ငါ့ကောင်မလေးကိုငါ ချစ်ပြတာ ဘယ်သူ ကန့်ကွက်ရဲလဲ
Vol. 21 Ch. 303
ရှားဝမ်ချွေ့ လင်းဖန်ကို ပြုံးကာ ကြည့်လိုက်သည်။ “ရှင်းပြလေ~~~”
လင်းဖန် ပြောလိုက်သည်။ “အမ်… ငါ ရှောင်းယွီဆီက တစ်ခုခု လာယူတာ”
ရှားဝမ်ချွေ့က နူးနူးညံ့ညံ့ ပြောလိုက်သည်။ “ဒါပေမယ့် မနက် ၁ နာရီကြီးလေ”
ရှားဝမ်ချွေ့ ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ “လင်းဖန် နောက်ဆို ငါ့ကို ထပ်မလိမ်နဲ့။ နင်က ငါအယုံကြည်ရဆုံးလူပဲ။ နင့်မှာ တစ်ခုခု ပြောစရာရှိရင် ပြောမှာသာ ပြောလိုက်~~”
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ကာ အတည်ပေါက် ပြောလိုက်ပါသည်။ “ဟုတ်ပြီ ဝေ့လည်ကြောင်ပတ်လုပ်မနေတော့ဘူး။ ငါ နင့်အခန်းထဲလာပြီး နင်နဲ့အတူအိပ်ချင်လို့”
ရှားဝမ်ချွေ့ လင်းဖန်ကို စိတ်ဆိုးစွာ ကြည့်လိုက်၏။ “အရှက်မရှိဘူး နှာဘူးကောင်’
ထို့နောက် ရှားဝမ်ချွေ့က လင်းဖန်ကို တွန်းထုတ်လိုက်ပြီး စုရှောင်းယွီ အခန်းထဲ ဝင်သွားပါသည်။
ဒါဆို သူ့မိန်းမ လုံးဝ သဝန်မတိုဘူးလား။
လင်းဖန် သက်ပြင်းချလိုက်သည်။ “တော်သေးတာပေါ့”
ရှားဝမ်ချွေ့သာ စိတ်ဆိုးသွားပြီး သူနဲ့ လမ်းခွဲသွားပါက အဆုံးသတ်ဖြစ်သွားနိုင်သည်။
သူက စနစ်မစ်ရှင်ကို အောင်မြင်ချင်ရုံသာ ဖြစ်သည်။ တခြား နည်းလမ်းတစ်ခုခုကို စဉ်းစားရတော့မည် ထင်ပါသည်။
အခန်းထဲကို တိုးတိုးတိတ်တိတ် ပြန်လာပြီးနောက် လင်းဖန် ပြန်လှဲလိုက်ပြီး ရှားဝမ်ချွေ့ကို မက်ဆေ့ပို့လိုက်ပါသည်။
[ လင်းဖန် : “ငါ အခန်းမှားဝင်သွားမိတာ။ စုရှောင်းယွီအခန်းထဲကို ဝင်သွားတာ နင်စိတ်မဆိုးပါဘူးနော်” ]
[ ရှားဝမ်ချွေ့ : “မြောင်မြောင်၊ စိတ်မဆိုးပါဘူး ]
[ ရှားဝမ်ချွေ့ : “နင်အပြင်မှာ သွားမရှုပ်ပွေဘူး ဆိုရင် ဘာမှ မဖြစ်ပါဘူး။ နင်တခြား ကောင်မလေးတွေနဲ့ နီးစပ်ရုံနီးစပ်တာတော့ ရပါတယ်~ ]
[ လင်းဖန် : “ငါက ရှုပ်ပွေတတ်တဲ့ လူပုံစံ ပေါက်နေလို့လား” ]
[ ရှားဝမ််ချွေ့ “~~~” ]
[ ရှားဝမ်ချွေ့ “ဂွတ်နိုင်~~” ]
ထိုနေ့မနက်က သူ နောက်ဆုံး Sign-in ဝင်ခဲ့ပြီး ၁၅ ရက်မြောက်နေ့ ဖြစ်သည်။
ထို့ကြောင့် သူ နောက်တစ်ခေါက် တရားဝင် Sign-in ဝင်လိုက်ပါသည်။
“ဒင်… အောင်မြင်စွာ Sign-in ဝင်ပြီးပါပြီ”
“အသက်ကာကွယ်ကတ်ကို ရရှိသွားတဲ့အတွက် သခင်လေးကို ဂုဏ်ပြုပါတယ်။ သခင်လေးက အနီးစပ်ဆုံး လူ ၆ ဦးကို ရွေးချယ်ပြီး သူတို့အသက်ကို ကာကွယ်ပေးနိုင်ပါတယ်။ သူတို့ အသက်အန္တရာယ်ရှိလာပါက သူတို့အသက်ကို ကာကွယ်ဖို့အတွက် အလိုအလျောက် ကာကွယ်စနစ် ယန္တရား ချက်ချင်း လည်ပတ်သွားပါလိမ့်မယ်။ တစ်ခေါက်သာ လည်ပတ်ပါမယ်။”
“ကျေးဇူးပြုပြီး သခင်လေးနဲ့ အနီးစပ်ဆုံး လူ ၆ ဦးရဲ့ နာမည်ကို အရင်ဆုံး အတည်ပြုပေးပါ။ လူ ၆ ဦးကို စည်းနှောင်ရမယ့် နည်းလမ်းက ခြားနားပါတယ်။ မှတ်ချက် : အသက်ကာကွယ်ကတ်က အရှားပါးဆုံး ပစ္စည်း ဖြစ်ပါတယ်။ အသက်ကာကွယ်ကတ်ကို ရရှိဖို့အတွက် အလွန်ခက်ခဲပါတယ်။ ကျေးဇူးပြုပြီး ဂရုတစိုက် အသုံးပြုပါ”
အသက်ကာကွယ်ကတ်ကို ရရှိပြီးနောက် လင်းဖန် နက်နက်ရှိုင်းရှိုင်း တွေးမိသွား၏။
သူ ကာကွယ်ရမယ့် ပထမဆုံးသော လူက သူကိုယ်တိုင်ပဲ ဖြစ်သည်။
ထို့နောက် သူ့မိဘ နှစ်ပါးနဲ့ သူ့ညီမ လင်းယွီရှစ်တို့ ဖြစ်သည်။ ဒါဆို ၄ ယောက် ပြည့်သွားပါပြီ။
ထို့နောက် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို ကာကွယ်ပေးလိုက်ရုံ ဖြစ်သည်။
“အဲ့ဒီ ၆ ယောက်ကိုပဲ ကာကွယ်ပေးလိုက်” လင်းဖန် ပြောလိုက်ပါသည်။
“ဒင် သခင်လေးကို စည်းနှောင်ခြင်း အောင်မြင်ပါတယ်။ လင်းယွီရှစ်ကို စည်းနှောင်ခြင်း အောင်မြင်ပါတယ်။ သခင်လေးရဲ့ မိဘနှစ်ပါးကို စည်းနှောင်ခြင်း အောင်မြင်ပါတယ်”
“ရှားဝမ်ချွေ့ကို စည်းနှောင်ခြင်း အောင်မြင်ပါတယ်။ စုရှောင်းယွီကို စည်းနှောင်ချင်း မအောင်မြင်ပါ။ ရှားဝမ်ချွေ့တွင် အထူးသီးသန့် မစ်ရှင်တစ်ခု ရှိပါတယ်။ ပိုင်ရှင်က ထိုအထူးသီးသန့် မစ်ရှင်ကို အောင်မြင်ခြင်းဖြင့် စည်းနှောင်ခြင်းကို ပြီးမြောက်အောင် လုပ်နိုင်ပါတယ်” စနစ်အသံ၏ ထွက်လာပါသည်။
“ရှားဝမ်ချွေ့၏ သီးသန့်မစ်ရှင် : သခင်လေး ကျေးဇူးပြုပြီး ရှားဝမ်ချွေ့ကို ပွေ့ဖက်လိုက်ပါ။ ပွေ့ဖက်ပြီးနောက် ရှားဝမ်ချွေ့ကို စည်းနှောင်နိုင်ပါပြီ”
“စုရှောင်းယွီ၏ သီးသန့်မစ်ရှင် : သီးသန့် မစ်ရှင် မဖော်ထုတ်နိုင်ပါ။ အကြောင်းအရင်း မသိ”
လင်းဖန် ခေါင်းခါလိုက်၏။ ရှားဝမ်ချွေ့ရဲ့ သီးသန့်မစ်ရှင်ကို အောင်မြင်ဖို့က လွယ်ကူါပသည်။
သို့သော် စုရှောင်းယွီရဲ့ သီးသန့်မစ်ရှင်ကို ဘာကြောင့် ဖော်ထုတ်လို့ မရတာလဲ။
စနစ်ကို မေးကြည့်လိုက်ပါသော်လည်း ပြန်မဖြေပေ။
ဆက်တိုက် မေးကြည့်ခါမှ စနစ်က ရိုးရိုးရှင်းရှင်း စကားတစ်ခုသာ ပြန်ပြောလိုက်ပါသည်။
[ အခြေအနေရပ်တချို့ မပြည့်မှီသေးသဖြင့် စုရှောင်းယွီရဲ့ သီးသန့်မစ်ရှင်ကို မဖော်ထုတ်နိုင်ပါ။ သခင်လေး အတင်းအကြပ် အောင်မြင်အောင် ကြိုးစားပါက ၃ နှစ်အောက် မနည်း ၁၀ နှစ်ထက် မများဘဲ ထောင်ချခံရပါမည် ]
ဥပဒေချိုးဖောက်တာနဲ့ ဘာဆိုင်လို့လဲ။ လင်းဖန် နားမလည်နိုင်စွာဖြင့် ခေါင်းခါလိုက်ပါသည်။
မနက်ခင်းနိုးထလာပြီး သွားတိုက် မျက်နှာ သစ်ပြီးနောက် လင်းဖန် အဝတ်အစားလဲကာ လေကောင်းလေသန့်ရှူလိုက်ပသါည်။
Estee Lauder ရှိ ပြဿနာများကို ဖြေရှင်းပြီးနောက် ကုမ္ပဏီတွင် နောက်ထပ် ရှယ်ယာဝင် အစည်းအဝေးပွဲတစ်ခု ကျင်းပဖို့ အချိန််ရောက်လာခဲ့သည်။
လင်းဖန်က စုရှောင်းယွီကို ရှယ်ယာဝင်များနဲ့ မိတ်ဆက်ပေးရမည်။ ကုမ္ပဏီ ကိစ္စအများစုက အနာဂတ်တွင် သူမအပေါ်မှာ မူတည်လာမှာ ဖြစ်ပါသည်။
စုရှောင်းယွီရဲ့ စီးပွားရေးအမြင်မျိုးနဲ့ ဒီလို လုပ်တာ ပါရမီ ဖြုန်းတီးရာ ကျပါသည်။
“နင် ရုံးသွားမလို့လား” ရှားဝမ်ချွေ့က မျက်တောင်ခတ်ကာ လင်းဖန်ကို ကြည့်လိုက်သည်။
“အင်း ရုံးသွားမလို့” လင်းဖန်ပြုံးလိုက်သည်။
“ငါလိုက်ပို့မယ်လေ~” ရှားဝမ်ချွေ့ ချိုမြိန်စွာ ပြုံးလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့က တံခါးရှေ့မှာ လိမ္မာစွာ ရပ်နေပြီး လင်းဖန်ကို သူမရဲ့ မျက်လုံးလှလှလေးများဖြင့် ကြည့်နေသည်။ သူမ အပြုံးက လူပေါင်းများစွာကို ဆွဲဆောင်နိုင်စွမ်းရှိ၏။
ခွဲခွာဖို့ အချိန်ကျသည့်အခါ လင်းဖန် ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ရင်နာသွားမိပါသည်။
“ဘာဖြစ်လို့လဲ” လင်းဖန်က မေးလိုက်၏။
“ဘာမှ မဟုတ်ပါဘူး” ရှားဝမ်ချွေ့က ခေါင်းခါလိုက်သည်။
သူမ စီးပွားရေးအကြောင်း များများစားစား မသိပါ။ သူမက စုရှောင်းယွီနဲ့ မယှဉ်နိုင်ပေ။ ထို့ကြောင့် လင်းဖန်နဲ့ စုရှောင်းယွီတို့ အတူတူ အလုပ်လုပ်နေတာကို မနာလို ဖြစ်မိပါသည်။
လင်းဖန်က ရှေ့ကို လျှောက်လာပြီး ရှားဝမ်ချွေ့၏ ခါးသွယ်သွယ်လေးကို ဖက်ထားလိုက်ပါသည်။ နူးညံ့သည့် ခံစားချက်နှင့် မွှေးပျံ့သည့် ရနံ့လေးတစ်ခု ရနေသသည်။
ဒီမြင်ကွင်းကိုသာ ဓာတ်ပုံရိုက်ပြီး အွန်လိုင်းပေါ် တင်လိုက်ပါက ပရိတ်သတ်တွေ ဘယ်လောက်များများ အသည်းကွဲကုန်ကြမလဲ မသိနိုင်ပါ။ ရူးသွပ်သွားတဲ့လူတွေ ဘယ်လောက်များမလဲ၊ ယောက်ျားလေး ဘယ်နှယောက်က ဓာတ်ပုံကို သိမ်းထားမလဲ မသိနိုင်ပါ။
ဒီလိုလှလှပပ နတ်သမီးလေးက လင်းဖန်ရဲ့ ရင်ခွင်ထဲ ရောက်နေခဲ့ပါသည်။
ပွေ့ဖက်ပြီးနောက် ရှားဝမ်ချွေ့ကို အသက်ကာကွယ်ကတ်ဖြင့် စည်းနှောင်ခြင်း ပြီးဆုံးသွားပါသည်။
ပြင်ပအန္တရာယ်တွေ ဘယ်လောက်များများ ရှားဝမ်ချွေ့ တစ်ခုခု ဖြစ်သွားဖို့ဆိုတာ အလွန် ခက်ခဲလှပါသည်။
“လာပါ။ ငါနဲ့ ရုံးလိုက်ခဲ့” လင်းဖန် ပြုံးလိုက်သည်။
“ဟင်” ရှားဝမ်ချွေ့က မော့ကြည့်လိုက်၏။
“ငါ့ကောင်မလေးကို ရုံးခေါ်လာပြီး ချစ်ပြလည်း ဘာဖြစ်လဲ။ ဘယ်သူ ကန့်ကွက်ရဲလဲ။ သွားကြစို့” လင်းဖန်က ရှားဝမ်ချွေ့ လက်ကိုကိုင်ပြီး ကားဆီကို လျှောက်လာခဲ့ပါသည်။
“~~~”
“ဒါဆို ခဏစောင့်ဦး။ ငါ အဝတ်အစား လဲလိုက်ဦးမယ်~” ရှားဝမ်ချွေ့က လင်းဖန်၏ ပါးကို ပျော်ရွှင်စွာဖြင့် ခပ်ဖွဖွ နမ်းလိုက်သည်။
အဝတ်အစားလဲပြီးနောက် ရှားဝမ်ချွေ့ ပြန်ထွက်လာပါသည်။
တောက်ပနေသည့် စုရှောင်းယွီနဲ့ တွေ့သည့်အခါ ရှားဝမ်ချွေ့က မှေးမှိန်မသွားဘဲ ပိုလို့တောင် လှပါသေးသည်။
ရှားဝမ်ချွေ့က ပိုထွားပြီး စုရှောင်းယွီက သေးငယ်သောကြောင့် ဖြစ်သည်။
Rolls-Royce Cullinan ကြီးကို မောင်းရင်း လင်းဖန်က လမ်းမပေါ်တွင် အလွန်လှပသည့် ရှုခင်းတစ်ခု ဖြစ်လာခဲ့၏။
Rolls-Royce Cullinan ကြီး တန်ဖိုးကြီးမားလို့ မဟုတ်ပေ။
လင်းဖန် ဒီကားကို မောင်းနေတာကြောင့်သာ ဖြစ်ပါသည်။
အထဲမှာ မိန်းမလှလေး ၂ ယောက်ဖြစ်သည့် စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ ရှိနေပါသည်။
ဘယ်သူပဲ ကြည့်လိုက်ကြည့်လိုက် စိတ်မထိန်းနိုင်ကြပါ။
“လင်းဖန်ကားကို ငါမြင်လိုက်တယ် အထဲမှာ မိန်းမလှလေးနှစ်ယောက် ထိုင်နေတာ”
“တစ်ယောက်က ရှားဝမ်ချွေ့။ နောက်တစ်ယောက်က စုရှောင်းယွီ။ သူတို့က လင်းဖန်နဲ့ အရမ်းနီးစပ်ကြတာပဲနော်”
“အားကျလွန်းလို့ ငိုတောင် ငိုချင်လာပြီ။ ရှားဝမ်ချွေ့နဲ့ လင်းဖန်တို့ကြည့်လို့ကောင်းတာကို မပြောနဲ့။ ငါ့မှာ စကားပြောဖို့ ကောင်မလေး ၂ ယောက်တောင် မရှိဘူး။ ငါက မချောလို့လား”
“လင်းဖန် စောင့်ပါဦး လက်မှတ်လိုချင်လို့ပါ”
Estee Lauder ဝင်ပေါက်သို့ ရောက်သည့်အခါ သူ့လက်ထောက် စုမူချင်းက ကြိုစောင့်နေ၏။
လုံခြုံရေးအစောင့်များက ချက်ချင်း သူ့ကို ဝန်းရံလိုက်ကြပြီး ဦးညွှတ်လိုက်ကြပါသည်။
ကားအက်ဆီးဒင့်ဖြစ်ပြီးကတည်းက သူတို့ လင်းဖန်ကို ပိုပြီး ကာကွယ်ပေးကြသည်။
ထိုလုံခြုံရေးအစောင့်များ စုရှောင်းယွီလို မိန်းမလှလေးကို မြင်လိုက်ရသည့်အခါ မှင်သက်သွားကြသည်။
လုံခြုံရေးအစောင်များ အံ့သြဖို့ ကြံရုံရှိသေး၊ နောက်ထပ် အလှအပလေး တစ်ယောက်ဖြစ်သည့် ရှားဝမ်ချွေ့လည်း ကားထဲက ထွက်လာသည်။
ကောင်မလေး နှစ်ယောက်ကို မြင်သွားသည့်အခါ လုံခြုံရေးအစောင့်များစွာ မနာလိုဖြစ်ပြီး အားကျသွားကြ၏။
ဒါက လူသား သဘာဝပဲ ဖြစ်ပါသည်။
သူတို့က လုံခြုံရေးအစောင့်များ ဖြစ်သော်လည်း အလှအပလေး တစ်ယောက်နဲ့ ကြူချင်ကြပါသည်။
သူတို့ မိန်းမလှလေးပေါင်းစုံကို မြင်ဖူး၏။ စုမူချင်းလို မိန်းကလေးများစွာ၏ ဓာတ်ပုံများစွာ အွန်လိုင်းပေါ်မှာ ရှိနေပါသည်။
သို့သော်လည်း ဒီလုံခြုံရေးအစောင့်များက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့လောက်် လှပသည့် မိန်းကလေးများကိုတော့ မမြင်ဖူးကြချေ။
ထိုကောင်မလေးနှစ်ယောက်က လင်းဖန်နဲ့လည်း အလွန်ရင်းနှီးကြသည်။
“ဂွတ်မောနင်း ဘော့စ်ဖေး”
“ဂွတ်မောနင်း ဘော့စ်ဖေး”
လုံခြုံရေးအစောင့်များ ဦးညွှတ်လိုက်ပြီးနောက် မန်နေဂျာက သူတို့ကို နွေးနွေးထွေးထွေး လာကြိုဆိုပါသည်။
ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို တွေ့သောအခါ ကုမ္ပဏီ မန်နေဂျာလည်း လျစ်လျူမရှုရဲတော့ပါ။
“ဘော့စ်လင်း” မန်နေဂျာက ခေါင်းကငြိမ့်ကာ ဦးညွှတ်လိုက်ပါသည်။ လင်းဖန်ကို လေးစားသမှုဖြင့် ကြည့်လိုက်၏။
“ဒါက ဘော့စ်စုလေ။ ကုမ္ပဏီရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင်ပေါ့”
“ဒါက ကျွန်တော့် ကောင်မလေး။ ကျွန်တော့် ကောင်မလေးကို ကုမ္ပဏီခေါ်လာတာ ခင်ဗျားတို့ ကန့်ကွက်စရာမရှိဘူးဆိုတာ သေချာပါတယ်” လင်းဖန်က ပြုံးလိုက်ပါသည်။
ကုမ္ပဏီထဲက လူပေါင်းများစွာ၏ အကြည့်အောက်တွင် လင်းဖန် ရှားဝမ်ချွေ့၏ လက်ကို ကိုင်လိုက်ပါသည်။
ရှားဝမ်ချွေ့က ခေါင်းငုံ့ကာ ရှက်သွေးဖြာသွားသည်။ သို့သော်လည်း လင်းဖန်ကိုတော့ လက်ကိုင်ခွင့် ပေးလိုက်သည်။
မန်နေဂျာ ဆွံ့အသွား၏။
ကုမ္ပဏီ လုံခြုံရေး အစောင့်များလည်း ဆွံ့အသွားသည်။
ကုမ္ပဏီထဲက အဓိက ရှယ်ယာဝင်အားလုံး ဆွံ့အသွား၏။
ဘယ်သူက ဘော့စ်လင်း သူ့ကောင်မလေးကို ကုမ္ပဏီဆီခေါ်လာတာကို ကန့်ကွက်ရဲမှာလဲ။
သို့သော်လည်း အားလုံးရဲ့ မျက်နှာထားက အနည်းငယ် ထူးဆန်းနေပါသည်။ သူတို့ ဒေါသထွက်သော်လည်း ဘာမှ မပြောရဲကြပါ။
လင်းဖန်၏ ကောင်မလေးက ရှားဝမ်ချွေ့ဖြစ်ပြီး သူမက အလွန် လှပမှန်း အားလုံး သိပြီးသား ဖြစ်ပါသည်။
အဓိက အချက်က သူတို့ လူရှေ့သူရှေ့ ချစ်ပြနေကြသဖြင့် အားလုံး မျက်နှာပူကာ မကျေမနပ်ဖြစ်နေကြခြင်း ဖြစ်သည်။
သူတို့လို တစ်ကိုယ်တည်းသမားတွေအတွက် ဒီလိုမြင်ရတာ အဆင်ပြေပါ့မလား။
အချိန်ခဏ ကြာသောအခါ မန်နေဂျာက စုရှောင်းယွီကို ဦးညွှတ်လိုက်ပြီး မှုန်ကုပ်ကုပ် ဖြင့် ပြောလိုက်ပါသည်။ “ဂွတ်မောနင်းပါ ဘော့စ်စု”
ထို့နောက် ချက်ချင်းဆိုသလိုပဲ ကုမ္ပဏီ၏ ဝန်ထမ်းများစွာကလည်း လိုက်ပြောပါသည်။ “ဂွတ်မောနင်း ဘော့စ်စု”
စုရှောင်းယွီ ချိုမြိန်စွာ ပြုံးလိုက်သည်။ “ဂွတ်မောနင်းပါ။ အလုပ်လုပ်ဖို့ အချိန်ကျပြီနော်။ မူချင်း၊ ကျွန်မကို ကုမ္ပဏီ အခြေအနေတွေ အရင်ပြောပြပေးပါ။ ဆရာနဲ့ အစ်မဝမ်ချွေ့တို့က အလုပ်ရှုပ်နှင့်ကြ။ ကုမ္ပဏီ ကိစ္စအားလုံးကို ငါ့တာဝန်သာ ထားလိုက်~~”
လင်းဖန် ခေါင်းငြိမ့်လိုက်ပြီး ရှားဝမ်ချွေ့ လက်ကိုကိုင်ကာ ကုမ္ပဏီထဲ ပတ်ကြည့်လိုက်ပါသည်။
မန်နေဂျာက လင်းဖန်ကို လမ်းပြပေးပြီး ကုမ္ပဏီ အခြေအနေကို ရှင်းပြနေ၏။
ဖြတ်သွားဖြတ်လာ ဝန်ထမ်းများ အားလုံးကလည်း လင်းဖန်ကို လေးစားကြပါသည်။
ရှားဝမ်ချွေ့လည်း အလွန်ပျော်ရွှင်နေသည်။
လင်းဖန် လက်ကိုင်ထားတာကို ခံရတာက ပိုင်ဆိုင်ခြင်း ပြသနေခြင်း ဖြစ်၏။
သူမ ကုမ္ပဏီကို လင်းဖန်နဲ့တူတူ လိုက်လာချင်သော်လည်း ဒီကိစ္စတွေအကြောင်း သူမ အများကြီး သိပ်မသိချေ။ လင်းဖန်က သူမ စိတ်ကို ဖောက်ထွင်းမြင်ပြီး သူတို့အချစ်ကို ထုတ်ပြဖို့အတွက် သူမကိုပါ ကုမ္ပဏီခေါ်လာခဲ့ခြင်း ဖြစ်ပါသည်။
ကုမ္ပဏီထဲက ဝန်ထမ်းတွေတောင် မျက်နှာ အနည်းငယ် ပျက်နေကြ၏။
ဝန်ထမ်းတိုင်း သွေးအန်ချင်သွားကြသည်။
ကြည်နူးနေကြတာ ကြည်နူးနေကြတာ။
ဘယ်သူက ဒါကို ကန့်ကွက်ရဲမှာလဲ။
စီအီးအိုက သူ့ကောင်မလေးကို ခေါ်လာပြီး ကုမ္ပဏီကို လာရောက်စစ်ဆေးသည့်အခါ ဝန်ထမ်းတွေ အလုပ်မပြုတ်ချင်ပါက သူတို့ကို ကြိုဆိုပေးရုံသာ ရှိပါသည်။
ဝန်ထမ်းများစွာက ဒါမျိုးနဲ့ အသားကျနေပြီးသား ဖြစ်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့က တီဗီဒရမ်မာတွေထဲမှာလည်း ချစ်ကြည်နူးပြနေကြ ဖြစ်သည်။
“ဝိုး ဒါငါတို့ ကုမ္ပဏီရဲ့ ဘော့စ်ကြီး ဘော့စ်လင်းလား။ အရမ်းချောတာပဲ။ ဘော့စ်လင်း ဒီလောက် ချောလိမ့်မယ်လို့ တစ်ခါမှ ထင်မထားဖူးဘူး”
“ဘော့စ်လင်းရဲ့ ကောင်မလေး ရှားဝမ်ချွေ့ကလည်း အရမ်းလှတယ်။ သူတို့ နှစ်ယောက်က အရမ်းချစ်နေကြတဲ့ပုံစံပဲ”
“သူတို့ ဆက်ဆံရေးက အရမ်းချိုမြိန်တာပဲဟေ့”
“လခွမ်း ဒါ ငါတို့ ကုမ္ပဏီရဲ့ ဘော့စ်ကြီးပေါ့။ ဘော့စ်လင်းက တော်လိုက်တာကွာ။ ကုမ္ပဏီကြီးကိုကော လှလှပပ ကောင်မလေးကိုကော ပိုင်ဆိုင်ထားတယ်။ အားကျလိုက်တာ”
“ဘော့စ်လင်းကို သဘောကျပေမယ့် ဒီနေ့ အများကြီး မျက်နှာပူခဲ့ရတယ်”
“ငါ့နတ်သမီးလေးလက်ကို ဘော့စ်လင်း ကိုင်ထားပြီး ညဘက် သူနဲ့တူတူ အိပ်တယ်လို့ တွေးမိရုံနဲ့တင် နေမကောင်းဖြစ်ချင်သွားတယ်”
“စီအီးအိုက သူ့ကောင်မလေးနဲ့ ပေါ်တင်ကြီး ချစ်ပြနေတာ။ ငါတစ်ယောက်ယောက်ကို ထိုးတောင်ထိုးချင်လာပြီ ဘယ်လိုလုပ်မလဲ”
“လခွမ်းပဲ မင်းမှာ အစွမ်းအစရှိရင် ဘော့စ်လင်းကို သွားထိုးလေ။ ငါ့ကို ထိုးလို့ ဘာထူးမှာလဲ”