← Chapters

နေကျိန်စာ

Vol. 67 Ch. 932

နေကျိန်စာ

Vol. 67 Ch. 932

စကြာဝဠာမြို့တွေကြားမှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တွေများစွာရှိတယ်၊ လူတစ်ယောက်အနေနဲ့ ကိုယ်တိုင်ခရီးသွားစရာမလိုပါဘူး။ ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့မြန်နှုန်းနဲ့အတူ သမန်းဝံပုလွေလီဖူချန်းအနေနဲ့ ငွေလမြို့မှအံ့ဖွယ်သစ်ရွက်မြို့ကို ခရီးနှင်ဖို့က ရက်အနည်းငယ်သာ ကြာတယ်။

"သွားကြစို့....." လီဖူချန်းက အံ့ဖွယ်သစ်ရွက်မြို့မှာ အသင့်စောင့်နေတာလေ။

…

နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေ။

သတ္တုဂိတ်အပြင်ဘက်မှာ........

လီဖူချန်းက သူ့လက်ကို သမန်းဝံပုလွေလီဖူချန်းရဲ့ပခုံးပေါ် တင်လိုက်တယ်၊ သူတို့က သတ္တုဂိတ်ကို အတူတကွဝင်ရောက်သွားခဲ့တယ်။

အတားအဆီးအနှောင့်အယှက်မရှိဘဲ နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေကို ဝင်ရောက်ပြီးနောက် သူတို့နှစ်ယောက်က အတူရှိနေသေးတယ်။

ဒါ့အပြင် သူတို့ရှာတွေ့ခဲ့တဲ့ပထမဆုံးအတားအဆီး‌ထောင်ချောက်က အခက်အခဲအဆင့်၅ရှိတယ်။ အဲဒါက လီဖူချန်းနောက်ဆုံးနောက်ဆုံးရင်ဆိုင်ခဲ့ရတဲ့အတားအဆီးထောင်ချောက်နဲ့အတူတူပဲ။

ခလုတ်တွေကို ရှောင်တိမ်းလျက် သူတို့နှစ်ယောက်က ခန်းမတစ်ခုကို ရောက်ရှိလာပြီး အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးခြောက်ရုပ်ကို နိုးထစေလိုက်တယ်။

"ငါ အရင်ကြိုးစားကြည့်မယ်"

နှစ်အနည်းငယ်တောင် ကြာပြီးဆိုတော့ သူ့ခွန်အားက လုံးဝခြားနားနေပြီလေ။ အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးတစ်ရုပ်ထဲရှိနတ်ဆရာစွမ်းအင်တွေကို လျော့ကျစေဖို့ သူက အများဆုံးလဝက်သာ လိုလိမ့်မယ်လို့ ယုံကြည်ထားတယ်။

ကြမ်းတမ်းပြင်းထန်တဲ့လေပြင်းတစ်ခုပေါ်ပေါက်လာပြီး အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးခြောက်ရုပ်က လီဖူချန်းကို ဦးတည်ဘက်တိုင်းမှ တိုက်ခိုက်လာတယ်။

ချွမ်း......

ဓားအလင်းလက်သွားပြီး ရုပ်သေးခြောက်ရုပ်လုံးက လွင့်ထွက်သွားတယ်။

ချွင်း ချွမ်း ချွမ်း ချွင်း ချွမ်း.....

လီဖူချန်းက သူ့ကိုယ်သူ ခြောက်ကိုယ်ခွဲကာ နတ်ဆရာရုပ်သေးတွေကို ဖိနှိပ်နေတယ်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ကိုယ်ပွားခြောက်ခုက ပေါင်းစပ်သွားတယ်။ လီဖူချန်းက ခေါင်းခါကာ ပြောလိုက်တယ်"မင်း သွားလိုက်တော့"

လက်ရှိသူက အနည်းဆုံးခွန်အားဆယ်ဆတိုးလာတယ်။ ဒါပေမယ့် အဆင့်မြင့်သူတော်စင်အရှင်အဆင့်နတ်ဆရာရုပ်သေးခြောက်ရုပ်ရဲ့စွမ်းအင်ကို ကုန်ခန်းစေဖို့က အချိန်အကြာကြီးလိုအပ်နေတုန်းပဲ။

"ကောင်းပြီ"

သမန်းဝံပုလွေလီဖူချန်းက နေရာမှာတင် ရပ်နေတယ်၊ သူက အမှောင်လက်သည်းတစ်ခုကို ဖော်ထုတ်လိုက်ရာ နတ်ဆရာရုပ်သေးခြောက်ရုပ်ကို လွှမ်းခြုံသွားတော့တယ်။

ချွင်း ချွမ်း ချွင်း ချွမ်း.......

နတ်ဆရာရုပ်လက်နက်နဲ့နတ်ဆရာလက်နက်တွေက ပြန့်ကျဲလာတော့တယ်။ လက်သည်းကုတ်ချက်တစ်ခုက နတ်ဆရာရုပ်သေးခြောက်ရုပ်ရဲ့နတ်ဆရာစွမ်းအင်ကို ကုန်ခန်းစေတာပဲ။

"သမန်းဝံပုလွေကောင်းကင်ဘုံအရှင်တစ်ယောက်က တကယ်မယုံနိုင်စရာပဲ" လီဖူချန်းက အံ့အားသင့်နေတယ်။

ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာပြီးနောက် သမန်းဝံပုလွေလီဖူချန်းရဲ့ခွန်အားက သာမန်ကောင်းကင်ဘုံအရှင်တွေထက် ပိုမြင့်လာတာ သိသာတယ်။

အလေးအနက်ပြောရရင် လှိုင်းအောက်ကောင်းကင်ဘုံအရှင်က နတ်ဆရာရုပ်သေးတွေရဲ့စွမ်းအင်ကို ကုန်ခန်းစေဖို့ အနည်းဆုံးတစ်ရက်မှနှစ်ရက်အထိ လိုလိမ့်မယ်။ သံဦးချိုကောင်းကင်ဘုံအရှင်ဆိုရင်လည်း နှစ်နာရီမှလေးနာရီပတ်လည်လိုအပ်လိမ့်မယ်။

စားပွဲတစ်ခုပေါ်မှာ ထူးကဲအဆင့်ယဇ်ရုပ်သေးတစ်ရုပ်နဲ့ ထူးကဲအဆင့်လကျိန်စာစာလိပ်တစ်ခုရှိတယ်။

လက်ရှိလီဖူချန်းမှာ ထူးကဲအဆင့်လကျိန်စာစာလိပ်နှစ်ခု၊ ထူးကဲအဆင့်ယဇ်ရုပ်သေးတစ်ရုပ်နဲ့ အခုထိမရောင်းရသေးတဲ့ထူးကဲအဆင့်နတ်ဆရာလက်စွပ်တစ်ကွင်းရှိတယ်။

"ရှေ့ဆက်သွားကြတာပေါ့လေ"

လီဖူချန်းက ပြုံးလိုက်မိတယ်၊ နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေသို့ဒီခရီးက သူ့မျှော်လင့်ထားတာရဲ့အလွန်မှာ ရှိတယ်လေ။

ဒုတိယ၊ တတိယခန်းမ........အားလုံးမှာ တူညီတဲ့အတားအဆီးထောင်ချောက်တွေ ရှိတယ်၊ ဒါပေမယ့် ခန်းမတစ်ခုကတော့ ဟာလာဟင်းလင်းဖြစ်နေတယ်၊ တစ်ယောက်ယောက် အရင်ရောက်လာခဲ့ပုံပဲ။

စတုတ္ထခန်းမမှာ........

အတားအဆီးထောင်ချောက်ရဲ့ခက်ခဲမှုအဆင့်ကက၆ ဖြစ်တယ်။

ဆိုလိုတာကတော့ သူတို့က ထူးကဲအဆင့်နတ်ဆရာရုပ်သေးတစ်ရုပ်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်နိုင်ချေများတယ်။

အတားအဆီးထောင်ချောက်ကို အလွယ်တကူဖြတ်ကျော်ပြီး‌နောက် လီဖူချန်းနဲ့သမန်းဝံပုလွေလီဖူချန်းက ခန်းမထဲကို ဝင်ရောက်လာတယ်။

ဖြောက်......

သူတို့နှစ်ယောက်နဲ့အနီးကပ်ဆုံးရုပ်သေးက လှုပ်ရှားလာပြီး သူတို့ထံ ထိုးဝင်လာတော့တယ်။

အနေအထားကို မြင်ပြီး လီဖူချန်းက ကောင်းကင်ဆက်ဓားကို ထုတ်ကာ ကြိုဆိုလိုက်တယ်။

ချွမ်း.......

ပုဆိန်နဲ့ဓားထိပ်တိုက်တွေ့တဲ့အခါ ကြောက်စရာကောင်းတဲ့လှိုင်းဂယက်အားက ပျံ့နှံ့လာတယ်။ ပြီးနောက် လီဖူချန်းက ချက်ချင်းလွင့်ထွက်သွားရတယ်။

"သန်မာလွန်းတယ်......"

လီဖူချန်းရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။ တိုက်ခိုက်ရေးစွမ်းအားအရ ဒီထူးကဲအဆင့်နတ်ဆရာရုပ်သေးက သူ့ထက်ပိုသန်မာတယ်။

ဒီခန်းမထဲမှာ ဒီလိုနတ်ဆရာရုပ်သေးခြောက်ရုပ်တောင် ရှိတယ်။

လီဖူချန်းက နောက်ဆုတ်ကာ သမန်းဝံပုလွေလီဖူချန်းက ရှေ့တက်လာတယ်။

သမန်းဝံပုလွေလီဖူချန်းက လက်သည်းကုတ်ချက်တစ်ချက်ကို သုံးကာ နိုးထလာတဲ့နတ်ဆရာရုပ်သေးတစ်ရုပ်ချင်းစီကို လွင့်ထွက်သွားစေခဲ့တယ်။

တစ်ပတ်ကြာပြီးနောက် လီဖူချန်းက ထူးကဲအဆင့်နတ်ဆရာချပ်ဝတ်ရှစ်စုံနဲ့လက်နက်တွေကို ရရှိခဲ့တယ်။

"အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်တစ်စုံက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးဆယ်သန်းထိုက်တန်တယ်။ ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်ရဲ့ဈေးနှုန်းကရော ဘယ်လောက်ရှိလောက်မလဲ.........

ဒီနတ်ဆရာချပ်ဝတ်တွေရဲ့တန်ဖိုးက အဆင့်နိမ့်အန္တိမအဆင့်ချပ်ဝတ်တွေထက် မနိမ့်ကျလောက်ဘူးလို့ လီဖူချန်းက ခံစားမိတယ်။

လီဖူချန်းက နတ်ဆရာချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် နတ်ဆရာပညာရပ်ကို အသက်သွင်းလိုက်တယ်။ တဝီဝီမြည်နေပြီး ဆယ်ပေအတွင်းရှိအာကာသ-အချိန်က ရုတ်တရက်ရပ်သွားကာ တိတ်ဆိတ်ငြိမ်သက်သွားတော့တယ်။

ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်ကိုလည်း နတ်ဆရာပညာရပ်ဖြစ်တဲ့တည်ငြိမ်စက်ကွင်းနဲ့ပဲ ထွင်းထုထားတယ်။

ဒါပေမယ့် ဒီတည်ငြိမ်စက်ကွင်းက အဆင့်မြင့်ထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်မှာပါရှိတဲ့တူညီတဲ့နတ်ဆရာပညာရပ်ထက် ပိုမြင့်တယ်။ အာကာသ-အချိန်လှိုင်းတွေတောင် ရပ်တန့်သွားရတယ်။ ရန်သူက လုံလုံလောက်လောက် အားမကောင်းရင် တိုက်ခိုက်မှုတွေ လီဖူချန်းအပေါ် ကျရောက်လာဖို့က မဖြစ်နိုင်ဘူး။

နတ်ဆရာချပ်ဝတ်တွေနဲ့အလားတူစွာပင်၊ နတ်ဆရာလက်နက်တွေကိုလည်း အံ့ဖွယ်အထောက်အပံ့နဲ့ ထွင်းထုထားတယ်၊ ဒါပေမယ်ြ အဆင့်က ပိုမြင့်တာပေါ့လေ။

"ငါ့ရဲ့ချပ်ဝတ်ကို ဒီလောက်လျင်မြန်စွာပြောင်းလဲရလိမ့်မယ်လို့ ငါ မထင်ထားဘူး"

ထူးကဲထိပ်တန်းအဆင့်အထွတ်အထိပ်နတ်ဆရာချပ်ဝတ်ရှိနေမှတော့ လီဖူချန်းက အရင်နတ်ဆရာချပ်ဝတ်ကို မလိုအပ်တော့ပါဘူး။

ဒါပေမယ့် သူက အရင်နတ်ဆရာချပ်ဝတ်တစ်စုံနဲ့လက်နက်ကို အခြားသူတွေကို ပေးလို့ရပါသေးတယ်။

"နတ်ဆရာချပ်ဝတ်က တန်ဖိုးရှိပေမယ့် ဒီပစ္စည်းနဲ့နှိုင်းယှဉ်ရင် အဲဒါက နည်းနည်းနိမ့်ကျတယ်"

လီဖူချန်းရဲ့လက်က စာလိပ်တစ်ခုကို ကိုင်ထားတယ်။

အရင်ခန်းမတွေနဲ့မတူဘဲ အခက်အခဲအဆင့်၆ရှိတဲ့ဒီခန်းမမှာ ရတနာတစ်ခုသာ ရှိတယ်။

ဒါပေမယ့် ရတနာတစ်ခုက အရင်ရတနာတွေအားလုံးကို လွှမ်းမိုးဖို့ လုံလောက်တယ်။

ဒီစာလိပ်က လကျိန်စာစာလိပ်မဟုတ်ဘူး၊ နေကျိန်စာစာလိပ်ပါပဲ။

လကျိန်စာစာလိပ်က ထိပ်တန်းအဆင့်အထွတ်အထိပ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပေမယ့် နေကျိန်စာစာလိပ်က အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။

နေကျိန်စာစာလိပ်မှ ဘယ်အရာကိုမဆို ဖျက်ဆီးနိုင်တဲ့လှိုင်းတစ်ခုကို လီဖူချန်းက ခံစားမိတယ်။ သူတို့က သတိပေါ့လျော့မိရင် ကောင်းကင်ဘုံအရှင်တစ်ယောက်ဆိုရင်တောင် ဒဏ်ရာကြီးကြီးမားမားခံစားရမှာကို စိတ်ကူးဖို့ မခက်ခဲလှဘူး။

ခန်းမမှထွက်ပြီးနောက် သူတို့က လမ်းကြောင်းတစ်ခုကို ရောက်ရှိလာတော့တယ်။

"မကောင်းတော့ဘူး"

လီဖူချန်းက သိမ်မွေ့တဲ့လေထိုးဖောက်သံတစ်ခုကို ရုတ်တရက်ကြားလိုက်ရတယ်။

"သတိထား"

သမန်းဝံပုလွေလီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး လက်သည်းအလင်းက လင်းလက်သွားတယ်။ အဲဒါက ပါးရှားတဲ့အရိပ်တစ်ခုကို အပိုင်းအစခြောက်ပိုင်းအဖြစ်သို့ ခွဲဖြတ်သွားတော့တယ်။

ထူးဆန်းတာတစ်ခုခု ဖြစ်ပျက်ခဲ့တယ်၊ ခွဲဖြတ်သွားတဲ့အရိပ်က အနည်းငယ်လူးလွန့်သွားပြီးနောက် ပျောက်ကွယ်သွားတော့တယ်။

လေထိုးဖောက်သံတွေကို ကြားရတယ်၊ မြန်နှုန်းက တစ်‌စုံတစ်ယောက်ရဲ့တုံ့ပြန်မှုထက် ပိုမြန်တယ်။

စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီးနောက် လီဖူချန်းက လမ်းကြောင်းအရှေ့မှာ ပါးရှားတဲ့အရိပ်တွေများစွာကို မြင်နိုင်တယ်။ ပါးရှားတဲ့အရိပ်တွေက မင်စင်းကြောင်းတွေနဲ့တူတယ်။ သူတို့မှာ ပါးစပ်တွေ မရှိဘူး၊ မျက်လုံးတစ်လုံးသာ ရှိတယ်။ စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး အာရုံခံလိုက်ရာ လီဖူချန်းက တစ်ဟုန်ထိုးပြေးလာနေတဲ့နတ်ဆိုးဆန်တဲ့ဆန္ဒကို အာရုံခံမိသွားတယ်။

"သန့်စင်တဲ့သက်ရှိလည်းမဟုတ်ဘူး၊ ရုပ်သေးလည်းမဟုတ်ဘူး။ ၎င်းအပေါ်မှာ နတ်ဆရာပညာရပ်လှိုင်းတွေရှိတယ်။ နတ်ဆရာပညာရပ်တွေကနေ ဖွဲ့စည်းလာတာများလား" လီဖူချန်းရဲ့အမူအရာက ပြောင်းလဲသွားတော့တယ်။

သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့သမန်းဝံပုလွေလီဖူချန်းရဲ့တိုက်ခိုက်ရေးစွမ်းအားနဲ့ဆိုရင် နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေရဲ့အများစုကို သူက စွန့်စားသွားလာနိုင်တယ်လို့ လီဖူချန်းက အစက တွေးထားခဲ့တာ။ အခုတော့ သူမှားတာကို သူသိသွားတယ်၊ ဒီနေရာမှာ အတားအဆီးထောင်ချောက်တွေကြီးပဲ ရှိတာမဟုတ်ဘူးပဲ။ သူတို့အတွင်းပိုင်းပိုသွားလေလေ၊ အန္တရာယ်က ပိုတိုးလာလေလေပဲ။

နတ်ဆရာဘိုးဘေးရဲ့နည်းလမ်းကို သာမန်လူတွေက စိတ်ကူးမယဉ်နိုင်ဘူးပဲ။ သူချန်ရစ်ထားတဲ့နတ်ဆရာပညာရပ်တွေက သာမန်ကောင်းကင်ဘုံအရှင်တွေကို သတ်ဖို့လုံလောက်တယ်။

မကြာမီမှာ ပါးရှားတဲ့အရိပ်တွေက တိုက်ခိုက်လာတယ်။ တည်ငြိမ်စက်ကွင်းကို ထောက်ပံ့ထားတဲ့ နတ်ဆရာချပ်ဝတ်ကို ဝတ်ဆင်ထားရင်း လီဖူချန်းက သူ့ကိုယ်သူကာကွယ်နိုင်တယ်။ ဒါပေမယ့် သပါးရှားတဲ့အရိပ်တွေကို သတ်ဖြတ်ဖို့ သူ့ရဲ့ဓားကို အကြိမ်အနည်းငယ်ဝှေ့ယမ်းဖို့ လိုအပ်လိမ့်မယ်။

သမန်းဝံပုလွေလီဖူချန်းက လုံလုံလောက်လောက်အားကောင်းတာ ကံကောင်းသွားတယ်။ သူ့ရဲ့လက်သည်းလှိုင်းတစ်ခုက ပါးရှားတဲ့အရိပ်မရေမတွက်များစွာကို ပိုင်းဖြတ်ဖို့လုံလောက်တယ်။

သူတို့နှစ်ယောက်က ဆက်သွားနေတယ်။ နောက်ရက်အနည်းငယ်ကြာတော့ သူတို့က ခန်းမနောက်တစ်ခုကို ရောက်ရှိလာတယ်၊ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုကတော့ အထဲရှိရတနာင ပြောင်သလင်းခါနေပြီဖြစ်တယ်။ နတ်ဆရာရုပ်သေးတစ်ရုပ်တောင် ကျန်မနေတော့ဘူး။

လဘယ်လောက်တောင်ရှိသလဲကို မသိတော့ဘူး။

"နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေကို စွန့်စားထွက်ရတာ ပိုခက်ခဲလာတယ်။ အပျက်အစီးနယ်မြေရဲ့ဗဟိုချက်နေရာက အတားအဆီးထောင်ချောက်တွေနဲ့ ပြည့်နေရောပဲ၊  နတ်ဆရာပညာရပ်မျိုးစုံတွေ၊ ထိတ်လန့်တုန်လှုပ်စရာထိုးဖောက်ခြင်းစွမ်းအားရှိတဲ့ပါးရှားတဲ့အရိပ်တွေ၊ အဆုံးမဲ့လမ်းခွဲတွေ၊ အဆိပ်ရှိဖုန်မှုန်တွေလည်း ရှိတယ်။ အချက်အလက်အရ လမ်းကြောင်းအချို့က နတ်ဆရာပညာရပ်ကြောင့် အသက်ဝင်လာတာတွေရှိတယ်"

လီဖူချန်းက ခေါင်းခါလိုက်တယ်၊ သူက နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေကို လျော့တွက်မိတာကို ဝန်ခံရမှာပဲ။

ခွန်အားမရှိဘဲ စိတ်ဝိညာဉ်စွမ်းအားကိုသာ အားကိုးဖို့က မဖြစ်နိုင်ဘူး။

လက်ရှိအချိန်မှာ သမန်းဝံပုလွေလီဖူချန်းက သူ့ကို ကာကွယ်နိုင်သေးတယ်၊ ဒါပေမယ့် သူတို့က အတွင်းပိုင်းကို ဆက်သွားရင် သမန်းဝံပုလွေလီဖူချန်းက ထပ်ကာကွယ်နိုင်တော့မှာမဟုတ်ဘူး။

"တစ်ချက်အရင်ကြည့်ရတာပေါ့။ မဖြစ်နိုင်ရင် ငါတို့ ပြန်ဆုတ်ကြမယ်လေ"

ဝုန်း ဝုန်း ဝုန်း......

ပူပြင်းတဲ့ချီတည်ရှိမှုတစ်ခုရှိတယ်။ အရှေ့ရှိလမ်းကြောင်းက လောင်ကျွမ်းနေတဲ့ငရဲအလားပဲ။

သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားနဲ့အတူ ပူပြင်းတဲ့ချီတည်ရှိမှုကို ကြည့်လိုက်တဲ့အခါ မီးကဲ့သို့ရဲရဲနီတဲ့တောင်ပံပါသားရဲတွေ လေထဲမှာပျံသန်းနေတာကို လီဖူချန်းက မြင်လိုက်ရတယ်။ သူတို့က ခွေးတစ်‌ကောင်ရဲ့အရွယ်အစားရှိပြီး ပါးစပ်ဟကာ မီးဘောလုံးတွေ မှုတ်ထုတ်လိုက်ကြတယ်။ မီးဘောလုံးတွေမှထုတ်လွှတ်တဲ့လှိုင်းတွေက နေကျိန်စာစာလိပ်နဲ့ အလွန်တူတယ်။ လီဖူချန်းရဲ့အမြင်အရ အဲဒါက နေကျိန်စာရဲ့ရိုးရှင်းတဲ့ပုံစံပါပဲ။

အမှောင်အကာအကွယ်ကို ဖော်ထုတ်လျက် သမန်းဝံပုလွေလီဖူချန်းက လီဖူချန်းကို ကာကွယ်လိုက်တယ်။

ခုခံမှုက ထိတ်လန့်စရာပဲ။ အရာရာတိုင်းကို ရှေးဦးအခြေအနေအဖြစ်သို့ ပြောင်းလဲနိုင်ပုံရတဲ့မီးဘောလုံးတွေက အမှောင်အကာအကွယ်ပေါ်မှာ လှိုင်းဂယက်တစ်ခုကိုသာ ဖြစ်ပေါ်စေနိုင်ခဲ့တယ်။

ပြီးနောက် သိပ်မကြာခင်မှာပဲ သူတို့နှစ်ယောက်က အတားအဆီးထောင်ချောက်တစ်ခုအရှေ့ကို ရောက်ရှိလာတယ်။

"အလိုလေး......"

လီဖူချန်းရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ ဒီအတားအဆီးထောင်ချောက်ရဲ့အကန့်အသတ်က တကယ်ကို အဆင့်၇ပဲ။ အထဲရှိနတ်ဆရာရုပ်သေးတွေက ကောင်းကင်အရှင်အဆင့်ရှိတယ်လို့ ဆိုလိုတယ်။

"ပြီးတော့ ဒီအတားအဆီးက ပိုတောင်ရှုပ်ထွေးတယ်။ အတားအဆီးရဲ့တည်နေရာကို သိရင်တောင် အသုံးမဝင်ဘူး။ သူတို့က ကျပန်းပြောင်းလဲနေလိမ့်မယ်၊ အစီအစဉ်က မမှန်ရင် သူတို့က ချက်ချင်း အသက်ဝင်သွားလိမ့်မယ်"

"ဒါပေမယ့် ဒီအတိုင်းထွက်သွားရရင်လည်း ဝမ်းနည်းစရာပဲ။ အရင် ကြိုးစားကြည့်ကြတာပေါ့......."

အသက်ကို ရှုသွင်းပြီးနောက် လီဖူချန်းနဲ့သမန်းဝံပုလွေလီဖူချန်းက အတားအဆီးထောင်ချောက်ထဲ ဝင်ရောက်ခဲ့တယ်။

တစ်လှမ်း၊ နှစ်လှမ်း.......

စိတ်ဝိညာဉ်စွမ်းအားနဲ့အတူ သူတို့က အတားအဆီးထောင်ချောက်ရဲ့ဗဟိုကို ရောက်ရှိသွားသေးတယ်။

ဖြောက်.......

"မကောင်းတော့ဘူး"

လီဖူချန်းရဲ့အမူအရာက ရုတ်ချည်းပြောင်းလဲသွားတယ်။ သူက အတားအဆီးကို မတော်တဆအသက်သွင်းလိုက်မိမယ်လို့ လီဖူချန်းက မမျှော်လင့်ထားခဲ့ဘူး။

ရေဓားသွားတစ်ခု ထွက်ပေါ်လာပြီး အမှောင်အကာအကွယ်ကို ပိုင်းဖြတ်သွားလေတယ်။ ကံကောင်းသွားတာကတော့ ‌လီဖူချန်းက ခေါင်းငုံ့ကာ အချိန်မီရှောင်တိမ်းလိုက်နိုင်တာပဲ။

သူတို့နှစ်ယောက်က အတင့်မရဲတော့ပါဘူး၊ သူတို့က ရှေ့ဆက်တိုးသွားနေတယ်။

ရွှမ်း ရွှမ်း ရွှမ်း ရွှမ်း ရွှမ်း.....

အတားအဆီးထောင်ချောက်က ရှုပ်ထွေးလွန်းပြီး အလွန်လျင်မြန်တဲ့အရှိန်နဲ့ ပြောင်းလဲနေတယ်။ လီဖူချန်းက သူတို့ကို မြင်ရင်တောင်မှ သူတို့ပြောင်းလဲနေတာကို မရပ်နိုင်ရင် အသုံးဝင်မှာမဟုတ်ဘူး။ သူတို့နှစ်ယောက်က နောက်ထပ်အမှားတစ်ခုကို ပြုလုပ်ခဲ့မိတယ်၊ လမ်းနှစ်‌ဖက်ရှိနံရံတွေမှာ အပေါက်တွေအဆုံးမဲ့ပေါ်ထွက်လာတယ်။ ချွန်ထက်တဲ့မြားတွေက ပြေးထွက်လာနေတယ်။

ချွန်ထက်တဲ့မြားတွေက သာမန်မြားတွေမဟုတ်ဘူး၊ သူတို့က ကြောက်စရာကောင်းတဲ့အရှိန်အဝါကို ထုတ်လွှတ်နေတယ်။

သမန်းဝံပုလွေလီဖူချန်းက လီဖူချန်းအတွက် မြားတစ်ချောင်းကို ခံဆောင်လိုက်တယ်။

ကံကောင်းတာကတော့ သူတို့နှစ်ယောက်က နောက်ထပ်အတားအဆီးတွေကို အသက်မသွင်းမိတော့ဘဲ ခန်းမရဲ့အပြင်ဘက်ကို ရောက်ရှိလာတယ်။

All Chapters