တစ်ယောက်ယောက်က မင်းကို လိုအပ်တယ်
Vol. 89 Ch. 1233
ထန်ရှု၏စကားများကို ကြားပြီးနောက် အာလန်၏နှလုံးသားက ခုန်ပေါက်သွားသည်။ သူက ဆယ့်ခုနှစ်နှစ်သာ ရှိပြီး ငါးနှစ်အတွင်း မူလတန်းကျောင်းမှအထက်တန်းကျောင်းအထိ သင်ရိုးညွှန်းတမ်းအားလုံးအား ပြီးဆုံးခဲ့သည်။ သူက အံ့အားသင့်စရာကောင်းသောမှတ်ဉာဏ်နှင့်မြန်ဆန်သည့်နားလည်မှုစွမ်းရည်ရှိသည့်ပါရမီရှင်တစ်ယောက်ဖြစ်၏။
သူက ထန်ရှုစကားနောက်ရှိ အဓိပ္ပါယ်အား နားလည်နိုင်သည်။ ရှေးခေတ်တွင် တစ်သက်ဆရာဖြစ်လျှင် တစ်သက်အဖေဖြစ်သည်ဟု ပြောကြ၏။
“ဒါဆို ငါ ဒါကို အကောင်းဆုံးလုပ်ပါ့မယ်”ပြတ်သားသောအကြည့်တစ်ခုက အာလန်၏မျက်နှာပေါ်တွင် ပြသသွား၏။
“တစ်နာရီမှာ ခြောက်ဆယ်မိနစ်ရှိတယ်၊ လေးမိနစ်ကုန်သွားပြီးနော်”ထန်ရှုက ပြုံးလိုက်သည် “မင်းမှာ ၅၆မိနစ်ပဲ ကျန်တော့တယ်”
အာလန်၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။ သူက ချက်ချင်းထိုင်ကာ ကျမ်းစာအုပ်၏အကြောင်းအရာအား မှတ်မိရန် နစ်မြုပ်လိုက်၏။
သို့သော် မိနစ်အနည်းငယ်ကြာပြီးနောက် သူက အနည်းငယ်အပျော်လွန်သွားပုံပေါ်သည်။ သူ့မှတ်ဉာဏ်က ယခင်ကထက် ပိုကောင်းလာသည်ကို တွေ့ရှိခဲ့၏။ မဖတ်ခင် မှတ်မိရန်အတွက် ကြီးကြီးမားမားအားထုတ်ရန် လိုခဲ့သည်၊ သို့သော် ယခု တစ်ချက်ကြည့်လိုက်ရုံနှင့် သူက မြန်မြန်ဖတ်လာနိုင်၏။
ငါ့ရဲ့မှတ်ဉာဏ်က အခုအများကြီးပိုကောင်းလာတာပဲ။
လေးဆယ်မိနစ်ကြာပြီးနောက် စာအုပ်ထဲရှိ နောက်ဆုံးစာလုံးအား ဖတ်ပြီးသွားခဲ့ပြီး စိတ်ထဲ၌ ပြန်ရွတ်ကြည့်လိုက်၏။ အပြည့်အဝမမှတ်မိနိုင်သည့်အစိတ်အပိုင်းအနည်းငယ်သာရှိသောကြောင့် သူက စာအုပ်အား ထပ်ဖတ်လိုက်၏။ ထို့နောက် သူက စာအုပ်အား ပိတ်ကာ ပြောလိုက်သည် “ငါ အားလုံးဖတ်ပြီးပြီ”
‘မင်း အားလုံးကို မှတ်မိသွားပြီလား”ထန်ရှုက မေးလိုက်သည်။
အားလန်က ခေါင်းညိတ်လိုက်သည် “အခုချက်ချင်း တစ်အုပ်လုံးကို ငါ အလွတ်ရွတ်ပြနိုင်တယ်”
ထန်ရှုက ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက အခန်းထဲရှိ ကုလားထိုင်ပျက်ဆီ လျှောက်သွားကာ ထိုင်ချလိုက်၏။ သူက ခေါင်းခါယမ်းလျက် ပြော၏ “ငါ ဒီနေရာမှာ ရှိနေတာ အချိန်အတော်ကြာပြီ၊ မင်းရဲ့ခန္ဓာကိုယ်ကိုလဲ ပြောင်းလဲပေးခဲ့တယ်။ အခု ငါ ရေဆာတယ်”
“ငါ ရေယူလာပေးပါ့မယ်”
အာလန်က ကိုယ်ပြန်လှည့်လိုက်သည်။ သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပျော်ရွှင်သောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ စီးဆင်းသွား၏။ သူက လက်ဖက်ရည်တစ်ခွက် လျင်မြန်စွာ ငှဲ့ကာ ထန်ရှုထံ ကမန်းကတန်း ပြန်လာပြီး ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် လက်ဖက်ရည်ခွက်အား လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည် “ကျေးဇူးပြုပြီး လက်ဖက်ရည်သောက်ပါ၊ ဆရာသခင်”
ထန်ရှုက လက်ဖက်ရည်ခွက်အား လက်ခံလိုက်၏။ သူက သောက်ရန် မလောဘဲ ပြုံးကာ ပြောလိုက်၏ “
ထို့နောက် အာလန်က ဉီးသုံးကြိမ်ချပြီးနောက် ထန်ရှုအား မော့ကြည့်လိုက်သည်။
ထန်ရှုက သူ့အား ပျော်ရွှင်စွာ ခေါင်းညိတ်ပြလိုက်သည်။ သူက လက်ဖက်ရည်ခွက်အား ပြုံးလျက် သောက်၏။ ထို့နောက် သူက ကောင်လေးအား ကြမ်းပြင်ပေါ်မှ ထစေကာ မေးလိုက်၏ “မင်းရဲ့မိသားစုနာမည်က ဘာလဲ”
“ငါနဲ့ငါ့အကိုသုံးယောက်မှာ မိသားစုနာမည်မရှိဘူး၊ ဆရာသခင်”အာလန်က ခေါင်းခါယမ်းလိုက်သည်။
“မင်းရဲ့အခြေအနေနဲ့ ပတ်သက်ပြီး ငါ အနည်းငယ် ကြားဖူးပါတယ်။ အခု မင်းအကြောင်း ငါ့ကို ပြောပြ”
“ငါ့အကြောင်းပြောစရာ ဘာမှမရှိပါဘူး”အာလန်က ခါးသီးစွာ ပြောလိုက်၏ “ငါ့မှာ အကိုသုံးယောက်ရှိတယ်၊ ငါ ငယ်ငယ်ကတည်းက နှစ်ယောက်သေသွားခဲ့တယ်၊ ငါ့ရဲ့ပထမဆုံးအကိုက အခု ထောင်ထဲမှာ ရှိတယ်၊ သူက အဲမှာပဲ တစ်သက်လုံးနေရနိုင်တယ်။ သူတို့က ငါ့ရဲ့သွေးချင်းညီအကိုတွေ မဟုတ်ဘူး၊ ငါနဲ့အနီးကပ်ဆုံးအဲဒီညီအကိုတွေကတောင် ငါတို့လေးယောက်ကြားကစစ်မှန်တဲ့ဆက်ဆံရေးကို မသိကြဘူး”
“ဆက်ပြောပါ…”ထန်ရှုက ခေါင်းညိတ်လိုက်သည်။
“ငါတို့လေးယောက်က မိဘမဲ့ကျောင်းမှာပဲ မွေးဖွားခဲ့တယ်” အာလန်က ဆက်ပြော၏ “နောက်ကျတော့ မိဘမဲ့ကျောင်းက လူက ငါတို့ကို နေ့တိုင်းနှိပ်စက်ခဲ့တယ်။ နောက်တော့ ပထမအကိုနဲ့ဒုတိယအကိုက ငါတို့ကို ခေါ်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့ပေမယ့် လွတ်မြောက်ပြီး မကြာခင်မှာပဲ အငယ်ဆုံးညီမက သေသွားခဲ့တယ်။ နောက်ပိုင်းမှာ အစားအစာနဲ့ပိုက်ဆံကို ရဖို့အတွက် ငါတို့တွေ အခြားသူတွေနဲ့ အဆက်မပြတ်တိုက်ခိုက်ခဲ့ကြတယ်။ ဒုတိယအကိုနဲ့တတိယအကိုကို လူအချို့က သတ်ဖြတ်ခဲ့ပြီး ပထမအကိုက ထောင်ကျသွားခဲ့တယ်”
ထန်ရှုက ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်၏ “မင်းရဲ့ပထမအကိုက ဘာလုပ်ခဲ့လို့ သူက ထောင်ကျသွားတာလဲ”
မုန်းတီးမှုက အာလန်၏မျက်လုံးများထဲတွင် ထွက်ပေါ်လာပြီးနောက် သူက ပြန်ဖြေသည် “သူက တတိယအကိုနဲ့ဒုတိယအကိုတို့အတွက် လက်စားချေခဲ့တယ်။ ဒါပေမယ့် အဲဒီခွေးကောင်တွေကို သတ်ခဲ့တဲ့သူတွေက ငါ၊ ဝမ်ဟူနဲ့ ဝမ်လုံတို့ပဲ။ ငါတို့အားလုံး ထောင်မကျဖို့အတွက် ပထမအကိုက အပြစ်တွေအားလုံးကို သူ့ပခုံးပေါ် ပစ်တင်ခဲ့တယ်”
“မင်းရဲ့ပထမအကိုက ဘယ်အကျဉ်းထောင်မှာလဲ”ထန်ရှုက ထပ်မေးလိုက်၏။
“ချင်ချွမ်းအကျဉ်းထောင်”
ထန်ရှုက ဖုန်းထုတ်ကာ ကျူလုံ၏နံပါတ်အား ခေါ်ကာ ပြောလိုက်၏ “ချင်ချွမ်းထောင်ထဲကနေ တစ်စုံတစ်ယောက်ကို ငါ ခေါ်ထုတ်ဖို့ လိုတယ်။ သူက အရပ်သားတစ်ယောက်ပဲ ဆိုပေမယ့် သူ့ညီက ငါ့ရဲ့တပည့်တစ်ယောက်ပဲ။ ငါ့ရဲ့တောင်းဆိုချက်ကို သွမ်မုလင်ကို တင်ပြပေးပါ၊ ဒီလူကို လွှတ်ပေးဖို့ သူ့ကို မေးပေးပါ”
“ကောင်းပါပြီ…”ကျူလုံက ပြန်ဖြေကာ ဖုန်းတန်းချလိုက်သည်။ ထိုလူက ဖုန်းပြန်ခေါ်လာရန် သိပ်မကြာခဲ့ပေ။
“ဘယ်လိုတဲ့လဲ”ဖုန်းကိုင်ပြီးနောက် ထန်ရှုက မေးလိုက်၏။
“ရတယ်လို့ ဒါရိုက်တာသွမ်မုက ပြောတယ်။ အခြေအနေတစ်ခုတော့ ရှိတယ်၊ အဲဒီလူက တရုတ်မှာ နေလို့တော့မရဘူး၊ နောက်ကျရင် သူ့ကို ဘာပြဿနာမရှာစေတာ အကောင်းဆုံးပဲ။ ပြီးတော့ ရေနတ်သမီးက ထောင်ဆီ ထွက်သွားပြီ။ မင်းဆီ အဲလူကို တိုက်ရိုက်ပို့ပေးဖို့ ငါ သူမကို ဆက်သွယ်ပေးရမလား ဒါမှမဟုတ် မင်းကိုယ်တိုင် သူ့ကို လာခေါ်မှာလား”
ထန်ရှုက အာလန်အား ကြည့်ကာ မေးလိုက်၏ “မင်းရဲ့ပထမအကိုရဲ့နာမည်က ဘာလဲ”
“အာတုံ…”အာလန်က ပြန်ဖြေသည်။
“သူ့ရဲ့နာမည်အပြည့်အစုံက”ထန်ရှုက ပြော၏။
“အာတုံပဲ။ စာသင်ခန်းထဲမှာ ငါတို့အတွက် အစိုးရကလုပ်ပေးထားတဲ့အိုင်ဒီထဲမှာ အာလန်နဲ့အာတုံဆိုတာပဲ ပါတယ်”
ထန်ရှုက ရှုံ့မဲ့ပြုံးလျက် ကျူးလုံအား ထပ်ပြောလိုက်၏ “လက်ရှိမှာ ငါက ချင်ချွမ်းထောင်နဲ့ သိပ်မဝေးတော့ဘူး၊ ဒါကြောင့် ငါကိုယ်တိုင် သူ့ကို လာခေါ်မယ်။ ကျေးဇူးပြုပြီး ငါ သူမကို အဲနေရာမှာ စောင့်နေမယ်လို့ ရေမိန်းကလေးကို ကြိုတင်အကြောင်းကြားပေးပါ”
ထန်ရှုက ဖုန်းချကာ စိတ်လှုပ်ရှားနေသောအာလန်ဘက်သို့ အကြည့်ပြောင်းလိုက်၏။ သူက ပြုံးကာ ပြောလိုက်၏ “မင်းမှာ မိသားစုနာမည်မရှိတာကြောင့် ငါ မင်းကို နောက်ထပ်အခွင့်အရေးတစ်ခုပေးမယ်။ မင်းက နှစ်နှစ်အတွင်းမှာ ရွှေအမြုတေအဆင်အထိ ကျင့်ကြံနိုင်ရင် ငါ မင်းကို ငါ့ရဲ့မိသားစုနာမည်ပေးမယ်”
“ထန်လား”
အာလန်၏မျက်လုံးများက လင်းလက်သွားသည်။ သူက ခေါင်းညိတ်ကာ ပြောလိုက်၏ “မင်းရဲ့မျှော်လင့်ချက်ကို သစ္စာမဖောက်ဖို့အတွက် ငါ အကောင်းဆုံးလုပ်ပါ့မယ်၊ ဆရာသခင်။ မင်း…မင်း တကယ်ပဲ ငါ့အကိုကို ထောင်ထဲကနေ ထုတ်ပေးနိုင်တာလား”
ထန်ရှုက ပြုံးပြကာ ပြန်ပြောသည် “ဒီည သူ့ကို ခေါ်ဖို့အတွက် ငါတိုတွေ ချင်ချွမ်းထောင်ကို သွားကြမယ်။ ဒါပေမယ့် အဲဒီမတိုင်ခင် ငါ မင်းကို လုပ်စေချင်တာ တစ်ခုရှိတယ်”
“ငါ့ရဲ့ဒီညီအကိုတွေနဲ့ ပတ်သက်ပြီးတော့မလား၊ ဆရာသခင်”အာလန်က မေး၏။
“မင်းနဲ့ စကားပြောရတာ တကယ်လွယ်တယ်။ ဒါက ဉာဏ်ကောင်းတဲ့လူတွေရဲ့ကောင်းမွန်တဲ့အချက်တစ်ခုပဲ”ထန်ရှုက ရယ်လိုက်၏ “မင်းပြောတာ မှန်တယ်။ မင်းက ငါ့နောက်ကို လိုက်ဖို့ ရွေးချယ်လို့ရတယ်၊ ဒါပေမယ့် သူတို့ကရော။ မင်း သူတို့အားလုံးကို မင်းနဲ့အတူ ခေါ်သွားချင်လား ဒါမှမဟုတ် သူတို့ကို နေခဲ့စေချင်လား။ ဒါပေမယ့် သူတို့တစ်ယောက်ချင်းစီကို ငါ ပိုက်ဆံပေးသွားမှာပါ”
“သူတို့ကို ငါနဲ့အတူ ခေါ်သွားချင်တယ်၊ ဆရာသခင်”အာလန်က ပြန်ဖြေသည် “ငါက သူတို့ကို ချန်ထားခဲ့ရင် သူတို့တွေ အရမ်းစိတ်မကောင်းဖြစ်လိမ့်မယ်”
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆို သူတို့ကိုပါ ခေါ်သွားကြတာပေါ့။ ဒါမေယ့် ဒီမတိုင်ခင် သူတို့ရဲ့ထင်မြင်ချက်ကို မင်း အရင်မေးရမယ်၊ သူတို့က မင်းနဲ့ သွားချင်သလားဆိုတာ မေးရမယ်”
“နားလည်ပါတယ်…”
အခန်းအပြင်ဘက်တွင်။
ဝမ်ဟူနှင့်ဝမ်လုံတို့က တံခါးကို စိုက်ကြည့်ရင်း တံခါးအပြင်ဘက်၌ ဂနာမငြိမ်ဖြစ်လျက် ရပ်နေကြသည်။ သူတို့က ဘာတစ်ခုမှ မမြင်နိုင်သော်လည်း အထဲမှ အနည်းဆုံးတစ်ခုခုအား ကြားနိုင်မလားဟု မျှော်လင့်ထားကြ၏။
“အထဲမှာ ဘာဖြစ်နေတာလဲ၊ အကို။ နတ်ဆေးဆရာထန်က အာလန်ကို ကုသတာ ပြီးသွားပြီးလား”ဝမ်လုံက စိုးရိမ်တကြီး ထပ်မေးလိုက်သည်။
ဝမ်ဟူက မျက်နှာသုန်မှုန်စွာနှင့် သူ့အား ကြည့်ကာ ပြောလိုက်၏“မင်းက ငါ့ကို မေးတော့ ငါက ဘယ်သူ့ကို မေးရမှာလဲ။ အထဲမှာ ဘာဖြစ်နေတယ်ဆိုတာ ငါ မသိဘူး။ ရုတ်တရက် ငါက အပြင်ကို ပစ်ထုတ်ခံလိုက်ရတာပဲ။ မဟုတ်ဘူး…အဲဒါက လျှပ်တစ်ပြက်လိုပဲ…ငါက အာလန်ဘေးနားမှာ ရပ်နေပေမယ့် လေလိုအရာတစ်ခုက ငါ့ကို အပြင်ဘက်ကို တွန်းထုတ်လိုက်တယ်”
ဝမ်လုံက ဝမ်ဟူအား ထူးဆန်းစွာ ကြည့်လိုက်သည်။ သို့သော် သူက ဘာမှထပ်မပြောခဲ့ပေ၊ သူ့အကိုကြီးက အသိစိတ်ပျောက်သွားသလားဟုသာ ခံစားမိ၏။ သို့မဟုတ်လျှင် သူက ဒီလိုအဓိပ္ပါယ်မရှိတဲ့အရာအား ပြောလိမ့်မည်မဟုတ်ပေ။
ဝမ်ဟူက ရှေ့တိုးရန် ကြိုးစားရင်း အံအားသင့်စွာ ပြောလိုက်၏ “ကမ္ဘာမြေရဲ့ဒီနေရာက ဘာဖြစ်နေတာလဲ။ အထဲဝင်ဖို့ ငါတို့တွေ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် ငါတို့တွေ ဝင်လို့မရဘူး။ ဘာလို့ ငါတို့ကို အကြိမ်ကြိမ် တွန်းထုတ်နေရတာလဲ”
ကျွီ…
တံခါးက အထဲမှ ပွင့်သွားပြီး အာလန်က ထွက်လာ၏။ ဝမ်ဟူနှင့်ဝမ်လုံတို့အား မြင်သောအခါ သူက ကျယ်လောင်စွာ ပြောလိုက်သည် “အာဟူ၊ အာလုံ၊ မင်းတို့နှစ်ယောက်လုံး ညီအကိုတွေကို ချက်ချင်းခေါ်ပြီး ဒီနေရာမှာ စုဝေးဖို့ သူတို့ကို ပြောလိုက်။ နာရီဝက်အတွင်း သူတို့တွေ ဒီနေရာကို ရောက်ရမယ်လို့ သူတို့ကို ပြော”
“မင်း အခု ဘယ်လိုနေနေလဲ၊ အာလန်”ဝမ်လုံက မေးလိုက်၏။
အခြားတစ်ဖက်တွင် အာလန်အား မြင်လိုက်သောအခါ ဝမ်ဟူက ထူးဆန်းသောအမူအရာတစ်ခု ဖြစ်သွားလေသည်။ ဒီမတိုခင်တုန်းက အာလန်က ဘယ်လောက်ထိနေမကောင်းဖြစ်နေသလဲဆိုသည်ကို သူက ရှင်းရှင်းလင်းလင်းမြင်နိုင်သည်။ ဘာလို့…အချိန်တိုအတွင်းမှာ…သူက အများကြီးပိုကောင်းလာရတာလဲ။ သူ့ရဲ့ရောဂါကို ကုသနိုင်တဲ့ မှော်ဆန်တဲ့ဆေးတစ်မျိုး…နတ်ဆေးဆရာထန်မှာ ရှိတာ ဖြစ်နိုင်လား။
“ဘာဖြစ်ခဲ့တာလဲ၊ အာလန်”
အာလန်က လက်ဆန့်ကာ လက်သီးဆုပ်လျက် အလွန်အံ့အားသင့်စွာ ပြောလိုက်၏ “ငါ ကုသပြီးပြီ၊ အခု ငါ နေကောင်းသွားပြီ။ ဒီနေရာကို အမြန်ဆုံးလာဖို့ ညီအကိုတွေအားလုံးကို ပြောလိုက်ပါ…”
“ကောင်းပါပြီ”
အာဟူက အလွန်ပျော်ကာ သူ့ဖုန်းအား ချက်ချင်း ထုတ်လျက် အခြားသူများအား ခေါ်လိုက်၏။
ထန်ရှုက အခန်းထဲမှ ထွက်လာပြီး ကောင်လေးသုံးယောက်အား ပြုံးကာ ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူက မငယ်တော့သော်လည်း ယခုလိုသေခြင်းရှင်ဖက်ညီအကိုများ ဘယ်တော့မှ မရှိခဲ့ပေ။ အတိတ်တွင် အင်မော်တယ်ကမ္ဘာသို့ သူ ရောက်ရှိစဉ်ခဲ့တုန်းက သူ့ဘေးနားတွင် ပြဿနာရှာရန်သာ သိသည့် သခင်လေးတစ်အုပ် ရှိသည်။ သို့သော် အန္တရာယ်ကျရောက်လာသောအခါ သူတို့က ချက်ချင်းထွက်ပြေးကြခဲ့သူများ၏ပြီးပြည့်စုံသောကိုယ်စားပြုမှုများပင် ဖြစ်ကြ၏။
ငါ ကလေးဘဝတုန်းက ဆုမိသားစုရွာထဲက လူတွေက ငါ့ရဲ့ညီအကိုကောင်းတွေ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူတို့ကလည်း…။ နှိုင်းယှဉ်ပြီးနောက် ထန်ရှုက စိတ်ထဲ၌ ရှုံ့မဲ့ကာ ပြုံးလိုက်၏။
တစ်နာရီအောက်အတွင်း လူငယ်နှစ်ရာကျော်လုံးက ရောက်ရှိလာသည်။
ညက နောက်ဆုံးတွင် ရောက်ရှိလာ၏။
အာလန်ကလွဲပြီး ကောင်လေးနှင့်ကောင်မလေး၂၂၈ယောက်က အိမ်အပြင်ဘက်တွင် စုဝေးနေကြပြီး သူတို့အားလုံးက ထန်ရှုအား မျှော်လင့်စောင့်စားသောမျက်လုံးများနှင့် အာရုံစိုက်ကာ ကြည့်နေကြသည်။
အာလန်ထံမှ ကိစ္စနှစ်ခုအား သူတို့က ကြားသိခဲ့ပြီးလေပြီ။
ပထမတစ်ခုက သူတို့အား မွေးစားရန်ရည်ရွယ်ချက်ကို ဖော်ပြခဲ့သည့်တစ်ယောက်ယောက်ရှိသည်ဟူ၍ပင်။ ယခုမှစကာ သူတို့က အသက်ရှင်သန်ရန်အတွက် နေရာတိုင်းသို့ လှည့်လည်နေစရာမလိုတော့ပေ၊ ပိုက်ဆံရရန် သူတို့အနေနှင့် ကြိုးစားအလုပ်လုပ်ရန် မလိုတော့ပေ။
ဒုတိယတစ်ခုက အကျဉ်းထောင်ထဲတွင် ရှိနေသည့် သူတို့၏အကိုကြီးအာတုံနှင့် ပတ်သက်၍ပင်။ ဤကြီးမြတ်သောကျေးဇူးရှင်က အာတုံအား လွှတ်ပေးရန် ဆောင်ရွက်ပေးခဲ့ပြီး သူတို့က သူ့အား မကြာခင် တွေ့ရှိရပေမည်။