ခွင့်ပြုခြင်းနှင့် လုပ်ပိုင်ခွင့်ပေးခြင်း
Vol. 89 Ch. 1235
အနက်ရောင်မာစီးဒီးဘင့်စ်ကားက အဝေးပြေးလမ်းတစ်လျှောက် အရှိန်တင်လျက် မောင်းနှင်လာနေသည်။ မောင်းနေရင်း ထန်ရှုက အရှေ့ထိုင်ခုံတွင် ထိုင်နေသော အားလန်အား မကြာခဏကြည့်၏။ အကျဉ်းထောင်မှ ထွက်လာပြီးနောက် သူက မရပ်မနားမောင်းနှင်လာသည်မှာ ဆယ်နာရီခန့်ရှိပြီ။ ဤဆယ်နာရီအတွင်း သူက အားလန်အား စာအုပ်ခြောက်အုပ်ပေးထားသည်၊ အားလုံးက ကျင့်ကြံခြင်းနည်းစနစ်မဟုတ်သော်ငြား ကျင့်ကြံခြင်းနှင့် ဆက်စပ်သည်။
ဆယ်နာရီအတွင်း ကောင်လေးက ထိုစာအုပ်ခြောက်အုပ်အား ပြီးစီးခဲ့ပြီး စာအုပ်ပါအကြောင်းအရာအားလုံးအား ပြည့်ပြည့်စုံစုံ ပြန်ရွတ်ပြနိုင်ခဲ့၏။
ဟူး…
လက်ထဲရှိ စာအုပ်ကို ပိတ်ပြီးနောက် အားလန်က တိတ်တဆိတ် အသက်ရှုထုတ်ကာ ထန်ရှုအား ကြည့်လိုက်သည် “ဆရာသခင်၊ ငါ ဒီတစ်ခုကို ဖတ်ပြီးသွားပြီ၊ အထဲက ဟာတွေလဲ မှတ်မိတယ်။ ဒါပေမယ့် အရင်စာအုပ်ငါးအုပ်မှာ ငါ နားမလည်တဲ့အရာတွေ အများကြီးရှိတယ်”
“မေးကြည့်ပါ…”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏။
အားလန်က မျက်လုံးမှိတ်ကာ သူ့ခေါင်းထဲရှိ မှတ်သားထားသည်များအား ပြန်လည်စဉ်းစား၏။ ထို့နောက် နားမလည်သောအပိုင်းများအား အဆက်မပြတ်စမေး၏။ သူတို့နှစ်ယောက်လုံးက အမေးအဖြေပြုလုပ်ခဲ့ကြပြီး တစ်နာရီက လျင်မြန်စွာ ကုန်ဆုံးသွား၏။
“ငါ အခု နားလည်ပြီ၊ ဆရာသခင်”အပြုံးတစ်ခုက အားလန်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။
“တစ်ချက်အိပ်လိုက်ပါ။ ငါတို့သွားစရာခရီးအရှည်ကြီးကျန်သေးတယ်”ထန်ရှုက ပြော၏ “မင်း ကောင်းကောင်းအနားယူပြီးရင် ဆက်လေ့လာနေ”
“ကောင်းပါပြီ…”
အားလန်က တကယ်ကို အရမ်းပင်ပန်းနေသည်။ ပြန်ဖြေပြီးနောက် သူက မျက်လုံးမှိတ်လိုက်ရာ လျင်မြန်စွာ အိပ်မောကျသွားခဲ့၏။
နာရီအနည်းငယ်ကြာပြီးနောက် ထန်ရှုက ဟိုက်ဝေးလမ်းအား ချန်ကာ ဂျီပီအက်စ်ကို အသုံးပြုလျက် စာအုပ်ဆိုင်တစ်ခုရှာသည်။ သူ့ကားအား အပြင်ဘက်တွင် ရပ်ထားပြီးနောက် သူက အထဲသို့ ဝင်ကာ စာအုပ်အချို့ ဝယ်ခဲ့သည်၊ အများစုက အနုပညာ၊ စစ်ပွဲ၊ တာအိုတို့နှင့်ပတ်သက်သောစာအုပ်များပင်ဖြစ်၏။
ကီလိုမီတာငါးရာခန့်ကြာ မောင်းနှင်ပြီးနောက် သူက အနားယူရန် ကားရပ်လိုက်သည်။ ထိုစဉ် ဆယ်နာရီနီးပါး အိပ်ပျော်နေသောအားလန်က နိုးလာ၏။
“ငါတို့ အခု ဘယ်ရောက်နေပြီလဲ၊ ဆရာသခင်”
“ငါတို့ရဲ့အရှေ့မှာ အန်ဇီမြို့ပဲ။ အခုမှ ခရီးတစ်ဝက်ပဲ ရှိသေးတယ်”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏။
“တစ်လမ်းလုံး ဆရာသခင် အနားမယူရသေးဘူးမလား”အာလန်က အံအားသင့်သွားလေသည်။
“မအိပ်မစားမသောက်ဘဲနဲ့ ဆယ်ရက်ဆယ့်ငါးရက်လောက်အထိ ငါက အဆင်ပြေပါတယ်”ထန်ရှုက ပြုံးလိုက်၏။
အားလန်က အံ့ဩစွာ ပြောလိုက်၏ “ဆရာသခင်က ဘယ်လောက်ထိ အားကောင်းသလဲဆိုတာ ငါ တကယ် မြင်ချင်လှပြီ”
“ငါ ဘယ်လောက်အားကောင်းသလဲဆိုတာ မင်း တကယ်မြင်ချင်တာလား”ထန်ရှုက ပြုံးကာ မေးလိုက်၏။
“ဒါပေါ့” အားလန်က ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျင့်ကြံခြင်းလမ်းကြောင်း၊ ကျင့်ကြံခြင်းအဆင့်နဲ့ ကျင့်ကြံသူတစ်ယောက်ရဲ့နယ်ပယ်တစ်ခုစီမှာရှိတဲ့စွမ်းအားတွေနဲ့ ပတ်သက်ပြီး ငါ သိသွားပြီ။ ဒါပေမယ့် အဲဒါတွေအားလုံးက စာအုပ်ထဲမှာ ရေးထားတဲ့အချက်အလက်တွေလောက်ပဲ။ ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ တစ်ခုမှကို မမြင်တွေ့ရသေးဘူးလေ”
ထန်ရှုက ပြုံးကာ ကားပြန်မောင်းထွက်လာသည်။ ဟိုင်းဝေးလမ်းတစ်လျှောက် မိနစ်အနည်းငယ်ကြာ မောင်းနှင်းလာပြီး အရှေ့နှင့်အနောက်တွင် ဘာကားမှ မရှိသည်ကို မြင်ပြီးနောက် သူက ပြုံးကာ ပြောလိုက်၏ “အဲဒါကို ဒီနေရာမှာပဲ လုပ်ကြတာပေါ့”
နောက်အခိုက်အတန့်တွင် ထန်ရှုက ကားထဲတွင် နေရင်း လျှို့ဝှက်ပညာရပ်တစ်ခုအား ထုတ်ဖော်လိုက်သည်၊ ကားက မြားတစ်ချောင်းအလား အလွန်အမင်းအရှိန်နှင့် ရှေ့သို့ မောင်းထွက်သွား၏။ အရှေ့ခုံတွင် ထိုင်နေသာ အားလန်က ဘေးနှစ်ဖက်နှစ်ချက်ရှိ ဘာတစ်ခုကိုမှ မမြင်နိုင်တော့ပေ။
ထိတ်လန့််တုန်လှုပ်သောအကြည့်နှင့်အတူ အားလန်က dashboardပေါ်ရှိ consoleကို ကြည့်ကာ ရုတ်တရက် မေးလိုက်သည် “ဒီနေရာမှာ ဘာဖြစ်နေတာလဲ။ ဘာလို့ dashboardပေါ်က speedometer pointက ဇီးရိုးကို ပြနေရတာလဲ။ ကားက မြန်လွန်းလို့ အဲဒါက ပျက်ဆီးသွားတာများလား”
ထန်ရှုက ငိုရမလားရယ်ရမလားမသိစွာနှင့် ပြောလိုက်၏ “အရှိန်အကန့်အသတ်အထိ တင်လို့ speedometerက ပျက်ဆီးသွားရင် ဒုက္ခများသွားမှာပေါ့။ ကားကို မြေပြင်ကနေ စင်တီမီတာအနည်းငယ်လောက် လွင့်မျောနေအောင် မန္တန်တစ်ခုကို ငါ အသုံးပြုခဲ့တာပဲ”
အားလန်က ခဏငေးငိုင်သွားပြီးနောက် လေးစားသောအမူအရာနှင့် ပြောလိုက်၏ “ဆရာက တကယ်မိုက်တယ်”
ထန်ရှုက ပြုံးကာ ပြန်ဖြေသည် “တကယ့်အစစ်အမှန်ကို မင်း မမြင်ရသေးပါဘူး”
ထိုသို့ပြောပြီးနောက် ထန်ရှု၏အရှိန်အဝါက ပေါက်ကွဲထွက်လာပြီး ချက်ချင်းလျှင်ပင် ကားနှင့်သူတို့နှစ်ယောက်က ရှေ့သို့ ရွေ့လျားသွားကာ ဆယ်ကီလိုမီတာအကွာ၌ ထွက်ပေါ်လာ၏။ ထို့နောက် ကားက လမ်းပေါ်သို့ ပြန်ရောက်လာပြီး အရှိန်က သိသိသာသာလျော့ကျသွားကာ တဖြည်းဖြည်းနှင့် တစ်နာရီလျှင် အရှိန်၁၂၀ကီလိုမီတာ၌ ငြိမ်သွားလေသည်။
အားလန်က မူးနောက်သွားကာ ခေါင်းခါယမ်းလိုက်သည်။ အပြင်ဘက်ရှိ မြင်ကွင်းကို မြင်သောအခါ သူ့နှုတ်ခမ်းက တုန်ယင်သွားလျက် မေးလိုက်၏ “ငါလဲ ကြိုးစားကျင့်ကြံမယ်ဆိုရင် အနာဂတ်မှာ ဆရာသခင်လို အားကောင်းလာနိုင်မယ်မလား”
“အနာဂတ်မှာ မင်းက လက်ရှိငါထက် အဆတစ်ထောင်ဒါမှမဟုတ်အဆတစ်သောင်း သေချာပေါက် ပိုအားကောင်းလာလိမ့်မယ်။ အဲအချိန်ကျရင် ကားကို ပျံသန်းဖို့ ထိန်းချုပ်တာ မပြောနဲ့၊ မင်းက လေယာဉ်ပျံတစ်စင်းကိုတောင် ထိန်းချုပ်နိုင်မယ်။ စကြာဝဠာကိုတောင် ကျော်ဖြတ်သွားလာနိုင်မယ်။ ကောင်းပြီလေ၊ နောက်ခုံမှာ မင်း လေ့လာဖို့အတွက် စာအုပ်အချို့ ရှိတယ်”
ထန်ရှုက မောင်းနှင်းနေစဉ် သူ့ဖုန်းက ရုတ်တရက် မြည်လာသည်။ ဖုန်းခေါ်ဆိုမှုအားလုံးက သွမ်မုလင်ထံမှ ဖြစ်သည်၊ သို့သော် သူက ဖုန်းမကိုင်ခဲ့ပေ။
သူက တိုင်းပြည်အား ဘယ်တော့မှ ရန်မပြုချင်ပေ၊ သို့သော် သူ့အား စောင့်ကြည့်နေသည်ကိုလည်း မလိုချင်ပေ။ သူ အခုလုပ်ခဲ့သည်ကား သွမ်မုလင်အား တိတ်တဆိတ်ညည်းညူးပြလိုက်သည်သာ။ ဤလူက လုံချွမ်းတောင်တန်းတစ်ဝိုက်ရှိ ထောက်လှမ်းရေးများအား မဖယ်ရှားခဲ့လျှင် သူက ယခင်အစီအစဉ်အား ဘေးချိတ်ကာ သွမ်မုလင်ကိုလည်း ထပ်တွေ့မည်မဟုတ်ပေ။
နောက်ဆုံးတွင် ထန်ရှုက ရှန်းဟိုင်သို့ ရောက်ရှိလာချိန်တွင် ထောက်လှမ်းရေးအားလုံးဆုတ်ခွာသွားကြောင်းကို ချန်ရှောက်ဟွာက ဖုန်းဆက်လာခဲ့၏။
ထာဝရခန်းမ။
ဤနေရာသို့ ရောက်ရှိလာသောအခါ ထာဝရခန်းမ၏အနီးပတ်ဝန်းကျင်တွင် သံသယဖြစ်ဖွယ်လူများစွာရှိသည်ကို သူက သတိပြုမိခဲ့သည်။ ထိုလူအများစုက ပြင်းထန်ကြမ်းတမ်းသောအရှိန်အဝါများအား ထုတ်လွှတ်ထားပြီး သူတို့က အားကောင်းသောကျွမ်းကျင်သူများဖြစ်ကြသည်ဟု ဆိုလိုသည်၊ သူတို့တစ်ယောက်ချင်းစီက သိုင်းဆရာကြီးအဆင့်ခွန်အားအနည်းဆုံးရှိကြ၏။
“မင်း နောက်ဆုံးတော့ ကိုယ်ထင်ပြလာပြီပေါ့၊ ကောင်လေး…”
သွမ်မုလင်က စားသောက်ဆိုင်ဝင်ပေါက်အပြင်ဘက်၌ ထွက်ပေါ်လာပြီး ထန်ရှုက ကားမှ ထွက်လာသောအခါ သူက အားတင်းပြုံးကာ အော်ခေါ်လိုက်၏။
ထန်ရှုက ခပ်ဖျော့ဖျော့သာ ပြုံးပြလိုက်ပြီးနောက် အရှေ့ခုံရှိ အာလန်အား ပြောလိုက်သည် “ငါတို့စားသောက်ဖို့အတွက် နေရာတစ်ခုသွားရှာ။ မကြာခင်မှာ ငါတို့တွေ ဆွေးနွေးစရာအချို့ ရှိတယ်”
“နားလည်ပါပြီ…”အာလန်က ပြန်ဖြေပြီးနောက် အရှေ့တံခါးသို့ ဉီးတည်လိုက်လေ၏။
ထို့နောက် ထန်ရှုက သွမ်မုလင်ထံ အကြည့်ပြောင်းကာ စိတ်မဝင်စားစွာ ပြောလိုက်၏ “ခင်ဗျားက ကျုပ်ကို မယုံကြည်ရင် ဘာလို့ ဒီနေရာမှာ ကျုပ်ကို လာရှာရတာလဲ၊ စီနီယာသွမ်မုလင်။ ကျုပ်တို့ပြောခဲ့တဲ့အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ လိုမယ်လို့ ကျုပ် မထင်ဘူး”
သွမ်မုလင်က အကူအညီမဲ့သောမျက်နှာနှင့် ပြော၏ “ဒါ မဟုတ်သေးဘူးလေ။ လုံချွမ်တောင်တန်းက ထောင်လှမ်းရေးတွေအားလုံးကို ငါ ပြန်ရုတ်သိမ်းပေးခဲ့ပြီး ချင်ချွမ်းထောင်ထဲက လူတစ်ယောက်ကိုတောင် မင်းအတွက် လွှတ်ပေးခဲ့တယ်လေ။ ဒါက မင်းကို လျော်ကြေးပေးဖို့အတွက် မလုံလောက်ဘူးလား”
ထန်ရှု၏အမူအရာက အနည်းငယ်ပြောလျော့သွားပြီး သူက မျက်လုံးလိမ့်လျက် သွမ်မုလင်အား ကြည့်လိုက်၏ “ကောင်းပါပြီ၊ အဓိပ္ပါယ်မရှိတာတွေ မပြောတော့ကြရအောင်။ သူတို့က ဒီနေရာကို ရောက်လာပြီးလား”
“သူတို့ ရောက်လာပြီ၊ မင်းကိုပဲ စောင့်နေတာ”သွမ်မုလင်က ခေါင်းညိတ်လိုက်သည်။
“ဒါဆို သွားကြစို့…”
ထန်ရှုနှင့်သွမ်မုလင်တို့က ထာဝရခန်းမထဲသို့ ဝင်သွား၏။ နောက်လေးနာရီကြာပြီးနောက် သူက ဗိုက်ဖြည့်လိုက်ပြီး အာလန်က စာဖတ်ရင်းသာ အချိန်ဖြုန်းနေခဲ့သည်။
ညှိုနှိုင်းပြီးနောက် အစိုးရစီနီယာများ၏တိုက်တွန်းချက်ကြောင့် ဌာနချုပ်စခန်းကို ထိန်းချုပ်ခြင်းအား ထန်ရှုက လက်လျော့ခဲ့သည်။ မကြာခင် သူက ထွက်ခွာသွားတော့မည်ဖြစ်သောကြောင့် အနေအထားတစ်ခုလုံးအား ထိန်းချုပ်ရန် ကြိုးစားခြင်းက အဓိပ္ပါယ်မရှိလှပေ။ ထိုနည်းပညာအဆင့်မြင့်ထုတ်ကုန်များနှင့် ကြယ်သင်္ဘောများက တိုင်းပြည်နှင့် ချည်နှောင်သွားလိမ့်မည်ဟု ဆိုလိုသည်။
ဌာနချုပ်အတွက် သတ်မှတ်ထားသော နေရာက ထာခလာမာခန်သဲကန္တရဖြစ်ပြီး သွမ်မုလင်က ထိုနေရာ၏တာဝန်ရှိပုဂ္ဂိုလ်ဖြစ်သည်။
သွမ်မုလင်က ပြုံးလိုက်ပြီး ထန်ရှုက သူ့အား ဝင်ပေါက်သို့ လိုက်ပို့လိုက်သည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏ “နောက်ခြောက်လကြာရင် ငါတို့တွေ ကြယ်သုံးလုံးအကြွင်းအကျန်ဆီ သွားကြမယ်၊ ပြီးရင် အဲက စက်ပစ္စည်းနဲ့နည်းပညာတွေအားလုံးကို ထာခလာမာခန်သဲကန္တရာကို ရွှေ့ကြမယ်”
“အဲဒါတွေ မလုပ်ခင် သဲကန္တရထဲမှာ ဌာနချုပ်ကိုပဲ အရင်ပြီးအောင် တည်ဆောက်ထားပါ”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“မစိုးရိမ်ပါနဲ့”သွမ်မုလင်က ပြုံးကာ ပြန်ဖြေ၏ “ငါ သေချာပေါက် ပြီးအောင် လုပ်ထားပါ့မယ်”
ထန်ရှုက သူ့အား ထပ်မဖြေတော့ဘဲ အားလန်နှင့်အတူ ထွက်ခွာသွား၏။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည် “သူတို့နဲ့ ငါ ဆွေးနွေးခဲ့တာတွေအားလုံးကို မင်း ရှင်းရှင်းလင်းလင်းကြားသိပြီဆိုတာ သေချာတယ်။ အဆုံးမှာ ဒီကနေ ဘယ်သူက အကျိုးအမြတ်ရမယ်လို့ မင်း ထင်လဲ”
“ဒါက နှစ်ဉီးနှစ်ဖက်အကျိုးရှိတဲ့အရာတစ်ခုပဲ”အားလန်က ပြန်ပြော၏။
“မှန်တယ်”ထန်ရှုက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် “ဒါက တကယ်ကို နှစ်ဖက်စလုံးအကျိုးရှိတယ်။ တရုတ်က ငါ့ကို ကျင့်ကြံခြင်းအရင်းအမြစ်တွေ အဆက်မပြတ် ထောက်ပံ့ပေးလိမ့်မယ်။ ဒါက ငါတို့အတွက် လုံးဝအကျိုးရှိတယ်၊ ဒီအဆင့်မြင့်နည်းပညာတွေက ငါတို့အတွက် အရေးမကြီးဘူးလေ။ ငါတို့လိုလူတွေအတွက် အခြေခံအုတ်မြစ်က ငါတို့ရဲ့ခွန်အားပဲဆိုတာ စိတ်ထဲမှာ မှတ်ထား။ မင်းက နဂါးငွေ့တန်းတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်တယ်။ နည်းပညာက ဘယ်လောက်ပဲ အားကောင်းကောင်း၊ မင်းရဲ့စွမ်းအားလောက် အရေးမပါဘူး”
“ဆရာသခင်ဘာပြောချင်သလဲဆိုတာ ငါ နားလည်ပါတယ်”အားလန်က ပြန်ဖြေ၏ “အနာဂတ်မှာ ငါ သေချာပေါက် အရမ်းသန်မာရလိမ့်မယ်”
“ကောင်းပြီလေ”ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည် “တစ်ယောက်ယောက်က မင်းကို နဂါးကိုးကောင်ကျွန်းကို ခေါ်သွားပေးလိမ့်မယ်၊ ဟိုကို ရောက်တဲ့အခါ မင်းကို လေ့ကျင့်ပေးလိမ့်မယ်။ ပထအဆင့်ထရိန်နင်ကို ပြီးသွားရင် မင်ကို နောက်တစ်နေရာ ပို့မယ်။ ပြီးတော့ ငါ မင်းကို စစ်ဆေးမှုတစ်ခု ပေးမယ်၊ အားလန်။ ဆယ်နှစ်အတွင်းမှာ မင်းက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ရမယ်”
ဆယ်နှစ်လား။
ခိုင်မာပြတ်သားသောအကြည့်တစ်ခုက အားလန်၏မျက်လုံးများထဲတွင် ထွက်ပေါ်လာပြီး သူက ခေါင်းညိတ်လိုက်၏ “ငါ အကောင်းဆုံးလုပ်ပါ့မယ်၊ ဆရာသခင်”
****
ကြယ်ပြာစံအိမ်တွင်။
အားလန်အား သူ့အိမ်သို့ ခေါ်လာပြီးနောက် ထန်ရှုက ရေမိုးချိုးအဝတ်အစားလဲလိုက်သည်။ ပြန်ရောက်လာပြီဖြစ်ကြောင်းကို မုဝမ်ရင်အား ပြောပြရန် သူက ဖုန်းခေါ်မည်ပြင်စဉ် သူ့ဖုန်းက ရုတ်တရက် မြည်လာ၏။
“ဂိုဏ်းချုပ်၊ ချန်ကျီကျုံးက တစ်ခုခုဖြစ်နေလို့”ကူရှောက်ရွှယ်၏အသံက ဖုန်းမှ ထွက်ပေါ်လာ၏။
“သူ ဘာဖြစ်လို့လဲ”ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“အသေးစိတ်တော့ ငါ မသိဘူး။ ဒီမနက်က ချန်ကျီကျုံးက နဂါးကိုးကောင်ကျွန်းကနေ ထွက်သွားတယ်၊ သူ အသုံးပြုခဲ့တဲ့စပိဘုတ်ကို အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်မှာ ငါတို့လူတွေက ရှာတွေ့ခဲ့တယ်”ကူရှောင်ရွှယ်က ပြော၏ “အဲနေရာမှာ တိုက်ခိုက်ခဲ့တဲ့ခြေရာလက်ရာအချို့ကိုလဲ တွေ့ခဲ့တယ်၊ ပြီးတော့ နိုင်ငံခြားသားအလောင်းဒါဇင်ကျော်လဲ ရှိတယ်။ ဒါပေမယ့် ချန်ကျီကျုံးရဲ့အရိပ်အယောင်ကို ငါတို့တွေ ရှာမတွေ့ခဲ့ဘူး။ သူက အဖမ်းခံလိုက်ရပြီလို့ ငါ ထင်တယ်”
အေးစက်စက်အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားသည်။ သူက သူ့လက်အောက်ရှိလူတိုင်းအား အမြဲတမ်းကာကွယ်ခဲ့သူဖြစ်ပြီး ချန်ကျီကျုံးက သူ့တပည့်ဖြစ်သည်။ လူအချို့က သူ့အား ဖမ်းခဲ့သည်၊ သူတို့က သူ၏အောက်စည်းအား လာရောက်ထိခိုက်ခြင်းပင်။
ထို့ပြင် သူက အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်တွင် ရှိနေသရွေ့ သူ့အား တစ်ယောက်မှ မဖမ်းခေါ်နိုင်သည်ကို ချန်ကျီကျုံးက ကောင်းကောင်းသိ၏။ ဒါပေမယ့် ဘာလို့ သူက နဂါးကိုးကောင်ကျွန်းကနေ ထွက်သွားပြီး ရန်သူတွေကို အခွင့်အရေးပေးခဲ့ရတာလဲ။