← Chapters

အန္တိမအဆင့်ရုပ်သေး

Vol. 67 Ch. 933

အန္တိမအဆင့်ရုပ်သေး

Vol. 67 Ch. 933

ခန်းမထဲမှာ နတ်ဆရာရုပ်သေးနှစ်ရုပ်ရှိတယ်။

သူတို့ထံမှထုတ်လွှတ်နေတဲ့ချီတည်မှုအရ ကောင်းကင်ဘုံအရှင်အဆင့်မှာ ရှိတာ သိသာတယ်။

ဝုန်း......

သမန်းဝံပုလွေလီဖူချန်းနဲ့နတ်ဆရာရုပ်သေးတွေက စတင်တိုက်ခိုက်လာကြတယ်။

ကြောက်စရာကောင်းတဲ့လှိုင်းတစ်ခု ပျံ့နံ့လာပြီး လီဖူချန်းက အသက်ရှုဖို့တောင် ခက်ခဲနေတယ်။

"အရှိန်က ပိုနှေးကွေးလာတယ်" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

နတ်ဆရာရုပ်သေးနှစ်ရုပ်ကို အားကောင်းတဲ့တည်ငြိမ်စက်ကွင်းတစ်ခုက ဝန်းရံထားတယ်။ သမန်းဝံပုလွေလီဖူချန်းရဲ့တိုက်ခိုက်မှုအရှိန်ကို နှစ်ဆပိုနှေးကွေးသွားစေပြီး တိုက်ခိုက်ရေးစွမ်းအားကိုလည်း သိသိသာသာလျော့ကျသွားစေတယ်။

"အနေအထားအရ ဒီကောင်တွေက အန္တိမအဆင့်နတ်ဆရာရုပ်သေးတွေပဲဖြစ်ရမယ်"

လီဖူချန်းက ခန်းမရဲ့ထောင့်မှာရပ်ကာ တိုက်ပွဲကို လေ့လာစောင့်ကြည့်နေတယ်။

အသစ်ဖြစ်လာတဲ့ကောင်းကင်ဘုံအရှင်တစ်‌ယောက်အနေနဲ့ သမန်းဝံပုလွေလီဖူချန်းက အလွန်သန်မာတယ်။ သူ့ရဲ့အမှောင်စွမ်းအင်က တိုက်ခိုက်မှုတွေကို စုပ်ယူတဲ့စွမ်းရည်ရှိတယ်။ ဒါပေမယ့် အားသာချက်လည်းရှိသလိုအားနည်းချက်လည်းရှိတယ်။ အမှောင်စွမ်းအင်က တိုက်ခိုက်မှုတွေကို စုပ်ယူနေစဉ် ၎င်းက သိသိသာသာကုန်ခန်းမှုတွေ ရှိလာတယ်။ အံ့အားသင့်းရာမလိုဘဲ ဒီတိုက်ပွဲက အလွန်ရှည်ကြာမှာပါ။ ဒိီနတ်ဆရာရုပ်သေးနှစ်ရုပ်ကို တစ်နှစ်အတွင်း ဖယ်ရှားနိုင်တာက‌တင် အကောင်းဆုံးရလဒ်ဖြစ်နေပါပြီ။

တစ်လ။

သုံးလ။

ခြောက်လ။

တစ်နှစ်။

တိုက်ပွဲက ဆက်သွားနေတယ်။

ဒီနတ်ဆရာရုပ်သေးတွေထဲကတစ်ရုပ်က သံဦးချိုကောင်းကင်ဘုံအရှင်ထက်တောင် ပိုသန်မာတယ်။ သူတို့အပေါ် လက်နက်တွေက မထိရောက်နိုင်ဘူး၊ အားနည်းချက်တစ်ချက်မှမရှိတာတွေကို ပေါင်းထည့်လိုက်ရင် သမန်းဝံပုလွေလီဖူချန်းက ဒီတိုက်ပွဲမှာ အကြီးအကျယ်ခက်ခဲလာတယ်။

တစ်နှစ်နဲ့ခြောက်လကြာပြီးနောက် နတ်ဆရာရုပ်သေးတွေရဲ့စွမ်းအင်က စတင်အားနည်းလာတော့တယ်။

အနေအထားကို မြင်ပြီး လီဖူချန်းက စိတ်သက်သာရာရစွာ ပြုံးလိုက်လေတယ်။

ကောင်းကင်ဘုံအရှင်တွေကသာ ဒီအန္တိမအဆင့်နတ်ဆရာရုပ်သေးတွေနဲ့ ရင်ဆိုင်နိုင်တယ်။

နှစ်နှစ်နဲ့ဆယ်လ....... နတ်ဆရာရုပ်သေးတစ်ရုပ်က နတ်ဆရာချပ်ဝတ်နဲ့လက်နက်အစုအပုံတစ်ခုအဖြစ် ပြောင်းသွားတော့တယ်။

နှစ်နှစ်နဲ့ဆယ့်ရှစ်ရက်.....ဒုတိယမြောက်နတ်ဆရာရုပ်သေးလည်း ပြိုကျသွားတော့တယ်။

"ငါ အရင်အားပြန်ဖြည့်လိုက်အုံးမယ်" သမန်းဝံပုလွေလီဖူချန်းက တင်ပျဉ်ခွေထိုင်လိုက်တယ်။

အထွက်က အဝင်ထက် ပိုသေးငယ်ရင်တော့ ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စွမ်းအင်က အဆုံးမရှိဘူးပေါ့လေ။ ဒါပေမယ့် အထွက်က အဝင်ထက် ပိုကြီးနေရင်တော့ ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့စွမ်းအင်ကတောင် ကုန်ခန်းသွားရလိမ့်မယ်။

နှစ်နှစ်ကိုတောင် ကျော်သွားတယ်ဆိုတော့ သမန်းဝံပုလွေလီဖူချန်းက ကုန်ခန်းလုနီးပါးပဲ။ တိုက်ပွဲက နောက်ထက်တစ်လနှစ်လအထိ ဆက်သွားရင် သူက သူ့အရင်းမြစ်ကိုလောင်ကျွမ်းစေခြင်းဖြင့်သာ တိုက်ခိုက်နိုင်လိမ့်မယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်၊ သူက သမန်းဝံပုလွေလီဖူချန်းရဲ့အနေအထားကို အလိုအလျောက်သိတယ်လေ။

နတ်ဆရာချပ်ဝတ်တစ်စုံကို ကောက်ယူပြီးနောက် လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်တယ်။ မျှော်လင့်ထားသလိုပဲ၊ ဒါက အဆင့်နိမ့်အန္တိမအဆင့်နတ်ဆရာချပ်ဝတ်တစ်စုံပဲ။ တန်ဖိုးက အလယ်ဆင့်အန္တိမအဆင့်ချပ်ဝတ်နဲ့ ညီမျှတယ်။

လေလံတင်မယ်ဆိုရင် အဲဒါကို တစ်ဒါမှမဟုတ်နှစ်ဘီလီယံနဲ့ သေချာပေါက်ရောင်းချနိုင်လိမ့်မယ်။

"ငါသာ ဒိီနတ်ဆရာချပ်ဝတ်တစ်စုံကို ဝတ်ဆင်ထားရင် ပိုအားနည်းတဲ့ကောင်းကင်ဘုံအရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်သင့်တယ်" လီဖူချန်းက သူ့ရာသူ ပြောလိုက်တယ်။

လက်ရှိအချိန်မှာ ဘယ်သူတော်စင်အရှင်မဆို ကောင်းကင်ဘုံအရှင်တစ်ယောက်ကို အနိုင်ယူနိုင်တာကတော့ အသစ်အဆန်းတစ်ခုပါပဲ။ နတ်ဘုရားမျိုးနွယ်ရဲ့သူတော်စင်အရှင်တွေတောင်မှ မဖြစ်နိုင်ဘူး။ အဲဒါက ပါရမီတွေ၊ ထိုးထွင်းသိမြင်မှုတွေနဲ့ မဆက်စပ်ဘူး၊ တကယ်တော့ ကောင်းကင်ဘုံအရှင်နဲ့သူတော်စင်အရှင်တွေကြားခြားနားချက်က ကျင့်ကြံခြင်းမဟုတ်ဘူး။ အဲဒါက နယ်ပယ်ခြားနားချက်တစ်ခုပဲ။ ကောင်းကင်ဘုံအရှင်တစ်ယောက်က ပိုမြင့်မားတဲ့နယ်ပယ်မှာ ရှိတယ်၊ ပါရမီရှင်တွေကတောင် တိုက်ခိုက်ရေးစွမ်းအားနဲ့ နယ်ပယ်ကို ကျော်ဖြတ်ဖို့က မဖြစ်နိုင်ဘူး။

သူတော်စင်အရှင်တစ်ယောက်က ကောင်းကင်ဘုံအရှင်တစ်ယောက်ကို အနိုင်ယူနိုင်တာကတော့ ဘယ်တော့မှ မဖြစ်ခဲ့ဘူး၊ ဒါပေမယ့် သူတော်စင်အရှင်တွေက ကောင်းကင်ဘုံအရှင်တွေရဲ့လက်ထဲမှ လွတ်မြောက်နိုင်တာတွေတော့ ရှိတယ်။ သူတော်စင်အရှင်တွေမှာ အံ့မခန်းအသုံးအဆောင်ပစ္စည်းတွေ ရှိတယ်ဆိုရင်ပေါ့လေ၊ ဥပမာ- အန္တိမအဆင့်ယစ်ရုပ်သေးတွေ၊ အန္တိမအဆင့်နတ်ဆရာစာလိပ်တွေစသဖြင့်...........

အားကောင်းတဲ့အသုံးအဆောင်ပစ္စည်းတစ်ခုမရှိရင် အထူးစွမ်းရည်တစ်ခုခုတော့ ရှိရမယ်။

စကြာဝဠာထဲမှာ မျိုးနွယ်တွေ သန်းချီရှိပြီး မျိုးနွယ်တစ်ခုချင်းစီမှာ သူတို့ရဲ့ကိုယ်ပိုင်အနှိုင်းမဲ့လက္ခဏာတွေရှိတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှာ သူတို့ရဲ့ကိုယ်ပိုင်အထူးကျွမ်းကျင်မှုတွေရှိတယ်။

‌ရောင်ခြည်စက်ဝန်းမျိုးနွယ်ကို ဥပမာထားပါ၊ သူတို့မှာ အစစ်အမှန်ခန္ဓာကိုယ်တစ်ခုမရှိဘူး၊ သတ်ဖို့အခက်ခဲဆုံးပဲ။ အချိန်သဲမြို့ရဲ့သူတော်စင်အရှင်သတ်မှတ်ချက်ရဲ့အဆင့်၂ဖြစ်တဲ့ကြက်သွေးရောင်ရောင်ခြည်စက်ဝန်းသူတော်စင်အရှင်က ရောင်ခြည်စက်ဝန်းမျိုးနွယ်မှ ဖြစ်တယ်။ သူက ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်လို့ ပြောကြတယ်။ သူက ရှုံးနိမ့်သွားပေမယ့် ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့တယ်။

ဒါမှမဟုတ် သွေးမျိုးနွယ်ကို ဥပမာထားပါ။ သူတို့က အကန့်အသတ်မဲ့လင်းနို့တွေအဖြစ် ပြောင်းလဲနိုင်ပြီး လင်းနို့တစ်ကောင်က လွတ်မြောက်နိုင်သရွေ့ သူတို့က နောက်ထပ်ပေါ်ထွက်လာနိုင်လိမ့်မယ်။

အခြားမျိုးနွယ်‌တွေကို ဘေးချိတ်ထားပြီး လူသားမျိုးနွယ်‌ဆိုရင်ရော........။ အချို့ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေက ဟင်းလင်းပြင်တာအိုမှာ ကျွမ်းကျင်တယ်။ အချို့ပြိုင်ဘက်ကင်းသူတော်စင်အရှင်တွေက အာကာသ-အချိန်တာအိုမှာ ကျွမ်းကျင်တယ်။ ဒီသူတော်စင်အရှင်တွေက ကောင်းကင်ဘုံအရှင်တွေလက်ထဲမှ လွတ်မြောက်ဖို့ ကြီးမားတဲ့အခွင့်အရေးတွေ ရှိတယ်။

အတိုချုပ်အားဖြင့် ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့လက်ထဲမှ လွတ်မြောက်ဖို့ဆိုရင် ခွန်အားပေါ်သာ မူတည်ရုံတင်မကဘူး၊ လွတ်မြောက်ရေးနည်းလမ်းတွေအပေါ်မှာလည်း မူတည်တယ်။

ဓားသမားတစ်ယောက်အနေနဲ့ လီဖူချန်းက ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာမှာ ကျွမ်းကျင်ပြီး လွတ်မြောက်ရေးနည်းလမ်းတွေမှာ နိမ့်ကျတယ်။ သူ့ရဲ့ဟင်းလင်းပြင်တာအိုကလည်း ကျွမ်းကျင်မှုမရှိလှဘူး၊ အဲဒါကို ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အရှေ့မှာ သုံးတာကတော့ ဟာသတစ်ခုသာ ဖြစ်ပေလိမ့်မယ်။

အန္တိမအဆင့်နတ်ဆရာချပ်ဝတ်တစ်စုံနဲ့ဆိုရင် သူက ပိုအားနည်းတဲ့ကောင်းကင်အရှင်တွေနဲ့ တိုက်ခိုက်နိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။ သူ့မှာ လွတ်မြောက်ရေးအသုံးအဆောင်ပစ္စည်းအချို့ရှိရင် သူက အနာတရမရှိဘဲ ပြန်ဆုတ်နိုင်လောက်တယ်။

နောက်တော့ လီဖူချန်းက နတ်ဆရာလက်နက်တွေကို ကောက်ယူလိုက်တယ်။

အဆင့်နိမ့်အန္တိမအဆင့်နတ်ဆရာလက်နက်တွေက အဆင့်နိမ့်အန္တိမအဆင့်လက်နက်တွေထက် ပိုတန်ဖိုးကြီးတယ်။ ဒါပေမယ့် သူတို့က အလယ်ဆင့်အန္တိမအဆင့်နတ်ဆရာလက်နက်တွေထက် အနည်းငယ်နိမ့်ကျတယ်။ သူတို့ရဲ့ခန့်မှန်းတန်ဖိုးက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာမှသန်းနှစ်ရာပတ်လည်ရှိလိမ့်မယ်။

"ဓားတစ်လက်မှမရှိတာတော့ စိတ်မကောင်းစရာပဲ"

အန္တိမအဆင့်နတ်ဆရာလက်နက်တွေက ဓားမော့တစ်လက်နဲ့ပုဆိန်တစ်ခုဖြစ်တယ်။

"ဟုတ်တယ်လေ။ ငါ့မှာ ကောင်းကင်ဆက်ဓားရှိနေပြီးသားပဲ။ ဘာလို့ နတ်ဆရာဓားကို လိုအပ်တော့မှာလဲ" လီဖူချန်းက ရယ်လိုက်တယ်။

ကောင်းကင်ဆက်ဓားက အဆင့်မြင့်အန္တိမအဆင့်လက်နက်တစ်ခုဖြစ်ပြီး ၎င်းရဲ့တန်ဖိုးက အဆင့်နိမ့်အန္တိမအဆင့်နတ်ဆရာချပ်ဝတ်ထက် ပိုတန်ဖိုးမြင့်တယ်။

နောက်ဆုံးတော့ လီဖူချန်းရဲ့မျက်လုံးတွေက စားပွဲပေါ် ကျရောက်လာတယ်။

ဒါက နေကျိန်စာစာလိပ်ပဲ၊ ဒါပေမယ့် အရင်သူရထားတဲ့တစ်ခုထက် ပိုမြင့်တယ်။ ဒါက အလယ်ဆင့်အန္တိမအဆင့်စာလိပ်တစ်ခု ဖြစ်လောက်တယ်။ အလယ်ဆင့်နေကျိန်စာစာလိပ်မှာ ပြောင်မြောက်တဲ့သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်ထံမှအလုံးစုံတိုက်ခိုက်မှုစွမ်းအား ရှိတယ်။

အဲဒါကို သင့်လျော်စွာ အသုံးပြုခဲ့ရင် အားနည်းတဲ့သာမန်ကောင်းကင်ဘုံအရှင်တွေကို ဒဏ်ရာရစေနိုင်တယ်။

"မဆိုးဘူးပဲ"

လီဖူချန်းက အလွန်ကျေနပ်အားရသွားတယ်။

အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေကြီးမားတဲ့ပမာဏတစ်ခုကို သုံးစွဲပြီးနောက် သမန်းဝံပုလွေလီဖူချန်းက စွမ်းအင်အချို့ပြန်ရရှိလာတယ်။ အမှောင်အရင်းမြစ်က စွမ်းအင်ကို အဆက်မပြတ်ထုတ်လုပ်နိုင်တာကြောင့် သူက အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးကိုပဲ မှီခိုစရာမလိုပါဘူး။

"တစ်ယောက်တစ်စုံစီ ယူကြတာပေါ့" လီဖူချန်းက နတ်ဆရာချပ်ဝတ်တစ်စုံကို သမန်းဝံပုလွေလီဖူချန်းထံ ပေးလိုက်တယ်။

သမန်းဝံပုလွေမျိုးနွယ်မှာ မာကျောတဲ့ခုခံမှုရှိတယ်၊ သူတို့ရဲ့အမှောင်စွမ်းအင်က တိုက်ခိုက်မှုတွေကိုလည်း စုပ်ယူနိုင်ပေမယ့် ခံစစ်ပိုင်းဆိုင်ရာ ပိုအားမကောင်းချင်တဲ့သူ ဘယ်သူရှိလို့လဲ။ ခုခံမှုက ပိုကြမ်းတမ်းလေလေ၊ ပိုကောင်းလေလေပဲ။

"ကောင်းပြီလေ" သမန်းဝံပုလွေလီဖူချန်းက နတ်ဆရာချပ်ဝတ်ကို လက်ခံကာ ဝတ်ဆင်လိုက်တယ်။

ဝတ်ဆင်ပြီးရင်တော့ သူဆန္ဒရှိသလို ပြောင်းလဲလို့မရနိုင်တော့ဘူးပေါ့။

ဒါပေမယ့် ကောင်းကင်ဘုံအရှင်တစ်ယောက်ရဲ့အဆင့်ကို ရောက်ရှိပြီးနောက် ပြောင်းလဲခြင်းနဲ့မပြောင်းလဲခြင်းကြားခြားနားချက်က မသိသာပါဘူး။

နတ်ဆရာချပ်ဝတ်က ထောက်ပံ့ပေးထားတဲ့ခုခံမှုနဲ့ နှိုင်းယှဉ်ရင် ပြောင်းလဲခြင်းဖြစ်စဥ်အတွင်း တိုးလာတဲ့ခွန်အားက အရေးမပါတော့ဘူး။

…

"အန္တရာယ်တွေက ပိုပိုတိုးလာတာပဲ"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိတယ်။ သမန်းဝံပုလွေလီဖူချန်းက သူ့ကို ထပ်မကာကွယ်နိုင်တော့ဘူးလို့ သူက ခံစားရတယ်။

"ကြွယ်ဝမှုတွေကို အန္တရာယ်ထဲမှာပဲ ရှာတွေ့နိုင်တယ်ဆိုပေမယ့် လူတစ်ယောက်က မိမိရဲ့အတိုင်းအထွာကို သိသင့်တယ်"

အသက်ကို ရှုထုတ်ပြီးနောက် နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေမှထွက်သွားဖို့ လီဖူချန်းက ဆုံးဖြတ်လိုက်တယ်။

သူ့ရဲ့ဆုတွေက လုံလောက်တယ်။ သူက မကျေနပ်သေးရင် သူ့ကို သူ့ရဲ့လောဘက သတ်နိုင်တယ်။

သူတို့ရဲ့အလာလမ်းကြောင်းကို အသုံးပြုလျက် သူတို့နှစ်ယောက်က လျင်မြန်စွာ ပြန်လှည့်သွားတော့တယ်။

မကြမီမှာပဲ သူတို့က တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာတယ်။

ဝီ.......

တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို အသက်သွင်းကာ သူတို့နှစ်ယောက်က နတ်ဆရာဘိုးဘေးအပျက်အဆီးနယ်မြေက ထွက်လာတော့တယ်။

All Chapters