← Chapters

လျှို့ဝှက် အာဏာရှင် တစ်ယောက်၏ ဒေါသ

Vol. 53 Ch. 733

လျှို့ဝှက် အာဏာရှင် တစ်ယောက်၏ ဒေါသ

Vol. 53 Ch. 733

“၉၉၉.၄...”

မျက်လုံးများ မှိတ်ထားသဖြင့် အပြစ်သား တက်တူး ပြောင်းလဲမှုကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင် နိုင်သည့်တိုင် ဝေ့ဝူယင် စိတ်ထဲမှ သိရှိလိုက်၏။

ထိုအခိုက်၌ ကမ္မတန်ဖိုး အပေါ် သူ၏ အာရုံခံစားမှုများမှာ အလွန်ပင် အကဲဆတ်နေကာ ပြောင်းလဲမှုကို ဒသမကိန်းမှ အစ အတိအကျပင် သိနေခဲ့သည်။ ၎င်းက ကောင်းကင် ကပ်ဘေးအား ဖြတ်ကျော်စဥ် သက်ဆိုင်းရာ ရည်ရွယ်ချက်များကို နားလည်နိုင်ခြင်းနှင့် ဆင်တူသည်ဟု ဝေ့ဝူယင် တွေးလိုက်မိသည်။

တစ်ချိန်တည်းတွင် ထိုကဲ့သို့ ရှာဖွေ တွေ့ရှိမှုက သူ၏ စိတ်၊ ရုပ်၊ ဝိညာဥ် သုံးခု စလုံးတွင် မမြင်နိုင်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်နေကြောင်း သူ့ကို ဉာဏ်အလင်း ရစေ၏။

ကံမကောင်းစွာပင် တတိယ ကပ်ဘေး မလာခင် အချိန် မည်မျှ ကျန်ရှိဦးမည်ကိုတော့ ဝေ့ဝူယင် ခံစား၍ မရပါချေ။

သို့သော်လည်း ဝေ့ဝူယင် အတွက် တတိယ ကပ်ဘေးထက် ပိုမို၍ ထိတ်လန့်စရာ ကောင်းသည်က ကျင်းကျူး ဖြစ်သည်။ အသိစိတ် ပင်လယ် အတွင်းရှိ မှတ်ဉာဏ်များကို တွေ့မြင်ပြီး နောက်တွင် ထိုမျှ ပါရမီ မြင့်မားပြီး ကံကြမ္မာကောင်းများ ပိုင်ဆိုင်ထားသည့် ရန်သူတော် တစ်ဦးကို အသက်ရှင်လျက် ဆက်ထားရန် ဝေ့ဝူယင် ဆန္ဒ မရှိတော့ချေ။

လက်ရှိတွင်ပင် ကျင်းကျူးမှာ ကြယ်တာရာ သခင် တစ်ယောက် ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်ကို လပိုင်းအတွင်း မဟုတ်လျှင်ပင် နှစ်ပိုင်း အတွင်း တက်လှမ်းနိုင်ပေသည်။ ထို့အပြင်... သူ၏ အလားအလာက သူလိုကိုယ်လို သာမန် လျှို့ဝှက် အာဏာရှင် တစ်ယောက် မဖြစ်ချေ။ ကောင်းကင်တာအို၏ ကောင်းချီးခံ တစ်ယောက် အနေဖြင့် အမြင့်မားဆုံး ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားမှာ သေချာသည်။ ထိုအခါ စတေးခံလိုက်ရမည်က သူသာလျှင် ဖြစ်ပေလိမ့်မည်။

ပထမ၌ ကျင်းကျူး၏ ကျင့်ကြံခြင်း အခြေခံကို ဖျက်ဆီးရန်လောက်သာ သူ တွေးမိသေးသော်လည်း ကောင်းကင်မှ ဆင်းသက်လာသည့် လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာကို ခံစားမိပြီး နောက်တွင် ဝေ့ဝူယင် ဆုံးဖြတ်ချက်ကို ယတိပြတ် ချမှတ်ခဲ့ရသည်။ ထိုသေမျိုး အဆင့်လွန် ပုဂ္ဂိုလ်ကြီးများမှာ အချိန်ကို ပြောင်းပြန်လှန်ကာ ကုစားနိုင်သည့် အစွမ်းကို ပိုင်ဆိုင်ထားသည်။ အစွန်းလေးဖက် ကုန်းမြေတိုက်ကြီးမှာတုန်းက ဟယ်ယန်းလဲ့ ပင်လျှင် ထိုနည်းဖြင့် အသက်ပြန်ရှင်လာခဲ့သည် မဟုတ်ပါလား။

ထို့အပြင် သေမျိုး အဂ္ဂိရတ် အာဏာရှင် များတွင်ပင် ပြိုကွဲသွားသည့် ကျင့်ကြံခြင်း အခြေခံများကို ပြန်လည် ကုသနိုင်သည့် ဆေးနည်းများ ရှိသည်။ ကျင်းကျူးမှာ ကောင်းချီးခံ တစ်ယောက် ဖြစ်လေရာ ပြန်လည် ကောင်းမွန်ရန် အတွက် ကမ္မ တန်ဖိုး အမှတ် အနည်းငယ်သာ လိုအပ်မှာ ကျိန်းသေသည်။

ဝူယုနှင့် ဆွေးနွေးခဲ့မှုများ အရ ဆိုလျှင် ဟင်းလင်းပြင် စွမ်းအင်မှာ အချိန်သခင်များ၏ အပြန် ပြောင်းပြန်လှန်ခြင်း အစွမ်းကို တားဆီးနိုင်သည့် အကောင်းဆုံး လက်နက် တစ်ခု ဖြစ်သည်။ ဝေ့ဝူယင်မှာ ဟင်းလင်းပြင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဟင်းလင်းပြင် နဂါး အင်အားဖြင့် လွှမ်းခြုံပစ်ခဲ့သည့် အပြင် ကျင့်ကြံခြင်း အခြေခံ တစ်ခုလုံးကိုပါ တစ်လက်မကျန် ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင်... လုံချန်ကို သတ်ဖြတ်စဥ်က လိုမျိုး ကျင်းကျူး၏ ဝိညာဥ်အော်ရာထဲမှ စစ်မျိုးစေ့ တစ်ခုကိုပါ ဝေ့ဝူယင် လက်ခံ ရရှိခဲ့သည်။ သို့သော်လည်း... ကျင်းကျူး၏ စစ်မျိုးစေ့က လုံချန့်လို အဖြူရောင် မဟုတ်ချေ။ အပြာရောင် ဖြစ်သည်။

ကျင်းကျူး၏ မှတ်ဉာဏ်များထဲမှ စစ်မျိုးစေ့ ဆိုသော အရာနှင့် ၎င်းအား အဘယ်ကြောင့် ကမ်းလှမ်းကြပုံ၊ ကျင့်ကြံသူများ အတွက် မည်သို့မည်ပုံ အဖိုးတန်ပုံကို ဝေ့ဝူယင် သိရှိရပြီး ဖြစ်သည်။ စစ်မြေပြင် အကြောင်း ကျင်းကျူး သိထားသမျှကို သူကိုယ်တိုင်ပါ သိရှိခဲ့ပြီ ဖြစ်သည်။

ကံမကောင်းတာ တစ်ခုက... သူ ပိုမို၍ မလေ့လာနိုင်ခင်မှာပင် လောက၏ အေးခဲနေသည့် အခြေအနေမှာ တဖြည်းဖြည်း ပြန်လည် ပြေလျော့လာခြင်း ဖြစ်သည်။ အချိန်အသစ်တဖန် ပြန်လည် စတင်မှုနှင့် အတူ ကြောက်လန့်ဖွယ် ကောင်းလှသည့် အော်ရာမှာ အထက်မှ နေ၍ ပြင်းထန်သော အမြန်နှုန်းနှင့် ဝေ့ဝူယင် အပေါ် ဆင်းသက်လာခဲ့ချေပြီ ဖြစ်လေသည်။

ဝုန်း... ဝုန်း...

ချက်ချင်းပင် စစ်မြေပြင် တစ်ခုလုံးမှာ ငလျင်လှုပ် သကဲ့သို့ တုန်ဟီးသွားကာ မီတာ တစ်ထောင်ခန့် ဧရိယာ အတွင်းရှိ လူသား၊ တိုက်တန် မရွေး စစ်သည်တော် အားလုံးမှာ အထက် ကောင်းကင်ကို တုန်လှုပ်စွာ မော့ကြည့် လိုက်မိကြလေသည်။

ဝေ့ဝူယင်က တည်ငြိမ်စွာပင် အတောင်ပံများကို လှုပ်ခါလိုက်၏။ သူ့နှလုံးသားဆီမှ နဂါးဟိန်းသံ တစ်ခု ထွက်ပေါ်လာကာ ဟင်းလင်းပြင် တစ်ခုလုံးမှာ လှုပ်ခါသွား၏။ အတောင်ပံများ၏ အရွယ်အစားက လေးဆယ် မီတာ အထိ ပေါက်ကွဲထွက်လာသည်။ ဝေ့ဝူယင်က လက်တစ်ဖက်ကို ဆန့်ထုတ်၍ ကျွင်းကျူးနှင့် သူ့နောက်လိုက် ငါးယောက်၏ ဟင်းလင်းပြင် လက်စွပ်များကို သိမ်းဆည်းလိုက်၏။

ဆက်တိုက် ဆိုသလိုပင် ဝေ့ဝူယင် ခရာတို၊ ဧဒင်နှင့် ဘုရင်တို့၏ မူလ မိုးကုပ်စက်ဝိုင်း အဆင့် မန်နာ ထိန်းချုပ်ခြင်း စွမ်းရည်နှင့် ချိတ်ဆက်လိုက်၏။ ပတ်ဝန်းကျင်ရှိ အေးခဲ အသက်မဲ့နေသော မန်နာများမှာ စတင် ပြေလျော့လာကာ သူ့အလိုအတိုင်း စတင် လှုပ်ရှားလာသည်။ ဝေ့ဝူယင် ထိုမျှနှင့် ရပ်တန့်ခြင်း မရှိချေ။

လောကနှလုံးသား... ဆေဘာလောက...

ဆေဘာနှလုံးသား ရည်ရွယ်ချက်...

ရွှစ်...

ချက်ချင်းပင် ပတ်ဝန်းကျင် တစ်ခုလုံးရှိ အမတေနှင့် စွမ်းအင် အားလုံးမှာ ဆေဘာစွမ်းအင်များ အဖြစ် ပြောင်းလဲ သွားသည်။ အတောင်ပံများကို စတင် လှုပ်ခတ်လိုက်သည်နှင့် သူ၏ အမြန်နှုန်းက အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

ဝှစ်... ဝှစ်...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်မှာ နောက် သုံးမိုင်ခန့် အကွာသို့ ရောက်ရှိ သွားခဲ့၏။ သို့သော်လည်း သူက ထိုမျှနှင့် ရပ်ခြင်း မရှိချေ။ ပိုမို၍ပင် လျှင်မြန်စွာပင် ပျံသန်းကာ အဆက်မပြတ် နောက်ဆုတ် သွားသည်။

“ဘုန်း...”

ဝေ့ဝူယင် ဆုတ်ခွာသွားပြီး လျှပ်တစ်ပြက်စာ အတွင်းမှာပင် လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာမှာ အရှိန်အဟုန်နှင့် ကျဆင်းလာခဲ့ပြီ ဖြစ်လေသည်။

“အား....”

မီတာ ထောင်ဂဏန်း အတွင်းရှိ စစ်သားများစွာမှာ ကြီးမားသည့် ဖိအားကို ခံစား လိုက်ရလေရာ ခေါင်းများကို လက်များဖြင့် ဆုပ်ကိုင်၍ အော်ဟစ်လိုက်မိကြ၏။ အနီးအနားရှိ လူများဆိုလျှင် ထိုဖိအားကြောင့် ခန္ဓာကိုယ် တစ်ခုလုံး အပိုင်းအပိုင်း အစစ အဖြစ် ဖိချေခံရကာ သေဆုံး၍ပင် သွားကြသည်။ ထိုလျှို့ဝှက် အာဏာရှင် အဆင့်မှာ ဝေ့ဝူယင်ကို တစ်ခါတည်း အသေသတ်ရန် ရည်ရွယ်ထားကြောင်း ထင်ရှားပေသည်။

“...”

ပုံရိပ်ကား စစ်မြေပြင်ဆီ ကျဆင်းလာခဲ့ပြီ ဖြစ်လေသည်။ အလွန်တရာ တောက်ပသည့် အပြာရောင်အလင်းများ လွှမ်းခြုံ နေသောကြောင့် အမူအရာကို ထင်ထင်ရှားရှား မမြင်ရသည့်တိုင် ၎င်း၏ အော်ရာက ခံစားချက်များ မည်မျှ ပြင်းထန်နေကြောင်း ဖော်ပြနေသည်။ အပြာရောင် အလင်းတန်းများမှာ လက်မောင်းနှစ်ဖက်ဖြင့် ပွေ့ဖက်လိုက်သည့် အလား ကျင်းကျူး၏ ခန္ဓာကိုယ်ကို ဝန်းရံသွား၏။

တစ်ခဏကြာပြီး နောက်တွင်ပင် ပုံရိပ်မှာ အမှန်တရားကို သိရှိလိုက်ပြီ ဖြစ်သည်။ ကျင်းကျူး၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ အချိန်၊ ဟင်းလင်းပြင် စွမ်းအင်များ၏ ပြင်းထန်သော သက်ရောက်မှုကို ခံထားရ၏။ အချိန် ပြောင်းလဲခြင်း စွမ်းအားဖြင့် သူ၏ သေဆုံးမှုကို နောက်ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။ သေမျိုး အဆင့်ကို ကျော်လွန်နေသည့် လျှို့ဝှက် အာဏာရှင် အဆင့်များတွင်လည်း အကန့်အသတ်များ ရှိကြပေသည်။

ဝေ့ဝူယင်ကတာ့ နောက်ကို တစ်စက်မှ ပြန်လှည့် မကြည့်ပါချေ။ စက္ကန့် အနည်းငယ် အတွင်းမှာပင် သူက လျှို့ဝှက် အာဏာရှင် အဆင့်နှင့် ဆယ်မိုင်ခန့် အထိ ကွာဝေး သွားခဲ့ပြီ ဖြစ်လေသည်။ ကျင်းကျူး၏ မှတ်ဉာဏ်များကို ကြည့်ရှုခဲ့ရာ သူ ဆန့်ကျင်ခဲ့မိသူက မည်သူ ဖြစ်ကြောင်း ဝေ့ဝူယင် သိပေသည်။ ၎င်းက သာမန် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် မဟုတ်ချေ။ နှစ်ပေါင်း ငါးရာ အတွင်းမှာပင် သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို တက်ရောက်နိုင်ခဲ့သည့် ပါရမီရှင် တစ်ဦး ဖြစ်သည်။ လျှို့ဝှက် အာဏာရှင် အဆင့်နှင့် အဂ္ဂိရတ် ရှန့်ထိုများ ပေါများသည့် ကျင့်ကြံခြင်း လောကတွင်ပင် သူက ထိပ်တန်း ပါရမီရှင် အဖြစ် သတ်မှတ် ခံထားရသူ ဖြစ်သည်။

သေခြင်းတရားနှင့် နာကျင်သော မြည်ကြွေးသံများ ပြည့်နှက်နေသည့် စစ်မြေပြင် တစ်လျှောက် ပြေးလွှားရင်း ဝေ့ဝူယင်၏ အမူအရာက အလွန်အမင်း တည်ငြိမ်နေ၏။ သူ ကျင်းကျူး အပေါ် ကျူးလွန်ခဲ့သော အမှုကြောင့် ထိုပုံရိပ်က သူ့ကို ခွင့်လွှတ်လိမ့်မှာ မဟုတ်မှန်း သိရှိပြီး ဖြစ်သည်။

“အား...”

အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသည့် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက အရပ်ရှစ်မျက်နှာကို ပျံ့နှံ့သွားကာ မိုင်ပေါင်း ရာချီ အတွင်းရှိ စစ်သည်တော်များ၏ တိုက်ပွဲမှာ တဒင်္ဂမျှ ရပ်တန့်သွားသည်။ ထိုအ်ေဟစ်သံ အတွင်း ပါဝင်နေသည့် ဝမ်းနည်း ပူဆွေးမှု၊ နောင်တတရားနှင့် ဒေါသအမျက်တို့ကို မည်သူမှ လျစ်လျူနိုင်စွမ်း မရှိပါချေ။

သူတို့၏ နှလုံးသားများမှာ တဒိတ်ဒိတ်ခုန်လာကြလေသည်။

ဝေ့ဝူယင်မှာ အမူအရာ ပြောင်းလဲခြင်း မရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်သည်. သူက စစ်မြေပြင် တစ်လျှောက် အလျှင်မြန်ဆုံးသော နှုန်းဖြင့် ဆက်လက် ပြေးလွှားနေ၏။ သူ၏ ခန္ဓာကိုယ်က သွေးမှုန်များ ပျံ့လွင့်နေသည့် အနီရင့်ရောင် လေထုထဲတွင် မီးခိုးရောင် အလင်းတန်း တစ်ခုနှယ် ဖြတ်သန်းနေသည်။

ခရက်...

ရုတ်တရက် ဝေ့ဝူယင်မှာ သူ ဝိညာဥ်အာရုံဖြင့် မှတ်သားခံလိုက်ရသလို ခံစားချက်မျိုး ရရှိလိုက်၏။ အကယ်၍ သူသာ မျက်လုံးများကို ဖွင့်ထားခဲ့ပါက ထိုခံစားချက်ကြောင့် ပြူးကျယ်သွားမှာ သေချာပေသည်။ ကျင်းကျူး၏ မှတ်ဉာဏ်များကို တွေ့မြင်ပြီး နောက်တွင် လျှို့ဝှက် အာဏာရှင် အဆင့်များ စစ်မြေပြင်တွင် ထုတ်ဖော်နိုင်သည့် ခြေရာခံခြင်း စွမ်းအား အကြောင်း သူ သိရှိပြီး ဖြစ်သည်။

ဝေ့ဝူယင်၏ နှုတ်ခမ်းထက်တွင် ဖြူရော်သည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။ ယခုလို ပြင်းထန်သည့် စစ်မြေပြင်၊ ကြောက်မက်ဖွယ် ဝိညာဥ်အင်အား ဖိနှိပ်မှုနှင့် အဆသန်းချီ မြေဆွဲအား ရှိသည့် နေရာမျိုးတွင်ပင် လျှို့ဝှက် အာဏာရှင် အဆင့်မှာ ဝိညာဥ်အင်အားကို ဆန့်ထုတ်ကာ သူ့ကို လှမ်း၍ ထောက်လှမ်း နိုင်ခဲ့သည်။ သူတို့၏ လျှို့ဝှက် စွမ်းအားက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှကာ သေမျိုး အကန့်အသတ်ကို ချိုးဖျက်နိုင်စွမ်း ရှိပေသည်။

ဝေ့ဝူယင် ဝိညာဥ် အာရုံဖြင့် သူ့ ခေါင်းထက်၌ ရှိနေသည့် ရောင်စဥ် တစ်ခုကို တွေ့မြင်နေရ၏။ ၎င်းကို လျှို့ဝှက် အဆင့် စွမ်းအားဖြင့် ဖန်တီးထားပုံ ရသော်လည်း ကောင်းကင်ဘုံ နတ်မျက်လုံး မပါပဲ သူ ဘာကိုမှ ဖြတ်သန်း မြင်နိုင်စွမ်း မရှိချေ။ ယခုလို အခိုက်အတန့်မျိုးတွင် သာမန် အမြင်အာရုံကိုပင် မသုံးနိုင်ခြင်းက ကြီးမားသော အားနည်းချက် တစ်ရပ် ဖြစ်ပေသည်။

စစ်မြေပြင်တွင် သေမျိုးနှင့် လျှို့ဝှက် အာဏာရှင် အကြား တင်းကြပ်သည့် ပိုင်းခြားမှုများ မရှိချေ။ လျှို့ဝှက် အာဏာရှင် အဆင့်များ သေမျိုး အဆင့် တိုက်ပွဲကို ဝင်မနှောက်ယှက်ရ ဆိုသည့် နှုတ်ကတိ စည်းမျဥ်း တစ်ခုသာ ရှိပေသည်။ အကယ်၍ ထိုစည်းမျဥ်းကို ချိုးဖောက်ပါက သတ်မှတ်ထးသည့် ဒဏ်ကြေး တစ်ခုကို ပေးဆောင် ရလိမ့်မည် ဖြစ်သည်။

မှန်ပေသည်။ ဒဏ်ကြေးတစ်ခုသာလျှင် ဖြစ်သည်။ ထိုဒဏ်ကြေးက မည်မျှပင် မြင့်မားသည့် ဖြစ်စေ... လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် အတွက်တော့ မုန့်ဖိုးပဲဖိုး သာသာမျှသာ ဖြစ်သည်။

သို့သော်လည်း... လျှို့ဝှက် အာဏာရှင် အဆင့် တစ်ယောက် သေမျိုး အဆင့် တိုက်ပွဲကို ဝင်ရောက် နှောက်ယှက်ရန် ကြိုးပမ်းပါက မည်သူမဆို မြေပြင်သို့ ဆင်းကာ ၎င်းအား တားဆီးရန် ကြိုးပမ်းနိုင်ပေသည်။ ထိုအရာက တရားဝင် အခွင့်အရေး ဖြစ်ကာ မည်သည့် ဒဏ်ကြေးမှ ပေးဆောင်ရလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ဝေ့ဝူယင်မှာ သူ့အသက်အတွက် အခြားလူတစ်ယောက်ကို ဘယ်တုန်းကမှ အားကိုးခဲ့သူ မဟုတ်ချေ။ သာမန် လူပုဂ္ဂိုလ်များ မဆိုထားနှင့်။ ကောင်းကင်တာအိုကို ပင်လျှင် အပြည့်အဝ ယုံကြည် ကိုးစား၍ မရချေ။ ကျင်းကျူး၊ ယွမ်လုံရှီနှင့် လုံချန်တို့က အကောင်းဆုံး ဥပမာများပင် ဖြစ်သည်။

ဝေ့ဝူယင် အနည်းငယ်ပင် တုန့်နှေးသွားခြင်း မရှိပဲ မျဥ်းဖြောင့် အတိုင်း ဆက်လက် ပျံသန်း သွား၏။ သို့သော်လည်း... နောက်မှ လိုက်လာသည့် လျှို့ဝှက် အာဏာရှင် အဆင့် အော်ရာမှာ ပိုမို၍ နီးကပ်လာနေခဲ့ပြီ ဖြစ်သည်။ ၎င်းက သူ၏ အော်ရာနှင့် တည်ရှိမှုတို့ကို အပြည့်အဝပင် အာရုံစိုက်နေကာ အမဲလိုက်ရန် ကြိုးပမ်းနေပုံ ရသည်။ သူ့အတွက် လွတ်လမ်း မရှိတော့ချေ။

All Chapters