အခန်း (၄၂၈)
Vol. 31 Ch. 428
ကောင်းကင်ထက်တွင် ရွှေအလင်းများတောက်ပနေသော ခေါင်းလောင်းကြီးတစ်လုံးသည် ကောင်းကင်ကို ဖုံးအုပ်ထားသည်။
ပျက်စီးခြင်းစကြဝဠာ၏ ပျက်စီးခြင်းခေါင်းလောင်းဖြစ်သည်။ ထိုခေါင်းလောင်းသည် လောကနှင့်အတူ တည်ရှိခဲ့သော နတ်ဘုရားလက်နက်ဖြစ်သည်။
ထိုရတနာသည် မိစ္ဆာသွေးမျိုးဆက်ကို စုစည်းပြီး သွေးမျိုးဆက်စွမ်းအား၏သန့်စင်မှုကို ထိန်းသိမ်းထားနိုင်သည်။ ပျက်စီးခြင်းစကြဝဠာ၏ နံပတ်တစ်ရတနာဖြစ်သည်။
ထိုရတနာကြောင့် ပျက်စီးခြင်းစကြဝဠာသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိခဲ့သော်လည်း သွေးမျိုးဆက်စွမ်းအားသန့်စင်ပြီး ပြိုင်ဘက်ကင်းနေသည်။
သို့သော် တစ်နေ့တွင် မရေမတွက်နိုင်လောက်သောအင်မော်တယ်များ လှုပ်ရှားလာပြီး ပျက်စီးခြင်းစကြဝဠာကို တိုက်ခိုက်ခဲ့သည။
ထိုတိုက်ပွဲတွင် ပျက်စီးခြင်းစကြဝဠာနှင့် ပျက်စီးခြင်းခေါင်းလောင်းသည် တစ်ပိုင်းတစ်စစီဖြစ်သွားသည်။
မိစ္ဆာများ၏ မျိုးဆက်သစ်များကို နတ်ဘုရားသားရဲခွေက ပဲ့ထွက်လာသောနယ်မြေတစ်ခုတွင် စောင့်ရှောက်ပေးခဲ့သည်။
သို့သော် ခွေသားရဲ၏ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားခဲ့သည်။
အဆုံးတွင် ပါ့ရှားသားရဲသည် ပဲ့ထွက်လာသောနယ်မြေကိုသယ်ဆောင်ပြီး အဆုံးမရှိသောအနက်ရောင်ပင်လယ်တွင် ရပ်နားလိုက်သည်။
ပျက်စီးခြင်းစကြဝဠာ၏နယ်မြေသည် အလွန်လေးလံသည်။ နတ်ဘုရားသားရဲပါ့ရှားသည် ကိုယ်ပိုင်စွမ်းအားကိုအသုံးပြု၍ ကျိုးပဲ့နေသောနယ်မြေကို ထောက်ပံ့ပေးခဲ့သည်။
နှစ်တစ်သိန်းအကြာတွင် နတ်ဘုရားသားရဲပါ့ရှားသည် တောင့်မခံနိုင်တော့ဘဲ ဝိညာဉ်ပျက်စီးသွားသည်။
အရွယ်ရောက်လာသော နတ်ဘုရားသားရဲတစ်ကောင်သည် အိပ်စက်လိုက်ပြီး ကိုယ်ပိုင်ဝိညာဉ်ကို ပါ့ရှား၏ခန္ဓာကိုယ်ထဲသို့ပို့သည်။ ထို့နောက် နှစ်ပေါင်းသုံးထောင် ထောက်ပံ့ခဲ့သည်။
နှစ်ပေါင်းသုံးထောင်များ တစ်ခုပြီးတစ်ခု ဖြတ်သန်းသွားသည်။
နတ်ဘုရားသားရဲများသည် တစ်ကောင်ပြီးတစ်ကောင် အိပ်စက်လိုက်ရသည်။
သူတို့၏ သွေးမျိုးဆက်စွမ်းအားသည် လျှို့ဝှက်နယ်မြေမှ ပတ်ဝန်းကျင်ကမ္ဘာများဆီသို့ ပျံ့နှံ့သွားသည်။
သူတို့၏သွေးမျိုးဆက်သည် အလွန်အားနည်းပြီး ပျောက်ကွယ်လုနီးပါးဖြစ်နေသည်။ သို့သော် အပြည့်အဝ ပျက်စီးမသွားခဲ့ပေ။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမွေအနှစ်များကဲ့သို့ ဖြစ်သည်။ အမွေအနှစ်ဆက်ရှိနေသ၍ အမွေဆက်ခံသူသည် မည်သူမဆို ဖြစ်နိုင်သည်။
ထိုအရာသည် မဟာကျင့်ကြံသူကြီးများ၏ အသိဉာဏ်နှင့် အမျှော်အမြင်ဖြစ်သည်။
သွမ်ကျိုးရှောင်သည် နတ်ဘုရားသားရဲ တိမ်ကောင်းကင်စာကလေးဖြစ်သည်။ သူက ပုံစံနှင့် အမြန်နှုန်းကို ပြောင်းလဲနိုင်သည်။
တိမ်ကောင်းကင်စာကလေးသည် တက်ကြွသောအကျင့်စရိုက်ရှိပြီး ကမ္ဘာများကြားတွင် သွားလာရသည်ကို နှစ်သက်သည်။
သူက ပါ့ရှား၏သွေးမျိုးဆက်အဖြစ် ပြောင်းလဲပြီး နေရာအနှံ့သို့ သွားလာခဲ့သည်။
သူက ကမ္ဘာအသီးသီးတွင် အရွယ်ရောက်လာသော နတ်ဘုရားသားရဲသွေးမျိုးဆက်ကို ရှာဖွေချင်သည်။ ထိုမှသာ လျှို့ဝှက်နယ်မြေကို ထောက်ပံ့ထားနိုင်မည်ဖြစ်သည်။
အဆုံးတွင် နောက်ဆုံးကျန်ရှိသော နတ်ဘုရားသားရဲဖြစ်နေသောကြောင့် သွမ်ကျိုးရှောင်က မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသို့ ပြန်လာပြီး ထောက်ပံ့မည့်တာဝန်ကို ယူခဲ့သည်။
နှစ်ပေါင်းခြောက်ထောင် ကြာမြင့်ခဲ့သည်။
မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေတွင် နတ်ဘုရားသားရဲ မရှိတော့ပေ။ သွမ်ကျိုးရှောင်က ခန္ဓာကိုယ်နှင့်ဝိညာဉ်ကို အပြီးတိုင်ဖျက်ဆီးခဲ့သည်။ သူ၏ စတေးမှုကြောင့် မိစ္ဆာတစ်သောင်းလျှို့ဝှက်နယ်မြေသည် နှစ်ပေါင်းခြောက်ထောင် ရှင်သန်နိုင်ခဲ့သည်။
“ဒါက တန်ရဲ့လား ....”
ဟန်မူယဲ့က သံပြားကိုကိုင်ထားပြီး ရေရွတ်သည်။
“ဟီးဟီး၊ ထိုက်တန်တာက ဘာလဲ”
ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင် အသံတစ်သံထွက်လာသည်။
အနက်ရောင်ဝတ်စုံနှင့် ကြမ်းတမ်းသောမျက်နှာထားအပြင် ဉာဏ်များသောမျက်လုံးများရှိသည်။ သားရဲများအားလုံး၏ မိစ္ဆာဘုရင် သွမ်ကျိုးရှောင်ဖြစ်သည်။
“အသက်ရှည်တာက ထိုက်တန်တာလား။ အသက်တိုတာက မထိုက်တန်ဘူးလား”
သွမ်ကျိုးရှောင်၏ပုံရိပ်က ခေါင်းခါသည်။
“ငါတို့က ပျက်စီးခြင်းစကြဝဠာရဲ့ဂုဏ်ကျက်သရေကို သယ်ဆောင်ထားတယ်။ အဲဒါက ငါတို့ရဲ့ယုံကြည်မှုပဲ”
ယုံကြည်မှု၊ ဂုဏ်ကျက်သရေ ....
အံ့ဖွယ်ကိုးပါးတောင်၏ တပည့်များနှင့် အလယ်ပိုင်းကုန်းမြေ၏ စိတ်အားထက်သန်သော ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားများကဲ့သို့ ဖြစ်သည်။
သူတို့က အားနည်းသော်လည်း ယုံကြည်မှုနှင့် ဂုဏ်ကျက်သရေအတွက် အသက်စွန့်နိုင်သည်။
နှလုံးသားတွင် ယုံကြည်မှုမရှိလျှင် ရှင်သန်ခြင်းသည် တန်ဖိုးမရှိပေ။
ဟန်မူယဲ့က လျင်မြန်စွာခေါင်းညိတ်သည်။
“ကောင်လေး၊ ငါ့အတွက် တစ်ခုလုပ်ပေးပါ”
သွမ်ကျိုးရှောင်၏အသံ ထွက်ပေါ်လာပြန်သည်။
“ဝိညာဉ်သံချပ်ကာငါးမိစ္ဆာကလန်ရဲ့နောက်ကွယ်မှာ မရေမတွက်နိုင်လောက်တဲ့ကျွမ်းကျင်သူတွေ ရှိနေတယ်။ သူတို့ရဲ့ရည်ရွယ်ချက်က ပျက်စီးခြင်းစကြဝဠာတစ်ခုလုံးပဲ”
“သူတို့က မိစ္ဆာတစ်သောင်းတံဆိပ်ကို ရသွားလို့မဖြစ်ဘူး”
“မိစ္ဆာတစ်သောင်းတံဆိပ်က ပျက်စီးခြင်းခေါင်းလောင်းရဲ့ အပိုင်းအစတစ်ခုပဲ။ သူတို့က မိစ္ဆာတစ်သောင်းတံဆိပ်ကို ရသွားရင် ပျက်စီးခြင်းစကြဝဠာကို အာရုံခံနိုင်လိမ့်မယ်”
သွမ်ကျိုးရှောင်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။
“ဟယ်ထျန်းကျန်းက လေဟာနယ်ကို ဖြတ်သန်းနိုင်တယ်။ မိစ္ဆာတစ်သောင်းတံဆိပ်ကိုယူပြီး ဒီကနေ ထွက်သွားပါ”
မိစ္ဆာတစ်သောင်းတံဆိပ်နှင့် ထွက်သွားရမည်။
စိတ်နယ်ပယ်ထဲတွင် သွမ်ကျိုးရှောင်၏ပုံရိပ် ပျောက်ကွယ်သွားသည်။
ထိုပုံရိပ်သည် သွမ်ကျိုးရှောင်၏ နောက်ဆုံးလမ်းညွှန်ချက်ဖြစ်သည်။
ဟန်မူယဲ့က လှုပ်ရှားနေသောပင်လယ်ကို ငုံ့ကြည့်သည်။
ကြေးခွံနက်ငါးမိစ္ဆာများသည် ပင်လယ်ထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်။
အဆုံးမရှိသောငါးမိစ္ဆာများကို သူတစ်ယောက်တည်းတားဆီးရန် မဖြစ်နိုင်ပေ။
ဟန်မူယဲ့၏ဘေးတွင်ရပ်နေသော ယန်းယန်သည် ရှုပ်ထွေးသောမျက်နှာထားဖြင့် အမြီးလေးချောင်းခရမ်းရောင်ကျားသစ်ကို လှည့်ကြည့်သည်။ အဆုံးတွင် သူက ရှေ့တစ်လှမ်းတိုးသည်။
အစောပိုင်းတွင် ဟန်မူယဲ့က သူ၏ သွေးမျိုးဆက်စွမ်းအားကို ဆွဲယူခဲ့သောကြောင့် တိုက်ခိုက်နိုင်စွမ်းများ လျော့ကျသွားခဲ့သည်။
သူက ဝိညာဉ်သူငယ်နဝမအဆင့်၏ ခွန်အားတစ်ဝက်ခန့်သာ သုံးနိုင်လိမ့်မည်။
ယန်းယန်နှင့် ဟယ်ထျန်းကျန်းတို့ ပူးပေါင်းလိုက်လျှင် ကြေးခွံနက်ငါးမိစ္ဆာများကို တားနိုင်လိမ့်မည်။
သူတို့က မတားနိုင်လျှင်ပင် ဟန်မူယဲ့ထွက်သွားနိုင်ရန် အချိန်ဆွဲထားနိုင်မည်။
ဟန်မူယဲ့တွင် မိစ္ဆာတစ်သောင်းတံဆိပ်ရှိသည်။ သူက လျှို့ဝှက်နယ်မြေ၏မိစ္ဆာများကိုစုစည်းပြီး သွေးမျိုးဆက်ကို ကာကွယ်နိုင်လိမ့်မည်။
ဟန်မူယဲ့က မိစ္ဆာတစ်သောင်းတံဆိပ်ကို ဆုပ်ကိုင်ထားပြီး ရုတ်တရက်ပြောသည်။
“ဟယ်ထျန်းကျန်း၊ ဒီငါးမိစ္ဆာတွေက လျှို့ဝှက်နယ်မြေကိုပိုင်သွားရင် ဘာဖြစ်မှာလဲ”
‘ဘာဖြစ်မှာလဲ’
ဟယ်ထျန်းကျန်း၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုတချို့ ရှိနေသည်။
“လျှို့ဝှက်နယ်မြေမှာရှိတဲ့ မိစ္ဆာတွေအားလုံး အသတ်ခံရလိမ့်မယ်။ ပြီးရင် ဒီငါးမိစ္ဆာတွေက သွေးမျိုးဆက်စွမ်းအားကို အာရုံခံပြီး တခြားကမ္ဘာမှာရှိတဲ့မိစ္ဆာတွေကို တိုက်ခိုက်လိမ့်မယ်”
“မင်းတို့ ကောင်းကင်အံ့ဖွယ်ကမ္ဘာကိုလည်း မရေမတွက်နိုင်တဲ့ ဝိညာဉ်သံချပ်ကာမိစ္ဆာတွေ ရောက်လာလိမ့်မယ်”
လျှို့ဝှက်နယ်မြေသည် ဆုံချက်တစ်ခုသာဖြစ်သည်။ ငါးမိစ္ဆာများက လျှို့ဝှက်နယ်မြေကို အုပ်စိုးသွားလျှင် သွေးမျိုးဆက်များပျံ့နှံ့နေသော တခြားကမ္ဘာများကို သိနိုင်လိမ့်မည်။
နောက်တစ်ကြိမ် လျှို့ဝှက်နယ်မြေပွင့်လာလျှင် မရေမတွက်နိုင်သော ငါးမိစ္ဆာများသည် အာကာသလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာလိမ့်မည်။
ထိုအချိန်တွင် ကမ္ဘာများ ပျက်စီးသွားမည်။
ထိုမြင်ကွင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ကောင်းကင်ထက်တွင် လျှပ်စီးကြောင်းများလှုပ်ရှားနေပြီး နွားသိုးဦးချိုပုံရိပ်ကို မြင်နိုင်သည်။
ဟိန်းဟောက်သံကို ကြားရသည်။
ခွေသားရဲ၏ အသံဖြစ်သည်။
‘ပူးပေါင်းမှာလား’
ဟန်မူယဲ့က အံ့အားသင့်သွားပြီး ပြုံးသည်။
သူ့ဓားဝင်္ကပါသည် ခွေသားရဲအကြွင်းအကျန်ဝိညာဉ်၏ အသိအမှတ်ပြုခြင်းကို ရလိုက်သည်။
ထို့ကြောင့် ခွေသားရဲက သူနှင့်အတူပူးပေါင်း၍ တိုက်ခိုက်လိမ့်မည်။
ဟန်မူယဲ့က ယခုအချိန်တွင် ထွက်သွားနိုင်သည်။
သူက လျှို့ဝှက်နယ်မြေအတွက် စိုးရိမ်ရန်မလိုပေ။
အစိမ်းရောင်မြေခွေးကလန်နှင့် အသက်ကိုးခုကြောင်ကလန်ကိုလည်း သူက ပြန်ခေါ်သွားနိုင်မည်မဟုတ်ပေ။
မိစ္ဆာတစ်သောင်းတံဆိပ်သည် သူ့လက်ထဲတွင်ရှိနေသည်။ သူက သွေးမျိုးဆက်များပေါင်းစပ်ခြင်းဖြင့် အကျိုးအမြတ်ရခဲ့သည်။ ရတနာများနှင့်အတူ ထွက်သွားခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။
ဟန်မူယဲ့က လက်ထဲတွင်ရှိသော မိစ္ဆာတစ်သောင်းတံဆိပ်ကို ငုံ့ကြည့်သည်။
သွမ်ကျိုးရှောင်နှင့် နတ်ဘုရားသားရဲများသည် သွေးမျိုးဆက်တည်မြဲနေစေရန်အတွက် ကိုယ့်ကိုယ်ကိုယ်စတေးခဲ့သည်။
သူက မိစ္ဆာတစ်သောင်းတံဆိပ်ကို ရရှိထားသောကြောင့် တစ်ခုခုလုပ်သင့်သည်။
ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် သူက အခြေအနေမကောင်းသောအချိန်တွင် အစွမ်းကုန်မတိုက်ခိုက်ဘဲ ထွက်မသွားနိုင်ပေ။
သူထွက်သွားလျှင် သူ့တာအိုသည် ချို့ယွင်းနေလိမ့်မည်။
နောက်တစ်ကြိမ် လျှို့ဝှက်နယ်မြေပွင့်လာသောအချိန်တွင် မရေမတွက်နိုင်သောငါးမိစ္ဆာများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာသို့ ရောက်လာလိမ့်မည်။ ထိုအချိန်တွင် သူက လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲမှ ဓားအလင်းတစ်ခုပေါ်ထွက်လာသည်။
ဓားသုံးထောင်သည် တုန်ခါနေသည်။
ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် သူက နောင်တမရှိဘဲ တိုက်ခိုက်မည်။
ကောင်းကင်သည် တုန်ခါသွားပြန်သည်။
ဟန်မူယဲ့က ရယ်လိုက်ပြီး အော်ဟစ်သည်။
“ကောင်းပြီ။ အဲဒါဆိုရင် ဟန်မူယဲ့က အကြီးအကဲနဲ့ နောက်တစ်ကြိမ်ပူးပေါင်းပါ့မယ်”
သူ့အသံထွက်လာသောအခါ မှိန်ဖျော့နေသော ကောင်းကင်စက်ဝန်းဓားဝင်္ကပါသည် တောက်ပလာခဲ့သည်။
ဓားများသည် ကြယ်အဖြစ် ပြောင်းသွားသည်။
အနက်ရောင်ဦးချိုတစ်ခုသည် ဟန်မူယဲ့၏နောက်တွင် လွင့်မျောနေသည်။
ဟန်မူယဲ့က လျှို့ဝှက်နယ်မြေရှိမိစ္ဆာများကိုကူညီ၍ ငါးမိစ္ဆာများအား တားဆီးပေးခဲ့လျှင် ခွေဦးချိုကို ပေးလိုက်မည်ဟု ခွေသားရဲဝိညာဉ်အကြွင်းအကျန်က ကတိပေးခဲ့သည်။
ရှေးခေတ်နတ်ဘုရားသားရဲများ၏တာဝန်သည် သွေးမျိုးဆက်ကို ကာကွယ်ရန်ဖြစ်သည်။ သူတို့က သေဆုံးသွားလျှင်ပင် နောင်တရမည်မဟုတ်ပေ။
“ဘုန်း”
ကောင်းကင်ထက်တွင် လျှပ်စီးကြောင်းများသည် မြစ်တစ်စင်းသဖွယ်စုစည်းလာပြီး ဆင်းသက်လာသည်။
မိုးကြိုးသည် ကောင်းကင်စက်ဝန်းဓားဝင်္ကပါပေါ်သို့ ကျရောက်လာပြီး ဓားဝင်္ကပါကို မဖျက်ဆီးဘဲ ပေါင်းစပ်သွားခဲ့သည်။
ကြယ်များသည် လျှပ်စီးလုံးများအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေပြီး ရယ်သည်။ သူက လက်ဖြင့် ဓားနည်းစနစ်ကိုထုတ်ဖော်ပြီး အော်ဟစ်သည်။
“ဓား၊ ပေါ်ထွက်လာစမ်း ....”
ထောင်ချီသောကြယ်များသည် လျှပ်စီးနှင့်ဓားအလင်းများအဖြစ်ပြောင်း၍ ချက်ချင်းဆင်းသက်လာသည်။
လျှပ်စီးကြောင်းများသည် ဓားအဖြစ်ပြောင်းလဲသွားသည်။ ဓားအလင်းတိုင်းသည် ေကောင်းကင်နှင့်မြေကြီးကို ထောက်ပံ့ပေးနိုင်သည်။
ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲတွင်ရှိသော ဝိညာဉ်စွမ်းအားသည် အဆုံးစွန်အထိ လှည့်ပတ်လာသည်။
“ကောင်းကင်နဲ့မြေကြီးရဲ့စွမ်းအား”
“လျှို့ဝှက်နယ်မြေထဲမှာ ကောင်းကင်တာအိုမရှိဘူးပဲ။ ကောင်းကင်တာအိုကို အကြီးအကဲက ထိန်းချုပ်ထားခဲ့တာပဲ”
ဟန်မူယဲ့က ညင်သာစွာပြောသည်။
ကောင်းကင်နှင့်မြေကြီးသည် လွှမ်းမိုးနိုင်ပြီး မိုးကြိုးတာအိုသည် သူတို့၏အမိန့်အာဏာဖြစ်သည်။
ဤလျှို့ဝှက်နယ်မြေတွင် ကောင်းကင်တာအိုမရှိပေ။
ခွေသားရဲသည် အကြွင်းအကျန်ဝိညာဉ်ကို ကောင်းကင်တာအိုအဖြစ် ပြောင်းလဲခဲ့သည်။
ခွေဦးချိုသည် ကောင်းကင်တာအို၏ အုပ်ချုပ်သူဖြစ်သည်။
ဟန်မူယဲ့၏ဝိညာဉ်စွမ်းအားသည် ခွေဦးချို၏ မိုးကြိုးစွမ်းအားဖြင့် ပေါင်းစပ်သွားသည်။ ယခုအချိန်တွင် ဟန်မူယဲ့က လျှို့ဝှက်နယ်မြေ၏ ကောင်းကင်တာအိုကို ထိန်းချုပ်ထားသည်။
‘ဒီခံစားချက်၊ ကောင်းကင်တာအိုက ငါပဲ’
သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ အလယ်ပိုင်းကုန်းမြေ၏သူတော်စင်ကို တွေးမိသည်။
ထိုခံစားချက်ပင်ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏မဟာတာအိုကို လက်ထဲတွင် ဆုပ်ကိုင်ထားသောကြောင့် သူ့ရှေ့တွင် လောကသည် လျှို့ဝှက်ချက်များမရှိတော့ပေ။
ထိုစွမ်းအားမျိုးသည် သူတော်စင်အဆင့်နှင့် တူညီသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ....
“ဓားတွေ ဆင်းသက်လာစမ်း”
မိုးကြိုးဓားများသည် တစ်ခုပြီးတစ်ခု ဆင်းသက်လာပြီး ရေအောက်တွင်ရှိသော ငါးမိစ္ဆာများကို တိုက်ခိုက်သည်။
လျှပ်စီးကြောင်းများသည် နေရာအနှံ့တွင် ပျံ့နှံ့သွားသည်။
ရေမျက်နှာပြင်ပေါ်တွင် ကြေးခွံနက်ငါးမိစ္ဆာများက လျှပ်စီးကြောင်းများ၏ရစ်ပတ်မှုကို ခံထားရပြီး တစ်ကိုယ်လုံးတောင့်တင်းနေသည်။
ဟန်မူယဲ့က ယဉ်ကျေးမနေပေ။ သူက ဓားအလင်းကိုအသက်သွင်းပြီး ငါးမိစ္ဆာများ၏ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သည်။ သူက သွေးအဆီအနှစ်နှင့် မိစ္ဆာချီများကို ကြယ်ဝိညာဉ်ပုလဲလုံးထဲသို့ စုပ်ယူသည်။ ထို့နောက် ဓားဝင်္ကပါအား ထောက်ပံ့ပေးရန်အတွက် စွမ်းအင်အချို့ကို အသုံးပြုသည်။
ကောင်းကင်ထက်မှ မရေမတွက်နိုင်သော မိုးကြိုးဓားများဆင်းသက်လာသည်။ မိုင်တစ်သောင်းပတ်ဝန်းကျင်သည် လျှပ်စီးကြောင်းများဖြင့် ပြည့်နှက်နေသည်။
လျှပ်စီးကြောင်းများ၏ လွှမ်းခြုံမှုအောက်တွင် မရေမတွက်နိုင်သော ငါးမိစ္ဆာများရှိနေသည်။ ဟန်မူယဲ့၏ ကောင်းကင်စက်ဝန်းဓားဝင်္ကပါကပင် သူတို့အားလုံးကို အသေမသတ်နိုင်ပေ။
ဟန်မူယဲ့က ယန်းယန်နှင့် အမြီးလေးချောင်းကျားသစ်ကို ကြည့်သည်။
“ခရမ်းရောင်ကျားသစ်၊ အစိမ်းရောင်မြေခွေးနဲ့ အသက်ကိုးခုကြောင်တွေအားလုံးကို စုစည်းပြီး ကြေးခွံနက်ငါးမိစ္ဆာတွေကို သတ်ခိုင်းလိုက်”
ယန်းယန်နှင့် အမြီးလေးချောင်းခရမ်းရောင်ကျားသစ်က ဦးညွှတ်လိုက်ပြီး ထွက်သွားသည်။
ဟန်မူယဲ့က နောက်ဆုတ်ပြီး ကမ်းခြေတွင်ရပ်သည်။
သူက လက်တစ်ဖက်ဝှေ့ယမ်းလိုက်သောအခါတွင် ဓားအလင်းသည် မရေမတွက်နိုင်သော ငါးမိစ္ဆာအလောင်းများကိုသယ်၍ ကမ်းခြေသို့ရောက်လာသည်။
ငါးမိစ္ဆာများ၏အလောင်းသည် မိုင်တစ်သောင်းရှည်လျားသော နံရံတစ်ခုဖြစ်လာသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် မိစ္ဆာတစ်သောင်းတံဆိပ်သည် ရွှေရောင်သွေးမျိုးဆက်အလင်းကို ထုတ်လွှတ်သည်။