← Chapters

စုရှောင်းယွီရဲ့ မေးခွန်းများ

Vol. 21 Ch. 311

စုရှောင်းယွီရဲ့ မေးခွန်းများ

Vol. 21 Ch. 311

နောက်တစ်နေ့…

ရှားဝမ်ချွေ့ အလုပ်ရှိသဖြင့် အိပ်ယာ စောစော ထခဲ့ပါသည်။

သူမ အန်ဒိုစာ နောက်တစ်ခု လက်ခံခဲ့၏။ ဘရန်းကလည်း ကောင်းမွန်ပါသည်။

ယွဲ့ဟွာက သူမအတွက် အလုပ်တချို့ စီစဉ်ပေးနေဆဲ ဖြစ်သည်။ သူမက ယွဲ့ဟွာအုပ်စု၏ အနုပညာရှင်ဖြစ်နေဆဲ ဖြစ်သဖြင့် သူမ အန်ဒိုစာတချို့ လက်ခံရပါသေးသည်။

သို့သော် လင်းဖန်လည်း ဒီအန်ဒိုစာကို သဘောတူပေးခဲ့ပါသည်။

ဒီနေ့ လင်းဖန် တစ်ခုခုကြီးမားတာ လုပ်တော့မည်။

ကောင်မလေးများကို အန်ဒိုစာ ရိုက်ကူးဖို့ ခေါ်သွားမည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

မနက်ခင်း ၈ နာရီအချိန်တွင်…

လင်းဖန်နဲ့ စုရှောင်းယွီတို့ပဲ အိမ်မှာ ရှိနေပါသည်။

တကယ်တော့ စုရှောင်းယွီက အိပ်နေဆဲ ဖြစ်၏။

၈ နာရီခွဲကျော်မှ စုရှောင်းယွီ နိုးလာပါသည်။

မျက်နှာသစ်ပြီးနောက် အဝတ်အစား လဲလိုက်ပြီး သူမ အိတ်ကို ယူကာ လင်းဖန် ရှေ့တွင် မတ်တပ်ရပ်လိုက်သည်။

စုရှောင်းယွီလည်း ဒီနေ့ဆပ်စပန်ဒါ တစ်ထည် ဝတ်ထားပြီး စကတ်ကလည်း အလွန် တိုလွန်းပါသည်။

မမြင်အပ်သည့် နေရာများကို ဖုံးထားနိုင်သလို ကျန်နေရာတွေကလည်း မြင်တဝက် မမြင်တဝက် ဖြစ်သည်။

“ဆရာရေ သွားကြစို့” စုရှောင်းယွီက လင်းဖန်ကို ကြည်ပြီး ပြောလိုက်ပါသည်။

သူမ ပခုံးများက အလွန်လှပပြီး သူမရဲ့ ညှပ်ရိုးက အလွန်ထင်ရှားသည်။ သူမက အစားပုပ်သော်လည်း ကိုယ်လုံးကိုယ်ပေါက်ကို ထိန်းသိမ်းနိုင်ပါသည်။

စုရှောင်းယွီ၏ ပခုံးနဲ့ ခြေတံသွယ်သွယ်များကို ကြည့်ရင်း လင်းဖန် နားလည်ရခက်သည့် ခံစားချက်တစ်ခုဖြစ်ပေါ်လာသည်။

ဒါက သာမန်မိန်းကလေးတွေ အပြင်ထွက်တဲ့ ပုံစံမျိုး ဖြစ်သော်လည်း အထူးသဖြင့် နွေရာသီတွင် လမ်းမတွေပေါ်မှာ ခြေတံသွယ်သွယ်၊ ဘောင်းဘီတိုလေးများနဲ့ ပြည့်နှက်နေလေ့ရှိသည်။

“ဆရာ ဘာတွေကြည့်နေတာလဲ” စုရှောင်းယွီက မေးလိုက်၏။ အပြစ်ကင်းစင်သည့် မျက်နှာမျိုးဖြင့် လင်းဖန်ကို ကြည့်လိုက်ပြီး လင်းဖန်နဲ့ အရပ်တိုင်းကြည့်ဖို့ ခြေဖျား ထောက်လိုက်ပါသည်။ သူမ လုံးဝ ယှဉ်လို့ မရမှန်း သိလိုက်ရ၏။

“လာ မှန်ထဲ ကြည့်ကြည့်ပါဦး” လင်းဖန် စုရှောင်းယွီကို မှန်ရှေ့ခေါ်သွားပါသည်။

“နင့်ပခုံးနဲ့ ခြေထောက်တွေကို ကြည့်ဦး။ နင့်စကတ်က တိုလွန်းလို့ ပေါင်ရင်းနားကို ရောက်နေပြီ။ ငါတို့ ဒီလိုပုံစံနဲ့ အပြင်သွားလို့ ရမလား” လင်းဖန်က စုရှောင်းယွီကို ကြည့်ကာ ပြောလိုက်သည်။

“ဆရာ ကောင်မလေးတွေ အကုန်လုံးက ဒီတိုင်းပဲ ဝတ်စားပြီး အပြင်ထွက်ကြတာပဲကို” စုရှောင်းယွီက လျှာထုတ်လိုက်သည်။

“ဒီ့ထက် ပိုမိုက်တဲ့ အဝတ်အစားတွေ ဝတ်တဲ့ ဆယ်လီတွေတောင် အများကြီး ရှိတယ်လေ”

“အပြင်မှာ တခြားမိန်းကလေးတွေ ဘယ်လို ဝတ်ဝတ် ဂရုမစိုက်ဘူး။ နင်ဒီလို ဝတ်ထားရင်တော့ နင့်ကို အပြင်ခေါ်မသွားနိုင်ဘူး” လင်းဖန် ပြောလိုက်ပါသည်။

လင်းဖန် ဒီလိုပြောတာကို ကြားလိုက်ရသောအခါ စုရှောင်းယွီ ဘာကြောင့်မှန်းမသိဘဲ ပျော်ရွှင်သွား၏။

တခြားဘယ်လိုယောက်ျားမျိုးကမဆို သူမကို ဒီ့ထက်ပိုတိုတဲ့ စကတ်မျိုး ဝတ်ဖို့သာ ဆုတောင်းကြလိမ့်မည်။

သို့သော်လည်း လင်းဖန်က ခြားနားပါသည်။ လင်းဖန်က သူမအတွက် ဂရုစိုက်သဖြင့် ဒီလို ပြောခဲ့ခြင်းဖြစ်သည်။

“ဒါဆို နင်မြင်ချင်တဲ့အတိုင်း ဝတ်ပေးမယ်လေ~” စုရှောင်းယွီက မော့ကြည့်ရင်း ပြုံးကာ ပြောလိုက်သည်။

“ဆပ်စပန်ဒါတွေ ဝတ်လို့မရဘူး။ အိမ်မှာပဲ အဲ့လိုဟာတွေ ဝတ်ရမယ်” လင်းဖန် ပြောလိုက်၏။

“ပြီးတော့ ဒီမီနီစကတ်က တိုလွန်းနေတယ်။ အပြင်ဘက်က မီဒီယာတွေက ကောင်မလေးတွေ စကတ်အောက်ကိုပဲ ဓာတ်ပုံရိုက်ဖို့ ချောင်းနေကြတာ သိရဲ့လား” လင်းဖန် ထပ်ပြောလိုက်ပါသည်။

“ဆရာ နင်ငါ့ကို သဘောကျလား” စုရှောင်းယွီက မျက်တောင်ခတ်လိုက်ပြီး လင်းဖန်နားကို ခပ်ပါးပါး အပြုံးဖြင့် တိုးလိုက်ပါသည်။

သူ့ရှေ့က ကောင်မလေးကို ကြည့်ပြီး လင်းဖန် နားလည်ရခက်သည့် ခံစားချက်မျိုး ဖြစ်ပေါ်လာသည်။

ရှားဝမ်ချွေ့က ပုံမှန်ဆို အလွန်ရှက်တတ်ပြီး ဒီလို အဝတ်အစားတိုတိုမျိုးတွေ ဘယ်တော့မှ ဝတ်မှာ မဟုတ်ပါ။

စုရှောင်းယွီနဲ့ ရှားဝမ်ချွေ့တို့ရဲ့ စရိုက်တွေက လုံးဝ ခြားနားပါသည်။

သူသာ စုရှောင်းယွီကို လက်ခံလိုက်ပါက သူမကို အခွင့်အရေးယူနိုင်မည်ဟု လင်းဖန် ခံစားမိသည်။

ထို့အပြင် စုရှောင်းယွီကလည်း ငြင်းဆန်မှာ မဟုတ်ပါ။

သို့သော် လင်းဖန် ဒီလိုအရာမျိုး ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ။

သူ့မှာ ရှားဝမ်ချွေ့ ရှိနေပြီးသားဖြစ်ပါသည်။

ရှားဝမ်ချွေ့ အလုပ်သွားနေတုန်း ရှောင်းယွီကို အခွင့်အရေးယူလို့ ဖြစ်ပါ့မလား။

ဒီလိုလုပ်ရင် သူ့ကိုယ်သူ လူလို့တောင် ခေါ်လို့ ရပါဦးမလား။

ထို့အပြင် ဒီလိုအရာမျိုးကို ပထမဆုံးအကြိမ် လုပ်မိလိုက်လျှင်် ဒုတိယအကြိမ်၊ တတိယအကြိမ်တွေပါ ဆက်ရှိလာနိုင်သည်။ အဆုံးသတ်မှာ မဟုတ်တော့ပါ။

စက္ကန့်အနည်းငယ်လောက် ကြာပြီးနောက် လင်းဖန်က စုရှောင်းယွီကို ခေါင်းခေါက်လိုက်ပြီး ပြောလိုက်ပါသည်။ “နင်ဘာတွေ လာတွေးနေတာလဲ”

စုရှောင်းယွီက သူမခေါင်းကို ကိုင်လိုက်ပါသည်။ “နာတယ် ဆရာရဲ့။ ငါ့ကို အနိုင်ကျင့်နေတာလား”

လင်းဖန် စုရှောင်းယွီကို ကြည့်ကာ ပြောလိုက်ပါသည်။ “ဟုတ်ပြီ အဝတ်အစား သွားလဲတော့”

ဒီတစ်ခေါက် စုရှောင်းယွီက သူမရဲ့ ချစ်စရာ အင်္ကျီလက်တိုနဲ့ ဘောင်းဘီတိုတို့ကို ဝတ်လာပါသည်။

လင်းဖန်က ဘောင်းဘီတိုကြောင့် မျက်မှောင် ကြုတ်သွားသော်လည်း ဘာမှ မပြောတော့ပါ။

စုရှောင်းယွီကို အဒေါ်ကြီးတစ်ယောက်လို ဝတ်စေပြီး အပြင်ခေါ်သွားလို့တော့ မဖြစ်ဘူး မဟုတ်လား။ ဒီလိုဆိုလည်း အဆင်ပြေမှာ မဟုတ်ပါ။

စက်တင်ဘာလပိုင်းသာ ရှိသေးသဖြင့် ရှန်ဟိုင်းမြို့ရှိ ရာသီဥတုက အလွန်ပူပြင်းနေပါသည်။ ဒီလိုအဝတ်အစားမျိုး ဝတ်တာတော့ ပုံမှန်ပင်။

“ဂိုထောင်ထဲက ကားထုတ်ဖို့ ခဏစောင့်ဦး” လင်းဖန် ပြောလိုက်သည်။

စုရှောင်းယွီက ချိုမြိန်စွာ ပြုံးလိုက်ပြီး လင်းဖန်၏ နောက်ကျောကို ငေးကြည့်နေမိသည်။

ထို့နောက် လင်းဖန်က လင်းခဲ့ရှင်း၊ စုမူချင်းနဲ့ ထန်ရှင်းရန်တို့ကိုပါ သွားခေါ်လိုက်ပါသည်။

သူတို့ Estee Lauder ကို ရောက်တော့ ကုမ္ပဏီကလူတွေ အကုန်လုံး အံ့အားသင့်သွားကြသည်။

အထူးသဖြင့် လင်းခဲ့ရှင်းနဲ့ စုရှောင်းယွီတို့ကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ဒီကောင်မလေး နှစ်ယောက်က အလွန် လှပလွန်းပါသည်။

“အန်ဒိုစာ ကောင်းကောင်းရိုက်ကြနော်။ ငါစောင့်ကြည့်နေမယ်။ လိုတာရှိရင် ခေါ်လိုက်” လင်းဖန်က ပြုံးကာ ကောင်မလေးများကို ကြည့်လိုက်ပါသည်။

ကောင်မလေးများ အန်ဒိုစာရိုက်ကူးနေတုန်း လင်းဖန် ဖုန်းဖွင့်လိုက်၏။

Estee Lauder မှ အန်ဒိုစာကြေးတွေလည်း သူ့ဘဏ်အကောင့်ထဲကို ဝင်လာပါပြီ။

စုရှောင်းယွီ သန်း ၃၀။

လင်းခဲ့ရှင်း သန်း ၃၀။

ထန်ရှင်းရန် ၁၅ သန်း။

စုစုပေါင်း ၇၅ သန်းဖြစ်သည်။

လင်းဖန်က သန်း ၆၀ ရရှိနိုင်ပါသည်။

ဒါက ဘော့စ်တစ်ယောက်ဖြစ်ရခြင်း၏ အားသာချက်ဖြစ်သည်။ ဒီမိန်းကလေး အနုပညာရှင်များကို စာချုပ်ချုပ်ဆိုပြီးနောက် သူတို့ကို ရင်းမြစ်များရှာပေးရမည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေသော အခြေအနေ ဖြစ်ပါသည်။

မိန်းကလေး အနုပညာရှင်တွေလည်း နာမည်ရ၊ လင်းဖန်လည်း ပိုက်ဆံရနိုင်သည်။

ထို့ကြောင့် လင်းဖန်တစ်ယောက် ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုကို တည်ထောင်ဖို့ ပိုပြီး စိတ်ဆုံးဖြတ်လိုက်မိပါသည်။

လင်းဖန်က ငွေတွေကို လင်းခဲ့ရှင်းနဲ့ စုရှောင်းယွီတို့အား ပေးလိုက်ပါသည်။

ထန်ရှင်းရန်ရဲ့ ငွေကိုလည်း သူမအတွက် ဘဏ်ကတ်တစ်ခုထဲ ထည့်သွင်းပေးထားသည်။ သူမ အသက် ၁၈ နှစ်ပြည့်သည့်အခါ သူမကို ထုတ်ပေးနိုင်ပါသည်။

သူ အလုပ်ရှုပ်နေတုန်း ယွမ်ချမ့်က ဖုန်းဆက်လာ၏။

“ညီလေးလင်း မင်းအတွက် ကုမ္ပဏီတစ်ခု တွေ့ထားတယ်။ အဲ့ဒီကုမ္ပဏီက ဧရိယာ ၆,၀၀၀ စတုရန်းမီတာ ကျယ်ပြီး အများအားဖြင့်တော့ ပြန်ပြုပြင်ထားပြီးသားပဲ။ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုအဖြစ် ဖန်တီးဖို့ အရမ်းသင့်တော်တယ်။ ဒါပေမယ့် မူလ ပိုင်ရှင်က ငွေရေးကြေးရေး အခက်အခဲကြောင့် ပြန်ပြုပြင်တာတွေကို ဆက်မလုပ်နိုင်တော့ဘူး”

“အဲ့ဒီကုမ္ပဏီကို ဝယ်ဖို့အတွက် မင်း သန်း ၅၀၀ ပဲ လိုတယ်။ ပြန်ပြုပြင်တာတွေက ၁ လလောက်နေရင် ပြီးလိမ့်မယ်။ အဲ့အချိန်ကျရင် မင်းတန်းသုံးလို့ရပြီ။ ညီလေးလင်း မင်းဘယ်လို သဘောရလဲ”

“ရပါတယ်။ ကျွန်တော်ကြည့်ဖို့ ဓာတ်ပုံလေး နည်းနည်း ပို့ပေးလိုက်လေ။ အဆင်ပြေရင် ဝယ်လိုက်မယ်။ ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု တည်ထောင်ဖို့ သုံးလို့ရတယ်” လင်းဖန်က ပြောလိုက်သည်။

“ဟုတ်ပြီ ညီလေးလင်း။ မင်းရဲ့ကောင်မလေးက တော်တော် ချမ်းသာတာပဲ။ ငါ့ကို သန်း ၅၀ တန်းလွှဲပေးလိုက်တယ်နော်။ မင်းသူ့ကို သေချာပေါက် လက်ထပ်ရမယ်။ ဒီလောက် ကောင်းတဲ့ ကောင်မလေးကို မင်းဘယ်မှာ ရှာနိုင်ဦးမှာလဲ” ယွမ်ချမ့်က ရယ်မောကာ ပြောလိုက်ပါသည်။

လင်းဖန်ကို ယွမ်ချမ့် သန်း ၅၀ ချေးပေးခဲ့သော်လည်း ထိုနေ့ညတွင်းချင်းပဲ ရှားဝမ်ချွေ့က လင်းဖန်ကိုယ်စာ ပြန်လွှဲပေးလိုက်ပါသည်။

“သေချာတာပေါ့ဗျာ” လင်းဖန်က ပြုံးလိုက်၏။

လင်းဖန် ဖျော်ဖြေရေးကုမ္ပဏီကြီးကို သွားကြည့်ပြီးနောက် ခံစားချက်တစ်ခုသာ ရှိတော့သည်။

တန်ဖိုးကြီးမားပြီး ခမ်းနားလွန်းပါသည်။

အပြင်အဆင်များက သူလိုချင်တာနဲ့ လိုက်လျောညီထွေးမှုရှိသည်။

ပြန်လည်ပြုပြင်မှုတွေလည်း ၁ လအတွင်း ပြီးဆုံးပါတော့မည်။

ထိုအချိန်ကျလျှင် သန်း ၅၀၀ သုံးပြီး ဒီကုမ္ပဏီကို ဝယ်ဖို့ လင်းဖန် ဆုံးဖြတ်လိုက်၏။

ထို့နောက် ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခု တည်ဆောက်ပါတော့မည်။

လင်းဖန်က စီအီးအိုမာကို ဖုန်းဆက်လိုက်၏။ “စီအီးအိုမာ ကျွန်တော်ဆွေးနွေးစရာ တစ်ခုခု ရှိလို့”

လင်းဖန် ဖုန်းဆက်တာကို မြင်သောအခါ စီအီးအိုမာလည်း အလွန်တက်ကြွသွားပါသည်။

“စီအီးအိုလင်း မင်း ငါနဲ့ တစ်ခုခု ဆွေးနွေးချင်တယ်ဆိုတာ အရမ်းရှားတယ်နော်။ အဆင်ပြေပါတယ်။ မင်းအခက်အခဲတစ်ခုခုရှိရင် ငါကူဖြေရှင်းပေးမယ်”

စီအီးအိုမာက ပြောရဆိုရလွယ်ကူမှန်း သိသဖြင့် လင်းဖန် အားနာမနေတော့ပါ။ သူပြောလိုက်သည်။ “စီအီးအိုမာ ကျွန်တော် ဖျော်ဖြေရေးကုမ္ပဏီတစ်ခု တည်ထောင်ချင်လို့ သန်း ၅၀၀ ယွမ် လိုနေတယ်”

သန်း ၅၀၀ ယွမ်ကို တောင်းဆိုခြင်းက မနည်းပေ။ လင်းဖန် ဘယ်လို ပြောရမလဲ စဉ်းစားနေစဉ်မှာပင် စီအီးအိုမာက လက်ခံလိုက်ပါသည်။

“သန်း ၅၀၀ ယွမ်တည်းကို။ ခဏနေရင် ဘဏ္ဍာရေးကို မင်းဆီ လွှဲခိုင်းလိုက်မယ်”

“ကုမ္ပဏီဖွင့်တဲ့အခါကျရင်လည်း ငါ့ကို အသိပေးဖို့ မမေ့နဲ့ဦး။ မင်းရဲ့ ဖျော်ဖြေရေး ကုမ္ပဏီကို လာကြည့်ဦးမယ်”

စီအီးအိုမာရဲ့ တက်ကြွမှုကို လင်းဖန် အံ့သြသွားမိပါသည်။

ယွမ် သန်း ၅၀၀ ကိုတောင် အလွယ်လေး ချေးပေးလိုက်တာလား။

လင်းဖန် Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင် ဖြစ်လာပြီးနောက် သူ့အဆင့်အတန်းကလည်း အများကြီး မြင့်တက်သွားခဲ့သည်။

စီအီးအိုမာက လင်းဖန်ကို အမြဲတမ်း သိမ်းသွင်းချင်ခဲ့သော်လည်း ဟော်မိသားစု၊ ဝမ်မိသားစုတို့နဲ့ လင်းဖန် ပြဿနာကြုံသောအခါ စီအီးအိုမာကို သူအကူအညီလာမတောင်းခဲ့ပါ။

ဒီတစ်ခေါက်တော့ လင်းဖန်က သူ့ကို အကူအညီလာတောင်းသဖြင့် စီအီးအိုမာ ကူညီဖို့ မစောင့်နိုင်တော့ပေ။

ဒါလင်းဖန်ကို သိမ်းသွင်းဖို့ အခွင့်အရေးကောင်း ဖြစ်ပါသည်။

All Chapters