← Chapters

ပင်လယ်ဓားပြများ

Vol. 89 Ch. 1237

ပင်လယ်ဓားပြများ

Vol. 89 Ch. 1237

“ဒီနဝဂံခံတပ်က ဘယ်နေရာမှာ ရှိတာလဲ”ထန်ရှုက အေးစက်စွာ မေးလိုက်သည်။

“နေရာအတိအကျတော့ မသိပေမယ့် အဲကို ဘယ်လိုသွားရမယ်ဆိုတာတော့ ငါ သိတယ်”လှပသောအမျိုးသမီးက ပြော၏ “စိုင်းဖန်ဆိပ်ကမ်းမှာ အဲနေရာကို သွားတဲ့ သင်္ဘောတစ်စီးရှိတယ်”

အမျိုးသမီးထံမှ သင်္ဘောနှင့် ပတ်သက်၍ သတင်းအချက်အလက်ရရှိပြီးနောက် သူက ချီနန်အား ခေါင်းညိတ်ပြလိုက်သည်၊ သူမက မြင့်မြတ်မီးလျှံအဖွဲ့မှ အခြားလူနှစ်ယောက်ကို လွှတ်ပေးလိုက်၏။ ထို့နောက် ထန်ရှုက အမျိုးသမီးအား ထပ်မေးလိုက်၏ “ခံတပ်ထဲက အခြေအနေတွေနဲ့ ပတ်သက်ပြီး မင်း သိတာရှိလား”

သူမ၏အဖော်နှစ်ယောက်အား လွှတ်ပေးလိုက်သည်ကို မြင်ပြီး လှပသောအမျိုးသမီးက စိတ်အေးသွားသည်။ လိုချင်သောအဖြေကို ပေးပြီးနောက် သုံးယောက်စလုံးအသတ်ခံရမည်ကို သူမက ကြောက်မိခဲ့သည်။ ထို့ကြောင့် သူမက ပြန်ဖြေရန် တွန့်ဆုတ်မနေတော့ပေ။ “ဒီခံတပ်က ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှိပြီး ကျွန်းကိုးကျွန်းနဲ့ စခန်းကိုးခု ပါရှိတယ်။ ကျွန်းတွေက တစ်ခုနဲ့တစ်ခု အရမ်းနီးကပ်တယ်၊ ဒါကြောင့် နဝဂံခံတပ်လို့ခေါ်တာ”

“ဒီခံတပ်ကို ဘယ်သူက ပိုင်တာလဲ”ထန်ရှုက ထပ်မေးလိုက်၏။

“ပင်လယ်ဓားပြတွေ”အမျိုးသမီးက ပြန်ဖြေသည်။

“ပင်လယ်ဓားပြတွေလား”ထန်ရှုက မျက်မှောင်ကြုတ်လိုက်၏။ ဒါက သူမမျှော်လင့်ထားသောအဖြေပင်၊ ထို့ကြောင့် သူက ထပ်မေးလိုက်၏ “မြင့်မြတ်မီးလျှံအဖွဲ့က ပင်လယ်ဓားပြတွေဆီက အလုပ်ကို လက်ခံမယ်ဆိုတာ မထင်ထားခဲ့တာပဲ။ ဒါ တကယ်ကို သိက္ခာကျစရာပဲ”

“မြင့်မြတ်မီးလျှံအဖွဲ့ရဲ့ရည်ရွယ်ချက်က အစကတည်းက ပိုက်ဆံရှာဖို့ပဲလေ။ ပိုက်ဆံပေးသရွေ့ ငါတို့ကို ဘယ်သူက အလုပ်ပေးတယ်ဆိုတာ၊ ပစ်မှတ်က ဘယ်သူဆိုတာ ဂရုမစိုက်ဘူး”အမျိုးသမီးက ပြန်ဖြေ၏။

“မင်းတို့ရဲ့မြင့်မြတ်မီးလျှံအဖွဲ့ထဲမှာ လူဘယ်လောက်ထိ ရှိတာလဲ။ ပြီးတော့ အဲဒါက ဘယ်လောက်ထိ အားကောင်းလဲ”ထန်ရှုက ထပ်မေးလိုက်၏။

အမျိုးသမီးက အနည်းငယ်ဂုဏ်ယူသောအကြည့်နှင့် ပြန်ဖြေ၏ “ငါတို့မြင့်မြတ်မီးလျှံအဖွဲ့ရဲ့ခွန်အားက စိတ်ကူးလို့မရလောက်အောင်ပဲ။ ငါတို့ရဲ့မြင့်မြတ်မီးလျှံအမိန့်မှာ အဆင့်ကိုးဆင့်ရှိတယ်။ ပထမအဆင့်မြင့်မြတ်မီးလျှံတာဝန်က အရိုးရှင်းဆုံးဖြစ်ပြီး အဆင့်ကိုးမြင့်မြတ်မီးလျှံတာဝန်က အခက်ခဲဆုံးပဲ”

ထန်ရှု၏မျက်နှာပေါ်တွင် ထူးဆန်းသောအမူအရာတစ်ခုလက်သွားကာ သူက ထပ်မေးလိုက်၏ “ငါ့ကို ဈေးနှုန်းပြောပြပါ”

“နဝဂံခံတပ်က ငါတို့ကို ဒီအလုပ်အတွက် အမေရိကန်ဒေါ်လာသန်းတစ်ရာပေးတယ်၊ ဒါက အဆင့်ငါးမြင့်မြတ်မီးလျှံတာဝန်နဲ့ ညီမျှတယ်”အမျိုးသမီးက ရှင်းပြ၏ “ပထမအဆင့်မြင့်မြတ်မီးလျှံတာဝန်က ဒေါ်လာတစ်သိန်းနဲ့ အနိမ့်ဆုံးဖြစ်ပြီး အမြင့်ဆုံးဖြစ်တဲ့ အဆင့်ကိုးမြင့်မြတ်မီးလျှံတာဝန်က ဒေါ်လာတစ်ဆယ်ဘီလီယံလိုအပ်တယ်”

ထန်ရှုက မှင်တက်သွားသည်။ သူတို့၏အမြင့်ဆုံးအဆင့်ကိုးမြင့်မြတ်မီးလျှံတာဝန်အတွက် မြင့်မြတ်မီးလျှံအဖွဲ့က ဒေါ်လာတစ်ဆယ်ဘီလီယံတောင်းဆိုလိမ့်မည်ဟုသူက မမျှော်လင့်ထားခဲ့ပေ။

သူတို့က ဒီလောက်များတဲ့ပိုက်ဆံနဲ့ ထိုက်တန်လို့လား။

ထန်ရှု၏အတွေးအမူအရာကို သတိပြုမိကာ အမျိုးသမီးက ထပ်ပြော၏ “ဒါနဲ့ပတ်သက်ပြီး ငါ ထပ်ပြောနိုင်သေးတယ်၊ ဆရာ။ မြင့်မြတ်မီးလျှံအဖွဲ့ကို တည်ထောင်ပြီးကတည်းက အဆင့်ကိုးမြင့်မြတ်မီးလျှံအမိန့်ထုတ်ပြန်တာ နှစ်ကြိမ်ပဲ ရှိတယ်။ ပထမတစ်ခုက ခရူးဆိတ်အရှေ့ပိုင်းတပ်ထဲမှာ ငါတို့ရဲ့အဖွဲ့က ကြီးမားတဲ့အခန်းကဏ္ဍတစ်ခုမှာ ပါဝင်ခဲ့တာပဲ။ မဟုတ်ရင် အရှေ့ပိုင်းတပ်ထဲက ကျင့်ကြံသူတွေအားလုံးက အပြီးတိုင်ချေမှုန်းခံလိုက်ရမှာ။ ဒုတိယတစ်ခုက လွန်ခဲ့တဲ့၃၆နှစ်က ထုတ်ပြန်ခဲ့တာပဲ၊ အဲမှာ ငါတို့က အားအကောင်းဆုံးအမှောင်တပ်စခန်းရဲ့လူပေါင်း၁၄၆၀၀ကို သုတ်သင်ခဲ့တာပဲ”

ခရူးဆိတ်အရှေ့ပိုင်းတပ်နှင့်အမှောင်အလံတပ်စခန်း။

ဤကြီးမားသောဖြစ်ရပ်နှစ်ခုအား ထန်ရှုက သိသည်။ မြင့်မြတ်မီးလျှံအဖွဲ့ကလည်း ထိုဖြစ်ရပ်နှစ်ခုတွင် ပါဝင်ခဲ့မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ အထူးသဖြင့် ဒုတိယဖြစ်ရပ်အား ဤအဖွဲ့က အလုံးစုံပြုလုပ်ခဲ့ခြင်းပင်။

ရုတ်တရက် အံ့ဖွယ်စိတ်ကူးတစ်ခုက သူ့စိတ်ထဲ၌ ဖြတ်သွား၏။ သူက အမျိုးသမီးအား ကြည့်ကာ မေးလိုက်၏ “မြင့်မြတ်မီးလျှံအဖွဲ့ထဲမှာ မင်းရဲ့အဆင့်အတန်းက ဘာလဲ”

“ငါက စိုင်းဖန်တပ်ရင်းရဲ့လက်ထောက်ခေါင်းဆောင်ကာရင်းပဲ”အမျိုးသမီးက ပြောလိုက်၏။

“မင်းတို့မြင့်မြတ်မီးလျှံအဖွဲ့ရဲ့ခေါင်းဆောင်ကို ငါ တွေ့ချင်တယ်”ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “သူက စိုင်းဖန်ကို လူကိုယ်တိုင်လာနိုင်ရင် ငါက ဒေါ်လာဆယ်ဘီလီယံပေးပြီး တတိယမြောက်အဆင့်ကိုးမြင့်မြတ်မီးလျှံတာဝန်ကို ထုတ်ပြန်မယ်။ ဒီနေရာကို လာဖို့ ငါ သူ့ကို အချိန်ခုနှစ်ရက်ပေးမယ်။ နောက်တစ်ပတ်အထိ ငါ စိုင်းဖန်မှာ ရှိနေလိမ့်မယ်”

အမျိုးသမီးက စိတ်လှုပ်ရှားသွားလျက် ကမန်းကတန်းမေးလိုက်၏ “ရှင်က အဆင့်ကိုးမြင့်မြတ်မီးလျှံတာဝန်ကို တကယ်ပဲ ထုတ်ပြန်ချင်တာလား”

“မှန်တယ်”ထန်ရှုက ပြန်ပြော၏ “ငါ မင်းကို ဒေါ်လာတစ်ဘီလီယံ ကြိုတင်ပေးနိုင်တယ်”

အမျိုးသမီးက ထန်ဂိုဏ်းတပည့်များ၏လက်ထဲမှ ရုန်းထွက်ကာ ထရပ်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်၏ “စပေါ်ဒေါ်လာတစ်ဘီလီယံကို လက်ခံပြီးတာနဲ့ ဗာကန်ကို ငါ ချက်ချင်းဖုန်းဆက်လိုက်မယ်။ သူက မြင့်မြတ်မီးလျှံအဖွဲ့ရဲ့ခေါင်းဆောင်ပဲ။ ဒီလိုပိုက်ဆံပမာဏအတွက် ငါတို့မြင့်မြတ်မီးလျှံအဖွဲ့က ဘာမဆို လုပ်နိုင်တယ်၊ ကမ္ဘာအကြီးမားဆုံးအဖွဲ့သုံးဖွဲ့ကိုတောင် စိန်ခေါ်ရဲတယ်”

ခဏစဉ်းစားပြီးနောက် ထန်ရှုက ရုတ်တရက် မေးလိုက်၏ “စိုင်းဖန်မှာ မင်းတို့မြင့်မြတ်မီးလျှံအဖွဲ့က လူတွေ ဘယ်လောက်ထိရှိတာလဲ။ ပြီးတော့ နေ့တစ်ဝက်အတွင်းမှာ မင်းတို့အဖွဲ့က လူတွေ ဘယ်လောက်ထိ ဒီနေရာကို ရောက်နိုင်မလဲ”

“နှစ်ရာကျော်။ သူတို့အားလုံးက ကျွမ်းကျင်သူတွေပဲ”လှပသောအမျိုးသမီးက ပြန်ဖြေ၏။

“နေ့ဝက်အတွင်းမှာ ငါနဲ့အတူ နဝဂံကို သွားဖို့ မင်းကို အပိုဒေါ်လာငါးဘီလီယံပေးလိုက်မယ်။ ငါ့ရဲ့တပည့်ချန်ကျီကျုံးကို ငါ ကယ်ချင်တယ်၊ အဲမှာရှိတဲ့ပင်လယ်ဓားပြတွေအားလုံးကို သတ်ချင်တယ်”ထန်ရှုက ပြောလိုက်၏။

အမျိုးသမီးက ပြောလိုက်၏ “ဒါ ပြဿနာမရှိဘူး။ ပိုက်ဆံရှိသရွေ့ အရာအားလုံးအိုကေတယ်။ ဒါပေမယ့် ရှင်က ဒေါ်လာငါးဘီလီယံကို ကြိုပေးဖို့ လိုမယ်၊ ပိုက်ဆံရတာနဲ့ ငါတို့တွေ ချက်ချင်းစတင်မယ်”

ထန်ရှုက ချီနန်ဘက်သို့ လှည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ရှောင်ရွှယ်ကို ချက်ချင်း ဖုန်းခေါ်ပြီး သူမကို ဒီအဖွဲ့အစည်းရဲ့အကောင့်ထဲကို ဒေါ်လာငါးဘီလီယံလွှဲပေးဖို့ ပြောလိုက်”

“ဒါပေမယ့် သူဌေး…”ချီနန်က တုံ့ဆိုင်းလျက် ပြန်ပြောသည်။

“ငါ ပြောသလို လုပ်”ထန်ရှုက ခပ်ပြတ်ပြတ်ပြော၏။

“နားလည်ပါပြီ…”ချီနန်က ခေါင်းညိတ်လိုက်သည်၊ မြင့်မြတ်မီးလျှံအဖွဲ့၏အကောင့်ကို မေးပြီးနောက် သူမက ချက်ချင်းထွက်ခွာသွား၏။

Clearwater Encode တွင်။

ထန်ဂိုဏ်းသားဆယ်ယောက်ကျော်က ခြံဝင်းထဲတွင် တင်ပျဉ်ခွေကာ ထိုင်နေကြသည်၊ ထန်ရှုက ကျောက်တုံးစင်မြင့်တစ်ခုပေါ်တွင် တပ်ပျဉ်ခွေထိုင်ရင်း အဆက်မပြတ်လာနေသောပုံရိပ်များအား တိတ်တဆိတ်လေ့လာနေ၏။ သူတို့ထဲတွင် အာဖရိကသား၊ ဉရောပသားများနှင့် အာရှသားများ ပါဝင်သည်။

“ဒီကောင်တွေက ဘယ်သူလဲ၊ ကာရင်း”

ဧရာမခန္ဓာကိုယ်တည်ဆောက်ပုံနှင့် ထိပ်ပြောင်လူကြီးတစ်ယောက်က ကျွမ်းကျင်သူဆယ်ယောက်ကျော်ကို ဉီးဆောင်လျက် ထွက်ပေါ်လာ၏။ သူက အထင်သေးသောအကြည့်နှင့် မေးလိုက်၏။

“သူတို့က ငါတို့ရဲ့အလုပ်ရှင်တွေပါ၊ ဆရာအက်လက်”

ဆရာအက်လက်က ပြန်ပြောသည် “မစ်ရှင်နှစ်ခုအတွက် ဌာနချုပ်က ဒေါ်လာငါးဘီလီယံကို လက်ခံရရှိပြီးပြီ။ ပထမတစ်ခုက နဝဂံကို သွားပြီး ချန်ကျီကျုံးကို ကယ်ဆယ်ဖို့ပဲ။ ဒါပေမယ့် ဒုတိယတစ်ခုက ဘာလဲ”

“ဒုတိယတစ်ခုနဲ့ ပတ်သက်ပြီး ငါ မသိဘူး”ကာရင်က ခေါင်းခါယမ်းလိုက်၏ “ဒါပေမယ့် သူတို့က စရံပေးထားပြီးပြီပဲ။ ဆရာအက်လက်၊ ဘာမစ်ရှင်ပြီးပဲဖြစ်ဖြစ် ငါတို့အားလုံးက အဆင့်ကိုးမြင့်မြတ်မီးလျှံမစ်ရှင်ကို အောင်မြင်အောင် အစွမ်းကုန်အားထုတ်ရမှာပဲ”

လူကြီး၏အမူအရာက ပြောင်းလဲသွားပြီး သူက ခြံဝင်းထဲတွင် တင်ပျဉ်ခွေထိုင်နေသောထန်ဂိုဏ်းသားများအား လေ့လာလိုက်သည်။ ထို့နောက် သူ့မျက်လုံးများက ထန်ရှုအပေါ် ကျရောက်သွားကာ လက်သီးဆုပ်လိုက်၏ “မင်းက အလုပ်ရှင်လား”

ထန်ရှုက လူကြီးအရှေ့သို့ ပျံသန်းလာသည်။ ထို့နောက် သူက သူ့အား ခေါင်းညိတ်ကာ ပြောလိုက်၏ “ကျုပ်ပဲ။ ခင်ဗျားရဲ့မြင့်မြတ်မီးလျှံအဖွဲ့ရဲ့အဖွဲ့ဝင်တွေက ဘယ်အချိန်ကျမှ ရောက်ရှိလာမှာလဲ။ တစ်မိနစ်အချိန်ဖြုန်းတာက ချန်ကျီကျုံးအတွက် အန္တရာယ်ပိုများတယ်ဆိုတာ ခင်ဗျား သိတယ်မလား”

“နာရီဝက်။ နောက်နာရီအတွင်း ငါတို့ ထွက်ကြမယ်”လူကြီးက အနည်းငယ်ရိုသေလေးစားဟန်ရှိသည်၊ ဒေါ်လာဆယ်ဘီလီယံကို ပေးနိုင်သော လူတစ်ယောက်က အလွန်ကြောက်စရာကောင်းသောအထောက်အထားတစ်ခုရှိမည်ကို သူက ကောင်းကောင်းသိသောကြောင့်ပင်။

ထန်ရှုက တစ်ချက်စဉ်းစားပြီးနောက် ထပ်မေးလိုက်၏ “ကျုပ်ကို ဖြေပါ။ ချန်ကျီကျုံးရှိတဲ့နေရာကို ခင်ဗျားတို့ ဘယ်လိုလုပ်သိတာလဲ၊ သူ့ကို ဘယ်လိုလုပ်ပြီး ဖမ်းခဲ့တာလဲ”

“ငါတို့က သူ့ရဲ့သွေးတစ်စက်ကို အသုံးပြုခဲ့တယ်”လူကြီးက ပြော၏ “သွေးတစ်စက်က ပစိဖိတ်သမုဒ္ဒရာထဲက အဲဒီစွန့်ပစ်ကျွန်းကို လမ်းညွှန်ပေးခဲ့တာပဲ၊ ပြီးနောက် ငါတို့တွေ သူ့ကို အဲမှာ ရှာတွေ့ခဲ့တယ်”

ထန်ရှုက မျက်မှောင်ကြုတ်ကာ ထပ်မေး၏ “ခင်ဗျားတို့က သူ့ရဲ့သွေးကို ဘယ်နေရာက ရခဲ့တာလဲ”

“အဲဒါကို နဝဂံခံတပ်သခင်က ပေးတာ”လူကြီးက ပြော၏။

ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ချန်ကျီကျုံးက တစ်ခါ ဖမ်းဆီးခြင်း ခံခဲ့ရပြီး သူ့ပေါ်တွင် ချိတ်ပိတ်တစ်ခု ဖော်ထုတ်ခဲ့သည်ကို ထန်ရှုက သိ၏။ ချန်ကျီကျုံး၏မှတ်ဉာဏ်က ဝေဝါးသွားရုံသာမက သူ့ကျင့်ကြံခြင်းပင် ယခင်ခွန်အား၏တစ်ရာခိုင်နှုန်းအောက်သို့ လျော့ကျသွားခဲ့သည်။ ပထမတော့ လက်သည်တရားခံအး ရှင်းပစ်ပြီးပြီဟု သူက တွေးခဲ့သည်။ ယခုမှ နောက်ထပ်တရားခံက ထွက်ပေါ်လာပုံပင်။

နာရီဝက်ကြာပြီးနောက်။

မြင့်မြတ်မီးလျှံအဖွဲ့မှ ကျွမ်းကျင်သူနှစ်ရာကျော်က ရောက်ရှိလာသည်။ ထန်ရှုက ထိုလူများအား လေ့လာကြည့်လိုက်သည်၊ သူတို့၏အလုံးစုံခွန်အားက မပြောင်မြောက်လှပေ။ သူတို့ထဲတွင် အသန်မာဆုံးကသာ ရွှေအမြုတေအဆင့်နှင့် ညီမျှပြီး အများဆုဲးက အခြေတည်အုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့်သာ ယှဉ်နိုင်သည်၊ လက်တစ်ဆုပ်စာလောက်က ချီသန့်စင်ခြင်းအဆင့်တွင် ရှိသည်။

ဆိပ်ကမ်းတွင်။

ဇိမ်ခံသင်္ဘောတစ်စီးက ဆိုက်ကပ်ထားသည်၊ တောင့်တင်းသန်မာသောလူတစ်ဖွဲ့က ပစ္စည်းများအား ကုန်းပတ်ပေါ်သို့ တင်နေ၏၊ ခရီးသည်များကဲ့သို့ဝတ်စားထားသောလူများက သင်္ဘာပေါ်သို့ တဖြည်းဖြည်း တက်နေကြ၏။

“အခုပဲ လှုပ်ရှားကြတော့…”

ထန်ရှုက အမိန့်ပေးလိုက်သည်။ မြင့်မြတ်မီးလျှံအဖွဲ့နှင့်ထန်ဂိုဏ်းမှကျွမ်းကျင်သူများက ဇိမ်ခံသင်္ဘောပေါ်သို့ ပြေးတက်လာကြသည်။ ပုံရိပ်များစွာက ရေထဲမှ ထွက်ကာ သင်္ဘောပေါ်သို့ တိတ်တဆိတ်တက်သွားကြပြီးနောက် အခန်းငယ်ထဲသို့ ပျောက်ကွယ်သွားခဲ့၏။

ဖရိုဖရဲရှုပ်ထွေးသောအနေအထားက အစပြုလာခဲ့သည်။

နာရီဝက်ကြာပြီးနောက် သင်္ဘောပေါ်သို့ တက်လာသော ခရီးသည်များက ကုန်းပတ်ပေါ်တွင် စုဝေးလာကြပြီး သင်္ဘောပေါ်ရှိ နဝဂံခံတပ်မှ ပင်လယ်ဓားပြအများစုအား သတ်ဖြတ်ခဲ့ပြီးပြီဖြစ်သည်။ ကျန်ရှိနေသူများကိုမူ ကြိုးတုပ်ကာ ခန်းမတစ်ခုထဲ၌ ဖမ်းချုပ်ထား၏။

“ဒီခရီးသည်တွေက တကယ်ပဲ ပင်လယ်ဓားပြသင်္ဘောနဲ့ ခရီးသွားကြမှာလား”

ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသော ခရီးသည်ရာချီအား ကြည့်ရင်း ထန်ရှုက ထူးဆန်းသောအမူအရာနှင့် မေးလိုက်သည်။

“စိုင်းဖန်က ခရီးသွားအေဂျင်စီတစ်ခုနဲ့ ပတ်သက်ပြီး ငါ မေးမြန်းစုံစမ်းခဲ့တယ်၊ ဒီကုမ္ပဏီကို နဝဂံခံတပ်ရဲ့ပင်လယ်ဓားပြတွေက ပိုင်ဆိုင်မယ်လို့ ငါ သံသယရှိတယ်”ချီနန်က ပြောလိုက်သည်။

ထန်ရှုက မရယ်ဘဲ မနေနိုင်ကာ ပြောလိုက်သည် “ဒီနဝဂံခံတပ်ခေါင်းဆောင်ကို ငါ တကယ် လေးစားမိလာပြီ။ သူတို့က ခရီးသည်တွေကို ဒီလောက်ပွင့်ပွင့်လင်းလင်း လုယက်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ခံတပ်ကို ရောက်တာနဲ့ ဒီခရီးသည်တွေက သေချာပေါက် အဖြစ်ဆိုးနဲ့ အဆုံးသတ်ရလိမ့်မယ်”

“ဒါက တကယ်ကို အရမ်းပြောင်မြောက်တဲ့အကြံအစည်တစ်ခုပဲ”ချီနန်က ပြန်ဖြေ၏

“အမှန်ပဲ”ထန်ရှုက ပြောလိုက်သည်။

များမကြာမီ သင်္ဘောကတ်ပတိန်အား ထန်ရှုထံ ခေါ်လာပြီး ဒူးထောက်ခိုင်းလိုက်သည်။ ထိုလူက ထန်ရှုအား သတ်ဖြတ်လိုစိတ်နှင့် စိုက်ကြည့်ကာ အော်ပြော၏ “နဝဂံခံတပ်ရဲ့အဖွဲ့ဝင်တွေကို သတ်ရဲတယ်ဆိုတော့ မင်းတို့က သေမင်းကို ရှာနေတာပဲ။ နဝဂံခံတပ်က ဓားပြစခန်းတစ်ခုဆိုပေမယ့် ငါတို့ရဲ့ခွန်အားက မင်းတို့စိတ်ကူးနိုင်တာထက် ကျော်လွန်တယ်”

“ဒီနဝဂံခံတပ်ရဲ့အဖွဲ့ဝင်တွေက တကယ်ကို ပြောင်မြောက်တယ်၊ သူဌေး။ သူတို့ထဲကအချို့က လေ့ကျင့်သူတွေပဲ”ချီနန်က ပြော၏ “ဒီလေ့ကျင့်သူတွေက အရမ်းမသန်မာဘူး၊ သူတို့က အရံအဖွဲ့ဝင်တွေလောက်ပဲ၊ အရေးပါတဲ့သူတွေကတော့ ခံတပ်ကနေ ထွက်ခွာတာ ရှားတယ်”

“သူတို့က ပိုအားကောင်းလေ၊ ငါ ပေးရတဲ့ပိုက်ဆံက ပိုတန်လေလေပေါ့”ထန်ရှုက ပြုံးဖြဲဖြဲနှင့် နှာခေါင်းရှုံ့လိုက်သည်။

All Chapters