← Chapters

အမှောင်သမန်းဝံပုလွေအရင်းမြစ်

Vol. 67 Ch. 931

အမှောင်သမန်းဝံပုလွေအရင်းမြစ်

Vol. 67 Ch. 931

အံ့ဖွယ်သစ်ရွက်မြို့။

အိမ်‌တော်ရဲ့ရေကန်ပေါ်မှာ လီဖူချန်းက အရင်ကလို ထိုင်နေတယ်။

"ငါ့ရဲ့မူလအဆုံးစွန်းဓားပညာမှာ ရှေးဦးအရင်းမြစ်ကို ရောက်ရှိသွားတဲ့ နက်နဲသိမ်မွေ့တဲ့ဆန္ဒတစ်ခုရှိတယ်။ အတိအကျပြောရလျှင် အဲဒါက ရှေးဦးဓားတာအိုဒါမှမဟုတ်အရင်းမြစ်ဓားတာအိုလို့ သတ်မှတ်ရတယ်။ အဲဒါက အန္တိမအဆင့်ဓားတာအိုတစ်ခုဖြစ်တယ်"

သိုင်းတာအိုတွေမှာလည်း အဆင့်တွေအများကြီးရှိတယ်။ အန္တိမအဆင့်သိုင်းတာအို၊ ထိပ်တန်းအဆင့်သိုင်းတာအို၊ ပထမအဆင့်သိုင်းတာအို၊ ဒုတိယအဆင့်သိုင်းတာအိုစသဖြင့်........

ဒါပေမယ့် ရှေးဦးဆန္ဒကို နားလည်ပြီးနောက် အားအနည်းဆုံးသိုင်းတာအိုကတောင် အန္တိမအဆင့်သိုင်းတာအိုတစ်ခုဖြစ်လာနိုင်တယ်။

လေတိမ်ဓားသူတော်စင်အရှင်ရဲ့လေတိမ်ဓားတာအိုကို ဥပမာယူပါ။ သူက ရှေးဦးဆန္ဒကို နားမလည်ခဲ့ရင် အဲဒါက အကောင်းဆုံးအနေနဲ့ ပထမအဆင့်ဓားတာအိုတစ်ခုသာ ဖြစ်လိမ့်မယ်။ သစ်ရွက်နီဓားသူတော်စင်အရှင်မရဲ့သစ်ရွက်နီဓားတာအိုလည်း အတူတူပါပဲ။

ရှေးဦးဆန္ဒကို နားလည်ဖို့အတွက် မလွယ်သလိုမခက်ပါဘူး။

လိုအပ်ချက်ကတော့ တစ်စုံတစ်ယောက်ရဲ့သိုင်းတာအိုကို အဆုံးစွန်းအထိတိုင်အောင် ကျင့်ကြံဖို့ပဲဖြစ်တယ်။ အဆုံးစွန်းရောက်ပြီးမှသာ ပြောင်းလဲမှုအသစ်တွေ ဖြစ်နိုင်တယ်။

သန့်စင်ယင်သိုင်းတာအိုကို ဥပမာအနေနဲ့ မှတ်ယူပါ။ အဲဒါကို အဆုံးစွန်းအထိ ကျင့်ကြံပြီးတာနဲ့ ယန်ကိုလည်း ထုတ်လုပ်နိုင်တယ်။ ယင်နဲ့ယန်က ဟန်ချက်ညီမှုကို အောင်မြင်လိမ့်မယ်၊ဒါကြောင့်  ရှေးဦးဆန္ဒကို အောင်မြင်လိမ့်မယ်။

ယုတ္တိဗေဒက တူညီပေမယ့် တစ်ဦးချင်းစီရဲ့ထိုးထွင်းသိမြင်မှုအပေါ်  မူတည်တယ်။

အယူအဆအရ လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုမှာ ရှေးဦးဆန္ဒပါဝင်တယ်၊ ဒါကြောင့် အဲဒါကို အန္တိမအဆင့်ဓားတာအိုတစ်ခုလို့ စဉ်းစားနိုင်တယ်။

ဒါပေမယ့် အဲဒါက အယူအဆသာဖြစ်တယ်။ ဘယ်သိုင်းတာအိုမဆို အန္တိမအဆင့်ကို မရောက်ရင် အဲဒါကို အန္တိမအဆင့်သိုင်းတာအိုတစ်ခုလို့ ဖော်ပြလို့ရလိမ့်မှာမဟုတ်ဘူး။

လေးနက်သိမ်မွေ့တဲ့မျက်လုံး‌တွေနဲ့အတူ လီဖူချန်းက သူ့လက်ချောင်းကို ဆတ်ခနဲလှုပ်ပြီး ဓားချီတစ်ခုကို ထုတ်လွှတ်လိုက်တယ်။ အထဲမှာ ကမ္ဘာတစ်ခုလုံးရှိပုံရပေမယ့် ရှေးဦးဖရိုဖရဲရဲ့အပိုင်းအစတစ်ခုလည်းရှိတယ်။ အဲဒါက အချိန်အတော်ကြာတဲ့အထိ ရေကန်အထက်မှာ ဝဲလည်နေပြီး မပျံ့နှံ့သွားခဲ့ဘူး။

‌ဓားတာအိုကောင်းကင်ဘုံအရှင်တစ်ယောက်က ဒီနေရာမှာ ရှိရင် လီဖူချန်းက ကောင်းကင်ဘုံအရှင်ရဲ့အဆင့်ကို ပိုနီးကပ်လာနေတယ်လို့ သူတို့က မြင်နိုင်လိမ့်မယ်။ ဒီဓားချီက အထွတ်အထိပ်သူတော်စင်အရှင်တစ်ယောက်ကို သတ်ဖြတ်ဖို့ လုံလောက်တယ်။

"အနည်းငယ်လိုနေသေးတယ်"

အရင်ကနဲ့နှိုင်းယှဉ်ရင် လီဖူချန်းရဲ့ဓားပညာကျွမ်းကျင်မှုက ထပ်တိုးတက်လာပြန်တယ်။ လက်ရှိအချိန်မှာ သူက ဓားတာအိုအရင်းမြစ်စွမ်းအား၈၁ကြောင်းကို ကျဆင်းစေခဲ့တယ်။ စိတ်မကောင်းစရာတစ်ခုကတော့ အဲဒါက မလုံလောက်သေးဘူး၊ သူ့ရဲ့ဓားတာအိုသွေးမျိုးဆက်ကို အန္တိမအဆင့်သွေးမျိုးဆက်တစ်ခုအဖြစ်သို့ မပြောင်းလဲနိုင်သေးဘူး။

ဒါပေမယ့် သူက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာတာနဲ့ သူက သာမန်ကောင်းကင်ဘုံအရှင်တွေကြားမှာ အဆင့်မြင့်မားနေလိမ့်မယ်ဆိုတာကို လီဖူချန်းက ရှင်းလင်းစွာ သိတယ်။

တကယ်တော့ သိုင်းတာအိုသွေးမျိုးဆက်က ထိပ်တန်းအဆင့်တိုက်ခိုက်ရေး‌သွေးမျိုးဆက်တစ်ခုဖြစ်တယ်။

လီဖူချန်းရဲ့မူလအဆုံးစွန်းဓားတာအိုက တကယ်ကို ပြောင်မြောက်တယ်။

"သူ ပြောင်းလဲနေတာလား"

ရုတ်တရက်၊ လီဖူချန်းရဲ့မျက်လုံးတွေက ပြောင်းသွားပြီး ပျော်ရွှင်သွားတော့တယ်။

ငွေလမြို့။ ဝင်းတစ်ခုအထဲမှာ သမန်းဝံပုလွေလီဖူချန်းက တင်ပျဉ်ခွေကာ ထိုင်နေတယ်။ စုစည်းထားတဲ့အနက်ရောင်ချီက သူ့ခန္ဓာကိုယ်မှ မြင့်တက်လာပြီး အနက်ရောင်အလင်းတွေ ဖြစ်တည်လာတယ်။

အခု သူ့သွေးမျိုးဆက်က အနက်ရောင်အက္ခရာတွေ ပြည့်နေတယ်၊ ရွှေရောင်သမန်းဝံပုလွေရဲ့ရွှေရောင်အက္ခရာတွေကို အပြည့်အဝဝါးမျိုသွားခဲ့တယ်လို့ ဆိုလိုလိုက်တာပဲ။

ကြောက်စရာကောင်းတဲ့အမှောင်စွမ်းအင်က သွေးမျိုးဆက်အတွင်းမှ အုံကြွလာပြီး အကန့်အသတ်မဲ့သလို ခံစားရတယ်။

ဝုန်း ဒုန်း.......

အုံကြွနေတဲ့အမှောင်စွမ်းအင်က သမန်းဝံပုလွေလီဖူချန်းကို အလိုအလျောက် ပြောင်းလဲသွားစေခဲ့တယ်။

အတိတ်မှာ သူက သမန်းဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲတဲ့အခါ သူ့ရဲ့အမွေးက နက်ရွှေရောင်ဖြစ်လာတယ်။

အခု သူ့ရဲ့အ‌မွှေးက လုံးဝမည်းနက်တယ်။ အလင်းတောက်ပလာတဲ့အခါ အလင်းပြန်ခြင်းမရှိဘဲ အလင်းကို ဝါးမျိုသွားခဲ့တယ်။ သမန်းဝံပုလွေလီဖူချန်းက ထိုနေရာမှာ ရပ်နေတဲ့အခါ သူက အနက်ရောင်ပုံရိပ်တစ်ခုနဲ့တူတယ်။

တစ်ချိန်တည်းမှာ သမန်းဝံပုလွေလီဖူချန်းရဲ့ခန္ဓာကိုယ်က ကြီးမားလာတယ်။ မီတာတစ်ရာ၊ မီတာတစ်‌ထောင်၊ မီတာတစ်သောင်း၊ မီတာတစ်သိန်း၊ မီတာတစ်သန်း။ နောက်တစ်ခဏမှာတော့ သမန်းဝံပုလွေလီဖူချန်းရဲ့ခန္ဓာကိုယ်က အမြင့်မီတာဆယ်သန်းကို ကျော်ဖြတ်သွားပြီး အဲဒါက ကြီးမားနေတုန်းပဲ။ ပြီးနောက် သမန်းဝံပုလွေလီဖူချန်းက အဲဒါကို အတင်းအကြပ်ဖိနှိပ်ခဲ့တယ်။

ဒါက အမှောင်စွမ်းအင်မထိန်းချုပ်နိုင်တဲ့လက္ခဏာတွေဆိုတာကို သူ သိတယ်။

ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်အတွင်းမှာ စွမ်းအင်တွေများစွာ ပါဝင်တယ်။ သူတော်စင်တစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ စွမ်းအင်မြစ်တစ်စင်းရှိရင် ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်က စွမ်းအင်ပင်လယ်တစ်ခုရှိတယ်။

ဒီလောက်များတဲ့စွမ်းအင်တွေရုတ်တရတ်ပိုင်ဆိုင်လာတဲ့အတွက် သမန်းဝံပုလွေလီဖူချန်းကတောင် မထိန်းချုပ်နိုင်တော့ဘူးပေါ့။

"အမှောင်အရင်းမြစ်။ တစ်ယောက်ယောက်က ကောင်းကင်ဘုံအရှင်အဆင့်ကို ချိုးဖြတ်နေတာလား"

ငွေလမြို့ထဲမှာ ကောင်းကင်ဘုံအရှင်တွေက‌ ခေါင်းမော့လိုက်ကြတယ်။

"ကောင်းကင်ဘုံအရှင်ဖြစ်လာပြီးနောက် ပူပင်ကြောင့်ကြမဲ့နိုင်လိမ့်မယ်။ ဘယ်သူကများ ဒီလိုကံကောင်းသလဲကို ငါ သိချင်တယ်" ကောင်းကင်ဘုံအရှင်တစ်ယောက်က ပြုံးလိုက်တယ်။

ကောင်းကင်ဘုံအရှင်တစ်ယောက်က စကြာဝဠာရဲ့အထွတ်အထိပ်ပဲ။

သူတို့ကို မသတ်နိုင်သရွေ့ သူတို့က နှစ်သန်းပေါင်းများစွာ အလွယ်တကူအသက်ရှင်သန်နိုင်တယ်။ သူတို့က ကျယ်ပြောတဲ့စကြာဝဠာရဲ့ဘယ်အစိတ်အပိုင်းကိုမဆို သွားလာနိုင်တယ်။ သူတို့က အခြားကြယ်ပိုင်နက်တွေကို သွားလည်ချင်ရင် အလွယ်လေးပဲ

"ကောင်းတယ်"

မြို့အရှင်အိမ်တော်ရဲ့လျှို့ဝှက်ပိုင်နက်ထဲမှာ နဖူးပေါ်မှာငွေရောင်လတံဆိပ်နဲ့ငွေရောင်ဆံပင်ရှိတဲ့အမျိုးသမီးတစ်ယောက်က ခေါင်းညိတ်လိုက်တယ်။

မီတာတစ်သန်း။

မီတာတစ်သိန်း။

မီတာတစ်သောင်း။

အစမှာ သမန်းဝံပုလွေလီဖူချန်းက အစောင့်အကြပ်ပေါ့လျော့ခဲ့ပေမယ့် သူက အသိပြန်ဝင်လာနိုင်ပြီး အမှောင်စွမ်းအင်ကို ထိန်းချုပ်လာခဲ့တယ်။

သူ့ခန္ဓာကိုယ်က ပုံမှန်ပြန်ဖြစ်လာတဲ့အခါ သမန်းဝံပုလွေလီဖူချန်းက အမှောင်စွမ်းအင်ကို အပြည့်အဝထိန်းချုပ်လာနိုင်တော့တယ်။

"ဒါ အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်လား"

သူ့ရဲ့ချီသွေးအရင်းမြစ်က အမှောင်သမန်းဝံပုလွေသွေးမျိုးဆက်နဲ့ ပေါင်းစပ်သွားတာကို သမန်းဝံပုလွေလီဖူချန်းက ခံစားမိတယ်။ အမှောင်သမန်းဝံပုလွေအရင်းမြစ်မှ အမှောင်စွမ်းအင်တွေ အဆက်မပြတ်ထိုးတက်လာနေတယ်။

ထိုအချိန်မှာ အရင်းမြစ်ကလည်း သွေးမျိုးဆက်ဖြစ်ပြီး သွေးမျိုးဆက်ကလည်း အရင်းမြစ်ဖြစ်တယ်။

အခြားစကားဖြင့်ပြောရရင် လက်ရှိသမန်းဝံပုလွေလီဖူချန်းက အရင်းမြစ်ဒဏ်ရာကို အလွယ်တကူခံစားရတော့မှာ မဟုတ်ဘူး။

သူတော်စင်အရှင်အဆင့်မှာ အားလုံးက အရင်းမြစ်ဒဏ်ရာ‌ရလာမှာကို အကြောက်ဆုံးပဲ။ အရင်းမြစ်ဒဏ်ရာရသွားတာနဲ့ ကဏ္ဍအားလုံးကို သက်ရောက်မှုရှိသွားလိမ့်မည်ဖြစ်ကာ လျင်မြန်စွာမကုသရင် သူတို့က အကြီးအကျယ်ထိခိုက်ပျက်စီးသွားနိုင်တယ်။

အခုတော့ အရင်းမြစ်က သွေးမျိုးဆက်ဖြစ်လာပြီး စွမ်းအင်တွေ အဆက်မပြတ်တိုးဝင်လာနေတယ် ၊အရင်းမြစ်ဒဏ်ရာရဖို့က အလွန်အမင်းခက်ခဲလာတယ်။

"ကောင်းကင်ဘုံအရှင်တစ်ယောက်က အခြားကောင်းကင်ဘုံအရှင်တစ်ယောက်ကို သတ်ဖို့ ဒီလောက်ခက်ခဲတာ အံ့ဩစရာမရှိဘူးပဲ" သမန်းဝံပုလွေလီဖူချန်းက သူ့ရာသူ တွေးလိုက်တယ်။

ဟူး။

အသက်ကို ရှုထုတ်ပြီးနောက် သမန်းဝံပုလွေလီဖူချန်းက သူ့မျက်လုံးကို ဖွင့်လိုက်တယ်၊ သူ့မျက်လုံးတွေက အလင်းတောက်ပမှုအပြည့်ဖြစ်နေတယ်။

ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့အတွက် သူက ခန့်မှန်းထားတဲ့အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းငါးဆယ်ထက် ပိုသုံးစွဲခဲ့တယ်။ သူက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာ့ငါးဆယ်ထိ သုံးစွဲခဲ့တာပဲ.......

ဒီလောက်အများကြီးကျော်လွန်သွားတာကတော့ သူက အန္တိမအဆင့်သွေးမျိုးဆက်တစ်ခုကို မှန်မှန်ကန်ကန်နားမလည်လို့ပဲ။ သွေးမျိုးဆက်က အနက်ရောင်အက္ခရာတွေ ပြည့်လာတဲ့အခါ သူတို့အားလုံးက ဟိန်းသံတစ်ခုဖြစ်စေပြီး မပြောင်းလဲခင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာကို တစ်ကြိမ်တည်းနဲ့ ဝါးမျိုခဲ့တယ်။

"ငါ့ရဲ့စွမ်းအင်နဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ရမယ်။ တစ်လကြာပြီးရင် ငါ အံ့ဖွယ်သစ်ရွက်မြို့က ထွက်သွားတော့မယ်"

အလင်းတောက်ပမှုက သမန်းဝံပုလွေလီဖူချန်းရဲ့မျက်လုံးတွေမှ ပြန့်ကျဲလာပြီး သူက အိမ်သို့ ပြန်ရောက်သွားတော့တယ်။

…

လေလံခန်းမထဲမှာ အေးစိမ့်ကျောက်တုံးကောင်းကင်ဘုံအရှင်ရဲ့အမူအရာက မည်းမှောင်သွားတော့တယ်၊ သူ့ရဲ့ပစ်မှတ်က ကောင်းကင်ဘုံအရှင်အဆင့်ကို ဒီလောက်လျင်မြန်စွာ ရောက်ရှိသွားလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။

ကောင်းကင်ဘုံအရှင်တစ်ယောက်ကိုရင်ဆိုင်ရတာ မလွယ်လှဘူး။

"သူက အခုမှ အဆင့်တက်လာတာဆိုတော့ အားမကောင်းလောက်သေးဘူး။ သူ့ကို စမ်းသပ်ဖို့ ငါ တစ်ယောက်ယောက်ကို လိုအပ်တယ်"

အေးစိမ့်ကျောက်တုံးကောင်းကင်ဘုံအရှင်က မြို့ထဲရှိကောင်းကင်ဘုံအရှင်တစ်ယောက်ကို ဆက်သွယ်လိုက်တယ်။

"အေးစိမ့်ကောင်းကင်ဘုံအရှင်၊ မင်းက လေလံခန်းမရဲ့တာဝန်ခံဖြစ်ပြီး မရိုးမသားလုပ်ချင်နေတာပဲ။ တစ်ယောက်ယောက်က သိသွားရင် အကျိုးဆက်က ကြီးမားလိမ့်မယ်" သံဦးချိုကောင်းကင်ဘုံအရှင်က သရော်ပြုံးပြုံးလိုက်တယ်။ သူက အေးစိမ့်ကောင်းကင်ဘုံအရှင်ဆက်သွယ်ခဲ့တဲ့တစ်ယောက်ပဲ။

"သံဦးချိုကောင်းကင်ဘုံအရှင်၊ မင်း လုပ်မလား မလုပ်ဘူးလား။ မင်း မလုပ်ရင် ငါ အခြားတစ်ယောက်ကို မေးလိုက်မယ်" အေးစိမ့်ကောင်းကင်ဘုံအရှင်ရဲ့အေးစက်နေတယ်။

"ငါ လုပ်မယ်။ အရင်လိုပဲ တစ်ယောက်တစ်ဝက်စီ" သံဦးချိုကောင်းကင်ဘုံအရှင်က တဲ့တိုးပြောလိုက်တယ်။

"ကောင်းတယ်" အေးစိမ့်ကောင်းကင်ဘုံအရှင်က စိတ်အေးသွားတယ်။

သံဦးချိုကောင်းကင်ဘုံအရှင်က သာမန်ကောင်းကင်ဘုံအရှင်တွေကြားမှာ သန်မာတယ်။ သူ့ရဲ့ခံစစ်က အထူးခိုင်မာပြီး ကောင်းကင်ဘုံအရှင်တော်တော်များများက မချိုးဖြတ်နိုင်ဘူး။

***

နောက်ထပ်တစ်လကြာပြီးနောက်........

သမန်းဝံပုလွေလီဖူချန်းက ငွေလမြို့မှ ထွက်ခွာလာတယ်။

အမှောင်စကြာဝဠာထဲမှာ သမန်းဝံပုလွေလီဖူချန်းက အမှောင်အရိပ်တစ်ခုအဖြစ် ပြောင်းသွားပြီး ပျောက်ကွယ်သွားတော့တယ်။

"မကောင်းတော့ဘူး၊ သူ ထွက်သွားတော့မယ်"

မနီးမဝေးမှ အလင်းတန်းတစ်ခုလက်သွားတယ်။

"ငါက အလင်းမြန်နှုန်းထက် အဆတစ်သောင်းပိုမြန်နေပြီးပဲ"

သူ့ခန္ဓာကိုယ်ပတ်လည်ရှိအာကာသ-အချိန်က အရည်တစ်ခုနဲ့ တူပြီး အလွန်အမင်း နူးညံ့သိမ်မွေ့တယ်၊ သူ့အရှိန်ကို ပိုမြန်လာစေတာကို သမန်းဝံပုလွေလီဖူချန်းက ခံစားမိတယ်။

မြန်နှုန်းက ဒီပမာဏအထိ ရောက်ရှိလာတာနဲ့ သာမန်မဟုတ်တော့ဘူး။ မြန်နှုန်းက ပိုတိုးလာရင် အဲဒါက အာကာသ-အချိန်ကို ‌သေချာပေါက်သက်ရောက်ပါလိမ့်မယ်။

အလေးအနက်ထားပြောရရင် မြန်နှုန်းက အလင်းမြန်နှုန်းကို ကျော်လွန်သွားတာနဲ့ သာမန်မဟုတ်တော့ပါဘူး။

အလင်းမြန်နှုန်းကို အောင်နိုင်သွားတယ်ဆိုတာက တစ်စုံတစ်ယောက်ရဲ့စွမ်းအင်က ကြီးမားလွန်းတာကြောင့် အာကာသ-အချိန်ကို တွန့်လိမ်သွားစေတယ်လို့ ဆိုလိုတယ်။ တွန့်လိမ်က ပိုကြီးမားလေလေ၊ အရှိန်က ပိုမြန်လေလေပဲ။

"သူက ဒီလောက်တောင် မြန်တာပဲ" သံဦးချိုကောင်းကင်ဘုံအရှင်က သမန်းဝံပုလွေလီဖူချန်းနောက်ကို လိုက်ရတာ ခက်ခဲနေတယ်။ တစ်ချိန်တည်းမှာပဲ သူက သတိကို တိုးမြှင့်ထားနေရတယ်။

ရုတ်တရက် သမန်းဝံပုလွေလီဖူချန်းက ရပ်တန့်ကာ ဟင်းလင်းပြင်ကို လှည့်ကြည့်လိုက်တယ်။

ဟင်းလင်းပြင်ထဲမှာ ငွေရောင်အလင်းတစ်ခုရှိတယ်။ ငွေရောင်အသားအရေနဲ့ဦးချိုတစ်ချောင်းပါရှိတဲ့လူတစ်ယောက်က ထိုနေရာမှာ ရပ်နေတယ်။

"မင်း ငါ့နောက်ကို ဘာလို့ လိုက်နေရတာလဲ" သမန်းဝံပုလွေလီဖူချန်းက သံဦးချိုကောင်းကင်ဘုံအရှင်ကို စိုက်ကြည့်လိုက်တယ်။

သံဦးချိုကောင်းကင်ဘုံအရှင်က ရယ်လိုက်တယ်"ဘာမှမဟုတ်ပါဘူး။ ငါ မင်းနဲ့ လေ့ကျင့်ချင်ရုံလေးပါ"

ပြောနေရင်း သူက သမန်းဝံပုလွေလီဖူချန်းထံ လက်သီးတစ်ချက်ထုတ်ဖော်လိုက်တယ်။

ငွေရောင်အလင်းတစ်ခုနဲ့အတူ လက်သီးတစ်ချက်ထွက်ပေါ်လာတယ်။ အဲဒါက တောက်ပနေတဲ့နေအလင်းရောင်နဲ့ တူတယ်။

အနီးကပ်ကြည့်ပြီးနောက် ငွေရောင်လက်သီးတွေ အဆုံးမဲ့တည်ရှိနေတယ်။

သံဦးချိုကောင်းကင်ဘုံအရှင်က သူ့ရဲ့အမှတ်အသားတိုက်ကွက်ကို ချက်ချင်း ဖော်ထုတ်လိုက်တယ်။

တုံ့ပြန်တဲ့အနေနဲ့ သမန်းဝံပုလွေလီဖူချန်းက ပြုံးကာ လှုပ်ရှားခြင်းမရှိရပ်နေတယ်။

"သေချင်နေတာပဲ"

သံဦးချိုကောင်းကင်ဘုံအရှင်က လှောင်ပြုံးပြုံးလိုက်တယ်။ ကောင်းကင်ဘုံအရှင်က ‌အခြားကောင်းကင်အရှင်ကို သတ်ရတာ ခက်ခဲပေမယ့် ပစ်မှတ်က ရပ်နေသေးရင် သူက ထိခိုက်ခံစားသွားရလိမ့်မယ်။ ဒါ့အပြင် သမန်းဝံပုလွေလီဖူချန်းက အဆင့်တက်လာတာ မကြာသေးဘူး၊ သူက သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ မရင်းနှီးသေးဘူးလေ။

တစ်စက္ကန့်အတွင်း ငွေရောင်လက်သီးက သမန်းဝံပုလွေလီဖူချန်းရဲ့ခန္ဓာကိုယ်အပေါ်  ကျဆင်းလာတော့တယ်။

ဒါပေမယ့် ရလဒ်က သံဦးချိုကောင်းကင်ဘုံအရှင်မျှော်လင့်ထားသလိုမဟုတ်ဘူး။

လက်သီးတွေက ပင်လယ်ထဲကိုဝင်ရောက်လာတဲ့ရွှံ့နွားတွေနဲ့ တူတယ်။ သူတို့က သမန်းဝံပုလွေလီဖူချန်းနဲ့ ထိတွေ့မိတာနဲ့ အရိပ်အယောင်မဲ့ပျောက်ကွယ်သွားတော့တယ်။

"အမ်၊ ဒီလိုအားကောင်းတဲ့အမှောင်စွမ်းအင်" သံဦးချိုကောင်းကင်ဘုံအရှင်ရဲ့အမူအရာက ရှက်ရွံ့သွားရတယ်။

သူ့လက်သီးအားတွေကို အမှောင်စွမ်းအင်က စုပ်ယူလိုက်တာကို သူ့ရဲ့မျက်လုံးတွေက ကောင်းစွာမြင်နိုင်တယ်။ အခြားစကားအနေနဲ့ပြောရရင် သမန်းဝံပုလွေလီဖူချန်းရဲ့စွမ်းအင်က သူ့ထက် ပိုမြင့်တယ်။

"ပြေးတော့" တုံ့ဆိုင်းမနေဘဲ သမန်းဝံပုလွေလီဖူချန်းက ပြန်လှည့်ကာ ထွက်ပြေးသွားတော့တယ်။

သူ့ရဲ့ရည်ရွယ်ချက်က သမန်းဝံပုလွေလီဖူချန်းရဲ့ခွန်အားကို စမ်းသပ်ဖို့ပဲ။ အားနည်းရင် သူက သမန်းဝံပုလွေလီဖူချန်းကို သတ်မယ်။ သန်မာရင် သူက ချက်ချင်းပြန်ဆုတ်ရလိမ့်မယ်။

"မင်းလာချင်တိုင်းလာ သွားချင်တိုင်းသွားလို့ရမယ်ထင်နေလား။ အဲလောက်လွယ်မနေဘူး"

လက်သည်းကို ဝှေ့ယမ်းလိုက်ရာ အမှောင်လလက်သည်းက သံဦးချိုကောင်းကင်ဘုံအရှင်အပေါ် ကျရောက်သွားတော့တယ်။

ဝုန်း......

သံဦးချိုကောင်းကင်ဘုံအရှင်ရဲ့ငွေရောင်သတ္တုလိုခန္ဓာကိုယ်က ဆုတ်ပြဲသွားတော့တယ်။

သံဦးချိုကောင်းကင်ဘုံအရှင်က သူ့ရဲ့ဆုတ်ခွာခြင်းအရှိန်ကို တိုးမြှင့်လိုက်တယ်၊ သူက အေးစိမ့်ကောင်းကင်ဘုံအရှင်ကို အရိုးထဲထိတိုင် မုန်းတီးမိတယ်။

"သူ ထွက်ပြေးတာတော့ အတော်လေးမြန်သားပဲ"

သမန်းဝံပုလွေလီဖူချန်းက မလိုက်ဘူး။ သူက လိုက်မီရင်တောင် သံဦးချိုကောင်းကင်ဘုံအရှင်ကို သတ်ဖို့ ခက်ခဲတာကို သူ သိတယ်။

All Chapters