← Chapters

နဝဂံခံတပ်

Vol. 89 Ch. 1236

နဝဂံခံတပ်

Vol. 89 Ch. 1236

ထန်ရှုက အမှတ်ကိုးစွန့်ပစ်ကျွန်းပေါ်သို့ အပြေးအလွှားရောက်လာသည်၊ ထန်ဂိုဏ်း၏အရန်အဖွဲ့ဝင်များက ကြိုတင်ရောက်ရှိနေကြ၏။ လေထုထဲရှိ မှော်ပညာအရိပ်အယောင်ကို မြင်ပြီး ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

အမှောင်နတ်ဆရာကလန်လားဒါမှမဟုတ်ကောင်းကင်ဘုံမှော်ဆရာကလန်လား။

သူက သက်ပြင်းတစ်ချက်ရှိုက်ကာ မြင်ကွင်းအား ခဏတာ ခွဲခြမ်းစိတ်ဖြာပြီးနောက် ဤနေရာရှိအလောင်းအားလုံးက မျက်လုံးပြာများရှိသည့်နိုင်ငံခြားသားများဖြစ်သောကြောင့် ရှေ့တစ်ခုအား ဖယ်ထုတ်လိုက်၏။ သူတို့က သေချာပေါက် အမှောင်နတ်ဆရာကလန်မှ မဟုတ်ပေ။ ထို့ပြင် ဤကလန်၏ခွန်အားကို သူ သိသည်၊ သူတို့က သူ့အား ရန်စရဲလိမ့်မည်မဟုတ်ပေ။

ကောင်းကင်ဘုံမှော်ဆရာကလန်လား၊ ဟမ့်။

သတ်ဖြတ်လိုစိတ်က ထန်ရှု၏နှလုံးသားထဲ၌ လိမ့်တက်သွားပြီး သူက နဂါးကိုးကောင်ကျွန်းမှ ပင်မတပည့်ဒါဇင်အား ဆင့်ခေါ်ကာ ချန်ကျီကျုံးအား ရှာဖွေရန် အမိန့်ပေးလိုက်သည်။

သို့သော် နှစ်ရက်တိတိ ရှာဖွေခဲ့သော်လည်း ချန်ကျီကျုံး၏အရိပ်အယောက်ဘာတစ်ခုမှ ရှာမတွေ့ခဲ့ပေ။ ထန်ဂိုဏ်း၏တပည့်များက အမှောင်လေအဖွဲ့မှ သတင်းအချက်အလက်ဝယ်ခဲ့သော်လည်း ဘာသတင်းမှ မရရှိခဲ့ပေ။

စိုင်းဖန်။

“ဆရာ”အနက်ရောင်နေကာမျက်မှန်တပ်ကာ လမ်းလျှောက်တုတ်တစ်ချောင်းကို ကိုင်လျက် မျက်မမြင်လေးက ရောက်ရှိလာသည်။

မျက်မမြင်လေးက ရုတ်တရက် ရောက်လာသည်ကို မြင်ပြီး ထန်ရှုက မျက်မှောင်ကြုတ်လိုက်သည်။ သူက မေး၏ “မင်းက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ”

မျက်မမြင်လေးက ပြန်ဖြေသည် “စီနီယာအကိုချန်အပေါ်မှာ သွေးရောင်ကပ်ဘေးလက္ခဏာတစ်ခုကျရောက်တော့မယ်ဆိုတာကို ငါ မြင်ခဲ့တယ်။ သူက နဂါးကိုးကောင်ကျွန်းမှာ ရှိနေတာတောင် ဘာလို့ နိမိတ်ဆိုးကျရောက်လာမလဲဆိုတာ ငါ သိချင်ခဲ့တယ်။ အခုမှ အကြောင်းရင်းကို ငါ သဘောပေါက်တော့တယ်”

ထန်ရှု၏အမူအရာက အနည်းငယ်ပြောင်းလဲသွားလျက် မေးလိုက်၏ “ဘာလို့ မင်းက ငါ့ကို ကြိုတင်မပြောပြတာလဲ”

“မျက်မမြင်လေးက ရှင်းပြလိုက်၏ “ဆရာသခင်ရဲ့ကံကြမ္မာအကိုင်းအခက်နဲ့ လမ်းကြောင်းကို ငါ မမြင်နိုင်ဘူး၊ ဒါကြောင့် ငါ မင်းကို မပြောရဲတာ” မျက်မမြင်လေးက ရှင်းပြ၏ “ဆရာသခင်ပါဝင်လာတာနဲ့ စီနီယာအကိုချန်ရဲ့ကံကြမ္မာကို ငါ နှောင့်ယှက်မိသလို ဖြစ်သွားမယ်”

ထန်ရှုက တစ်ချက်စဉ်းစားကာ မေးလိုက်၏ “မင်း သူ့ကို အခု ရှာနိုင်လား”

မျက်မမြင်လေးက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ငါ မရှာနိုင်ဘူး။ ဒါပေမယ့် အခြားတစ်ယောက်က လုပ်နိုင်တယ်”

“ဘယ်သူလဲ”ထန်ရှု၏အမူအရာက ပြောင်းလဲသွား၏။

“ဘယ်သူလဲဆိုတာ ငါ မသိဘူး၊ ဒါပေမယ့် သူက စင်းလို့အမည်ရတဲ့မှော်ဆရာတစ်ယောက်ဆိုတာတော့ ငါ သိတယ်”

စင်းလား…

ခဏစဉ်းစားပြီးနောက် ထိုလူအား သူ သိလိုက်သည်။ သူက ဖုန်းထုတ်ကာ စင်းလုအန်၏နံပါတ်အား ခေါ်ဆိုလိုက်၏။

“မင်း ငါ့ကို ရှာနေတာလား၊ သူဌေး”

“ငါ့ရဲ့တပည့်ချန်ကျီကျုံးနဲ့ပတ်သက်တဲ့သတင်းကို ငါ သိဖို့ လိုအပ်တယ်။ တစ်ယောက်ယောက်က သူ့ကို ဖမ်းသွားတယ်”ထန်ရှုက ပြော၏။

“ထန်ဂိုဏ်းက လူတစ်ယောက်ကို ဖမ်းဖို့ ဘယ်သူက ဒီလောက်ထိ ရဲတင်းတာလဲ”စင်းလုအန်က အံ့အားသင့်သွား၏။

“ငါ မသိဘူး။ ဒါကြောင့် ငါ မင်းကို ခေါ်လိုက်တာ။ မင်းမျာ သဲလွန်စတစ်ခုခုများရှိမလား”ထန်ရှုက ပြန်ဖြေ၏။

“ငါက လူအချို့ လွှတ်ပြီး သူ့ကို ဖမ်းခိုင်းတယ်လို့ မင်း ထင်နေတာများလား၊ သူဌေး”စင်းလုအန်က ခါးသီးသောလေသံနှင့် ပြန်ဖြေ၏ “ငါက မင်းရဲ့လက်အောက်ငယ်သားပါ၊ ချန်ကျီကျုံးက ငါ့ရဲ့ပါတနာလေ။ ငါ့မှာ သူ့ကို ဖမ်းစရာအကြောင်းရင်းမရှိပါဘူး”

“မင်းရောအမှောင်နတ်ဆရာကလန်ရော လက်သည်တရားခံမဟုတ်ဘူးဆိုတာ ငါ သိတယ်”ထန်ရှုက ပြော၏ “ဒါပေမယ့် သူ့ကိုဖမ်းခဲ့တဲ့လူတွေက သေချာပေါက် မှော်ပညာကို သုံးခဲ့တယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းက တချို့သိနိုင်တယ်လို့ တစ်ယောက်ယောက်က ငါ့ကို အရိပ်အမြွက်ပြောခဲ့တယ်”

မှော်ပညာလား။

စင်းလုအန်က ခဏစဉ်းစားပြီးနောက် မေးလိုက်၏ “ချန်ကျီကျုံးကို ဘယ်နေရာကနေ ခေါ်သွားတာလဲ၊ သူဌေး”

“အမှတ်ကိုးစွန့်ပစ်ကျွန်း”ထန်ရှုက ပြန်ဖြေ၏။

“ငါ တစ်ခု မှတ်မိပြီ”စင်းလုအန်က ကမန်းကတန်း ပြော၏ “လွန်ခဲ့တဲလေးရက်လောက်က လူတစ်ဖွဲ့က ထိုင်းကို ရောက်လာတယ်၊ သူတို့က မြင့်မြတ်မီးလျှံအဖွဲ့ကလို့ သူတို့ရဲ့ခေါင်းဆောင်က ပြောတယ်။ သူတို့က အစီအစဉ်ကြီးတစ်ခုလုပ်ဖို့အတွက် အမှောင်နတ်ဆရာကလန်နဲ့ ပူးပေါင်းချင်တယ်။ ဒါပေမယ့် ငါက သူတို့ကို တိုက်ရိုက်ငြင်းပယ်လိုက်တယ်။ ဒါ့အပြင် သူတို့ထဲမှာ မှော်ပညာကို ကျွမ်းကျင်တဲ့လူအချို့ ရှိတယ်”

“ငါ့ကို ဒီမြင့်မြတ်မီးလျှံအဖွဲ့နဲ့ပတ်သက်ပြီး ပြောပြပါ”ထန်ရှုက ပြောလိုက်သည်။

“ဒီမြင့်မြတ်မီးလျှံအဖွဲ့က အတော်လေးဆန်းကြယ်ပြီး အမှောင်လေအဖွဲ့နဲ့ တူတယ်။ ဒါပေမယ့် သူတို့က သတင်းအချက်အလက်စုဆောင်းတာမဟုတ်ဘဲ ကုန်သည်တွေလိုမျိုးပဲ”စင်းလုအန်က ပြော၏ “ဖောက်သည်တွေဆီက အလုပ်တစ်ခုရတာနဲ့ မစ်ရှင်ကို ထမ်းဆောင်ဖို့ ဒီအဖွဲ့က ကျွမ်းကျင်သူတွေကို အမြဲလိုလိုစုဆောင်းလေ့ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ပစ်မှတ်က သန်မာလွန်းရင် သူတို့က အခြားအဖွဲ့တွေကိုပါ ပူးပေါင်းဖို့ ခေါ်လေ့ရှိတယ်။ သူတို့ရဲ့အဖွဲ့ဝင်တွေက ကမ္ဘာအနှံ့အပြားမှာ ပြန့််နှံ့နေပြီး အမှောင်နတ်ဆရာကလန်ကိုရောက်လာတဲ့မြင့်မြတ်မီးလျှံအဖွဲ့ဝင်တွေအားလုံးက ဉရောပသားတွေပဲ”

“ဒီအဖွဲ့အစည်းကို ဘယ်လိုရှာဖွေရမယ်ဆိုတာ မင်း သိလား”ထန်ရှုက မေး၏။

“စိုင်းဖန်၊ တာမေဧရိယာ။ ငါ့စိတ်ပြောင်းသွားရင် ငါ့လူတွေကို ခေါ်ပြီး စိုင်းဖန်၊ တာမေဧရိယာက Clearwater Encodeကို လာဖို့ သူတို့ ပြောခဲ့တယ်”စင်းလုအန်က ပြောလိုက်သည်။

“ငါ သိပြီ”

ထို့နောက် ထန်ရှုက ဖုန်းချကာ သူ့ရှေ့ရှိ မျက်မမြင်လေးအား ကြည့်ကာ မေးလိုက်၏ “လက်ရှိ မင်းရဲ့ကျင့်ကြံခြင်းက ဘယ်လိုလဲ”

“အခြေခံအုတ်မြစ်တည်ဆောက်ခြင်းနှောင်းပိုင်းအဆင့်ပါ၊ ဆရာသခင်”မျက်မမြင်လေးက ပြန်ဖြေသည်။

ထန်ရှုက မျက်မှောင်ကြုတ်လိုက်၏ “မင်းရဲ့ကျင့်ကြံခြင်းအရှိန်က နည်းနည်းစိတ်ပျက်စရာပဲ”

မျက်မမြင်လေးက တုံ့ဆိုင်းသွားပြီးနောက် ပြန်ဖြေ၏ “ငါက ကျင့်ကြံခြင်းမှာ အချိန်နည်းနည်းပဲ သုံးစွဲခဲ့တာ၊ ဆရာသခင်။ ငါ့ရဲ့အချိန်အများစုကို ထိုးထွင်းသိမြင်မှုနဲ့စိတ်စွမ်းအားကို ကျင့်ကြံဖို့အတွက်ပဲ အများဆုံးအသုံးချခဲ့တာ။ ဒါကြောင့် ငါ့ရဲ့ကျင့်ကြံခြင်းအဆင်က အနည်းငယ်နှေးနေတာ”

ထန်ရှုက မျက်မှောင်ကုတ်လျက် ထပ်မေး၏“ဒါဆို အခု မင်းရဲ့စိတ်စွမ်းအားက ဘယ်လောက်အားကောင်းလဲ”

“တစ်ကီလိုမီတာအတွင်းမှာရှိတဲ့အရာအားလုံးကို မြင်နိုင်ပြီး တစ်ရာကီလိုဂရမ်လေးတဲ့အရာဝတ္ထုတစ်ခုကို ငါ့ရဲ့စိတ်စွမ်းအားနဲ့ပဲ ရွေ့လျားအောင် လုပ်နိုင်တယ်”မျက်မမြင်လေးက ပြန်ဖြေသည် “ဒါပေမယ့် ချွင်းချက်အချို့လဲ ရှိတယ်။ ပင်လယ်ရေအောက်မှာဆိုရင် ငါ့ရဲ့ထိုးထွင်းသိမြင်မှုက ကီလိုမီတာအနည်းငယ်ကို ဖုံးလွှမ်းနိုင်ပြီး အရွက်ရောက်ပြီးသားဝေလငါးတစ်ကောင်ကို ကန့်သတ်ထားနိုင်တယ်”

“…”

ထန်ရှုက မှင်တက်သွားပြီး မျက်မမြင်လေးအား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။ မျက်မမြင်လေးက သူ့စိတ်စွမ်းအားအား ဒီအဆင့်အထိ ကျင့်ကြံထားခဲ့မည်ဟု သူက သိပ်မမျှော်လင့်ထားခဲ့ပေ။

အင်မော်တယ်ကမ္ဘာတွင် စိတ်ဝိညာဉ်စွမ်းအားကို ကျင့်ကြံသည့်လူအချို့ အမှန်တကယ်ရှိပြီး ထိုအင်မော်တယ်များက ဂြိုလ်တစ်ခုသို့မဟုတ်နဂါးငွေ့တန်းတစ်ခုအား အတွေးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်သည်။ ဒါက သူတို့အား စိတ်တန်ခိုးရှင်ဟု ခေါ်ရသည့် အကြောင်းပြချက်လည်း ဖြစ်၏။

မျက်မမြင်လေးက စိတ်တန်ခိုးရှင်တစ်ယောက်ဖြစ်ဖို့ အလားအလာရှိတာများလား။

ထန်ရှုက မျက်မမြင်လေး၏ပခုံးကို ပုတ်ကာ ပြောလိုက်၏ “မင်းရဲ့စိတ်စွမ်းအားက တိုးတက်တာ မြန်လွန်းတယ်၊ ဒါက ငါ့ရဲ့ခန့်မှန်းချက်ကို ကျော်လွန်နေတယ်။ ဒါပေမယ့် မင်းရဲ့ကျင့်ကြံခြင်းကလဲ အရေးကြီးတယ်၊ ဒါကြောင့် နောက်ကျရင် စိတ်ဝိညာဉ်စွမ်းအားကျင့်ကြံခြင်းမှာပဲ အားထည့်မနေနဲ့။ မဟုတ်ရင် အဆင့်တစ်ခုကို ရောက်သွားတာနဲ့ မင်းရဲ့ခန္ဓာကိုယ်က မင်းရဲ့စိတ်ဝိညာဉ်စွမ်းအားကို ထိန်းသိမ်းထားနိုင်မှာမဟုတ်ဘူး။ ဒါ့အပြင် အဲဒါက မင်းရဲ့ပြိုင်ဘက်ကင်းခန္ဓာကိုယ်ဖွဲ့စည်းပုံကိုလဲ ဖြုန်းတီးသွားလိမ့်မယ်”

“ငါ့ရဲ့ဖွဲ့စည်းပုံလား”မျက်မမြင်လေးက မှင်တက်သွားကာ ထပ်မေး၏ “ငါ့မှာ ကောင်းမွန်တဲ့ဖွဲ့စည်းတည်ဆောက်ပုံတစ်ခုရှိတာလား၊ ဆရာသခင်”

“ရှိတာပေါ့”ထန်ရှုက ခေါင်းညိတ်ကာ ရှင်းပြလိုက်သည် “မင်းမှာ အလွန်ရှားပါးတဲ့ဖွဲ့စည်းတည်ဆောက်ပုံရှိတယ်၊ ဒါက နှစ်ဘီလီယံချီမှာတောင် ရှာတွေ့ဖို့ အရမ်းခက်ခဲတယ်။ မင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံအရ မင်းသာ ကြိုးစားခဲ့ရင် အခုအချိန်မှာ ရွှေအမြုတေကျင့်ကြံအဆင့်ကို ရောက်ရှိပြီးနေပြီ။ ရှေးဟောင်းမှတ်တမ်းတွေထဲမှာ မင်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့ ပတ်သက်ပြီး မှတ်တမ်းတစ်ခုရှိတယ်၊ သွေးကြောတွေထဲက ထာဝရသွေးနဲ့ အရိုးတွေထဲက ပျက်စီးခြင်းမဲ့စွမ်းအင်။ ဒါက အေးခဲခန္ဓာကိုယ်တည်ဆောက်ပုံရဲ့ဖော်ပြချက်ပဲ။ မင်းရဲ့ကျင့်ကြံခြင်းကို အလေးအနက်ထားပြီး လုံ့လဝီရိယရှိရှိနဲ့ အားထုတ်ပါ၊ မင်းက ထန်ဂိုဏ်းတစ်ခုလုံးမှာ အားအကောင်းဆုံးပုဂ္ဂိုလ်တစ်ယောက်ဖြစ်ဖို့ အလားအလာရှိတယ်”

“ငါ ဆရာသခင်ရဲ့ညွှန်ကြားချက်ကို လိုက်နာပါ့မယ်”မျက်မမြင်လေးက ပြော၏ “အနာဂတ်မှာ ငါက အသန်မာဆုံးဖြစ်လာတဲ့အခါ ဆရာသခင်ကို ကာကွယ်ပေးနိုင်မယ်”

ထန်ရှုက သူ့ပခုံးအား ပုတ်ကာ ရယ်လိုက်သည် “ငါ့ကို ကာကွယ်ဖို့က ဒုတိယပဲ။ အခြေတည်စိတ်ဝိညာဉ်အဆင့်ကို ချိုးဖြတ်ပြီးတာနဲ့ မင်းရဲ့မျက်လုံးတွေက အလင်းကို ထပ်မြင်နိုင်လိမ့်မယ်။ မင်းရဲ့ရုပ်ပိုင်းဆိုင်ရာကိုလဲ ပြုပြင်ပြောင်းလဲနိုင်ပြီး မင်းက ရှစ်နှစ်အရွယ်အသွင်အပြင်ကို ထပ်ရှိတော့မဟုတ်ဘူး”

အလင်းကို ပြန်မြင်နိုင်မှာလား။ မျက်မမြင်လေးက စိတ်ထဲ၌ တုန်လှုပ်သွားပြီး ခေါင်းညိတ်လိုက်၏ “ငါ နားလည်ပြီ၊ ဆရာသခင်”

ထန်ဂိုဏ်းတပည့်နှစ်ယောက်က မျက်မမြင်လေးအား နဂါးကိုးကောင်ကျွန်းသို့ ပြန်ခေါ်သွားပြီးနောက် ထန်ရှုက ကျန်ရှိသည့်တပည့်များနှင့်အတူ Clearwater Encodeဆီသို့ လာခဲ့သည်။ ထိုနေရာတွင် ထောက်လှမ်းရေးတစ်ဖွဲ့က Clearwater Encode၏အနီးဝန်းကျင်၌ ထွက်ပေါ်လာပြီး အနေအထားနှင့်ပတ်သက်၍ သတင်းအဆက်မပြတ်ပို့ပေးနေခဲ့၏။

နာရီဝက်ကြာပြီးနောက် ထန်ရှုက Clearwater Encode၏ဝင်ပေါက်အပြင်ဘက်တွင် ထွက်ပေါ်လာပြီး ထန်ဂိုဏ်းတပည့်တစ်ယောက်က သူ့ဘေးနား၌ တိတ်တဆိတ်ပေါ်လာကာ တင်ပြလိုက်၏ “ဂိုဏ်းချုပ်၊ အထဲက အနေအထားကို ငါတို့တွေ ရှာဖွေထော်ထုတ်ပြီးပြီ။ ဒီနေရာမှာ အမျိုးသားနဲ့အမျိုးသမီးကျွမ်းကျင်သူလေးယောက်ရှိတယ်၊ သူတို့ထဲက တစ်ယောက်က ဒေသခံကျွမ်းကျင်သူဖြစ်ပြီး ကျန်သုံးယောက်က ဉရောပတိုင်းပြည်တွေကပဲ။ ငါတို့ အထဲကို ခိုးဝင်တဲ့အချိန်မှာ သူတို့တွေ တွေ့သွားမလို့ပဲ”

“ထပ်ပုန်းကွယ်စရာမလိုတော့ဘူး၊ အထဲကို တန်းဝင်ကြ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် အမိန့်ပေးလိုက်သည်။

“နားလည်ပါပြီ…”

ပုံရိပ်ဆယ်ခုက လျှပ်တစ်ပြက်အတွင်း ရွေ့လျားသွားကာ အတွင်းပိုင်း၌ ထွက်ပေါ်လာသည်။ ခဏတာတိုက်ခိုက်ပြီးနောက် ထိုလူလေးယောက်အား ထန်ဂိုဏ်းတပည့်များက ဖမ်းဆီးရမိခဲ့၏။

“မင်းတို့က ဘယ်သူတွေလဲ“အရပ်မြင့်မြင့်ဉရောပသားတစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်၏။

ထန်ရှုက ထိုလူရှေ့သို့ လျှောက်လာသည်၊ ဓားမြှောင်တစ်လက်က သူ့လက်ထဲ၌ ထွက်ပေါ်လာ၏။ အေးစက်စက်အလင်းတစ်ခုလက်သွားကာ ထိုလူ၏နားရွက်အား ဖြတ်သွားသည်။ ထို့နောက် ထန်ရှုက အေးစက်စွာ မေးလိုက်၏ “ချန်ကျီကျုံးက ဘယ်မှာလဲ”

ထိုလူ၏အမူအရာက ပြောင်းလဲသွားသည်။ သူက ချက်ချင်းခေါင်းခါယမ်း၏ “မင်းက ဘာအကြောင်းပြောနေတယ်ဆိုတာ ငါ မသိဘူး”

ထန်ရှုက ထိုလူ၏ညာလက်အား ထပ်ဖြတ်လိုက်သည်။ ထို့နောက် သူက ထပ်မေး၏ “မင်းရဲ့ခန္ဓာကိုယ်မှာ အစိတ်အပိုင်းတွေ အများကြီး ကျန်သေးတယ်နော်။ မင်းက ဘယ်လောက်ထိ ခံနိုင်မလဲဆိုတာ ငါ သိချင်တယ်”

“ငါ့ကို သတ်လိုက်စမ်းပါ…”နာကျင်မှုအား တောင့်ခံရင်း ထိုလူက အော်ပြော၏။

“မဟုတ်ဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “ကျုပ်က ညှင်းပန်းနှိပ်စက်တဲ့နည်းလမ်းတစ်ထောင်လောက်ကို ကျွမ်းကျင်တယ်။ သုံးလအတွင်းမှာ ခင်ဗျားက အသက်ရှင်ပေမယ့် သေချင်နေတဲ့ခံစားချက်ကို အမြဲတမ်း ခံစားရဖို့ ကျုပ် အာမခံတယ်။ ခင်ဗျားမှာပဲ သံမဏိအရိုးတွေရှိသလား ဒါမှမဟုတ် ကျုပ်ရဲနည်းလမ်းတွေကပဲ ပိုကောင်းသလဲဆိုတာ ကြည့်ရတာပေါ့”

ခရက်…

ရုတ်တရက် ထန်ရှုက ထိုလူ၏ပါးအား ရိုက်လိုက်သည်။ ထို့နောက် သူက နှာခေါင်းရှုံ့လိုက်၏ “ငါ မင်းကို မသေစေချင်ဘူးလို့ ပြောခဲ့ပြီးသား။ မင်းက သတ်သေဖို့ ကြိုးစားရင်တောင် ဘယ်တော့မှ မသေနိုင်ဘူး”

“ငါ…ငါ မင်းကို ပြောပြပါ့မယ်”

လေးယောက်ထဲမှ တစ်ဉီးတည်းသောအမျိုးသမီးက ကြောက်ရွံ့သောမျက်လုံးများနှင့် အော်လိုက်သည်။

ထန်ရှုက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ့ဓားမြှောင်က သူ့ရှေ့ရှိလူအား ခေါင်းဖြတ်လိုက်သည်။ ထို့နောက် သူက လှပသောအမျိုးသမီးထံ လျှောက်သွားကာ ပြောလိုက်၏ “ငါ့ကို ကျေနပ်အောင် မပြောနိုင်ရင် မင်းက သူ့ထက် အဆတစ်ထောင်ပိုဆိုးသွားစေရမယ်။ ဟုတ်တယ်၊ ငါ မင်းတို့ကို ပြောဖို့ တစ်ခုမေ့နေလို့။ ငါက မှော်ပညာအချို့ကို အသုံးပြုနိုင်တယ်၊ အမှောင်နတ်ဆရာကလန်နဲ့သူတို့ရဲ့ခေါင်းဆောင်က ငါ့ရဲ့လက်အောက်ငယ်သားတွေပဲ။ မှော်ဆရာတွေရဲ့ကျင့်ကြံခြင်းစနစ်ကို ကိုင်တွယ်ဖို့ ငါ့မှာ နည်းလမ်းတွေရှိတယ်ဆိုတာ မင်းတို့တွေ မျှော်လင့်ထားနိုင်တယ်”

လှပေသောပအမျိုးသမီးက တုန်ယင်သွားကာ ကမန်းကတန်း ပြန်ပြော၏ “သူက နဝဂံခံတပ်ကပဲ။ နဝဂံခံတပ်ရဲ့သခင်က ငါတို့ကို ပိုက်ဆံပေးပြီး ခိုင်းခဲ့တာ။ ချန်ကျီကျုံးမှာ ထူးခြားတဲ့စိတ်ဝိညာဉ်တစ်ခုရှိတယ်လို့ သူ ပြောတယ်၊ ဒါကြောင့် ချန်ကျီကျုံးရဲ့စိတ်ဝိညာဉ်ကို သန့်စင်ပြီး သူ့ရဲ့ကိုင်ပိုင်စွမ်းအားကို တိုးတက်အောင် လုပ်ချင်တယ်။ ငါတို့က ပိုက်ဆံတွေ လက်ခံခဲ့ရုံပဲ၊ ကိစ္စက ငါတို့မြင့်မြတ်မီးလျှံအဖွဲ့နဲ့ ဘာမှမသက်ဆိုင်ပါဘူး”

All Chapters