မူ တောက်မျိုးနွယ်၏ မျိုးဆက်သစ်သခင်လေးတစ်ယောက်က အသတ်ခံလိုက်ရပြီလော။ ထို့ပြင် သူ့ကို သတ်သွားသူက အထက်ဘုံမှ လူငယ်လေးတစ်ယောက်လော။ သို့ဖြစ်ရာ တောက်မျိုးနွယ် ဒေါသူပုန်ထသွားခြင်းမှာ မဆန်းပေ။ တောက်ဖုန့်၏ အဆင့်အတန်းအရ ကောင်းကင်ဘုံ၏ မျိုးနွယ်ကြီးရှိ မည်သူကမှ သူ့ကို ထိဝံ့မည် မဟုတ်ချေ။ သူက အမှားတစ်ခုလုပ်ခဲ့လျှင်ပင် ကောင်းကင်ဘုံ မျိုးနွယ်ကြီးများသည် သူ့ကို ဆုံးမရုံသာ ဆုံးမကြမည်ဖြစ်ပြီး သတ်ပစ်ဝံ့လိမ့်မည် မဟုတ်ပေ။

သို့သော် ကျန်းရီက ကောင်းကင်ဘုံမှ မဟုတ်သဖြင့် တောက်မျိုးနွယ်၏ ဩဇာအာဏာကို နားမလည်ချေ။ တောက်မျိုးနွယ်က မည်မျှကြောက်မက်ဖွယ်‌ကောင်းကြောင်း မသိခဲ့၍လည်း တောက်ဖုန့်ကို သတ်ပစ်ခဲ့ခြင်း ဖြစ်မည်။

ထိုသတင်း ပျံ့နှံ့သွားသည်နှင့် တောက်မျိုးနွယ်သည် ကောင်းကင်ဘုံ၏ ဟားစရာတစ်ခု ဖြစ်လာပေလိမ့်မည်။ တောက်မျိုးနွယ်မှ သခင်လေးတစ်ယောက်သည် တမလွန်ဘုံမိစ္ဆာများ၏ လက်ချက်ကြောင့် မသေဘဲ အထက်ဘုံမှ ပမွှားလေးတစ်ယောက်ကြောင့် သေခဲ့၏။ ယင်းက မည်မျှ ရယ်စရာကောင်းပါသနည်း။

တောက်မျိုးနွယ်ခေါင်းဆောင် တောက်နုသည် ဒေါသတကြီးဖြင့် တောက်နူထံ ချက်ချင်းသတင်းပို့လိုက်သည်။ တောက်နူက စကားလုံးတစ်လုံးနှင့် ပြန်ပြောသည်။

သတ်...

တောက်နူက အမိန့်ပေးလိုက်ပြီဖြစ်၍ တောက်မျိုးနွယ်တစ်ခုလုံး ချက်ချင်း လှုပ်ရှားကြသည်။ တောက်မျိုးနွယ်၏ တိုက်ပွဲခန်းမခေါင်းဆောင်ဖြစ်သော ဧကရာဇ်တစ်ပိုင်းအဆင့် တောက်လန်သည် ဆယ်ချီသော အုပ်ချုပ်သူအဆင့် သိုင်းသမားများကို ကိုယ်တိုင်ဦးဆောင်၍ ကျန်းရီကိုသတ်ရန် ဟွင့်သွမ့်ပင်လယ်သို့ တည်နေရာပြောင်းရွှေ့သွားလေသည်။

ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်နေသည်။ စွမ်းအားကြီး သိုင်းသမားများသည် အထက်ဘုံမှနေ၍ မပြတ် တက်လှမ်းလာနေသည်။ သို့သော် ထိုစွမ်းအားကြီး သိုင်းသမားများက ကောင်းကင်ဘုံတွင် အမည်တစ်လုံးတွင်အော် မစွမ်းဆောင်နိုင်ကြပေ။ သူတို့သည် တမလွန်ဘုံဖြိုစစ်တပ်ထဲတွင် အလွန်ဆုံးမှ စစ်သူကြီးအဆင့် သို့မဟုတ် တပ်မှူးအဆင့်အထိသာ ရောက်ကြသည်။

မိစ္ဆာသတ်ဖြတ်မဟာဧကရာဇ်မှလွဲ၍ အခြားမည်သူကမှ အထွတ်အထိပ်အထိ မရောက်နိုင်သေးပေ။ ယခုတွင်မူ ကျန်းရီသည် အထက်ဘုံကို ကျော်ကြားသွားအောင် လုပ်လိုက်ပေပြီ။ အနည်းဆုံးတော့ မျိုးနွယ်ကြီးများက ကျန်းရီဟုခေါ်သူတစ်ယောက်က တောက်မျိုးနွယ်၏ ပထမသခင်လေးကို သတ်ခဲ့ကြောင်း သိသွားကြပြီဖြစ်သည်။

***

ချီချင်ချန်၏ ခန့်မှန်းချက်က အလွန်မှန်ကန်ခဲ့သည်။ တောက်လန်နှင့် သူ့လူများသည် ဟွင့်သွမ့်ပင်လယ်သို့ ရောက်သည်နှင့် ကောင်းကင်ဝိညာဉ်ကျွန်းကို ထိန်းသိမ်းလိုက်ကြသည်။

ကောင်းကင်ဝိညာဉ်ကျွန်းပေါ်တွင် လူများကို ကောင်းကင်ဘုံနှင့် အထက်ဘုံသို့ တည်နေရာပြောင်းရွှေ့ပေးနိုင်သည့် တည်နေရာပြောင်းရွှေ့အစီအရင်များစွာ ရှိသည်။ သူတို့သာ ထိုနေရာကို ထိန်းချုပ်ထားလျှင် ကျန်းရီတို့သည် အထက်ဘုံသို့ ပြန်နိုင်လိမ့်မည် မဟုတ်ချေ။

တောက်မျိုးနွယ်၏ နံပါတ်သုံးပုဂ္ဂိုလ်ဖြစ်သော ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်းသမား ရောက်လာသဖြင့် ဟွင့်သွမ့်ပင်လယ်၏ မျိုးနွယ်ကြီးလေးခုသည် ချက်ချင်းစုဝေး၍ သူ့အမိန့်များကို နားထောင်လိုက်ကြ၏။ တောက်လန်သည် ကောင်းကင်ဝိညာဉ်ကျွန်းမှ ထွက်မည် မဟုတ်ပေ။ သူသည် ထိုကျွန်းတွင် အထိုင်ချ၍ အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်လေးဆယ်‌လောက်ကို အပြင်စေလွှတ်လိုက်သည်။ ထို့ပြင် မျိုးနွယ်ကြီးလေးခုကိုလည်း သူတို့၏စစ်တပ်များကို စေလွှတ်စေ၍ မိစ္ဆာသတ်ဖြတ်နန်းတော်၏ ကီလိုမီတာငါးသန်းပတ်လည်အတွင်းကို ပိတ်ဆို့ကာ ကျန်းရီ ထွက်ပေါ်လာမည်ကို စောင့်နေခိုင်းလိုက်သည်။

မျိုးနွယ်ကြီးလေးခုသည် အတူပူးပေါင်း၍ သူတို့၏ စွမ်းအားကြီး သိုင်းသမားအားလုံးကို စေလွှတ်လိုက်သည်။ စွမ်းအားကြီး သိုင်းသမား အယောက်ငါးသန်းသည် ကြယ်တာရာမြို့သို့ တည်နေရာပြောင်းရွှေ့၍ မိစ္ဆာသတ်ဖြတ်နန်းတော်အနီးသို့ သွားကာ ဝန်းရံပိတ်ဆို့လိုက်ကြသည်။

မိစ္ဆာသတ်ဖြတ်နန်းတော်ထဲမှနေ၍ အပြင်သို့ တည်နေရာပြောင်းရွှေ့ခြင်းမှာ အလိုအလျောက်ဖြစ်သည်။ တည်နေရာပြောင်းရွှေ့သည့် အကွာအဝေးမှာ နန်းတော်နှင့် ကီလိုမီတာငါးသိန်းအတွင်းဖြစ်သည်။ သို့သော် ကျန်းရီက မည်သည့်နေရာ၌ ထွက်ပေါ်လာသည်ဖြစ်စေ ရုတ်ခြည်း ဝန်းရံသတ်ဖြတ်မှုကို ခံရမည်သာ။

ဟွင့်သွမ့်ပင်လယ်တစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်လာသည်။ ကျန်းရီသည် လျန်မျိုးနွယ်မှ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ခဲ့စဉ်ကပင် ဟွင့်သွမ့်ပင်လယ်ကို အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ပြီးဖြစ်သည်။ လူများစွာက သူ့ကို လိုက်သတ်ခဲ့ကြသည်။ သို့သော် သူတို့ ရက်နှင့်ချီ၍ ရှာဖွေခဲ့သည်ပင် သူ့ကို ရှာမတွေ့ခဲ့။

ကျန်းရီ ပြန်ထွက်ပေါ်လာပြီး မိစ္ဆာသတ်ဖြတ်နန်းတော်ထဲ ဝင်သွားကတည်းက လူများစွာသည် ကိစ္စကြီးတစ်ခု ဖြစ်လာတော့မည်ဟု ခံစားနေခဲ့ရသည်။ အမှန်လည်း ကိစ္စကြီးတစ်ခု ဖြစ်လာပေပြီ။ တောက်ဖုန့်နှင့် အုပ်ချုပ်သူအဆင့် ကိုယ်ရံတော်များစွာ အသတ်ခံခဲ့ရသည်။

ကောင်းကင်ဝိညာဉ်ကျွန်းရှိ တည်နေရာပြောင်းရွှေ့အစီအရင်များက နာရီနှင့်ချီအောင် လင်းလက်နေ၏။ ‌ကောင်းကင်ဘုံရှိ မျိုးနွယ်အသီးသီးမှ စွမ်းအားကြီး သိုင်းသမားများ တည်နေရာပြောင်းရွှေ့လာကြသည်။ သခင်မလေးကုန်းယန်၊ သခင်လေးလျန်နှင့် အခြားသခင်လေး၊ သခင်မလေးများအားလုံးလည်း ပြန်ရောက်လာကြသည်။ ဤတစ်ခေါက်တွင် သူတို့၏မျိုးနွယ်များမှ စွမ်းအားကြီး သိုင်းသမားများလည်း ပါလာပေသည်။

ထိုသခင်လေး၊ သခင်မလေးများသည် တောက်လန်နှင့် ပူးပေါင်းကာ ကျန်းရီကိုသတ်၍ ကောင်းကင်ဘုံ မျိုးနွယ်ကြီးများ၏ ဂုဏ်သိက္ခာကို ပြန်အဖက်ဆယ်လိုနေခြင်းပင်။

ယခုတွင် ဟွင့်သွမ့်ပင်လယ်တစ်ခွင်လုံး၌ စွမ်းအားကြီး သိုင်းသမားများ ရှိနေသည်။ ထိုသိုင်းသမားများထဲတွင် အနည်းဆုံး အုပ်ချုပ်သူအဆင့် သိုင်သမား သုံးရာကျော် လေးရာလောက် ပါသည်။ ထို့ပြင် ဧကရာဇ်တစ်ပိုင်းအဆင့် သိုင်သမားတစ်ယောက်လည်း ကောင်းကင်ဝိညာဉ်ကျွန်းတွင် အထိုင်ချ၍ ကျန်းရီကိုသတ်ရန် ထောင်ချောက်တစ်ခု ပြင်ဆင်နေပေသည်။

အထက်ဘုံသို့ တည်နေရာပြောင်းရွှေ့နိုင်မည့် အစီအရင်အားလုံးကိုလည်း ချိပ်ပိတ်ထားသည်။ အထက်ဘုံက မည်သူမှ တည်နေရာပြောင်းရွှေ့ မလာနိုင်သလို အထက်ဘုံသို့လည်း မည်သူမှ ပြန်ဆင်းနိုင်မည် မဟုတ်ပေ။ တောက်လန်သည် ကောင်းကင်ဝိညာဉ်ကျွန်းမှနေ၍ ခြေတစ်လှမ်းမခွာချေ။ ကျန်းရီ အထက်ဘုံသို့ မပြန်နိုင်သ၍ သူ မည်သို့၊ မည်ပုံ ထွက်ပြေးပါစေ နောက်ဆုံးတွင် သေရမည်သာ။

***

ကျန်းရီသည် သူထွက်ပေါ်လာမည်ကို စောင့်နေသော သိုင်းသမားများစွာ ရှိနေသည်ကို မသိပေ။ သူသည် အဆိပ်ဝိညာဉ်ကိုခေါ်၍ ဝင်္ကပါထဲ လျင်မြန်စွာ လှည့်ပတ်သွားနေသည်။ နာရီအနည်းငယ် ပြေးပြီးသည်အထိ သူတို့ ဝင်ပေါက်ရော ဟယ်နုန်ယင်းကိုပါ မတွေ့သေးပေ။

‘ဒီနေရာက ဘယ်လောက်တောင် ကြီးတာလဲ’

ကျန်းရီ အတန်ငယ် စိတ်မရှည်နိုင်ဖြစ်လာ၏။ သူတို့က နာရီပေါင်းများစွာ ပြေးခဲ့ပြီးပေပြီ။ သို့သော် ဝင်ပေါက်ကို မတွေ့သေးပေ။ သူတို့သာ ဟယ်နုန်ယင်း၏ အနံ့နောက်သို့ လိုက်နေခြင်း မဟုတ်လျှင် သူတို့ လမ်းပျောက်နေပြီဟု ကျန်းရီ ထင်မိပေလိမ့်မည်။

ဝှစ်...

ဤနေရာအထိပင် ရောက်နေပြီဖြစ်ရာ ကျန်းရီ နောက်ပြန်မလှည့်နိုင်တော့ပေ။ သူ အနံ့နောက်သို့ ဆက်လိုက်၍ ဟယ်နုန်ယင်းအပေါ်တွင်သာ မျှော်လင့်ချက်ထားထားရပေမည်။

ဤဝင်္ကပါထဲမှ လမ်းကြောင်းတိုင်းက တစ်ပုံစံတည်းပင်။ နံရံများနှင့် မျက်နှာကြက်များတွင် အကာအရံများရှိသည်။ မျက်နှာကြက်များမှ ညလင်းပုလဲများသည်ပင် တစ်ထေရာတည်းဖြစ်ကြသည်။ ကျန်းရီသည် ဝင်္ကပါထဲတွင် လှည့်ပတ်ပြေးနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ဟာကွက်တစ်ခု သို့မဟုတ် ဝင်ပေါ်အစစ်အတွက် သဲလွန်စများကို ရှာတွေ့ရန် မဆိုထားနှင့် လမ်းကြောင်းများ၏ ကွဲပြားမှုတစ်ခုကိုမှ သတိမပြုမိသေးပေ။

ဆယ့်ခြောက်နာရီကြာအောင် လှည့်ပတ်ပြေးနေပြီးနောက် ကျန်းရီနှင့် အဆိပ်ဝိညာဉ်တို့ ရပ်တန့်လိုက်ကြသည်။ သူတို့အရှေ့တွင် လမ်းမရှိတော့ပေ။ သူတို့ ဟယ်နုန်ယင်းကိုလည်း တွေ့လိုက်ပေပြီ။

ဟယ်နုန်ယင်းက အရှေ့တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူမ၏ မျက်နှာက အေးချမ်းနေသည်။ ခြေသံများကို ကြားလိုက်သောအခါ သူမ မျက်လုံးဖွင့်ကြည့်၏။ ထို့နောက် ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။

“ကျန်းရီ... ရှင် ရောက်လာပြီလား”

“အန်...”

ကျန်းရီသည် အဆိပ်ဝိညာဉ်ကို နောက်ဆုတ်ရန် ပြောလိုက်၏။ သူ့ကိုယ်ပေါ်တွင် အဖြူရောင်စစ်ချပ်ဝတ် ထွက်ပေါ်လာသည်။ သူ အလောင်းကြီးကိုလည်း ထုတ်လိုက်သည်။ ပြီးမှ သူ ဟယ်နုန်ယင်းကို စိုက်ကြည့်ကာ မေးလိုက်သည်။

“ခင်ဗျားက ကျွန်တော်တို့ လိုက်လာတာကို သိတယ်လား”

“ဒါပေါ့”

ဟယ်နုန်ယင်းက ခပ်ရေးရေးပြုံးကာ ပြန်ပြော၏။

“ပြောရရင်... ကျွန်မက တမင် အနံ့ချန်ခဲ့ပေးတာပဲ။ ကျွန်မက ဒီဝင်္ကပါထဲက ထွက်နိုင်မဲ့လမ်းကို သိလောက်တယ်လို့ ရှင်ထင်နေတာမဟုတ်လား။ ဟားဟား... ကျွန်မ စိတ်မကောင်းပါဘူး။ ကျွန်မရဲ့ မျိုးနွယ်ဝင်တွေက ဒီဝင်္ကပါထဲကို မဝင်ခဲ့ဖူးဘူး။ ကျွန်မက စိတ်ထင်သလို လျှောက်သွားနေတာပဲ။ ရှင်မြင်လိုသလိုပဲ... ဒါက လမ်းပိတ်တစ်ခုမလား”

“အာ..”

ကျန်းရီ၏ မျက်နှာထား အေးစက်သွား၏။ ဟယ်နုန်ယင်းက သူတို့ကို သူမနောက်သို့ အချည်းနှီး လိုက်လာစေခဲ့သည်လော။ သူသည် အချိန်ဖြုန်းခဲ့မိသည့်အတွက် စိတ်မရှိပေ။ ပို၍အရေးကြီးသည်မှာ ယခု ဝင်ပေါက်အစစ်ကို မရှာနိုင်တော့ခြင်းပင်။ ဤဝင်္ကပါထဲတွင် လမ်းမှားတစ်ခုကို ရွေးမိသည်နှင့် ပိတ်မိနေတော့မည်သာ။ ယခုတွင် သူ အပြင်သို့ တည်နေရာပြောင်းရွှေ့ခံရဖို့ စောင့်နေရန်သာ ရှိတော့သည်။

“ဟင်းဟင်း...”

ဟယ်နုန်ယင်းသည် မချိုမချဉ်ပြုံး၍ ထပ်ပြော၏။

“ကျန်းရီ... ရှင်က အရမ်းကံကောင်းတဲ့သူဆိုတော့ ဒီဝင်္ကပါထဲမှာ လျှောက်သွားရင်း မိစ္ဆာသတ်ဖြတ်ဓား၊ မိစ္ဆာသတ်ဖြတ်ချပ်ဝတ် ဒါမှမဟုတ် မိစ္ဆာသတ်ဖြတ်နန်းတော်ရဲ့ သော့ချက်ကို တွေ့သွားနိုင်တယ်။ ကျွန်မ အဲ့ဒါကို ခွင့်မပြုနိုင်ပါဘူး။ ရှင် ဒီမှာ ကျွန်မနဲ့အတူ ထိုင်ပြီး အပြင်ကို တည်နေရာပြောင်းရွှေ့ခံရမဲ့အချိန်ကို စောင့်နေသင့်တယ်။ ဟင်... ရှင်က တောက်ဖုန့်ရဲ့ စစ်ချပ်ဝတ်ကို ဝတ်ထားတာလား။ ရှင် သူ့ကို သတ်လိုက်ပြီလား။ ရှင်က သတ္တိတော့ ရှိသားပဲ။ ရှင် အထက်ဘုံကို ပြန်နိုင်တဲ့အထိ အသက်နဲ့ကိုယ် မြဲနေပါစေလို့ ကျွန်မ မျှော်လင့်ပါတယ်”

ရွှီး...

ဟယ်နုန်ယင်း၏လက်ထဲတွင် ဆဋ္ဌဂံပုံစံ ကျောက်စိမ်းအဆောင်တစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူမ ၎င်းအဆောင်ကို ချိုး၍ တည်နေရာပြောင်း‌ရွှေ့သွားသည်။ ကျန်းရီတစ်ယောက် ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ကျန်ခဲ့ရလေသည်။

ဟယ်နုန်ယင်း၏ ရည်ရွယ်ချက်က ရှင်းသည်။ မိစ္ဆာသတ်ဖြတ်ဓား၊ မိစ္ဆာသတ်ဖြတ်ချပ်ဝတ်နှင့် မိစ္ဆာသတ်ဖြတ်နန်းတော်၏ သော့ချက်တို့ကို သူမ မရနိုင်လျှင် ကျန်းရီကိုလည်း ရယူခွင့်ပေးမည် မဟုတ်ပေ။ ကျန်းရီက ၎င်းရတနာများကို ရှာမတွေ့သွားသ၍ ၎င်းတို့ကို အနှေးနှင့်အမြန်ဆိုသလို ကောင်းကင်ဘုံမှ မျိုးနွယ်ကြီးတစ်ခုက ရသွားမည်ဖြစ်သည်။ ထိုမျိုးနွယ်ကြီးက သူမ၏ ဟယ်မျိုးနွယ်လည်း ဖြစ်နေနိုင်ပေသည်။

All Chapters