အခန်း (၄၂၃)
Vol. 31 Ch. 423
ဤတစ်ကြိမ်တွင် ခရမ်းရောင်ကျားသစ်ကလန်က ကောင်းကင်လမ်းလျှောက်သူများကိုအသုံးချ၍ လောကတွင်ရှိသောကျွမ်းကျင်သူများကို စုစည်းခဲ့သည်။ သူတို့က ကျားဖြူကလန်ကို မဖျက်ဆီးနိုင်လျှင်ပင် အပြင်းအထန်ထိခိုက်သွားအောင် လုပ်နိုင်ပါက နောက်ထပ် နှစ်တစ်ထောင်အတွင်း၌ သူတို့နှင့်ယှဉ်ပြိုင်နိုင်မည့် အင်အားစုတစ်ခု လျော့နည်းသွားလိမ့်မည်။
တခြားကလန်များကိုဖျက်ဆီးပြီး လောကတစ်ခုလုံးကို အုပ်စိုးနိုင်လျှင် ကောင်းကင်တာအိုစွမ်းအားကိုအသုံးပြု၍ ဤကမ္ဘာ၏ပိုင်ရှင် ဖြစ်လာနိုင်သည်ဟု ဒဏ္ဍာရီစကားရှိသည်။
တစ်နည်းပြောရလျှင် မိစ္ဆာတစ်သောင်းတံဆိပ်၏ ပိုင်ရှင်ဖြစ်လာလိမ့်မည်။
မိစ္ဆာတစ်သောင်းတံဆိပ်၏လျှို့ဝှက်ချက်ကို ကလန်ကြီးများသာ သိထားခဲ့သည်။
မိစ္ဆာတစ်သောင်းတံဆိပ်သည် ပျက်စီးခြင်းစကြဝဠာ၏ဂုဏ်ကျက်သရေကို ပြန်လည်ယူဆောင်ပေးနိုင်မည့် ရတနာဖြစ်သည်။
ဘိုးဘေးများ၏စွမ်းအားကို ရရှိပြီး ကပ်ဘေးများကိုကျော်ဖြတ်၍ ရှေးခေတ်နတ်ဘုရားသားရဲ ဖြစ်လာမည်။
ထိုရတနာမျိုးကို ငြင်းပယ်မည့်လူမရှိပေ။
“ကောင်းပြီ။ အရင်ဆုံး စစ်ချီမယ်”
ယန်းယန်၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ သူက တီးတိုးအော်ဟစ်သည်။
“ဒီတစ်ကြိမ်မှာ ငါတို့က ကျားဖြူကလန်ရဲ့ ရှေးခေတ်သွေးမျိုးဆက်ကို အပိုင်သိမ်းပြီး ခရမ်းရောင်ကျားသစ်ကလန်ရဲ့သွေးမျိုးဆက်နဲ့ ပေါင်းစပ်နိုင်ရမယ်”
ခရမ်းရောင်ကျားသစ်ကလန်သည် ပျက်စီးခြင်းစကြဝဠာမှဖြစ်သော်လည်း ရှေးခေတ်နတ်ဘုရားသားရဲ မဟုတ်ပေ။
ကျားဖြူကလန်သည် ရှေးခတ်နတ်ဘုရားသားရဲ၏ အစစ်အမှန်သွေးမျိုးဆက် ဖြစ်သည်။
ရှေးခေတ်သားရဲ၏သွေးမျိုးဆက်နှင့် ပေါင်းစပ်နိုင်လျှင် ခရမ်းရောင်ကျားသစ်ကလန်၏ သွေးမျိုးဆက်စွမ်းအား မြင့်တက်လာပြီး လျှို့ဝှက်နယ်မြေ၏ ထိပ်တန်းကလန်တစ်ခု ဖြစ်လာလိမ့်မည်။
ကောင်းကင်လမ်းလျှောက်သူများသည် လျှို့ဝှက်နယ်မြေတွင် ကြာမြင့်စွာရှိနေမည်မဟုတ်ပေ။ အဆုံးတွင် သူတို့ကလန်များကသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
“ဝီ”
မရေမတွက်နိုင်သော မိစ္ဆာစွမ်းအင်အလင်းများ ပေါ်ထွက်လာပြီး ကောင်းကင်ပေါ်တွင် တိမ်တိုက်များလှုပ်ရှားသွားသည်။ ကလန်၏စစ်တပ်သည် ထွက်ခွာလာခဲ့သည်။
ယဇ်ပလ္လင်တွင်ရှိသော သွေးမျိုးဆက်စွမ်းအားသည် ခရမ်းရောင်ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ယန်းယန်၏နောက်မှ လိုက်လာသည်။
သွေးမျိုးဆက်စွမ်းအား၏ အသွင်ပြောင်းပုံရိပ်သည် ယန်းယန်၏တိုက်ခိုက်နိုင်စွမ်းကို အဆပေါင်းများစွာ တိုးတက်လာစေသည်။
ကလန်၏ အသန်မာဆုံးကျွမ်းကျင်သူနှင့် သွေးမျိုးဆက်စွမ်းအားပေါင်းစပ်ခြင်းသည် အလုံခြုံဆုံးနည်းလမ်းတစ်ခု ဖြစ်သည်။
ယန်းယန်က စစ်တပ်ကို တောင်ဘက်သို့ ဦးဆောင်သွားခဲ့သည်။ ယန်းဟမ်သည် ခရမ်းရောင်ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲပြီး အသက်တစ်ခါရှူကြိမ်အတွင်း၌ မိုင်တစ်ရာခရီးသွား၍ လျင်မြန်စွာခရီးနှင်နေသည်။
ခဏအကြာတွင် သူက ပင်းယန်ကလန်သို့ ရောက်လာသည်။
သို့သော် သူက ချက်ချင်းရပ်တန့်လိုက်သည်။
ကလန်တစ်ခုလုံးသည် ထူးဆန်းစွာတိတ်ဆိတ်နေသည်။
ကလန်တွင်ရှိသော ခရမ်းရောင်ကျားသစ်မိစ္ဆာများအားလုံးသည် ဂရုမစိုက်သောမျက်နှာထားဖြင့် ရှိနေသည်။ သူတို့က ရောက်ရှိလာသောယန်းဟမ်ကို သတိမထားမိပုံပေါ်သည်။
“ဝိညာဉ်ပျောက်ဆုံးနည်းစနစ်လား” ယန်းဟမ်၏မျက်နှာထားသည် လေးနက်နေပြီး မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်လာသည်။
“ဒီလိုနည်းစနစ်မျိုးကို ပိုင်ဆိုင်ထားတဲ့ကလန်က ....”
“ကောင်းကင်မြေခွေးပဲ ....”
ယန်းဟမ်က ရုတ်တရက် နောက်သို့လှည့်ကြည့်သောအခါတွင် အစိမ်းရောင်ဝတ်စုံနှင့် အလွန်လှပသောမိန်းမပျိုတစ်ယောက်ကို မြင်ရသည်။
သို့သော် သူ့အမြင်တွင် ထိုမိန်းကလေးသည် အလွန်အန္တရာယ်များသည်။
သူသတိမထားမိဘဲ သူ့နောက်တွင် ပေသုံးဆယ်အကွာ၌ ပေါ်လာနိုင်သောလူများ သိပ်မရှိပေ။
ပိုင်ဝူဟန်က ဖြည်းဖြည်းချင်းပြုံးလိုက်ပြီး ပြောသည်။ “အကြီးအကဲယန်းဟမ်အတွက် ဒီမျိုးဆက်သစ်လေးက လက်ဆောင်ကြီးတစ်ခု ပြင်ထားပါတယ်”
‘လက်ဆောင်ကြီးတစ်ခုလား’
သူမ စကားပြောပြီးသောအခါတွင် ပင်းယန်ကလန်မှ ပုံရိပ်များပျံထွက်လာသည်။
ဓားအလင်းသည် ဘီးလုံးတစ်ခုသဖွယ် လည်ပတ်လာပြီး ခုတ်ချသည်။
အစိမ်းရောင်မြေခွေးကလန်၏ ကျွမ်းကျင်သူများ ဖြစ်သည်။
ယန်းဟမ်က အေးစက်စွာနှာမှုတ်သည်။ သူက လက်မြှောက်လိုက်ပြီး ခါယမ်းလိုက်သောအခါတွင် ထိုပုံရိပ်များ တစ်ပိုင်းတစ်စစီဖြစ်သွားသည်။
ဝိညာဉ်သူငယ် သတ္တမအဆင့်ထိပ်ဆုံးတွင်ရှိသော ကျွမ်းကျင်သူတစ်ယောက်အတွက် ထိုတိုက်ခိုက်မှုမျိုးကို ဂရုစိုက်ရန်မလိုအပ်ပေ။
ယန်းဟမ်က ထိုပုံရိပ်များကို ရိုက်ချလိုက်သောအခါတွင် ဒေါသထွက်သွားသည်။
ထိုလူများသည် အစိမ်းရောင်မြေခွေးကလန်မှမဟုတ်ဘဲ ခရမ်းရောင်ကျားသစ်ကလန်မှ ဖြစ်နေသည်။
ထိုအရာသည် ကောင်းကင်မြေခွေး၏ လှည့်စားခြင်းအတတ်ဖြစ်သည်။ သူကိုယ်တိုင်ပင် မခွဲခြားနိုင်ပေ။
“ကောင်းကင်မြေခွေးရဲ့ လှည့်စားခြင်းစွမ်းအားက ဒီလူအိုကြီးကိုတောင် လိမ်ညာနိုင်တယ်လား”
ယန်းဟမ်က သတ်ဖြတ်လိုစိတ်များပြည့်နေသောမျက်လုံးဖြင့် ပိုင်ဝူဟန်ကို လှည့်ကြည့်သည်။
“လျှို့ဝှက်နယ်မြေမှာ ကောင်းကင်မြေခွေးသွေးမျိုးဆက်တွေ သိပ်မရှိဘူး။ ကလန်တွေအားလုံးက အများအပြားသတ်ဖြတ်တာကို မလုပ်ချင်ဘူး။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ခရမ်းရောင်ကျားသစ်ကလန်ကို ရန်စမယ်ဆိုရင် မင်းကိုဖမ်းပြီး သွေးမျိုးဆက်ကို နုတ်ယူပစ်မယ်”
သူက စကားပြောလိုက်ပြီး ခန္ဓာကိုယ်ပေါ်တွင် မိစ္ဆာစွမ်းအင်များသည် တိမ်တိုက်အဖြစ် ပြောင်းလဲသွားသည်။ မိစ္ဆာစွမ်းအင်အလင်းသည် ကုန်းမြေနှင့်တောင်တန်းများကို အလင်းပေးခဲ့သည်။
ကောင်းကင်မြေခွေးသွေးမျိုးဆက်သည် သန်မာသော်လည်း တိုက်ခိုက်နိုင်စွမ်း သိပ်မရှိပေ။
သူ့ရှေ့တွင်ရှိသော ကောင်းကင်မြေခွေးသည် ဝိညာဉ်သူငယ်ကျင့်ကြံသူအုပ်စုကို ညှို့ယူထားပြီး သူ့ကိုသတ်ဖြတ်ရန်အတွက် အစွမ်းကုန်ကြိုးစားလာခဲ့လျှင် အနည်းငယ်စိုးရိမ်မိလိမ့်မည်။
သို့သော် ကောင်းကင်မြေခွေးသည် တစ်ဦးတည်းလာခဲ့သည်။ သူက ကြောက်ရွံ့နေရန် မလိုအပ်ပေ။
ယန်းဟမ်၏အရှိန်အဝါသည် တောင်ပြိုကျလာသကဲ့သို့ ကျဆင်းလာသည်။
ပိုင်ဝူဟန်က မျက်နှာထားပြောင်းလဲမသွားပေ။ သူမက လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် အစိမ်းရောင်မြေခွေးကျွမ်းကျင်သူများသည် နဂါးတစ်ကောင်အဖြစ်ပြောင်းလဲသွားပြီး ယန်းဟမ်ကို ရစ်ပတ်လိုက်သည်။
အစိမ်းရောင်မြေခွေးကျွမ်းကျင်သူများသည် အချိန်ကြာမြင့်စွာ ပုန်းအောင်းနေခဲ့သည်။
“ဓားဝင်္ကပါလား”
ယန်းဟမ်၏မျက်နှာထားက ပြောင်းလဲသွားခဲ့သည်။
‘မိစ္ဆာတွေက လူသားတွေလိုမျိုး ဒီလိုလှည့်ကွက်တွေကို ဘယ်လိုလုပ်ပြီး သုံးနေတာလဲ’
သူတွေးမိသည်။
မိစ္ဆာများအားလုံးသည် သွေးမျိုးဆက်စွမ်းအားကိုသာ မှီခိုကြသည်။
လူသားများကသာ ဓားနည်းစနစ်နှင့် ရှုပ်ထွေးသောမန္တန်များကို လေ့လာကြသည်။
အစိမ်းရောင်မြေခွေးများအတွက် ထိုဓားဝင်္ကပါကိုနားလည်နိုင်ရန် အလွန်အချိန်ကြာလိမ့်မည်။
လျှို့ဝှက်နယ်မြေတွင် ထိုနည်းစနစ်မျိုးအားတတ်ကျွမ်းထားသော ကလန်တစ်ခုရှိနေလျှင် သူက သေချာပေါက် ကြားဖူးလိမ့်မည်။
“သွေးမျိုးဆက်စွမ်းအားကို ပြောင်းလဲလိုက်တာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ယန်းဟမ်က တတိယအကြိမ်မြောက်အဖြစ် အံ့အားသင့်သွားခဲ့သည်။
သွေးမျိုးဆက်စွမ်းအားကို ပြောင်းလဲရန်အတွက် မည်သည့်စွမ်းအားမျိုးကို လိုအပ်မည်နည်း။
ကောင်ကင်လမ်းလျှောက်သူများတွင် ထိုကျွမ်းကျင်သူမျိုး မရှိနိုင်ပေ။
‘ကောင်းကင်မြေခွေးကလန်ရဲ့ ဘိုးဘေးက အိပ်စက်နေရာကနေ နိုးထလာတာလား’
‘ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအားကို ထိန်းသိမ်းနိုင်ဖို့အတွက် ဘိုးဘေးတွေအားလုံးက အိပ်စက်နေကြတာမဟုတ်ဘူးလား’
သူ့မှာ မေးခွန်းများရှိနေသည်။ သို့သော် အစိမ်းရောင်မြေခွေးကလန်၏ ဓားဝင်္ကပါသည် အလွန်အားကောင်းသည်။
ဓားကျင့်ကြံသူသုံးသောင်းသည် ဝင်္ကပါတစ်ခုအဖြစ် ဖွဲ့စည်းထားသည်။ ဓားအလင်းသည် လောကကိုဖျက်ဆီးနိုင်သော နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
မိုင်တစ်သောင်းပတ်လည်တွင် တိမ်တိုက်များလှုပ်ရှားလာသည်။
ဝိညာဉ်သူငယ်သတ္တမအဆင့်တွင်ရှိသော မဟာမိစ္ဆာသည် ရွေးချယ်စရာမရှိဘဲ ဓားဝင်္ကပါကို အစွမ်းကုန်သုံး၍ ရင်ဆိုင်နေရသည်။
ဓားအလင်းသည် ယန်းဟမ်၏ရှေ့တွင်ရှိသော မိစ္ဆာအလင်းနှင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်သွားသည်။
မိုင်ထောင်ချီအကွာတွင် ခရမ်းရောင်ကျားသစ်စစ်တပ်၏ရှေ့တွင် ယန်းယန်က နောက်သို့လှည့်ကြည့်လိုက်ပြီး မျက်နှာထားဖြူဖျော့သွားသည်။
“ကောင်းတယ်။ ကောင်းတယ်။ ငါတို့ခရမ်းရောင်ကျားသစ်ကလန်ရဲ့ မဟာအကြီးအကဲကို ဝိုင်းပြီးသတ်ချင်တယ်ပေါ့လေ”
သူက ဝိညာဉ်သူငယ်နဝမအဆင့်တွင် ရှိသည်။ သူ့ဝိညာဉ်စွမ်းအားသည် အလွန်သန်မာပြီး မိုင်ထောင်ချီအကွာတွင်ဖြစ်နေသောအရာကို လွယ်ကူစွာအာရုံခံနိုင်သည်။
ဓားကျင့်ကြံသူသုံးသောင်းက အစွမ်းကုန်ထုတ်သုံးပြီး မဟာအကြီးအကဲကို သတ်ဖြတ်နေသည်။
ဓားအလင်းနဂါး၏တိုက်ခိုက်မှုအောက်တွင် ယန်းဟမ်သည် ရွေးချယ်စရာမရှိဘဲ အစွမ်းကုန်ကြိုးစား၍ ခုခံနေရသည်။
လူသားများတွင် သွေးမျိုးဆက်စွမ်းအားမရှိသောကြောင့် တစ်ယောက်တည်းဆိုလျှင် အားနည်းသည်။
သို့သော် သင့်တော်စွာအသုံးချလျှင် လူသားမျိုးနွယ်၏နည်းစနစ်များသည် အလွန်ထိရောက်သည်။
ဓားဝင်္ကပါမရှိလျှင် ယန်းဟမ်သည် အစိမ်းရောင်မြေခွေးသုံးသောင်းကို လွယ်ကူစွာသတ်ဖြတ်နိုင်သည်။
သိုသော် ယခုအချိန်တွင် ဓားဝင်္ကပါ၏အကူအညီကြောင့် ဝိညာဉ်သူငယ်တတိယအဆင့်ဦးဆောင်ထားသော မြေခွေးမိစ္ဆာသုံးသောင်းသည် ဝိညာဉ်သူငယ်သတ္တမအဆင့်ကျွမ်းကျင်သူကို ဖိနှိပ်ပြီး ဖြည်းဖြည်းချင်း သတ်ဖြတ်နေသည်။
“နောက်ကွယ်ကနေ အကြံအစည်တွေပဲလုပ်ရဲတဲ့ မြေခွေးကလန်၊ ငါတို့ခရမ်းရောင်ကျားသစ်ကလန်က ကျားဖြူကလန်ကို အနိုင်ယူပြီးရင် လျှို့ဝှက်နယ်မြေမှာ မင်းတို့အတွက် နေစရာမရှိစေရဘူး”
ယန်းဟမ်က အော်ဟစ်လိုက်ပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။
သူ့အသံသည် မိုင်ထောင်ချီအထိ ပျံ့နှံ့သွားပြီး လောကကို တုန်လှုပ်စေသည်။
ဓားဝင်္ကပါ၏ရှေ့တွင်ရှိနေသော ပိုင်ဝူဟန်သည် ကြောက်ရွံ့မသွားပေ။ သူမက အသာအယာပြုံးသည်။
“ကျန်တာကတော့ အစ်ကိုဟန်အပေါ်မှာပဲ မူတည်တယ်”
သူမက မျှော်လင့်နေသောမျက်လုံးများဖြင့် နောက်သို့လှည့်ကြည့်သည်။
သူမ၏ ကောင်းကင်မြေခွေးစွမ်းအားနှင့် အစိမ်းရောင်မြေခွေးသုံးသောင်း၏ ဓားဝင်္ကပါပေါင်းစပ်လိုက်လျှင် ဝိညာဉ်သူငယ်သတ္တမအဆင့်ကျွမ်းကျင်သူကို သတ်ဖြတ်နိုင်သည်။
‘အစ်ကိုဟန်က ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူနဲ့ ဘယ်လိုရင်ဆိုင်မလဲမသိဘူး’
ယန်းယန် ပေါ်လာသည်။
ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူသည် ခဏအတွင်းရောက်လာသည်။
သူက ခရမ်းရောင်ကျားသစ်များ၏ ပင်းယန်ကလန်တွင် ရပ်တန့်လိုက်သည်။
သူ့ရှေ့တွင် ဓားရှည်တစ်လက်ကိုင်ထားသော ဟန်မူယဲ့ရှိသည်။ ဟန်မူယဲ့၏နောက်တွင် အမြီးများယိမ်းနွဲ့နေသော ရှန်စန်းရှိသည်။
“လူသား၊ ကြောင်မြီးတို”
ယန်းယန်က အထင်သေးသောမျက်နှာထားဖြင့် လက်ကိုဝှေ့ယမ်းသည်။
သူ့အမြင်တွင် ဟန်မူယဲ့နှင့်ရှန်စန်းတို့သည် ပိုးကောင်လေးများသာဖြစ်သည်။
ဟန်မူယဲ့၏ကျင့်ကြံခြင်းသည် ကမ္ဘာမြေအဆင့်တွင်သာ ရှိသည်။ ရှန်စန်း၏သွေးမျိုးဆက်သည် အလွန်နိမ့်ကျသည်။
‘ငပျော့လေးတွေ’
သို့သော် ထိုငပျော့များသည် သူ့လမ်းကို ပိတ်ထားရဲသည်။ သူက သူတို့ကို ချက်ချင်းဖျက်ဆီးပစ်ရမည်။
မိစ္ဆာချီအလင်းသည် မရေမတွက်နိုင်သောဓားသွားများအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့နှင့် ရှန်စန်းတို့ရှိနေသောနေရာကို လွှမ်းခြုံလိုက်သည်။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအား ဆင်းသက်လာပြီး ကောင်းကင်အဆင့်စွမ်းအားကို ထုတ်ဖော်သည်။
ဓားသွားများသည် လေထုကို တဝီဝီမြည်လျက် ထိုးခွဲသွားပြီး လူတစ်ယောက်၏ဝိညာဉ်ကို ဖြတ်တောက်နိုင်ပုံပေါ်သည်။
ဓားသွားများသည် လေထုကို တစ်ပိုင်းတစ်စစီဖြစ်သည်အထိ ပိုင်းဖြတ်ခဲ့သည်။
ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူ၏နည်းစနစ်သည် သာမန်ဖြစ်ပုံပေါ်သော်လည်း ရှောင်တိမ်းနိုင်ရန် နည်းလမ်းမရှိပေ။
ကောင်းကင်နှင့်မြေကြီး၏စွမ်းအားသည် ဟန်မူယဲ့တို့ကို ချုပ်နှောင်ထားသည်။
ဟန်မူယဲ့က ထိပ်တိုက်ရင်ဆိုင်ရုံသာရှိသည်။
သူက ကမ္ဘာမြေအဆင့်စွမ်းအားကိုအသုံးပြုပြီး ဝိညာဉ်သူငယ်နဝမအဆင့်ကို ခုခံနေသည်။
လောကတွင် ထိုသို့လုပ်နိုင်သောလူ မရှိပေ။
ကမ္ဘာမြေအဆင့်တွင် အသန်မာဆုံးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားမည်ဆိုလျှင်ပင် ဝိညာဉ်သူငယ်နဝမအဆင့်ကို ခုခံနိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့ကလည်း မခုခံနိုင်ပေ။
ယန်းယန်သည် ဝိညာဉ်ကိုယ်ခွဲအဆင့်ဖြစ်ပြီး ကိုယ်ပွားနှင့်တိုက်ခိုက်လာလျှင် ဟန်မူယဲ့က ခုခံနိုင်လိမ့်မည်။
သို့သော် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ငှားယူပြီး ကွန်ဖြူးရှပ်တာအို၏စွမ်းအားဖြင့် ခုခံခြင်းဖြစ်သည်။
ယခုအချိန်တွင် ယန်းယန်က လူကိုယ်တိုင်ရောက်လာပြီး ဤလောက၏ ကောင်းကင်တာအိုစွမ်းအားကို အသက်သွင်းထားသည်။
ထက်မြိသောဓားသွားများဖြင့် လွှမ်းခြုံခံလိုက်ရသောအချိန်တွင် ဟန်မူယဲ့က ဓားကိုဆွဲထုတ်ရန်သာ တတ်နိုင်သည်။
သူက ယန်းယန်၏တိုက်ကွက်ကို မခုခံနိုင်လျှင် သေလိမ့်မည်။
လျှို့ဝှက်နယ်မြေတွင် ကျွမ်းကျင်သူအများအပြားရှိနေသောကြောင့် ကောင်းကင်လမ်းလျှောက်သူများ တိုးတက်လာနိုင်ရန် ခက်ခဲသည်။
သူက ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူကို မည်သို့တိုက်ခိုက်နိုင်မည်နည်း။
ကောင်းကင်တွင်ပြည့်နေသော ဓားသွားများကိုကြည့်လိုက်ပြီး ဟန်မူယဲ့၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်လာသည်။
ကမ္ဘာမြေအဆင့်စွမ်းအားဖြင့် ဝိညာဉ်သူငယ်နဝမအဆင့်ကို ရင်ဆိုင်မည်။
ဟန်မူယဲ့၏ဘေးတွင်ရှိသော ရှန်စန်းသည် တုန်ခါနေသော်လည်း ဟန်မူယဲ့က တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နေသည်။