ငါ ကျင့်ကြံသူတစ်ယောက်ဖြစ်ချင်တယ်
Vol. 89 Ch. 1234
ချင်ချွမ်းထောင်က အနောက်ပိုင်းတစ်ခုလုံးတွင် ထောင်သားအရေအတွက်က တစ်သောင်းနီးပါးရှိ၏။
အကျဉ်းထောင်၏အတွင်းပိုင်းထဲတွင် အကျဉ်းသားဒါဇင်ကျော်ရှိကာ အင်္ဂတေနှင့် ပြုလုပ်ထားသည့် ထောင်ခန်းတစ်ခုရှိသည်။ တစ်ယောက်ချင်းစီက အနည်းဆုံးနှစ်နှစ်ဆယ်ချမှတ်ထားခဲ့ရသူများဖြစ်ကြသည်။
ကျွီ…ဂျိုင်း…
အခန်းတံခါးက ပွင့်သွားပြီး ထောင်မှူးနှစ်ယောက်က တံခါးတွင် ထွက်ပေါ်လာ၏။ အရှေ့ဆုံးရှိ သက်လတ်ပိုင်းလူက အထဲရှိ အကျဉ်းသားများအား ထူးဆန်းသောအမူအရာနှင့် တစ်ချက်ပတ်ကြည့်ကာ ပြောလိုက်၏ “အာတုံ၊ မင်းရဲ့ပစ္စည်းတွေကို ထုတ်ပိုးပြီး အကျဉ်းထောင်ကနေ ထွက်သွားဖို့ ပြင်ဆင်ပါ”
အထဲရှိအကျဉ်းသားများက ထိတ်လန့်တုန်လှုပ်သွားကြပြီး အာတုံပင် ကြက်သေသေသွားသည်။ သူ့မျက်လုံးက ဗလာကျင်းကာ သူက ခေါင်းရှုပ်သွားပုံပေါ်သည်။
နောက်ဆုံးတွင် အပေါ်ပိုင်းဗလာနှင့်သက်လတ်ပိုင်းလူတစ်ယောက်က မေးလိုက်၏ “တစ်ခုခုများ မှားနေမလား။ အာတုံက အကျဉ်းထောင်ထဲမှာ တစ်သက်လုံးနေဖို့ သတ်မှတ်ထားတာလေ၊ အခု ဘယ်လိုလုပ်ပြီး သူ့ကို လွှတ်လို့ရနိုင်မှာလဲ”
အာတုံက အိပ်မက်မှ နိုးထလာသည့်ပမာ ကမန်းကတန်းမေးလိုက်၏ “မင်းက မှားနေတာ မလား၊ ကတ်ပတိန်။ ငါ့ရဲ့နှစ်ပြည့်ပြီးပြီလို့ ငါ မထင်ဘူး”
သက်လတ်ပိုင်းအရွယ်ထောင်မှူးက ပေါ့ပေါ့ပါးပါးပြောလိုက်၏ “ငါလဲ အသေးစိတ်မသိဘူး။ မင်းကို လွှတ်ပေးဖို့ ထောင်ပိုင်ဆီကနေ ငါ အမိန့်ရခဲ့တာ။ ကောင်းပြီ၊ အဓိပ္ပါယ်မရှိတာတွေ မပြောဘဲ အမြန်အထုတ်ပြင်တော့”
တုန်ယင်သွားပြီးနောက် အာတုံက သူ့နေရာသို့ ကမန်းကတန်းသွား၏။ သူ့ပစ္စည်းအားလုံးအား လျင်မြန်စွာ ထုတ်ပိုးပြီးနောက် လူကြီး၏အိပ်ရာပေါ်တွင် သူ့ပစ္စည်းအားလုံးအား ချန်ထားခဲ့ကာ ကျယ်လောင်စွာ ပြောလိုက်၏ “ဒီအကိုလေးက ထွက်သွားတော့မှာဆိုတော့ ဒီအမှိုက်တွေကို ဒီနေရာမှာပဲ ချန်ထားခဲ့တော့မယ်။ အကိုဟူ၊ ငါ အခု ထွက်သွားပေမယ့် နောက်ကျရင် မင်းတို့ကို တွေ့ဖို့ ပြန်လာမှာပါ…”
ကျန်ရှိသောထောင်သားများက သူ့အား တည်ငြိမ်လျက်သာ ကြည့်နေခဲ့သည်၊ သို့သော် လူကြီးက ရုတ်တရက် ရှေ့တက်လာပြီး သူ့ပခုံးအား ပုတ်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါတို့က မင်းရဲ့ဆန္ဒကို နားလည်ပါတယ်၊ ဒါပေမယ့် မင်းကို ဒီအကျဉ်းထောင်ထဲမှာ ငါတို့တွေ ထပ်မမြင်ချင်တော့ဘူး။ ဂရုစိုက်သွားပါ၊ ညီအကို”
ထို့နောက် ကျန်လူများကလည်း ချက်ချင်းထွက်လာကြပြီး အာတုံအား ပွေ့ဖွက်ကာ နှုတ်ဆက်စကားအသီးသီးပြောလိုက်ကြ၏။
ခဏကြာပြီးနောက် အာတုံက ရှုပ်ထွေးသောအမူအရာနှင့်အတူ အခန်းတံခါးတွင် ရပ်လျက် ပြောလိုက်၏ “အကိုတွေနဲ့ဉီးလေးတွေအားလုံးက ငါ့ကို သံတိုင်းနောက်မှာ ထပ်မမြင်ချင်မှတော့ ငါ ပြန်မလာတော့ပါဘူး။ ဒါပေမယ့် အာတုံက အပြင်မှာ အသက်ရှင်နေသရွေ့ အားလုံးအတွက် ပိုက်ဆံတွေ အဆက်မပြတ်ပို့ပေးနေမှာပါ”
ထိုသို့ပြောပြီးနောက် သူက မျက်ရည်သုတ်ကာ ပြန်လှည့်လျက် အပြင်ဘက်သို့ ထွက်ခွာသွား၏။ စင်္ကြံလမ်းရှည်နှင့်လမ်းအနည်းငယ်အား ဖြတ်ကျော်ပြီးနောက် သူက ကွက်လပ်သို့ ရောက်ရှိလာပြီး လက်နက်များတပ်ဆင်ထားသည့်လှပေသောအမျိုးသမီးတစ်ယောက်အား မြင်လိုက်ရ၏။
ဘာလို့ ရဲယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က အမျိုးသားအကျဉ်းထောင်တစ်ခုမှာ ထွက်ပေါ်လာရတာလဲ။ အာတုံက စိတ်ထဲ၌ တွေးလိုက်သည်။
သူက ဤအကျဉ်းထောင်၌ ရှိနေသည်မှာ နှစ်အနည်းငယ်ကြာပြီ၊ ယခုဆိုလျှင် သူက အသက်၂၁နှစ်ရှိသည်။ ကလေးဘဝကတည်းက ခက်ခဲသောဘဝတစ်ခုကိုသာ ပိုင်ဆိုင်ခဲ့ပြီး ဘယ်လိုတိုက်ခိုက်ရမည်ကိုသာ သိ၏။ ဤနေရာတွင် အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာသည်ကို မြင်တွေ့ရခြင်းက သူ့အတွက် ထူးခြားသောမြင်ကွင်းတစ်ခုဖြစ်ကာ ထူးဆန်းသည်ဟု ခံစားမိသည်။
သူ့အား စိတ်ရှုပ်ထွေးစေသည်ကား ကွက်လပ်ထဲတွင် ရပ်နေသော အမျိုးသမီးက သူ့လိုပင် အပြင်ဘက်သို့ ဉီးတည်နေခြင်းဖြစ်ပြီး သူရောက်လာသည်အထိ အကျဉ်းထောင်ဂိတ်ပေါက်တွင် ရပ်နေခဲ့ခြင်းပင်။
“မင်း ဘယ်သူလဲဆိုတာ ငါ သိခွင့်ရှိမလား”
အကျဉ်းထောင်မှ သူ ထွက်လာနိုင်သည့် အကြောင်းပြချက်ဖြစ်သည်ကို ဤအမျိုးသမီးဖြစ်သည်ကို အာတုံက သဘောပေါက်လိုက်၏။
ရေမိန်းကလေးက သူ့အား စိတ်မဝင်စားစွာ တစ်ချက်ကြည့်ကာ ပြောလိုက်၏ “ကျွန်မ ဘယ်သူလဲဆိုတာ ရှင် သိဖို့ မလိုဘူး၊ သိဖို့လဲ ရှင်က အရည်အချင်းမမှီဘူး။ ရှင့်ကို ထောင်ထဲကနေ ခေါ်ထုတ်ဖို့ ကျွန်မကို တာဝန်ပေးထားတယ်။ ရှင်နဲ့ပတ်သက်တဲ့မှတ်တမ်းတွေအားလုံးကို ကျွန်မ ရှင်းလင်းပြီးပြီ။ ဒီအကျဉ်းထောင်ထဲမှာဒါမှမဟုတ်တရုတ်တစ်နိုင်ငံလုံးမှာ ရှင်က ထပ်ရှိဖို့ မလိုအပ်တော့ဘူး။ အပြင်ထွက်ကြစို့၊ လူတချို့က ရှင့်ကို ဂိတ်အပြင်ဘက်မှာ စောင့်နေကြတယ်”
“လူတချို့က ငါ့ကို အပြင်ဘက်မှာ စောင့်နေတာလား”
အကျဉ်းထောင်အစောင့်နှစ်ယောက်က ဂိတ်တံခါးအား ဖွင့်လိုက်သောအခါ အာတုံက ရှေ့သို့ ပြေးထွက်သွား၏။ အပြင်ဘက်ရှိ မြင်ကွင်းအား မြင်သောအခါ သူ့အား လျှပ်စီးတစ်ခုက ရိုက်နှက်သွားသလို ဖြစ်သွားသည်။ လူငယ်နှစ်ရာကျော်က အရှေ့လမ်းမကြီးတွင် ရပ်နေကြ၏။
“အကို…”
အာလန်က ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်လိုက်သည်၊ အာတုံမှ ခုနှစ်မီတာအကွာသို့ ရောက်သောအခါ သူက အသံတုန်တုန်ယင်ယင်နှင့် အော်ခေါ်ရင်း ဒူးထောက်ချလိုက်၏။
“အကို…”
ကျယ်လောင်သောအော်သံတစ်ခုက လူငယ်နှစ်ရာကျော်ထံမှ ထွက်လာသည်။ သူတို့ထဲက အနည်းငယ်က မျက်ရည်များပင် စီးကျလာပြီး အာလန်နှင့်အတူ ဒူးထောက်လိုက်ကြ၏။
အာတုံလည်း မျက်ရည်များစီးကျလာပြီး အာလုံထံ လျှောက်သွား၏။ သူက ဒူးထောက်ကာ အာလန်အား ပွေ့ဖက်လိုက်သည် “ငါ မင်းကို အရမ်းသတိရနေတာ၊ ညီလေး။ မင်း နေမကောင်းဖြစ်နေတာကို သိပြီး ငါ အရမ်းစိုးရိမ်နေတာ”
အာလန်က မျက်ရည်သုတ်ကာ ခေါင်းခါယမ်းလိုက်သည် “ငါ အဆင်ပြေပါတယ်၊ အကို။ ငါ တကယ် အဆင်ပြေပါတယ်။ မတော်တဆအချို့ကြောင့် ပြီးခဲ့တဲ့ခြောက်လမှာ အကို့ကို တွေ့ဖို့ ငါ မလာနိုင်ခဲ့ဘူး။ ဒါပေမယ့် အခု အကို ထွက်လာပြီးဆိုတော့ အာလုံးအဆင်ပြေပါပြီ။ အခုကစပြီး ငါတို့ညီအကိုတွေ ဘယ်တော့မှ မခွဲခွာကြတော့ဘူး”
“မှန်တယ်၊ ငါတို့တွေ ဘယ်တော့မှ ထပ်မခွဲခွာကြတော့ဘူး” အာလန်အား တင်းတင်းကျပ်ကျပ်ပွေ့ဖက်ရင်း အာတုံက ထပ်ခါတလဲလဲခေါင်းညိတ်လိုက်သည်။
ထို့နောက် အာလန်က အာတုံအား ဆွဲထူကာ ပြောလိုက်၏ “အကို၊ ငါ မင်းကို ထောင်ထဲကနေ ထုတ်နိုင်တာ ငါ့ရဲ့ဆရာသခင်ကြောင့်ပဲ။ ငါ မင်းကို သူနဲ့တွေ့ဖို့ ခေါ်သွားမယ်”
“မင်းရဲ့ဆရာသခင်လား”
အာတုံက တုန်လှုပ်သွားပြီး အာလန်၏ဆရာသခင်က တရုတ်တွင် အရေးပါအရာရောက်သောပုဂ္ဂိုလ်တစ်ယောက်ဖြစ်မည်ကို သူက သဘောပေါက်လိုက်၏၊ သို့မဟုတ်လျှင် ထိုလူက သူ့အား အကျဉ်းထောင်မှ အလွယ်တကူမထုတ်နိုင်လောက်ပေ။
များမကြာမီ ညီအကိုနှစ်ယောက်က ထန်ရှုထံ လျှောက်လာကြသည်။ အာလန်က အာ တုံအား ဆွဲကာ ဒူးထောက်စေ၏၊ ထို့နောက် သူက ထန်ရှုအား သုံးကြိမ်တိတိ ဉီးချကာ ပြောလိုက်၏ “အကို၊ ဒါက ငါ့ရဲ့ဆရာသခင်ပဲ။ သူက ငါ့ရဲ့ရောဂါကို ကုသပေးခဲ့တယ်၊ ပြီးတော့ မင်းကို ကယ်ခဲ့တဲ့သူဆိုလဲဟုတ်တယ်။ နောက်ကျရင် ငါတို့အားလုံး သူ့နောက်ကို လိုက်ရလိမ့်မယ်”
ထန်ရှု၏ငယ်ရွယ်သောအသွင်အပြင်ကို မြင်ပြီးနောက် အာတုံက တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည် “အကို၊ အာတုံရဲ့အသက်က အခုကစပြီး မင်းအပိုင်ပါပဲ”
“ငါက အာလန်ရဲ့ဆရာသခင်၊ ဒါပေမယ့် မင်းက ငါ့ကို အကိုလို့ ခေါ်တာလား” ထန်ရှုက ပြုံးလျက် ပြောလိုက်၏ “ဒါက ဝါစဉ်ကိစ္စမှာ အတော်လေးရှုပ်ထွေးလိမ့်မယ်”
အာတုံက မှင်တက်သွားပြီးနောက် ချက်ချင်းပြန်ဖြေလိုက်သည် “ဒါဆို ငါလဲ မင်းကို ဆရာသခင်လို့ ခေါ်ပါ့မယ်”
“မရဘူး။ တပည့်လက်ခံတဲ့နေရာမှာ ငါ့ရဲ့သတ်မှတ်ချက်က အတော်လေးတင်းကျပ်တယ်”ထန်ရှုက ခေါင်းခါယမ်းလိုက်၏ “ငါ မင်းကို တပည့်အဖြစ် လက်ခံမှာ မဟုတ်ဘူး။ နောက်ကျရင် ကျန်တဲ့လူတွေလိုပဲ မင်းက ငါ့ကို သူဌေးလို့ ခေါ်နိုင်တယ်”
ထိုသို့ပြောပြီးနောက် ထန်ရှုက အနောက်တွင်ရပ်ထားသောဘတ်စ်ကားများအား လက်ညှိုးထိုးကာ ပြောလိုက်၏ “လုပ်စရာတစ်ခုရှိတဲ့အတွက် အာလန်က ငါနဲ့အတူ ရှိနေလိမ့်မယ်။ မင်းနဲ့ကျန်တဲ့လူတွေက အဲဒီဘတ်စ်ကားပေါ် တက်သွားပါ၊ ဒရိုက်ဘာတွေက မင်းတို့ကို ထာဝရခန်းမရဲ့ကျင်းမန်ကျွန်းဆီ ခေါ်သွားလိမ့်မယ်။ မင်းတို့တွေ အဲမှာ အချိန်အနည်းငယ် နေရမယ်၊ လူအချို့က မင်းတို့နေဖို့အတွက်နဲ့လေ့လာသင်ယူဖို့အတွက် ဂရုစိုက်ပေးပါလိမ့်မယ်”
“ဒါပေမယ့် ငါက အာလန်နဲ့အတူ ရှိချင်တယ်”အာတုံက ကမန်းကတန်း ပြန်ပြော၏။
“မင်း အသင့်မဖြစ်သေးဘူး၊ လက်ရှိအချိန်မှာ သူနဲ့အတူနေဖို့ အရည်အချင်းမပြည့်မှီဘူး”ထန်ရှုက ပြော၏ “မှတ်ထား၊ မင်းက သူနဲ့အတူ ရှိချင်ရင် ကြိုးစားလေ့ကျင့်ရမယ်။ သူက ငါ့ရဲ့တပည့်ဖြစ်တာကြောင့် ထူးချွန်တဲ့စွမ်းရည်ရှိတဲ့သူတွေကပဲ အာလန်နောက်ကို လိုက်ခွင့်ရလိမ့်မယ်”
“ငါတို့က ဘာကို လေ့ကျင့်ရမှာလဲ”အာတုံက ကမန်းကတန်းမေးလိုက်၏။
“ငါ မင်းကို အခုပြောပြရင်တောင် မင်း နားမလည်ပါဘူး”ထန်ရှုက ပြန်ပြော၏ “နောက်ထပ်မမေးနဲ့တော့။ ကားပေါ်တက်ပြီး ကျင်းမန်ကျွန်းကို သွားကြတော့။ မင်း ကြိုးစားရင် အာလန်ကို မကြာခင်တွေ့နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”
သူ့အတွက် ထန်ရှု၏အစီအစဉ်အား အာလန်က မသိပေ၊ သို့သော် ထန်ရှုက သူ့အား ကုသပေးခဲ့ပြီး အာတုံအား ကယ်ထုတ်ပေးခဲ့သောကြောင့် သူက ထန်ရှု၏အမိန့်အား မကန့်ကွက်ပေ။ သူက အာတုံအား ခေါင်းညိတ်ပြကာ ပြောလိုက်၏ “အကို၊ ဆရာသခင်ပြောတာ နားထောင်လိုက်ပါ။ သူက လူကောင်းတစ်ယောက်ပဲ၊ သူက ငါ့ကို သေချာပေါက် ထိခိုက်အောင် လုပ်မှာမဟုတ်ဘူး။ နောက်ကျရင် ငါတို့တွေ တွေ့နိုင်မှာပါ”
အာက ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ငါ သေချာပေါက် အလုပ်ကြိုးစားပါ့မယ်၊ သူဌေး”
ထို့နောက် ထန်ရှုက လက်ဝှေ့ယမ်းပြကာ ကားပေါ်တက်သွားသောကလေးနှစ်ရာကျော်အား ကြည့်နေလိုက်သည်။ ထို့နောက် သူက ချဉ်းကပ်လာသည့်ရေမိန်းကလေးအား ပြုံးပြလိုက်၏ “အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်”
“ကိစ္စမရှိပါဘူး”ရေမိန်းကလေးက ခေါင်းခါယမ်းကာ ရုတ်တရက် မေးလိုက်၏ “ဒါနဲ့ ရှင်သူတို့ကိုပြောတဲ့လေ့ကျင့်မှုမှာ ငါရော ပါဝင်လို့ရလား”
ထန်ရှုက ခဏမှင်တက်သွားကာ ငိုရမလားရယ်ရမလားမသိတော့ပေ။ “မင်းက ဟာသလုပ်နေတာမဟုတ်လား၊ ရေမိန်းကလေး။ ကလေးတစ်အုပ်နဲ့လေ့ကျင့်မယ်ဆိုတာ ဘာကြီးလဲ”
“ငါ ကျင့်ကြံခြင်းလမ်းကြောင်းကို လျှောက်လှမ်းချင်တယ်။ ငါလဲ ကျင့်ကြံသူတစ်ယောက်ဖြစ်ချင်တယ်”ရေမိန်းကလေးက လေးနက်စွာ ပြန်ပြော၏။
ထန်ရှု၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်သွားပြီး သူက မျက်မှောင်ကြုတ်လျက် ပြန်ဖြေ၏ “မင်းက အထူးစွမ်းရည်ဗျူရိုရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ။ ငါ့နောက်ကို လိုက်ဖို့ ရွေးချယ်ခြင်းက သွမ်မုလင်ကို ထိုးသလို ဖြစ်မှာပေါ့”
“ရှင် လက်ခံသရွေ့ အထူးစွမ်းရည်ဗျူရိုကနေ ထွက်ဖို့ နည်းလမ်းတစ်ခု ကျွန်မမှာ ရှိပါတယ်”ရေမိန်းကလေးက ပြန်ပြော၏။
ထန်ရှုက ခဏစဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “ငါ တောင်းပန်ပါတယ်။ လက်ရှိအချိန်မှာ ငါ မင်းကို ကတိမပေးနိုင်ဘူး”
ရေမိန်းကလေးက စိတ်ပျက်သွားသည်၊ ထို့နောက် သူမက တုံ့ဆိုင်းလျက် ပြော၏ “ရှင် ကျွန်မကို အကြောင်းပြချက်တစ်ခုပေးနိုင်မလား”
“မင်းက အထူးစွမ်းရည်ဗျူရိုက တိုင်းပြည်ရဲ့ကိုယ်စားလှယ်တစ်ယောက်”ထန်ရှုက ရှင်းပြ၏ “လက်ရှိအချိန်မှာ ငါ မင်းကို ယုံကြည်နိုင်မယ်လို့ မပြောနိုင်ဘူး၊ ငါ့ထန်ဂိုဏ်းမှာ တိုင်းပြည်နဲ့ဆက်စပ်တဲ့တစ်ယောက်ကိုမှ မရှိစေချင်ဘူး။ ငါ ဘာဆိုလိုလဲဆိုတာ မင်း နားလည်သင့်တယ်”
ရေမိန်းကလေးက ခဏနှုတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည် “ငါ နားလည်နိုင်ပါတယ်၊ ဒါပေမယ့် အချိန်က လူတစ်ယောက်ရဲ့နှလုံးသားကို ပြောပြလိမ့်မယ်။ ငါ တကယ်ကျင့်ကြံချင်တယ်၊ ပိုသန်မာတယ်ဆိုတာကို သက်သေပြနိုင်ဖို့ ငါ မျှော်လင့်တယ်”