← Chapters

လင်းဖန်ရဲ့ စီးပွားရေးစွမ်းရည်က ယှဉ်နိုင်ဖွယ်မရှိ

Vol. 21 Ch. 305

လင်းဖန်ရဲ့ စီးပွားရေးစွမ်းရည်က ယှဉ်နိုင်ဖွယ်မရှိ

Vol. 21 Ch. 305

ယွဲ့ဟွာမှ လူတိုင်း အံ့အားသင့်သွားကြသည်။

ဟွာစဲပစ်ချားက လင်းခဲ့ရှင်းကို စွန့်ပစ်ခဲ့တုန်းက သူမဘဝ အဆုံးသတ်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမရဲ့ ရင်းမြစ်အားလုံး ကုန်ဆုံးသွားခဲ့ပြီး သူမရဲ့ အန်ဒိုစာတွေအားလုံးလည်း ဖျက်သိမ်းခံခဲ့ရသည်။

လင်းခဲ့ရှင်း အသက်ဆက်ရှင်ဖို့တောင် အခက်အခဲတွေ့ခဲ့၏။

လင်းခဲ့ရှင်းတစ်ယောက် လင်းဖန်၏ အနုပညာရှင် ဖြစ်လာကတည်းက သူမ ရရှိလိုက်သည့် ပထမဆုံး ရင်းမြစ်မှာ ရုပ်သံဒရမ်မာတစ်ခုဖြစ်ပြီး လင်းခဲ့ရှင်း၏ ပရိတ်သတ်ပမာဏကို အများကြီးတိုးမြင့်သွားစေခဲ့၏။

လင်းခဲ့ရှင်း ရရှိလိုက်သည့် ပထမဆုံး အန်ဒိုစာက Estee Lauder အလှကုန်ပစ္စည်းအတွက် ဖြစ်သည်။

အန်ဒိုစာကြေးကလည်း ဒီလောကထဲမှာ အမြင့်ဆုံးကို ရရှိထားခြင်း ဖြစ်သည်။

ဒီလို နှုန်းထားမျိုးကို ဘယ်သူမဆို တပ်မက်ကြပါလိမ့်မည်။

Estee Lauder ၏ ကြော်ငြာပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပြီးနောက် Estee Lauder ၏ ဂုဏ်မျိုးနဲ့သာဆို လင်းဖန်၏ လုပ်ငန်း အခြေအနေက ပိုပြီးတော့တောင် မြင့်မားသွားနိုင်ပါသည်။

လင်းခဲ့ရှင်းကို အာရုံပိုစိုက်လာမည့် ပရိတ်သတ်တွေလည်း ပိုများလာပြီး သူမကို သဘောကျကြပါလိမ့်မည်။

ဘာပဲဖြစ်ဖြစ် Estee Lauder က လင်းဖန်ရဲ့ ကုမ္ပဏီဖြစ်သည်။ ထို့ကြောင့် လင်းဖန်က တရုတ်တွင် ထိုကုမ္ပဏီ၏ ဘရန်းကို ပရိုမိုးရှင်း ဆင်းနိုင်ဖို့အတွက် လင်းဖန် အများကြီး အားထုတ် ကြိုးပမ်းခဲ့ပါသည်။

စုရှောင်းယွီက ပုံမှန်ဆို အန်ဒိုစာများ ရိုက်ကူးရတာ သဘောမကျလှပေ။ ကုမ္ပဏီ ငွေပိုရရေးအတွက် လင်းဖန်က ခွေးမလေးကို အန်ဒိုစာ ရိုက်ကူးခိုင်းလိုက်၏။

အင်တာနက်ပေါ်က လူတွေ သိသွားပါက စုရှောင်းယွီ၏ အန်ဒိုစာကို လူပေါင်းများစွာ သဘောကျကြပါလိမ့်မည်။

သူမဘဝမှာ ပထမဆုံး အန်ဒိုစာက Estee Lauder ၏ ထုတ်ကုန်ပစ္စည်းများအတွက် ဖြစ်ပါသည်။

စုရှောင်းယွီက ကြယ်ပွင့်တစ်ပွင့်ဖြစ်သော်လည်း သူမပရိတ်သတ်များက ရှားဝမ်ချွေ့၊ လင်းခဲ့ရှင်းတို့နဲ့ မယှဉ်နိုင်ပေ။

အလွန်အရေးကြီးသည့် အကြောင်းအရင်း တစ်ခုရှိ၏။ စုရှောင်းယွီက ကြော်ငြာနဲ့ အန်ဒိုစာတွေ ရိုက်ကူးရတာ သဘောမကျပေ။ သူမ ရိုက်ကူးသည့် ရုပ်သံဒရမ်မာတွေမှာလည်း ကန့်သတ်ချက်တွေ အလွန်များလွန်းပါသည်။

ထို့ကြောင့် စုရှောင်းယွီမှာ လက်ရှိ အင်တာနက်ပေါ်တွင် ထင်သလောက် ရေပန်းစားမလာခဲ့ပေ။

သို့သော်လည်း စုရှောင်းယွီကို သဘောကျတဲ့ လူတွေကတော့ အများကြီး ရှိနေပါသေးသည်။

နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့အတွက် လင်းဖန်က လင်းခဲ့ရှင်း၊ စုရှောင်းယွီ၊ ထန်ရှင်းရန်တို့ကို Estee Lauder ၏ အန်ဒိုစာကို လက်ခံခိုင်းလိုက်ပါသည်။

အန်ဒိုစာကြေးကိုလည်း ကုမ္ပဏီ ရှယ်ယာဝင်များက ဆုံးဖြတ်သည်။

ဘေးနားကလူတွေ ဘယ်လောက် တုန်လှုပ်သွားကြမလဲဆိုတာ တွေးကြည့်ရင် သိနိုင်ပါသည်။

“လင်းဖန် ရိုးရိုးသားသား ပြောရရင် ငါတကယ် အားကျတယ်ကွာ။ Estee Lauder အတွက် ကြော်ငြာပုဂ္ဂိုလ်ဖြစ်လာတယ်ဆိုတာ အဲ့ဒီ ဆယ်လီ အများကြီး အသိအမှတ် ပိုပြုခံရမယ့် သဘောပဲ” ရှုယန်က လင်းဖန်ကို ကြည့်ရင်း ပြောလိုက်ပါသည်။

“ရပါတယ်။ နောက်ပိုင်း အခွင့်အရေး ရလာခဲ့ရင် မင်းတို့ကိုလည်း အန်ဒိုစာ ချိတ်ပေးပါ့မယ်” လင်းဖန် ပြုံးလိုက်ပြီး ရှုယန်ကို ပခုံးပုတ်ပေးလိုက်ပါသည်။ ဘာပဲဖြစ်ဖြစ် သူနဲ့ ရှုယန်တို့က ရင်းနှီးပြီးသား မဟုတ်ပါလား။

အခုလောလောဆယ် လုပ်ပေးလို့တော့ မရသေးပေ။ လင်းဖန်မှာလည်း ယွမ် ၁ သန်းသာ ရှိသေးပြီး ထိုငွေကိုလွှဲပေးခဲ့တာ ရှားဝမ်ချွေ့ဖြစ်သည်။

သူအန်ဒိုစာများ လက်ခံရရှိသည့်အခါ လင်းခဲ့ရှင်းနဲ့ စုရှောင်းယွီတို့ကိုသာ ဦးစားပေးရပါမည်။

ဘာပဲဖြစ်ဖြစ် ထိုကောင်မလေးများက လင်းဖန် လက်အောက်က အနုပညာရှင်များ ဖြစ်ကြသည်။

နောက်ပိုင်း ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်သည့်အခါတွင် သေချာပေါက် သူ့လက်အောက်က အနုပညာရှင်တွေကိုပဲ ဦးစားပေးပါမည်။

သူ ငွေပိုရဖို့ကလွဲပြီး တခြား အကြောင်းအရင်း မရှိပေ။

ငွေရပြီးမှ ဘေးက တခြားသူတွေကို ကူညီပေးလည်း နောက်မကျနိုင်ပါ။

“မင်းတို့တွေ သွားနှင့်ကြပါ။ ငါအလုပ် လုပ်လိုက်ဦးမယ်” လင်းဖန်က ပြုံးလိုက်ပြီး လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ကို Estee Lauder ရုံးသို့ ခေါ်လာခဲ့ပါသည်။

“နင်တို့ ဒီတစ်ခေါက် အန်ဒိုစာရိုက်ကူးတဲ့အခါ နည်းနည်း ခက်ခဲနိုင်တယ်။ နင်တို့အကုန်လုံးက အနာဂတ်မှာ ငါပျိုးထောင်ပေးရမယ့် ဆယ်လီတွေပဲမို့လို့ သေချာဆင်ယင်လာရမယ်နော်”

“ငါတို့ကိုယ်ငါတို့ တင့်တယ်အောင် ဆင်ပြီးမှ Estee Lauder ရဲ့ ကြော်ငြာပုဂ္ဂိုလ်တွေ ဘယ်လောက် လှပလဲဆိုတာ သူများတွေကို ပြသနိုင်မှာ” လင်းဖန်က ပြုံးလိုက်ပါသည်။

“အစ်ကိုလင်းဖန်က တကယ်ကြီး Estee Lauder ရဲ့ ဘော့စ်ဖြစ်သွားတာလား” လင်းခဲ့ရှင်းက လင်းဖန်ကို ကြည့်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်ပါသည်။

“အင်း ဒီလိုပါပဲ။ ဘော့စ်ကြီး တစ်ယောက် လုပ်ရတာ အရမ်းပင်ပန်းတယ်” လင်းဖန် ပြောလိုက်သည်။ သူ မငြင်းပါ။

လင်းဖန် အတည်ပြုပေးတာကို ကြားလိုက်ရသည့်အခါ လင်းခဲ့ရှင်းတောင် ထိတ်လန့်သွားရပါသည်။

သူက သာမန် ကုမ္ပဏီအသေးစားလေး တစ်ခု၏ ဘော့စ် မဟုတ်ပေ။

Estee Lauder က ကမ္ဘာပေါ်ရှိ ထိပ်တန်း အလှကုန်ပစ္စည်း ဘရန်းတစ်ခု ဖြစ်ပါသည်။

Estee Lauder သာ ပထမဆို ဒုတိယဟု ကြွေးကြော်ရဲသည့် ကုမ္ပဏီ မရှိသလောက် နည်းသည်။

ဒါက Estee Lauder ၏ အလှကုန်ပစ္စည်းတွေကကိုသာ မကဘဲ ကုမ္ပဏီကြီးတစ်ခုလုံး၏ သန်မာအားကောင်းသည့် အစွမ်းအစများကို ထင်ဟပ်စေပါသည်။

Estee Lauder က ကမ္ဘာပေါ်ရှိ ထိပ်တန်း တန်ဖိုးကြီး ကုမ္ပဏီတွေထဲက တစ်ခု ဖြစ်သည်။

Estee Lauder ၏ စျေးကွက်တန်ဖိုးက လတ်တလော အလွန်မြင့်တက်သွားမှန်း လင်းခဲ့ရှင်းလည်း သိပါသည်။ ရှယ်ယာစျေးနှုန်းတောင် ၁၀ ရာခိုင်နှုန်းနီးပါး တက်သွားခဲ့၏။

ထိုသို့ မြင့်တက်သွားမှုကြောင့် ဥရောပ ထိပ်သီး တန်ဖိုးကြီး ဘရန်းများက မနာလို အားကျ သွားကြလေသည်။

အထူးသဖြင့် LV နဲ့ Chanel တို့ဖြစ်၏ ထို ကုမ္ပဏီကြီး ၂ ခုကလည်း ထိပ်သီး တန်ဖိုးကြီး ဘရန်းများဖြစ်ကြပါသည်။ လင်းဖန်က ၎င်းတို့ ကုမ္ပဏီမှာလည်း အဓိက ရှယ်ယာဝင် တစ်ယောက် ဖြစ်လာသည်။ သို့သော် ထို ကုမ္ပဏီ ၂ ခု၏ ရှယ်ယာစျေးကတော့ သိပ်ပြီး မတက်ခဲ့ပေ။

အကြောင်းအရင်းက တစ်ခုသာရှိသည်။ လင်းဖန်က ဘော့စ်မဟုတ်တာကြောင့်ပင်။ သူအေးအေးချမ်းချမ်း ငွေရနေသရွေ့ လင်းဖန်က ထိုကုမ္ပဏီ ၂ ခု၏ လုပ်ဆောင်ချက်များ ဖွံ့ဖြိုးတိုးတက်မှုများကို ဂရုစိုက်မည်မဟုတ်ပေ။

ထိုကုမ္ပဏီ ၂ ခု၏ စီအီးအိုများက လင်းဖန်၏ အစွမ်းအစကို ပို၍ပင် နားလည်သဘောပေါက် သွားကြပါသည်။

လင်းဖန်သာ LV နဲ့ Chanel တို့ကို စီမံပေးနိုင်ပါက ထိုကုမ္ပဏီ ၂ ခု၏ စျေးကွက်တန်ဖိုးနဲ့ ရှယ်ယာစျေးတို့လည်း အများကြီး တက်လာနိုင်ပါသည်။

“အစ်ကိုလင်းဖန် လတ်တလောမှာ Estee Lauder ရဲ့ ရှယ်ယာစျေးက ၁၀ ရာခိုင်နှုန်းလောက် တက်သွားတယ်လို့ ကြားမိတယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ Estee Lauder ရဲ့ စီအီးအိုလည်း မကြာသေးခင်ကမှ ပြောင်းလဲသွားတာ။ ဒါပေမယ့် ရှင့်ကို ကုမ္ပဏီရဲ့ စီအီးအို ဖြစ်လာလိမ့်မယ်လို့ ကျွန်မ တစ်ခါမှ မတွေးခဲ့ဖူးဘူး”

“စတော့စျေးကွက် ၁၀ ရာခိုင်နှုန်း တိုးမြင့်သွားတာလည်း အစ်ကိုလင်းဖန် ကျေးဇူးကြောင့် ဖြစ်မယ်” လင်းခဲ့ရှင်းက လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။

သူမက ပေကျင်းရုပ်ရှင် တက္ကသိုလ်မှ Queen တစ်ယောက်ဖြစ်ကာ ထိပ်တန်း ကျောင်းသူ တစ်ယောက်လည်း ဖြစ်ပါသည်။ သူမ စတော့စျေးကွက်အကြောင်း ကောင်းကောင်း နားလည်၏။

ဒီလုပ်ငန်းအကြောင်း တကယ် နားလည် တတ်သိသူများသာ စတော့စျေးကွက် ၁၀ ရာခိုင်နှုန်းတက်သွားတယ်ဆိုတာ ဘာကို ဆိုလိုမှန်း သိကြလိမ့်မည်။

ကုမ္ပဏီ အသေးစားများအတွက် ရှယ်ယာစျေး အတက်အကျ ပြောင်းလဲခြင်းက ဘာမှ မဟုတ်ပေ။

Estee Lauder က ကုမ္ပဏီ အသေးစား မဟုတ်ပါ။

Estee Lauder ၏ ရှယ်ယာစျေးကွက် အတက်အကျ ပြောင်းလဲမှုများကြောင်း ကွင်းဆက် သက်ရောက်မှု ကြီးကြီးမားမား ဖြစ်ပေါ်လာစေလိမ့်မည်။

ကုမ္ပဏီ၏ အနာဂတ် အမြတ်အစွန်းရနိုင်စွမ်းနဲ့ အပြင်လောကမှ Estee Lauder ကို ဘယ်လောက် အထင်ကြီးမလဲဆိုတာ ကိုယ်စားပြုနေပါသည်။

“တိတိကျကျ ပြောရရင် စတော့စျေးကွက် တက်သွားတာ ၁၂ ရာခိုင်နှုန်းပါ” လင်းဖန်က ပြုံးကာ ပြောလိုက်သည်။

“၁၂ ရာခိုင်နှုန်း ဟုတ်လား… ဘယ်လောက်တောင် တက်သွားခဲ့တာလဲ…” လင်းခဲ့ရှင်း ရေရွတ်လိုက်ပါသည်။ သူမ စိတ်တောင် မကူးရဲတော့ပါ။

ရှယ်ဘာစျေးကွက် ၁၂ ရာခိုင်နှုန်း တိုးမြင့်ခြင်းက ဒီလောကထဲက ထိပ်တန်း ကုမ္ပဏီများအတွက် စံချိန်သစ် ဖြစ်လောက်ပါသည်။

“အများကြီး မဟုတ်ပါဘူး” လင်းဖန်က အပြုံးဖြင့် ပြောလိုက်ပါသည်။ ၁၂ ရာခိုင်နှုန်း ရှယ်ယာစျေးကွက် တိုးမြင့်သွားခြင်းက LV ၏ အကူအညီကြောင့်လည်း ပါဝင်သည်။

ဘာပဲဖြစ်ဖြစ် Estee Lauder ၏ စီအီးအိုက LV ၏ ဒုဥက္ကဌလည်း ဖြစ်သည်။

ဆိုလိုရင်းက ကုမ္ပဏီ ၂ ခုသေချာပေါက် ပူးပေါင်းကြလိမ့်မည့် သဘောဖြစ်သည်။ ထိပ်သီး ကုမ္ပဏီ ၂ ခု ပူးပေါင်းကြသည့်အခါ စျေးကွက်က သံသယဖြစ်ဖွယ် မရှိအောင် Estee Lauder ကို အကောင်းမြင်ကြပါလိမ့်မည်။

“အဲ့တာ အများကြီး မဟုတ်ဘူးလား” လင်းခဲ့ရှင်း ခေါင်းခါမိသည်။

ရှယ်ယာစျေးကွက် ထိုကဲ့သို့ တိုးမြင့်သွားခြင်းကြောင့် သူ ရရှိနိုင်သည့် ငွေပမာဏအပေါ် သက်ရောက်မှု ရှိသည်။

စဉ်းစားကြည့်လိုက်ပါ။ ကုမ္ပဏီ စျေးကွက် တန်ဖိုးက ယခင် ၄၀၀ ဘီလီယံယွမ် ဖြစ်ပါက ရှယ်ယာစျေးကွက် ၁၂ ရာခိုင်နှုန်း တက်သွားလျှင် ၄၈ ဘီလီယံယွမ် တိုးမြင့်သွားခြင်းနဲ့ ညီမျှသည်။

ဒါတွေအားလုံးက တကယ့် ငွေအစစ်တွေချည်း ဖြစ်ပါသည်။

လင်းဖန်န Estee Lauder ထဲ ဝင်လိုက်တာနဲ့ ကုမ္ပဏီ ရှယ်ယာစျေးက ဒီအတိုင်းအတာအထိ မြင့်တက်သွားခဲ့ပါသည်။

လင်းဖန် အမြင်မှာတော့ ဒီလောက်က ဘာမှ မဟုတ်ပေ။

ပထမတော့ လင်းဖန်က အနုပညာလောကထဲမှာ အလွန်အားကောင်းသည်ဟုသာ လင်းခဲ့ရှင်း သိခဲ့သည်။

သူ့ရဲ့ ဒါရိုက်တာ စွမ်းရည်ကော ဇာတ်ညွှန်းရေး စွမ်းရည်ကော အနုပညာလောကတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။

သို့သော် လင်းဖန် စီးပွားရေး လောကထဲ ဝင်လိုက်ချိန်တွင် လင်းခဲ့ရှင်းသိလိုက်ရတာက…

လင်းဖန်၏ စီးပွားရေး စွမ်းရည်မှာ ဘယ်သူမှ ယှဉ်နိုင်ဖွယ်မရှိပေ။

All Chapters