လင်းဖန်က တကယ့် ညှို့အားပြင်းတဲ့ မင်းသားလေး
Vol. 21 Ch. 306
“ဒီရှော့ပင်းမောမှာ ပစ္စည်းတွေ ဝယ်ရအောင်။ အဝတ်အစားတွေ များများ ဝယ်ကြ” လင်းဖန်က ပြုံးကာ လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ကို အဆင့်မြင့် ရှော့ပင်းမောကြီးထဲသို့ ခေါ်သွားလိုက်ပါသည်။
ဒီရှော့ပင်းမောထဲက စျေးနှုန်းတွေက မနိမ့်လှပေ။
အထဲက အဝတ်အစား တစ်ထည်တိုင်းက ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်းအထိ တန်ဖိုးရှိနိုင်သည်။
သိန်းဂဏန်းအထိ တန်ဖိုးရှိသော အဝတ်အစားတွေလည်း ရှိပါသည်။
သာမန်လူတွေကတော့ ဒီလိုအဝတ်အစားတွေကို တတ်နိုင်မှာ မဟုတ်ပါ။
လင်းခဲ့ရှင်းမှာလည်း ငွေများများစားစား မရှိပေ။ ဟွာစဲပစ်ချားကို စာချုပ်လျော်ကြေး ပေးဆောင်ပြီးနောက် လင်းခဲ့ရှင်း အိမ်တောင် ရောင်းခဲ့ရသည်။ သူမမှာ ငွေ ဘယ်လောက် ရှိနိုင်မှာလဲ။
လင်းခဲ့ရှင်း ယခုဝတ်ထားသည့် အဝတ်အစားများက ယွမ် ဆယ်ကျော်တန် သို့မဟုတ် ယွမ် ၁၀၀ - ၂၀၀ တန် အဝတ်အစားများသာ ဖြစ်သည်။
လင်းခဲ့ရှင်းက အလွန်လှပပါသည်။ ဘာပဲဖြစ်ဖြစ် သူမက ပေကျင်းရုပ်ရှင် တက္ကသိုလ်၏ Queen တစ်ယောက် ဖြစ်သည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်ကလည်း အလွန် လှပသည်။ ထိုကဲ့သို့ အဝတ်အစားမျိုးတွေ ဝတ်ထားရင်တောင် အလွန်လှပနေဆဲပင်။
သို့သော်လည်း တစ်ခုခုတော့ လိုနေပါသည်။
ဆယ်လီတစ်ယောက်အနေဖြင့် သူမရဲ့ ပုံစံက တောက်ပနေသင့်သည်။
တချို့ ပွဲတက်ဂါဝန်များ၊ ဒေါက်မြင့်ဖိနပ်များ၊ နှုတ်ခမ်းနီများ အစရှိသည်တို့က ပိုက်ဆံ အများကြီး ကုန်ကျနိုင်သည်။
မိန်းကလေးတစ်ယောက်၏ အဝတ်အစားများက ပိုလို့တောင် အရေးကြီးပါသေးသည်။
ကောင်မလေး ၂ ယောက်က အလှချင်း တူရင်တောင် သူမတို့ရဲ့ အဝတ်အစားတွေနဲ့ ဆင်ယင်ပုံတို့က အလွန်အရေးပါလှပါသည်။
လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ကို ပိုမို ကောင်းမွန်စွာ ပျိုးထောင်နိုင်ဖို့အတွက် လင်းဖန် သူတို့ကို အဝတ်အစားကောင်းကောင်းများ ဝယ်ပေးရင်း အစပြုလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့က လင်းဖန် လက်အောက်ရှိ အနုပညာရှင်များဖြစ်ကြ၏။ လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ကို လင်းဖန် ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ပါ။
လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ ပိုပြီး ရေပန်းစားလာသည့်အခါ လင်းဖန်အတွက် အကျိုးအမြတ်အများကြီး ဖန်တီးပေးကြပါလိမ့်မည်။
ရှင်းရှင်း ပြောရလျှင် ငွေရဖို့ ဖြစ်၏။
ဖျော်ဖြေရေးကုမ္ပဏီ တစ်ခုကို တည်ထောင်ချင်ပါက သူ ဘော့စ်ကောင်း တစ်ယောက် ဖြစ်အောင် အရင်ဆုံး လုပ်သင့်ပါသည်။
“အစ်ကိုလင်းဖန် ဒီရှော့ပင်းမောထဲက အဝတ်အစားတွေ အကုန်လုံးက စျေးအရမ်းကြီးကြတယ်။ အထူးသဖြင့် မိန်းကလေးဝတ်တွေက ပိုစျေးကြီးတယ်။ ဂါဝန်တစ်ထည်ကို သောင်းဂဏန်းလောက်ထိ ရှိတယ်။ စျေးကြီးလွန်းလို့ ကျွန်မ မတတ်နိုင်ပါဘူး” လင်းခဲ့ရှင်းက လင်းဖန်ကို ညှိုးငယ်စွာ ကြည့်လိုက်ပါသည်။
ဘယ်လို မိန်းကလေးမျိုးက အဝတ်အစား လှလှပပ မဝတ်ချင်ဘဲ နေမှာလဲ။
မိန်းကလေးတစ်ယောက်ရဲ့ ဗီရိုထဲမှာ အဝတ်အစား ပြည့်တယ်ဆိုတာ ဘယ်တော့မှ မရှိပါ။
ယောက်ျားလေးတွေ ဖိနပ်စင်ပေါ်မှာ အမြဲတမ်း ဖိနပ်သစ်တွေ မြင်ချင်နေသလိုမျိုးပဲ ဖြစ်သည်။
အမှန်ပင်။ လူအများစုက ချို့တဲ့ကြ၏။ ဘရန်းဒတ် ဖိနပ်များ မပြောနဲ့၊ ယွမ် ၂၀၀ တန် သာမန် ဖိနပ်များကို ဝယ်ဖို့တောင် နေ့တစ်ဝက်လောက် စဉ်းစားကြရသည်။
ထို့အပြင် လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့မှာ အဝတ်အစား ကောင်းကောင်း အများကြီး မရှိပေ။
သူတို့ နှစ်ယောက်စလုံး ပိုက်ဆံလည်း မရှိကြပေ။
စုမူချင်းမှာလည်း ပိုက်ဆံ အများကြီး မရှိပါ။ တကယ်တော့ သူမ ဘဏ်အကောင့်ထဲမှာ ယွမ် ထောင်ဂဏန်းအနည်းငယ်သာ ကျန်တော့သည်။
လင်းဖန်၏ လက်ထောက်ဖြစ်ပြီး စုမူချင်းက အနည်းငယ် သနားဖို့ ကောင်းပါသည်။ သူမ ၁ လပြည့်အောင်တောင် အလုပ်မလုပ်ရသေးသဖြင့် သူမ လစာလည်း မရသေးပါ။
ကောင်မလေး ၃ ယောက်စလုံးက အလွန်ချို့တဲ့ကြပါသည်။
“ဘာမှ မဖြစ်ပါဘူး။ ငါ့မှာ ငွေမရှားပါဘူး။ အထဲဝင်ပြီး ဝယ်သာဝယ်” လင်းဖန်က ရက်ရက်ရောရော ပြောလိုက်၏။
လင်းဖန် ဘယ်လိုကားမျိုး မောင်းခဲ့ဖူးသလဲဆိုတာ သူတို့ မေ့သွားကြတာလား။
သန်း ၂၀၀ တန် Bugatti Veyron တစ်စီးဖြစ်သည်။
သန်း ၁၀၀ တန် Bugatti ပြိုင်ကားတစ်စီးလည်း ရှိခဲဲ့ဖူး၏၊။
ကံမကောင်းစွာဖြင့် ပြိုင်ကား ၂ စီးစလုံး ပျက်စီးသွားခဲ့ပါသည်။ သို့သော် ပြန်လည် ပြုပြင်လို့တော့ ရပါသေးသည်။
ယခု လင်းဖန်က Rolls-Royce Cullinan ကို မောင်းနှင်နေ၏။
ဘာကြောင့်လဲ မေးဖို့မလိုပါ။ သူဌေးတွေက ရှင်းပြဖို့ မလိုပေ။
ငွေရပြီးနောက် ငွေသုံးတာ ဘာမှ မထူးဆန်းပါ။
နောက်ပိုင်း ငွေတွေ ပိုရနိုင်ဖို့ ယခု အဝတ်အစား တချို့ဝယ်ပြီး ရင်းနှီးထားတာ ပိုကောင်းပါသည်။
“နင်တို့ ကြိုက်တဲ့ အဝတ်အစား ရွေးလိုက်။ ရွေးသာရွေး။ အသေးအဖွဲပါ” လင်းဖန်က ပြုံးကာ ပြောလိုက်သည်။
“ပြီးတော့ ငါ့ကို အားနာမနေနဲ့နော်။ နင်တို့ ရွေးတဲ့ အဝတ်အစားတွေ မလှဘူးဆိုရင် အန်ဒိုစာ ရိုက်ခွင့် မပေးတော့ဘူး”
“နင်တို့ အန်ဒိုစာလုပ်မယ်ဆိုရင် ကိုယ်လုံးတီး သွားလို့မရဘူးလေ။ အဝတ်အစား လှလှပပ ဝတ်သွားမှ နင်တို့ရဲ့ အရှိန်အဝါကို ပိုတိုးမြှင့်ပေးပြီး ပရိတ်သတ်တွေက ပိုကြိုက်လာမှာ” လင်းဖန် ပြုံးကာ ပြောလိုက်ပါသည်။
“အစ်ကိုလင်းဖန် ကျေးဇူးပါ”
“အစ်ကိုလင်းဖန် ဒီလောက် သဘောကောင်းမှန်း သိခဲ့ရင် စောစောကတည်းက အစ်ကိုလင်းဖန်ရဲ့ အနုပညာရှင် လာလုပ်ပါတယ်” လင်းခဲ့ရှင်းက ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
လင်းဖန်က ဒီလိုပြောလာမှတော့ သူမလည်း သဘောတူပြီး အလုပ်ကြိုးစားကာ နောက်ပိုင်း ကျေးဇူးပြန်ဆပ်ဖို့သာ ရှိတော့သည်။
“ဟားဟား ရန်ရန်လေးလည်း လှလှပပ အဝတ်အစားတွေ ဝတ်ရမှာပေါ့။ ငါတို့ ရန်ရန်လေးက အရမ်းလှတာ။ သေချာပေါက် အနာဂတ်မှာ မိန်းမလှလေး ဖြစ်လာမှာပဲ။ သူလည်း အဝတ်အစား လှလှလေးတွေ ဝယ်ရမယ်” လင်းဖန်က ပြုံးကာ ပြောလိုက်ပြီး ကောင်မလေး ၂ ယောက်ကို ခေါ်ကာ အထဲဝင်လာခဲ့ပါသည်။
လင်းဖန်၏ လက်ထောက် စုမူချင်းလည်း သူ့နောက်က လိုက်လသည်။ သူမ၏ မျက်လုံး လှလှလေးများတွင် အားကျမှုများဖြင့် ပြည့်နှက်နေ၏။
လင်းဖန် ကောင်မလေး ၃ ယောက်ကို ခေါ်လာတာ အားလုံးမြင်သွားသောအခါ သူတို့ အံ့အားသင့်ကုန်ကြသည်။
လင်းဖန်၏ ပြိုင်ကားကို မြင်သောအခါ ရှော့ပင်းမော ဝင်ပေါက်ရှိ လုံခြုံရေးအစောင့်များ လင်းဖန်ကို ချက်ချင်း ဝန်းရံလိုက်ကြ၏။
သူတို့အားလုံး လင်းဖန်၊ လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့ကို သိကြပါသည်။
ဒီလူတွေအားလုံးက နာမည်ကျော်ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
“အရမ်းချောတာပဲ။ ငါသူ့ကို ကြိုက်သွားပြီ။ ရုပ်ချောချော ကောင်လေးနာမည် ဘယ်လို ခေါ်လဲ”
“နင် မသိဘူးလား။ သူက လင်းဖန်လေ။ တရုတ်နိုင်ငံရဲ့ ကြယ်ပွင့် လင်းဖန်။ လင်းဖန် စီးလာတဲ့ ကားကြီးကို ကြည့်ပါဦး။ သန်းချီ တန်ဖိုးရှိတဲ့ Rolls-Royce Cullinan ကြီးပဲ”
“လခွမ်း သန်းချီတန်တဲ့ ဇိမ်ခံကားကြီး ဟုတ်လား။ ဒါစူပါစတား လင်းဖန်လား”
“လင်းဖန်ဘေးက ကောင်မလေးတွေ အကုန်လုံးလည်း အရမ်း လှတယ်။ အဲ့တာ လင်းခဲ့ရှင်း၊ ဟိုဘက်က တစ်ယောက်က ထန်ရှင်းရန်။ တခြားတစ်ယောက်က ဘယ်သူ ပါလိမ့်။ ငါမသိပေမယ့် သူလည်း လှတာပဲ”
“ရှားဝမ်ချွေ့ကို မတွေ့တာ နှမြောစရာပဲ။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို တစ်ပြိုင်တည်း မြင်လိုက်ရရင် ဘယ်လောက်ကောင်းမလဲ”
“ကျန်တာ ဘာမှမပြောတော့ဘူး။ ငါလင်းဖန်ကို လက်မှတ်သွားတောင်းတော့မဘ်။ လင်းဖန် ကျေးဇူးပြုပြီး လက်မှတ်ထိုးပေးပါဦး”
ပရိတ်သတ်များစွာက လင်းဖန်ကို ဝန်းရံလိုက်ကြပြီး သူ့ကို နွေးနွေးထွေးထွေး ကြည့်လိုက်ကြပါသည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ရေပန်းစားလာမှုကြောင့် လင်းဖန်ကို သဘောကျတဲ့လူတွေ ပိုပိုပြီးများလာခဲ့ပါသည်။
လမ်းပေါ်မှာ လူပေါင်းများစွာက လင်းဖန်ကို မှတ်မိကြသည်။
လင်းဖန်၏ ဘဝရဲ့ပျော်ရွှင်မှု Season 2 က အတော်လေး စိတ်ဝင်စားဖို့ ကောင်းသည်။ လူပေါင်းများစွာကို ရုပ်သံဒရမ်မာ ကြည့်အောင် ဆွဲဆောင်နိုင်ခဲ့ပါသည်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 ၏ အွန်လိုင်းပေါ်က ရေပန်းစားမှုကလည်း ပို၍တောင် မြင့်မားပါသေးသည်။
“လင်းဖန် ကျွန်မတို့ကို လက်မှတ်ထိုးပေးပါဦး”
“လင်းဖန် ဘဝရဲ့ပျော်ရွှင်မှု Season 2 က အရမ်းကောင်းတာပဲ။ ကျွန်မတို့ကို ဇာတ်သိမ်း ပြောပြပါလား”
“လင်းဖန် ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 ကို ဘယ်တော့ ရိုက်မှာလဲ။ မစောင့်နိုင်တော့ဘူး။ လင်းခဲ့ရှင်းလည်း သေချာပေါက် ဓားနှင့် နတ်သမီး ဒဏ္ဍာရီ Season 3 မှာ ပါဝင်မှာ မဟုတ်လား”
ပရိတ်သတ်များစွာ၏ မေးခွန်းများကို ကြားသည့်အခါ လင်းဖန် ပြုံးကာ ပြန်ဖြေလိုက်သည်။
“လင်းခဲ့ရှင်းက ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 မှာ ပါဝင် သရုပ်ဆောင်သွားမှာပါ။ ထန်ရှင်းရန်လေးလည်း ပါတယ်။ အားလုံးအတွက် ဒီနေ့တော့ လက်မှတ် ထိုးပေးလို့ မရလောက်ဘူး။ ကျွန်တော် အဝတ်အစား ဝယ်ဖို့ ရှိသေးလို့ပါ။ အဝတ်အစားတွေ ဝယ်ပြီးရင်လည်း အလုပ်ရှိသေးတယ်။ ကျွန်တော်တို့ အလျင်လိုနေလို့ပါ”
လုံခြုံရေးအစောင့်များက သူတို့ကို ချက်ချင်း ဝန်းရံလိုက်ကြသည်။ လင်းဖန်နဲ့ လင်းခဲ့ရှင်းတို့လို နာမည်ကျော်တွင် အနားမှာ ရှိနေပါက သူတို့ လျစ်လျူမရှုရဲပါ။
လင်းဖန်၏ ရှင်းပြချက်ကြောင့် ပရိတ်သတ်များစွာ စိတ်ညစ်ညစ်ဖြင့် ထွက်သွားကြတော့သည်။
ထိုပရိတ်သတ်များက အလွန်ယဉ်ကျေးမှုရှိသည်ဟု ဆိုနိုင်သည်။
လင်းဖန် သွားမှာကို သူတို့ မတားခဲ့ပါ။
ထိုသို့လုပ်ပါက ပရိတ်သတ်တွေကို ဆယ်လီတွေ ပိုမုန်းလာရုံသာ ရှိသည်။
လင်းဖန်တို့ ရှော့ပင်းမောထဲ ဝင်လိုက်ချိန်တွင် ဖြတ်သွားဖြတ်လာများစွာက လင်းဖန်ကို ၎င်းတို့ ဖုန်းများဖြင့် ဓာတ်ပုံရိုက်နေကြသည်။
“ဟားဟား ငါလင်းဖန်ကို ဓာတ်ပုံရိုက်လိုက်နိုင်တယ်။ လင်းဖန်ရဲ့ ဓာတ်ပုံကို ရသွားပြီ အရမ်းချောတာပဲ”
“လင်းခဲ့ရှင်းလည်း ပါသေးတယ်။ သူလည်း အရမ်းလှတဲ့ ကောင်မလေး တစ်ယောက်ပဲ။ ငါသူ့ကို သဘောကျတယ်”
“လင်းခဲ့ရှင်းက လင်းဖန်နဲ့ ဘာလို့အတူတူ ရှိနေတာလဲ။ သူတို့ တွဲနေကြတာလား”
“ပေါက်ကရတွေ မပြောစမ်းနဲ့။ လင်းခဲ့ရှင်းက လင်းဖန်လက်အောက်က အနုပညာရှင်လေ။ လင်းဖန်က လင်းခဲ့ရှင်းကို စာချုပ်လျော်ကြေး သန်း ၂၀၀ ပေးဖို့တောင် ကူညီပေးခဲ့သေးတယ်။ စဉ်းစားကြည့်စမ်းပါ လင်းဖန်က နောက်ပိုင်းကျရင် အကြီးစား ဒါရိုက်တာကြီး တစ်ယောက် ဖြစ်လာမှာ။ သူ့ ကိုယ်ပိုင် ဖျော်ဖြေရေး ကုမ္ပဏီကိုတောင် တည်ထောင်နိုင်လောက်တယ်”
“လင်းဖန်က ငါ့မင်းသားလေးပဲ။ အရမ်း ချောတယ်။ ရုပ်သံဒရမ်မာထဲက လူတွေထက်တောင် ပိုပြီး ချောသေးတယ်”