ဘော့စ်လင်းကို ကပ်ဖားခြင်း
Vol. 21 Ch. 304
ကုမ္ပဏီကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကုမ္ပဏီတွင်း လင်းဖန် အစည်းအဝေး ခေါ်ယူလိုက်သည်။
“အားလုံးပဲ သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက််ရအောင်။ ဒါက ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဘော့စ်စုပါ။ နောက်ပိုင်း ကျွန်တော်မရှိတဲ့အခါ ကုမ္ပဏီရဲ့ အရေးကြီး ကိစ္စတိုင်းကို သူတာဝန်ယူလိမ့်မယ်။” လင်းဖန် ပြုံးလိုက်ပြီး အားလုံးကို ကြည့်လိုက်ပါသည်။
“ဟယ်လို အားလုံးပဲ ကျွန်တော့်နာမည် စုရှောင်းယွီပါ~” စုရှောင်းယွီ ပြုံးလိုက်ပြီး လင်းဖန် ဘေးမှာ ထိုင်လိုက်ပါသည်။
“ဟယ်လို ဘော့စ်စု”
“ဟယ်လို ဘော့စ်စု”
ယဉ်ကျေးမှုအရ စကားဖလှယ်ပြီးနောက် ကလဲရန်က လင်းဖန်ကို စိုးရိမ်စွာ ကြည့်လိုက်ပါသည်။
“ဘော့စ်လင်း Estee Lauder တရုတ်စျေးကွက်မှာ တိုးချဲ့ဖိုဆိုတာ အမြဲတမ်း ခက်ခဲခဲ့တယ်။ ကျွန်တော်တို့ ငွေတွေအများကြီး ရင်းနှီးမြှုပ်နှံထားပေမယ့် အကျိုးအမြတ်ကောင်းကောင်းတော့ မရခဲ့ဘူး။ ဘော့စ်လင်းနဲ့ ဘော့စ်စုတို့မှာကော အကြံကောင်းကောင်း ရှိမလား မသိဘူး” ကလဲရန်က မေးလိုက်ပါသည်။
“တရုတ်စျေးကွက်ကို တိုးချဲ့လိုက်ရမလား”
“Estee Lauder ဘရန်းရဲ့ ရေပန်းစားမှုနဲ့ နာမည်နဲ့သာဆို တရုတ်စျေးကွက်ကို တိုးချဲ့ဖို့က မခက်ပါဘူး။ ကုမ္ပဏီက Estee Lauder အတွက် အန်ဒိုစာ ဆယ်လီတချို့ ငှားလို့ရတယ်” လင်းဖန် ပြောလိုက်သည်။
“ဒါဆို ကျွန်တော်တို့ ဘော့စ်လင်း စီစဉ်ထားတဲ့အတိုင်း လိုက်နာမယ်” ကလဲရန် အပြုံးဖြင့် ပြောလိုက်ပါသည်။
ယခု လင်းဖန်က Estee Lauder ၏ စီအီးအို ဖြစ်သွားပြီ ဖြစ်သဖြင့် Estee Lauder ထုတ်ကုန်များကို ကြော်ငြာဖို့အတွက် ဆယ်လီ တချို့ ငှားရမ်းနိုင်သည်။ တစ်ဖက်မှာတော့ Estee Lauder ကို တရုတ်စျေးကွက် ကျယ်ပြန့်လာအောင် ပရိုမိုးရှင်း ဆင်းပေးနိုင်၏။
နောက်တစ်ဖက်မှာလည်း ထုတ်ကုန်များကို ကြော်ငြာပေးဖို့ ဆယ်လီတချို့ ငှားရမ်းချင်းက သူတို့အတွက်လည်း ငွေဝင်စေနိုင်ပါသည်။
လင်းဖန်က ကုမ္ပဏီငွေများကို စိတ်ကြိုက်ကစားခွင့် မရှိပါ။
သို့သော်လည်း ကုမ္ပဏီ၏ ရန်ပုံငွေများကို ကျိုးကြောင်းဆီလျော်အောင် အသုံးပြုတာတော့ ပြဿနာ မရှိပေ။
နှစ်ကုန်ဖို့ အချိန်အကြာကြီး လိုသေးသည်။ ထို့ကြောင့် လင်းဖန်က ဒီကာလအတွင်း ငွေရှာနိုင်ဖို့ အလွန်ကြိုးစားနေပါသည်။
“ဘော့စ်လင်း ခင်ဗျားရဲ့ ကောင်မလေး ရှားဝမ်ချွေ့က Estee Lauder ရဲ့အလှကုန် ပစ္စည်းတွေကို ကြော်ငြာဖို့ အရမ်းသင့်တော်တယ်လို့ ကျွန်တော်တော့ ထင်တယ်” ကလဲရန်က ပြောလိုက်၏။
ထို့ကြောင့်လည်း ကလဲရန်ပက ကုမ္ပဏီ၏ တတိယ အများဆုံး ရှယ်ယာဝင် ဖြစ်လာခဲ့ခြင်း ဖြစ်ပါသည်။ လင်းဖန် တစ်ခုခုလိုနေတာကို သူ အမြဲတမ်း ပြောနိုင်၏။
ရှားဝမ်ချွေ့ လှပလွန်းတာလည်း အဓိက ဖြစ်ပါသည်။
ရှားဝမ်ချွေ့ အန်ဒိုစာ လုပ်ပေးခဲ့သည့် ထုတ်ကုန်များက အလွန် အာနိသင် ရှိသည်။
LV နဲ့ Chanel တို့အတွက် အန်ဒိုစာ လုပ်ပြီးနောက် ထုန်ကုန် ၂ ခုစလုံး ရောင်းအားများ အလွန်မြင့်တက်သွားခဲ့သည်။
“ကျွန်တော့်ကောင်မလေးလား။ သူ့မှာ အန်ဒိုစာတွေ အများကြီး ရှိနေပြီးသားပါ။ သူက အလုပ်ကြောင့်လည်း ပင်ပန်းနေလို့ ကျွန်တော်တို့ ကုမ္ပဏီ အလှကုန်ပစ္စည်းတွေကို အန်ဒိုစာ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ထုတ်ကုန်တွေကို ကြော်ငြာပေးဖို့ ကြယ်ပွင့် ၃ ယောက်ကို ညွှန်းပေးချင်တယ်”
“စုရှောင်းယွီ။ သူ့ပုံပန်းသဏ္ဌာန်က ပြောစရာ မလိုဘူး။ သူ့ရဲ့အလှနဲ့ ယှဉ်နိုင်တဲ့လူမျိုး များများစားစား မရှိဘူး”
“ပြီးတော့ လင်းခဲ့ရှင်း။ ဒါက လင်းခဲ့ရှင်းရဲ့ ဓာတ်ပုံပါ” လင်းဖန်က ပြုံးကာ သူ့လက်အောက်ရှိ အနုပညာရှင် ၃ ယောက်ကို ပွဲထုတ်လိုက်ပါသည်။
လင်းခဲ့ရှင်း၏ ဓာတ်ပုံကို မြင်သည့်အခါ ကုမ္ပဏီ ရှယ်ယာဝင်များစွာ မျက်လုံးများ အရောင်လက်သွားကြ၏။
တရုတ်နိုင်ငံ၏ ထိပ်တန်း ဆယ်လီ တစ်ယောက် ဖြစ်ပြီး ဟွာစဲပစ်ချား၏ စွန့်ပစ်မှုကို ခံခဲ့ရပြီးနောက် လင်းဖန်က လင်းခဲ့ရှင်းကို စာချုပ်ဖျက်သိမ်းကြေး သန်း ၂၀၀ ကူညီပေးခဲ့ရသည်။ ထို့ကြောင့် လင်းခဲ့ရှင်း၏ တန်ဖိုးကိုလည်း သူပြသရပါမည်။
“တတိယ တစ်ယောက်ကိုတေော့ ထန်ရှင်းရန်ကို ကြော်ငြာခိုင်းလိုက်ပါ” လင်းဖန်က ပြုံးကာ ပြောလိုက်၏။
စုရှောင်းယွီက အန်ဒိုစာများ လက်မခံသလောက် ရှားသည်။ Estee Lauderက သူမအတွက် ပထမဆုံးပဲ ဖြစ်ပါသည်။
စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့က လောလောဆယ် ဘဝရဲ့ပျော်ရွှင်မှဒ Season 2 ရိုက်ကူးရေးက လွဲပြီး အလုပ်များများစားစား မရှိကြပေ။
ပြောစရာမလိုအောင် ထန်ရှင်းရန်ကလည်း အလွန်လှပပြီး ချစ်ဖို့ကောင်း၏။ သူမက ငယ်ရွယ်သေးသဖြင့် သူမကို အန်ဒိုစာတချို့ ရိုက်ခိုင်းလိုက်တာ ကောင်းပါသည်။
ထိုကောင်မလေးများအားလုံးက လင်းဖန် တာဝန်ယူထားသည့် ကောင်မလေးများ ဖြစ်ကြသည်။
လင်းဖန်က သူတို့ကို ရိုက်ကူးရေးများ၊ အန်ဒိုစာများနဲ့ ကြော်ငြာများ ကူရှာပေးရပါမည်။
အမှန်ပင်။ သူလည်း အမြတ်အစွန်း အများကြီး ရနိုင်ပါသည်။
ရှားဝမ်ချွေ့အဖေနဲ့တွေ့ရဖို့ အချိန် ၃ လကျန်သေး၏။ ထို ၃ လအတွင်း သူ အလုပ် ကြိုးစားရပါမည်။
လင်းဖန် အရင်ဆုံး ငွေရှာရပါမည်။ သူငွေလိုသည့် အခါတိုင်း သူ့မိန်းမကိုပဲ အားကိုးနေလို့ မရပါ။ ဒီလိုဆို သူ လုံးဝ ရေသာခိုသူ ဖြစ်သွားနိုင်သည်။
“ဘော့စ်လင်းရဲ့ အမြင်က တကယ်ကောင်းတာပဲ။ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့က အခု တရုတ်နိုင်ငံရဲ့ ထိပ်တန်း ဆယ်လီတွေပဲ။ ထန်ရှင်းရန်လေးက ငယ်သေးတယ်ဆိုပေမယ့် ကျွန်တော်တို့ ကုမ္ပဏီရဲ့ ကြော်ငြာပုဂ္ဂိုလ်ဖြစ်လာပြီး မြေတောင်မြှောက်ပေးနိုင်ရင် ကျွန်တော်တို့ရဲ့ ပစ်မှတ်ထားတဲ့ ပရိတ်သတ်လည်း အများကြီး ကျယ်ပြန့်သွားမယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတွေက ငယ်ငယ်လေးကတည်းက အသားအရေကို ထိန််းသိမ်းရတယ်လေ”
“အမှန်ပဲ။ ဒါ ဘော့စ်လင်းရဲ့ အမြော်အမြင်ရှိမှုပဲ။ သူက အရမ်းအမြော်အမြင်ရှိပြီး ကျုပ်တို့လို သာမန်လူတွေနဲ့ ယှဉ်လို့မရဘူး”
“ဘော့စ်လင်းနားက ကောင်မလေးတွေ အားလုံးက အရမ်းကြည့်ကောင်းတာကြောင့်ပါ။ ရှားဝမ်ချွေ့သာ အန်ဒိုစာ ရိုက်ကူးပေးနိုင်ရင် ပိုကောင်းမှာပဲ။ ဒါပေမယ့် သူ့အတွက် ခက်ခဲတယ်ဆိုတော့ နောက်ထပ် အခွင့်အရေးရတဲ့အထိ စောင့်ကြတာပေါ့”
“ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။ ဒီကောင်မလေး ၃ ယောက်က တရုတ်စျေးကွက်မှာ ကျွန်တော်တို့ ကုမ္ပဏီအတွက် ကြော်ငြာပုဂ္ဂိုလ်တွေ ဖြစ်သွားပြီ”
ကုမ္ပဏီ၏ အဓိက ရှယ်ယာဝင်တွေလည်း လင်းဖန်ရဲ့ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း သဘောတူကြပါသည်။
ကလဲရန်က ပြောလိုက်၏။ “ဘော့စ်လင်း။ ဒီကောင်မလေး ၃ ယောက်က တရုတ်နိုင်ငံမှာ အရမ်း နာမည်ကြီးတယ်နော်။ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ကို ဒီလုပ်ငန်း လောကထဲက အမြင့်ဆုံး အန်ဒိုစာကြေး သန်း ၃၀ ပေးပြီး ထန်ရှင်းရန်လေးကိုတော့ ၁၅ သန်း ပေးလိုက်မယ်။ ဘယ်လို သဘောရလဲ ဘော့စ်လင်း”
“ရတာပေါ့” လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။
ဘာပဲဖြစ်ဖြစ် စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ကို ငွေကူရှာပေးခြင်းက သူ့အတွက်သူ ငွေရှာခြင်းနဲ့ ညီမျှပါသည်။
အန်ဒိုစာကို အတည်ပြုပြီးနောက် လင်းဖန် ယွဲ့ဟွာ ဖျော်ဖြေရေးကို သွားရောက်ခဲ့ပါသည်။
လင်းဖန် Estee Lauder ၏ စီအီးအိုဖြစ်သွားသည့် သတင်းကို အမြဲတမ်း လျှို့ဝှက်ထား၏။
ကုမ္ပဏီတွင်းက လူတွေမှအပ အပြင်ကလူတွေ မသိသလောက် ရှားပါသည်။
ဘာပဲဖြစ်ဖြစ် ကြွယ်ဝမှုဆိုတာ ပေါက်ကြားလို့ မဖြစ်ပါ။ လမ်းပေါ်ထွက်ပြီး ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူဖြစ်သည်ဟု ကြွားလို့တော့ မရပေ။ သူ့ကိုယ်သူ ပြန်ပေးဆွဲခံရအောင် လုပ်နေတာနဲ့ မတူနိုင်ဘူးလား။”
“လင်းခဲ့ရှင်း။ ဒါက နင့်ရဲ့ ပထမဆုံး အန်ဒိုစာ ဖြစ်မယ့် Estee Lauder အလှကုန်ပစ္စည်း ကုမ္ပဏီပဲ။ ငါ့လက်ထောက် စုမူချင်းက နင့်ကို ဆက်သွယ်လာလိမ့်မယ်။ သူ့ကို အလုပ်ကိစ္စ အသေးစိတ်မှန်သမျှ မေးလို့ရတယ်”
“အန်ဒိုစာကြေးက သန်း ၃၀။ နင့်ကို ၂၀ ရာခိုင်နှုန်း ပေးရမယ်ဆိုရင် ၆ သန်းပေးလို့ ရတယ်” လင်းဖန် ပြုံးလိုက်၏။ ဘာပဲဖြစ်ဖြစ် အန်ဒိုစာရိုက်ကူးဖို့က အလွန်ခက်ခဲပါသည်။
တစ်နည်းအားဖြင့် အန်ဒိုစာ တစ်ခုတည်းနဲ့ လင်းဖန် ၂၄ သန်း ယွမ် ရရှိနိုင်သည်။
လင်းဖန်မှာ ယခု စုငွေ ၁ မီလီယံယွမ်သာ ရှိတော့သည်။ ထိုငွေကိုတောင် ရှားဝမ်ချွေ့ လွှဲပေးထားတာ ဖြစ်သည်။ မဟုတ်ပါက သူ့ကားအတွက် ဂတ်စ်ဖိုးတောင် တတ်နိုင်မှာ မဟုတ်ပေ။
ကုမ္ပဏီကြီးတစ်ခုကို လည်ပတ်ခြင်းဖြင့် နှစ်ကုန်တွေ အမြတ်အစွန်းများစွာ ရရှိမည် ဖြစ်သော်လည်း နှစ်ကုန်အထိ စောင့်ရဦးမည်။
အချိန်က ၃ လသာ လိိုတော့သော်လည်း လင်းဖန်၏ စုငွေက ၁ သန်းသာ ရှိပြီး ရှားဝမ်ချွေ့၏ စုငွေက သန်း ၈၀၀ ရှိသည်။
သူ အနိုင်မယူနိုင်ပါက သူ့မိသားစု အဆင့်အတန်း ပိုပြီး နိမ့်ကျသွားနိုင်ပါသည်။
လင်းခဲ့ရှင်းနဲ့ စုရှောင်းယွီတို့သာ ထုတ်ကုန်များကို ကြော်ငြာပေးပါက ကုမ္ပဏီအကျိုးအမြတ် အများကြီး ရလာနိုင်သည်။ ထိုအကျိုးအမြတ်ဝေစုကို လင်းဖန်လည်း ရမည်ဖြစ်သည်။ ထို့ကြောင့် ဒါမျိုးက သန်းဆယ်ဂဏန်းလောက်နဲ့ တိုင်းတာနိုင်တာမျိုး မဟုတ်ပေ။
ထိုသတင်းကို ကြားလိုက်ရသောအခါ ယွဲ့ဟွာ၏ ဆယ်လီများစွာ အံ့သြတုန်လှုပ်သွားကြရ၏
အဲ့တာ… Estee Lauder မဟုတ်လား။
လင်းဖန်က တကယ်ကြီး Estee Lauder ရဲ့ အန်ဒိုစာကို ရအောင် လုပ်နိုင်ခဲ့တာပဲ။
ထိုသတင်းမျိုးက ယွဲ့ဟွာ ဖျော်ဖြေရေး တစ်ခုလုံးကို တုန်လှုပ်သွားစေသည့် သတင်းမျိုး ဖြစ်သည်။
Estee Lauder အတွက် ကြော်ငြာပုဂ္ဂိုလ် ဖြစ်လာဖို့ အလွန်ခက်ခဲသည်ဟု ဆယ်လီများစွာက ထင်ကြသည်။
ဒီလို ထိပ်တန်း တန်ဖိုးကြီး ကုမ္ပဏီက တရုတ်နိုင်ငံမှာ ကြော်ငြာပုဂ္ဂိုလ် ရွေးချယ်တာမျိုး ရှားပါးသည်။
သို့သော်လည်း လင်းဖန်က တာဝန်ယူခဲ့ပါသည်။
ဒီသတင်းက လင်းခဲ့ရှင်းအတွက်လည်း ဝမ်းသာစရာဖြစ်သည်။
သူမဘဝမှာ အခက်အခဲများစွာကို အချိန်အကြာကြီး ရင်ဆိုင်ခဲ့ရ၏။
ဟွာစဲပစ်ချား၏ စွန့်ပစ်မှုကို ခံခဲ့ရပြီး လင်းဖန် ထံမှ အကူအညီ တောင်းခဲ့ရ၏။ လင်းဖန်က သူမနဲ့ စာချုပ်ချုပ်ဆိုပြီး သူမကို စာချုပ် လျော်ကြေး သန်း ၂၀၀ တောင် ကူညီပေးခဲ့ပါသေးသည်။
အနာဂတ်တွင် လင်းခဲ့ရှင်း၏ ကံကြမ္မာက လင်းဖန်ရဲ့ လက်ထဲမှာသာ ရှိတော့မည်။
သို့သော်လည်း လင်းဖန်က ဒီလိုမလုပ်ပေ။ ဟွာစဲပစ်ချား လင်းခဲ့ရှင်းကို စွန့်ပစ်ပြီးနောက် လင်းဖန်က သူမကို ယုံကြည်ဖို့ ရွေးချယ်ခဲ့ပါသည်။
လင်းခဲ့ရှင်းအတွက် ပထမဆုံး တီဗီစီးရီးက ဘဝရဲ့ပျော်ရွှင်မှု Season 2 ဖြစ်သည်။
လင်းခဲ့ရှင်းအတွက် ပထမဆုံး အန်ဒိုစာက Estee Lauder အတွက် အန်ဒိုစာဖြစ်သည်။
လင်းခဲ့ရှင်းမျက်လုံးများက အနည်းငယ် နီရဲနေပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။ “အစ်ကိုလင်းဖန် ကျေးဇူးတင်ပါတယ် ကျွန်မ သေချာပေါက် ကြိုးစားပါ့မယ်”
လင်းခဲ့ရှင်း၏ မျက်နှာထားကို ကြည့်ရင်း လင်းဖန် တောက်ပစွာ ပြုံးလိုက်ပါသည်။ “ဟွာစဲ ပစ်ချားက နင့်ကို စွန့်ပစ်သွားပေမယ့် ငါတော့ နင့်ကို လက်မလျှော့သေးဘူး။ အလုပ်ကို ကြိုးစား။ နောက်ပိုင်းကျရင် နင် အများကြီး အလုပ်ရှုပ်လာရနိုင်တယ်။ ဟွာစဲပစ်ချား နောင်တရဖို့ သိပ်မလိုတော့ပါဘူး။ နင့်ကို စွန့်ပစ်လိုက်တာက သူတို့ရဲ့ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပဲ”
သိပ်မကြာခင် Estee Lauder ၏ အန်ဒိုစာ ဖြစ်လာမည့် အမျိုးသမီး ဆယ်လီ ၃ ယောက်ကို ယွဲ့ဟွာထဲက လူတိုင်း သိကုန်ကြပါသည်။
စုရှောင်းယွီ၊ လင်းခဲ့ရှင်း၊ ထန်ရှင်းရန်တို့ ဖြစ်ကြ၏။
ထိုမိန်းကလေး ၃ ယောက်စလုံးက လင်းဖန် လက်အောက်က အနုပညာရှင်များဖြစ်ကြသည်။
လင်းဖန်က ဖျော်ဖြေရေးကုမ္ပဏီတစ်ခု မတည်ထောင်ရသေးသော်လည်း ထိုအနုပညာရှင်များနဲ့ သူ ချုပ်ဆိုထားသည့် စာချုပ်များက တရားဝင်ပါသည်။
လင်းဖန်က ထိုမိန်းကလေး ၃ ယောက်၏ ဘော့စ်လိုပင်။
သူတို့ကို ဘေးကင်းအောင် စောင့်ရှောက်ပေးပြီး သူတို့အတွက် အလုပ်လည်း စီစဉ်ပေးပါသည်။
လင်းဖန်နဲ့ ရင်းနှီးမှုရှိသည့် ရှုယန်နဲ့ လင်းကျင်းကျင်းတို့တောင် ဒီလို အကျိုးခံစားခွင့်မျိုး မရကြပေ။
ထို့ကြောင့် ကုမ္ပဏီ၏ ဆယ်လီများစွာ ထိုသတင်းကို ကြားသည့်အခါ ထိတ်လန့်သွားကြ၏။
Estee Lauder ၏ အန်ဒိုစာဖြစ်လာခြင်းက အမြတ်အစွန်းအများကြီး ရရုံတင်မကဘဲ နာမည်လည်း ပိုကြီးလာနိုင်သည်။
လင်းခဲ့ရှင်းက ခေါင်းငြိမ့်ပြီး လင်းဖန်ကို လေးစားစွာဖြင့် ကြည့်လိုက်ပါသည်။ “အစ်ကိုလင်းဖန် ကျေးဇူးအများကြီး တင်ပါတယ်။ သေချာပေါက် အစ်ကိုလင်းဖန် စိတ်မပျက်စေရပါဘူး။ ကျွန်မ ဟွာစဲပစ်ချားကလူတွေကို နောင်တရအောင်လုပ်ပြီး ရှင့်ကို ကျွန်မအတွက် ဂုဏ်ယူရအောင် လုပ်ပေးမှာပါ”
လင်းဖန်က Estee Lauder အလှကုန်ပစ္စည်း များစွာကို ထုတ်လိုက်၏။ “နင့်ကို ဒါတွေ အကုန်ပေးမယ်။ နင်က ခုတလော ငွေအဆင်မပြေဘူးမလား။ နင့်အလှကုန် ပစ္စည်းတွေကို ကောင်းကောင်းအသုံးချ။ မိန်းကလေးဆိုတာ လှနေရမယ်။ နောက်ပိုင်း ရုပ်သံဒရမ်မာတွေ၊ ကော်မာရှယ်တွေ၊ အန်ဒိုစာတွေ ပြန်ရိုက်တဲ့အခါ နင့်ကို သဘောကျတဲ့လူတွေ ပိုများလာအောင်လို့ပေါ့”
ထို Estee Lauder အလှကုန်ပစ္စည်းများက ပုံမှန်ဆို တစ်ခုကို သိန်းချီပြီး ကုန်ကျပါသည်။ ထိပ်တန်း ဆယ်လီကြီးများသာ ဒီလို အလှကုန်ပစ္စည်းမျိုးကို တတ်နိုင်လိမ့်မည်။
လင်းဖန်က လင်းခဲ့ရှင်းအတွက် စျေးအကြီးဆုံးနဲ့ အသုံးအဝင်ဆုံးသော အလှကုန်ပစ္စည်းများကို ရွေးချယ်ပေးခဲ့ပါသည်။
လင်းခဲ့ရှင်းက စာချုပ်လျော်ကြေး သန်း ၁၀၀ ယွမ် ထုတ်ပေးခဲ့ရပြီး အိမ်ကိုပါ ရောင်းခဲ့ရသည်။ ရုပ်သံဒရမ်မာအတွက် အနုပညာကြေး ရခဲ့သော်လည်း အားလုံးက လင်းဖန် အပိုင်ဖြစ်သည်။ အန်ဒိုစာနဲ့ ကြော်ငြာများ ရိုက်ကူးမှသာ သူမ ဝင်ငွေတချို့ ရနိုင်ပါသည်။
နောက်ထပ် ၁ နှစ်လောက်ကြာမှ သူမ ရိုက်ကူးထားသည့် ရုပ်သံစီးရီးနဲ့ ရုပ်ရှင်များမှ အနုပညာကြေးများကို ရရှိနိုင်လိမ့်မည်။
သို့သော်လည်း လင်းခဲ့ရှင်းက ဒါတွေ ဂရုမစိုက်ပေ။ သူမ လင်းဖန်ကို နှလုံးသားထဲမှ နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိပါသည်။
ယခု လင်းခဲ့ရှင်းက နေ့စဉ် အလုပ်လုပ်နေရပြီး စားဖို့တောင် အနိုင်နိုင် ဖြစ်နေ၏။ လင်းဖန်ရဲ့ အိမ်ကို လာဖို့ ကုမ္ပဏီကားကိုပဲ သုံးခဲ့ရပါသည်။
သူမဘဝရဲ့ အနိမ့်ဆုံးအချိန်ကို ရောက်နေချိန်တွင် လင်းဖန်က ဒီလောက် ကောင်းမွန်သည့် အန််ဒိုစာကို ရှာပေးခဲ့သည်။ သူမကို ပြန်လည်မွေးဖွားဖို့ အခွင့်အရေး ပေးလိုက်တာနဲ့ တူညီပါသည်။
လင်းခဲ့ရှင်းက အလှကုန်ပစ္စည်းများကို ယူလိုက်ပြီး ချိုမြိန်စွာ ပြုံးလိုက်ပါသည်။ သူမရဲ့ ယခင် ဝမ်းနည်းမှုတွေအားလုံး ပျော်ဆုံးသွားသည့်ပုံပင်။
လင်းဖန်ကလည်း လင်းခဲ့ရှင်းကို ကူညီခြင်းဖြင့် အရှုံးရှိမှာ မဟုတ်ပေ။
၅ နှစ် တိတိ လင်းခဲ့ရှင်းက သူ့လက်အောက်ရှိ အနုပညာရှင် ဖြစ်နေလိမ့်မည်။ လင်းခဲ့ရှင်းကို ကူညီခြင်းက သူ့ကိုယ်သူ ကူညီနေတာနဲ့ အတူတူပဲ ဖြစ်ပါသည်။
အနာဂတ်တွင် ဟွာစဲပစ်ချားကိုလည်း အလဲထိုးနိုင်လိမ့်မည်။ ဧရာမ ဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ကာ အားလုံးကို တုန်လှုပ်သွားစေမည့် ရလဒ်များကို ဖန်တီးပြလိုက်မည်။
ထိုအခါမှ ရှားဝမ်ချွေ့အဖေက သူ့ကို အသိအမှတ်ပြုမှာ ဖြစ်ပါသည်။
ယွဲ့ဟွာ ဖျော်ဖြေရေး၏ ကြယ်ပွင့်ကြီးများ ကုမ္ပဏီကို ပြန်ရောက်လာသည့်အခါ လင်းဖန် ဒီလောက်ကောင်းသည့် အန်ဒိုစာများ ရရှိခဲ့မှန်း လင်းကျင်းကျင်းကော ရှုယန်ကော သိသွားကြပါသည်။ သူတို့မျက်လုံးထဲမှာ အံ့အားသင့်မှုများသာ ရှိတော့သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… အရင်တစ်ခေါက်တုန်းက LV နဲ့ Chanel တို့ကနေ လင်းဖန် အန်ဒိုစာ ရထားတာ။ အခုလည်း Estee Lauder ကနေ အန်ဒိုစာ ရပြန်ပြီ။ တော်လိုက်တာ”
“ဟုတ်တယ်။ အန်ဒိုစာ တစ်ခုအတွက် သန်း ၃၀ ရပြီး ဆယ်လီတစ်ယောက်ကိုလည်း ပိုပြီး နာမည်ကြီးသွားစေဦးမယ်”
“အားကျလိုက်တာ။ ငါလည်း လင်းဖန်ရဲ့ အနုပညာရှင်ဖြစ်သွားရင် ဘယ်လောက် ကောင်းလိုက်မလဲ”
မကြာခခင် ရှုယန်၊ လင်းကျင်းကျင်း၊ လင်းဖန်နဲ့ ရင်းနှီးပြီးသား ဆယ်လီအားလုံး အခန်းထဲမှာ သူ့ကို ဝန်းရံလိုက်ကြပါသည်။
အထူးသဖြင့် ရှုယန်က အလွန်အားကျနေသည့် ပုံစံမျိုးပင်။
“လင်းဖန် ငါ့ကို အမှန်တိုင်း ပြောစမ်းပါ။ မင်း Estee Lauder အန်ဒိုစာကို ဘယ်လိုရခဲ့တာလဲ။ ငါလည်း ကျင်းကျင်းအတွက် စီစဉ်ပေးချင်တယ်။” ရှုယန်က လင်းဖန်၏ ပခုံးပေါ် လက်တင်ရင်း ပြောလိုက်ပါသည်။
“တကယ် ဘာမှ မဟုတ်ပါဘူး။ ဒီတိုင်း အသေးအဖွဲ ကိစ္စပါ။ အဲ့တာပဲ” သူပြန်ပြောလိုက်သည်။
“မြောင်မြောင် တကယ်တော့ လင်းဖန်က Estee Lauder ရဲ့ ဘော့စ်ပဲ။ ဒါပေမယ့် ဘယ်သူ့ကိုမှ လျှောက်မပြောနဲ့နော်” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်သည်။ လင်းဖန်ကို ကြည့်ကာ တောက်ပစွာ ပြုံးလိုက်ပါသည်။
ရှုယန်က ရေရွတ်လိုက်၏။ “လခွမ်း”
လင်းကျင်းကျင်းလည်း ပြောလိုက်သည်။ “ဟယ်… Estee Lauder ရဲ့ ဘော့စ်ဟုတ်လား။ အဲ့တာ စျေးကွက် တန််ဖိုး ၄၀၀ ဘီလီယံ ကျော်တဲ့ ကုမ္ပဏီ မဟုတ်ဘူးလား”
“လခွမ်း”
“ယီးထဲမှ…”
“လင်းဖန် အဲလေ ဘော့စ်လင်း တစ်သက်လုံး မင်းကိုပဲ ကိုးကွယ်တော့မယ် မင်းကို ကပ်ဖားခွင့်ပေးပါ”