← Chapters

ခံစားချက်များ ပွင့်ထွက်လာခြင်း

Vol. 37 Ch. 520

ခံစားချက်များ ပွင့်ထွက်လာခြင်း

Vol. 37 Ch. 520

"ချီပင်လယ် ထွက်လာစမ်း"

ထန်တိုက်လင်၏မျက်လုံးများ တောက်ပလာကာ သက်တန့်ရောင်နတ်အလင်းများက သူမ၏ကိုယ်တွင်းမှ ပြန့်ထွက်လာခဲ့သည်။ ချီစွမ်းအင်များသည် ဆူနာမီလှိုင်းလုံးကြီးများပမာ ယဲ့ချန်ထံ တဝုန်းဝုန်း ဝင်ရောက်လာနေကြသည်။

"ဒီမိန်းမက တကယ်ချနေတာပါလား"

ယဲ့ချန်သည်လည်း ထန်တိုက်လင်၏ ချီပင်လယ်ကိုရင်ဆိုင်ရန် သူ၏ချီပင်လယ်ကို အသက်သွင်းလိုက်ရသည်။ ကြယ်ရောင်များ လင်းလက်တောက်ပနေသော ချီပင်လယ်က သူမ၏ချီပင်လယ်နှင့် ထိမှန်သွားသောအခါ ဘုန်းခနဲပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ပေါက်ကွဲမှုမှထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် လေ့ကျင့်ရေးကွင်းတစ်ခုလုံး ပြားပြားဝပ်သွားကာ တားမြစ်အစီအရင်နှင့်အတွေ့တွင် ၎င်းတို့က ဆက်တိုက်ပေါက်ကွဲသွားပြန်သည်။ ချီပင်လယ်များအကြားမှ တိုက်ပွဲသည် ပိုင်နက်တိုက်ပွဲများထက် ပို၍ကြောက်စရာကောင်းပြီး ချီပင်လယ်တစ်ခုချင်းစီတွင် အဆုံးမဲ့သတ်ဖြတ်လိုစိတ်များ ပါဝင်နေသောကြောင့် တစ်ချက်ကလေးပေါ့ဆရုံနှင့် အသက်ပါသွားနိုင်သည်။

ကောင်းကင်တုန်ခါဆေးအိုးနှင့် ပင်လယ်နတ်ဘုရားလှံကလည်း ကောင်းကင်ထက်တွင် အားပြိုင်နေကြပြီး ချီပင်လယ်နှစ်ခု၏တိုက်ပွဲကြောင့် ပတ်ဝန်းကျင်တွင် စွမ်းအင်များလှိုင်းထနေသည်။

"ဒီမိန်းမက တကယ်ကြီး သူသေကိုယ်သေတိုက်ခိုက်နေတယ်။ ငါ သူ့ကို စိတ်ဆိုးအောင်လည်း မလုပ်မိပါဘူး"

ယဲ့ချန်က ခေါင်းတစ်ချက်ယမ်း၍ လေထဲတွင် တည်ငြိမ်စွာရပ်နေသဖြင့် ဆံပင်များလွင့်ပျံနေသော ထန်တိုက်လင်ကို ကြည့်နေခဲ့သည်။ သူမ၏ သိုင်းပညာအပေါ်ထားသော စိတ်ထားကို သူက နားလည်သော်လည်း လက်ရှိအချိန်၌ ဤမျှအလေးအနက်ထား တိုက်ခိုက်စရာမလိုပေ။ ထန်တိုက်လင်၏ချီပင်လယ်က ပို၍အစွမ်းထက်လာသောအခါ ယဲ့ချန်သည် ခွန်အားအလုံးစုံထုတ်သုံးရန် ဖိအားပေးခံလိုက်ရ၏။ သူက ထန်တိုက်လင်ကိုဖမ်းချုပ်၍ သင်ခန်းစာပေးလိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေသည်။

"ဘုန်း ဘုန်း ဘုန်း"

ဆေးအိုးနှင့် လှံ၏တိုက်ပွဲမှ ထွက်ပေါ်လာသော နတ်အလင်းများ၏စွမ်းအားက အရာအားလုံးကို ပြာချပစ်နိုင်သည်။ ထန်တိုက်လင်ကမူ ယဲ့ချန်၏မျက်နှာထားကို လျစ်လျူရှုပြီး လက်မလျှော့လိုဟန်ဖြင့် ရှေ့တက်လာခဲ့သည်။

"ထပ်တိုက်ခိုက်ရဦးမှာလား။ ငါက နင့်ကိုမနိုင်ရင် တစ်ဘဝလုံး ခေါင်းငုံ့နေရမှာပေါ့"

ယဲ့ချန်ကအံကြိတ်၍ ထန်တိုက်လက်၏တိုက်ကွက်ကို ရှောင်တိမ်းကာ ခရမ်းရောင်မီးတောက်များ ထုတ်ဖော်လိုက်သည်။ ၎င်းတို့က ဧရာမခြင်္သေ့ကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ သူမ၏ချီပင်လယ်ကို လက်ဝါးတစ်ဖက်ဖြင့် ရိုက်ပုတ်လိုက်သည်။

"ယဲ့ချန် မင်းက ကိုယ့်မိန်းမကိုမနိုင်ရင် တစ်ဘဝလုံး ရှက်စရာကြီး ဖြစ်နေလိမ့်မယ်"

ခြင်္သေ့ကြီးက ယဲ့ချန်ကို စနောက်လိုက်ခြင်းဖြစ်သည်။

"ကျုပ်မိန်းမ မဟုတ်သေးပါဘူးဗျာ"

ယဲ့ချန်က ခါးသက်သက်ပြုံး၍ ခေါင်းယမ်းလိုက်သည်။

"ဒါဆိုရင် မင်းမိန်းမဖြစ်အောင် လုပ်လိုက်တော့လေကွာ။ နှစ်ရက်နေရင် သူမက ရှင်းဟိုင်ဒေသကို သွားရတော့မယ်။ မင်းထက်ပိုပြီးထူးချွန်တဲ့ ပါရမီရှင်တွေနောက်ကိုပါသွားရင် ငိုနေရလိမ့်မယ်။ ငါ့အတွေ့အကြုံအရ ဒါမျိုး ဖြစ်တတ်တယ်ကွ"

"ဒါဆိုရင် ဆရာ့ကိုရော မိန်းမတစ်ယောက်က အရူးလုပ်သွားတာလား"

"ကောင်စုတ်ကလေး ငါတကယ်ပြောနေတာကွ။ မင်းမယုံရင် ထားတော့။ ငါ ပြန်အိပ်နေတော့မယ်။ မင်းတို့လင်မယား ကျီစယ်နေတာ မကြည့်ချင်တော့ဘူး"

ခြင်္သေ့ကြီးက အရှိုက်ထိသွားဟန်ဖြင့် ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ ထန်တိုက်လင်သည် ပွင့်လန်းကာစကြာပန်းတစ်ပွင့်ပမာ လှပနေပြီး အသက်ရှူမှားလောက်အောင် ချောမောသူဖြစ်သည်။ သူမကိုစိုက်ကြည့်နေသော ယဲ့ချန်၏စိတ်ထဲတွင် ပထမဆုံးအကြိမ်တွေ့ဆုံသည်မှစတင်၍ ကန့်သတ်ဒေသ၊ ရှေးဟောင်းရေအောက်သင်္ချိုင်းစသည့် အဖြစ်အပျက်များကို ပြန်လည်မြင်ယောင်နေမိသည်။ သေခြင်းရှင်ခြင်းကို အတူတကွကျော်ဖြတ်ခဲ့ပြီးနောက် သူတို့ကြားရှိခံစားချက်များသည် သာမန်လူများကြားရှိအချစ်ထက် ပို၍လေးနက်နေခဲ့သည်။ ထန်တိုက်လင်သာ ရှင်းဟိုင်ဒေသတွင် သူ့ထက်ပိုသာသော ပါရမီရှင်များနောက်သို့ပါသွားလျှင်ဆိုသော အတွေးက ယဲ့ချန်ကို စိတ်မသက်မသာဖြစ်စေခဲ့သည်။ သူ၏ပေါင်းစပ်နှုန်းက သုညဖြစ်နေလျှင်တောင် အခြားကျင့်ကြံသူများအောက် နိမ့်ကျစရာ အကြောင်းမရှိပေ။

ထန်တိုက်လင်သည် ပင်လယ်နတ်ဘုရားလှံဖြင့် တိုက်ခိုက်နေသော်လည်း နှစ်ရက်ကြာလျှင် ထွက်သွားရမည့်အရေးကြောင့် နှလုံးသားထဲတွင် ဝမ်းနည်းနေခဲ့သည်။ အတိတ်တွင် သူမက ခံစားချက်ကင်းမဲ့စွာဖြင့် တစ်ကိုယ်တော်နေထိုင်ခဲ့ပြီး ယောကျ်ားမိန်းမကြားရှိ ဆက်ဆံရေးများကို လျစ်လျူရှုထားခဲ့သည်။ သို့သော် လက်ရှိတွင် သူမ၏နှလုံးသားအတွင်း၌ ယဲ့ချန်၏ပုံရိပ်စွဲထင်နေကြောင်း ဝန်ခံရပေလိမ့်မည်။ ထိုအချိန်တွင် မီးများတောက်လောင်နေသော ခြင်္သေ့ကြီးတစ်ကောင်က သူမကို ပြန်လည်တိုက်ခိုက်နေခဲ့သည်။ ယဲ့ချန်၏ခွန်အားက ဝိညာဥ်စားခေါင်းသုံးလုံးမြွေနှင့် တိုက်ခိုက်စဥ်ကထက် ပို၍သန်မာလာခဲ့သည်။ သူ၏ပါရမီဖြင့် ပေါင်းစပ်နှုန်းသုည ဖြစ်နေရသည့်အကြောင်းအရင်းကို သူမက နားမလည်နိုင်ချေ။ တစ်နေ့တွင် ယဲ့ချန်သည် ရီရန်နှင့်ကိုယ်စားလှယ်များ စိတ်ကူးပင်မယဥ်နိုင်လောက်သော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်မည်ဟု သူမက ယုံကြည်ထားသည်။ ဤကား ပါရမီရှင်အချင်းချင်းကြားမှ အလိုလိုသိစိတ်ဖြစ်သည်။

ထန်တိုက်လင်သည် ရှင်းဟိုင်ဒေသသို့သွားရောက်ရန် သဘောတူခဲ့သော အကြောင်းအရင်းများတွင် ကျင့်ကြံရေးအရင်းအမြစ်များမရှိလျှင် အနာဂတ်၌ ယဲ့ချန်၏ဘေးတွင်ရှိနေရန် အဆင့်မမီနိုင်ဟု ခံစားရခြင်းလည်း ပါဝင်သည်။ သူမ၏နှလုံးသားထဲတွင် ဤကိစ္စက ဆူးငြောင့်တစ်ခုပမာ စိုက်ဝင်နေသဖြင့် ပူပန်နေရသည်။

ယဲ့ချန်၏ ကောင်းကင်ခြင်္သေ့လက်သီးသိုင်းကြောင့် ထန်တိုက်လင်၏ချီပင်လယ်က ဘုန်းခနဲပေါက်ကွဲသွားခဲ့သည်။ သို့သော်လည်း သူမက အရှုံးကို ဝန်ခံရမည့်အစား ပင်လယ်မိစ္ဆာအသွင်သို့ပြောင်းလဲကာ ပင်လယ်နတ်ဘုရားလှံကို ရှေ့သို့ချိန်ရွယ်၍ ယဲ့ချန်ထံ မြှားတစ်စင်းပမာ ပစ်ဝင်လာခဲ့သည်။

ထိုအချိန်၌ ယဲ့ချန်က တစ်ချက်ပြုံးလိုက်ပြီး ဆက်လက်တိုက်ခိုက်လိုစိတ်မရှိသောကြောင့် ချီပင်လယ်ကို ရုတ်သိမ်းလိုက်၏။ သူက ထန်တိုက်လင်နှင့် သူသေကိုယ်သေတိုက်ခိုက်နေရန် အကြောင်းမရှိပေ။ ခရမ်းရောင်မီးများတောက်လောင်နေသော ခြင်္သေ့ကြီးလည်း ပျောက်ကွယ်သွားခဲ့သည်။ လှံသွားက ခဏအတွင်းရောက်ရှိလာကာ သူ၏လည်ချောင်းနှင့် သုံးလက်မသာ ကွာဝေးတော့သည်။ ယဲ့ချန်က ခုခံမှုအားလုံးကို ရုတ်သိမ်းလိုက်သောအခါ ထန်တိုက်လင်၏မျက်နှာထက်တွင် စိုးရိမ်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။ အကယ်၍ သူမသာ ရပ်တန့်ခြင်းမရှိလျှင် ယဲ့ချန်က အမှန်တကယ်သေရပေလိမ့်မည်။ ထန်တိုက်လင်က ညာလက်ကိုပြန်ရုတ်၍ ပင်လယ်နတ်ဘုရားလှံကို နေရာပြောင်းလဲလိုက်သော်လည်း ထက်ရှသောအသွားက ယဲ့ချန်၏ပါးပြင်ကိုခြစ်မိသွားကာ သွေးတစ်စက် စီးကျလာခဲ့သည်။ ကိုယ်ရှိန်မသတ်နိုင်သောအခါ သူမက ယဲ့ချန်ကိုဝင်တိုက်မိသွားပြီး နှစ်ယောက်လုံးက မြေပြင်တွင် လိမ့်ထွက်သွားကြသည်။

ထန်တိုက်လင်သည် ယဲ့ချန်ကို အနိုင်ယူလိုသောကြောင့် အစွမ်းကုန်ထုတ်ဖော်ထားသဖြင့် အရှိန်က ပြင်းထန်လွန်းနေသည်။ ထိုအခိုက်တွင် ယဲ့ချန်က တိုက်ခိုက်မှုကို ရုတ်တရက်ရပ်ပစ်လိုက်သောကြောင့် တိုက်မိသွားသည့်အရှိန်ဖြင့် တစ်ယောက်နှင့်တစ်ယောက်ဖက်လျက်သား လွင့်ထွက်သွားကြသည်။ သူတို့က နောက်ဆုံးတွင် လေ့ကျင့်ရေးကွင်း၏ တားမြစ်အစီအရင်ကို ထိမှန်သွားသောအခါတွင်မှ ရပ်တန့်သွားခဲ့သည်။

"ငါနိုင်ပြီ"

ယဲ့ချန်သည် ထန်တိုက်လင်၏ သေးသွယ်သောခါးကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး ကျန်လက်တစ်ဖက်နှင့် သူမ၏ သွယ်လျဖြူဖွေးသော လက်တစ်ဖက်ကို ဆုပ်ကိုင်ထားခဲ့သည်။ သူက ထန်တိုက်လင်၏ခန္ဓာကိုယ်ကို ခပ်တင်းတင်းဖက်ထားရင်း ခပ်ညစ်ညစ်ပြုံးပြလိုက်သည်။

"နင် အရှက်မရှိတဲ့ကောင်"

ထန်တိုက်လင်သည် ယဲ့ချန်က သူမကိုအနိုင်ရရန် ဤနည်းလမ်းမျိုးအသုံးပြုလာမည်ဟု မျှော်လင့်မထားခဲ့ပေ။ သူမသာ အချိန်မီရပ်တန့်နိုင်ခြင်းမရှိလျှင် ယဲ့ချန်က အမှန်တကယ်သေဆုံးသွားနိုင်ပြီး အသက်ကိုရင်း၍ စွန့်စားလိုက်ခြင်းဖြစ်သည်။ လက်ရှိအနေအထားအရ ခန္ဓာကိုယ်ချင်းထိကပ်နေသော သူမက ထုံးစံအတိုင်း တည်ငြိမ်မနေနိုင်တော့ဘဲ ရင်တဒိန်းဒိန်ခုန်နေခဲ့သည်။ ယဲ့ချန်သည် ချစ်စဖွယ်ကောင်းလွန်းသော ထန်တိုက်လင်ကြောင့် အသက်ရှူမှားသွားခဲ့သည်။ သူမက အမြဲတစေအေးစက်တင်းမာနေတတ်သော်လည်း လက်ရှိတွင် ပါးနှစ်ဖက်၌ ရှက်သွေးလေးများ ဖြာနေခဲ့သည်။ သူမက မည်မျှအေးစက်ပါစေ သိမ်မွေ့ညှင်သာသော မိန်းမပျိုတစ်ယောက်သာ ဖြစ်သည်။

ထန်တိုက်လင်၏မျက်နှာလေးကို ယဲ့ချန်က ငေးမောနေမိသည်။ စင်ရော်တောင်မျက်ခုံးလေးများ၊ ရွှန်းလဲ့သော မျက်ဝန်းလေးများ၊ ဖြောင့်စင်းသော နှာတံနှင့် နှင်းဆီပွင့်ဖတ်ကဲ့သို့ နှုတ်ခမ်းနှစ်လွှာ၏ပေါင်းစပ်မှုကြောင့် ပြည့်စုံသော အလှတရားတစ်ခု ဖြစ်ပေါ်လာသည်။ မည်သည့်ပန်းချီဆရာမဆို သူမ၏အလှတရားပေါ်လွင်အောင် ခြယ်မှုန်းနိုင်လိမ့်မည် မဟုတ်ပေ။ သူမက ယဲ့ချန်၏အကြည့်ကြောင့် ရှက်ရွံ့နေခဲ့ပြီး သာမန်မိန်းမပျိုများကဲ့သို့ ခံစားချက်များဖြစ်ပေါ်လာကြောင်း နားလည်လိုက်သည်။ ယဲ့ချန်သည် ခန္ဓာကိုယ်ချင်းအထိအတွေ့အကြောင့် စိတ်ထဲမှ ခံစားချက်များ ပြင်းထန်လာ၏။ သူမ၏ကြည်လင်သော မျက်ဝန်းလေးများတွင် ရှက်စိတ်နှင့်ကြောက်စိတ်တို့ ရောပြွန်းနေသဖြင့် ယဲ့ချန်၏စိတ်ကို လှုပ်ရှားလာစေခဲ့သည်။ သစ်ခွရနံ့ကဲ့သို့ မွှေးပျံ့သော ကိုယ်သင်းနံ့လေးက ယဲ့ချန်ကို လာရောက်ကျီစယ်နေသည်။ သူက တွေဝေငေးမောနေရာမှ နှင်းဆီရောင် နှုတ်ခမ်းနှစ်လွှာကို နမ်းရှိုက်လိုက်သည်။

သူ၏လုပ်ရပ်ကြောင့် ထန်တိုက်လင်၏ မျက်ဝန်းလေးများက မယုံနိုင်ဟန်ဖြင့် ပြူးကျယ်သွားခဲ့သည်။ ယဲ့ချန်က ဤမျှရဲတင်းမည်ဟု မထင်ထားခဲ့ပေ။ သူမ၏ဘဝတစ်လျှောက်လုံးတွင် ယဲ့ချန်က ပထမဆုံးအထိအတွေ့ကို ပေးစွမ်းသူဖြစ်သည်။ သို့သော် ယဲ့ချန်နှင့် အမှတ်တရများကို ပြန်လည်တွေးမိသောအခါ သူမက ရုန်းကန်ခြင်းမပြုတော့ဘဲ မျက်လုံးလေးများကို မှိတ်လိုက်သည်။

ချစ်သူနှစ်ဦးက အသက်ရှူသံချင်းဖလှယ်နေပြီး လောကကြီးက ရုတ်ချည်းလှပလာသည်။ ထန်တိုက်လင်က လူအသွင်ပြန်ပြောင်းလိုက်သောကြောင့် ရှည်လျားဖြောင့်စင်းသော ခြေတံအစုံက နတ်ဘုရားတစ်ပါး၏ဖန်တီးမှုပမာ ထွက်ပေါ်လာခဲ့သည်။ သူမဝတ်ဆင်ထားသော အပြာရောင်ဝတ်ရုံလေးက လေတစ်ချက်အတိုက်တွင် လွင့်ပျံသွားကာ ပြည့်စုံသော ကောက်ကြောင်းများ ထွက်ပေါ်လာသည်။

ယဲ့ချန်၏အထိအတွေ့များကြောင့် ထန်တိုက်လင်၏စိတ်က ပူလောင်လာကာ ရင်အုပ်ကျယ်ကြီးကို လက်နှစ်ဖက်ဖြင့် တွန်းထားမိသည်။ သူမသည် မျက်လုံးများမှိတ်ထားသော်လည်း ကော့ညွှတ်ရှည်လျားသော မျက်တောင်များက တုန်ယင်နေသည်။ အမြဲတမ်းအေးစက်တင်းမာကာ မြင့်မြတ်သော မြောက်ပင်လယ်၏ဘုရင်မက မိန်းမပျိုလေးတစ်ယောက်ပမာ ပြုမူနေသည်ကိုမြင်လျှင် လူတိုင်း တအံ့တသြ ဖြစ်သွားကြပေလိမ့်မည်။

သိုင်းပညာလေ့ကျင့်ရေးကွင်းအတွင်း ယဲ့ချန်၏အသက်ရှူသံများ ပြင်းထန်လာကာ ထန်တိုက်လင်၏ညည်းသံလေးက သာယာပျော့ပြောင်းစွာ ထွက်ပေါ်လာသည်။ ချစ်သူနှစ်ဦးကြားတွင် ဖုံးကွယ်ထားရသော ခံစားချက်များ ပေါက်ဖွားလာပြီဖြစ်လေသည်။

All Chapters