← Chapters

လင်းဖန် ဘယ်လောက်တောင် ချမ်းသာတာလဲ

Vol. 21 Ch. 307

လင်းဖန် ဘယ်လောက်တောင် ချမ်းသာတာလဲ

Vol. 21 Ch. 307

လင်းဖန် ရှော့ပင်းမောထဲကို ရောက်တော့ မန်နေဂျာ ချက်ချင်း အနားကိုရောက်လာ၏။

လင်းဖန်က ယခု စူပါစတားလည်းဖြစ် သူဌေးလည်း ဖြစ်နေပါပြီ။

ကောင်မလေး တချို့ဖြင့် ဒီကို အဝတ်အစား ဝယ်ဖို့ ရောက်လာခဲ့၏။ ပြောစရာမလိုအောင် အဝတ်အစားတွေ အများကြီး ဝယ်မယ့်လူမျိုး ဖြစ်သည်။

ရှော့ပင်းမောအတွက်လည်း ငွေတွေ အများကြီး ဝင်မည့် ကိစ္စဖြစ်၏။

လင်းဖန်က ရှော့ပင်းမော၏ VIP ကတ်စတမ်မာ တစ်ယောက်နဲ့ ညီမျှပါသည်။ သူဝင်လိုက်တာနဲ့ VIP တစ်ယောက်လို ဆက်ဆံ ခံရသည်။

“မစ္စတာလင်း ကြိုဆိုပါတယ်”

“မစ္စတာလင်း ကြိုဆိုပါတယ်ရှင့်”

“မစ္စတာလင်း မင်္ဂလာပါ”

အရောင်းဝန်ထမ်းများစွာက အလွန် စိတ်အား ထက်သန်စွာဖြင့် အတန်းနှစ်တန်းဖြစ်အောင် တန်းစီလိုက်ကြပြီး လင်းဖန်ကို အနည်းငယ် ဦးညွှတ်လိုက်ကြပါသည်။

လင်းဖန်က ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်၏။ ဒီရှော့ပင်းမော၏ ဝန်ဆောင်မှု အနေအထားက ကောင်းမွန်ပါသည်။

ဒီကို လာခဲ့ရခြင်း တခြား ရည်ရွယ်ချက် မရှိပေ။ ငွေသုံးဖို့သာ ဖြစ်သည်။

အမှန်ပင်။ အန်ဒိုစာများ ရိုက်ကူးဖို့အတွက်နဲ့ သူ့ဘေးက ကောင်မလေးများကို ပျိုးထောင်ပေးဖို့အတွက် ငွေသုံးမှာ ဖြစ်ပါသည်။

“မစ္စတာလင်း ဘာများ အလိုရှိလို့လဲ။ ကျွန်တော်တို့ဆီမှာ အဝတ်အစားပေါင်းစုံ ရှိတယ်။ ယောက်ျားဝတ်၊ မိန်းမဝတ်၊ ကလေးဝတ် အစုံပဲ။ ကျွန်တော်တို့မှာ အားလုံး ရှိပါတယ်”

“ကျွန်တော်တို့ ရှော့ပင်းမောကို ဘော့စ်လင်း ရောက်လာတော့ ကျွန်တော်တို့ အထည်တွေကို ၂၀ ရာခိုင်နှုန်း ဒစ်စ်ကောင့် ပေးမှာပါ။ တစ်ချိန်တည်းမှာပဲ ခင်ဗျားက ကျွန်တော်တို့ ရှော့ပင်းမောရဲ့ အမြင့်ဆုံး VIP မန်ဘာ ဖြစ်သွားပြီ။ အဲ့တာ တစ်သက်တာ ခံစားခွင့်နော်” ရှော့ပင်းမော မန်နေဂျာက အပြုံးဖြင့် ပြောလိုက်ပါသည်။

လင်းဖန်က အလွန်ချမ်းသာပြီး ချောမော၏။ ဘယ်သူမဆို သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံချင်ပါလိမ့်မည်။

“ကျွန်တော့်ဘေးက ကောင်မလေးတွေကို ကာကွယ်ပေးပါ။ သူတို့ကို ဘယ်သူမှ အခွင့်အရေး မယူရဘူး” လင်းဖန် ပြောလိုက်၏။ ဘာပဲဖြစ်ဖြစ် ရှော့ပင်းမောထဲမှာ လူတော်တော်လေး စည်ကားနေပါသည်။

ဒီရှော့ပင်းမောထဲက လူတစ်ယောက်ယောက်ကသာ လင်းခဲ့ရှင်းကို အသားယူလိုက်ပါက ဓာတ်ပုံရိုက်ခံရနိုင်သည်။

ထိုဓာတ်ပုံ အွန်လိုင်းပေါ် တက်သွားပါက လင်းခဲ့ရှင်း နာမည်ထိခိုက်ပါလိမ့်မည်။ ထိုအခါ ပိုက်ဆံအချီကြီးရဖို့ လင်းခဲ့ရှင်းကို လင်းဖန် ဘယ်လို ပျိုးထောင်ပေးရတော့မှာလဲ။

“ကောင်းပါပြီ” မန်နေဂျာက ခေါင်းငြိမ့်လိုက်သည်။

“လင်းခဲ့ရှင်းနဲ့ ရန်ရန်လေးတို့ အဝတ်အစား သွားရွေးကြလေ။ နောက်မှ နင်တို့ကို ငါလာရှာမယ်”

“စုမူချင်း နင်လည်း အဝတ်အစားတချို့ သွားဝယ်ဦး။ နင့်အတွက် ငွေရှင်းထားပြီးသား” လင်းဖန်က ပြုံးလိုက်ပါသည်။

“ဘော့စ်လင်း မသင့်တော်ပါဘူး” စုမူချင်းက လင်းဖန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်လိုက်၏။ သူမက အလွန်နူးညံ့ပြီး ချိုမြိန်ပါသည်။ သူမက မသင့်တော်ဘူးဟု ပြောလိုက်သော်လည်း သူမ မျက်လုံးထဲက ပျော်ရွှင်မှုကိုတော့ ဖုံးကွယ်လို့ မရနိုင်ပါ။

သူမ ဘော့စ်က သူမကို အဝတ်အစား ဝယ်ပေးသည်။

သူမဖာသာ ဝင်ငွေအများကြီး မရှာနိုင်သဖြင့် ထိုအဝတ်အစားများကို မတတ်နိုင်ပါ။

သူမက လင်းဖန်၏ လက်ထောက်ဖြစ်သဖြင့် သူမလည်း လှချင်ပချင်ပါသည်။

ဒီတစ်ခေါက် တူညီသည့် အလုပ်အဝတ်အစားများကိုသာ ဝတ်ဆင်နေခဲ့ပြီး ခဏခဏ လျှော်ဖွပ်ဝတ်ဆင်နေရသည်။

စုမူချင်းလည်း လှလှပပ ဝတ်စားဆင်ယင်ကာ လင်းဖန်ရှေ့မှာ ရပ်တည်ပြီး သူမဘော့စ်ကို ကြည့်ကောင်းအောင် လုပ်ပေးချင်ပါသည်။

JD စီအီးအိုလျို့ရှေ့တွင် အစ်မ Milk Tea က မတ်တပ်ရပ်နေသလိုမျိုး ဖြစ်၏။ သေချာပေါက် သူ့ကို ကြည့်ကောင်းစေပါလိမ့်မည်။

“ဘာမှ မသင့်တော်တာမရှိဘူး။ နင့်ဘော့စ်မှာ ငွေပေါပါတယ်”

“ပြီးတော့ ဘော့စ်တစ်ယောက်ရဲ့ အတွင်းရေးမှူးကလည်း လှနေမှပေါ့။ မဟုတ်ရင် ငါ့အတွင်းရေးမှူးကို တခြားသူတွေ ဝေဖန်ကြလိမ့်မယ်” လင်းဖန်က ပြုံးကာ စုမူချင်း၏ ပခုံးကို ပုတ်ပေးလိုက်ပါသည်။

“ကျေးဇူးတင်ပါတယ် ဘော့စ်လင်း” စုမူချင်းက ကလေးမလေး တစ်ယောက်လို ပျော်ရွှင်သွားသည်။ သူမက အသက် ၂၁ နှစ်အရွယ်သာရှိသေးပြီး အလှပဆုံးအရွယ် ဖြစ်၏။ ဒီလို လှလှပပ အဝတ်အစားမျိုးတွေကို ဝတ်ဆင်ပြီး သူမ ဘယ်လောက်တောင် ပျော်နေလိုက်မလဲ။

နောက်ပိုင်း တခြားသူတွေရှေ့မှာ ကြွားနိုင်ပြီး လင်းဖန် ဝယ်ပေးထားသည့် အဝတ်အစားများကို ပြသနိုင်သည်။

“ဒါပေါ့ အလကားတော့ မရဘူး။ ဝမ်ချွေ့နဲ့ ရှောင်းယွီတို့အတွက်လည်း အဝတ်အစားတွေ နင်ရွေးပေး။ ဘယ်လိုအဝတ်အစားမျိုး ဝယ်ရမလဲဆိုတော့ စကတ်တိုတို၊ ဘောင်းဘီတိုတို၊ ခါးပြတ်အင်္ကျီ အဲ့တာမျိုးတွေ ဝယ်လိုက်” လင်းဖန်က ပြောလိုက်သည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့မှာ အဝတ်အစား မရှားပါ။ သူတို့မှာ အဝတ်အစားတွေ အများကြီး ရှိကြပါသည်။

သို့သော်လည်း လတ်တလော ထိုကောင်မလေး နှစ်ယောက်က ဘာမှ ဝတ်စရာ မရှိဘူးဟု ညည်းနေကြသည်။

အိမ်မှာ ဘောင်းဘီတို စကတ်တိုများသာ ဝတ်ကြသဖြင့် လင်းဖန် နေ့တိုင်း စိတ်မထိန်းနိုင်ပါ။

သူ စိတ်မထိန်းနိုင်သဖြင့် ထိန်းစရာ မလိုတော့ပေ။

ထို့ကြောင့် သူတို့ကို ဒီအဝတ်အစားတွေ ဝယ်ပေးလိုက်ပါက နေ့တိုင်း အိမ်မျာ သူ့မိန်းမရဲ့ ခြေတံသွယ်သွယ် လှလှလေးကို မြင်နိုင်ပါလိမ့်မည်။ ဒါဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ရှားဝမ်ချွေ့၏ ပခုံးနဲ့ ညှပ်ရိုးလေးကိုတောင် မြင်နိုင်သည်။ ဘယ်လောက်တောင် ဆွဲဆောင်မှု ရှိလိုက်မလဲ။

“ဟုတ်ကဲ့ပါ ဘော့စ်လင်း” စုမူချင်းက ခေါင်းငြိမ့်လိုက်သည်။

“ကျွန်မကော စကတ်တိုလေးတွေ ဝယ်လို့ ရမလား” စုမူချင်းက လင်းဖန်ကို ကြည့်လိုက်ပြီး မဝံ့မရဲမေးလိုက်ပါသည်။

“နင်ဝယ်ချင်တာ ဝယ်လို့ရပါတယ်။ စျေးကိုလည်း ထည့်တွက်စရာ မလိုဘူး” လင်းဖန်က ပြောလိုက်၏။

“ဟုတ်ကဲ့ပါ~” စုမူချင်း ခေါင်းငြိမ့်လိုက်ပြီး အဝတ်အစားဝယ်ဖို့ လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့နောက် လိုက်သွားခဲ့ပါသည်။

ရှော့ပင်ထွက်ချင်တာ မိန်းကလေးသဘာဝပင်။

မိန်းကလေးတွေအတွက် ဘယ်လို အဝတ်အစားမျိုးက သင့်တော်မလဲ လင်းဖန်လည်း သေချာမသိပေ။ ထို့ကြောင့် သူတို့အတွက်သူ အဝတ်အစား သွားရွေးခွင့် ပေးလိုက်ပါသည်။

လင်းဖန်မှာ ငွေမရှားပါ။

စုမူချင်းအပေါ် လင်းဖန် ဘာကြောင့် ဒီလောက် ကောင်းနေရသလဲဆိုတာ အကြောင်းအရင်းရှိပါသည်။

စုမူချင်းက လတ်တလော လုပ်ငန်း အဝတ်အစားများကိုသာ ဝတ်ဆင်လေ့ ရှိသည်။

သူမ ဘယ်လောက်ပဲ ကြည့်ကောင်းနေပါစေ လုပ်ငန်းအဝတ်အစားနဲ့ဆိုရင်တော့ အရမ်းကြီး သိသာမှာ မဟုတ်ပါ။

ထို့ကြောင့် လင်းဖန်က စုမူချင်းကို ဂါဝန် လှလှလေးနဲ့ ဘယ်လိုပုံစံမျိုး ဖြစ်မလဲဆိုတာ မြင်ချင်မိပါသည်။

သူ့ရင်ထဲက ပုံရိပ်နဲ့ ကိုက်ညီမှုရှိပါက စုမူချင်းကိုပါ သူ့လက်အောက်မှာ စာချုပ် ချုပ်ပေးလိုက်နိုင်သည်။

ဒီလိုသာဆို စုမူချင်းက သူ့လက်ထောက်လည်း ဖြစ်ရင်း အနာဂတ်တွင် စူပါစတားတစ်ယောက်ပါ ဖြစ်လာနိုင်ပါသည်။

စုမူချင်းသာ ရုပ်သံဒရမ်မာတစ်ကားကို ရိုက်ကူးပြီး သန်း ၅၀ ယွမ်လောက် ရရှိနိုင်ပါက လင်းဖန် သန်း ၃၀ - ၄၀ လောက် ရနိုင်မှာပဲ မဟုတ်လား။

စူပါစတားတစ်ယောက်ကို မြေတောင်မြှောက်ပေးခြင်းဆိုတာ ငွေအတွက်သာဖြစ်သည်။

လင်းဖန်သာ ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ချင်ပါက အနုပညာရှင်များစွာကို ပျိုးထောင်ရမည်။

ထိုအနုပညာရှင်တွေလည်း အစွမ်းအစ ရှိရပါလိမ့်မည်။

စုမူချင်းက အလွန်ကြည့်ကောင်းပြီး ကိုယ်လုံးကိုယ်ပေါက်လည်း အလွန် လှသည်။ သူမကို ကြိုးစားကြည့်ခွင့် ပေးနိုင်ပါသည်။

လင်းဖန် ဘယ်လောက်ရက်ရောနေလဲဆိုတာ မြင်ပြီး ရှော့ပင်းမော မန်နေဂျာနဲ့ အရောင်းဝန်ထမ်းတို့ မှင်သက်နေကြပါပြီ။

“ဘုရားရေ လင်းဖန်က အရမ်းချမ်းသာတာပဲ။ ဒီက ငါတို့ အဝတ်အစားတွေ အများစုက သောင်းဂဏန်း၊ သိန်းဂဏန်းလောက် တန်ဖိုးရှိတာ။ လင်းဖန်က စျေးနှုန်းကို မကြည့်နဲ့တဲ့…”

“သူဌေးလောက ဆိုတာ ဒါမျိုးလား။ အဝတ်အစားဝယ်ရင် စျေးနှုန်းကိုတောင် မကြည့်ဘူး။ အတန်းလိုက် ဝယ်ပစ်လိုက်တာ။ အဲ့တာ ဒုတိယမျိုးဆက် သူဌေးသားတွေ လုပ်နေကျမလား”

“လင်းဖန်က တော်လွန်းပါတယ်။ အရမ်းလည်း ချမ်းသာပြီး သူ့ဘေးက လူတွေကိုလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်”

“လင်းခဲ့ရှင်းက လင်းဖန်ရဲ့လက်အောက်က အနုပညာရှင်ဆိုတာ ငါသိတယ်။ ဒါပေမယ့် သူ့အပေါ် လင်းဖန်ဒီလောက်ကောင်းလိမ့်မယ်လို့ ထင်မထားဘူး။ လင်းခဲ့ရှင်းကို စာချုပ် လျော်ကြေး သန်း ၂၀၀ ကူညီပေးခဲ့တဲ့အပြင် အဝတ်အစားတွေပါ ဝယ်ပေးသေးတယ်”

“သူက လင်းဖန်ကိုး။ လင်းဖန်က အခု အရမ်းချမ်းသာနေပြီဆိုတာ မသိဘူးလား။ လင်းဖန် အရင်က မောင်းတဲ့ ကားကြီးက သန်း ၂၀၀ တန် Bugattti ကားကြီး။ ကမ္ဘာတစ်ဝှမ်းလုံးမှာ တစ်စီးပဲ ရှိတဲ့ Limited-Edition ပြိုင်ကားပဲ။”

“လခွမ်း သူဌေးလောကက ငါတို့တွေ ယှဉ်လို့မရတဲ့ အရာပဲ”

“မင်းတို့ ကြားလိုက်လား။ လင်းဖန်က ရှားဝမ်ချွေ့နဲ့ စုရှောင်းယူတို့အတွက်ပါ အဝတ်အစားဝယ်ပေးချင်နေတယ်။ လင်းဖန် လက်အောက်မှာ အနုပညာရှင် ဖြစ်လာတဲ့လူတိုင်း ဒီလောက်ကောင်းတဲ့ ဘဝမျိုး ရကြမှာပဲ”

“ထားလိုက်တော့ကွာ။ ငါအခုပဲ လင်းဖန်ရဲ့ အနုပညာရှင် ဖြစ်ချင်နေပြီ”

မန်နေဂျာ ရောက်လာပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိပါသည်။

သူဌေးများစွာကို သူလည်း မြင်ဖူးပါသည်။

သို့သော်လည်း လင်းဖန်လောက် ချမ်းသာသည့် လူမျိုးကိုတော့ ပထမဆုံး အကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။

သူ ဝယ်ချင်တာကို ရှော့ပင်းမောထဲက စျေး ဘယ်လောက်ဖြစ်ဖြစ် ဝယ်နိုင်သည်။

အရေးအကြီးဆုံးက လင်းဖန်က သူ့အတွက်သူ ဝယ်နေတာ မဟုတ်ပါ။ ချမ်းသာတာကြောင့်သာဖြစ်သည်။

လင်းဖန် ဘယ်လောက်တောင် ချမ်းသာတာလဲ။

All Chapters