← Chapters

အချစ်ဦး ရှားဝမ်ချွေ့

Vol. 21 Ch. 308

အချစ်ဦး ရှားဝမ်ချွေ့

Vol. 21 Ch. 308

လင်းဖန်က ရက်ရောတာနဲ့ပဲ ငွေကို အဆင်အခြင်မဲ့ ဖြုန်းတီးနေသည်ဟု မဆိုလိုပေ။

လင်းခဲ့ရှင်းနဲ့ ထန်ရှင်းရန်တို့က သူ့ဘက်ကပဲ ဖြစ်၏။ စုမူချင်းလည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။

ဒီနေ့ ငွေနည်းနည်းသုံးလိုက်လျှင် အနာဂတ်မှာ များများ ပြန်ရနိုင်ပါလိမ့်မည်။

မိန်းကလေးများ အဝတ်အစား ရှော့ပင် ထွက်နေကြချိန် လင်းဖန် ရုတ်တရက်ကြီး အရေးကြီး ပြဿနာ တစ်ခုအကြောင်းကို စဉ်းစားမိသွားသည်။

သူ့ယွမ် သန်း ၇၀၀ စုငွေဆိုတာ ရာဇဝင် တစ်ခုသာ ဖြစ်သွားပါပြီ။

ယခုတာ့ သူ့ဘဏ်အကောင့်ထဲ ယွမ် ၁ သန်းလောက်သာ ရှိပါတော့သည်။

ယွမ် ၁ သန်းနဲ့ ဒီရှော့ပင်းမောထဲက အဝတ်အစား များများစားစားကို ဝယ်နိုင်မှာ မဟုတ်ပေ။

ကောင်မလေးတွေကသာ တစ်ယောက်ကို သိန်းချီတန်တဲ့ အဝတ်အစားတွေ ရွေးလိုက်ပါက ၁ သန်းလောက်နဲ့ မလုံလောက်နိုင်ပေ။

လင်းဖန် ဖုန်းဖွင့်ပြီး သူ့ Contact ကို လျှို့ဝှက် ဆက်သွယ်လိုက်ပါသည်။

ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ဆီကတော့ ငွေသွားတောင်းလို့ မဖြစ်တော့ဘူးမလား။

သူတို့ပိုက်ဆံနဲ့ သူတို့ကို အဝတ်အစား ပြန်ဝယ်ပေးခြင်းက အဆင်မပြေပါ။ အံ့အားသင့်စရာ မရှိတော့ပေ။

လင်းဖန် စဉ်းစားကာ ယွမ်ချမ့်ကို ဖုန်းဆက်လိုက်၏။

“ဟေး ညီလေးလင်း။ နောက်ဆုံးတော့ ငါ့ကို ဖုန်းဆက်ပြီပေါ့။ မင်းငါ့ကို သတိရလို့လား။ အပြင်မှာတွေ့ပြီး နည်းနည်းလောက် သောက်ကြမလား” ယွမ်ချမ့်က ရယ်မောကာ မေးလိုက်ပါသည်။

“အစ်ကိုကြီးယွမ်။ ကျွန်တော် နည်းနည်း အရေးကြီးနေလို့။ ကျွန်တော့်ကို သန်း ၅၀ လောက် ခဏချေးလို့ရမလား။” လင်းဖန် တောင်းဆိုလိုက်ပါသည်။

“သန်း ၅၀ ဟုတ်လား၊ မင်းဒုက္ခရောက်နေတာလား” ယွမ်ချမ့် ချက်ချင်းပဲ အပြုံးကို ပြန်ရုတ်သိမ်းကာ စိတ်ပူစွာဖြင့် မေးလိုက်ပါသည်။

“ဘာဒုက္ခမှ မရောက်ပါဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ကျွန်တော် Estee Lauder ရဲ့ ဘော့စ်ဖြစ်လာပြီး ကုမ္ပဏီ ရှယ်ယာ ပြဿနာကို ဖြေရှင်းလိုက်တယ်။ ကျွန်တော် သန်း ၇၀၀ - ၈၀၀ လောက် သုံးလိုက်ရတယ်ဗျာ။ ကံကောင်းလို့ ကုမ္ပဏီကတော့ တည်ငြိမ်သွားပါပြီ”

“အခု ကျွန်တော့်မှာ နည်းနည်းလေးတောင် မကျန်တော့ဘူး။ ကျွန်တော့် မိန်းမ ကူညီပေးထားတဲ့ ၁ သန်းကြောင့်သာ မဟုတ်ရင် ကားဆီတောင် ဖြည့်နိုင်မှာ မဟုတ်ဘူး” လင်းဖန် သက်ပြင်းချကာ ပြောလိုက်ပါသည်။

“လခွမ်း ညီလေးလင်း။ မင်းက အခု Estee Lauder ရဲ့ စီအီးအိုတောင် ဖြစ်သွားပြီလား” ယွမ်ချမ့် အနည်းငယ် တုန်လှုပ်သွားလေသည်။

Estee Lauder ရဲ့စီအီးအိုတဲ့။ ဒါသာမန် ကိစ္စ မဟုတ်ပါ။

လင်းဖန်၏ လက်ရှိ သရုပ်မှာ ၄၀၀ ဘီလီယံ ယွမ် တန်ဖိုးရှိသည့် ကုမ္ပဏီကြီးတစ်ခု၏ ဘော့စ်ကြီး တစ်ယောက်ဖြစ်သည်။

လင်းဖန်ရဲ့ ပိုင်ဆိုင်မှုက ဘယ်လောက်တောင် မြင့်လိုက်မလဲ။ ရက်ပိုင်းလောက်သာ ရှိသေးသော်လည်း ဟိုတစ်ချိန်က ဟော်မိသားစုထက်တောင် လင်းဖန်ရဲ့ ပိုင်ဆိုင်မှုတွေက ပိုအားကောင်းသွားခဲ့ပါပြီ။

ချမ်းသာတ့ လင်းဖန်တောင် ရွေးချယ်စရာ မရှိဘဲ ယွမ်ချမ့်ဆီက ပိုက်ဆံချေးရသည်။

သို့သော်လည်း လင်းဖန်က ငွေကို ဂရုမစိုက်ပါ။ မကြာခင် ပြန်ဆပ်နိုင်မှာ ဖြစ်သည်။

“Estee Lauder ရဲ့ ဘော့စ်ဆိုပါလား။ ညီလေးလင်း… မင်းက အခုအရမ်းတော်နေပြီ။ ဟော်မိသားစုတို့လို မိသားစုမျိုးတွေလောက်နဲ့ နောက်ပိုင်း မင်းကို ရန်စရဲကြမှာ မဟုတ်တော့ဘူး။” ယွမ်ချမ့်က မနာလို မဖြစ်ဘဲ ပြုံးလိုက်သည်။

လင်းဖန် အဆင်ပြေပါသည်။ ဘာမှ စိုးရိမ်ဖို့ မလိုအပ်ပါ။

“သာမန်ပါပဲ။ ဘော့စ်တစ်ယောက် ဖြစ်ရတာ အရမ်းပင်ပန်းတယ်” လင်းဖန် ပြုံးကာ ပြောလိုက်ပါသည်။

“ညီလေးလင်း မင်းက အခု ချမ်းသာနေပြီလေကွာ။ နောက်ပိုင်း မင်းကိုတောင် ငါ ကပ်ဖားရတော့မယ် ထင်တယ်” ယွမ်ချမ့် ရယ်မောလိုက်သည်။

“ဟားဟား ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို ကပ်ဖားတယ်လို့ ခေါ်လို့ရမလဲ။ အစ်ကိုကြီးယွမ် အားရင် ကျွန်တော်နဲ့ လာသောက်ပါဦး။ ကျွန်တော် ချက်ပြုတ်ကျွေးမွေးမယ်” လင်းဖန် ပြောလိုက်သည်။

“အေးပါ။ ပြောစရာမလိုအောင် ညီးလေးလင်း ချက်တဲ့ ဟင်းတွေက အရသာရှိပြီးသား။ ညီလေးလင်းရဲ့ စားတော်ပွဲတွေကို စားရတာ ငါ့အတွက် ဂုဏ်ရှိတယ်” ယွမ်ချမ့်က ပြောလိုက်၏။

“ညီလေးလင်း ခဏနေရင် မင်းအကောင့်ထဲ သန်း ၅၀ လွှဲပေးလိုက်မယ်။ သိပ်မကြာစေရဘူး” ယွမ်ချမ့် ပြောလိုက်သည်။

တခြား တစ်ယောက်ယောက်သာ သန်း ၅၀ ချေးငှားချင်ပါက ဘယ်သူမဆို IOU တစ်စောင် ရေးသားရမည်။

ဘာပဲဖြစ်ဖြစ် သန်း ၅၀ ဆိုတာ သေးငယ်တဲ့ ပမာဏ မဟုတ်ပါ။

ဘယ်သူက ငွေသား သန်း ၅၀ ကို အလွယ်လေး ထုတ်ပေးမှာလဲ။

သန်း ၅၀ ကို ဘဏ်ထဲ ထည့်ထားရင်တောင်် နေ့တိုင်း ဘဏ်တိုး အများကြီး ရနိုင်ပါသည်။

“ဟုတ်ပြီ အစ်ကိုကြီးယွမ်။ ရက်ပိုင်းလောက် နေရင် ကျွန်တော် အတိုးနဲ့ ပြန်ဆပ်ပါ့မယ်” လင်းဖန်က ပြုံးလိုက်သည်။ တကယ်ပဲ ယွမ်ချမ့်ဆီက ငွေချေးရတာ လွယ်ကူပါသည်။

“အတိုးပါပါ မပါပါ အရေးမကြီးပါဘူး။ ညီလေးလင်း မင်း စားတော်ပွဲကြီး ချက်ပြုတ်ပေးတဲ့အခါ ငါ့ကိုကော ငါ့မိန်းမကိုပါ ဧည့်ခံရမယ်နော်။” ယွမ်ချမ့် ပြောလိုက်သည်။

“ကိစ္စမရှိပါဘူး အစ်ကိုကြီးယွမ်။ ကျွန်တော် တစ်ခုလောက်် မေးဦးမယ်။ ကျွန်တော် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုလောက်် တည်ထောင်ချင်လို့ဗျာ။ ကျွန်တော် ပြင်ဆင်လို့ရအောင် လိုအပ်တာလေးတွေ ကူပြီး စစ်ဆေးပေးထားပါလား” လင်းဖန်က ပြောလိုက်၏။

“ဖျော်ဖြေရေး ကုမ္ပဏီ ဟုတ်လာ။ ဖျော်ဖြေရေး ကုမ္ပဏီတွေက တည်ထောင်ရတာ လွယ်ပါတယ်။ အခုဆို ဖျော်ဖြေရေးကုမ္ပဏီ တည်ထောင်တဲ့သူတွေ အများကြီးပဲ။ မိန်းကလေးအဖွဲ့ တဲလန့်ရှိုးတွေ လုပ်ကြတဲ့ သူတွေလည်း ရှိတယ်။ မင်း ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကို တည်ထောင်မယ်ဆိုရင် နေရာကို အရင်ဆုံး ရွေးရမယ်။ ပြီးရင် အဲ့ဒီနေရာကို ဝယ်မလား၊ ငှားမလားဆိုတာ ရွေးရမယ်။ မင်း အဆောက်အဦးကို ပြန်ပြုပြင်လို့ရပြီး နောက်ဆုံးတော့ ကုမ္ပဏီတစ်ခုအဖြစ် စာရင်းသွင်းလို့ရပြီ” ယွမ်ချမ့် ပြောလိုက်သည်။

“ညီလေးလင်း မင်းအလုပ်များနေရင် ငါမင်းကို နေရာကူရှာပေးထားမယ်။ ဒီနယ်ပယ်ထဲမှာ ငါနဲ့ ရင်းနှီးတဲ့လူရှိတယ်။ အဆောက်အဦး ပြန် ဆန်းသစ်ဖို့ လူတွေလည်း သိတယ်။” ယွမ်ချမ့်က ရင်ဘတ်ပုတ်ကာ ပြောလိုက်သည်။ သူ့မှာ အဆက်အသွယ်တွေ အများကြီး ရှိပါသည်။

ယွမ်ဟန်းနည်းပညာက လင်းဖန်ရဲ့ ကုမ္ပဏီတွေလောက် မကြီးမားသော်လည်း ယွမ်ချမ့်နောက်ကွယ်က ယွမ်မိသားစုက အတော်လေး အားကောင်းသည်။

ယွမ်ချမ့်ရဲ့ ကျယ်ပြန့်တဲ့ အဆက်အသွယ်တွေနဲ့သာဆို လင်းဖန်ကို ဒီပြဿနာ ကူရှင်းပေးနိုင်ပါသည်။

“ကောင်းပါပြီ အစ်ကိုကြီးယွမ်။ နေရာတွေ့ရင် ဘယ်လောက်လိုလဲဆိုတာ ကျွန်တော့်ကို အသိပေးပါဦး” လင်းဖန်က ပြန်ပြောလိုက်ပါသည်။

ရှန်ဟိုင်းမြို့က မြေတွေကလည်း အလွန် စျေးကြီးပါသည်။ သူဝယ်ဖို့ ဆုံးဖြတ်ပါက ပြန်လည် မွမ်းမံဖို့ ငွေတွေ အများကြီး ကုန်လိမ့်မည်။

ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တရားဝင် တည်ထောင်တော့မည်ဆိုလျှင် သရုပ်ဆောင်များ ခေါ်ယူခြင်း၊ လည်ပတ်ခြင်းနဲ့ အဖွဲ့များ ဝန်ထမ်းများ ခန့်အပ်ခြင်းတို့ကလည်း ငွေတွေအများကြီး လိုအပ်ပါလိမ့်မည်။

ဒါတွေ အကုန်လုံးက ငွေကုန်ပေါက် ဖြစ်၏။

သန်းရာဂဏန်းလောက် မရှိဘဲ ဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခုကို တည်ထောင်ဖို့ဆိုတာ မဖြစ်နိုင်သလောက် ရှိပါသည်။

ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ပြီးကာမှ သူငွေတွေ အများကြီး ရနိုင်ပါလိမ့်မည်။ ထို့အပြင် တခြားသူတွေရဲ့ အသိအမှတ်ပြုခြင်းကိုလည်း ခံရနိုင်သည်။

ယွဲ့ဟွာမှာ အလုပ်လုပ်ရတာ အဆင်ပြေသော်လည်း ရုပ်သံဒရမ်မာများ ရိုက်ကူးပြီးသည့်အခါ ဝင်ငွေတစ်စိတ်တစ်ပိုင်းကို ယွဲ့ဟွာအား ပေးရသေး၏။ လင်းဖန်အကောင့်ထဲ ငွေတွေ အကုန်ဝင်လာဖို့ဆိုတာ မဖြစ်နိုင်ပါ၊၊။

ထို့ကြောင့်ပဲ လင်းဖန် ဖျော်ဖြေရေးကုမ္ပဏီ တစ်ခုကို တည်ထောင်ဖို့ တွေးမိခြင်း ဖြစ်သည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်း၊ ရှုယန်နဲ့ လင်းကျင်းကျင်းတို့လို မိတ်ဆွေကောင်းတွေသာ သူ့နားမှာ ရှိပါက အနုပညာလောကထဲက လင်းဖန်ရဲ့ အဆင့်အတန်းနဲ့သာ ပေါင်းလိုက်လျှင် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့ လုံလောက်တာထက် ပိုပါသည်။

သန်း ၅၀ သူ့ဆီရောက်လာဖို့ သိပ်မကြာလိုက်ပေ။

ယခုသူ့မှာ ပိုက်ဆံရှိနေပြီ ဖြစ်သဖြင့် လင်းဖန် ဘာမှ ဂရုမစိုက်တော့ပါ။

သူက ယခု အလွန်ဆင်းရဲနေ၏။ သူ့ပိုင်ဆိုင်မှုများက အနုတ်ဘက်ရောက်နေပါပြီ။ သို့သော်လည်း အရှုံးကို အမြတ်အဖြစ်ပြောင်းပြီး ငွေအလုံးအရင်းရဖို့က သိပ်မကြာတော့ပါ။

လင်းဖန်လည်း ရှော့ပင်းမောထဲ နည်းနည်းလောက် ပတ်လျှောက်ကြည့်လိုက်ပြီး သင့်တော်တဲ့ အဝတ်အစား ဘာမှ မတွေ့ခဲ့ပါ။

အစကတည်းက သူ့အထက်တန်းကျောင်း အတန်းဖော် ရှုရှီယင်ထံမှ အဝတ်အစားတွေ အများကြီး ဝယ်ထားပြီးသား ဖြစ်၏။

လင်းဖန်က အန်ဒိုစာလုပ်မှာလည်း မဟုတ်သဖြင့် သူဘာဝတ်ဝတ်အရေးမကြီးပါ။

ခဏလောက်ကြာသောအခါ စုမူချင်း အရင်ဆုံး ထွက်လာပါသည်။

သူမ ဝတ်စုံ ၂ စုံ ရွေးခဲ့၏။ တစ်စုံက ၆,၆၆၆ ယွမ်ဖြစ်ပြီး နောက်တစ်စုံက ၄,၂၀၀ ယွမ် ဖြစ်သည်။ နှစ်ခုပေါင်း ယွမ် ၁သောင်းတောင် မပြည့်ပါ။

လင်းဖန်က စုမူချင်းကို ကြိုက်တဲ့ အဝတ်အစား ရွေးခိုင်းခဲ့သော်လည်း စုမူချင်းကတော့ စျေးအပေါဆုံး အဝတ်အစားများကိုသာ ရွေးချယ်ပြီး ၂ ထည်သာ ဝယ်ခဲ့ပါသည်။

တစ်ထည်က အပြာရောင် ဂါဝန်ဖြစ်ပြီး နောက်တစ်ထည်က ရိုးရိုးယဉ်ယဉ် JK စကတ်တိုနဲ့ ဂါဝန်ဖြစ်ပါသည်။

လင်းဖန်ရှေ့မှာ JK စကတ်တိုလေးနဲ့ ပေါ်လာ၏။

အပြစ်ကင်းပြီး နူးညံ့ပြီးသား စုမူချင်းက ထိုဂါဝန်ကို ဝန်ပြီးသည့်အခါ အထက်တန်းကျောင်းသူတစ်ယောက်နဲ့ ပိုပြီးတောင် တူသွားပါသေးသည်။

ရိုးရှင်းပြီး လှပ၏။

သူမရဲ့ ခြေတံသွယ်သွယ်လေးတွေကလည်း ပိုပြီး စွဲမက်ဖွယ်ကောင်းပါသည်။

လင်းဖန် စုမူချင်းကို မြင်သောအခါ အံ့သြသွားရ၏။ ထို့နောက် တောက်ပစွာ ပြုံးလိုက်ပါသည်။

သူ့လက်ထောက် စုမူချင်းက တကယ့်ကို ကြည့်ကောင်းလွန်းပါသည်။

အလွန်ကောင်းမွန်ပါသည်။ သူမက ကြယ်ပွင့် တစ်ပွင့်ရာထူးရဖို့ လုံးဝ အရည်အချင်း ပြည့်မှီပါသည်။

လင်းဖန်က စုမူချင်းကို ရိုးရိုးသားသား လေးစားခြင်းဖြစ်ပြီး တခြား မကောင်းတဲ့ အတွေးမရှိပါ။

စုမူချင်းနဲ့ လင်းခဲ့ရှင်းတို့မှာ ခြေတံသွယ်သွယ်လေးတွေရှိနေရင်တောင် လင်းဖန်က အသားကျနေပြီးသားဖြစ်သည်။

အိမ်မှာ စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့က အလှပဆုံး ရှိနေပါသည်။

ဒီလိုလှပတဲ့ ကောင်မလေးမျိုး ပိုင်ဆိုင်ထားရသဖြင့် လင်းဖန် အပြင်က မိန််းကလေးတွေကို မြင်သည့်အခါ ဘာမှ မခံစားရပေ။

စုမူချင်းကြောင့် လင်းဖန် ဖြစ်ပေါ်လာသည့် ခံစားချက်က အံ့အားသင့်မှု ဖြစ်သည်။

သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်၊ အရိုး တည်ဆောက်ပုံ၊ အရှိန်အဝါတို့က သူမကို ထိုအဝတ်အစားများဖြင့် လှပသွားစေသည်။

လင်းဖန်သာ စုမူချင်းနဲ့ အပြင်မှာ အလုပ်လုပ်ဖို့ ထွက်လာပါက လင်းဖန် ဖောက်ပြန်နေသည်ဟု သူများတွေ ထင်သွားနိုင်သည်။

စုမူချင်းက လူပေါင်းများစွာရဲ့ ရင်ထဲမှာ နတ်သမီးလေးလို ဖြစ်နေပါသည်။

သူမရဲ့ နက်မှောင်ရှည်လျားတဲ့ ဆံနွယ်များ၊ နူးညံ့ပြီး အပြစ်ကင်းစင်တဲ့ ပုံစံတိုက လူပေါင်းများစွာရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ပါသည်။

“ဘော့စ်လင်း ကျွန်မ လဲလိုက်ပြီ” စုမူချင်းက လင်းဖန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် ပြုံးလိုက်ပါသည်။

ဘာပဲဖြစ်ဖြစ် သူမက စုရှောင်းယွီနဲ့ မတူပေ။ စုရှောင်းယွီသာဆို လင်းဖန်ရှေ့မှာ အခု လှည့်ပတ်ပြနေပါပြီ။

ကံမကောင်းစွာဖြင့် ရှားဝမ်ချွေ့သာဆို ဒီလို ဝတ်စုံနဲ့ ဘယ်လိုပုံစံဖြစ်မလဲ လင်းဖန် မသိရတော့ပါ။

ရှားဝမ်ချွေ့ကို အထက်တန်းကျောင်းကတည်းက ရင်းနှီးခဲ့ပြီး သူမနဲ့ ဆက်ဆံရေးလည်း ကောင်းပါသည်။

သို့သော်လည်း အထက်တန်းကျောင်းတွေရဲ့ စည်းကမ်းကို လူတိုင်းသိကြသည်။ ပုံမှန်ဆို ကျောင်းယူနီဖောင်းကိုသာ ဝတ်ရပြီး ထူးထူးဆန်းဆန်း အဝတ်အစားများ မဝတ်အောင် တားမြစ်ထားပါသည်။

အိမ်မှာ ရှားဝမ်ချွေ့သာ ဒီလိုဝတ်ဆင်ထားတာကို သူတွေ့မိပါက…

သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

သူ့အာရုံထဲတွင် ပုံရိပ်တစ်ခုပေါ်လာ၏။ ရှားဝမ်ချွေ့က သူ့အချစ်ဦးပဲ ဖြစ်ပါသည်။

သူမသာ ဒီအဝတ်အစားများကို ဝတ်လိုက်ပါက လင်းဖန် တကယ် စိတ်မထိန်းနိုင်လောက်ပါ။

All Chapters