ဓားသူတော်စင်တွေ့ဆုံပွဲ
Vol. 67 Ch. 934
အံ့ဖွယ်သစ်ရွက်မြို့ကို ပြန်ရောက်ပြီးနောက် သူတို့နှစ်ယောက်က အသီးသီးကျင့်ကြံလိုက်ကြတော့တယ်။
သမန်းဝံပုလွေလီဖူချန်းက သူ့ရဲ့စွမ်းအင်နဲ့ ပိုရင်းနှီးအောင်လုပ်ရမယ်၊ ပိုသန်မာတဲ့မွေးရာပါစွမ်းရည်တွေကို ဆွဲထုတ်နိုင်ရမယ်။
လီဖူချန်းက မူလအဆုံးစွန်းဓားပညာကို ဆက်လေ့လာရမယ်၊ အဲဒါကို အန္တိမအဆင့်ဓားပညာတစ်ခုအဖြစ် ဖြစ်နိုင်သမျှ မြန်မြန်တွန်းပို့နိုင်ရမယ်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားတယ်။
ဓားသမားအစည်းအရုံးရဲ့သိုင်းစင်မြင့်မှာ။
"ဓားနှလုံးသားငြိမ်သက်ခြင်း"
လေတိမ်ဓားသူတော်စင်အရှင်ရဲ့ဓားကွက်က ပိုနက်နဲသိမ့်မွေ့လာတာကို မြင်နိုင်တယ်။ လေတိမ်ဓားသူတော်စင်အရှင် ဓားကွက်ကို ဖော်ထုတ်လိုက်တာနဲ့ အာကာသ-အချိန်ရေဝဲတစ်ခု ဖြစ်လာတယ်။ စုပ်ယူခံလိုက်ရတဲ့ဘယ်သူမဆို အဆုံးမဲ့စက်ဝိုင်းတစ်ခုမှာ ရှိနေရလိမ့်မယ်။ ရန်သူက ဓားဆန္ဒကို မချိုးဖြတ်နိုင်ရင် ဘယ်လိုခုခံမှုပဲဖြစ်ဖြစ် အသုံးဝင်လိမ့်မှာမဟုတ်ဘူး။
လက်ရှိလီဖူချန်းက အရင်ကနဲ့မတူတော့တာ ကံဆိုးသွားတာပဲ။
ဒီအကြွင်းမဲ့သတ်ဖြတ်ကွက်နဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက ပြုံးကာ ဓားကို မဆွဲထုတ်ခဲ့ဘူး။ သူက သူ့ကိုယ်သူ အာကာသ-အချိန်ရေဝဲရဲ့ဝါးမျိုခြင်းကို ခွင့်ပြုလိုက်တယ်။
လေတိမ်ဓားသူတော်စင်အရှင်က မျက်မှောင်ကြုတ်မိသွားသလို သစ်ရွက်နီဓားသူတော်စင်အရှင်မရဲ့အကြည့်ကလည်း စိတ်ရှုပ်ထွေးဟန်ရှိလာတယ်။
သူတို့က လီဖူချန်းရဲ့ရည်ရွယ်ချက်ကို နားမလည်ပါဘူး။ သူက ဓားနှလုံသားငြိမ်သက်ခြင်းကို ကိုယ်တိုင်တွေ့ကြုံခံစားဖို့ ကြိုးစားနေတာလား။ တစ်စက္ကန့်ပဲဆိုရင်တောင် ဓားနှလုံးသားငြိမ်သက်ခြင်းက ထာဝရတည်ရှ်ိနိုင်တာကို သူ မသိဘူးလား။ လေတိမ်ဓားသူတော်စင်အရှင်က သူ့ဓားကွက်ကို ပြန်ရုတ်သိမ်းရာမှာ နှေးကွေးခဲ့ရင် လီဖူချန်းက အလောင်းတောင်မကျန်တဲ့ဘဝရောက်သွားရလိမ့်မယ်။
"မကောင်းတော့ဘူး" ရုတ်တရက် လေတိမ်ဓားသူတော်စင်အရှင်ရဲ့အမူအရာက ပြောင်းလဲသွားတယ်။
အာကာသ-အချိန်ရေဝဲထဲကို စုပ်ယူဆွဲသွင်းခံလိုက်ရတဲ့လီဖူချန်းက ရုတ်တရက် ပြန်ထွက်ပေါ်လာတယ်။ ပေါက်ကွဲမှုတစ်ခုဖြစ်လာပြီး အာကာသ-အချိန်ရေဝဲကို ဓားထောင်ပေါင်းများစွာကို ထိုးဖောက်သွားခဲ့တော့တယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ" သူမရဲ့ဦးနှောက်က အလုပ်မလုပ်တော့ဘူးလားလို့တောင် သစ်ရွက်နီဓားသူတော်စင်အရှင်မက ခံစားရတယ်။
သူမက အရူးတစ်ယောက်ဆိုရင်တောင် လီဖူချန်းရဲ့ခွန်အားက မယုံနိုင်လောက်တဲ့အဆင့်ကို ရောက်ရှိနေပြီး ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့ အလွန့်အလွန်နီးကပ်တယ်။
"မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ မင်း အရင်းမြစ်စွမ်းအားကြောင်းဘယ်လောက်တောင် မွေးဖွားနိုင်ခဲ့တာလဲ" လေတိမ်ဓားသူတော်စင်အရှင်က မေးလိုစိတ်ကို မထိန်းချုပ်နိုင်တော့ဘူး။
လီဖူချန်းက မဖုံးကွယ်ဘဲ ပြောလိုက်တယ်"၉၉၉ကြောင်း"
"၉၉၉ကြောင်းလား" လေတိမ်ဓားသူတော်စင်အရှင်နဲ့သစ်ရွက်နီဓားသူတော်စင်အရှင်မတို့က အလွန်အံ့ဩမှင်တက်သွားရတယ်။
လက်ရှိအချိန်မှာ လေတိမ်ဓားသူတော်စင်အရှင်က အရင်းမြစ်စွမ်းအားစီးကြောင်းရှစ်ခုသာ မွေးဖွားနိုင်ခဲ့ပြီး သစ်ရွက်နီဓားသူတော်စင်အရှင်မက အရင်းမြစ်စွမ်းအားစီးကြောင်းတစ်ခုသာ မွေးဖွားနိုင်ခဲ့တယ်။ ဒါက သူမက လီဖူချန်းနဲ့လေတိမ်ဓားသူတော်စင်အရှင်တို့နဲ့အတူ အဆက်မပြတ်လေ့ကျင့်ခြင်းရဲ့ရလဒ်ပဲဖြစ်တယ်။ သူမက သူမရဲ့ဓားတာအိုကို ကိုယ်ပိုင်နားလည်ဖို့သာ အားကိုးနေရရင် သူမက နှစ်ဒါဇင်ပေါင်းများစွာ သုံးစွဲဖို့ လိုလိမ့်မယ်။
အရင်းမြစ်စွမ်းအားကြောင်းတွေအများကြီးမွေးဖွားနိုင်တယ်ဆိုတာကတော့ ကျွမ်းကျင်မှုက ပိုမြင့်မားတဲ့အဆင့်မှာ ရှိနေတယ်လို့ ဆိုလိုတယ်။ သူတို့ရဲ့ကျင့်ကြံခြင်းနယ်ပယ်မှာ အနည်းငယ်ပိုမြင့်မားတဲ့ကျွမ်းကျင်မှုတစ်ခုက ခြားနားချက်ကို အများကြီးမဖြစ်စေနိုင်ဘူး။ သူတော်စင်အရှင်နဲ့ကောင်းကင်ဘုံအရှင်တွေအကြားခြားနားချက်က ကြီးမားတဲ့ကွာဟချက်တစ်ခုပဲဖြစ်တယ်။ သူတို့နဲ့လီဖူချန်းကြားခြားနားချက်ကလည်း ကြီးမားတဲ့ကွာဟချက်တစ်ခုပဲဖြစ်တယ်။
လီဖူချန်းက လေတိမ်ဓားသူတော်စင်အရှင်ရဲ့ဓားနှလုံးသားငြိမ်သက်ခြင်းကို ပျက်ပြယ်စေနိုင်တာက သူ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကြောင့် မဟုတ်ဘူး၊ ကျွမ်းကျင်မှုအဆင့်ကြောင့်ပဲဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာတူညီတဲ့နှစ်ယောက်ကို နှိုင်းယှဉ်တာနဲ့အတူတူပဲ၊ တစ်ယောက်က လက်ဝှေ့ကျွမ်းကျင်ပြီး တစ်ယောက်က သာမညောင်ညသာဖြစ်တယ်။ တိုက်ခိုက်ရင် ရလဒ်က သိသာလိမ့်မယ်။
စောစောတုန်းက လီဖူချန်းက သူ့ရဲ့ဓားကို မထုတ်ခဲ့ဘူး။ သူ အာကာသ-အချိန်ရေဝဲကို ဝင်သွားတဲ့အခါ မူလဘူတဓားရဲ့ဓားဆန္ဒက အသက်ဝင်လာပြီး ဓားနှလုံးသားငြိမ်သက်ခြင်းရဲ့ဓားဆန္ဒကို ချက်ချင်းပျက်ပြယ်စေလိုက်တယ်။ ဓားဆန္ဒပျက်ဆီးသွားတဲ့အခါ အာကာသ-အချိန်ရေဝဲက ဆက်မတည်ရှိနိုင်တော့ဘဲ ပေါက်ကွဲထွက်သွားရတယ်။
ခါးသီးစွာရယ်လျက် လေတိမ်ဓားသူတော်စင်အရှင်က ပြောလိုက်တယ်" မူလအဆုံးစွန်းဓားသူတော်စင်အရှင်က နတ်ဘုရားလိုပါပဲလား။ ငါ တကယ်အရှက်ရမိတယ်"
လေတိမ်ဓားသူတော်စင်အရှင်က လုံးဝလက်ခံလိုက်တယ်။
အစကတော့ သူ့က လီဖူချန်းကို အထင်ကြီးလေးစားမိတယ်၊ အခြားဓားတာအိုကောင်းကင်ဘုံအရှင်တွေထက် ပိုအထင်ကြီးတယ်။ ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲမှာတော့ ရလဒ်ကို လက်မခံနိုင်ဘူး။
ဒါပေမယ့် အခုတော့ လေတိမ်ဓားသူတော်စင်အရှင်က လက်လျော့လိုက်ပါပြီ။
သူ တစ်လက်မတိုးလာတိုင်း တစ်ဖက်က ဆယ်ပေတိုးလာတယ်။ သူ ဘယ်လောက်ပဲ လိုက်မီဖို့ ကြိုးစားနေပါစေ၊ အနောက်မှာ ကျန်ရစ်နေစမြဲပဲ။
သစ်ရွက်နီဓားသူတော်စင်အရှင်မက လီဖူချန်းကို နတ်ဘုရားတစ်ယောက်အနေနဲ့ သတ်မှတ်ထားခဲ့တာကြာပါပြီ။ ဒါကြောင့် သူမက လျင်မြန်စွာ သတိပြန်ဝင်လာပြီး ရှုပ်ထွေးတဲ့လေသံနဲ့ ပြောလိုက်တယ်" အရင်းမြစ်စွမ်းအားကြောင်းတစ်ရာကို မွေးဖွားပြီးနောက် တစ်စုံတစ်ယောက်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာနိုင်လိမ့်မယ်လို့ ပြောကြတယ်မဟုတ်လား"
"အဲလိုပြောတာ ရှိတာလား" လီဖူချန်းက အတော်လေးထိတ်လန့်သွားတယ်။
လေတိမ်ဓားသူတော်စင်အရှင်က ခေါင်းခါကာ ပြောလိုက်တယ်" ကောင်းကင်ဘုံအရှင်တစ်ယောက်အဖြစ် အဆင့်ချိုးဖြတ်တဲ့အခါ လိုအပ်ချက်တွေက အတိအကျမရှိဘူး။ အဲဒါက နားလည်ထားတဲ့သိုင်းပညာရဲ့အလားအလာအပေါ်မှာ မူတည်တယ်။ အန္တိမအဆင့်သိုင်းပညာတွေမှာလည်း ခွန်အားကွာခြားချက်တွေရှိတယ်။ မူလအဆုံးစွန်းဓားသူတော်စင်အရှင်မှာ ထိတ်လန့်တုန်လှုပ်စရာပါရမီရှိတယ်၊ ဒါကြောင့် သူက မယုံနိုင်စရာကောင်းတဲ့တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားပညာတစ်ခုကို နားလည်နိုင်ခဲ့တာပဲ"
"ငါ သိပြီ" သစ်ရွက်နီဓားသူတော်စင်အရှင်မက သဘောပေါက်သွားတယ်၊ လီဖူချန်းလည်း အတူတူပဲ။
"ဟုတ်ပြီ၊ မူလအဆုံးစွန်းဓားသူတော်စင်အရှင်၊ အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးက နှစ်ပေါင်းတစ်သောင်းပြည့်တိုင်း ဓားသူတော်စင်တွေ့ဆုံပွဲကို ကျင်းပလေ့ရှိတယ်။ ဓားသူတော်စင်တွေ့ဆုံပွဲရဲ့ထိပ်ဆုံးလေးယောက်က ဓားသမားအစည်းအရုံးရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို အသုံးပြုဖို့ အခွင့်အရေးတစ်ခုရှိတယ်။ အဲဒါက ကြယ်စုအဆင့်ဓားသမားအစည်းအရုံးကို ဦးတည်နေပြီး ထိပ်ဆုံးလေးယောက်က ဓားရေကန်မှာ ဆယ်နှစ်ကျင့်ကြံခွင့်ရလိမ့်မယ်။ မင်း ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းတယ်" လေတိမ်ဓားသူတော်စင်အရှင်က တစ်ခုခုကို သတိရကာ ဆိုလိုက်တယ်။
"ကြယ်စုအဆင့်ဓားသမားအစည်းအရုံးက ဘယ်ကြယ်ပိုင်နက်မှာ တည်ရှိတာလဲ။ ဓားရေကန်ကရော ဘာလဲ" လီဖူချန်းက မေးလိုက်တယ်။
သစ်ရွက်နီဓားသူတော်စင်အရှင်မက ဖြေလိုက်တယ်" ငါတို့ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်က အမြွှာဦးချိုကြယ်စုရဲ့သာမန်ကြယ်ပိုင်နက်တွေထဲကတစ်ခုပဲ။ အမြွှာဦးချိုကြယ်စုမှာ ကြယ်ပိုင်နက်တွေ အများကြီးရှိပြီး အကြီးမားဆုံးကြယ်ပိုင်နက်ကို ကျားအင်ပါယာကြယ်ပိုင်နက်လို့ ခေါ်တယ်။ ကြယ်စုအဆင့်ဓားသမားအစည်းအရုံးက ကျားအင်ပါယာကြယ်ပိုင်နက်ရဲ့ဓားကြယ်မြို့မှာတည်ရှိတယ်။ ထိုနေရာက ဓားတာအိုကောင်းကင်ဘုံအရှင်တွေ၊ ဓားတာအိုသူတော်စင်အရှင်တွေ စုဝေးရာနေရာတစ်ခုပဲ။ ဓားကြယ်မြို့ရဲ့အလယ်မှာ ဓားရေကန်တစ်ခုရှိပြီး ရှေးခေတ်ကတည်းက တည်ရှိလာခဲ့တယ်။ အဲဒါက မရေမတွက်နိုင်တဲ့ဓားဆန္ဒတွေကို စုပ်ယူထားတယ်။ ဓားတာအိုသူတော်စင်အရှင်တစ်ယောက်က ဝင်သွားတဲ့အခါ သူတို့က အဆုံးမဲ့ဓားဆန္ဒတွေကို သုံးကာ သူတို့ရဲ့ကိုယ်ပိုင်ဓားဆန္ဒကို ပေါင်းစပ်နိုင်ပြီး ဓားတာအိုကို တိုးတက်စေနိုင်တယ်"
"ဓားရေကန်က ဒီလောက်ထိ ခမ်းနားတာလား" လီဖူချန်းရဲ့မျက်လုံးတွေက လက်သွားတယ်။
ဓားတာအိုစာအုပ်တွေထောင်ပေါင်းများစွာကို ဖတ်ခြင်းက ဓားဆန္ဒထောင်ပေါင်းများစွာကို တွေ့ကြုံခံစားရတာလောက် အသုံးမဝင်ဘူး။ သူက ဓားရေကန်ထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်ထားတယ်။
"ဓားသူတော်စင်တွေ့ဆုံပွဲကို ဘယ်အချိန်မှာ ကျင်းပမှာလဲ" လီဖူချန်းက မေးလိုက်တယ်။
လေတိမ်ဓားသူတော်စင်အရှင်က ရယ်ကာ ဖြေလိုက်တယ်"နောက်သုံးနှစ်အတွင်း"
"သုံးနှစ်လား။ အတော်လိုသေးတာပဲ"
…
အံ့ဖွယ်သစ်ရွက်မြို့မှာ လအနည်းငယ်ကြာ နေထိုင်ပြီးနောက် သမန်းဝံပုလွေလီဖူချန်းက ထွက်ခွာသွားတယ်။
အမှောင်စွမ်းအင်ကို ရင်းနှီးကျွမ်းဝင်စေဖို့၊ မွေးရာပါစွမ်းရည်တွေကို ဖော်ထုတ်နိုင်ဖို့ အလွန်ကြီးမားကျယ်ပြန့်တဲ့နေရာတစ်ခုကို လိုအပ်တယ်။ အံ့ဖွယ်သစ်ရွက်မြို့က မသင့်တော်ပါဘူး။
အံ့ဖွယ်သစ်ရွက်မြို့မှအလင်းနှစ်ဒါဇင်အနည်းငယ်အကွာမှာ ကြယ်အပျက်အစီးတစ်ခုရှိတယ်။ သမန်းဝံပုလွေလီဖူချန်းက ပျက်ဆီးနေတဲ့ကြယ်တွေထဲကတစ်လုံးပေါ်မှာ ထိုင်ချလိုက်တယ်။
ဝီ.......
ဝီ........
ဝီ.......
အမှောင်စွမ်းအင်လှိုင်းတွေက ဦးတည်ဘက်တိုင်းကို ပျံ့နှံ့သွားတယ်။ သူ့ခန္ဓာအောက်ရှိပျက်စီးနေတဲ့ကြယ်ကလွဲပြီး ပတ်ဝန်းကျင်ရှိအရာရာတိုင်းက အမှောင်စွမ်းအင်ကြောင့် အနက်ရောင်အရာဝတ္ထုတွေအဖြစ် ဖြည်းညင်းစွာ ပေါက်ကွဲထွက်သွားကြကာ အဝေးကို လွင့်မျော့သွားကြတော့တယ်။
ရုတ်တရက် သမန်းဝံပုလွေလီဖူချန်းက မျက်လုံးဖွင့်လိုက်တယ်။
"အမှောင်လလက်သည်း......"
လက်သည်းလှိုင်းတစ်ခုနဲ့အတူ အနက်ရောင်လက်သည်းက ဟင်းလင်းပြင်မှာ နက်ရှိုင်းတဲ့ဒဏ်ရာတစ်ခုဖြစ်အောင် ဆုတ်ဖြဲပစ်လိုက်တယ်၊ အဲဒါ ပြန်ကောင်းလာဖို့က အချိန်အကြာကြီးလိုအပ်လိမ့်မယ်။
အရင်ကနဲ့နှိုင်းယှဉ်ရင် အမှောင်လလက်သည်းကို ထိန်းချုပ်ရတာ ပိုလွယ်လာတယ်။
"အမှောင်သွေးလက်သည်း"
သမန်းဝံပုလွေလီဖူချန်းက နောက်ထပ်လက်သည်းတိုက်ကွက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။ အဲဒါက အနီရင့်ရောင်လက်သည်းတစ်ခုဖြစ်ပြီး မှင်တက်စရာကောင်းလှတယ်၊ စကြာဝဠာက သွေးတွေနဲ့ ရွှဲရွှဲစိုသလို ခံစားရစေတယ်။
ဒါက သွေးလလက်သည်းနဲ့အမှောင်လလက်သည်းတို့ရဲ့ပေါင်းစပ်ခြင်းပဲ။ အဲဒါက ဆုတ်ဖြဲခြင်းစွမ်းအားနဲ့အမှောင်စွမ်းအားတို့ ပါဝင်တယ်။
လက်သည်းထိမှန်ခံရသူက ဆုတ်ဖြဲခြင်းစွမ်းအားရဲ့အဆက်မပြတ်ထိုးနှက်မှုကို ခံစားရရုံသာမက အမှောင်စွမ်းအားရဲ့တိုက်စားမှုကိုလည်း ခံစားစေတယ်။
ဒါပေမယ့် ဒီလက်သည်းကို ထုတ်ဖော်ဖို့လိုအပ်တဲ့ စွမ်းအင်ပမာဏက အမှောင်လလက်သည်းထက်အဆတစ်ရာပိုတယ်။ အဲဒါကို ကောင်းကင်ဘုံအရှင်သတ်ဖြတ်ကွက်တစ်ကွက်လို့ ဆိုနိုင်တယ်......
ဓားသူတော်စင်တွေ့ဆုံပွဲက နီးကပ်လာတာကြောင့် ဓားတာအိုသူတော်စင်များစွာက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ဆီ တစ်ဟုန်ထိုးပြန်လာနေကြတယ်။