ကပ်ဘေးမီးကောင်းကင်ဘုံနဂါး
Vol. 67 Ch. 930
"အဆင့်နိမ့်အန္တိမလက်နက်၊ ကြယ်ဆုတ်ဖြဲလက်သည်း။ ဒီလက်သည်းတစ်စုံမှာ အန္တိမအဆင့်ဆုတ်ဖြဲခြင်းစွမ်းအားပါဝင်တယ်။ အဲဒါက ကြယ်တွေကို ဆုတ်ဖြဲနိုင်တယ်။ ကြမ်းခင်းဈေးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၂၀မီလံဖြစ်တယ်။ လေလံတစ်ခါတိုးတိုင်း ငါးသိန်းထက် မလျော့နည်းရဘူး"
လေလံပွဲက ပြီးဆုံးတော့မှာပါ။ ၎င်းထွက်ပေါ်လာချိန်မှာ ဟဲဗီးဝိတ်လေလံပစ္စည်းတစ်ခုက လူအုပ်ကြီးကို တုန်လှုပ်စေခဲ့တယ်။
"အန္တိမအဆင့်လက်နက်"
လေတိမ်ဓားသူတော်စင်အရှင်နဲ့သစ်ရွက်နီဓားသူတော်စင်အရှင်မတို့ကတောင် အံ့ဩတုန်လှုပ်နေရတယ်။
အန္တိမအဆင့်လက်နက်တွေက ဖြာထွက်လအဆင့်လေလံပွဲတိုင်းမှာ မထွက်ပေါ်လာကြပါဘူး။
သင့်တော်တဲ့အန္တိမအတင့်လက်နက်တစ်ခုမရှိတဲ့ကောင်းကင်ဘုံအရှင်တွေများစွာရှိတယ်။ အဲဒါက အန္တိမအဆင့်လက်နက်တွေရဲ့ရှားပါးမှုကို စိတ်ကူးယဉ်ဖို့ လုံလောက်တယ်။
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်တစ်ခုလုံးမှာ အန္တိမအဆင့်လက်နက်တွေကို ထုလုပ်နိုင်တဲ့သူတစ်ယောက်သာရှိတယ်။ အဲဒါက ကြယ်ကိုးလုံးမြို့ရဲ့မြို့အရှင်ဖြစ်တဲ့ကြယ်ကိုးလုံးကောင်းကင်ဘုံအရှင်ပါပဲ။ သူက သူ့ရဲ့ငယ်သားတွေကို အန္တိမအဆင့်လက်နက်တွေ ပုံမှန်ပေးအပ်လေ့ရှိတယ်။ အန္တိမအဆင့်လက်နက်အများစုက ကြယ်ကိုးလုံးမြို့မှ ပေါ်ပေါက်လေ့ရှိတယ်။
အခြားသူတွေအတွက်ကတော့ သူတို့က အန္တရာယ်နေရာတွေနဲ့အပျက်အစီးနယ်မြေတွေမှာသာ အန္တိမအဆင့်လက်နက်တွေကို ရှာဖွေဖော်ထုတ်နိုင်တယ်။ ဒါပေမယ့် အဆင့်အတန်းတစ်ခုကိုရောက်နေတဲ့ကောင်းကင်ဘုံအရှင်တွေကတော့ ကြယ်ကိုးလုံးကောင်းကင်ဘုံအရှင်ထံ အန္တိမအဆင့်လက်နက်တစ်ခုကို တောင်းဆိုနိုင်တယ်။
"၂၁မီလီယံ" အရင်လေလံဆွဲသူက ပြိုင်ဘက်ကင်းသူတော်စင်အရှင်တစ်ယောက်ပါပဲ။
ဒါပေမယ့် ၂၀မီလီယံက သူ့ရဲ့အကန့်အသတ်သာဖြစ်တယ်။
"၂၂မီလီယံ"
"၂၃မှလီယံ"
"၂၄မီလီယံ"
…
ဈေးနှုန်းက တစ်ခါတိုးတိုင်း တစ်မီလီယံအထိတောင် တိုးလာနေတယ်။
"၃၀မီလီယံ" သမန်းဝံပုလွေလီဖူချန်းက လေလံဝင်ဆွဲလိုက်တယ်။
ကြယ်ဆုတ်ဖြဲလက်သည်းကို သမန်းဝံပုလွေမျိုးနွယ်အတွက် လုပ်ထားပေးမှန်း သိသာလှတယ်။ သမန်းဝံပုလွေမျိုးနွယ်ကလွဲပြိီး ဆုတ်ဖြဲခြင်းဥပဒေသကို ကျွမ်းကျင်တဲ့အခြားမျိုးနွယ်တွေက ရှားပါးတယ်။
"၃၁မီလီယံ"
"၃၂မီလီယံ"
၃၀မီလီယံကို ရောက်ရှိပြီးနောက် ဆက်လက်လေလံဆွဲနိုင်သူတွေက ကောင်းကင်ဘုံအရှင်သာဖြစ်တယ်။
"၄၀မီလီယံ"
ကြယ်ဆုတ်ဖြဲလက်သည်းကို အရယူဖို့ သမန်းဝံပုလွေလီဖူချန်းက ဆုံးဖြတ်ထားတယ်။ ဒီလက်သည်းတစ်စုံက သူ့ခွန်အားကို သိသိသာသာတိုးတက်လာစေလိမ့်မယ်။
"ဟဲဟဲ၊ ၄၁မီလီယံ" နောက်ထပ်သီးသန့်ခန်းတစ်ခုအထဲမှာ လင်းယုန်နှုတ်သီးရှိတဲ့အကြီးအကဲတစ်ယောက်က သရော်ပြုံးပြုံးလိုက်တယ်။
တစ်ယောက်ယောက်က ဒီအကြီးအကဲကို သိရင် သူက နတ်ဆိုးသားရဲငရဲအာဏာရှင်ဖြစ်တဲ့ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်ဆိုတာကို သူတို့က ချက်ချင်းမှတ်မိပေလိမ့်မယ်။ သူ့ရဲ့လက်သည်းပညာရပ်က အလွန်မယုံနိုင်စရာကောင်းတယ်။
"၄၅မီလီယံ" သမန်းဝံပုလွေလီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။
"၄၆မီလီယံ" ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်က ဆက်လက်လေလံဆွဲလိုက်တယ်။
"၅၀မီလီယံ" ဈေးက ၆၀မီလီယံကို ကျော်သွားရင် ကြယ်ဆုတ်ဖြဲလက်သည်းကို လက်လျော့လိုက်မယ်လို့ သမန်းဝံပုလွေလီဖူချန်းက ဆုံးဖြတ်ထားတယ်။ တကယ်တော့ အဆင့်နိမ့်အန္တိမအဆင့်လက်နက်တစ်ခုက အဲဒီလောက်မထိုက်တန်ပါဘူး။
"ကြယ်ဆုတ်ဖြဲလက်သည်းမှာ ဆုတ်ဖြဲခြင်းဥပဒေသပါဝင်တာ စိတ်မကောင်းစရာပဲ။ အဲဒါမှာ မီးတာအိုဥပဒေသပါဝင်ရင် ငါ ဆက်လက်ယှဉ်ပြိုင်ရမှာပဲ" ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်က လက်လျော့လိုက်တယ်။ သူက ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်လို့ လူသိများတဲ့အကြောင်းရင်းကတော့ သူက မီးတာအိုဥပဒေသကို ကျွမ်းကျင်လို့ပဲ။ သင့်တော်တဲ့စွမ်းပကားတစ်ခုမရှိရင် ကြယ်ဆုတ်ဖြဲလက်သည်းက သူ့ရဲ့ခွန်အားကို တိကျတဲ့အတိုင်းအတာတစ်ခုအထိသာ တိုးစေနိုင်တယ်။
ဒီလိုနဲ့ သမန်းဝံပုလွေလီဖူချန်းက ကြယ်ဆုတ်ဖြဲလက်သည်းကို အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၅၀မီလီယံနဲ့ အောင်မြင်စွာ လေလံဆွဲနိုင်ခဲ့တယ်။
"နောက်ဆုံးဒုတိယမြောက်လေလံပစ္စည်းက ငရဲအာဏာရှင်ရဲ့ဦးချိုပဲ" လေလံပစ်သူက ပြုံးလိုက်တယ်။
"ငရဲအာဏာရှင်ရဲ့ဦးချိုလား"
လူတိုင်းက ဆွေးနွေးနေကြတော့တယ်။
ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်ရဲ့အမူအရာက အတော်လေးမကျေမနပ်ဖြစ်သွားတယ်။ ငရဲအာဏာရှင်တစ်ယောက်အနေနဲ့ ဒါက သူ့ကို အရှက်ခွဲနေတယ်လို့ ခံစားမိစေတယ်။
လူတိုင်းက ဆွေးနွေးနေစဉ်မှာ လေလံပစ်သူက ဆက်ပြောလိုက်တယ်"ဒါက ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့နဂါးဦးချိုပဲ။ အဲဒါက နှစ်ပေါင်းမရေမတွက်များစွာတည်ရှိခဲ့ပြီး အတွင်းမှာကျန်ရှိနေတဲ့နဂါးစွမ်းအားက အလွန်ရှားပါးတယ်။ နဂါးစွမ်းအားတစ်ခုမှ မကျန်ရှိရင်တောင် ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့နာမည်က နောက်ဆုံးပစ္စည်းတွေထဲကတစ်ခုဖြစ်ဖို့ လုံလောက်တယ်"
"ကပ်ဘေးမီးကောင်းကင်ဘုံနဂါး......." ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး သူ့ရဲ့အသက်ရှုသံက လျင်မြန်လာတယ်။
ကပ်ဘေးမီးကောင်းကင်ဘုံနဂါးကို ကပ်ဘေးကောင်းကင်ဘုံနဂါးလို့လည်းခေါ်တယ်။ ၎င်းက အသန်မာဆုံးအထွတ်အထိပ်အဆင့်တိုင်ယန်သားရဲတွေထဲကတစ်ကောင်ဖြစ်တယ်။ ၎င်းအရွယ်ရောက်တုန်းက ၎င်းရဲ့ခွန်အားက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးဒါမှမဟုတ်ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်တွေနဲ့ နှိုင်းယှဉ်နိုင်ခဲ့တယ်။
ကပ်ဘေးမီးကောင်းကင်ဘုံနဂါးမှုတ်ထုတ်လိုက်တဲ့မီးတောက်တွေက အရာအားလုံးကို ရှေးဦးဖရိုဖရဲသို့ ပြန်ရောက်သွားစေနိုင်ပြီး ဘယ်အရာကိုမဆို ဖျက်ဆီးနိုင်တဲ့စွမ်းအားရှိတယ်။
ဒါပေမယ့် ကပ်ဘေးမီးကောင်းကင်ဘုံနဂါးမှာ ဦးချိုတစ်ခုပဲ ရှိတာမဟုတ်ဘူး၊ ဦးချိုတစ်ရာတောင်ရှိတယ်။
ဒါပေမယ့် ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့ဦးချိုတစ်ရာဈေးက မြင့်မားလွန်းပြီး မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကသာ ယှဉ်ပြိုင်နိုင်လိမ့်မယ်။
"ငါ ဒါကို ရရမယ်" ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်ရဲ့မျက်လုံးတွေက ရက်စက်ကြမ်းကြတ်သွားတယ်။
ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့ဦးချိုက သူ့လိုမီးတာအိုသွေးမျိုးဆက်ရှိတဲ့တစ်စုံတစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုဖြစ်တယ်။ အဲဒါက သူ့ကို နောက်တစ်ဆင့်သို့ ရောက်အောင် တွန်းပို့နိုင်ပြီး သာမန်ကောင်းကင်ဘုံအရှင်တွေကြားမှာ အံ့မခန်းဖြစ်သူတစ်ယောက်ဖြစ်လာစေလိမ့်မယ်။
"ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့မီးတောက်က အဆုံးစွန်းမီးတောက်တွေထဲကတစ်ခုလို့ ပြောကြတယ်။ ငါ အဲဒါကို အကိုးအကားတစ်ခုအနေနဲ့ အသုံးပြုလို့ရတယ်"
"ကပ်ဘေးမီးကောင်းကင်ဘုံနဂါးလား။ ဒိီလိုအထွတ်အထိပ်အဆင့်တည်ရှိမှုတစ်ယောက်ရဲ့ဦးချိုက ငါ့အတွက်အသုံးမဝင်တောင် စုဆောင်းထားရမယ်"
ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်ကသာ ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့ဦးချိုကို မျက်စိကျတဲ့သူမဟုတ်ဘူး။ အဲဒါက မီးတာအိုဥပဒေသကို ကျွမ်းကျင်တဲ့ကောင်းကင်ဘုံအရှင်တွေ၊ စုဆောင်းရတာနှစ်သက်တဲ့ကောင်းကင်ဘုံအရှင်တွေရဲ့အာရုံကို ဆွဲဆောင်ခဲ့တယ်။
"ကောင်းပြီ၊ ပြောနေတာ လုံလောက်ပြီ။ ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့ဦးချိုအတွက် ကြမ်းခင်းဈေးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၃၀မီလိီယံ။ တစ်ခါတိုးတိုင်း ငါးသိန်းထက် နည်းလို့မရဘူး" လေလံပစ်သူက အော်လိုက်တယ်။
"၃၅သန်း"
"သန်း၄၀"
"သန်း၅၀"
(တစ်မီလီယံအစား တစ်သန်းလို့ ပြောင်းသုံးပါ့မယ်- မြန်မာဘာသာပြန်သူ)
ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့ဦးချိုက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်း၅၀အထိ မြင့်တက်လာတော့တယ်။
"၅၅သန်း" မီးစိတ်ဝိညာဉ်မျိုးနွယ်ကောင်းကင်ဘုံအရှင်တစ်ယောက်က အော်လိုက်တယ်။
"သန်း၆၀"
"သန်း၇၀"
…
"သန်း၁၀၀"
နောက်ဆုံးမှာတော့ ဈေးနှုန်းက သန်းတစ်ရာအထိ တက်သွားတယ်။
ဒီဈေးနှုန်းက ဘယ်လိုပြိုင်ဘက်ကင်းကောင်းကင်ဘုံအရှင်တစ်ယောက်ကိုမဆို မှင်တက်စေဖို့ လုံလောက်တယ်။
နဂါးဦးချိုက ဒီလောက်မြင့်မားတဲ့ဈေးနှုန်းအထိ ရရှိလိမ့်မယ်လို့ သမန်းဝံပုလွေလီဖူချန်းကတောင် မမျှော်လင့်ထားခဲ့ဘူး။
"သန်း၁၅၀" ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်က အော်လိုက်တယ်။
သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်ပေမယ့် သန်း၁၅၀ဆိုတဲ့ပမာဏက သူ့အတွက် အလွန်အမင်းနှလုံးတုန်စရာပါပဲ။
ကောင်းကင်ဘုံအရှင်တွေက ကြွယ်ဝမှုတွေ ဘီလီယံချီရှိပေမယ့် ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အသုံးစရိတ်ကလည်း ကြီးမားလွန်းတယ်။ သာမန်ကာလျှံကာပစ္စည်းတစ်ခုက အနည်းဆုံး၁၀သန်းအထိ ကျသင့်လိမ့်မယ်။
"သန်း၁၆၀" လေလံဆွဲတဲ့သူကတော့ တေးသံကောင်းကင်ဘုံအရှင်လို့ခေါ်တဲ့အတော်လေးအားကောင်းတဲ့ကောင်းကင်ဘုံအရှင်တစ်ယောက်ပါပဲ။
တေးသံကောင်းကင်ဘုံအရှင်က သာမန်ကောင်းကင်ဘုံအရှင်တွေကြားမှာ အတော်လေးကျော်ကြားတယ်။ ပထမကတော့ သူ့ရဲ့ခွန်အားနဲ့ ဒုတိယကတော့ သူ့ရဲ့စုဆောင်းမှုကြောင့်ပါပဲ။ သူက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကြားထဲမှာ ထိပ်တန်းစုဆောင်းသူဆယ်ယောက်ထဲကတစ်ယောက်လို့ လူသိများတယ်။
တေးသံကောင်းကင်ဘုံအရှင်က ရတနာခန်းမတစ်ခုကို ဖန်တီးထားခဲ့ပြီး သူ့ရဲ့ဘဝတစ်သက်တာစုဆောင်းမှုအားလုံးက ထိုနေရာမှာ ရှိတယ်။
"သန်း၂၀၀"
ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်က အော်လိုက်တယ်။
တေးသံကောင်းကင်ဘုံအရှင်က မျက်မှောင်ကြုတ်လိုက်မိတယ်။ အရိုးသားဆုံးပြောရရင် သန်း၂၀၀က သူ့ရဲ့ကြွယ်ဝမှုနဲ့နှိုင်းယှဉ်ရင် မပြောပလောက်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ကြွယ်ဝမှုအများစုမှာ စုဆောင်းထားတဲ့ပစ္စည်းတွေလည်းပါဝင်တယ်။ သူ့မှာ အသုံးပြုစရာသန်း၁၀၀ပတ်လည်သာ ရှိတယ်။
"အဲဒါက သန်း၂၅၀ကို ကျော်သွားရင် ငါ လက်လျော့လိုက်တော့မယ်" တေးသံကောင်းကင်ဘုံအရှင်က သူ့ရဲ့စုဆောင်းမှုအတွက် ဘာမဆိုပြုလုပ်တဲ့လူစားမျိုး မဟုတ်ပါဘူး။ သူက သန်း၂၄၀ထိ ဈေးပြိုင်ပေးလိုက်တယ်။
"သန်း၂၆၀" ကြက်သွေးရောင်လက်သည်းငရဲအာဏာရှင်က ဈေးပြိုင်ပေးဖို့ တွန့်ဆုတ်မနေပါဘူး။
"ထားလိုက်ပါတော့လေ" တေးသံကောင်းကင်ဘုံအရှင်က လက်လျော့လိုက်တယ်။
အဆုံးမှာတော့ ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့ဦးချိုကို သန်း၂၆၀နဲ့ ရောင်းချနိုင်ခဲ့တယ်။
***
အံ့ဖွယ်သစ်ရွက်မြို့.......
လီဖူချန်းက ပြုံးလိုက်တယ်။
"ဒီတစ်ကြိမ်တော့ အများကြီးအကျိုးအမြတ်ရသွားတာပဲ။ နဂါးဦးချိုရဲ့ဈေးက ဒီလောက်မြင့်မားမယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ ဒါပေမယ့် ရှားပါးမှုကြောင့်သာ ဈေးက ဒီလောက်ထိတက်သွားရတာပဲ"
လီဖူချန်းက နဂါးဦးချိုကို လေ့လာခဲ့ပြီး အဲဒါက သာမန်ကောင်းကင်ဘုံနဂါးရဲ့ဦးချိုမဟုတ်ဘူးဆိုတာကို သူ သိခဲ့တယ်။ အဲဒါက ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့ဦးချိုလို့တော့ သူ သံသယရှိခဲ့တယ်။ ဒါပေမယ့် အဲဒါက ကပ်ဘေးမီးကောင်းကင်ဘုံနဂါးရဲ့ဦးချိုဆိုရင်တောင် ဈေးဒီလောက်မြင့်မားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။ တကယ်တော့ အတွင်းရှိနဂါးစွမ်းအားက ရှားပါးလွန်းပြီး သန်း၅၀ရရင်တောင် လီဖူချန်းက ကျေနပ်ပါလိမ့်မယ်။
နဂါးဦးချိုကို ရောင်းချပြီးတာနဲ့ နောက်ဆုံးလေလံပစ္စည်းက ထွက်ပေါ်လာတော့တယ်။ အဲဒါက အဆင့်နိမ့်အန္တိမအဆင့်ချပ်ဝတ်တစ်ခုပါပဲ။ ကြမ်းခင်းဈေးက သန်း၅၀ဖြစ်ပြီး နောက်ဆုံးလေလံဈေးက သန်း၁၈၀အထိ ရောက်ရှိသွားတယ်။ အဲဒါက နဂါးဦးချိုထက် မပိုပေမယ့် ထိတ်လန့်တုန်လှုပ်စရာကောင်းနေပါပြီ။
လေလံပွဲပြီးဆုံးသွားပြီးနောက် သမန်းဝံပုလွေလီဖူချန်းက စင်နောက်ကို လာခဲ့တယ်။
"စုစုပေါင်း၂၅၂သန်း။ ဒါက ကျန်ရှိနေတဲ့၁၇၂သန်းပဲ"
လေလံပွဲရဲ့တာဝန်ခံက ကောင်းကင်ဘုံအရှင်တစ်ယောက်ပါပဲ။ သူက သမန်းဝံပုလွေလီဖူချန်းထံ နေရာလွတ်လက်စွပ်တစ်ကွင်းကို ကမ်းပေးလိုက်တယ်။
"ကောင်းပြီလေ"
သမန်းဝံပုလွေလီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တယ်။
လီဖူချန်းက သမန်းဝံပုလွေလီဖူချန်းကို သူနတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှရရှိလာတဲ့ရတနာအားလုံးကို မပေးခဲ့ပါဘူး။ ဈေးကွက်ပေါက်ဈေးကို အခြေခံပြီး သန်း၄၀ထိုက်တန်တဲ့ရတနာတွေကို ပေးခဲ့တယ်။ လေလံပွဲမှာ သူတို့ကို သန်း၆၀နီးပါးနဲ့ ရောင်းချနိုင်ခဲ့ပြီး သန်း၂၆၀နဲ့ရောင်းချခဲ့တဲ့နဂါးဦးချိုနဲ့ဆိုရင် စုစုပေါင်းသန်း၃၂၀ရှိတယ်။ သူသုံးခဲ့တဲ့သန်း၅၀နဲ့လေလံဝန်ဆောင်ခံကို နှုတ်ပြီးနောက် အကြမ်းဖျင်းအားဖြင့် သန်း၂၅၀ကျန်ရှိတယ်။
လေလံအိမ်က သမန်းဝံပုလွေလီဖူချန်းကို စရန်အနေနဲ့ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်း၈၀ပေးထားခဲ့တယ်။
အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကို ရေတွက်ပြီးနောက် သမန်းဝံပုလွေလီဖူချန်းက ကြယ်ဆုတ်ဖြဲလက်သည်းနဲ့အတူ ထွက်ခွာသွားတော့တယ်။
"သူ့နောက်ကို တစ်ယောက်ယောက် လိုက်သွားခိုင်းလိုက်" လေလံအိမ်ရဲ့တာဝန်ခံက အမိန့်ပေးလိုက်တယ်။