မိန်းမ ငါပြောတာ နားထောင်ဦး
Vol. 21 Ch. 302
Estee Lauder ထဲက ဝမ်ရှင်း၏ ရှယ်ယာများက စုရှောင်းယွီထံသို့ လွှဲပြောင်းခံရသည်။
စုချန်းချမ့်က Estee Lauder တွင် နောက်ထပ် ငွေပမာဏများစွာ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဝမ်ချင်း၏ ရှယ်ယာများကို ရရှိခဲ့ခြင်း ဖြစ်၏။
ထိုရှယ်ယာအားလုံးကို စုရှောင်းယွီထံသို့ လွှဲပြောင်းပေးလိုက်သည်။
လင်းဖန်၏ သန်း ၂၀၀ တန် Bugatti Veyron Ettore Bugatti ကြီးလည်း ဒီလိုနဲ့ စုတ်ပြတ်သွားရပြန်ပါသည်။
Bugatti ကော်ပိုရေးရှင်းကို သွားပြီး ပြန်ပြင်နိုင်သော်လည်း ထိခိုက်မှု ရှိခဲ့ပါသေးသည်။
ဒီနေ့ လင်းဖန်၏ ထိပ်တန်း တန်ဖိုးကြီးကား ဖြစ်သည့် Rolls-Royce Cullinan ကားကြီး ဆေးရုံဝင်ပေါက်နားသို့ ရောက်ရှိလာခဲ့သည်။
ဒီနေ့ စုရှောင်းယွီနဲ့ စုမူချင်းတို့ ဆေးရုံဆင်းသည့်အခါ သူ သွားကြိုဖို့အတွက် ဖြစ်ပါသည်။
ရှားဝမ်ချွေ့က အလုပ်ရှုပ်နေသဖြင့် စုရှောင်းယွီနဲ့ စုမူချင်းတို့ကို လာမကြိုနိုင်ပါ။
လင်းဖန် သူ့တန်ဖိုးကြီးကားကြီးဖြင့် ရောက်လာသည့်အခါ အာရုံစိုက်မှုများစွာကို ခံခဲ့ရပါသည်။
“အဲ့တာ လင်းဖန် မလား။ လင်းဖန် ဘာလို့ ဆေးရုံ ရောက်လာတာလဲ”
“ရှားဝမ်ချွေ့ ဗိုက်ကြီးနေတာများလား”
“မဖြစ်နိုင်တာတွေ။ ဒါပေမယ့် လင်းဖန်ကတော့ တော်တော်ချောတယ်။ လင်းဖန် မောင်းနေတာ သန်းချီတန်ဖိုးရှိတဲ့ Rolls-Royce Cullinan ကားကြီး မဟုတ်လား။ တန်ဖိုးကြီးပြီး လန်းချက်ပဲ”
“လင်းဖန်က အရမ်းချောတာပဲ။ ရိုးရိုးရှင်းရှင်း အဝတ်အစားတွေ ဝတ်ထားပေမယ့် လင်းဖန်ရဲ့ အသားအရေက အရမ်းကောင်းတယ်။ ဆေးရုံမှာ သူ ဘယ်သူ့ကို လာစောင့်နေတာလဲ”
ထိုအချိန်တွင် ကောင်မလေး နှစ်ယောက်သား ဆေးရုံထဲမှ ထွက်လာခဲ့သည်။
စုရှောင်းယွီနဲ့ စုမူချင်းတို့ဖြစ်ပါသည်။
စုရှောင်းယွီ ထွက်လာသည့်အခါ တောက်ပနေခဲ့၏။ သူမက စူပါစတားတစ်ယောက် ဖြစ်ဖို့ မွေးဖွားလာသလိုပင်။
တစ်ဖက်မှာ စုမူချင်းကလည်း သန့်ရှင်း သပ်ရပ်ကာ၊ အပြစ်ကင်းစင်သည့်ပုံစံ ပေါက်ပါသည်။
ကောင်မလေး နှစ်ယောက် အတူတူ လျှောက်လာခဲ့သည်။ စုရှောင်းယွီ၏ ရောင်လျှံ စက်ဝန်းက တောက်ပလွန်းလှသည်။
လူတိုင်းနီးပါး စုရှောင်းယွီကို ဝိုင်းကြည့်ကြ၏။
“ဆရာရေ~” စုရှောင်းယွီက လင်းဖန် သူမကို လာကြိုတာကို မြင်သည့်အခါ အလွန်ပျော်ရွှင်သွားပါသည်။
“နင့်ကို အိမ်ပြန်ဖို့ လာခေါ်တာ”
“နောက်တစ်ခါ ကားအက်ဆီးဒင့်ဖြစ်လာရင် ငါ့အတွက် ကာမပေးနဲ့ နားလည်လား” လင်းဖန်က စနောက်လိုက်သည်။
“မဟုတ်ရင် နင့်မျက်နှာ ပျက်စီးသွားတဲ့အခါ နောက်ပိုင်း ဒရမ်မာရိုက်ဖို့ ငါ ဘယ်သူ့ကို သွားရှာရမလဲ။ ငါ့အတွက် ဘယ်သူက ငွေတွေ ရှာပေးမှာလဲ။”
“အာဝူး။ ဆရာက အရမ်းဆိုးတာပဲ။ ငါတို့ကို ငွေရဖို့အတွက် အသုံးချဖို့ပဲ သိတယ်။ စိတ်ဆိုးတယ်” စုရှောင်းယွီက စိတ်ဆိုးချင်ယောင်ဆောင်ပြီး လင်းဖန်နဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောလိုက်ပါသည်။
စုရှောင်းယွီ၏ အမှတ် ၄,၀၀၀ ကျော် စီးပွားရေး စွမ်းရည်ကို ကြည့်ပြီး လင်းဖန် အောက်ကျသလို ခံစားနေရဆဲဖြစ်သည်။
စုရှောင်းယွီလို ဉာဏ်ကြီးရှင် မိန်းကလေးမျိုးအတွက် သူ လူလည်ကျရင်တောင် ယှဉ်နိုင်မှာ မဟုတ်ပေ။
စုရှောင်းယွီသာ ဗီလိန််တစ်ယောက်ဖြစ်ပါက လင်းဖန် Sign-in ဝင်ပြီး ကုမ္ပဏီပေါင်းစုံ၏ ရှယ်ယာပေါင်းစုံကို ရထားရင်တောင် စုရှောင်းယွီက အားလုံးကို ဖြိုလှဲနိုင်လောက်သသည်။
ကံကောင်းစွာဖြင့် စုရှောင်းယွီက သူ့ဘက်မှာ ဖြစ်သည်။
စုရှောင်းယွီကို ဇနီးတော်ဖို့ စိတ်ကူးယဉ်တဲ့လူတွေ ဘယ်နှယောက် ရှိနေမလဲ ဘယ်သူမှ မသိနိုင်ပါ။
“ဆရာ။ Estee Lauder မှာ ငါ့ရှယ်ယာတွေက ဘာမှ အသုံးမဝင်ဘူး။ အကုန်လုံးကို နင့်ကိုပဲ ပေးလိုက်တော့မယ်~” စုရှောင်းယွီက လင်းဖန်ကို ကြည့်ရင်း ပြောလိုက်ပါသည်။
စုရှောင်းယွီက ယခု Estee Lauder ၏ ဒုတိယ အများဆုံး ရှယ်ယာဝင် ဖြစ်နေပါပြီ။ သူမရဲ့ ရှယ်ယာအားလုံးကို လင်းဖန်ကိုသာ ပေးလိုက်ပါက လင်းဖန် Estee Lauder ကို အကြွင်းမဲ့ ထိန်းချုပ်သွားနိုင်ပါလိမ့်မည်။
ရှယ်ယာ ၃၄ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားပါက ကုမ္ပဏီက ဆောင်ရွက်သည့် အဓိက ဆုံးဖြတ်ချက်တိုင်းကို ပယ်ချခွင့် လင်းဖန်မှာ ရှိသည်။
“မဟုတ်တာ။ အနာဂတ်ကျရင် ငါ့ကို ကူညီပြီး ကုမ္ပဏီကို တာဝန်ယူပေးရမှာ။ နင်က ဉာဏ်ကြီးရှင် ကောင်မလေးဘွဲ့ရထားတာ မဟုတ်ဘူးလား။ နင်က ဆယ်ကျော်သက်အရွယ်မှာ ဟားဗတ်တက္ကသိုလ်ကနေ ဘွဲ့ရထားတာ။ တခြားသူတွေက နင့်ကို ယှဉ်နိုင်ပါ့မလား” လင်းဖန်က ပြောလိုက်သည်။
သူက ဝက်ခြေထောင်ဖြစ်နေရင်တောင် စုရှောင်းယွီလို့ မကောင်းဆိုးရွားအဆင့်ကို မယှဉ်နိုင်ပါ။
“ဟီးဟီး ဟုတ်ပါပြီ။ ဒါဆို ဆရာက ငါ့ကို သူ့ကားနဲ့ သီးသန့် လာကြိုရမယ်~” စုရှောင်းယွီက ပြောလိုက်၏။
“အေးပါ။ ကုမ္ပဏီရဲ့ ကံကြမ္မာက နင့်အပေါ်မှာပဲ မူတည်တယ်” လင်းဖန်က ရယ်မောလိုက်သည်။
“ဆရာ နင့်မှာ အခု ပိုက်ဆံမရှိဘူးလား။ ဆီတောင် မဝယ်နိုင်တော့ဘူးမလား” စုရှောင်းယွီက ခေါင်းလေးစောင်းကာ လင်းဖန်ကို ကြည့်လိုက်သည်။
“နင် ဘယ်လိုလုပ်သိလဲ” လင်းဖန် မေးလိုက်သည်။
“နင်ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီရှယ်ယာကို ၂၅ ရာခိုင်နှုန်းအထိ တိုးဖို့အတွက် ငွေတွေ အများကြီး သုံးခဲ့တာမလား။ နင့်ဘဏ်အကောင့်ထဲက သန်း ၇၀၀ လည်း ကုန်သွားလောက်ပြီ။ ပြီးတော့ LV ကိုလည်း ၁ ဘီလီယံ အကြွေးတင်ထားတယ်မလား” စုရှောင်းယွီက မျက်တောင်ခတ်လိုက်၏။
LV က လင်းဖန်ကို အကြောင်းမဲ့ ၁ ဘီလီယံယွမ် မကူညီနိုင်ပါ။ LV က ဆန္ဒရှိရင်တောင် တခြား ရှယ်ယာဝင်တွေက သဘောကျမှာ မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် LV က ရှယ်ယာဝင်များစွာဖြင့် တည်ထောင်ထားခြင်း ဖြစ်သည်။ သူတို့ လင်းဖန်ကို ၁ ဘီလီယံယွမ် လွယ်လွယ်ကူကူ ပေးလိုက်ပါက တခြား ရှယ်ယာဝင်တွေကိုလည်း ၁ ဘီလီယံယွမ် ပေးနိုင်သည့်သဘော ဖြစ်သွားလိမ့်မည်။ ထိုအခါ ကုမ္ပဏီတစ်ခုလုံး ဗရုသုက္ခ ဖြစ်သွားပါလိမ့်မည်။
လင်းဖန်က Estee Lauder ကို LV မှ ထောက်ပံ့ပေးထားသည့် ပိုက်ဆံကို လင်းဖန် ပြန်ဆပ်ရမည်။ ထောက်ပံ့ပေးတာက ထောက်ပံ့ပေးတာဖြစ်ပြီး အကျိုးအမြတ်က အကျိုးအမြတ်ပင်။ နှစ်ကုန်တွင် LV က လင်းဖန်ကို အစုပေါ်အမြန် သန်း ရာကျော် ပေးရဦးမည်။
“ဟုတ်တယ် သူတို့ကို ၁ ဘီလီယံ ယွမ် အကြွေးတင်နေတယ်”
“ငါ့ဘဏ်အကောင့်ထဲမှာလည်း တစ်ပြားတစ်ချပ်မှ မကျန်တော့ဘူး။ စုမူချင်းနဲ့ လင်းချမ့်ဝေတို့ကိုတောင် လစာမပေးနိုင်လောက်တော့ဘူး” လင်းဖန် သက်ပြင်းချလိုက်ပါသည်။
Estee Lauder ကို သူ လွှဲပြောင်းယူခဲ့စဉ်တုန်းက လင်းဖန်တွင် စုငွေ သန်း ၇၀၀ ကျော်ရှိခဲ့သည်။ ယခုတော့ လင်းဖန်၏ စုငွေက အနုတ် ၁ ဘီလီယံယွမ် ဖြစ်နေလေပြီ။ အမှန်ပင်။ ဒီငွေကို ပြန်မဆပ်ဘဲ နှစ်ကုန် အစုအပေါ်အမြတ်ထဲက ပေးဖို့ ရွေးချယ်လည်း ရပါသည်။ လင်းဖန်၏ လက်ရှိ စုငွေမှာလည်း သုညသာ ကျန်တော့၏။
ရှားဝမ်ချွေ့နဲ့ သူသဘောတူထားတာက စုငွေ ဘယ်လောက်ပိုင်ဆိုင်ထားတယ်ဆိုတဲ့အပေါ် မူတည်ပြီး လက်ထပ်ပြီးနောက် ဘယ်သူက အပေါ်စီးရနေရမည်ဆိုတာကို ဆုံးဖြတ်ဖို့ ဖြစ်သည်။
၃ လကြာသည့်အခါ အဓိက ကုမ္ပဏီကြီးများက အစုပေါ်အမြတ်များကို မခွဲပေးလောက်သေးပေ။
ယခု ဂတ်စ်ဖိုး မပြောနဲ့၊ ရေဖိုး၊ မီတာခ၊ အိိမ်က အိမ်ရာစီမံရေးအခွန်တို့ကိုတောင် မပေးဆောင်နိုင်တော့ပါ။
ဘီလျံနာကြီး လင်းဖန်၏ ဘဏ်အကောင့် ချက်ချင်းဆိုသလို သုည ဖြစ်သွားခဲ့ပါသည်။
သူ လူလည်ကျနိုင်ခဲ့သော်လည်း ယခုတော့ ငမွဲ တစ်ယောက် ဖြစ်သွားချေပြီ။
“ဒီမှာ ဒီဘဏ်ကတ်ထဲမှာ ၁ ဘီလီယံယွမ် ရှိတယ်။ ယူလိုက်” စုရှောင်းယွီက အေးအေးဆေးဆေး ပြောလိုက်ပြီး လင်းဖန်ကို ၁ ဘီလီယံယွမ် ပေးလိုက်ပါသည်။
“သူဌေးမလေးတစ်ယောက် အမ်းတာကို ခံနေရတဲ့ ကလေးလေးလို ဘာလို့ ခံစားနေရပါလိမ့်” လင်းဖန်ကက ဘဏ်ကတ်ကို ကြည့်ကာ ပြောလိုက်ပါသည်။
“ဟီးဟီး ငါက သူဌေးမလေးပဲကို~” စုရှောင်းယွီက ပြုံးလိုက်၏။
“ပြန်ယူစမ်းပါ။ ငါက ကုန်းဆင်းတဲ့ကောင်နဲ့ တူလို့လား”
“ရပါတယ်။ ငါလည်း မကြာခင် ငွေရတော့မှာပဲ။ နောက်ထပ် ရက်နည်းနည်းလောက်တော့ တောင့်ခံထားနိုင်ပါသေးတယ်” လင်းဖန်က ထပ်ပြောလိုက်သည်။
စုမူချင်းကို အိမ်ပြန်ပို့ပြီးနောက် စုရှောင်းယွီကို နှလုံးသားရေကန်ဗီလာသို့ ပြန်ခေါ်လာခဲ့သည်။
သူ့ဗီလာကြီးက အကြီးကြီး ဖြစ်သော်လည်း စုမူချင်းနဲ့ လင်းချမ့်ဝေတို့ကိုပါ သူ့အိမ်မှာ နေခွင့် မပေးနိုင်ပါ။
နှလုံးသားရေကန်ဗီလာတွင် ရှားဝမ်ချွေ့လည်း ပြန်ရောက်လာတာ မကြာသေးပေ။
သူမ အလွန် အလွန် ပင်ပန်းလာ၏။
သူမ မျက်လုံးအောက်မှာ ညိုမည်းနေပါသည်။ သူမ အခုတလော အလွန် အလုပ်ကြိုးစားနေခဲ့၏။
ရှားဝမ်ချွေ့ အလွန်ပင်ပန်းနေသော်လည်း မီးဖိုချောင်ထဲတွင် ဆန်ပြုတ်ပြုတ်ပြီး လင်းဖန်အတွက် ညစာ ပြင်ဆင်ပေးချင်နေသေးသည်။
လင်းဖန်က ချက်တတ်ပြုတ်တတ်သော်လည်း သူမက လင်းဖန်၏ ကောင်မလေး ဖြစ်သည်။ သူမ ညစာ မချက်တတ်လို့ ရပါ့မလား။
လင်းဖန် မီးဖိုချောင်ထဲဝင်လာပြီး ရှားဝမ်ချွေ့ အတည်ပေါက် ဟင်းချက်နေတာကို မြင်လိုက်ပါသည်။ သူ့ရင်ထဲ နွေးထွေးသွားရ၏။
ရှားဝမ်ချွေ့နောက်ကို လျှောက်သွားလိုက်ပြီး သူမ၏ ခါးသွယ်သွယ်လေးကို နူးညံ့စွာ ပွေ့ဖက်ထားလိုက်၏။
“ငါညစာ ချက်လိုက်ပါ့မယ်။ သွားနားချေ” လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
“မနားပါဘူး~” ရှားဝမ်ချွေ့က ခေါင်းကို နူးညံ့စွာ ခါလိုက်ပါသည်။
“လင်းဖန် နင် အခုတလော သုံးဖို့ငွေကုန်နေပြီလား။ ငါ့ဘဏ်ကတ်ပေးမယ်လေ~” ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ချိုမြိန်စွာ ပြုံးလိုက်သည်။
“နင်တို့ သူဌေးမလေး နှစ်ယောက်က ဘာလို့ ငါ့ကို ပိုက်ဆံပေးဖို့ပဲ ချောင်းနေကြတာလဲ။ ငါက အချောင်ခိုတတ်တဲ့ကောင်နဲ့ တူလို့လား” လင်းဖန်က ရှားဝမ်ချွေ့ပေးသည့် ဘဏ်ကတ်ကို ကြည့်ရင်း အနည်းငယ် စိတ်ဆိုးသွားပါသည်။
“ဒါဆို နင်က မစားချင်ဘူးလး” ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားသည်။ လင်းဖန်ကို သူမ ကြည့်ကာ ခေါင်းငုံ့လိုက်၏။
“စားချင်ရုံတင်မကဘူး ထိလည်းထိချင်တယ်” လင်းဖန်က ရှားဝမ်ချွေ့၏ ရင်ဘတ်ကို စိုက်ကြည့်လိုက်လေသည်။
ဘာပဲဖြစ်ဖြစ် စနစ်က ပေးထားသည့် တစ်နေ့တာ မစ်ရှင် မဟုတ်ပါလား။ လင်းဖန်၏ တစ်ဘဝတာ ပျော်ရွှင်မှုနဲ့လည်း သက်ဆိုင်နေသည်။
ရှားဝမ်ချွေ့က မျက်လုံးပြူးသွားပြီး ချက်ချင်း စိတ်ဆိုးသွား၏။
သူမက အလွန်ရိုးသားသော်လည်း လင်းဖန် ဆိုလိုတာကို ချက်ချင်း နားလည်လိုက်ပါသည်။
“နှာဘူးကောင် ငါ့ဘဏ်ကတ် မပေးတော့ဘူး” ရှားဝမ်ချွေ့ ပြောလိုက်လေသည်။ သူမ လှည့်ထွက်သွားပြီး ဘဏ်ကတ်ကိုပါ ပြန်ယူသွားလေသည်။
ညစာစားနေစဉ်မှာလည်း ရှားဝမ်ချွေ့မျက်နှာ နီနေပြီး လင်းဖန်ကို လျစ်လျူရှုနေပါသည်။
စုရှောင်းယွီက ဘာမှ ဂရုစိုက်သည့်ပုံမပေါ်ပေ။ သူမက ခြေဗလာဖြစ်နေပြီး သူမ၏ ခြေတံ သွယ်သွယ်လေးများက အထင်းသား ပေါ်နေ၏။ ဆိုဖာပေါ်တွင် ပန်းသီးတစ်လုံး ကိုင်လျက် စာဖတ်နေပါသည်။
လင်းဖန် အနည်းငယ် အံ့သြသွားရသည်။ ဒီနေ့ည ရှားဝမ်ချွေ့၏ ညစာက အလွန် အရသာ ရှိပါသည်။
သူ ချက်ပြုတ်သည့် စားတော်ပွဲများက အလွန် အရသာရှိသည်။ သူ့ဇနီး၏ လက်ရာ ညစာများကလည်း အတော်လေး အရသာရှိလှပါသည်။
သူနဲ့ ရင်းနှီးသည့် မိန်းကလေးများအနက် စုရှောင်းယွီတစ်ယောက်တည်း ညစာကောင်းကောင်း မချက်တတ်ခြင်းဖြစ်သည်။
လင်းဖန် ဘာမှ မပြောသလို ရှားဝမ်ချွေ့လည်း ဘာမှ ပြန်မပြောပေ။
စနစ်မစ်ရှင်ကို အောင်မြင်ဖို့က တော်တော် ခက်ခဲလွန်းပါသည်။
ညဘက် အိပ်ယာဝင်သည့်အခါ လင်းဖန် တစ်ယောက် အိပ်ယာထဲလှဲပြီး သူ့ဘဏ်အကောင့်ထဲက သုညကို စိုက်ကြည့်နေမိ၏။ သူ့ဘဝထဲ အချစ် မရှိတော့သလို ခံစားလိုက်ရပါသည်။
ထို့နောက် Alipay မှ မက်ဆေ့တစ်စောင့် ဝင်လာတာကို လင်းဖန် မြင်လိုက်ရပါသည်။
[ ရှားဝမ်ချွေ့မှ သင့်ထံကို ၁,၀၀၀,၀၀၀ ယွမ် လွှဲပြောင်းပေးလိုက်ပါသည်။ ]
[ ရှားဝမ်ချွေ့မှ သင့်ကို စာအိတ်နီတစ်စောင် ပို့ပေးလိုက်ပါသည်။ စာအိတ်နီတစ်စောင် လက်ခံရယူနိုင်ပါသည်။ ]
လင်းဖန် စာအိတ်နီကို ဖွင့်ကြည့်လိုက်ရာ ၅၂၀ ယွမ်ပါမှန်း မြင်လိုက်ရ၏။
တချို့ စာအိတ်နီများတွင် ၁,၃၁၄ ယွမ် ရှိ၏။
အားလုံးကို ပေါင်းလိုက်ပါက ၅၂၀၁၃၁၄ ဖြစ်၏။
လင်းဖန် စာအိတ်နီများစွာကို မြင်လိုက်ရသည့်အခါ တောက်ပစွာ ပြုံးလိုက်၏။ ဒီလောက်ပိုက်ဆံတွေ အများကြီးနဲ့သာဆို သူ ကားဆီဖြည့်နိုင်ပါတော့မည်။
ညသန်းခေါင်အချိန် လင်းဖန် အိပ်ယာပေါ်တွင် လှဲလျက်သား ရှိနေ၏။ ရေချိုးပြီးတာတောင် သူ မထနိုင်သေးပါ။
ရှားဝမ်ချွေ့က ဒုတိယထပ်ရှိ သူမ အခန်းထဲတွင် ရှိနေသည်။ ထို့အပြင် အိမ်မှာ နေ့တိုင်း စကတ်တို ဘောင်းဘီတိုများသာ ဝတ်လေ့ ရှိ၏။
လင်းဖန် နေ့တိုင်း သူမ၏ ခြေတံသွယ်သွယ်များကို မြင်နိုင်သည်။ ထို့အပြင် ရှားဝမ်ချွေ့က အလွန်ဆွဲဆောင်မှုရှိ၏။ သူမ လင်းဖန်ကို စကားမပြောဘူးဟု ဆိုသော်လည်း လင်းဖန်ကို စာအိတ်နီများစွာ ပို့ပေးပြီး ၁ မီလီယံယွမ်ကို တစ်ခါတည်း ပို့ပေးလိုက်သည်။
ဒီလောက် သဘောကောင်းသည့် ကောင်မလေး လင်းဖန် အိမ်မှာ ရှိနေသဖြင့် ဘယ်သူက ခံနိုင်ရည် ရှိမှာလဲ။
စနစ်မစ်ရှင်ကို ဒီနေ့ညပဲ ပြီးအောင် လုပ်လိုက်ရမလား။
လင်းဖန် ပိုက်ဆံကို ရရှိပြီးနောက် တိုးတိုးတိတ်တိတ် ဒုတိယထပ်ကို တက်သွားပြီး တံခါးကို တွန်းဖွင့်လိုက်ပါသည်။
အခန်းထဲဝင်သွားသည့်အခါ မီးများ မှိတ်ထား၏။ သူ့မိန်းမ အိပ်ပျော်နေသည့် ပုံပင်။
လင်းဖန် ရှားဝမ်ချွေ့ ကုတင်နားသို့ ဖြည်းဖြည်းချင်း သွားလိုက်ပြီး လှဲလျောင်းလိုက်ပါသည်။
ယောက်ျားလေးတွေက ဦးဆောင်သင့်တယ် မဟုတ်လား။
လင်းဖန် ကောင်မလေးကို နူးညံ့စွာ ဖက်ထားလိုက်၏။ ကောင်မလေးက မသဲမကွဲအသံများ ထွက်လာသည်။
သို့သော်လည်း ဘာကြောင့်မှန်းမသိဘဲ အသံက တစ်ခုခု မူမမှန်သလို ခံစားရသည်။
ထို့နောက် လင်းဖန် သူ့ဖုန်းမီးကို ဖွင့်လိုက်သည်။ ကောင်မလေးကို မြင်သည့်အခါ သူထိတ်လန့်သွားရ၏။
လခွမ်း သူ လူမှားသွားပြီ။
ဒါ စုရှောင်းယွီပင်။
သူစုရှောင်းယွီကို အခွင့်အရေးယူဖို့ ကြိုးစားတာ မဟုတ်သော်လည်း စုရှောင်းယွီ၏ အခန်းထဲ မှားဝင်လာမိပြီး ဖက်လိုက်မိသည်။ သူ ဘယ်လို ရှင်းပြရတော့မလဲ။
“ဆရာလား” စုရှောင်းယွီလည်း လင်းဖန်ကို မြင်သွားပြီး မျက်နှာ နီရဲသွားပါသည်။
“လူဆိုးကောင် နင်ငါ့ကို အစ်မဝမ်ချွေ့ထင်လို့လား။ ဆရာက ငါ့အခန်းထဲ တကယ်ကြီး ခိုးဝင်လာတာလား” စုရှောင်းယွီက ရှက်သွေးဖြာစွာဖြင့် ပြောလိုက်ပါသည်။
“အဟမ်း ငါမှားဝင်လာတာ” လင်းဖန် ရှင်းပြလိုက်သည်။
ပြဿနာက ဒုတိယထပ်တွင် အခန်းတွေ အများကြီး ရှိနေတာကြောင့်ပင်။ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့က ဘေးချင်းကပ်လျက် အခန်းတွေမှာ နေကြသည်။ ထို့ကြောင့် မတော်တဆ အခန်းမှားဝင်မိခြင်း ဖြစ်၏။
ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။
စုရှောင်းယွီ “...”
လင်းဖန် “....”
ဒီဗီလာကြီးထဲမှာ လူ ၃ ယောက်နဲ့ ကြောင် ၁ ကောင်သာ နေထိုင်သည်။
တံခါးခေါက်နေတာ ရှားဝမ်ချွေ့ကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ။
အစကတော့ ဘာမှ မဖြစ်သေးသော်လည်း သူ့မိန်းမသာာ ဒါကို မြင်သွားပါက ရှင်းပြဖို့ ခက်ခဲပါလိမမ့်မည်။
သူ ရှင်းပြဖို့ စဉ်းစားလို့မပြီးသေးခင်မှာပင် ရှားဝမ်ချွေ့က တံခါးကို ဖွင့်လိုက်ပြီဖြစ်သည်။ သူမက ညအိပ် အဝတ်အစားများ ဝတ်ထားပြီး အလှပဆုံး ဖြစ်နေသည်။
ရှားဝမ်ချွေ့က လင်းဖန်ကို မြင်သွားပြီး ခေါင်းပြူကြည့်လိုက်သည်။
“မြောင်မြောင်” ရှားဝမ်ချွေ့ ဇဝေဇဝါ ဖြစ်သွားသည်။
“အမ် မိန်းမ… ငါရှင်းပြမယ်” လင်းဖန်ပြောလိုက်သည်။ သူက တကယ် လူယုတ်မာ မဟုတ်ပါ။
သို့သော်လည်း ဘာကြောင့်မှန်းမသိဘဲ ကျောထဲ စိမ့်သွားရသည်။
သူ အခန်းမှားဝင်လာပြီး ရှားဝမ်ချွေ့က ပက်ပင်း မိလေသည်။
သူတော့ ပြဿနာတက်ပါပြီ။
သူက စနစ်မစ်ရှင်ကို အောင်မြင်အောင် လုပ်ချင်ရုံသာ ဖြစ်သည်။
ဘာလို့ ဒီလောက် ခက်ခဲနေရတာလဲ။