← Chapters

ဆေဘာ

Vol. 53 Ch. 735

ဆေဘာ

Vol. 53 Ch. 735

ထိုအရာများကို ရှင်းပြနေရသည်က ကြာမြင့်သည့်တိုင် အမှန်တကယ်တွင် မျက်တောင်တစ်ခပ်စာမျှ အတွင်း ဆက်တိုက် ဆိုသလို ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ခရက်... ခရက်...

ဝိညာဥ်အင်အားကို အကန့်အသတ်ထိ ရောက်အောင် တိုးမြှင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မီးခိုးရောင် အကြေးခွံနှင့် ခန္ဓာကိုယ်ထက်တွင် စိမ်းပြာရောင် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့၏။ အတွင်းပိုင်း တစ်ခုလုံး လှိုက်ပြီး ပေါက်ကွဲသွားသလို ခံစားချက်ကြောင့် ဝေ့ဝူယင်၏ နှုတ်ခမ်းတွင် သွေးစ အချို့ ထွက်ပေါ်လာသည်။ သူ ထိုအခြေအနေကို အကြာပြီး ထိန်းထားနိုင်လိမ့်မည် မဟုတ်ချေ။

ချိုက်လျှို့ယန်မှာ ဝေ့ဝူယင် သူ့ကိုယ်ကို အကန့်အသတ် ရောင်အောင် တွန်းတင်နေသည်ကို ကြည့်နေခဲ့၏။ သူမက လက်မောင်း နှစ်ဖက်ဖြင့် ကျင်းကျူးကို ပွေ့ချီထားကာ လှပသော မျက်လုံးများမှာ အဆုံးမဲ့ မုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်း၌ ထိုမျက်လုံးများက ဝေ့ဝူယင်ကို လောက၌ အဆိုးရွားဆုံးသော၊ အရက်စက်ဆုံးသော သေခြင်းတရားဖြင့် ကြုံတွေ့ရအောင် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း ပြောပြနေသည်။

ဝေ့ဝူယင် အံ့အားသင့်ခြင်း မရှိပါချေ။ ကျင်းကျူး၏ မှတ်ဉာဏ်များထဲမှ သူမနှင့် ပတ်သက်သမျှ အရာရာကို သူ လေ့လာခဲ့ပြီး ဖြစ်သည်။ ချိုက်လျှို့ယန်က သူမ မုန်းတီးသူများကို မသတ်ခင် မည်ကဲ့သို့ ကိုင်တွယ်လေ့ ရှိကြောင်းကို သူ သိပေသည်။

ဝှစ်...

ချိုက်လျှို့ယန်က ဖြည်းညင်းစွာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ကျင်းကျူး၏ အလောင်းက ဖြည်းညင်းစွာပင် လေပေါ် မြင့်တက်သွားကာ ခုတင် တစ်ခုပေါ် လှဲလျောင်းနေသည့် အနေအထားဖြင့် သူမ နောက်သို့ ရွေ့လျားသွား၏။

နှင်းဆီရောင် သမ်းနေဆဲ ဖြစ်သည့် အသားအရောင်နှင့် သန့်စင်သော ဝတ်စုံတို့ကြောင့် မည်သူမဆို ကျင်းကျူး အိပ်နေခြင်း ဟုသာ တွေးမိကြလိမ့်မည် ဖြစ်သည်။ ချိုက်လျှို့ယန်၏ ရက်စက် ကြမ်းကြုတ်သော မျက်လုံးများက ဝေ့ဝူယင်ကို စူးစိုက် ကြည့်နေ၏။ ရန်သူက ဝိညာဥ်အင်အားကို အကန့်အသတ်ထိ ရောက်အောင် တင်ထားသည့်တိုင် သူမမှာ မထိမခိုက် ရှိနေသေးဆဲ ဖြစ်သည်။

ဝေ့ဝူယင် စိတ်ထဲမှ ဖြူရော်စွာ ရယ်မောလိုက်မိ၏။ ချိုက်လျှို့ယန်မှာ ရုပ်ခန္ဓာကို လျှို့ဝှက် ရည်ရွယ်ချက်နှင့် ချိတ်ဆက်ထားသည့် သေမျိုးတစ်ပိုင်း အရှင် တစ်ယောက် ဖြစ်သည်။ သူမက ကြယ်တာရာ အမြုတေ အဆင့် တစ်ယောက် အထူးသဖြင့် သာမန် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် ထိခိုက်အောင် လုပ်နိုင်သည့် ဖြစ်တည်မှုမျိုး မဟုတ်ချေ။

သို့သော်လည်း... ဝေ့ဝူယင်မှာ သာမန် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် တစ်ယောက် မဟုတ်ပါချေ။ အနည်းဆုံး သူ သည်အတိုင်း လက်လျှော့ အရှုံးပေးမည် မဟုတ်ချေ။

ဝိညာဥ်အင်အား အကန့်အသတ်ကို ရောက်ရှိသည်နှင့် ဝေ့ဝူယင်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ မျက်ခွံများက အပေါ်သို့ မြင့်တက်သွားကာ ဝိညာဥ် အလင်းတန်းများက မိုင်ပေါင်းရာချီတိုင်အောင် ဖြန့်ကျက် ရောက်ရှိသွားသည်။ ထိုဧရိယာ အတွင်းရှိ လူများမှာ စူးရှလွန်းသည့် အလင်းတန်းများကြောင့် မျက်လုံးများ ကန်းသွားသလိုပင် ခံစားလိုက်ရ၏။

တစ်ချိန်တည်း၌ ကာယကံရှင် ဖြစ်သည့် ဝေ့ဝူယင်မှာလည်း ပြင်းထန်သည့် ဝိညာဥ်အင်အားကြောင့် မျက်လုံးများ တစ်စစီ ပေါက်ကွဲထွက်တော့ မတတ် ခံစားနေရသည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ ဝိညာဥ် ကျင့်ကြံခြင်း နည်းလမ်း တစ်ခု ဖြစ်လေရာ ဝိညာဥ်အင်အားနှင့် နက်ရှိုင်းစွာ ချိတ်ဆက်နေသည်။ အကျိုးဆက် အနေဖြင့် ဝိညာဥ်အင်အားက အကန့်အသတ်ကို ကျော်လွန်သော အခါ၌ ၎င်းထံတွင် ပြဿနာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ထိုအခိုက်၌ ဝေ့ဝူယင်မှာ သူ့တွင် ရှိသမျှ အရာ အားလုံးကို ထုတ်ဖော်ကာ သေမျိုး တစ်ပိုင်း အရှင် အဆင့်ကို ရင်ဆိုင် နေခဲ့ပြီ ဖြစ်လေသည်။

ဟူး... ဟူး...

သူက လျှင်မြန်စွာပင် လက်ဟန်ချိပ်စည်း တစ်ခုကို ဖန်တီးကာ ဝိညာဥ် အစီအရင်ကို ဖော်ထုတ်လိုက်၏။ ပတ်ဝန်းကျင် တစ်ခုလုံး ဝိညာဥ်အလင်းများနှင့် လွှမ်းခြုံနေသည့်တိုင် ချိုက်လျှို့ယန်မှာ အလင်း အကာအရံ တစ်ခုကို ထုတ်ဖော်ကာ မထိမခိုက်ပင် ရှိနေသေးဆဲ ဖြစ်သည်။ သူမက မျက်လုံးများ ကျဥ်းမြောင်းကာ ဝေ့ဝူယင်၏ လှုပ်ရှားမှုများကို လေ့လာ နေခဲ့၏။

ဘုန်း...

ခပ်အုပ်အုပ် ပေါက်ကွဲသံ တစ်ခုနှင့် အတူ မိုင်ပေါင်း ရာချီကို ဖြန့်ကျက်နေသည့် ဝိညာဥ်အလင်းများမှာ ရုတ်ချည်းပင် ဆုံမှတ် တစ်ခုဆီသို့ ပြန်လည် ပေါင်းစည်းသွား၏။ ထိုလှုပ်ရှားမှုက အလင်းထက်ပင် ပိုမို မြန်ဆန်လေရာ ချိုက်လျှို့ယန် အနည်းငယ် အံ့အားသင့် သွားခဲ့သည်။

သူမ၏ မျက်လုံးများ ရှေ့တွင်တော့ စိမ်းပြာရောင် စက်လုံးလေး တစ်ခုကို မြင်နေရ၏။ ချိုက်လျှို့ယန် အေးစက်စက် နှာခေါင်းရှုံ့လိုက်ကာ ထိုစက်လုံးလေးထံ လက်များကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် ၎င်းကို လျှို့ဝှက် စွမ်းအားဖြင့် ရစ်ပတ်ကာ ဆုပ်ကိုင်လိုက်၏။

ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားကာ မီးခိုးရောင် သွေးများမှာ နှုတ်ခမ်းထက်မှ စီးကျလာ၏။ သူ၏ အဆုံးမဲ့ ဟင်းလင်းပြင် အတောင်ပံများမှာ မတည်မငြိမ် ဖြစ်လာကာ အောက်သို့ ပြုတ်ကျ မတတ်ပင် ဖြစ်သွားသည်။ သူ၏ မီးခိုးရောင် အကြေးခွံ ခန္ဓာထက်၌ သိသာ ထင်ရှားသည့် အက်ကြောင်းများ ဖြစ်ပေါ်နေကာ ဝိညာဥ်အင်အားများမှာ ထိန်းချုပ် မရနိုင်အောင် စိမ့်ထွက် နေခဲ့၏။

“နင့်မှာ ရှိတာ ကုန်ပြီလား...”

ချိုက်လျှို့ယန်က လှောင်ပြောင်ဟန်နှင့် မေးလိုက်၏။ ထို့နောက် သူမက လက်ချောင်းများကို ဖျစ်ညှစ်ကာ ဝိညာဥ် စက်လုံးကို အပိုင်းပိုင်း အစစ ဖြစ်အောင် ခွဲချေ ပစ်လိုက်သည်။ မည်မျှပင် ကြောက်မက်ဖွယ် ကောင်းသည့် ဝိညာဥ်အင်အား ဖြစ်စေကာမူ... သေမျိုးတစ်ပိုင်း အရှင် တစ်ယောက်၏ လက်တွင်တော့ သဲများလို မွှချေခံလိုက်ရပြီ ဖြစ်လေသည်.

ဝေ့ဝူယင်ထံမှ လေးပင်သည့် အသက်ရှုသံများ ထွက်ပေါ်နေ၏။ သို့သော်လည်း သူ့ နှုတ်ခမ်းထက်၌ ဖျပ်ခနဲ အပြုံး တစ်ခု ဖြစ်ပေါ်လာကာ ချိုက်လျှို့ယန်ကို ကြည့်လိုက်သည်။

“ကျုပ်နိုင်တယ်..."

ချိုက်လျှို့ယန်၏ မျက်လုံးများက ကျဥ်းမြောင်းသွား၏။ သူမ ထိုစကားကို တူညီသည့် အခြေအနေ၊ တူညီသည့် အကြပ်အတည်းမျိုးတွင် ကျင်းကျူးထံမှ အကြိမ်ပေါင်း များစွာ ကြားဖူးသည်။ ဆုံးရှုံးသွားခဲ့သည့် အမှတ်တရများက လှိုင်းတံပိုး သဖွယ် သူ့မစိတ်ထဲ ပြန်လည် ထကြွလာခဲ့၏။ ထိုအခိုက်အတန့်တွင်ပင် သူမ၏ စိတ်အတွေးများက ရုတ်ချည်း ရပ်တန့်သွားသည်။

ရွှမ်း...

ဝေ့ဝူယင်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ့ အခြေတည် ဆေဘာဝိညာဥ် ဖြစ်သည့် “ဒြပ်စင်”ကို ဆင့်ခေါ်လိုက်၏။ အကြိမ်ပေါင်း သန်းချီ လေ့ကျင့်ထားသည့် အလား ဘုရင်ထံမှ စွမ်းအင် အားလုံးက လက်မှ တစ်ဆင့် ဒြပ်စင်ထံ စီးဝင်သွားသည်။ ဝိညာဥ်အင်အားနှင့် ဆေဘာအင်အား စုစည်းမှု နှစ်ခု စလုံးကို အသက်လုကာ ထွက်ပြေးနေသည့် အတောအတွင်း ဤအခိုက်အတန့် တစ်ခုတည်း အတွက် ရည်ရွယ်ကာ ဝေ့ဝူယင် ကြိုတင် ပြင်ဆင်ခဲ့ခြင်း ဖြစ်ပေသည်။

ရွှမ်း...

ဝေ့ဝူယင် ဆေဘာကို ဒေါင်လိုက်ပင် ဖြတ်ပိုင်းလိုက်၏။ တစ်မီတာခန့် ထူကာ ကီလိုမီတာ ထောင်ပေါင်းများစွာ ရှည်လျားသည့် ဓားအလင်း တစ်ခု ထွက်ပေါ်လာ၏။

ထိုဓားချက်၌ ဝေ့ဝူယင် မည်သည်ကိုမှ ထိန်ချန်ထားခြင်း မရှိပဲ ရှစ်ဆယ့်တစ် စင်တီမီတာ အရွယ်အစား ရှိသည့် ဘုရင်၏ လောကပင်လယ်တစ်ခုလုံးကို အသုံးပြုထား၏။ ထိုအခိုက်အတန့်၌ ဆေဘာနှလုံးသား ရည်ရွယ်ချက်ကိုပင် ထုတ်ဖော် ထားလေရာ ဓားအလင်းမှာ လမ်းတစ်လျှောက်ရှိ အမတေနှင့် စွမ်းအင်များကို စုပ်ယူ၍ ပိုမို၍ပင် ထက်ရှလာသည်။

ချိုက်လျှို့ယန်၏ စိတ်၊ ရုပ်၊ ဝိညာဥ် သုံးခုလုံးမှာ ဟင်းလင်းပြင် အချိန် တစ်ခုတွင် အသေ ပိတ်မိနေ၏။ သူမ အနည်းငယ်ပင် လှုပ်ရှားနိုင်ခြင်း မရှိချေ။ ထိုအခိုက်၌ သူမ တတ်နိုင်သမျှ အရာအားလုံးက ဝေ့ဝူယင်၏ ဆေဘာ လျှင်မြန်စွာ နီးကပ်လာနေသည်ကို ကြည့်နေခြင်းမျှသာ ဖြစ်ပေသည်။

ပထမဆုံး အကြိမ် အဖြစ် ကြောက်ရွံ့ ထိတ်လန့်မှုနှင့်နောင်တ တရားက သူမ၏ မျက်လုံး အတွင်း ဖြစ်ပေါ်လာ၏။ ဝေ့ဝူယင်ကို ချက်ချင်း မသတ်မိခြင်း အတွက် သူမ နောင်တရလာမိသည်။ ဝိညာဥ်စက်လုံး ထောင်ချောက်အား ကိုယ်တိုင် ချိုးဖျက်လိုက်ခြင်း အပေါ် သူမ နောင်တရမိသည်။ ကောင်းကင်တွင် တိုက်ခိုက်နေစဥ် ကျင်းကျူးအား သေဆုံးခွင့်ပြုလိုက်ရခြင်း အပေါ် သူမ နောင်တ ရမိသည်။

အနီးအနားရှိ လျှို့ဝှက် အာဏာရှင် အားလုံး၏ အမူအရာများက ပြောင်းလဲသွား၏။ ဝေ့ဝူယင်၏ နှုတ်ခမ်းတွင်တော့ အပြုံးတစ်ခုက တွဲလွဲခိုလျှက်...။

ထို့နောက်...

လျှပ်တစ်ပြက်၏ ဆယ်ပုံတစ်ပုံမျှ ကြာချိန်...

ထိုအပြုံးက ချက်ချင်း ပြန်လည် ရပ်တန့်သွား၏။

အေးခဲနေသည့် ကျောက်စိမ်းရောင် အလင်း တစ်ခု ပေါက်ကွဲ လာသည်။

ဝေ့ဝူယင်၏ ဆေဘာအလင်းမှာ ချိုက်လျှို့ယန်၏ ရင်ဝနှင့် လက်မ အနည်းငယ်ခန့် အကွာတွင် ရပ်တန့်သွား၏။

လှပ သွယ်လျသော လက်တစ်ဖက် ထွက်ပေါ်လာကာ ဆေဘာအလင်းကို ဘာမှ မဖြစ်သလို ဆုပ်ကိုင်လိုက်သည်။ ထိုလက်ချောင်းရှည်များ အနည်းငယ် လှုပ်ရှားသွားသည်နှင့် ဆေဘာအလင်းမှာ ရေခဲလွှာ တစ်ခုနှယ် ကြိုးပဲ့ ကြေမွ သွားတော့၏။

"…"

“နင် နိုင်တယ် ဟုတ်လား... အဲဒီလို ပြောဖို့ ထိုက်တန်လို့လား...”

ချိုက်လျှို့ယန်၏ အသံက မိုးကြိုး ထစ်ချုန်းသံ တစ်ခုလို ထွက်ပေါ်လာ၏။ ရွှေရောင် ဝတ်စုံနှင့် လူအိုကြီးက အူမြူးစွာပင် ပြုံးလိုက်သည်။

“တကယ့် စွမ်းအားရဲ့ ရှေ့မှာ မျက်လှည့်ကွက်လေးတွေက ဘာအသုံးဝင်မှာလဲ”

ဝေ့ဝူယင်၏ ခွန်အားနှင့် ဗျူဟာတို့မှာ လွန်စွာ အထင်ကြီးစရာ ကောင်းလှသည့်တိုင် သူက သေမျိုး တစ်ယောက် ဖြစ်နေဆဲ ဖြစ်သည်။ ထိုမျှ ကြောက်မက်ဖွယ် ကောင်းသည့် ပါရမီရှင် တစ်ဦးကို စောစောစီးစီး အဆုံးသတ် ပစ်လိုက်နိုင်ပါက အကောင်းဆုံး ဖြစ်သည်။ အထူးသဖြင့်... ထိုလူငယ်မှာ တိုက်တန် မျိုးနွယ်များဘက်မှ အမှုထမ်း နေခြင်း ဖြစ်လေရာ လုံးဝ ရှင်သန် ကြီးထွားခွင့် ပေး၍ မဖြစ်ချေ။ ချိုက်လျှို့ယန် လျှို့ဝှက်တစ်ပိုင်း အဆင့်အား ထုတ်ဖော်ခဲ့ခြင်း အပေါ် သူ ပျော်ရွှင်မိပေသည်။

တစ်ချိန်တည်း၌ အခြား သေမျိုးတစ်ပိုင်း အဆင့် အရှင်များမှာ ပမွှား ကျင့်ကြံသူ တစ်ယောက်က လျှို့ဝှက် အာဏာရှင် တစ်ယောက်ကို သူမ၏ အကန့်အသတ် ဖြစ်သည့် “လျှို့ဝှက်တစ်ပိုင်း အဆင့်” အား ဖော်ထုတ်ရသည် အထိ ဖိအား ပေးနိုင်ခဲ့ခြင်း အပေါ် အလွန်အမင်း အံ့သြ နေကြ၏။

ထိုအဆင့်မှာ အလွန် ထူးခြားကာ လျှို့ဝှက် စွမ်းအင် ပမာဏ များစွာကို အသုံးပြုရန် လိုအပ်သည်။ အကယ်၍ ပြင်ပ အထောက်အပံ့များကိုသာ မသုံးပါက ကုန်ဆုံးသွားသည့် လျှို့ဝှက် စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် ဆယ်စုနှစ်နှင့်ချီ ကျင့်ကြံရလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်မှာ အလွန် ပင်ပန် နွမ်းနယ်နေပုံ ပေါ်၏။ သူ့နှုတ်ခမ်းထက်တွင်တော့ ခါးသီးသည့် အပြုံးတစ်ခု ဖြစ်တည်နေသည်။ သူ၏ မျက်လုံးများက မှိတ်ထားဆဲ ဖြစ်ကာ အချိန်မရွေး အိပ်မောကျသွားတော့မည့်ပုံ ပေါ်ပေသည်။

ဝှစ်...

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ချိုက်လျှို့ယန်မှာ ဝေ့ဝူယင်၏ အရှေ့သို့ ရောက်ရှိလာ၏။ သူမက နောက်တစ်ကြိမ် အချိန်ဆွဲရန် မဝံ့ရဲတော့ပုံ ရသည်။

သို့သော်လည်း ဝေ့ဝူယင်မှာ လက်တစ်ဖက်ကိုပင် လှုပ်နိုင်တော့ပုံ မပေါ်ချေ။ သူ၏ အမူအရာက အလွန်အမင်း ဖြူရော်နေကာ အားအင် အားလုံး ကုန်ဆုံးနေပုံ ပေါ်၏။ ဒြပ်စင်က အလင်းတစ်စ အဖြစ် ပြောင်းလဲသွားကာ ဗလာနတ္ထိ ဖြစ်သေနည့် ဘုရင်၏ ကြယ်တာရာ အမြုတေထဲ ပြန်ဝင်သွားသည်။ ဝေ့ဝူယင်၏ အတောင်ပံ ခတ်နှုန်းက တဖြည်းဖြည်း လျော့ကျလာ၏။

သူက ခေါင်းကို ဖြည်းညင်းစွာ မော့ရင်း ချိုက်လျှို့ယန်ကို မျက်နှာချင်း ဆိုင်လိုက်သည်။

“ကျုပ် ကြိုးစားခဲ့သားပဲ...”

ထိုကဲ့သို့ ပြောပြီးသည့်နောက် သူက သက်ပြင်းတစ်ချက် ချကာ ခေါင်းကို ပြန်ငုံ့လိုက်၏။ သူ၏ အစစ်အမှန် နဂါး အသွင်က ပျောက်ကွယ်သွားကာ ချောမောခန့်ညားသည့် မူလ မျက်နှာက ပြန်လည် ပေါ်လွင်လာခဲ့သည်။ ထိုလှပသော မျက်နှာထက်တွင် အစဥ်အမြဲ ခိုအောင်း နေတတ်သည့် ယုံကြည်ချက်၊ တည်ငြိမ်မှုနှင့် စွမ်းအင်တို့ကတော့ ပျောက်ရှ သွားခဲ့ပြီ ဖြစ်လေသည်။

သို့တိုင်အောင် ချိုက်လျှို့ယန်မှာ ဝေ့ဝူယင်၏ ရုပ်ရည်ကို စိတ်ထဲမှ ကြိတ်ကာ ချီးကျူးလိုက်မိ၏။ သူက မကြာခင် သေဆုံးသွားရမှာ ဘယ်လောက်တောင် နှမြောစရာ ကောင်းလိုက်သနည်း။

ဝေဟင်၌ ခိုင်မြဲစွာ ရပ်တည်နိုင်အောင် ကူညီပေးထားသည့် အတောင်ပံများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ရာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်က အရုပ်ကြိုးပြတ်ပင် မြေပြင်ပေါ် စတင် ကျဆင်းစပြုလာ၏။ သို့သော်လည်း အရှိန်အဟုန် မပြင်းခင်မှာပင် ချိုက်လျှို့ယန်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူ့လည်ပင်းကို ဆုပ်ကိုင် လိုက်သည်။ သူမက တစ်ဆက်တည်းပင် သူ၏ စွမ်းအင် သွေးကြောများနှင့် ထျန်းတျန်ကိုပါ ချိပ်ပိတ် ပစ်လိုက်၏။

ဝေ့ဝူယင်ထံတွင် ကြယ်တာရာ အမြုတေ နှစ်ခု ရှိနေသည်ကို သတိထားမိလိုက်ရာ ချိုက်လျှို့ယန် အနည်းငယ် အံ့သြသွားခဲ့သည်။ ထိုလူငယ်က ဝိညာဥ်သခင် တစ်ယောက် မဟုတ်သည်လား။ ဘယ်လိုပဲ ဖြစ်ဖြစ်... ထိုအချက်က အသုံးမဝင်တော့ချေ။ လက်ရှိ၌ သူက သူမလက်ထဲမှ ငါးတစ်ကောင် ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။

All Chapters