← Chapters

အရင်းမြစ်ချိတ်ဆက်ခြင်း

Vol. 67 Ch. 928

အရင်းမြစ်ချိတ်ဆက်ခြင်း

Vol. 67 Ch. 928

ခြံဝင်းထဲမှာ ရေကန်ငယ်တစ်ခုရှိပြီး အဲဒါကို ကြည့်ရတာ လှိုင်းဂယက်တစ်ခုမှမရှိတဲ့မှန်တစ်ချပ်နဲ့ တူတယ်။

လီဖူချန်းက ရေကန်ပေါ်မှာ ထိုင်နေပြီး သူ့ရဲ့ချီတည်ရှိမှုက တည်ငြိမ်နေတဲ့ရေနဲ့တူတယ်။

ဓားချီမူလပြန်သွားခြင်းက တဖြည်းဖြည်းတိုးတက်လာတာကြောင့် လီဖူချန်းက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတဲ့ဖြစ်စဉ်ကို တဖြည်းဖြည်းနားလည်လာခဲ့တယ်။ အဲဒါက တကယ်တော့ သူ့ရဲ့ကိုယ်ပိုင်ဓားတာအိုကို ပြန်သုံးသပ်ခြင်းတစ်ခုပါပဲ။

ရေကန်ပေါ်မှာ လှိုင်းဂယက်တွေ ရုတ်တရက် ဖြစ်လာပေမယ့် လီဖူချန်းက တူညီတဲ့အနေအထားနဲ့ ထိုင်နေတုန်းပဲ။ ရေကန်အထက်မှာ သူ့ရဲ့ပုံရိပ်မျိုးစုံတွေ ဖြစ်နေပြီး လီဖူချန်းအသီးသီးက ဓားကွက်တစ်ကွက်စီ ထုတ်ဖော်နေတယ်။ ချက်ချင်းပဲ ရေကန်အထက်မှာ ဓားချီတစ်ခု ပေါက်ကွဲထွက်လာတယ်။

…

ဓားသမားအစည်းအရုံးရဲ့သိုင်းစင်မြင့်ပေါ်မှာ......

"အကွက်တစ်ရာ" သစ်ရွက်နီဓားသူတော်စင်အရှင်မက တုန်လှုပ်ခြောက်ခြားသွားတယ်။

အစကတော့ လီဖူချန်းက ‌လေတိမ်ဓားသူတော်စင်အရှင်အတွက် ပြိုင်ဘက်တစ်ယောက်ဖြစ်လာဖို့ ဝေးကွာနေတယ်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူက အကွက်၁၀၀ထိ တောင့်ခံနိုင်ခဲ့တယ်။

အရေကြီးဆုံးကတော့ လီဖူချန်းက တစ်ဝက်တစ်ပျက်အန္တိမဓားကွက်တွေကို ဖော်ထုတ်ခဲ့တာပဲ။ ဆိုလိုတာကတော့ သူ့ရဲ့ဓားကွက်က အဆင့်သစ်တစ်ခုကို ရောက်ရှိနေပြီး သူ့ရဲ့ချီသွေးအရင်းမြစ်ကို ထပ်သုံးစွဲရတော့မှာ မဟုတ်ဘူး။

သစ်ရွက်နီဓားသူတော်စင်အရှင်မက သစ်ရွက်နီလှည့်လည်ခြင်းကို ထုတ်ဖော်တဲ့အချိန်တိုင်း ချီသွေးအရင်းမြစ်အရိပ်အယောင်တစ်ခုကို သုံးစွဲရလိမ့်မယ်။ ဒါပေမယ့် အဲဒါက အလွန်သေးငယ်တယ်၊ ဒါကြောင့် သူမက ဂရုမစိုက်ပါဘူး။ ဒါပေမယ့် မလိုအပ်ရင် သူမက သစ်ရွက်နီလှည့်လည်ခြင်းကို သာမန်ကာလျှံကာ ဖော်ထုတ်လို့မရပါဘူး။

လေတိမ်ဓားသူတော်စင်အရှင်က သစ်ရွက်နီဓားသူတော်စင်အရှင်မထက် ပိုတောင်အံ့အားသင့်နေတယ်။ သူက လီဖူချန်းကို အချိန်တိုလေးသာ သိရှိခဲ့ပြီး လီဖူချန်းရဲ့ထူးခြားတဲ့ဓားတာအိုထိုးထွင်းသိမြင်မှုကို ဘယ်တော့မှကိုယ်တိုင် မမြင်တွေ့ခဲ့ရဘူး။

"ငါ့ရဲ့လေတိမ်ဓားပညာက စုစုပေါင်းငါးကွက်ရှိတယ်။ သတ္တမကွက်နဲ့ပဉ္ဓမကွက်နှစ်ခုစလုံးက တစ်ဝက်တစ်ပျက်အန္တိမဓားကွက်တွေပါပဲ။ ပုံမှန်အားဖြင့် စတုတ္ထဓားကွက်ဓားနှလုံးသားလေတိမ်က ဘယ်လိုဓားတာအိုသူတော်စင်အရှင်ကိုမဆို ချက်ချင်းသတ်ဖြတ်ဖို့ လုံလောက်တယ်။ ငါက ဒီနေ့မှာ ပဉ္ဓမကွက်ကို ထုတ်သုံးရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး" လေတိမ်ဓားသူတော်စင်အရှင်က ရေရွတ်လိုက်လေတယ်။

ပဉ္ဓမကွက်ကို အသုံးပြုဖို့ သူ့ကို ဖိအားပေးနိုင်တဲ့အတွက် သူ့ရဲ့ပြိုင်ဘက်က သူနဲ့တန်းတူဖြစ်တယ်လို့ ဆိုလိုတယ်။ ဒီလိုပြိုင်ဘက်က သူ့ကို ကောင်းကင်ဘုံအရှင်အဆင့်ကို အမြန်ရောက်အောင် ကူညီပေးနိုင်တယ်။

"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ မင်း ငါ့ရဲ့စတုတ္ထကွက်ဖြစ်တဲ့ဓားနှလုံးသားလေတိမ်ကို မြင်တွေ့ပြီးပြီ။ ပဉ္ဓမကွက်ကတော့ ဓားနှလုံးသားငြိမ်သက်ခြင်းပဲ၊ မင်း ဂရုစိုက်ဖို့လိုတယ်"

လေတိမ်ဓားသူတော်စင်အရှင်ရဲ့ဓားက စတင်နိုးကြွလာတယ်။ ကြောက်စရာကောင်းတဲ့ဓားဆန္ဒတစ်ခုက အာကာသ-အချိန်အလွှာတွေကို ထိုးဖောက်ပြီး လီဖူချန်းကို ဝန်းရံထားလိုက်တယ်။

ဒီဓားကွက်နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက အသက်ရှုချိန်အနည်းငယ်သာ ခုခံနိုင်တယ်၊ ပြီးနောက် သူ့ကို သွေးလူသားတစ်ယောက်ဖြစ်အောင် လှီးဖြတ်သွားတော့တယ်။

ဒါက လေတိမ်ဓားသူတော်စင်အရှင်ရက်စက်ကြမ်းတမ်းနေတာကြောင့် မဟုတ်ဘူး။ အချက်အလက်အရ သူက မထိန်းချုပ်ထားရင် လီဖူချန်းရဲ့ကြယ်မသေမျိုးခန္ဓာကိုယ်ကတောင် ခံနိုင်ရည်ရှိလိမ့်မှာ မဟုတ်ဘူး။

ဓားနှလုံးသားငြိမ်သက်ခြင်းက လီဖူချန်းရဲ့ဓားချီမူလပြန်သွားခြင်းနဲ့အတူတူပဲ။ အဲဒါက ရှေးဦးဖရိုဖရဲနဲ့ ချိတ်ဆက်ထားပြီး အရင်းမြစ်စွမ်းအားရှိတယ်။

ဒါပေမယ့် ဓားချီမူလပြန်သွားခြင်းနဲ့နှိုင်းယှဉ်ရင် ဓားနှလုံးသားငြိမ်သက်ခြင်းက အန္တိမဓားပညာတစ်ခုဖြစ်လာဖို့ ပိုနီးကပ်တယ်။

"ငါ ရှုံးသွားတယ်" လီဖူချန်းက အရှုံးကို ဝန်ခံလိုက်တယ်၊ သွေးတွေက သူ့ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားတယ်။

လေတိမ်ဓားသူတော်စင်အရှင်ရဲ့ဓားကွက်က လီဖူချန်းကို ဓားတာအိုရဲ့ပိုမြင့်မားတဲ့အဆင့်ကို မြင်တွေ့ဖို့ခွင့်ပြုတယ်၊ အဲဒါက သူ့အတွက် တံခါးတစ်ချပ်ဖွင့်ပေးခဲ့တယ်။

အရင်ကတော့ ဒီတံခါးက အချိန်တစ်ခုကြာပြိီးမှသာ ဖွင့်လိမ့်မယ်။

"မင်းက ကောင်းကင်ဘုံအရှင်အောက်မှာ ငါ့ကို ငါ့ရဲ့ပဉ္ဓမဓားကွက်ကို အသုံးပြုဖို့ ဖိအားပေးနိုင်တဲ့အနည်းငယ်ထဲကတစ်ယောက်ပဲ" လေတိမ်ဓားသူတော်စင်အရှင်က သက်ပြင်းချကာ ပြောလိုက်တယ်။

"လေတိမ်ဓားသူတော်စင်အရှင်၊ ‌နောက်နှစ်တစ်ရာလောက်မှာ သင်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်" သစ်ရွက်နီဓားသူတော်စင်အရှင်မက လေတိမ်ဓားသူတော်စင်အရှင်နဲ့လီဖူချန်းတို့ကို တစ်ချက်ကြည့်လိုက်တယ်။ သူက ခါးသီးစွာရယ်လိုက်မိလေတယ်၊ ထိုနှစ်ယောက်နဲ့နှိုင်းယှဉ်ရင် သူမရဲ့ဓားတာအိုပါရမီက နိမ့်ကျလှတယ်။

‌လေတိမ်ဓားသူတော်စင်အရှင်က ခေါင်းခါယမ်းလိုက်တယ်" အဲလောက်မလွယ်ဘူး။ ငါက အရင်းမြစ်စွမ်းအားနဲ့ ချိတ်ဆက်ထားနိုင်ပေမယ့် အဲ့အဆင့်ကို ခြေချဖို့က မလွယ်ကူလှဘူး"

ဝေးကွာတဲ့အနာဂတ်မှာ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်သေချာပေါက်ဖြစ်လာပေမယ့် လိုအပ်တဲ့အချိန်အတိအကျကိုတော့ တစ်ယောက်မှ မသိဘူး။

…

မှန်သဏ္ဍာန်ရေကန်ပေါ်မှာ လီဖူချန်းရဲ့နှလုံးသားက မှန်ပမာကြည်လင်နေတယ်။ သူက သူ့ရဲ့စိတ်ထဲမှာ အဆုံးမဲ့ဓားပညာတွေကို လေ့ကျင့်နေတယ်။

"ဓားချီမူလပြန်သွားခြင်း၊ ဒါက ဒိီလိုပေါ့"

လီဖူချန်းက သူ့ရဲ့တင်းကြပ်စွာပိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်လိုက်တယ်။ မိုးသောက်ချိန်အတွင်း ရိပ်ခနဲထွက်လာတဲ့ပထမဆုံးအလင်းနဲ့တူတယ်။ အဲဒါက အမှောင်ကို ထိုးဖောက်ခဲ့တဲ့အလင်းတစ်ခုဖြစ်ပြီး အစစ်မှန်ကို ဖော်ထုတ်ပြသခဲ့တယ်။

ရွှမ်း.......

အဆုံးမဲ့လီဖူချန်းပုံရိပ်တွေက ထွက်ပေါ်လာတယ်။ လီဖူချန်းပုံရိပ်အားလုံးက ဓားချီမူလပြန်သွားခြင်းကို ထုတ်ဖော်နေတယ်။ သန့်စင်တဲ့ဓားဆန္ဒတစ်ခုရှိတယ်။

"ဓား....."

"ချီ......"

"မူလ......"

"ပြန်သွားခြင်း......"

လီဖူချန်းက ဘယ်အချိန်ကတည်းက ထရပ်လိုက်သလဲကို မသိရဘူး၊ သူက နောက်ဆုံးစကားပြောလိုက်တဲ့အခါ မရေမတွက်နိုင်တဲ့လီဖူချန်းပုံရိပ်တွေက သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လာခဲ့တယ်။ ပြီးနောက် တလက်လက်တောက်ပနေတဲ့ဓားချီတိုင်တစ်ခုက ကောင်းကင်ထဲသို့ ပေါက်ကွဲထွက်လာတယ်။ အဲဒါက ကောင်းကင်ကို ထိုးဖောက်ပြီး စကြာဝဠာကို ရောက်ရှိသွားတယ်။

ဓားချီတိုင်က တောက်ပလွန်းပြီး အံ့ဖွယ်သစ်ရွက်မြို့ရှိလူအများစုက မြင်လိုက်ရတယ်။

"ဒီဓားဆန္ဒက......" လေတိမ်ဓားသူတော်စင်အရှင်နဲ့သစ်ရွက်နီဓားသူတော်စင်အရှင်မတို့ ထိတ်လန့်တုန်လှုပ်သွားပေမယ့် သူက ဘယ်သူလဲကို ခန့်မှန်းနိုင်ခဲ့တယ်။

"စိတ်ဝင်စားစရာပဲ။ လေတိမ်ဓားသူတော်စင်အရှင်ပြီးရင် ငါ့ရဲ့ဓားသမားအစည်းအရုံးအထဲမှာ အရင်းမြစ်နဲ့ဆက်သွယ်နိုင်တဲ့ဒုတိယမြောက်ဓားသမားပဲ"

ဓားသမားအစည်းအရုံးရဲ့အတွင်းပိုင်းထဲမှာ တာအိုဝတ်စုံကိုဝတ်ဆင်ထားတဲ့သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က သူ့မျက်လုံးတွေ ဖွင့်ကာ ပြုံးလိုက်တယ်။

မြို့အရှင်အိမ်တော်.......

အံ့ဖွယ်သစ်ရွက်မြို့အရှင်က လက်ဖက်ရည်သောက်နေတယ်။

"အရင်းမြစ်စွမ်းအားနဲ့ဆက်သွယ်နိုင်တဲ့နောက်ထပ်သူတော်စင်အရှင်တစ်ယောက်လား။ လာမယ့်နှစ်သောင်းအနည်းငယ်အတွင်း ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ထဲမှာ ကောင်းကင်ဘုံအရှင်တွေရဲ့အရေအတွက်တွေ သိသိသာသာတိုးလာမယ့်ပုံပဲ။ မျိုးဆက်အသစ်က ရောက်ရှိလာနေပြီ"

ဓားချီတိုင်က စကြာဝဠာရဲ့အာကာသ-အချိန်ရဲ့အဆုံးကို ရောက်ရှိသွားတယ်။ ပြီးနောက် ဓားတာအိုအရင်းမြစ်စွမ်းအားတစ်ခုက ဓားချီတိုင်ကို ဖြတ်ကာ လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ကို ဆင်းသက်လာတယ်။

လီဖူချန်းက နာကျင်မှုကို ခံနိုင်ရည်ရှိတယ်။ ဓားအရင်းမြစ်စွမ်းအားက သူ့ရဲ့ခန္ဓာကိုယ်ကို ဝင်ရောက်လာတဲ့အခါ အဲဒါက တကယ်သက်သောင့်သက်သာရှိလွန်းတယ်။ သွေးမျိုးဆက်မှအရင်းမြစ်ထိ၊ လိပ်ပြာအသိစိတ်အာရုံမှစိတ်ဝိညာဉ်ထိ၊ ဦးခေါင်းမှခြေဖျားထိ၊ အထဲမှအပြင်ထိ၊ သူက အအေးခံထားတဲ့အချဉ်စွပ်ပြုတ်တစ်ခုကို သောက်နေရသလို ခံစားရတယ်။

"ဓားတာအိုသွေးမျိုးဆက်၊ ချီသွေးအရင်းမြစ်နဲ့ လိပ်ပြာအသိစိတ်အာရုံတို့ တိုးမြင့်လာတာ ပုံမှန်ပဲ။ ငါ့ရဲ့စိတ်ဝိညာဉ်လည်း တိုးမြင့်လာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အခုကြည့်ရသေလောက် ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စိတ်ဝိညာဉ်က အပြာရောင်ဖြစ်လောက်တယ်" လီဖူချန်းက ခန့်မှန်းလိုက်တယ်။

တစ်ဦးတစ်ယောက်ရဲ့စိတ်ဝိညာဉ်စွမ်းအားက အဆင့်မြင့်တက်တာ ရှားတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း လီဖူချန်းက ဝိညာဉ်ဆေးပင်များစွာကို သုံးစွဲခဲ့တယ်။ အစကတော့ သူက အဆင့်မြင့်ဝိညာဉ်ဆေးပင်ကိုသာ ရှာဖွေနေရာမှ အထူးအဆင့်ဝိညာဥ်‌ဆေးပင်တွေကိုသာ စတင်ရှာဖွေခဲ့တယ်။ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက အနီရောင်၇၀ရာခိုင်နှုန်းသာ ဖြစ်တယ်။ ၇၀ရာခိုင်နှုန်းကို ရောက်ရှိပြီးနောက် အထူးအဆင့်ဝိညာဥ်‌ဆေးပင်တွေသုံးစွဲတာကတောင် အသုံးမဝင်တော့ဘူး။

"စိတ်မကောင်းစရာတစ်ခုကတော့ ငါက ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းတစ်ခုကိုသာ ကျဆင်းစေခဲ့တာပဲ"

ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းတစ်ခုက သူ့အနေနဲ့ ပြောင်းလဲဖို့မလုံလောက်ဘူး၊ အဲဒါက သူ့ကို တိုးတက်စေဖို့သာ ခွင့်ပြုတယ်။

အရင်းမြစ်စွမ်းအားနဲ့ချိတ်ဆက်တာက လီဖူချန်းဆိုတာကို အတည်ပြုပြီးနောက် လေတိမ်ဓားသူတော်စင်အရှင်က လီဖူချန်းကို လေ့ကျင့်ဖို့ဖိတ်ခေါ်ခဲ့ပြီး လီဖူချန်းကလည်း ဝမ်းမြောက်စွာ လက်ခံခဲ့တယ်။

ဓားသမားအစည်းအရုံးရဲ့သိုင်းစင်မြင့်ပေါ်မှာ ပုံရိပ်နှစ်ခုက အကြိမ်ကြိမ်ရင်ဆိုင်တိုက်ခိုက်နေတယ်။

တိုက်ခိုက်မှုတိုင်းမှာ ပြင်းထန်တဲ့ဟင်းလင်းပြင်တုန်ခါမှုနဲ့အာကာသ-အချိန်တွန့်လိမ်မှုတို့ ဖြစ်လိမ့်မယ်။

လီဖူချန်းနဲ့လေတိမ်ဓားသူတော်စင်အရှင်တို့ရောက်ရှိနေတဲ့ဓားပညာအဆင့်က အာကာသ-အချိန်ကို သက်ရောက်နိုင်တယ်။

သာမန်လူတစ်ယောက်က သူတို့ဓားပညာအကွာအဝေးအတွင်းမှာ ရှိရင် သူတို့ကို ဓားချီက မသတ်ခဲ့ရင်တောင် သူတို့က အာကာသ-အချိန်တွန့်လိမ်ရှုံ့တွမှုကြောင့် အသက်ကြီးရင့်ကာ သေဆုံးသွားရလိမ့်မယ်။

"ဓားနှလုံးသားငြိမ်သက်ခြင်း"

လီဖူချန်းရဲ့ခွန်အားက သူ့အဆင့်မှာ ရှိနေတာကို မြင်ပြီး လေတိမ်ဓားသူတော်စင်အရှင်က ပဉ္ဓမကွက်ဖြစ်တဲ့ဓားနှလုံးသားငြိမ်သက်ခြင်းကို ထုတ်ဖော်ခဲ့တယ်။

အရင်အချိန်ကနဲ့နှိုင်းယှဉ်ရင် ဓားနှလုံးသားငြိမ်သက်ခြင်းက ပိုတောင်နက်နဲသိမ်မွေ့တယ်။ ဓားက လှုံ့ဆော်လိုက်တာကြောင့် ကြီးမားတဲ့အာကာသ-အချိန်ရေဝဲတစ်ခုက ထွက်ပေါ်လာတယ်။ အာကာသ-အချိန်ရေဝဲဝါးမျိုခံရတဲ့ဘယ်သူမဆို ဗလာနတ္ထိအဖြစ်သို့ ချက်ချင်းဆုတ်ပြဲသွားလိမ့်မယ်။

"ဓားချီမူလပြန်သွားခြင်း"

လီဖူချန်းက တည်ငြိမ်စွာ တုံ့ပြန်ပြီး နတ်ဆရာဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။ ရှေးဦးအလင်းတောက်ပမှုက နေရာတစ်ခုလုံးကို ဝင်းလက်စေတယ်။ အာကာသ-အချိန်ရေဝဲကတောင် ရှေးဦးအလင်းတောက်ပမှုတွေနဲ့ ပြည့်သွားတယ်။

ဝုန်း.......

အာကာသ-အချိန်ရေဝဲက ပေါက်ကွဲထွက်သွားတယ်။

သွေးတစ်စက်ပန်းထွက်လာပြီး လေတိမ်ဓားသူတော်စင်အရှင်က ဒဏ်ရာရသွားတယ်။

သူက လိီဖူချန်းကို စိုက်ကြည့်နေရင်း လေတိမ်ဓားသူတော်စင်အရှင်က မယုံကြည်နိုင်ဖြစ်နေတယ်။ သူက လီဖူချန်းဒဏ်ရာရသလားကို မြင်တွေ့ဖို့ကြိုးစားနေတာနဲ့ တူတယ်။

သစ်ရွက်နီဓားသူတော်စင်အရှင်မလည်း လီဖူချန်းကို စိုက်ကြည့်လိုက်တယ်။

လီဖူချန်းက သူ့ရဲ့ဓားကို ဓားအိမ်ထဲ သွင်းလိုက်တယ်။ သူက ပြုံးကာ ပြောလိုက်တယ်"ငါက ကံကောင်းသွားတာပါ"

သူက ဒဏ်ရာမရခဲ့ဘူးဆိုပေမယ့် သူ့ရဲ့ဓားပညာက လေတိမ်ဓားသူတော်စင်အရှင်ထက် ပိုမြင့်တယ်လို့တော့ မဆိုလိုပါဘူး။

သူက လေတိမ်ဓားသူတော်စင်အရှင်ရဲ့အသန်မာဆုံးဓားကွက်ကို ရှောင်တိမ်းနိုင်တဲ့အကြောင်းရင်းကတော့ သူက ဓားလမ်းကြောင်းကို မြင်နိုင်လို့ပဲ။

ဒါပေမယ့် သူက ဒီဓားကွက်ကို ရှောင်နိုင်ပေမယ့် တိုက်ပွဲက ဆက်သွားရင် သူက အားလုံးကို သေချာပေါက် ရှောင်တိမ်းနိုင်လိမ့်မှာမဟုတ်ဘူး။

သူ့ရဲ့စိတ်ဝိညာဉ်က အဲဒီလိုပြုလုပ်နိုင်ပေမယ့် သူ့ခန္ဓာကိုယ်က မလုပ်နိုင်ဘူး။

လေတိမ်ဓားသူတော်စင်အရှင်က ပြုံးကာ ဆိုလိုက်တယ်"ကောင်းတယ်၊ အရမ်းကောင်းတယ်။ ဓားတာအိုခွန်အားအရ တစ်စုံတစ်ယောက်ထက် နိမ့်ကျမယ်လို့ ငါ ဘယ်တော့မှ မဝန်ခံခဲ့ဘူး။ မင်းက ပထမဆုံးပဲ"

ဓားလေကောင်းကင်ဘုံအရှင်ဖြစ်စေဒါမှမဟုတ်သက်တံဖြူကောင်းကင်ဘုံအရှင်ဖြစ်စေ၊ သူက သူတို့ကို လေးစားပေမယ့် အရမ်းတော့ အထင်မကြီးပါဘူး။

သူ့နှလုံးသားထဲမှာ တစ်နေ့မှာ သူလည်းပဲ သူတို့ရဲ့အဆင့်ကို ရောက်ရှိလိမ့်မယ်လို့ သူ သိတယ်။ သူက အချိန်သာ ကင်းမဲ့နေခြင်းဖြစ်တယ်။

ဒါပေမယ့် လီဖူချန်းကတော့ မတူဘူး။

ဒီလိုအချိန်တိုလေးအတွင်းမှာ လီဖူချန်းက သူ့ကို ဘယ်လိုဖြတ်ကျော်သွားသလဲကို သူကိုယ်တိုင်မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရတယ်။

အနာဂတ်မှာ လီဖူချန်းဘယ်အဆင်ရောက်ရှိမလဲကို စိတ်ကူးကြည့်ဖို့ ခက်ခဲတယ်။

မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်လား။

အလွန်ဖြစ်နိုင်တယ်......

အချိန်က ကုန်ဆုံးနေလျက်ရှိတယ်........

ငွေလမြို့မှာ လေလံပွဲတစ်ခုမစခင် နှစ်ဝက်သာ ကျန်ရှိတော့တယ်။ လေတိမ်ဓားသူတော်စင်အရှင်နဲ့သစ်ရွက်နီဓားသူတော်စင်အရှင်မတို့ကလည်း ငွေလမြို့ကို ဦးတည်ခရီးနှင်သွားတော့တယ်။

အစကတော့ သူတို့က လီဖူချန်းကို ဖိတ်ခေါ်ချင်ခဲ့တယ်။ တကယ်တော့ ဖြာထွက်လအဆင့်လေလံပွဲတစ်ခုက ဘယ်သူတော်စင်အရှင်တွေအတွက်မဆို ရှားပါးတဲ့အခွင့်အရေးတစ်ခုဖြစ်တယ်။

စိတ်မကောင်းစရာတစ်ခုကတော့ လီဖူချန်းရဲ့လူဝင်စားက ထိုနေရာကို ရောက်ရှိနေပြီးသာဖြစ်တယ်။

ဒါ့အပြင် ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ ချိတ်ဆက်ပြီးနောက် သူရဲ့စိတ်ထဲမှာ ဓားတာအိုနားလည်မှုများစွာရှိတယ်။ သူက သူတို့ကို ခြေဖျက်ရမယ်။

ဒိီနေ့မှာ ပိုသန့်စင်တဲ့ဓားချီတိုင်တစ်ခုက ကောင်းကင်ထက်သို့ ပေါက်ကွဲထွက်သွားတယ်။ ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းတွေက ဓားချီတိုင်ကို ဖြတ်ကာ လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လာတယ်။

"ကိုးကြောင်း" ဓားချီတိုင်က ပျံ့နှံ့သွားတဲ့အခါ လီဖူချန်းရဲ့မျက်လုံးတွေက အလွန်အမင်းတောက်ပလာတယ်။

အရင်ကနဲ့နှိုင်းယှဉ်ရင် ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းကိုးခုကို ဖြစ်ပေါ်စေခဲ့တယ်။ သူ့ရဲ့ဓားတာအိုကျွမ်းကျင်မှုက လေတိမ်ဓားသူတော်စင်အရှင်ကို လုံးဝဖြတ်ကျော်သွားတာလို့ ဆိုလိုတယ်။

All Chapters