ငယ်ရွယ်သောခေါင်းဆောင်တစ်ယောက်
Vol. 89 Ch. 1231
လျိုယုံ၏မျက်လုံးများက အေးစက်မှုတို့ တောက်ပသွားပြီး သူက လေးလံသောအသံနှင့် ပြောလိုက်၏ “သူတို့က သေနတ်တွေ ဝှက်ထားပြီး လူတွေကို သတ်ဖြတ်နေတယ်။ သူတို့က လုယက်မှုကို ကျူးလွန်းပြီး တိုင်းပြည်ရဲ့လုံခြုံရေးကိုလဲ ထိခိုက်စေတယ်။ သူတို့က ရဲတပ်ဖွဲ့ကိုတောင် ဗျောင်ကျကျတိုက်ခိုက်ရဲတဲ့မြေအောက်အဖွဲ့အချို့ရဲ့အဖွဲ့ဝင်တွေပဲ။ သူတို့က သူတို့ရဲ့ဘဝကို ထောင်ထဲမှာပဲ ဖြတ်သန်းရမယ်လို့ ငါ မင်းကို အာမခံတယ်”
ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။ သူက ထိုလူ၏ပခုံးကို ပုတ်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏ “တရားမျှတမှုနဲ့ဉပဒေသကို ထိန်းသိမ်းဖို့ တာဝန်ရှိတဲ့ လူတွေဖြစ်တာကြောင့် မင်းက ဒီပုတ်ပွနေတဲ့ပန်းသီးတွေကို ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်ရမယ်။ ဒီကိစ္စကို ကြီးကြပ်ဖို့ တစ်ယောက်ယောက်ကို ငါ တာဝန်ပေးလိုက်မယ်။ နောက်လအနည်းငယ်အတွင်းမှာ ဒီမြို့ထဲမှာ ရှိတဲ့ မြေအောက်အဖွဲ့ဝင်တွေအားလုံးကို ရိတ်သိမ်းတာက မင်းအတွက် ပိုကောင်းမယ်”
လီယုံ၏မျက်လုံးများက လင်းလက်သွားသည်။ ထို့နောက် သူက သူ့အာရုံအား ပတ်ဝန်းကျင်ရှိ ကောင်လေးတစ်ရာနီးပါးထံ အကြည့်ပြောင်းကာ ရုတ်တရက် မေးလိုက်၏ “မင်းက သီးသန့်ဆွေးနွေးဖို့အတွက် အချိန်ခဏလောက်ရမလား၊ ခေါင်းဆောင်”
“ရတယ်”ပြန်ဖြေပြီးနောက် ထန်ရှုက ဝမ်ဟူထံ ကြည့်ကာ ပြောလိုက်၏ “သူတို့မှာရှိတဲ့လက်နက်တွေအားလုံးကို ရဲသားတွေဆီ လွှဲပေးပြီးရင် လူစုကွဲလိုက်ဖို့ လူတိုင်းကို ပြောလိုက်ပါ။ လျော်ကြေးအနေနဲ့ ငါ မင်းတို့ကို ယွမ်တစ်သောင်းပေးမယ်”
ဝမ်ဟူ၏မျက်လုံးများက တောက်ပသွားပြီး သူက ကမန်းကတန်းအော်ပြေလိုက်၏၊ ကောင်လေးများက လျင်မြန်စွာ လူစုကွဲသွားကြသည်။
မြင်ကွင်းမှ ဆယ်မီတာအကွာတွင် ထန်ရှုက လျိုယုံအား ကြည့်ကာ ပြောလိုက်၏ “မင်းက ငါ့ကို ဘာပြောချင်တာလဲ”
“ခေါင်းဆောင်၊ ဒီမြို့ထဲက လုံခြုံရေးပြဿနာတွေကို ဖြေရှင်းဖို့ စီရင်စုထဲက အဆင့်မြင့်အရာရှိတွေက အမိန့်ပေးဖို့ လိုအပ်တယ်။ မြို့ရဲ့အရာရှိအချို့က ဒီမြေအောက်အဖွဲ့တွေနဲ့ မရှင်းမလင်းတဲ့ဆက်ဆံရေးရှိတာကြောင့်ပဲ။ ငါက ဘာမှ မဟုတ်တဲ့ ဒီနေရာက ပြည့်သူလုံခြုံရေးဗျူရိုရဲ့ခေါင်းဆောင်ပဲ။ ငါက နှလုံးသားရှိပေမယ့် အဲဒီလိုအားထုတ်ဖို့ စွမ်းအားမရှိဘူး။ ဒီဂိုဏ်းစတားတွေကို ဉီးဆောင်လာတဲ့ အကောင်က ဒီနေရာမှာ စွမ်းအားရှိတဲ့တစ်စုံတစ်ယောက်ရဲ့ဝေးကွာတဲ့ဆွေမျိုးတစ်ယောက်ပဲ။ ပုံမှန်အချိန်တွေမှာ ငါကတောင် သူ့ကို အလွယ်တကူမနှောင့်ယှက်ရဲဘူး”
“အဲဒါကို ရင်ဆိုင်ဖို့ ငါ မင်းကို လုပ်ပိုင်ခွင့်အာဏာပေးမယ်ဆိုရင်ရော။ မင်း သူတို့ကို တိုက်ခိုက်ရဲလား”ထန်ရှုက မေးလိုက်သည်။
လုပ်ပိုင်ခွင့်အာဏာလား။
လျိုယုံက ထန်ရှု၏အဆင့်အတန်းအား အမှတ်ရလိုက်သည်၊ အစိမ်းရောင်စာအုပ်က ဤလူပိုင်ဆိုင်သည့်အာဏာအား အပြည့်အဝကိုယ်စားမပြုသည်ကို သူက ရုတ်တရက် သဘောပေါက်လိုက်၏။ ဤလူ၏အထောက်အထားက…သေချာပေါက် ထူးခြားမည်ဟု ဆိုလိုသည်။
“ငါ မကြောက်ဘူး…”လျိုယုံက လေးနက်စွာ ဆက်ပြော၏ “အရာအားလုံးစွန့်လွှတ်စွန့်စားရမယ်ဆိုရင်တောင် ပြည်သူတွေ ပိုကောင်းဖို့အတွက် ငါ အားလုံးလုပ်မယ်”
“ကောင်းပြီလေ”ထန်ရှုက ပြောလိုက်၏ “ငါ မင်းကို ဖုန်းနံပါတ်တစ်ခုပေးမယ်။ လူတစ်ယောက်ကို မင်း တိုက်ရိုက်ဆက်သွယ်နိုင်တယ်။ သူ့လူတွေက အတော်လေးအားနေပြီး ဘာမှလုပ်စရာမရှိဘူးဖြစ်နေတယ်၊ ဒါကြောင့် သူတို့ကို အသုံးချတာ ပိုကောင်းတယ်။ သူ့ကို ရှာဖို့ ငါ မင်းကို ပြောခဲ့တယ်လို့ အဲလူကို ပြောလိုက်ပါ”
လျိုယုံက ဖုန်းနံပါတ်အား မှတ်ထားလိုက်သည်။ ထို့နောက် တုံ့ဆိုင်းသောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး သူက မေးလိုက်၏ “ဒီလူက ဘယ်သူလဲဆိုတာ ငါ မေးလို့ရမလား၊ ခေါင်းဆောင်”
“သူက အထူးစွမ်းရည်ဗျူရိုရဲ့ဒါရိုက်တာသွမ်မုလင်ပဲ”ထန်ရှုက ပြန်ဖြေသည်။
အမ်…
သေချာသည်ကတော့ မြို့ပြပြည်သူ့လုံခြုံရေးဗျူရိုဟူသောသူ့ရာထူးအရ လျိုယုံက ဒီလိုအထူးသတင်းအချက်အလက်အား သိပိုင်ခွင့်မရှိပေ။ သို့သော် ဤနေရာတွင် ထူးဆန်းသောအဖြစ်အပျက်အနည်းငယ်ဖြစ်ပွားခဲ့ပြီး ၎င်းအား ရင်ဆိုင်ဖြေရှင်းခဲ့သူများက အထူးစွမ်းရည်ဗျူရိုမှ ထိုစွမ်းရည်အသုံးပြုသူများဖြစ်ကြသည်။ ထို့ကြောင့် အထူးစွမ်းရည်ဗျူရို၏ဒါရိုက်တာက ဘာကို ကိုယ်စားပြုသည်ကို သူက အလိုအလျောက် သိ၏။
ထိုလူများက အမှောင်ထဲတွင် အစိုးရ၏အစောင့်အရှောက်များအဖြစ် လုပ်ဆောင်ရန် အာဏာရှိသည့် အစစ်အမှန်ကျွမ်းကျင်သူများဖြစ်ကြသည်။
“ဒီလျိုယုံက မင်းရဲ့မျှော်လင့်ချက်ကို သေချာပေါက် ကျရှုံးစေမှာ မဟုတ်ပါဘူး၊ ခေါင်းဆောင်…”လျိုယုံ၏လည်ပင်းက စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားပြီး သူက အာမခံလိုက်၏။
ထန်ရှုက သူ့အား ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ဒါဆို အခု ပြန်တော့…ငါ့မှာ အခြားလုပ်စရာရှိသေးတယ်…ဒါကြောင့် ငါ ဒီနေရာမှာ မနေတော့ဘူး”
“နားလည်ပါပြီ…”
အရိုအသေပေးပြီးနောက် ထိုလူဆိုးများအား အချုပ်ထဲသို့ ထည့်ရန်အတွက် သူ့အဖွဲ့အား ပြန်ရန် လျိုယုံက ချက်ချင်းအမိန့်ပေးလိုက်သည်။
နောက်ဆုံးတွင် ကျောင်းဝင်ပေါက်၌ ထန်ရှုနှင့်ဝမ်ဟူတို့သာ ကျန်တော့၏။ ထို့နောက် ထန်ရှုက ဝမ်ဟူအား ကြည့်ကာ သူ့ကားအား လက်ညှိုးထိုးပြပြီးနောက် ပြောလိုက်သည် “ငါ့ကို အနီးနားက ဘဏ်တစ်ခုဆီ ခေါ်သွားလိုက်။ ငါ မင်းအတွက် ငွေသားအချို့ ထုတ်ပေးမလို့။ ဒါနဲ့ စုစုပေါင်းပမာဏက ခြောက်သောင်းမလား”
“မင်း တကယ်ပဲ ငါတို့ကို ဒီလောက်များတဲ့ပိုက်ဆံတွေ ပေးမလို့လား၊ အကို”ဝမ်ဟူက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။
“ထန်ရှုက အမြဲတမ်း ကတိတည်တယ်”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏။
ဝမ်ဟူက ထပ်ခါတလဲလဲခေါင်းညိတ်လိုက်သည် “ငါ မင်းကို ယုံကြည်ပါတယ်၊ အကို။ ရဲဌာနကအဲဒီရဲသားတွေကတောင် အကို့ကို ခေါင်းဆောင်လို့ ခေါ်ရတယ်၊ ဒါကြောင့် အကိုက အရမ်းအားကောင်းတဲ့လူတစ်ယောက်ဆိုတာ သေချာတယ်”
“ဒါ မှန်တယ်။ ဒီအာလန်က ဘာဖြစ်ခဲ့သလဲဆိုတာနဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြပါ”ထန်ရှုက ပြုံးကာ မေးလိုက်၏။
ဝမ်ဟူက တုံ့ဆိုင်းသွားပြီးနောက် ခေါင်းခါယမ်းကာ ပြန်ဖြေ၏ “အကိုက ငါတို့ရဲ့ငွေကြေးထောက်ပံ့သူပဲ၊ ဒါကြောင့် ငါ အကို့ကို သူ့နာမည် ပြောခဲ့တယ်။ မဟုတ်ရင် သူ့ရဲ့အထောက်အထားကို အပြင်လူတွေဆီ ငါ ဘယ်တော့မှ ထုတ်ဖော်ပြောမှာ မဟုတ်ဘူး။ မင်းက လူကောင်းတစ်ယောက်ဆိုတာ ငါ သိတယ်၊ အကို။ ဒါပေမယ့် ကျေးဇူးပြုပြီး ဒါနဲ့ ပတ်သက်ပြီးတော့ ငါ့ကို ဖိအားမပေးပါနဲ့”
ထန်ရှုက ခေါင်းညိတ်ပြကာ ပြုံးလိုက်၏ “ငါ မင်းကို ဖိအားမပေးပါဘူး။ ငါ့ရဲ့စိတ်ဆန္ဒကောင်းရဲ့တိုက်တွန်းနှိုးဆော်မှုကြောင့်မျှပဲ။ မဟုတ်ရင် ငါ့အနေနဲ့ သူစိမ်းတစ်ယောက်ကို သိဖို့မလိုပါဘူး”
“စိတ်ဆန္ဒကောင်းလား” ဝမ်ဟူက နားမလည်နိုင်သောမျက်နှာနှင့် ထန်ရှုအား စိုက်ကြည့်လိုက်သည်။
“အာလန်က နေမကောင်းဖြစ်နေတယ်လို့ မင်း ငါ့ကို ပြောခဲ့တယ်နော်”ထန်ရှုက ဆက်ပြော၏ “တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ငါ့မှာလဲ တရုတ်တိုင်းရင်းဆေးပညာရှင်ဆိုတဲ့အထောက်အထားတစ်ခုရှိတယ်”
ဝမ်ဟူက ခေါင်းခါယမ်းကာ ပြန်ပြောသည် “မဖြစ်နိုင်ဘူး။ ငါ မင်းကို မယုံကြည်လို့တော့ မဟုတ်ဘူး၊ အကို။ ဒါပေမယ့် အာလန်ရဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက အတော်လေးထူးခြားတယ်။ ငါတို့တွေ သူ့ကို မြို့တော်တော်များများက ဆရာဝန်တွေဆီ ခေါ်သွားခဲ့ပြီးပြီ၊ ခရိုင်ထဲက ဆေးရုံကြီးအချို့ကိုတောင် သွားခဲ့တယ်၊ သူတို့ထဲကတစ်ယောက်မှ သူ့ကို မကုသနိုင်ဘူး”
ထန်ရှုက ပြုံးကာ ပြန်ပြောသည် “မင်းတို့က ဆေးရုံတွေနဲ့ ဆရာဝန်များစွာဆီ သွားတွေ့ပြီးပြီဆိုတော့ တရုတ်တိုင်းရင်းဆေးလောကရဲ့နတ်ဆေးဆရာဝန်တွေလို့ခေါ်တဲ့လူတွေနဲ့ ပတ်သက်ပြီး သိကြတယ်မလား”
“ဟုတ်တယ်”ဝမ်ဟူက ခေါင်းညိတ်ကာ ပြောလိုက်သည် “သူတို့နဲ့ပတ်သက်ပြီး ငါ ကြားဖူးတယ်။ တရုတ်တစ်နိုင်ငံလုံးမှာ နတ်ဆေးဆရာဝန်အနည်းငယ်ပဲရှိတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် သူတို့တစ်ယောက်ချင်းစီမှာ မှော်ဆန်တဲ့ဆေးပညာကျွမ်းကျင်မှုတွေ ရှိတယ်။ ကံမကောင်းစွာနဲ့ ငါတို့က သူတို့ကို ရှာမဖွေနိုင်ခဲ့ဘူး။ ငါတို့က ရှာဖွေနိုင်ရင်တောင် သူတို့ကို ဖိတ်ခေါ်ဖို့ မတတ်နိုင်ဘူး”
“ငါ့နာမည်က ထန်ရှုဆိုတာ မင်း သိတယ်မလား”ထန်ရှုက ရယ်ကာ ပြောလိုက်သည် “မင်းရဲ့ဖုန်းမှာ အင်တာနက်ရှိမှာပေါ့။ ငါ့နာမည်ကို ရိုက်ရှာကြည့်လိုက်ပါ”
“ထန်ရှုလား”
နာမည်က ရင်းနှီးသည်ဟု ဝမ်ဟူက ခံစားမိသည်။ တစ်နေရာတွင် ကြားဖူးသည်ဟု ခံစားမိသော်လည်း ချက်ချင်းမမှတ်မိနိုင်ပေ။ ထို့နောက် သူက ထန်ရှု၏ညွှန်ကြားချက်အတိုင်း နာမည်အား ရိုက်ရှာလိုက်၏။ များမကြာမီ သူက ‘ထန်ရှု’နာမည်နှင့်ဆက်စပ်သည့်လင့်များစွာအား မြင်လိုက်ရသည်။ လင့်တစ်ခုကို ကလစ်ကာ ဆောင်ပါးအား ဖတ်ပြီးနောက် သူက ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်သည် “အကို…မင်းက ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံရဲ့နတ်ဆေးဆရာထန်ရှုဆိုတာလား။ အကို…မင်းက ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးလား”
“ငါက ဘာလို့ မင်းကို လိမ်ရမှာလဲ”ထန်ရှုက ပြုံးကာ ပြန်မေး၏။
ဤလူက သူ့နာမည်က လွဲ၍ ဘာတစ်ခုမှ မပြောခဲ့သည်ကို ဝမ်ဟူက ရုတ်တရက် သဘောပေါက်သွားသည်။ သူ့ရှေ့တွင် ရပ်နေသူက ဒဏ္ဍာရီနတ်ဆေးဆရာဝန်ဖြစ်သည်ကို အမှတ်ရပြီးနောက် သူက ထန်ရှု၏လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်၏ “မင်းက နတ်ဆေးဆရာထန်ဖြစ်တယ်ဆိုတာ ငါ ယုံကြည်တယ်၊ အကို။ မင်းဆီကနေ ဘာပိုက်ဆံမှ ငါ မယူတော့ဘူး။ အာလန်ကို ကုသနိုင်သေရွေ့ ငါ့အသက်ကို အကို ပိုင်တယ်”
“ကောင်းပါပြီ၊ သူ့ကို ငါက ကုသစေချင်တယ်ဆိုရင် သူ့ဆီ ငါ့ကို အရင်ခေါ်သွားဖို့ လိုမယ်လို့ ငါ ထင်တယ်”ထန်ရှုက ပြန်ပြောသည် “လမ်းမှာ သူ့အနေအထားနဲ့ပတ်သက်ပြီး ငါ့ကို ပြောပြပါ”
“ဟုတ်ကဲ့…”ဝမ်ဟူက ထပ်ခါတလဲလဲခေါင်းညိတ်လိုက်သည်။
နေရာက မဝေးပေ၊ ဝမ်ဟူက ထန်ရှုအား နေရာသို့ ခေါ်လာသောအခါ ကောင်လေးဆယ်ယောက်ကျော်နှင့်ပျက်ဆီးနေသောအိမ်တစ်လုံးရှိသည်။ ထိုကောင်လေးများက သူတို့၏လက်နက်များအား လျင်မြန်စွာ ဆွဲကိုင်လိုက်ပြီး ထန်ရှုတို့အား ဝိုင်းရန် ရွေ့လျားလာကြသည်။ သို့သော် ထန်ရှုကို မြင်ပြီးနောက် သူတို့၏ခေါင်းဆောင်ဖြစ်သောဝမ်လုံက ကမန်းကတန်း အော်လိုက်၏ “ဘာလို့ မင်းက သူ့ကို ဒီနေရာကို ခေါ်လာတာလဲ၊ အကို။ ဒီနေရာကို သူစိမ်းတွေကို မခေါ်လာဖို့ အားလန်က ပြောခဲ့တယ်မလား”
“နတ်ဆေးဆရာထန်က အပြင်လူတစ်ယောက်မဟုတ်ဘူး။ သူက အဲဒီကျော်ကြားတဲ့လူငယ်နတ်ဆေးဆရာဝန်ပဲ”ဝမ်ဟူက ပြန်ပြောသည် “သူက အာလန်ကို ကုသပေးချင်တယ်လို့ ပြောတယ်၊ ဒါကြောင့် စမ်းကြည့်ဖို့ ငါ သူ့ကို ခေါ်လာတာပဲ”
နတ်ဆေးဆရာဝန်တစ်ယောက်လား…လူငယ်နတ်ဆေးဆရာဝန်လား။
လူငယ်များက ခေါင်းရှုပ်သွားနေစဉ် လူငယ်တစ်ယောက်က ရုတ်တရက် အံ့အားသင့်စွာ ပြောလိုက်၏ “ငါ သူ့ကို မှတ်မိတယ်။ သူက ကြယ်တာရာမြို့တရုတ်တိုင်းရင်းဆေးရုံက ကျော်ကြားတဲ့လူငယ်နတ်ဆေးဆရာပဲ။ လူနာအချို့ကို သူ ကုသတဲ့ ဗီဒီယိုကို ငါ မြင်ဖူးတယ်။ သူပဲ။ လုံးဝအသေအချာပဲ”
“ဟုတ်ပါပြီ၊ ဆရာဝန်တစ်ယောက်ရဲ့တာန်က လူနာတွေကို ကယ်တင်ပေးဖို့ပဲ၊ နတ်ဆေးဆရာဆိုတဲ့နာမည်က ငါ့ကို လူတိုင်း ပေးခဲ့တာပဲ။ ဒါနဲ့ အာလန်ကို တွေ့ဖို့ ငါ့ကို မခေါ်သွားဘူးလား”
လမ်းတွင် ဝမ်ဟူက အာလန်နှင့် ပတ်သက်ပြီး ထန်ရှုအား အကျဉ်းချုပ်ပြောပြခဲ့သည်။
အတိတ်တွင် အာလန်တွင် ညီအကိုလေးယောက်ရှိပြီး သူက လေးယောက်ထဲမှ အငယ်ဆုံးဖြစ်သည်။ သူတို့အားလုံးက အိမ်ခြေရာမဲ့ကလေးများ ဖြစ်ကြသည်။ နောက်ပိုင်းတွင် အစားအစာအတွက် သူတို့က အခြားသူများနှင့် တိုက်ခိုက်ခဲ့ကြပြီး သူ့အကိုနှစ်ယောက်က သေဆုံးသွားကာ အကြီးဆုံးတစ်ယောက်က ထောင်ကျသွားခဲ့သည်။
ထိုအချိန်တွင် အာလန်က ဆယ့်နှစ်နှစ်သာ ရှိသည်။
သို့သော် သူက အခြားအိမ်ခြေရာမဲ့ကလေးများအား စုစည်းကာ အဖွဲ့တစ်ဖွဲ့,ဖွဲ့ခဲ့သည်။ အာလန်က နတ်ဘုရားတစ်ယောက်နှင့်တူသောဉာဏ်ပညာအား ကောင်းချီးပေးခံထားရသည်။ သူ့အစီအစဉ်နောက်ကို လိုက်ကာ ကလေးများက ပိုက်ဆံအမြောက်အများရှာနိုင်ခဲ့ပြီး အာလန်က သူတိုအားလုံးအား ကျောင်းတက်စေခဲ့သည်။
နှစ်အလီလီကုန်ဆုံးသွားပြီး ပူးပေါင်းလာသောဆက်ကျော်သက်များ၏အရေအတွက်က ပိုပိုတိုးလာသည်။ ဤနှစ်တွင် အာလန်က ဆယ့်ခုနှစ်နှစ်ရှိပြီး လမ်းဘေးကလေးနှစ်ရာကျော်က သူ့နောက်သို့ လိုက်နေသည်။ ထိုဆယ်ကျော်သက်လေးအားလုံးက လူမှုအဖွဲ့အစည်း၏အနိမ့်ဆုံးအဆင့်တွင် နေထိုင်သော ဆင်းရဲသောကလေးများဖြစ်ကြသည်။ အာလန်က သူတို့အား အစားအစာ၊ နေဖို့နေရာ၊ အဝတ်အစာများကို ထောက်ပံ့ပေးပြီး ကျောင်းသို့ တက်ရောက်စေခဲ့၏။
သို့သော် ကံမကောင်းစွာနှင့် လွန်ခဲ့သောနှစ်နှစ်၊ သူ့အသက်ဆယ့်ငါးနှစ်တွင် အာလန်က အအေးမိကာ အဖျားရောဂါဝင်ခဲ့သည်။ နောက်ပိုင်းတွင် အဖျားရောဂါက သက်သာလာသော်လည်း အိပ်ရာထဲတွင် အကြောသေလျက် ကျန်ရစ်ခဲ့သည်။ ကျောင်းတက်ရင်း ပိုက်ဆံရှာရန် အာလန်က သူ့ညီအကိုများအား အကြံအဆက်မပြတ်ပေးခဲ့သော်လည်း သူတို့ရရှိသည့်ပမာဏက ယခင်ကထက် ပိုနည်းလာသည်။
ထို့နောက် ကလေးနှစ်ရာကျော်ထဲမှ ဆယ်ကျော်သက်တစ်ရာကျော်က ကျောင်းထွက်ရန် ဆုံးဖြတ်ခဲ့ကြပြီး ပိုက်ဆံရရန် အရာအားလုံးပြုလုပ်ခဲ့ကြသည်။ အာလန်အား ကုသရန်အတွက် သူတို့က ပိုက်ဆံရချင်ခဲ့ကြသည်။
သူတို့၏နှလုံးသားထဲတွင် အာလန်က သူတို့ထက် ပိုငယ်သော်လည်း သူက သူတို့၏ဒေါက်တိုင်၊ သူတို့၏ကျောရိုး၊ သူတို့၏ခေါင်းဆောင်ပင်။
အဟွတ်…အဟွတ်…
ထန်ရှုက ဝမ်ဟူနှင့်အတူ အခန်းထဲသို့ ဝင်လာခဲ့ပြီး အတွင်းမှ ချောင်းဆိုးသံအား ကြားလိုက်ရသည်။
ဝမ်ဟူက အခန်းထဲသို့ လျင်မြန်စွာ ဝင်လာသည်၊ အခန်းထောင့်ရှိအိပ်ရာပေါ်တွင် ချောင်းဆိုးနေသော အာလန်အား သူက မြင်လိုက်ရ၏။
“မင်းရဲ့အခြေအနေဘယ်လိုလဲ၊ အာလန်”
အိပ်ရာပေါ်တွင် နေရင်း အာလန်၏ချောင်းဆိုးသံက တဖြည်းဖြည်း အားနည်းလာသည်။ သူ့အသက်ရှုသံက ပိုကြမးတမ်းလာပြီး သူက ခက်ခက်ခဲခဲလက်မြှောက်လျက် အားနည်းစွာ ပြောလိုက်သည် “ငါ…အဆင်ပြေပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ရေအချို့ပေးပါ…”