မမျှော်လင့်ထားသောအဖြစ်အပျက်
Vol. 89 Ch. 1230
ကောင်လေးတစ်ရာနီးပါးက လူကြီးများအား စိုက်ကြည့်လိုက်ကြသည်။ သူတို့မျက်နှာပေါ်တွင် ကြောက်ရွံ့ခြင်းမရှိပေ။ အမိန့်ပေးလိုက်သည်နှင့် သူတို့က ထိုလူကြီးများအား ချက်ချင်းတိုက်ခိုက်မည်ကို မြင်နိုင်ပေသည်။
ယခုလိုမြင်ကွင်းတစ်ခုက ဤငြိမ်းချမ်းသောခေတ်တွင် ထွက်ပေါ်လာမည်ဟု ထန်ရှုက မမျှော်လင့်ထားခဲ့ပေ။ ဤကောင်လေးများက ဝံပုလွေပေါက်စလေးများနှင့် တူသည်ကို သူက မြင်နိုင်ပေ၏။
“ဝမ်ဟူ…”
ထန်ရှုက ဝမ်ဟူထံ လက်ဝှေ့ယမ်းပြလိုက်သည်။ ကောင်လေးက သူ့ဆီ ပြေးလာသည်၊ ထန်ရှုက ကောင်လေးထံ စီးကရက်တစ်လိပ်ပစ်ပေးကာ ပြုံးလျက် မေးလိုက်၏ “ဒီလောက်လူအများကြီးကို ဆင့်ခေါ်နိုင်တာ။ မင်းက အတော်လေးအံ့အားသင့်စရာကောင်းတာပဲ၊ ကောင်လေး”
ဝမ်ဟူက ခေါင်းကုတ်လိုက်ပြီး သူ၏ကြမ်းကြုတ်သောမျက်နှာက သန့်စင်ရိုးသားသောအပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ “အာ၊ ငါက ချီးကျူးဖို့ မထိုက်တန်ပါဘူး။ အဲဒါ အာလန်ပါ။ ငါတို့အားလုံးက သူ့နောက်ကို လိုက်နေတာပါ”
“အာလန်လား။ သူက ဘယ်သူလဲ”ထန်ရှုက အံ့အားတကြီး မေးလိုက်၏။
“သူက ငါတို့ရဲ့အကို၊ ငါတို့ရဲ့ခေါင်းဆောင်ပဲ”ဝမ်ဟူက ပြန်ဖြေ၏ “သူက နေမကောင်းဖြစ်နေတာ ကံမကောင်းတာပဲ၊ ဒါကြောင့် သူ ဒီနေရာကို မလာနိုင်ဘူး”
သူ၏ရှင်းပြချက်ကြောင့် အာလန်နှင့် ပတ်သက်၍ ထန်ရှု၏သိလိုစိတ်က မြင့်တက်သွားသည်။ သို့သော် ယခုက ထိုကိစ္စနှင့် ပတ်သက်၍ ပြောဆိုရန် သင့်လျော်သောအချိန်မဟုတ်ပေ။ ထို့နောက် သူက အနည်းငယ်ငနာမငြိမ်ဖြစ်နေသောတက်တူးနှင့်လူထံ အကြည့်ပြောင်းလိုက်သည်။ သူက ထိုလူအား ခပ်ဖျော့ဖျော့ပြုံးလျက် မေးလိုက်၏ “ခင်ဗျား သိလား၊ ကျုပ်က အခြားသူတွေကို ဘယ်တော့မှ အနိုင်မကျင့်ခဲ့ဘူး၊ ဒါပေမယ့် ခင်ဗျားက ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေဖို့ ထိုက်တန်တယ်။ ကိစ္စတွေက ဒီအထိ ရောက်လာပြီးဆိုတော့လဲ ကျုပ် ခင်ဗျားကို အရင် မေးလိုက်အုံးမယ်။ ခင်ဗျားက ကျုပ်နောက်ကို ချောင်းမြောင်းလိုက်လာပြီး ကျုပ်ကို ခြိမ်းခြောက်ခဲ့တယ်၊ ကျုပ်က ခင်ဗျားကို အပြစ်ပြုခဲ့တာရှိလို့လား။ ဒါမှမဟုတ် ခင်ဗျားက ကျုပ်ရဲ့ပိုက်ဆံကို လုယက်ချင်တာလား”
တက်တူးနှင့်လူက သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် သူ၏ရက်စက်ကြမ်းကြုတ်သောဘက်ခြမ်းအား ထုတ်ပြလိုက်သည်၊ ထို့နောက် သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏ “ငါတို့က တစ်ယောက်ကို တစ်ယောက် မသိတာကြောင့် မင်းရဲ့ပိုက်ဆံအတွက် ငါ လာတာပေါ့။ ယွမ်တစ်သိန်းကို ထုတ်လိုက်၊ ငါ မင်းကို အသက်ချမ်းသာပေးမယ်”
ထန်ရှုက ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည် “ဒီလိုမြင်ကွင်းဖြစ်နေတာတောင် ခင်ဗျားက ကျုပ်ကို လုယက်ချင်သေးတာလား”
ပြန်ဖြေမည့််အစား တက်တူးနှင့်လူက သူ့ဂျက်ကတ်အား ဆွဲကာ လက်ကောက်ဝတ်မှ ပစ္စတိုသေနတ်တစ်လက် ထုတ်လိုက်၏၊ သူ့နောက်မှ အခြားနှစ်ယောက်ကလည်း သူတို့၏ပစ္စတိုများအား ထုတ်လိုက်ကြသည်။ ကျန်ရှိသောသူများက ဓားများ ထုတ်ကာ ထန်ရှုအား စိုက်ကြည့်လိုက်၏။
ပထမတော့ ပတ်ဝန်းကျင်ရှိ ကောင်လေးတစ်ရာနီးပါးက ထိတ်လန့်သွားခဲ့ကြသည်၊ သို့သော် သူတို့တွင်လည်း လက်နက်များရှိသည်ကို အမှတ်ရပြီးနောက် သူတို့က ပခုံးတွန့်ပြလိုက်ကြ၏။ လူငယ်များက သွေးပူကြသော်လည်း စစ်မှန်သောပစ္စည်းနှင့် ရင်ဆိုင်ရာ၌ ကြောက်ရွံ့မှုမရှိရန် မဖြစ်နိုင်ပေ။ ကျည်ဆံများ ပျံသန်းလာသည်နှင့် သူတို့က ယုန်ပမာ ထွက်ပြေးကြမည်ကို မျှော်လင့်ထားနိုင်ပေသည်။
တက်တူးနှင့်လူနောက်ရှိ ပစ္စတိုဆွဲထုတ်လိုက်သောလူက သတ်ဖြတ်ခြင်းအရှိန်အဝါအား ရုတ်တရက် ထုတ်လွှတ်လိုက်သောကြောင့် ထန်ရှုက မျက်မှောင်ကြုတ်လိုက်မိ၏၊ ထိုသတ်ဖြတ်ခြင်းအရှိန်အဝါက အနည်းဆုံးလူဆယ်ယောက်ကျော်အား သတ်ဖြတ်ပြီးမှသာ ရရှိနိုင်သည့် အရှိန်အဝါပင်။
“မင်း သိလား၊ ဆီဆိုင်က မထွက်လာခင် ရဲတွေကို ငါ ဖုန်းဆက်ခဲ့ပြီးသား”ထန်ရှုက တည်ငြိမ်စွာ ပြော၏ “အခု မင်းတို့က သေနတ်တွေ ကိုင်ထားကြတယ်၊ ရဲတွေ ရောက်လာတဲ့အခါ မင်းတို့တွေ အပြစ်မျိုးစုံနဲ့ ထောင်ချခံရလိမ့်မယ်”
သက်တူးနှင့်လူက မျက်လုံးလိမ့်လျက် နှာခေါင်းရှုံ့လိုက်သည် “ဟမ့်၊ ငါတို့က ရဲတွေကို ကြောက်ရင် ဒီနေရာမှာတောင် ရှိနေမှာ မဟုတ်ဘူး။ ပြီးတော့ မင်းတို့ကောင်စုတ်လေးတွေ၊ မင်းတို့အားလုံး ထွက်သွားရင် ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ငါက မင်းတို့အားလုံးကို သတ်ရလိမ့်မယ်…”
ကောင်လေးများက အနည်းငယ်ကြောက်ရွံ့သွားသော်လည်း သူတို့က လုံးဝမတွန့်ရှုံ့ခဲ့ပေ။ ကြောက်ရွံ့ပြီးနောက် သူတို့က ပိုတောင်တည်ငြိမ်လာပုံပေါ်သည်။ အထူးဖြင့် ဝမ်လုံပင်။ သူက လက်ထဲရှိ ဓားအား မြှောက်ကာ ဒေါသထွက်စွာ မိုက်ကြည့်ကြည့်လိုက်သည် “ဟမ့်၊ မင်းတို့က ငါတို့ရဲ့အလှူရှင်ကို လုယက်ချင်တာလား။ မင်းတို့က ငါ့လက်ထဲက ဓားကို အရင်ဆုံးမေးရမယ်။ မင်းတို့မှာ သေနတ်ရှိလို့ ငါတို့က မင်းတို့ကို ကြောက်ရွံ့မယ်လို့ မထင်နဲ့။ မင်းတို့ကောင်တွေက ငါတို့ကို ဘယ်လောက်ထိ သတ်နိုင်မှာလဲ။ တစ်ဆယ်လား။ နှစ်ဆယ်လား။ ဒါပေမယ့် မင်းတို့အားလုံးလဲ သေချာပေါက် သေရလိမ့်မယ်…”
ဝမ်ဟူလည်း နှာခေါင်းရှုံ့ကာ ပြောလိုက်သည် “မှန်တယ်။ အဆိုးတွေ ရောက်လာရင် ငါတို့နှစ်ဖက်စလုံး အတူတူသေကြတာပေါ့။ မင်းတို့က ငါတို့ရဲ့အလှူရှင်သူဌေးကို လုယက်ရဲတယ်၊ ငါတို့ကို မင်းတို့ရဲ့ရန်သူအဖြစ် သတ်မှတ်ရဲတယ်။ ငါတို့သေရင် မင်းတို့လဲ သေရမယ်။ ငါတို့အတွက် ပိုက်ဆံနဲ့ ယှဉ်ရင် အသက်က ဘာမှမဟုတ်ဘူး”
“ဟုတ်တယ်။ ချမ်းသာဖို့အတွက် ငါတို့ရဲ့အသက်တွေကို ဖလှယ်ရဲတယ်…”
“ငါးထောင်က ငါတို့အတွက် ဆယ်ရက်ရတယ်။ ဒါက ငါတို့ရဲ့အသက်တွေကို ရင်းဖို့ ထိုက်တန်တယ်…”
“သူတို့ကို ချကြ…”
“…”
ကောင်လေးတစ်ရာနီးပါးက တစ်လှမ်းပြီးတစ်လှမ်း ရှေ့တိုးလာသည်၊ သူတို့က ချက်ချင်း တိုက်ခိုက်တော့မည့်ပုံရ၏။
တက်တူးနှင့်လူ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားပြီး သူ ခေါ်လာသည့် လူများကလည်း အလွန်အံ့အားသင့်သွားကြသည်။ သူတို့က ဤအရူးအုပ်စုနှင့် တွေ့လိမ့်မည်ဟု ဘယ်လို စိတ်ကူးမိမည်နည်း။
သူတို့က သေရမှာကို တကယ်မကြောက်တာလား။
ထိုကောင်လေးများအား လေ့လာပြီးနောက် ဒင်းတို့လည်း သေရမှာ ကြောက်သည်ကို သဘောပေါက်ခဲ့သည်၊ သို့သော် သူတို့အား အများဆုံးထိတ်လန့်စေသည်ကား ချမ်းသာဖို့အတွက် ကောင်လေးများက အရာအားလုံးအား စွန့်စားရန် အသင့်ဖြစ်နေခြင်းပင်။ သူတို့ထဲမှတစ်ယောက်ယောက်က ခလုတ်နှိပ်လိုက်သည်နှင့် ထိုကောင်လေးများက တိုက်ရိုက်တိုက်ခိုက်ပေလိမ့်မည်။
ငါ ဘာလုပ်သင့်လဲ။
ရုတ်တရက် တက်တူးနှင့်လူက အလွန်ဉီးနှောက်ခြောက်သွား၏၊ သူက ရှေ့လဲမတိုးနိုင်သလို နောက်လဲ မဆုတ်နိုင်ပေ။
ထိုကောင်လေးများ၏အရှိန်အဝါအား ထန်ရှုက အာရုံခံနိုင်ပြီး သူက စိတ်ထဲ၌ အတော်လေးထိတ်လန့်သွားသည်။ သူတို့၏မူလရည်ရွယ်ချက်က ပိုက်ဆံဖြစ်သော်ငြား ထိုကောင်လေးများက ဒီလောက်ရဲရင့်မည်ဟု သူက မမျှော်လင့်ထားခဲ့ပေ။ ယွမ်ငါးထောင်အတွက်နှင့် သူတို့က အသက်စွန့်ရန် အသင့်ဖြစ်နေကြသည်။
ရုတ်တရက် အချက်ပေးဥဩသံအား အဝေးမှ ကြားလိုက်ရသည်။
တက်တူးနှင့်လူ၏အမူအရာက ထပ်မံပြောင်းလဲသွား၏။ သူက အနည်းငယ် ပိုစိတ်အေးသွား၏။ အသံက သူ့အား နောက်ထပ်ဖိအားတစ်ခုပေးခြင်းထက် သူ၏ကယ်တင်ရှင်ရောက်လာကြောင်းအချက်ပြခြင်းနှင့် ပိုတူသည်။
တုံ့ဆိုင်းမှုက ဝမ်ဟူ၏မျက်နှာတွင် ဖြတ်သွား၏။ သူက အံကြိတ်ကာ ထန်ရှုအား တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်သည် “အကို၊ ငါတို့က သေရမှာ မကြောက်ပါဘူး။ ဒါပေမယ့် ဘာမှမဟုတ်ဘဲနဲ့ ငါတို့က ရဲစခန်းထဲမှာ အဖမ်းမခံနိုင်ဘူး။ မင်း…ငါတို့ကို ပိုက်ဆံထပ်ပေးနိုင်မလား။ မင်းက ငါတို့ကို ထပ်ပေးရင် ငါတို့တွေ ဘာမဆို လုပ်မယ်၊ ရဲတွေ ဖမ်းဆီးသွားရင်လဲ ငါတို့တွေ လက်ခံတယ်”
“ကောင်းပြီလေ။ ငါ မင်းတို့ကို ယခင်ဈေးရဲ့ဆယ်ဆပေးမယ်။ အဲဒါ လုံလောက်လား”ထန်ရှုက တည်ငြိမ်စွာ ပြန်ဖြေသည်။
ဝမ်ဟူက လက်သီးကျစ်ကျစ်ဆုပ်ပြီးနောက် ကျယ်လောင်စွာ ပြောလိုက်သည် “မင်းတို့ သူပြောတာ ကြားတယ်မလား။ ဒီအကိုကြီးက ငါတို့ကို ဆယ်ဆပိုပေးမယ်တဲ့။ ငါတို့က ငါးသောင်းရမယ်လို့ ဆိုလိုတာပဲ။ ဒါပေမယ့် ငါတို့ညီအကိုတွေက ဘာမဆိုစွန့်လွှတ်ဖို့ အသင့်ဖြစ်ရမယ်။ ဒီရဲသားတွေက ဒီအကိုကြီးကို ခေါ်သွားရင် ငါတို့တွေ သူတို့ကိုလဲ တိုက်ခိုက်ရမယ်…”
“တိုက်ခိုက်ကြမယ်…”
အသံများက ကျယ်လောင်စွာ ပြန်ဖြေလိုက်ကြသည်။
များမကြာမီ ရဲကားခြောက်စီးက ရောက်ရှိလာပြီး ရဲသားဆယ်ယောက်ကျော်က ကားထဲမှ ထွက်လာသည်။ သူတို့က သူတို့၏တုတ်တံများအား ဝှေ့ယမ်းလိုက်ကြပြီး ခေါင်းဆောင်ဖြစ်သည့်သက်လတ်ပိုင်းလူက အော်လိုက်၏ “မင်းတို့အားလုံး…မလှုပ်ကြနဲ့။ မင်းတို့ရဲ့လက်နက်တွေအားလုံးကို ချပြီး မြေပေါ် ဆောင့်ကြောင့်ထိုင်လိုက်ကြ၊ မဟုတ်ရင် မင်းတို့အားလုံးကို ရဲစခန်းထဲမှာ ဖမ်းချုပ်ထားရလိမ့်မယ်”
ရဲသားကို မြင်ပြီး တက်တူးနှင့်လူက စိတ်လှုပ်ရှားသွားသည်၊ သို့သော် သူက ၎င်းအား လျင်မြန်စွာ ဖိနှိပ်ကာ ကျယ်လောင်စွာ ပြောလိုက်၏ “နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့၊ ခေါင်းဆောင်လျို။ ဒီကောင်က ငါတို့မှာ ပိုက်ဆံအကြွေးတင်ထားတယ်၊ ငါတို့က သူ့ကို အကြွေးပြန်ပေးဖို့ ပြောနေတာ။ ဒီနေရာမှာ သူက ငါတို့ကို သတ်ဖို့ စီစဉ်ထားလိမ့်မယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး။ ကျေးဇူးပြုပြီး ငါတို့အတွက် တရားမျှတမှုကို ရှာပေးပါ…”
သက်လတ်ပိုင်းရဲသားက မျက်မှောင်ကြုတ်လိုက်ပြီး ရွံ့ရှာစက်ဆုပ်သောအကြည့်တစ်ခုက သူ့မျက်နှာတွင် လက်သွား၏။ ထို့နောက် သူက ထန်ရှုထံ အကြည့်ပြောင်းကာ မေးလိုက်သည် “ရဲဘော်။ မင်းက ဒီဖြစ်ရပ်ကို ရဲစခန်းကို ဖုန်းဆက်တင်ပြခဲ့တဲ့လူလား”
“ငါပဲ…”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
သက်လတ်ပိုင်းလူက ဆက်ပြော၏ “ငါက ၊ ဒီမြို့ရဲ့ရဲခေါင်းဆောင်လျိုယုံပဲ။ မင်းက လုံခြုံရေးဌာနမှရဲဘော်တစ်ယောက်လို့ ဖုန်းထဲမှာ ပြောခဲ့တယ်မလား။ မင်းရဲ့အထောက်အထားကို ငါ ကြည့်လို့ရမလား”
ထန်ရှုက အစိမ်းရောင်စာအုပ်အား ထုတ်လိုက်သည်။ သူက ထိုရဲသားထံ ပစ်ပေးကာ ပေါ့ပေါ့ပါးပါးပြောလိုက်၏ “မင်း သိလား၊ မင်းရဲ့ဖင်နှေးပုံက ငါ့ကိုတကယ်စိတ်ပျက်စေတယ်။ ငါ မင်းကို ခေါ်ပြီးနောက် သုံးဆယ့်ခြောက်မိနစ်ရှိသွားပြီ၊ ငါ မင်းကို တည်နေရာတောင် ကြိုတင်ပေးခဲ့တယ်။ ဒါပေမယ့် မင်းက ဒီနေရာကို လာဖို့ သုံးဆယ့်ခြောက်မိနစ်တောင် အချိန်ယူခဲ့တာလား။ မင်းရဲ့အားထုတ်မှုက တကယ်ကို တုန်လှုပ်ချောက်ချားစရာပဲ။ မင်းလိုလူက ဘယ်လိုလုပ်ပြီး ဒီမြို့ရဲ့ပြည်သူ့လုံခြုံရေးဗျူရိုရဲ့ခေါင်းဆောင်ဖြစ်လာတယ်ဆိုတာ ငါ တကယ်ကို မသိဘူး”
ထန်ရှုထုတ်လိုက်သည့်အစိမ်းရောင်စာအုပ်အား မြင်လိုက်သည့်အခိုက်အတန့်တွင် လျိုယုံ၏နှလုံးက ခုန်ပေါက်သွားပြီး ဖွင့်ကြည့်ပြီးနောက် သူက ရုတ်ခြည်း ဂနာမငြိမ်ဖြစ်သွား၏။ သူက ထန်ရှု၏သတိပေးမှုကို ဂရုမစိုက်ဘဲ ရဲစခန်းထဲ၌ လက်ဖက်ရည်တစ်ခွက်ပင် သောက်နေခဲ့သည်။ နောက်မှသာ အခြေအနေအား ကြည့်ရန် ရဲသားများနှင့် ထွက်လာခဲ့ခြင်းဖြစ်၏၊ ဒါက သူတို့၏နောက်ကျရသည့်အကြောင်းပြချက်ပင်ဖြစ်သည်။
သို့သော် အရာအားလုံးက အစစ်အမှန်ပင်။ ဤအထောက်အထားက ပိုတောင် စစ်မှန်သည်၊ ဤလူငယ်က လုံခြုံရေးဌာနမှ တစ်စုံတစ်ယောက်၊ အစိုးရ၏အထူးအေဂျင့်တစ်ယောက်ဟု ဆိုလိုသည်။
ဒါက တကယ်ဆိုးတာပဲ။
တစ်ခုတော့ သူက ကောင်းကောင်းသိ၏။ သူက ကွပ်မျက်ခံရဖို့ပင် ဖြစ်လာနိုင်သည်။
ဤအတွေးဝင်လာသည့်အခိုက်တွင် သူက လေးလံသောအသံနှင့် အော်လိုက်သည် “ဒီကောင်တွေက အစိုးရကေဒါတစ်ယောက်ကို တိုက်ခိုက်ခဲ့တယ်။ သူတို့အားလုံးကို ဖမ်းဆီးလိုက်ကြ။ သူတို့အားလုံးက အကြမ်းဖက်သမားတွေလို့ ငါ သံသယရှိတယ်၊ ဒါကြောင့် ငါတို့တွေ သူတို့ကို ဖြည်းဖြည်းချင်းစစ်မေးရမယ်”
“ဘာ…”
တက်တူးနှင့်လူက အမူအရာက ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုက သူ့မျက်လုံးများထဲ၌ ပြည့်သွား၏။ ရဲသားဆယ်ယောက်ကျော်က သူ့အဖွဲ့ထံ ပြေးလာနေသည်ကို မြင်ပြီး သူက စကားတစ်လုံးပင် မဆိုခင် သူ့နောက်မှ သေနတ်သံက ထွက်ပေါ်လာ၏။
ဘန်း…
မီးပွားတစ်ခု လက်သွားပြီး ကျည်ဆံက လျိုယုံအား ချိန်ရွယ်လိုက်သည်။ သို့သော် မီးပွားလက်သွားသည့်အခိုက်တွင် ထန်ရှု၏လက်ချောင်းက ငွေအပ်တစ်ချောင်းအား ဖြတ်ခနဲ လှုပ်လိုက်သည်။ အပ်က ကျည်ဆံအား တိုက်ရိုက်ထိမှန်သွားပြီး ၎င်း၏လမ်းကြောင်းက လူအုပ်ကြီးကို ဖြတ်ကျော်သွား၏။ တစ်ယောက်မှ မထိခိုက်ခဲ့ပေ။
နောက်အခိုက်အတန့်တွင် ထန်ရှုက လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး လူကြီးသုံးယောက်လက်ထဲမှ သေနတ်များအား မျက်စိတစ်မှိတ်အတွင်း လုယူလိုက်သည်။ ထို့နောက် သူက သေနတ်များအား လျိုယုံ၏ခြေထောက်အောက်သို့ ပစ်ချကာ အပြစ်တင်လိုက်၏“မင်းက မြို့ရဲ့ရဲခေါင်းဆောင်ပဲ၊ ဒါပေမယ့် မင်းက သတိလုံးဝမရှိပါလား။ ငါသာ အချိန်မီမလှုပ်ရှားခဲ့ရင် မင်းက လူသေတစ်ယောက်ဖြစ်နေပြီ”
ရုတ်တရက်အဖြစ်အပျက်က အား သေမတတ်ကြောက်ရွံ့သွားစေသည်။ ချွေးစက်များက သူ့နဖူးမှ စီးကျနေသည်ကိုပင် မြင်နိုင်၏။ ငရဲဂိတ်တံခါးဝမှ ထွက်လာသည့် ခံစားချက်နှင့်အတူ သူက ထန်ရှုက ကျေးဇူးတင်သောအကြည့်နှင့် ပြောလိုက်၏ “ငါ ပေါ့ဆခဲ့တယ်ဆိုတာ ဝန်ခံပါတယ်၊ ခေါင်းဆောင်။ ငါ့ကို ကယ်ဆယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုက စပြီး မင်းက ငါ့ရဲ့ကျေးဇူးရှင်ပါပဲ”
“ဟမ့်။ မင်းရဲ့ကျေးဇူးရှင်ဖြစ်တာမဖြစ်တာကို ငါ ဂရုမစိုက်ဘူး”ထန်ရှုက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး စိတ်မဝင်စားစွာ ပြောလိုက်၏ “ငါ ဂရုစိုက်တာက မင်းရဲ့တရားစီရင်ပိုင်ခွင့်မှာ ဒီလောက်များတဲ့ဂိုဏ်းစတားတွေ ရှိနေတာပဲ။ အချို့ဆိုရင် သေနတ်တွေတောင် ရှိတယ်။ သူတို့က ငါ့ကို ပစ်မှတ်ထားပြီး ငါ့ရဲ့ပိုင်ဆိုင်မှုတွေကို လုယက်ရဲတယ်။ တရားမျှတမှုအတွက် ဒီကောင်လေးတွေကသာ မရပ်တည်ပေးခဲ့ရင် အခုချိန်လောက်ဆိုရင် ငါ့ကို သူတို့တွေ ဖမ်းသွားလောက်ပြီ ဒါမှမဟုတ် ငါ့ကို ဒီခွေးကောင်တွေက သတ်သွားလောက်ပြီ…”