တစ်စုံတစ်ယောက်ရဲ့အားနည်းချက်ကို အခွင့်ကောင်းယူခြင်း
Vol. 89 Ch. 1229
ဟာလာဂူမြို့၏မြို့တွင်းဧရိယာက အရမ်းမကြီးပေ၊ ပြည်မရှိကောင်တီငယ်တစ်ခုစာလောက်သာ ရှိ၏။ ဓာတ်ဆီဆိုင်ရှာရန် မောင်းနှင်လာပြီးနောက် လူများစွာနှင့်ပြွတ်ကျပ်နေသောဓာတ်ဆီဆိုင်တစ်ခုအား တွေ့လိုက်ရ၏။ ကားများ တန်းစီနေသည်ကို မြင်ရသော်လည်း တစ်ယောက်မှ ဆီမဖြည့်ကြပေ။
“ဟေး၊ ဒီနေရာမှာ ဘာဖြစ်နေတာလဲ”
ထန်ရှုက ပြတင်းပေါက်ဖွင့်လိုက်သည်၊ အခြားမာစီးဒီးဘင့်ကားတစ်စီးက ပြတင်းပေါက်ဖွင့်လိုက်သည်ကိုလည်း သူက တွေ့လိုက်ရ၏။ သူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ဆေးလိပ်သောက်နေသောပခုံးပေါ်တွင် တက်တူးထိုးထားသည့်လူတစ်ယောက်အား မေးလိုက်သည်။
ထိုလူက ထန်ရှုအား တစ်ချက်ကြည့်လိုက်ပြီး ပထမတော့ ဖြေချင်ပုံမရပေ။ သို့သော် စောင့်နေရသည်မှာ ငြီးငွေ့လွန်းသည့်အတွက် သူက ပြန်ဖြေ၏ “နေ့တိုင်း ဒီအချိန်ဆိုရင် ဆီလာဖြည့်တဲ့ကားမောင်းသင်တန်းကျောင်းရဲ့နည်းပြတွေက လွဲပြီး အခြားအကြောင်းပြချက်က ဘယ်ရှိမှာလဲ။ ငါတို့အလှည့်မရောက်ခင် သူတို့ဖြည့်ပြီးတဲ့အထိ စောင့်နေရမယ်”
ထန်ရှုက မျက်မှောင်ကြုတ်ကာ ထပ်မေး၏ “ဘာလို့ ဒီနေရာမှာ ကာင်းမောင်းသင်တန်းကျောင်းရဲ့ယာဉ်တစ်စီးမှ မတွေ့ရတာလဲ။ ငါတို့အားလုံးက သူတို့ကို စောင့်နေရအောင် သူတို့က ဘာမို့လို့လဲ”
ထိုလူက ဆေးလိပ်တစ်ဖွာရှိုက်ပြီးနောက် ရုတ်တရက် ပြုံးကာ ပြောလိုက်၏ “မင်းက ဒေသခံမဟုတ်ဘူးမလား၊ ညီအကို။ ဒီနေရာမှာ မပြောရမယ့်စည်းမျဉ်းတွေနဲ့ ပတ်သက်ပြီး မင်း မသိဘူးပဲ”
“မဟုတ်ဘူး၊ ငါက ဒေသခံမဟုတ်ဘူး။ ငါက ဖြတ်သွားရုံပါပဲ”ထန်ရှုက ခေါင်းခါယမ်းလိုက်သည်။
အပြုံးတစ်ခုက ထိုလူ၏မျက်နှာပေါ်တွင် ထွက်ပေါ်သွားပြီး သူက ပြန်ဖြေ၏ “အံ့ဩစရာမရှိဘူးပဲ။ ဒါဆို ငါ မင်းကို ပြောပြမယ်။ တကယ်တော့ ဒီဆီဆိုင်ကို မြို့ရဲ့တစ်ခုတည်းသောကားမောင်းသင်တန်းကျောင်းရဲ့ကျောင်းအုပ်က ပိုင်ဆိုင်တာပဲ။ ဒီနေရာမှာ သူ ဆီဆိုင်ဖွင့်ရတဲ့အကြောင်းပြချက်က သူ့ရဲ့ကားမောင်းသင်တန်းကျောင်းအတွက် အဓိကပဲလေ”
ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် ထပ်မေး၏ “မင်းက ဒီဆီဆိုင်ပိုင်ရှင်နဲ့ရန်ငြိုးတစ်ခုများ ရှိလို့လား”
ထိုလူက မှင်တက်သွားပြီးနောက် ခေါင်းခါယမ်းလိုက်၏ “ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ သူနဲ့ငါ့ကြားမှာ ဘာမှ မရှိပါဘူး”
“ခင်ဗျားက ဒီဆီဆိုင်ပိုင်ရှင်နဲ့ ရန်ငြိုးမရှိဘူးဆိုရင် ဘာလို့ ဒီနေရာမှာ ဆေးလိပ်သောက်ရဲရတာလဲ”ထန်ရှုက ပြုံးကာ မေးလိုက်သည် “ဆီဆိုင်က မီးစွဲပြီး ပေါက်ကွဲသွားမှာကို ခင်ဗျား မကြောက်ဘူးလား”
ထိုလူက ထန်ရှုအား ထူးဆန်းသောအကြည့်နှင့် တစ်ချက်ကြည့်၏။ သူက စီးကရက်ဖင်အား မြေပြင်ပေါ် ပစ်ချပြီးနောက် ပြန်ဖြေ၏ “မင်းက တကယ်ကို ဘေးကင်းလုံခြုံမှုကို ဂရုစိုက်တာပဲ၊ ညီလေး”
ထိုသို့ပြောပြီးနောက် သူက ကားပြတင်းပေါက်အား တန်းပိတ်လိုက်၏။
ထန်ရှုက ခေါင်းခါယမ်းလိုက်ပြီး နာရီဝက်ကြာသည့်အထိ တည်ငြိမ်စွာ စောင့်နေပြီးနောက် “မေပယ်နီကားမောင်းသင်တန်းကျောင်း”စာတန်းနှင့်သင်တန်းကားဒါဇင်ကျော်က အဝေးမှ လာနေသည်ကို မြင်လိုက်ရ၏။ နောက်ထပ်နာရီဝက်အထိ စောင့်ပြီးနောက် သူ့အလှည့်က ရောက်လာခဲ့သည်။
“အပြည့်ဖြည့်ပါ”ထန်ရှုက တည်ငြိမ်စွာ ပြော၏။
ဆီဆိုင်ဝန်ထမ်းက ခေါင်းညိတ်ပြပြီးနောက် အနောက်သို့ တစ်ချက်ကြည့်လိုက်သည်။ ဆီဖြည့်ပြီး ထန်ရှုက ပိုက်ဆံပေးပြီးနောက် သူမက အသံနှိမ့်ကာ ပြောလိုက်၏ “ရှင့်ရဲ့လိုင်စင်ကတ်ပြားအရ ရှင်က ဒေသခံတစ်ယောက်မဟုတ်ဘူးနဲ့တူတယ်၊ အကိုလေး။ ရှင် ဒီနေရာကနေ အမြန် ထွက်သွားရင် ပိုကောင်းမယ်”
ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏ “ဘာလို့လဲ”
“ငါတို့ရဲ့ဆီဆိုင်ကို ဆီဖြည့်ဖို့ လာတဲ့ ကားပိုင်ရှင်တွေက ဒေသခံမဟုတ်တဲ့သူတွေရဲ့ကားတွေကို ရှာပြီး လုယက်ဖို့အတွက် နောက်ကနေ မကြာခဏလိုက်သွားလေ့ရှိတယ်”ဝန်ထမ်းက တီးတိုးပြော၏ “ရှင်က တစ်ယောက်တည်းလို့ ကျွန်မထင်တယ်၊ ဒါကြောင့် သတိထားပါ”
“ကျေးဇူးအများကြီးတင်ပါတယ်”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏။
ကားစက်နှိုးပြီးနောက် ထန်ရှုက ဟိုင်းဝေးလမ်းသို့ လျင်မြန်စွာ ဉီးတည်လိုက်သည်၊ သို့သော် နောက်ကြည့်မှန်မှတစ်ဆင့် သူနှင့်စကားပြောခဲ့သည့်တက်တူးနှင့်လူက ကားဆီမဖြည့်ဘဲ သူ့နောက်သို့ လိုက်လာသည်ကို တွေ့လိုက်ရ၏။
“စိတ်ဝင်စားစရာပဲ”
ထန်ရှုက တစ်ချက်ဝေ့ကြည့်ပြီးနောက် လီဗာအား အဆုံးထိနင်းလိုက်သည်၊ သူ့ကားက မြားတစ်ချောင်းအလား အရှေ့သို့ ရုတ်ချည်း ပြေးသွား၏။ တစ်ချိန်တည်းတွင် သူက ဒေသရဲစခန်းနံပါတ်အား ဖုန်းခေါ်လိုက်သည်။ ကိစ္စနှင့် ပတ်သက်ပြီး ပြောပြပြီးနောက် နောက်ဆုံးတွင် သူက ပြောလိုက်သည် “မင်းက ငါ့ကို မယုံကြည်မယုံကြည်နိုင်ပေမယ့် ငါက မစ်ရှင်ပြီးလို့ ဒီနေရာကို ဖြတ်သွားတဲ့ လုံခြုံရေးဌာနမှတစ်ယောက်ပဲ။ အခု ငါက ပုလုခရိုင်မှာပဲ၊ ဒီလူတွေ လာတာကို စောင့်ဖို့အတွက် ပုလုခရိုင်ရဲ့ကျုံးချွမ်မူလတန်းကျောင်းမှာ ကားရပ်ထားမယ်။ မင်း မလာဘူးဆိုရင် ပြင်းထန်တဲ့အကျိုးဆက်တွေကို မျှော်လင့်ထားနိုင်တယ်…”
အနောက်မှ မာစီးဒီးဘင့်ကားအား မောင်းလာသော တက်တူးနှင့်လူ၏မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သောအမူအရာတစ်ခုက လက်သွား၏။ အရှေ့ကားနောက်သို့ လျင်မြန်စွာ လိုက်သွားရင်း သူက နက်ရှိုင်းသောလေသံနှင့် ပြောလိုက်၏ “ပေကျီ၊ ဒီကောင်ကို အရှေ့ကနေ မင်းတားထား။ ဒီကောင် မြို့ကနေ ထွက်တာနဲ့ မင်း တားရမယ်။ ချီး…ငါတို့အားလုံးမှာ မာစီးဒီးဘင့်ကားတွေ ရှိပေမယ့် သူ့ကားက ငါ့ကားထက် အဆများစွာပိုဈေးကြီးတယ်။ သူက ဆူဖြိုးတဲ့သိုးတစ်ကောင်ဆိုတာ သေချာတယ်…”
“မစိုးရိမ်ပါနဲ့…ငါ အဲနေရာမှာ တားထားလိုက်မယ်”ယုံကြည်ချက်ရှိရှိအာမခံသောအသံတစ်ခုက ဖုန်းမှ ထွက်လာသည်။
ပုလုစီရင်စု၏ကျုံးချွမ်မူလတန်းကျောင်းဝင်ပေါက်တွင်။
မနက်စောစောဖြစ်သောကြောင့် ကျောင်းက လူသူကင်းမဲ့နေသည်။ ကျောင်းဘေးရှိ စတိုးဆိုင်ရှေ့တွင် ဆေးလိပ်သောက်နေသာ ဆယ်ကျော်သက်ကောင်လေးအချို့အပြင် လမ်းသွားလမ်းလာအနည်းငယ်သာ ရှိ၏။ သို့သော် ကျောင်းရှေ့တွင် ရပ်ထားသော မာစီးဒီးဘင့်ကားအား တစ်ယောက်မှ သတိမပြုမိပေ။
“ဟေး၊ မင်းတို့နှစ်ယောက်။ ဒီနေရာကို လာ…”
ကားကို မှီရင်း ထန်ရှုက စီးကရက်တစ်လိပ်မီးညှိလိုက်သည်၊ ထို့နောက် သူက ဆယ်ကျော်သက်ကောင်လေးများထံ လက်ဝှေ့ယမ်းပြလိုက်၏။
“မင်း ခေါ်တာလား၊ အကို”
ဆယ်ကျော်သက်ကောင်လေးလေးယောက်က လျင်မြန်စွာ ရောက်လာသည်။ မာစီးဒီးဘင့်ကားအား ကြည့်လိုက်ချိန်တွင် သူတို့မျက်နှာပေါ်ရှိ အားကျသောအကြည့်များအား သိသိသာသာမြင်နိုင်ပေ၏။
ထန်ရှုက ပိုက်ဆံအိတ်မှ ပိုက်ဆံတစ်ပုံထုတ်လိုက်၏။ ပမာဏက ယွမ်တစ်ထောင်ခန့်ရှိပြီး သူက အရှေ့ရှိ ကောင်လေးထံ ကမ်းပေးကာ ပြောလိုက်၏ “ငါ့ကို တစ်ခုကူညီမယ်ဆိုရင် မင်းတို့ ပိုက်ဆံရမယ်”
ကောင်လေးက ပိုက်ဆံယူကာ စိတ်လှုပ်ရှားသွားသည်။ ထို့နောက် သူက ထစ်ထစ်ငေါ့ငေါ့နှင့် ပြောလိုက်၏ “အ…အကို၊ အကိုက ငါတို့ကို ဘာလုပ်ခိုင်းချင်တာလဲ”
“မင်းတို့မှာ ဖုန်းတစ်လုံးရှိလား”ထန်ရှုက မေးလိုက်၏။
ကောင်လေးက ဖုန်းတစ်လုံးအား ကမန်းကတန်း ယူထုတ်လိုက်သည်။ ဖုန်းတန်ဖိုးက ဈေးမကြီးသော်လည်း တံဆိပ်အသစ်ဖြစ်၏။ ထို့နောက် ကောင်လေးက ပြောလိုက်သည် “ငါတို့အားလုံးမှာ ဖုန်းရှိပါတယ်၊ အကို”
“ရဲသားတွေကို အခုပဲ ဖုန်းခေါ်လိုက်၊ ပုလုမူလတန်းကျောင်းပေါက်ဝမှာ အကြမ်းဖက်မှုတစ်ခုရှိတယ်လို့ သူတို့ကို ပြော။ ဒီနေရာကို မြန်မြန်လာဖို့ သူတို့ကို ပြောလိုက်။ မင်းတို့လေးယောက်၊ ရဲသားတွေကို ဖုန်းဆက်ပြီးတာနဲ့ ဒီနေရာက ချက်ချင်းထွက်သွားကြ”
“ဒါက…”
ကောင်လေးလေးယောက်က တုံ့ဆိုင်းသွားသည်။
ရဲထံ ဖုန်းခေါ်ခြင်းက ဘယ်တော့မှ ဟာသလုပ်စရာတစ်ခုမဟုတ်ပေ။ စနောက်ရုံမျှဆိုလျှင် သူတို့က ဖမ်းဆီးခံရလိမ့်မည်။ သို့သော် သူတို့လက်ထဲရှိ အရွက်များအား ကြည့်ပြီးနောက် သူတို့က အံ့ကြိတ်လိုက်ကြသည် “ဖုန်းခေါ်လိုက်ကြစို့၊ ငါ့ကောင်တို့”
ထန်ရှုက သူတို့ပခုံးအား ပုတ်ကာ ပြုံးကာ ပြောလိုက်၏ “မစိုးရိမ်ပါနဲ့၊ ကောင်လေးတို့။ မင်းတို့ကောင်တွေ ဘာပြဿနာမှ ဖြစ်မှာ မဟုတ်ဘူး။ အကြမ်းဖက်မှုက ဒီနေရာမှာ မကြာခင် ဖြစ်လာမှာကြောင့် ရဲသားတွေကို သတင်းပို့ပြီးရင် မင်းတို့က သူရဲကောင်တွေ ဖြစ်လာနိုင်တယ်”
ဖြောက်…
ဖြောက်…
အနက်ရောင်ကားတစ်စီးက ထန်ရှုကားနောက်တွင် ရပ်သွားပြီး အခြားကားသုံးစီးက ဘေးတစ်ဖက်တစ်ချက်တွင် ရပ်သွား၏။ ကားတံခါးများ ပွင့်သွားပြီး လူကြီးအချို့က ရက်စက်စွာ ပြုံးလျက် ထွက်လာကြ၏။
“ဒီကောင်တွေက…”
ကောင်လေးလေးယောက်က အနည်းငယ် ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး ထန်ရှုထံ ကမန်းကတန်း အကြည့်ပြောင်းကာ မေးလိုက်၏ “အကို၊ ဒီကောင်တွေက ဘယ်သူတွေလဲ။ သူတို့က မင်းကို ပြဿနာရှာနေတာလား”
“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏ “သူတို့က ဒီနေရာကို ငါ့ကို ပြဿနာရှာဖို့ လာကြတာ”
ကောင်လေးများ၏ခေါင်းဆောင်က သူ့အဖော်သုံးယောက်အား ကမန်းကတန်းကြည့်ပြီးနောက် တုံ့ဆိုင်းသွားသည်။ ထို့နောက် သူက ထန်ရှုထံ အကြည့်ပြောင်းကာ တိုးတိုးလေးပြောလိုက်၏ “အကို၊ မင်း ငါတို့ကို ပိုက်ဆံထပ်ပေးနိုင်မလား။ သုံး…မဟုတ်ဘူး၊ ငါးထောင်။ ငါတို့ကို နောက်ထပ်ငါးထောင်ပေးပါ၊ ရဲသားကို မခေါ်ဘဲနဲ့ ငါတို့က မင်းကို ကူညီပြီး သူတို့ကို ရင်ဆိုင်ပေးဖို့ ငါ အာမခံတယ်”
အခြားကောင်လေးသုံးယောက်ကလည်း ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ ထူးဆန်းသောအကြည့်တစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက ရုတ်တရက် ရယ်ကာ ပြောလိုက်၏ “မင်းက ငါ့ကို ဘယ်လိုလုပ်ကူညီနိုင်မှာလဲ”
“ငါတို့တွေ အပေးယူဖြစ်လားဒါမှမဟုတ်မဖြစ်ဘူးလား”ထိုလူကြီးက ပိုနီးကပ်လာသောကြောင့် ခေါင်းဆောင်ကောင်လေးက အနည်းငယ်စိုးရိမ်သွားသည်။
“အပေးအယူဖြစ်တယ်”ပြန်ဖြေပြီးနောက် ထန်ရှုက စီးကရက်တစ်ဖွာရှိုက်လိုက်၏။
ကောင်လေး၏မျက်လုံးများက လင်းလက်သွားပြီး သူက နံပါတ်တစ်ခုအား ခေါ်လိုက်သည်။ ခြောက်စက္ကန့်ကြာပြီးနောက် သူက အော်လိုက်၏ “အာလန်၊ ဒီနေရာက ပြဿနာအချို့ကို ကူညီဖြေရှင်းပေးဖို့အတွက် တစ်ယောက်ယောက်က ငါတို့ကို ပိုက်ဆံပေးခဲ့တယ်။ အခြားသူတွေကို ဆက်သွယ်ပြီး သူတို့ကို ဒီနေရာကို အမြန်ဆုံးခေါ်လာ။ ငါတို့တွေ မူလတန်းကျောင်းရဲ့ဝင်ပေါက်မှာ ရှိတယ်…”
အခြားကောင်လေးသုံးယောက်လည်း ဖုန်းခေါ်လိုက်ကြပြီး အမြန်ဆုံးလာရန် တစ်စုံတစ်ယောက်အား ပြောလိုက်ကြ၏။
ထန်ရှု၏မျက်နှာပေါ်ရှိ ထူးဆန်းသောအမူအရာက ပိုတောင်ပြင်းထန်လာသည်။ ကောင်လေးသုံးယောက်က အခြားသူများအား ဖုန်းခေါ်နေသည်ကို ကြည့်ပြီးနောက် သူက ရယ်ရမလားငိုရမလားမသိတော့ပေ။ “မင်းတို့သိလား၊ မင်းတို့ခေါ်တဲ့အကောင်တွေ ဒီနေရာကို ရောက်လာတဲ့အချိန်ကျရင် ငါ အရိုက်ခံရပြီး သေနေမှာကို ငါ ကြောက်တယ်။ ငါပြောတာကို နားထောင်ပြီး ဒီနေရာကနေ မင်းတို့တွေ အမြန်ဆုံးထွက်သွားကြပါ”
ခေါင်းဆောင်ကောင်လေးက ခေါင်းမာစွာ ခါယမ်းလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏ “မင်းရဲ့နာမည်က ဘာလဲ၊ အကို။ ငါ့နာမည်က တောင်ကျားလို့ခေါ်တဲ့ဝမ်ဟူပါ၊ ငါ့ရဲ့ညီက အာလုံလို့ခေါ်တယ်။ ခဏလောက် စောင့်ပါ၊ သူက အခြားသူတွေကို အမြန်ဆုံးခေါ်လာလိမ့်မယ်”
ထန်ရှုက အနည်းငယ်အားကိုးရာမဲ့ခံစားမိလိုက်သည်။ ထို့နောက် သူ့အာရုံအား လာနေသောလူကြီးဒါဇင်ထံ ပြောင်းရွှေ့လိုက်၏၊ သူတို့အား ရင်ဆိုင်ရန် သူက ရှေ့တစ်လှမ်းတက်လိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည် “ကျုပ်တို့ထပ်တွေ့ပြန်ပြီပေါ့”
တက်တူးထိုးထားသောလူက လက်မထောင်ကာ ချီးကျူးလိုက်၏ “ကောင်းတယ်၊ ကောင်းတယ်။ မင်းက အကူအညီအချို့ ရှာဖွေထားပြီးပုံရတယ်။ ဒီကောင်စုတ်လေးတွေနဲ့ မင်းက လူဘယ်လောက်ထိ ခေါ်နိုင်မှာလဲ။ မင်းကို ငါ့နာမည်ကို ပြောပြဖို့ ငါ မကြောက်ဘူး။ ငါက ယန်ပင်း၊ ဒီမြို့မှာ ငါက နာမည်အတော်လေးရှိပါတယ်၊ လမ်းပေါ်က အဲဒီအဖော်တွေက ငါ့ကို အကိုယန်ပင်းလို့ ခေါ်ကြတယ်”
ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူတို့က…”
ဆယ်ကျော်သက်ဆယ်ယောက်ကျော်က ထိုလူကြီးများနောက် ဆယ်မီတာအကွာရှိ လမ်းကြားများမှ ထွက်လာသည်ကို မြင်လိုက်သဖြင့် သူက စကားပြောရာမှ ရုတ်တရက် ရပ်တန့်လိုက်သည်။ ကောင်လေးများက ဆယ့်ခုနှစ်နှစ်ကျော်ရှိပြီး အချို့က ဓားများကိုင်ထားကြကာ အချို့က သံညှပ်များ ကိုင်ထားကြ၏။
“ငါတို့ ရောက်လာပြီ၊ ငါ့ကောင်တို့”
ရှေ့ဆုံးမှ ပြေးလာသော လူငယ်က ကြီးမားသောကိုယ်လုံးကိုယ်ပေါက်ရှိသည်၊ အရပ်က ၁.၈မီတာကျော်မြင့်၏။ သူ၏ကလေးဆန်သောမျက်နှာကြောင့်မဟုတ်လျှင် သူ့အား မြင်သည့် မည်သူမဆို သူက အရွယ်ရောက်ပြီးသူတစ်ယောက်ဟု တွေးမိကြပေလိမ့်မည်။
“ညီအကိုတို့၊ သူ့ပြဿနာကို ဖြေရှင်းဖို့ ကူညီရင် ဒီအကိုကြီးက ငါတို့ကို ငါးထောင်ပေးဖို့ ကတိပေးခဲ့တယ်”ဝမ်ဟူက ကျယ်လောင်စွာ အော်ပြောလိုက်၏ “ပြီးတော့ ဒီတစ်အုပ်က ဒီအကိုကြီးကို ပြဿနာရှာနေတယ်”
“သူတို့ကို ချကြ…”
“သူတို့ကို ရိုက်ကြ…”
“သူတို့ကို ထွက်ပြေးခွင့်မပေးနဲ့…”
ကောင်လေးများက သူတို့၏လက်နက်များကို မြှောက်ကာ ထိုလူကြီးများအား ဝိုင်းလိုက်ကြ၏။ ကောင်လေးများက ကြမ်းကြုတ်သောကျားပေါက်စလေးများနှင့် တူပြီး သူတို့၏ရပ်တည်ချက်များက အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်သည်ကို ပြသပြခဲ့၏။
“ဒီကို မြန်မြန်လာ…”
နောက်ထပ်ကောင်လေးငါးယောက်တစ်ဖွဲ့က လက်နက်များကိုင်လျက် လျင်မြန်စွာ ချဉ်းကပ်လာကြသည်။ နောက်ဆုံးရောက်လာသောကောင်လေးများ၏ခေါင်းဆောင်က ဆံပင်အနီရောင်ဆိုးထားသည့်တစ်ယောက်ဖြစ်ပြီး သူက ပြောလိုက်၏ “ဟေး၊ အကိုဟူ၊ ဘယ်သူက ငါတို့ရဲ့အလှူရှင်ကို အနိုင်ကျင့်ရဲတာလဲ။ အဲဒီချီးကောင်တွေကို ရိုက်နှက်ကြစို့…”
တက်တူးနှင့်လူ၏မျက်နှာက ပြောင်းလဲသွားပြီး ကျန်ရှိသောလူကြီးများကလည်း အလွန်အံ့အားသင့်သွားကြ၏။ ထိုကောင်လေးများက ဒီလောက်လူအများကြီးအား ဆင့်ခေါ်နိုင်မည်ဟု သူတို့က မမျှော်လင့်ထားခဲ့ပေ။
သို့သော် ကိစ္စက ပြီးရန် အဝေးကြီးလိုသေးသည်။ နောက်ထပ်လေးမိနစ်အတွင်း ကောင်လေးကိုးဖွဲ့က ပြေးလာကြ၏၊ အချို့အဖွဲ့က လူဒါဇင်ကျော်ရှိပြီး အနည်းဆုံးက ခြောက်ယောက်ပါဝင်သည်။