← Chapters

လေလံပွဲ

Vol. 67 Ch. 929

လေလံပွဲ

Vol. 67 Ch. 929

ငွေလမြို့။

သူတော်စင်တွေက ဒီနေရာကို ရောက်ရှိလာနေပြီး ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေနဲ့ကောင်းကင်ဘုံအရှင်တွေများစွာရှိတယ်။

ဖြာထွက်လအဆင့်လေလံပွဲတစ်ခုက ကောင်းကင်ဘုံအရှင်တွေကိုတောင် ဆွဲဆောင်နိုင်တယ်။ အထူးသဖြင့် အသစ်ဖြစ်လာတဲ့ကောင်းကင်ဘုံအရှင်တွေပဲ။

လေလံပွဲကို ရက်အနည်းငယ်ကြာပြီးနောက် အစီအစဉ်အတိုင်း ကျင်းပခဲ့တယ်။

"ဒါက အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာတောင်ဝှေးပဲ။ အဲဒါကို နတ်ဆရာပညာဖြစ်တဲ့အံ့ဖွယ်အထောက်အပံ့နဲ့ ထွင်းထုထားတယ်။ အဲဒါက တောင်ဝှေးကိုင်ဆောင်သူကို ပိုမြန်စေတယ်၊ ပိုသန်မာစေတယ်၊ အားကို ပိုစုည်းစေတယ်။ ကြမ်းခင်းဈေးကတော့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတစ်မီလီယံပဲ၊ စတင်လေလံဆွဲလို့ရပါပြီ"

လေလံစင်မြင့်ပေါ်မှာ တောင်ဝှေးတစ်ခုကို ပြသထားတယ်။ အဲဒါက လီဖူချန်း နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှရရှိခဲ့တဲ့နတ်ဆရာလက်နက်တွေထဲကတစ်ခု ဖြစ်တယ်။

"၁.၁မီလီယံ"

"၁.၂မီလီယံ"

နတ်ဆရာတောင်ဝှေးရဲ့တန်ဖိုးက ထိုးတက်လာ‌ပြီး နောက်ဆုံးမှာတော့ အထွတ်အထိပ်သူ‌တော်စင်အရှင်တစ်ယောက်ထံ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁.၅၅မီလီယံနဲ့ ရောင်းချခဲ့တယ်။

တစ်ဆက်တည်းမှာပဲ အခြားနတ်ဆရာလက်နက်တွေအားလုံးကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံပတ်လည်နဲ့ ရောင်းချခဲ့တယ်။

လီဖူချန်းရရှိထားတဲ့နတ်ဆရာလက်နက်ခြောက်ခုမှာ သူက နတ်ဆရာဓားနဲ့ဓားမော့ကိုသာ သိမ်းထားခဲ့တယ်။

"မဆိုးဘူးပဲ"

သီးသန့်ခန်းထဲမှာ သမန်းဝံပုလွေလီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

လေလံပွဲဆက်သွားနေပြီး ပိုတန်ဖိုးရှိတဲ့လေလံပစ္စည်းတွေက ထွက်ပေါ်လာတယ်။

အချို့လေလံပစ္စည်းတွေက ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေကိုတောင် ခြိမ်းခြောက်နိုင်တယ်။

သူတို့ကြားမှာ လီဖူချန်း နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှရရှိလာတဲ့ပစ္စည်းတွေ ပါတယ်။ သူတို့တစ်ခုစီက အလွန်အမင်းဈေးကြီးပြီး ဈေးကွက်ပေါက်ဈေးရဲ့အလွန်မှာရှိတယ်။

"နောက်ထပ်တစ်ခုကတော့ အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်တစ်စုံပဲ။ အဲဒါကို နတ်ဆရာပညာရပ်ဖြစ်တဲ့တည်ငြိမ်စက်ကွင်းနဲ့ ထွင်းထုထားတယ်"

လေလံစင်မြင့်‌ပေါ်မှာ လေလံပစ်သူက ပြုံးလိုက်တယ်။

နတ်ဆရာချပ်ဝတ်တစ်စုံလုံးက အလွန်ဆွဲဆောင်တယ်။

"တည်ငြိမ်စက်ကွင်းလား"

သူတော်စင်အရှင်အများစုရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူတို့ရဲ့အသက်ရှုသံက အနည်းငယ်မြန်လာတယ်။

အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်တစ်ခုက ထူးကဲထိပ်တန်းအဆင့်ချပ်ဝတ်တစ်ခုထက် သေချာပေါက်ပိုနိမ့်ကျတယ်။ ဒါပေမယ့် တည်ငြိမ်စက်ကွင်းကြောင့် ဈေးက အံ့အားသင့်စရာကောင်းလာတယ်။

ခန္ဓာကိုယ်ကို အဆက်မပြတ်ကာကွယ်ပေးနေတဲ့တည်ငြိမ်စက်ကွင်းအလွှာနဲ့အတူ တိုက်ခိုက်ချက်တစ်ချက်ကျရောက်လာတိုင်း ၎င်းရဲ့အရှိန်က လျင်မြန်စွာလျော့ကျလာပြီး တိုက်ခိုက်ရေးစွမ်းအားကိုလည်း လျော့ကျသွားစေတယ်။ အဲဒါက တစ်စုံတစ်ယောက်ရဲ့ခုခံမှုနဲ့တုံ့ပြန်ခြင်းအရှိန်ကို တိုးလာစေတာနဲ့တူတယ်။

"လူတိုင်းက ဒါရဲ့တန်ဖိုးကို သိမယ်လို့ ငါ ယုံတယ်၊ ငါ အများကြီးပြောမနေတော့ဘူး။ အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်ရဲ့ကြမ်းခင်းဈေးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅မီလီယံဖြစ်လိမ့်မယ်။ လေလံတစ်ခါဆွဲတိုင်းမှာ တစ်သိန်းထက် နည်းလို့မရဘူး" လေလံပစ်သူက ကျယ်လောင်စွာ အော်လိုက်တယ်။

"၅.၅မီလီယံ"

"ခြောက်မီလီယံ"

"၆.၂၅မီလီယံ"

"၇မီလီယံ"

လေလံပစ်သူပြောပြီးပြီးချင်း ဈေးက ထိုးတက်လာတော့တယ်။ လေလံဝင်ဆွဲဖို့ပြင်နေတဲ့အထွတ်အထိပ်သူတော်စင်အရှင်တွေအားလုံးက အံ့ဩထိတ်လန့်သွားကြတော့တယ်။ ဒီဈေးက ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေနဲ့အလွန်အမင်းကြွယ်ဝတဲ့အထွတ်အထိပ်သူတော်စင်အရှင်တွေကသာ တတ်နိုင်တယ်။

"ဒီနတ်ဆရာချပ်ဝတ်တစ်စုံကို အရယူဖို့ ငါ ဆုံးဖြတ်ထားတယ်" သစ်ရွက်နီဓားသူတော်စင်အရှင်မက လက်ကို မြှောက်ကာ ၇.၅မီလီယံဈေးပေးလိုက်တယ်။

လေတိမ်ဓားသူတော်စင်အရှင်က ပြုံးလိုက်မိတယ်၊ သူ့မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ချက်မရှိပါဘူး။

သူ့ရဲ့ချပ်ဝတ်က တစ်ဝက်တစ်ပျက်အန္တိမချပ်ဝတ်ဖြစ်ပြီး နတ်ဆရာချပ်ဝတ်ထက် ပိုမြင့်တယ်လေ။

"၈မီလီယံ"

၉"မီလီယံ"

လေလံဝင်ဆွဲသူအားလုံးက အခြေခံအားဖြင့် ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေပါပဲ။

"၁၀မီလီယံ" သစ်ရွက်နီဓားသူတော်စင်အရှင်မက ဒီနတ်ဆရာချပ်ဝတ်တစ်စုံကို လက်လျော့ဖို့ အစီအစဉ်မရှိပါဘူး။

အဆုံးမှာတော့ နတ်ဆရာချပ်ဝတ်ကို သစ်ရွက်နီဓားသူတော်စင်အရှင်မထံ ဈေး၁၀မီလီယံနဲ့ ရောင်းချခဲ့တယ်။

"မစိုးရိမ်ကြနဲ့။ ငါ့မှာ အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်သုံးစုံရှိသေးတယ်။ ဒုတိယအစုံအတွက် လေလံစတင်ပါပြီ" လေလံပစ်သူက နတ်ဆရာချပ်ဝတ်ဒုတိယတစ်စုံကို ထုတ်ပြလိုက်တယ်။

လူတိုင်းက ဒုတိယ‌မြောက်နတ်ဆရာချပ်ဝတ်ရဲ့ဈေးကို ဆွဲချဖို့ကြိုးစားနေတာကြောင့် ဖြစ်နိုင်တယ်၊ ဒီအစုံကို ၉မီလီယံနဲ့သာ ရောင်းချနိုင်ခဲ့တယ်။

နတ်ဆရာချပ်ဝတ်တတိယအစုံကို ၉.၈မီလီယံနဲ့ ရောင်းချခဲ့တယ်။ နတ်ဆရာချပ်ဝတ်စတုတ္ထအစုံကို ၁၁လီယံနဲ့ ရောင်းချနိုင်ခဲ့တယ်။

အဲဒါက ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေကြား ကြီးမားတဲ့အားပြိုင်မှုတွေကြောင့်ပါပဲ။ လူတိုင်းက ဒုတိယအစုံကို အရင်အရှုံးပေးဖို့ တွေးခဲ့ကြတယ်။ တတိယအစုံနဲ့စတုတ္ထအစုံထွက်လာတဲ့အခါမှာတော့ တစ်ယောက်မှ အရှုံးမပေးချင်ကြတော့ပါဘူး။

ဒီလိုနဲ့ နတ်ဆရာချပ်ဝတ်လေးစုံက စုစုပေါင်းတန်ဖိုး၃၉.၈မီလီယံရှိတယ်။ အဲဒါက သေချာပေါက် ကိန်းဂဏန်းအလွန်ကြီးတဲ့တန်ဖိုးတစ်ခုပါပဲ။

"အားလုံးပဲ စိတ်အေးအေးထားပါ။ လေလံပွဲရဲ့နောက်အသုတ်မှာ ပစ္စည်းကောင်းတွေများစွာက အားလုံးကို စောင့်မျှော်နေတယ်" လေလံပစ်သူက လူတိုင်းကို နှစ်သိမ့်ဖို့ ကြိုးစားခဲ့တယ်၊ နတ်ဆရာချပ်ဝတ်တွေထွက်ပေါ်လာမှုက လေထုကို တင်းကြပ်စေခဲ့ပြီး ဒေါသအချို့ တည်ဆောက်လာစေတယ်။

ဒါပေမယ့် လူအုပ်ကြီးကို နှစ်သိမ့်နေတဲ့အချိန်မှာ လေလံပစ်သူက ပစ္စ‌ည်းတွေကို ပြသဖို့ နောက်စင်မြင့်ကို အချက်ပြခဲ့တယ်။

မကြာမီမှာပဲ လေလံပစ်သူက နောက်ထပ်ပစ္စည်းကို ထုတ်ပြကာ ရှင်းလင်းစွာ ပြောကြားလိုက်တယ်"ဒါလည်း နတ်ဆရာမျိုးနွယ်ရဲ့ရတနာတစ်ခုပဲ။ အဲဒါက အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထပ်နတ်ဆရာလက်စွပ်တစ်ကွင်းပဲ။ အဲဒါကို နတ်ဆရာပညာရပ်ဖြစ်တဲ့ကောင်းကင်ဘုံနတ်ဆရာအကြည့်နဲ့ ထွင်းထုထားတယ်။ နတ်ဆရာပညာရပ်က စိတ်ဝိညာဉ်ကိုအေးခဲစေတဲ့သက်ရောက်မှုရှိတယ်။ အဲဒါက ဝိညာဉ်တာအိုသူတော်စင်အရှင်တစ်ယောက်က ဝိညာဉ်တာအိုလျှို့ဝှက်နည်းလမ်းတစ်ခုကို ထုတ်ဖော်နေတာနဲ့ အတူတူပဲ"

"ကောင်းတယ်......" ပြိုင်ဘက်ကင်းသူတော်စင်အရှင်အများစုရဲ့မျက်လုံးတွေက ထပ်မံလင်းလက်သွားပြန်တယ်။

သူတို့ရဲ့အဆင့်မှာ သူတို့ကို ခြိမ်းခြောက်နိုင်တဲ့သူတော်စင်အရှင်တွေ အခြေခံအားဖြင့် မရှိဘူး။ ဒါပေမယ့် ပြိုင်ဘက်ကင်းဝိညာဉ်တာအိုသူတော်စင်တစ်ယောက်က ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသေးတယ်။

တကယ်တော့ လူအများစုက စိတ်ဝိညာဉ်ကိုအသုံးပြုရာမှာ မကျွမ်းကျင်ကြပါဘူး၊ အဲဒါက သူတို့ရဲ့အားနည်းချက်တစ်ခုလည်းဖြစ်တယ်။

လေလံပစ်သူက သူ့လည်ချောင်းကို ရှင်းကာ ပြောလိုက်တယ်"အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာလက်စွပ်ရဲ့ကြမ်းခင်းဈေးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသုံးမီလီယံပဲ။ တစ်ခါတိုးတိုင်း အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးငါးသိန်းထက် နည်းလို့မရဘူး"

တန်ဖိုးအရ နတ်ဆရာလက်စွပ်တစ်ကွင်းက နတ်ဆရာချပ်ဝတ်တစ်စုံထက် အနည်းငယ်သာ အားနည်းတယ်။

"ဒီလက်စွပ်က အတော်လေးကောင်းတယ်" လေတိမ်ဓားသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်။ နတ်ဆရာလက်စွပ်က သူ့ခွန်အားကို မတိုးစေနိုင်ပေမယ့် သူ့ရဲ့အသက်ရှင်သန်နိုင်စွမ်းကိုတော့ တိုးစေတယ်။

"ဒါ တကယ်ကောင်းတယ်။ မင်းက စိတ်ဝင်စားမှ‌တော့ ငါ အဲဒါအတွက် မယှဉ်ပြိုင်တော့ဘူး" သူမရဲ့ကြွယ်ဝမှုက လေတိမ်ဓားသူတော်စင်အရှင်ထက် နိမ့်ကျတာကို သစ်ရွက်နီဓားသူတော်စင်အရှင်မက သိတယ်။

ထို့နောက် လေတိမ်ဓားသူတော်စင်အရှင်က နတ်ဆရာလက်စွပ်ကို ၇.၅မီလီယံနဲ့ ဝယ်ယူနိုင်ခဲ့တယ်။ အဲဒါက ဈေးကွက်ပေါက်ဈေးထက် ၂.၅မီလီယံပိုမြင့်တယ်။

လေလံပွဲက နောက်ဆုံးအသုတ်နဲ့ နီးကပ်လာနေပြီး လေလံပစ္စည်းတွေရဲ့တန်ဖိုးက မြင့်လွန်းတာကြောင့် ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေကတောင် ဝင်မဆွဲဘူးဖြစ်နေတယ်။

"ကောင်းကင်ဘုံနဂါးရဲ့ဦးချိုက ဘယ်လောက်ရမလဲကို ငါ သိချင်တယ်" သမန်းဝံပုလွေလီဖူချန်းက လေလံရလဒ်ကို စောင့်မျှော်နေတယ်။

လီဖူချန်းပေးခဲ့တဲ့ပစ္စည်းတွေကြားမှာ အနီရောင်နဂါးရဲ့ဦးချို ဖြစ်တယ်။ အဲဒါကို အရှေ့ယူနီကွန်တိုက်ကြီးရှိမဟာအပျက်အဆီးနယ်မြေမှ ရရှိခဲ့တယ်။ အဲဒါက ငရဲအာဏာရှင်ရဲ့ဦးချို ဖြစ်ပေမယ့်  ကောင်းကင်ဘုံနဂါးတစ်ကောင်ရဲ့ဦးချိုလည်း ဖြစ်တယ်။ အဲဒါက ငရဲအာဏာရှင်ရဲ့နယ်ပယ်ကို နားလည်ဖို့အတွက် သားရဲအာဏာရှင်တွေအတွက် အထူးအရေးကြီးတယ်။ နဂါးမျိုးနွယ်သားရဲအာဏာရှင်တစ်ကောင်အတွက် အဲဒါက သေချာပေါက်အကြွင်းမဲ့ရတနာတစ်ခု ဖြစ်တယ်။

All Chapters