← Chapters

ကုမ္ပဏီတွေ ပေးတာ ကြမ်းတယ်

Vol. 21 Ch. 312

ကုမ္ပဏီတွေ ပေးတာ ကြမ်းတယ်

Vol. 21 Ch. 312

“စီအီးအိုမာ ဘော့စ်လင်းက သန်း ၅၀၀ တောင် ချေးဖို့ တောင်းဆိုတာ။ ယုတ္တိရှိရှိ ပြောရရင် လုပ်ငန်းစဉ်တချို့ အရင်ဆုံး ဆောင်ရွက်ဖို့ လိုမယ် ထင်ပါတယ်” လက်ထောက်က ပြောလိုက်သည်။

စီအီးအိုမာက ခေါင်းခါလိုက်၏။ “အဲ့တာက လင်းဖန်ရဲ့ တန်ဖိုးအပေါ် မူတည်တယ်။ ငါက ကိုယ်ရေးကိုယ်တာအရ ဒီသန်း ၅၀၀ ချေးပေးလိုက်တာပါ”

“လင်းဖန်က Alibaba ရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်ဆိုတာထက် ပိုတယ်ဆိုတာ မင်းသိရဲ့လား”

လက်ထောက်က နားမလည်ပါ။

စီအီးအိုမာက ပြောလိုက်၏။ “လင်းဖန်က အခု Estee Lauder ရဲ့ အများဆုံး ရှယ်ယာဝင် ဖြစ်သွားပြီ။ အခုလို အချိန်မှာ သူ့မှာ ငွေရေး ကြေးရေး အခက်အခဲရှိတာ ပုံမှန်ပါပဲ။”

“လင်းဖန်ရဲ့ အာဏာက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲ မင်းသိရဲ့လား”

“Estee Lauder ဆိုတာ ဘယ်လိုကုမ္ပဏီမျိုးလဲ။ လင်းဖန်က Estee Lauder ရဲ့ ရှယ်ယာကို ၁၂ ရာခိုင်နှုန်းလောက် အထိ တိုးသွားအောင် လုပ်နိုင်ခဲ့တယ်“

စီအီးအိုမာ ပြောလိုက်သောအခါ သူ့မျက်လုံးတွေ တုန်လှုပ်သွားရပါသည်။

စတော့စျေးကွက် ၁၂ ရာခိုင်နှုန်း တိုးမြင့်သွားမှုက အားလုံး လင်းဖန် ကျေးဇူးကြောင့်သာ ဖြစ်သည်။

လင်းဖန်က Estee Lauder ကို အဆင့်အတန်း ပိုမြင့်သွားအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။

“ဘယ်လို။ ၁၂ ရာခိုင်နှုန်းဟုတ်လား။ ဒါဆို ဘော့စ်လင်းရဲ့ စီပွားရေး အစွမ်းအစက တော်တော် ကြောက်ဖို့ကောင်းတာပဲ” လက်ထောက်က အံ့သြတုန်လှုပ်နေသော မျက်လုံးများဖြင့် ပြောလိုက်ပါသည်။

စတော့စျေးကွက် ၁၂ ရာခိုင်နှုန်း တိုးမြင့်မှုက Estee Lauder ၏ ကုမ္ပဏီကြီးတစ်ခုစလုံးအတွက် အတော်လေး အားတက်စရာ ဖြစ်သည်။

“ဘော့စ်လင်းက Alibaba လုပ်ငန်းမှာ သိပ် စိတ်မဝင်စားတာတော့ နှမြောဖို့ကောင်းတယ်။ လင်းဖန်သာ ငါတို့ကုမ္ပဏီကို လာမယ်ဆိုရင် Alibaba ရဲ့ တိုးတက်မှုတွေက အရမ်း ထင်ရှားလာမှာ အမှန်ပဲ”

“ငါ နောက်ပိုင်း အနားယူသွားတဲ့အခါ လင်းဖန်က ငါ့ရဲ့ ဆက်ခံသူ ဖြစ်ဖို့ အလားအလာတောင် ရှိတယ်” စီအီးအိုမာက ပြောလိုက်ပါသည်။

ဒါက လင်းဖန်အပေါ် သူ့ရဲ့ သုံးသပ်မှု ဖြစ်၏။

လင်းဖန်အပေါ် သူ့ရဲ့ မျှော်လင့်ချက်တွေလည်း ဖြစ်သည်။

ထိုအခါ လက်ထောက် အလွန်ဇဝေဇဝါ ဖြစ်သွားသည်။

လင်းဖန်က တကယ်ပဲ အလွန် အစွမ်းအစ ရှိပါသည်။

သို့သော်လည်း လင်းဖန်က Alibaba ရဲ့ ဆက်ခံသူ ဖြစ်ဖို့လောက်အထိတော့ အရည်အချင်း မပြည့်မှီလောက်ပါ။

Alibaba က စျေးကွက်အရင်းအနှီး ထရီလီယံ ချီသည့် ကုမ္ပဏီကြီးတစ်ခုဖြစ်သည်။ လူတိုင်း Alibaba ရဲ့ ဆက်ခံသူ မဖြစ်နိုင်ပါ။

“လင်းဖန်မှာ အတွေ့အကြုံ အပြည့်အဝ မရှိသေးပေမယ့် သူ့ဘေးမှာ ဘယ်လို ကောင်မလေးမျိုး ရှိနေလဲဆိုတာ မင်းသိသင့်တယ်” စီအီးအိုမာက ပြုံးကာ လှည့်ထွက်သွားပါသည်။

စစ်ဆေးကြည့်ပြီးနောက် လက်ထောက် အလွန် တုန်လှုပ်သွားရသည်။

ဘုရားရေ…

လင်းဖန်ဘေးတွင် စုရှောင်းယွီဟု အမည်ရသည့် ဉာဏ်ကြီးရှင် မိန်းကလေး တစ်ယောက် ရှိနေသည်။

သူမက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူ စုချန်းချမ့်ရဲ့ သမီးဖြစ်သည်။

ထိုလက်ထောက်က စုရှောင်းယွီရဲ့ စီးပွားရေး လောကထဲက ပါရမီနဲ့ အရည်အချင်းတွေအကြောင်း သိပြီးသား ဖြစ်သည်။

လင်းဖန်က အစွမ်းအစ မရှိရင်တောင် သူ့မှာ စုရှောင်းယွီ ရှိနေပါသည်။

စုရှောင်းယွီသာ လင်းဖန်ဘေးမှာ ရှိပါက လင်းဖန် လုပ်ချင်တာမှန်သမျှ အကုန်လုပ်နိုင်သည်။

တစ်ဖက်တွင် ဖျော်ဖြေရေးကုမ္ပဏီကိစ္စနဲ့ အလုပ်ရှုပ်နေရပြီး နောက်တစ်ဖက်မှာတော့ ဘဝရဲ့ပျော်ရွှင်မှု Season 2 အောင်မြင်မှုကြောင့် ကုမ္ပဏီတွေ အများကြီးက လင်းဖန်ကို စိတ်ဝင်စားလာကြသည်။

အလွန်စိတ်ဝင်စားလွန်းသဖြင့် လင်းချမ့်ဝေတောင် ခုတလောအလွန်အလုပ်ရှုပ်နေရပါသည်။

အလုပ်ရှုပ်လွန်းသဖြင့် ပေါက်ကွဲထွက်ချင်စိတ်များ ပေါက်လာ၏။

ဒီကုမ္ပဏီတွေ အကုန်လုံးက လင်းဖန်ကို တိုက်ရိုက် မဆက်သွယ်နိုင်သဖြင့် သူမကိုသာ ဆက်သွယ်ကြပါသည်။

လင်းဖန်ရဲ့ မန်နေဂျာတစ်ယောက် ဖြစ်သဖြင့် သူမ ခုတလော ကောင်းကောင်းအနားမယူရသေးပါ။

လင်းဖန်အိမ်တွင် လင်းချမ့်ဝေက စာရွက်စာတမ်းအပုံလိုက်ကြီးကို ကိုင်ထားပါသည်။

“နင့်ပုံစံက ဘာလို့ အရမ်းပင်ပန်းနေတဲ့ပုံစံ ပေါက်နေတာလဲ” လင်းဖန် ပြုံးကာ မေးလိုက်သည်။

“ဘော့စ်ကို ခုတလော ဆက်သွယ်လာတဲ့ ကုမ္ပဏီတွေ အများကြီးပဲ။ ဘော့စ်က အရမ်း အလုပ်ရှုပ်နေတော့ မတင်ပြဖြစ်သေးတာပါ”

“ဘော့စ်ကို အန်ဒိုစာ လုပ်ပေးဖို့ ဆက်သွယ်တဲ့ ကုမ္ပဏီ ၁၂၃ ခု ရှိပါတယ်”

“အများစုက ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ကို အန်ဒိုစာအဖြစ် ခေါ်ယူချင်တာ။ အဲ့ဒီဆယ်လီတွေကို စီးပွားရေး တွေ့ဆုံပွဲတွေမှာ တက်ရောက်ဖို့ ငှားရမ်းချင်တဲ့ ကုမ္ပဏီ ၁၆၃ ခုလည်း ရှိပါတယ်”

“အများဆုံး ပေးတဲ့ စျေးက သန်း ၄၀ ဖြစ်ပြီး အနိမ့်ဆုံး ပေးတဲ့စျေးက ၂.၃ သန်းပါ။ ကျွန်မ သေချာ စီထားပြီးပါပြီ။ ဖုန်းနံပါတ်တွေက တစ်ခါတည်း ချိန်ဆက်ပေးထားပါတယ်။ ဘော့စ်သင့်တော်တယ်လို့ထင်ရင် အဲ့ဒီကုမ္ပဏီတွေကို ဆက်သွယ်လို့ရပါတယ်” လင်းချမ့်ဝေက ပြောလိုက်သည်။

လင်းဖန် မျက်လုံးများ အရောင်တောက်သွား၏။

ကုမ္ပဏီ ၁၂၃ ခုက အန်ဒိုစာ ရိုက်ကူးချင်ပြီး ကုမ္ပဏီ ၁၆၃ ခုက သူတို့ကို ကော်မာရှယ် အစီအအစဉ်တွေမှာ ပါဝင်ဖို့ ခေါ်ယူချင်သည်။

အနည်းဆုံးပေးတဲ့ စျေးက ၂ သန်း ဖြစ်သည်။

တစ်ခုကို ၂ သန်းသာဆို အန်ဒိုစာ ကုမ္ပဏီ ၁၂၃ ခုသာဆို ဘယ်လောက်ဖြစ်သွားမလဲ။

၂၄၆,၀၀၀,၀၀၀

၂၄၆ သန်း ဖြစ်သည်။

စုစုပေါင်း ကော်မာရှယ်အစီအစဉ် ၁၆၃ ခုလည်း ရှိသည်။ အနိမ့်ဆုံးစျေးနဲ့ဆို ၃၂၆ သန်း ရရှိပါလိမ့်မည်။

သူသာ အန်ဒိုစာနဲ့ ကော်မာရှယ် ဒီလောက် အများကြီး လက်ခံနိုင်ပါက အနည်းဆုံး အမြတ်အစွန်းက ၅၇၂ သန်းဖြစ်သည်။

ဒါတောင် အနိမ့်ဆုံး ကမ်းလှမ်းချက် ဖြစ်၏။

တွက်ရလွယ်သည့် ဂဏန်းတစ်ခု၊ ဥပမာ အစီအစဉ်တစ်ခုကို တက်ရောက်ခြင်းဖြင့် သူတို့ ၁၀ သန်း ရရှိမည်ဆိုလျှင် ဒီအစီအစဉ်အားလုံးကို လက်ခံမည် ဆိုပါက လင်းဖန် ၂,၈၆၀,၀၀၀,၀၀၀ ရရှိနိုင်ပါမည်။

၂.၈ ဘီလီယံ ဖြစ်သည်။

ကုန်ကျမည့် ငွေများကို နှုတ်လိုက်ပါက လင်းဖန် အသားတင်အမြတ် ၂.၂ ဘီလီယံကို လင်းဖန် ရရှိနိုင်ပါသည်။

ဘဝရဲ့ပျော်ရွှင်မှု Season 2 ကို ရိုက်ကူးလိုက်ရုံနဲ့ ဒီလောက်ငွေတွေ အများကြီး ရလာနိုင်သည်။

အလွန် အကျိုးအမြတ်ကြီးပါပေသည်။

၂.၂ ဘီလီယံဆိုတဲ့ငွေကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ။

လင်းဖန်မှာ အကြွေးတွေ အများကြီး ရှိနေပါသေးသည်။ LV ကိုပေးစရာ ၁ ဘီလီယံနဲ့ Alibaba ကိုပေးစရာ သန်း ၅၀၀ ရှိသေးသည်။

အရေးအကြီးဆုံးက လင်းဖန် အပိုငွေလည်း ရှာချင်ပါသေးသည်။

ငွေကို စောစော ရှာမထားလျှင် မိန်းမတစ်ယော်ကကို မှီခိုပြီး နေထိုင်ရပါလိမ့်မည်။

အမှန်ပင်။ လင်းဖန်နဲ့ သူ့ဘေးက ကောင်မလေးများကို အန်ဒိုစာ၊ ကြော်ငြာများ ရိုက်ကူးဖို့ ခေါ်ယူချင်သည့် ကုမ္ပဏီများစွာ ရှိပါသည်။

ကုမ္ပဏီ စုစုပေါင်း ၂၈၆ ခုတောင် ရှိ၏။

သူတို့ မနားဘဲ နေ့တိုင်း တစ်ရက်ကို အန်ဒိုစာ ၃ ခုလောက် ရိုက်ကူးရင်တောင် ၉၅ ရက် ကြာလိမ့်မည်။

ကောင်မလေး ၃ ယောက်စလုံး အတူတူ ရိုက်ကူးရင်တောင် ရက် ၃၀ ကျော် ကြာနိုင်ပါသည်။

ဒီလိုသာဆို စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော ဖိအားများလွန်းပါလိမ့်မည်။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းခဲ့ရှင်းတို့အားလုံး ခြေကုန်လက်ပမ်း ကျကုန်လိမ့်မည်။

ထန်ရှင်းရန်ရဲ့ အဓိက ဦးစားပေးက သူမရဲ့ ပညာရေးဖြစ်၏။ ထို့ကြောင့် တစ်ခါတစ်လေမှ ရိုက်ကူးရေးလုပ်ကာ အန်ဒိုစာများတွင် ပါဝင်နိုင်မည် ဖြစ်သည်။ သူမခန္ဓာကိုယ်က အန်ဒိုစာတွေ အများကြီး ရိုက်ကူးဖို့ ခံနိုင်ရည် မရှိလောက်ပေ။

လင်းဖန် လက်အောက်မှာ အနုပညာရှင် အများကြီး ရှိပါက အန်ဒိုစာနဲ့ ကြော်ငြာများစွာ လက်ခံဖို့ စဉ်းစားနိုင်ပါသည်။

သို့သော် အခုတော့ မရသေးပါ။

ထန်ရှင်းရန်နဲ့ စုမူချင်းတို့အပါအဝင် လင်းဖန် လက်အောက်မှာ အနုပညာရှင် ၅ ယောက်သာ ရှိသေး၏။

ထန်ရှင်းရန်က ကျောင်းတက်နေရဆဲ ဖြစ်ကာ စုမူချင်းက နာမည်မကြီးသေးပေ။

အနုပညာရှင်အစစ်က ၃ ယောက်သာ ရှိသည်။ တစ်ယောက်က ရှားဝမ်ချွေ့၊ တစ်ယောက်က စုရှောင်းယွီဖြစ်ပြီး နောက်တစ်ယောက်က လင်းခဲ့ရှင်း ဖြစ်သည်။

သူ့ ဖျော်ဖြေရေးကုမ္ပဏီကို တိုးချဲ့မှသာ အနုပညာလောကထဲက ရင်းမြစ်တွေကို ပိုမို အသုံးချနိုင်မည်ဖြစ်ပြီး ငွေအလုံးအရင်း ရနိုင်မှာ ဖြစ်ပါသည်။

လင်းဖန်က လင်းချမ့်ဝေကို ကြည့်ကာ ပြောလိုက်၏။ “စာရင်းပြုစုပြီးပြီလား။ ဘယ် အန်ဒိုစာတွေက တွက်ခြေကိုက်မယ် ထင်လဲ။ အရမ်းကြီး မပင်ပန်းရဘဲ စျေးလည်း အနေတော် ကမ်းလှမ်းတဲ့ဟာမျိုးတွေပေါ့”

လင်းချမ့်ဝေက ခေါင်းငြိမ့်လိုက်၏။ “ကျွန်မ အန်ဒိုစာနဲ့ ကြော်ငြာ ၉၀ ကို စာရင်းပြုစုထားပါတယ်။ အဲ့တာတွေက အကုန်လုံး တွက်ခြေအကိုက်ဆုံးပဲ။ ဒါပေမယ့် ဘော့စ်နားမှာ အနုပညာရှင်က ၃ ယောက်ပဲ ရှိတယ်။ တစ်ယောက်ကို အခု ၃၀ စီရွေးမှ ရမယ်။”

“အန်ဒိုစာ ၉၀ အတွက် ကျွန်မ ကြိုတင် တွက်ချက်မှုတွေလည်း လုပ်ထားပြီးပြီ။ အားလုံးကို လက်ခံမယ်ဆိုရင် ငွေသား ၁ ဘီလီယံယွမ်လောက် ရပါလိမ့်မယ်”

“တခြား ကုမ္ပဏီ ၁၅ ခုလောက်ကလည်း သိပ်မဆိုးဘူးလို့ ထင်ရတယ်။ ဒါပေမယ့် တွက်ခြေကတော့ သိပ်မကိုက်ဘူးပေါ့။ အဲ့ဒါတွေကို လက်ခံမယ်ဆိုရင် သန်း ၂၀၀ လောက် ရနိုင်တယ်။” လင်းချမ့်ဝေ ပြောလိုက်သည်။

သူမ ခုတလော ဘယ်လောက် အလုပ်ကြိုးစားထားလဲဆိုတာ သိသာပါသည်။

“တစ်နည်းအားဖြင့် ငါ ကုမ္ပဏီ ၁၁၅ ခုစလုံးရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်မယ်ဆိုရင် ၁.၂ ဘီလီယံယွမ် ရနိုင်တယ်ပေါ့” လင်းဖန် မျက်လုံးများ အရောင်တောက်သွားသည်။ သူ့ အသက်ရှူသံတွေတောင် ပြင်းထန်လာပါသည်။

၁.၂ ဘီလီယံတောင်ပါလား။

သူကိုယ်တိုင်ပါ ဝင်ရိုက်ရမည့် ပုံစံပင်။

အစကတော့ လင်းဖန် အန်ဒိုစာရိုက်ကူးဖို့ကို စိတ်မဝင်စားပါ။

သို့သော်လည်း ဒီကုမ္ပဏီကြီးတွေ ပေးကမ်းတာ များလွန်းနေပါသည်။

All Chapters