ရှားဝမ်ချွေ့က သူ့ကောင်မလေး
Vol. 21 Ch. 310
ဗီလာကို ပြန်ရောက်လာသောအခါ လင်းဖန် အဝတ်အစားတွေ အများကြီး ပြန်ပါလာ၏။
တချို့အဝတ်အစားများက ဆပ်စပန်ဒါများ၊ တချို့က မီနီစကတ်များ၊ တချို့က ဘောင်းဘီတိုများ၊ တချို့က အလွန်လှပသည့် လက်တို အင်္ကျီများ ဖြစ်၏။ အဝတ်အစား အားလုံးက အလွန်လှပသည်။
လှလှပပ ညအိပ်ဝတ်စုံတွေလည်း ပါပါသည်။
သူ့မြင်ကွင်းထဲဝင်လာတာ ခြေတံသွယ်သွယ်တစ်စုံ၊ မျက်နှာပေါင်းတင်ထားသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။
ထိုမိန်းကလေးက ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး လင်းဖန်ကို လှလှပပ မျက်လုံးတစ်စုံဖြင့် ကြည့်နေ၏။
“မြောင်မြောင်” ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်သည်။ Mask တစ်ခု အုပ်ရင်း ချစ်ဖို့ကောင်းသည့် အပြုအမူလေးများ လုပ်ပြလိုက်ပါသည်။
“ငါပြန်လာပြီ” လင်းဖန်ပြုံးလိုက်၏။
“မြောင်” ရှားဝမ်ချွေ့က ထပ်မေးလိုက်သည်။
“ဟုတ်တယ်။ ဒီနေ့ အပြင်ကနေ အဝတ်အစားတွေအများကြီး ဝယ်လာတာ။ လင်းခဲ့ရှင်း၊ စုမူချင်း၊ ရန်ရန်လေးတို့ကိုပါ ခေါ်သွားတာ။ တခြားမိန်းကလေးတွေနဲ့ မရောပါဘူး” လင်းဖန် ဝန်ခံလိုက်ပါသည်။
“သြော်…” ရှားဝမ်ချွေ့ ပြောလိုက်၏။
သူမ အဝတ်အစားအကြောင်း ကြားသည့်အခါ သူမရဲ့ မျက်လုံးလှလှလေးများ အရောင် လက်သွားပြီး သူမဖုန်းထဲက Alipay ကို ခါပြလိုက်ပါသည်။
“ငါ့မှာ ပိုက်ဆံ လုံလုံလောက်လောက် ရှိပါတယ်။ အဝတ်အစားအတွက် ၁ သန်းကျော်လောက်ပဲ သုံးခဲ့ရတယ်။ ယွမ်ချမ့်ဆီက ပိုက်ဆံချေးခဲ့တာလေ” လင်းဖန် ပြောလိုက်၏။
ရှားဝမ်ချွေ့ရဲ့ ဆိုလိုရင်းကို နားလည်ဖို့ စကားပြောဖို့တောင် မလိုပါ။
ရှားဝမ်ချွေ့က လင်းဖန်ရဲ့ ဖုန်းကို ယူလိုက်ပြီး ဘဏ်အကောင့်က ပို့ထားသည့် မက်ဆေ့ကို ကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့ ချက်ချင်းပဲ ယွမ်ချမ့်ကို သန်း ၅၀ ပြန်လွှဲပေးလိုက်၏။
ရှားဝမ်ချွေ့ ငွေလွှဲပြီးသွားသောအခါ Mask ကို ချွတ်လိုက်ပြီး လှပသည့် မျက်နှာလေးက ပေါ်လာခဲ့ပါသည်။
လင်းဖန် ဒါကို မြင်လိုက်ရတော့ ပိုပြီး အံ့သြသွားရ၏။
ဘာလို့ ရှားဝမ်ချွေ့က… ဒီလောက် လှပရတာလဲ။
ချစ်ဖို့ကောင်းတယ်ဆိုတာ ဆွဲဆောင်မှုတွေရှေ့မှာ အသုံးမဝင်ဘူးဟု ပြောလေ့ရှိကြသည်။ သို့သော်လည်း ဒီကောင်မလေးက တစ်ခါတစ်လေ ချစ်ဖို့လည်းကောင်း တစ်ခါတစ်လေ ဆွဲဆောင်မှုလည်း ရှိသဖြင့် ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။
ရှားဝမ်ချွေ့ရဲ့ ကိုယ်လုံးကိုယ်ပေါက်က အချိုးအစား မှန်ကန်သည်။ ထွားသင့်တဲ့ နေရာတွေလည်း ထွားပါသည်။ ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ။
အရေးအကြီးဆုံးက လင်းဖန် ယွမ် သန်း ၅၀ ချေးခဲ့ပြီး ရှားဝမ်ချွေ့က သူ့အတွက် ငွေတွေ အားလုံးကို ပြန်ဆပ်ပေးခဲ့သည်။
ဒီလိုကောင်မလေးမျိုးသာ အနားမှာ ရှိပါက ဘယ်သူက စိတ်ထိန်းနိုင်မှာလဲ။
“ငါ့အတွက် ပြန်ဆပ်ပေးစရာမလိုပါဘူး။ ရက်ပိုင်းလောက်နေရင် သူ့ကို ပြန်ဆပ်ဖို့ ငါ့မှာ လုံလုံလောက်လောက် ပြန်ရမှာပါ” လင်းဖန်က ပြုံးကာ ရှေ့တိုးလာပြီး ရှားဝမ်ချွေ့လက်ကို ကိုင်ထားလိုက်ပါသည်။
“ဘာပဲဖြစ်ဖြစ် ငါ့ပိုက်ဆံက နင့်ပိုက်ဆံပဲလေ~။ နင်လိုချင်ရင် ငါပေးမယ်~” ရှားဝမ်ချွေ့က ပြောလိုက်သည်။
သူမရဲ့ နှုတ်ခမ်းနီနီလေးက အနည်းငယ် စူသွားသည်။ လင်းဖန်က သူမလက်ကို ကိုင်ထားသဖြင့် သူမ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပါသည်။
လင်းဖန်နဲ့ အချိန်အကြာကြီး အတူတူရှိနေခဲ့သော်လည်း သူတို့ လက်ကိုင်သည့်အခါ ရှားဝမ်ချွေ့ ရှက်သွေးဖြာဆဲ ဖြစ်ပါသည်။
ထို့ကြောင့်လည်း လင်းဖန် သူ့တစ်နေ့တာ မစ်ရှင်ကို အောင်မြင်ဖို့ အခက်တွေ့နေခြင်း ဖြစ်၏။
ရှားဝမ်ချွေ့က ဒီလောက် ဣန္ဒြေရှိတဲ့ ကောင်မလေး ဖြစ်သည်။ လင်းဖန် လက်ကို ကိုင်ထားရတာတောင် ရှက်သွေးဖြာနေပါပြီ။ လင်းဖန်က ရှားဝမ်ချွေ့ ရင်ဘတ်ကို ၃၀ စက္ကန့်လောက်် ကိုင်ထားရမည်။ ဘယ်သူမှ လက်ခံမှာမဟုတ်ပါ။
ခွေးမလေးကတော့ ခြွင်းချက်ဖြစ်နိုင်၏။ သို့သော် လင်းဖန်နဲ့ စုရှောင်းယွီတို့က စုံတွဲ မဟုတ်ကြပေ။
“ဟုတ်ပြီ။ နင့်ပိုက်ဆံ အကုန်လုံး ငါ့ကိုပဲ” လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
“ဒီမှာ ခဏလောက်စောင့်ဦး။ ဘဏ်ကို ဆက်သွယ်ပြီး နင့်ဆီ ငွေလွှဲပေးမယ်~~”
“ဒါမှမဟုတ် နင့်ကိုငါ ဒီဘဏ်ကတ်ပဲ ပေးလိုက်တော့မယ်” ရှားဝမ်ချွေ့က သူမ အိတ်ထဲက ဘဏ်ကတ်ကို ရှာရင်း ပြောလိုက်ပါသည်။
လင်းဖန်က ဒီတိုင်း နောက်တာ ဖြစ်သော်လည်း ရှားဝမ်ချွေ့က သူ့ကို တကယ်ပေးဖို့ ကြိုးစားလိမ့်မည်ဟု မထင်ခဲ့ပါ။
“နင့်ပိုက်ဆံတွေအကုန်လုံး ငါ့ကိုပေးလိုက်ရင် ငါတို့ရဲ့ ၆ လတာ အလောင်းအစားကို ငါနိုင်သွားမှာ မဟုတ်ဘူးလား။ အခုချိန်ကစပြီး ငါအထက်စီးက ဖြစ်သွားမှာနော်” လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
ရှားဝမ်ချွေ့ ပိုပြီး ရှက်သွေးဖြာသွားသည်။
“တကယ်တော့… နင်နေချင်တဲ့နေရာမှာ နေလို့ရပါတယ်”
လင်းဖန် “...”
လင်းဖန် ချက်ချင်းပဲ ရှားဝမ်ချွေ့ကို သတို့သမီးလို ပွေ့ချီပြီး အခန်းထဲဝင်သွားပါသည်။
လင်းဖန်က သူတော်စင် မဟုတ်ပါ။ သူတော်စင်တစ်ယောက်တောင် ဒီလောက် စိတ်ထိန်းနိုင်မှာ မဟုတ်ပါ။
ဒီလို ချစ်စရာ ကောင်မလေး တစ်ယောက်က ဒီလို ဆွဲဆောင်မှုရှိတဲ့ စကားလုံးမျိုးတွေ ပြောနေသည်။
ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပြီး ပြောလိုက်သည်။ “ငါ့ကို အောက်ချစမ်း လင်းဖန်”
လင်းဖန်က ပြန်ပြော၏။ “မချဘူး။ နင့်ကို ဒီနေ့ ဒီနေရာမှာပဲ သတ်တော့မှာ”
ရှားဝမ်ချွေ့က ပြောလိုက်၏။ “နှာဘူးကောင်”
ရှားဝမ်ချွေ့ကို သူမ အခန်းထဲ ပြန်ခေါ်သွားပြီးနောက် ဆိုဖာပေါ် ချပေးလိုက်ပါသည်။
ရှားဝမ်ချွေ့ကို ကြည့်ပြီး သူမကို ဒီလို မကြည့်ရက်ပါ။
ခဏနေ သူရေချိုးရတော့မည့်ပုံပင်။
“နင်နဲ့ ရှောင်းယွီတို့အတွက် အဝတ်အစားတွေ အများကြီး ဝယ်လာတယ်။ နင်ကြိုက်တဲ့ အဝတ်အစားတချို့ ဝတ်ကြည့်လေ” လင်းဖန် ပြောလိုက်သည်။
“ဟင် အိုကေလေ” ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်သည်။
“နင့်ကိုဓာတ်ပုံရိုက်ဖို့ DSLR တစ်လုံးတောင် ဝယ်လာသေးတယ်” လင်းဖန်က ပြုံးလိုက်၏။ သူ ဒီဓာတ်ပုံတွေကို တန်ဖိုးထားရပါမည်။
ဗီလာထဲ အဝတ်အစားတွေ အများကြီး ယူလာပြီးနောက် ရှားဝမ်ချွေ့ အဝတ်အစား သွားလဲလိုက်ပါသည်။
လင်းဖန် DSLR ကိုလေ့လာကြည့်ပြီးနောက် ရှားဝမ်ချွေ့ ထွက်လာခဲ့၏။
ရှားဝမ်ချွေ့က စကတ်ထောင့်လေးများတွင် လုံးဝ အထင်းသား လှပစေသော ဆပ်စပန်ဒါ တစ်ခုကို ဝတ်ဆင်ထားသည်။
သူမရဲ့ မျက်နှာလှလှ၊ ခြေတံသွယ်သွယ်၊ ပခုံးဖြူဖြူလေးများနဲ့အတူ ရှက်သွေးဖြာရင်း သူမထွက်လာခဲ့၏။ သူမ လက်ကို စုလိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားနေသည့် ပုံစံပင်။
အမြဲတမ်း ဣန္ဒြေရှိရှိ နေခဲ့သည့် ရှားဝမ်ချွေ့က ဒီလိုအဝတ်အစားမျိုးတွေ တစ်ခါမှ မဝတ်ဖူးပါ။
သူမ ဆပ်စပန်ဒါလည်း မဝတ်ဖူးသလို Tube Dress တွေလည်း မဝတ်ဖူးပါ။
“လှရဲ့လား” ရှားဝမ်ချွေ့က မေးလိုက်သည်။
“အင်း လှတယ်။ ဟိုဘက်လှည့်ပါဦး” လင်းဖန်က ပြုံးလိုက်သည်။
တန်ဖိုးကြီး ဗီလာကြီးထဲတွင် ရှားဝမ်ချွေ့က အဝါရောင်ဖျော့ဖျော့ ဆပ်စပန်ဒါတစ်ထည်ကို ဝတ်ဆင်ထား၏။ လှပသည့် မီးအလင်းရောင်များအောက်တွင် သူမ နူးညံ့စွာ လှည့်ပြလိုက်ပါသည်။
ထိုမြင်ကွင်းအား လင်းဖန် လက်ထဲက ကင်မရာဖြင့် မှတ်တမ်းယူထား၏။
မြင်ကွင်းတစ်ခုလုံး ရပ်တန့်သွားသည်။ ထိုဓာတ်ပုံကိုကြည့်ပြီး လင်းဖန် တံတွေးမျိုချမိပါသည်။
သူမရဲ့ ခြေတံများ၊ သူမရဲ့ ခါးလေး၊ သူမရဲ့ ခန္ဓာကိုယ်…
ဓာတ်ပုံတစ်ဖျပ်ဖျပ် ရိုက်ရင်း ရှားဝမ်ချွေ့ကလည်း အဝတ်အစား ၁၀ ကြိမ်တိတိ လဲခဲ့ပါသည်။
တစ်ကြိမ်စီတွင် မတူညီတဲ့ စတိုင်မျိုး ဝတ်ဆင်ထား၏။
စုမူချင်းသာ ဟိုဘက်က တက္ကသိုလ် Queen လောက် ဖြူစင်သည့်ပုံစံပေါက်လျှင် ရှားဝမ်ချွေ့က အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းသည်။
ထို့အပြင် ရှားဝမ်ချွေ့က ပို၍ပင် လှပေသေးသည်။
အားလုံးက အလှအပများ ဖြစ်၏။ သို့သော်လည်း လင်းဖန်အမြင်မှာတော့ ပုံစံ ခြားနားမှုရှိပါသည်။
ရှားဝမ်ချွေ့က အမှတ် ၁၀၀ အပြည့်ဖြစ်ပြီး စုရှောင်းယွီက ၉၉ မှတ်လောက် ရနိုင်သည်။
သူမရဲ့ ဓာတ်ပုံတွေ အားလုံးကို ရိုက်ပြီးသောအခါ ရှားဝမ်ချွေ့ ပင်ပန်းသွားပါသည်။
သူမ ၁၀ ကြိမ်လောက် အဝတ်အစား လဲခဲ့ရ၏။
မိန်းကလေးတွေက လှပပြီးသားဆို ဘာဝတ်ဝတ် ကြည့်ကောင်းပါသည်။
ညစာစားပြီးနောက် လင်းဖန် သူ့လက်ဖဝါးကို ရှားဝမ်ချွေ့ ပခုံးပေါ် သိမ်မွေ့စွာ တင်လျက် ပြောလိုက်ပါသည်။ “ငါဖျော်ဖြေရေး ကုမ္ပဏီတစ်ခု တည်ထောင်ချင်လို့။”
“ဟင်” ရှားဝမ်ချွေ့က ခေါင်းစောင်းလိုက်ပြီး လင်းဖန်ကို ကြည့်လိုက်ပါသည်။
“အဲ့တော့ ရှားမိသားစုရဲ့အကြီးဆုံးသမီး ရှားဝမ်ချွေ့ကို ငါ့ရဲ့အနုပညာရှင်လေးလုပ်ဖို့ တရားဝင် ဖိတ်ကြားပါတယ်~~”
“အနာဂတ်ကျရင် နင့်ရဲ့ လုပ်ငန်းအားလုံးကို ငါစီစဉ်ပေးမယ်။ သခင်မလေး ရှားဝမ်ချွေ့ စူပါစတား ဖြစ်လာစေရမယ်လို့ အာမခံပါတယ်” လင်းဖန် ပြုံးပြလိုက်ပါသည်။
ရှားဝမ်ချွေ့က လင်းဖန်ကို ပြုံးကာ ကြည့်လိုက်သည်။ “ယွဲ့ဟွာနဲ့လည်း တစ်လဆို စာချုပ်သက်တမ်းကုန်တော့မယ်။ အဲ့ကျရင် ငါနင့်အနုပညာရှင်ပဲ လုပ်တော့မယ်~~~”
လင်းဖန်က စာချုပ်တစ်ခု ထုတ်ကာ ရှားဝမ်ချွေ့ ရှေ့မှာ ချပေးလိုက်ပါသည်။ “မိန်းမ ငါလက်မှတ်ထိုးပြီးသွားပြီ။ နင့်ကိုပဲ စောင့်နေတာ”
ရှားဝမ်ချွေ့က စာချုပ်ကို ကြည့်တောင် ကြည့်မနေတော့ဘဲ နာမည် လက်မှတ်ထိုးလိုက်ပါသည်။
ဒီစာချုပ်က ၁ လကြာသည့်အခါ တရားဝင် အာနိသင်ရှိသွားပါလိမ့်မည်။
လင်းဖန် စာချုပ်ကို သိမ်းလိုက်ပြီးနောက် ရှားဝမ်ချွေ့ကို ကြည့်ကာ ပြုံးပြလိုက်ပါသည်။ “ရှားဝမ်ချွေ့ နင်က အခု ငါ့အနုပညာရှင် ဖြစ််သွားပြီ။ ငါက နင့်ဘော့စ်ဖြစ်သွားပြီ။ ဖျော်ဖြေရေးလောကထဲက ဘော့စ်တွေ တော်တော်များများ ဘာလုပ်တတ်လဲဆိုတာ နင်သိပါတယ်”
ရှားဝမ်ချွေ့က လင်းဖန်ကို မျက်လုံးလှလှ လေးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ “နင်ဘာလုပ်မလို့လဲ”
လင်းဖန်ပြုံးလိုက်သည်။ “ရှားဝမ်ချွေ့ ငါ အနုပညာလောကရဲ့ ပြောမကောင်းတဲ့ အရာတွေ လုပ်တော့မယ်။ နင်သဘောမတူရင် နင့်ကို ထုတ်ပစ်မှာနော်”
ရှားဝမ်ချွေ့ လှည့်ကာ ထွက်ပြေးသွားသည်။ “ဟွန်း သေလိုက်လေ”
“ဘယ်ပြေးမလို့လဲ” လင်းဖန် အထက်တန်း ကျောင်းတုန်းကလိုမျိုး ရှားဝမ်ချွေ့နောက်ကို လိုက်ဖမ်းလေသည်။
သူ့လက်အောက်က အနုပညာရှင်တိုင်းနဲ့ အိပ်ဖို့ တကယ် ရွေးချယ်လို့ ရပါသည်။
ရှားဝမ်ချွေ့အပါအဝင်ဖြစ်သည်။ သို့သော် လင်းဖန် လုံးဝ မလိုအပ်ပါ။
ဒီလိုအရာမျိုးကိုလည်း မလုပ်နိုင်ပါ။
အဘယ့်ကြောင့်ဆိုသော် ရှားဝမ်ချွေ့က သူ့ကောင်မလေး ဖြစ်နေတာကြောင့်ပင်။