← Chapters

အခန်း (၄၂၄)

Vol. 31 Ch. 424

အခန်း (၄၂၄)

Vol. 31 Ch. 424

စိတ်နယ်ပယ်ထဲတွင်ရှိသော ဝိညာဉ်လိပ်ပြာဓား၊ ချီပင်လယ်တွင်ရှိသော ဓားဆန္ဒဓားရှည်နှင့် ဒန်ထျန်တွင်ရှိသော ကြယ်ဝိညာဉ်ပုလဲတို့ ပေါင်းစပ်သွားပြီး ဓားဆေးလုံးဆယ်လုံးကို အသက်သွင်းသည်။

ဓားဆေးလုံးများသည် ဓားချည်မျှင်များအဖြစ် ပြောင်းလဲသွားသည်။

ဝိညာဉ်လိပ်ပြာဓားနှင့် ဓားဆန္ဒဓားရှည်သည် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို ခုခံနေသည်။

ကြယ်ဝိညာဉ်ပုလဲသည် ဝိညာဉ်လိပ်ပြာဓားနှင့် ဓားဆန္ဒဓားကို စွမ်းအားများ အဆက်မပြတ် ထောက်ပံ့ပေးနေသည်။

ဟန်မူယဲ့၏ရှေ့တွင် ဓားချည်မျှင်များသည် ပိုက်ကွန်အဖြစ်အသွင်ပြောင်းပြီး ဓားသွားများအားလုံးကို တားဆီးလိုက်သည်။

ဟန်မူယဲ့သည် ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်မဆိုင်နိုင်သော်လည်း ဖြည်းဖြည်းချင်း ခုခံထားနိုင်သည်။

သူက အမှန်တကယ် ခုခံနိုင်ခဲ့သည်။

ယန်းယန်၏မျက်နှာထားက ထူးဆန်းသွားသည်။

ထိုငပျော့လေးသည် သူထင်ထားသည်ထက် သန်မာနေသည်။

သူက မျက်လုံးများမှေးကျဉ်းလိုက်ပြီး ရွှေခက်ရင်းခွကို မြှောက်သည်။

ဟန်မူယဲ့က ခုခံနိုင်လျှင် သူက ထပ်မံတိုက်ခိုက်ရုံသာရှိသည်။

သူ့နောက်တွင်ရှိသော ခရမ်းရောင်ကျားသစ်ပုံရိပ်က ရုတ်တရက်ဟိန်းဟောက်လိုက်ပြီး ပြေးထွက်သွားသည်။

“သွေးမျိုးဆက်စွမ်းအားကို ဝါးမြိုချင်တာလား”

ယန်းယန်၏မျက်နှာထားက ပြောင်းလဲသွားသည်။

သူတို့ကလန်၏ သွေးမျိုးဆက်စွမ်းအားသည် အမြီးလေးချောင်းကြောင်ကို စိတ်ဝင်စားနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ထိုသွေးမျိုးဆက်စွမ်းအားသည် အလွန်အဆင့်နိမ့်သည်။

ခရမ်းရောင်ကျားသစ်က ခုန်အုပ်သည်။ ရှန်စန်းက မခုခံဘဲ လက်သည်းချက်အနည်းငယ်ကြောင့် တစ်ပိုင်းတစ်စစီဖြစ်သွားသည်။

သူ၏ အစိမ်းရောင်ချီစွမ်းအင်အလင်းများသည် ပြန့်ကျဲသွားပြီး သွေးပုလဲအဖြစ် ပြောင်းလဲသွားသည်။ ခရမ်းရောင်ကျားသစ်က သွေးပုလဲကို မြိုချလိုက်သည်။

ယန်းယန်က ကျယ်လောင်စွာရယ်သည်။

“ပိုးကောင်လေး၊ မင်းက ငါတို့ကလန်ရဲ့သွေးမျိုးဆက်စွမ်းအားအတွက် စားစရာလာပေးတာပဲ”

ကျားဖြူကလန်၏သွေးမျိုးဆက်ကို မဝါးမြိုခင် အဆာပြေစားစရာဟု ယူဆနိုင်သည်။

ယန်းယန်က ခုခံနေသောဟန်မူယဲ့ကို ကြည့်လိုက်ပြီး မိုင်ထောင်ချီအကွာသို့ လှမ်းကြည့်သည်။

တစ်ဖက်တွင် ယန်းဟမ်က မလွတ်မြောက်နိုင်သေးသော်လည်း သိပ်မကြာခင် လွတ်မြောက်လာလိမ့်မည်။

ဝိညာဉ်သူငယ်သတ္တမအဆင့်၏စွမ်းအားကို ကောင်းကင်အဆင့်သို့မရောက်သေးသော အားနည်းသူများ သိနိုင်မည်မဟုတ်ပေ။

ဓားဝင်္ကပါသည် ယန်းဟမ်ကို မထိခိုက်နိုင်ပေ။

“ဘုန်း”

မိုင်ထောင်ချီအကွာတွင် ပေါက်ကွဲသံထွက်လာသည်။

ခရမ်းရောင်ကျားသစ်ကလန်၏ ကျွမ်းကျင်သူများသည် တားဆီးခံလိုက်ရသည်။

ယန်းယန်က ယန်းဟမ်ကိုကယ်တင်ရန်အတွက် ထွက်လာခဲ့သောအချိန်တွင် ခရမ်းရောင်ကျားသစ်ကလန်၏ ကျွမ်းကျင်သူအချို့ကလည်း နောက်မှလိုက်လာသည်။

ထိုကျွမ်းကျင်သူများထဲတွင် ကောင်းကင်အဆင့်မိစ္ဆာ ဆယ်ယောက်ပါသည်။

သူတို့ကို အသက်ကိုးခုကြောင် သုံးသောင်းခြောက်ထောင်က ဝင်္ကပါဖြင့် တားဆီးထားသည်။

သို့သော် ယန်းယန်၏အမြင်တွင် သူတို့သည် အချိန်ကြာမြင့်စွာ တောင့်ခံနိုင်မည်မဟုတ်ပေ။

ထိုအရာသည် သွေးမျိုးဆက်စွမ်းအား ကွာခြားမှုကြောင်ဖြစ်သည်။ ထို့ကြောင့် ခရမ်းရောင်ကျားသစ်ကလန်သည် ကျားဖြူကလန်၏သွေးမျိုးဆက်ကို အမြဲလိုချင်ခဲ့သည်။

သွေးမျိုးဆက်သန်မာလျှင် တိုက်ခိုက်နိုင်စွမ်းသန်မာသည်။

ကြောင်မြီးတိုနှင့် အစိမ်းရောင်မြေခွေးများသည် သွေးမျိုးဆက်အားနည်းသည်။ သူတို့က ခရမ်းရောင်ကျားသစ်ကလန်ကို ခုခံနိုင်မည်မဟုတ်ပေ။

ယနေ့တွင် သူတို့က သေလမ်းရှာနေခဲ့သည်။

“ငါက တကယ်သိချင်မိတယ်။ မင်းတို့အသေခံဖို့အတွက် ကျားဖြူကလန်က ဘယ်လိုဈေးမျိုးပေးခဲ့တာလဲ”

ယန်းယန်က လှောင်ပြောင်သည်။ သူက လက်မြှောက်ပြီး ဟန်မူယဲ့၏ခေါင်းကို ရိုက်ချသည်။

သူက ဟန်မူယဲ့၏ခန္ဓာကိုယ်ကို ဖျက်ဆီးပြီး ဝိညာဉ်ကိုဖမ်းဆီး၍ စစ်ဆေးချင်သည်။

ယခုအချိန်တွင် ဟန်မူယဲ့က အစွမ်းကုန်ထုတ်သုံး၍ ဓားသွားများကို ခုခံနေသည်။ ထိုလက်ဝါးချက်ကျဆင်းလာလျှင် သူက သေချာပေါက် သေသွားလိမ့်မည်။

ဟန်မူယဲ့က ကျဆင်းလာသောလက်ဝါးချက်ကို ကြည့်လိုက်ပြီး မျက်လုံးထဲတွင် အစိမ်းရောင်မီးတောက်များ ပေါ်လာသည်။

“ဝီ”

ရှန်စန်းကိုဝါးမြို၍ သွေးမျိုးဆက်စွမ်းအားပေါင်းစပ်မှုကို အာရုံခံနေသော ခရမ်းရောင်ကျားသစ်က တုန်ခါသွားသည်။

သူ့ဝိညာဉ်ပုံရိပ်သည် ဟန်မူယဲ့၏စိတ်နယ်ပယ်တွင် ချက်ချင်းပေါ်လာသည်။

ကျားသစ်က မတုံ့ပြန်နိုင်ဘဲ ဝိညာဉ်လိပ်ပြာဓားဖြင့် အခုတ်ခံလိုက်ရသည်။

ဓားတစ်ချက်ဖြင့် ဝိညာဉ်ပုံရိပ်သည် တစ်ပိုင်းတစ်စစီဖြစ်သွားသည်။

ဓားအလင်းသည် မရပ်တန့်ဘဲ ဆက်တိုက် အချက်တစ်ရာခုတ်ချသည်။

အပြင်ဘက်တွင်ရှိသော ခရမ်းရောင်ကျားသစ်၏ခန္ဓာကိုယ်သည် တုန်ခါသွားခဲ့သည်။ ကျားသစ်၏ကိုယ်ပေါ်တွင် အစိမ်းရောင်အလင်းများပေါ်လာပြီး နောက်တွင် အမြီးလေးချောင်းလွင့်မျောနေသည်။ ထို့အပြင် ခန္ဓာကိုယ်ပတ်ပတ်လည်တွင် ဓားအလင်းများရှိနေသည်။

ကျားသစ်သည် ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ဆီသို့ကျဆင်းလာသော လက်ဝါးချက်ကို ဝင်တိုက်သည်။

ထို့နောက် ကျားသစ်က အမြီးလေးချောင်းကိုဝှေ့ယမ်းလိုက်ပြီး ဟန်မူယဲ့အားဝိုင်းရံထားသော ဓားသွားများကို ဖယ်ထုတ်၍ မိစ္ဆာချီများအဖြစ် ပျောက်ကွယ်သွားစေသည်။

ထိုအပြောင်းအလဲသည် ချက်ချင်းဖြစ်သွားခဲ့သည်။

ဓားသွားများ ပျောက်ကွယ်သွားသောအခါတွင် ခရမ်းရောင်ကျားသစ်သည် ဟန်မူယဲ့၏ရှေ့တွင်ရပ်နေပြီး အနည်းငယ်နားမလည်နိုင်ဖြစ်နေသော ယန်းယန်ကို စိုက်ကြည့်နေသည်။

‘ငါတို့ရဲ့ သွေးမျိုးဆက်စွမ်းအားက သစ္စာဖောက်သွားတာလား’

သူတွေးမိသည်။

‘မဟုတ်ဘူး။ သွေးမျိုးဆက်စွမ်းအားက သစ္စာဖောက်သွားတာမျိုး မရှိဘူး’

‘ဒါက ငါတို့ရဲ့ သွေးမျိုးဆက်စွမ်းအားမဟုတ်ဘူးလား’

‘ဒါလည်းမဟုတ်သေးဘူး’

ယခုအချိန်တွင် ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူက လမ်းပျောက်နေသည်။

သူ့ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ချီစွမ်းအင်အလင်းများ ပေါ်ထွက်လာသည်။

’သွေးမျိုးဆက်အမွေအနှစ်လား’

သူ့ပတ်ဝန်းကျင်တွင် ဓားအလင်းများ ဖြတ်ပြေးသွားသည်။

‘ဓားနည်းစနစ်မှတ်ဉာဏ်လား’

အလွန်ရှုပ်ထွေးနေသည်။

ယန်းယန်သည် တစ်ခေါင်းလုံး ပေါက်ကွဲထွက်သွားတော့မည်ဟု ခံစားနေရသည်။

သူတစ်ယောက်တည်းမဟုတ်ဘဲ မိုင်ထောင်ချီအကွာတွင်ရှိနေသော ယန်းဟမ်ကလည်း စိတ်ရှုပ်ထွေးနေသည်။

သူက ဓားနည်းစနစ်များကို နားလည်သွားသည်။

အစိမ်းရောင်မြေခွေးများ၏ ဓားဝင်္ကပါကိုလည်း ထွင်းဖောက်မြင်နိုင်သွားသည်။

သူ့လက်ထဲတွင်ရှိသော အသွားနှစ်ဖက်လှံတိုသည် ဓားအငွေ့အသက်အချို့ကို ထုတ်လွှတ်နေသည်။

ယခုအချိန်တွင် သူက တစ်ချက်ခုတ်လိုက်ရုံဖြင့် ဓားဝင်္ကပါကို ဖျက်ဆီးနိုင်သည်။

သို့သော် သွေးမျိုးဆက်စွမ်းအားသည် သူ့ကို ဖိနှိပ်ထားခဲ့သည်။

ထိုအရာသည် သွေးထဲမှလာသော ထပ်တူညီမှုမျိုး ဖြစ်သည်။

သူက ဝိုင်းရံထားသော အစိမ်းရောင်မြေခွေးများကို မသတ်နိုင်ပေ။

အဝေးတစ်နေရာတွင် ဓားအလင်းများ မြင့်တက်လာသည်။

ခရမ်းရောင်ကျားသစ်ကလန်၏ ကျွမ်းကျင်သူများဆီမှ ဓားအလင်းများ ပေါ်ထွက်လာသည်။

ယခုအချိန်တွင် သူတို့က အလွန်သန်မာနေသည်။

ဓားနည်းစနစ်များ၏ပေါင်းစပ်မှုကြောင့် သူတို့၏တိုက်ခိုက်နိုင်စွမ်းသည် အဆပေါင်းများစွာတိုးတက်လာသည်။

သို့သော် သူတို့က လမ်းပိတ်ထားသော အသက်ကိုးခုကြောင်များကို မတိုက်ခိုက်နိုင်ပေ။

ခရမ်းရောင်ကျားသစ်ကလန်၏ သွေးမျိုးဆက်သည် အသက်ကိုးခုကြောင်များထက် အဆပေါင်းများစွာသန်မာပြီး ကျွမ်းကျင်သူများလည်း ရှိနေသည်။

သို့သော် ယခုအချိန်တွင် သူတို့က မတိုက်ခိုက်နိုင်တော့ပေ။

ထိုအရာသည် သွေးမျိုးဆက်၏ အမိန့်ဖြစ်သည်။

သူတို့က တိုက်ခိုက်ခဲ့လျှင် သွေးမျိုးဆက်စွမ်းအား ပြိုလဲသွားလိမ့်မည်။

သွေးမျိုးဆက်စွမ်းအားမရှိသော မိစ္ဆာများသည် သာမန်မိစ္ဆာသားရဲများအဖြစ် အဆင့်ကျသွားလိမ့်မည်။

တိုက်ပွဲသည် ရပ်တန့်သွားခဲ့သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ရှေ့တွင်ရှိသောယန်းယန်ကို ကြည့်သည်။

သူက ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို သုံးနိုင်လျှင် ကွန်ဖြူးရှပ်တာအိုစွမ်းအားဖြင့် ယန်းယန်ကို အနိုင်ယူနိုင်သည်။

သို့သော် လျှို့ဝှက်နယ်မြေတွင် သူက အစွမ်းကုန်ထုတ်သုံးလျှင်ပင် ဝိညာဉ်သူငယ်နဝမအဆင့်ကျွမ်းကျင်သူကို ကြာမြင့်စွာမခုခံနိုင်ပေ။

သူက အစမှအဆုံးထိ ခရမ်းရောင်ကျားသစ်ကလန်၏ ဝိညာဉ်သူငယ်ကျွမ်းကျင်သူကို သတ်ဖြတ်ရန်စီစဉ်မထားပေ။ သူ့ရည်ရွယ်ချက်သည် ခရမ်းရောင်ကျားသစ်ကလန်၏ သွေးမျိုးဆက်စွမ်းအားပုံရိပ်ဖြစ်သည်။

ရှန်စန်းသည် ဝါးမြိုခံလိုက်ရပြီး သွေးမျိုးဆက်ပေါင်းစည်းမှုကို အစပြုခဲ့သည်။

ရှန်စန်း၏ခွန်အားနှင့်ဆိုလျှင် ဝါးမြိုခြင်းကို ခုခံနိုင်မည်မဟုတ်ပေ။

သို့သော် ရှန်စန်း၏ပိုင်ရှင်သည် ဟန်မူယဲ့ဖြစ်သည်။

ဟန်မူယဲ့၏ ချီစွမ်းအင်ကျင့်ကြံခြင်းသည် ကမ္ဘာမြေအဆင့်တွင်သာရှိသော်လည်း ကွန်ဖြူးရှပ်တာအိုကျင့်ကြံခြင်းသည် ဆရာသခင်အဆင့်တွင်ရှိသည်။ သူ့ဝိညာဉ်သည် ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူကို ဖိနှိပ်နိုင်သည်။

ထို့ကြောင့် ဝိညာဉ်တိုက်ပွဲတွင် ခရမ်းရောင်ကျားသစ်ကလန်၏ သွေးမျိုးဆက်စွမ်းအားသည် ရှုံးနိမ့်သွားခဲ့သည်။

ဟန်မူယဲ့သည် ခရမ်းရောင်ကျားသစ်ကလန်၏ သွေးမျိုးဆက်ပိုင်ရှင်ဖြစ်လာသည်။

သွေးမျိုးဆက်စွမ်းအားကို ထိန်းချုပ်လိုက်သောအခါတွင် ယန်းယန်၊ ယန်းဟမ်နှင့် ခရမ်းရောင်ကျားသစ်ကလန်၏ သိန်းချီသောကျားသစ်မိစ္ဆာများက သွေးမျိုးဆက်ထဲတွင် စွဲထင်နေသော ဖိနှိပ်ခြင်းကို တွန်းလှန်၍ သူ့ကို အန္တရာယ်မပေးနိုင်တော့ပေ။

ယခုအချိန်တွင် ဟန်မူယဲ့က ခရမ်းရောင်ကျားသစ်များနှင့်တိုက်ပွဲတွင် ပြိုင်ဘက်ကင်းသွားခဲ့သည်။

“ဝေါင်း”

ယန်းယန်က ခရမ်းရောင်ကျားသစ်တစ်ကောင်အဖြစ် ပြောင်းလဲလိုက်ပြီး ထွက်ပြေးသည်။

သူက ဟန်မူယဲ့ကို မတိုက်ခိုက်နိုင်ဘဲ သွေးမျိုးဆက်ထဲတွင်ရှိသော အညံ့ခံလိုစိတ်သည် ပိုမိုသန်မာလာခဲ့သည်။ ယခုအချိန်တွင် ထွက်မပြေးလျှင် သူက အညံ့ခံလိုစိတ်ကို ခုခံနိုင်မည်မဟုတ်ပေ။

သူက သွေးမျိုးဆက်စွမ်းအား၏ လွှမ်းမိုးနိုင်စွမ်းမှလွတ်မြောက်သည်အထိ ထွက်ပြေးရမည်။

သူ့ကျင့်ကြံဆင့်နှင့် မိုင်တစ်သိန်းအကွာအထိ ထွက်ပြေးနိုင်လျှင် သွေးမျိုးဆက်၏အညံ့ခံလိုစိတ်ကို ခုခံနိုင်လိမ့်မည်။

ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ယန်းယန်၏နောက်သို့ လိုက်မသွားပေ။ သူ့ခြေထောက်အောက်တွင် ကောင်းကင်ကြိုးကြာတောင်ပံတစ်စုံ ပေါ်လာပြီး ယန်ဟမ်၏ရှေ့သို့ ဖျတ်ခနဲရောက်သွားသည်။

သူ့ဘေးတွင် အမြီးလေးချောင်းနှင့် ခရမ်းရောင်ကျားသစ်တစ်ကောင် ရှိနေသည်။

ယန်းဟမ်က တစ်ကိုယ်လုံးတုန်ခါသွားသည်။ နောက်ဆုံးတွင် သူ့မျက်လုံးထဲရှိ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားပြီး ဦးညွှတ်လိုက်သည်။

ဟန်မူယဲ့က ပိုင်ဝူဟန်ကို ခေါင်းညိတ်ပြလိုက်ပြီး အလင်းတန်းတစ်ခုအသွင်ပြောင်း၍ ကျားသစ်တစ်ကောင်ဖြစ်နေသော ယန်းယန်၏နောက်သို့ လိုက်သွားသည်။

“အစ်ကိုဟန်ဖြစ်သင့်ပါတယ်”

ခရမ်းရောင်ကျားသစ်ကလန်ကို ထူးဆန်းစွာအနိုင်ယူခဲ့သည်။ ဝိညာဉ်သူငယ်နဝမအဆင့်တွင်ရှိသော မဟာကျင့်ကြံသူကပင် ထွက်ပြေးသွားခဲ့သည်။

ထိုနည်းလမ်းမျိုးကို မည်သူက စိတ်ကူးနိုင်မည်နည်း။

“ဘုန်း”

အဝေးတစ်နေရာတွင် ဓားအလင်းများ တုန်ခါသွားသည်။

“ယန်းယန်၊ ရပ်ပြီးအသေခံစမ်း”

ဟန်မူယဲ့၏အသံသည် မိုင်ထောင်ချီအကွာအထိ ပဲ့တင်ထပ်သွားသည်။

ပိုင်ဝူဟန်၏မျက်နှာထားက ဗလာဖြစ်သွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်၍ ရယ်သည်။

ထိုမြင်ကွင်းမျိုးသည် လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ထိတ်လန့်သွားစေလိမ့်မည်။

ခရမ်းရောင်ကျားသစ်ကလန်၏ ခေါင်းဆောင်ဖြစ်သော ယန်းယန်သည် လူသားဓားကျင့်ကြံသူတစ်ဦးကြောင့် ထွက်ပြေးနေရသည်။

လူသားဓားကျင့်ကြံသူသည် မည်မျှသန်မာသနည်း။

“ဘုန်း”

မိုင်တစ်သောင်းအကွာတွင် ဒုတိယမြောက်ဓားအလင်း ထွက်ပေါ်လာသည်။

ဓားအလင်း၏အမြန်နှုန်းသည် ဝိညာဉ်သူငယ်ပဥ္စမအဆင့်ထက် ကျော်လွန်နေသည်။

ထိုအမြန်နှုန်းကြောင့် ဟန်မူယဲ့သည် ဝိညာဉ်သူငယ်ပဥ္စမအဆင့်နှင့် အထက်တွင်ရှိနေသည်ဟု တခြားလူများ ထင်သွားကြလိမ့်မည်။

“ယန်းယန်၊ သေစမ်း”

ဟန်မူယဲ့၏အသံတွင် ဝိညာဉ်ဖိနှိပ်မှုများ ပါနေသည်။

ထိုဝိညာဉ်စွမ်းအားသည် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို ရင်တုန်သွားစေသည်။

ဝိညာဉ်သူငယ်ပဥ္စမအဆင့်ထက် ကျော်လွန်နေသောအမြန်နှုန်းနှင့် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများပင် မခုခံနိုင်သော ဝိညာဉ်စွမ်းအားတို့ကြောင့် ဟန်မူယဲ့သည် လျှို့ဝှက်နယ်မြေကို လွှမ်းမိုးနိုင်သော ကျွမ်းကျင်သူဖြစ်သည်။

“ယန်းယန်၊ မြန်မြန်အသေခံစမ်း”

လေထုထဲတွင် အသံတစ်သံသည် မိုင်ထောင်ချီအထိ ပျံ့နှံ့လာသည်။

မိစ္ဆာများက ထိတ်လန့်စွာမော့ကြည့်သည်။

ခရမ်းရောင်ကျားသစ်များ၏ခေါင်းဆောင်ဖြစ်သော ဝိညာဉ်သူငယ်နဝမအဆင့်ကျင့်ကြံသူ ယန်းယန် ....

ထိုကဲ့သို့ ထိပ်တန်းကျွမ်းကျင်သူမျိုးသည် ထွက်ပြေးနေရသည်။

ဟန်မူယဲ့၏အသံနှင့်အတူ ခရမ်းရောင်အလင်းတစ်ခုကို မြင်နိုင်သည်။

“တကယ်ကြီးခေါင်းဆောင်ယန်းယန်ပဲ”

“ခေါင်းဆောင်ယန်းယန်က မိစ္ဆာခန္ဓာကိုယ်ကို ပြောင်းလဲထားတယ်။ မိစ္ဆာခန္ဓာကိုယ်နဲ့ အသည်းအသန်ထွက်ပြေးနေရအောင် ဘယ်လိုကျွမ်းကျင်သူက လုပ်လိုက်တာလဲ”

မိစ္ဆာများက ထိတ်လန့်နေသောအချိန်တွင် တည်ငြိမ်စွာပျံသန်းလာသော အလင်းတန်းတစ်ခုကို မြင်ရသည်။

ထိုအလင်းတန်း၏အမြန်နှုန်းသည် ယန်းယန်ထက် နောက်မကျပေ။ ထို့အပြင် ပြင်းထန်သော ဝိညာဉ်ဖိအားကိုလည်း ထုတ်ပေးနေသည်။

ဓားအလင်းသည် ဖျတ်ခနဲပေါ်လာပြီး မိုင်တစ်ထောင်ကို ထိုးခွဲနိုင်သည်။

“လူသား”

“ဓားကျင့်ကြံသူ”

“မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေမှာ ဒီလိုလူသားကျွမ်းကျင်သူမျိုး ဘယ်တုန်းကပေါ်လာတာလဲ”

မိစ္ဆာများက ခေါင်းငုံ့ထားပြီး ကျယ်လောင်စွာမပြောရဲပေ။

ထိုအချိန်တွင် ကျားဖြူကလန်နှင့် ခြင်္သေ့ဝါကလန်က တိုက်ပွဲကို ရပ်တန့်လိုက်သည်။ သူတို့အားလုံးက ကောင်းကင်ကို ကြောင်အစွာငေးကြည့်နေမိသည်။

‘ယန်းယန်ထွက်ပြေးသွားအောင် ဘယ်လိုလူမျိုးက လုပ်လိုက်တာလဲ’

“အဲဒီဓားအင်မော်တယ်က ဒီလောက်တောင်သန်မာတာလား”

ကျားဖြူကလန်၏ အဖြူရောင်မုတ်ဆိတ်များနှင့် အကြီးအကဲတစ်ယောက်သည် လေထုထဲတွင်ရပ်နေပြီး တီးတိုးပြောသည်။

တောင်ပိုင်းကုန်းမြေ၏လက်ရွေးစင်များသည် လမ်းပျောက်နေသည်။

သူတို့မှာလည်း အဖြေမရှိပေ။

‘အင်မော်တယ်ဟန်က ဒီလောက်တောင် သန်မာတာလား’

All Chapters