သည်းထိတ်ရင်ဖိုမရှိတော့ခြင်း
Vol. 68 Ch. 935
ထိုအခိုက်အတန့်အတွက် ဓားသူတော်စင်အရှင်တွေက လေ့ကျင့်နေကြတော့တယ်။
"ဒီဓားသူတော်စင်ပြိုင်ပွဲမှာ ဘယ်သူတွေ အနိုင်ရမလဲကို ငါ သိချင်မိတယ်"
"ပြီးခဲ့တဲ့အကြိမ်တုန်းကတော့ လေတိမ်ဓားသူတော်စင်အရှင်၊ မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်၊ ခံစားချက်မဲ့ဓားသူတော်စင်အရှင်၊ မြစ်နက်ဓားသူတော်စင်အရှင်တို့က အနိုင်ရသူတွေပဲ။ ဒီတစ်ကြိမ်လည်း သူတို့ပဲ ဖြစ်နိုင်လောက်တယ်"
"အဲလိုကြီးတော့ ပြောလို့မရဘူး။ နှစ်တစ်သောင်းတောင် ရှိပြီးဆိုတော့ ဘာတွေဖြစ်ပျက်ခဲ့သလဲကို တစ်ယောက်မှ မသိနိုင်ဘူးလေ"
"ဒါ ဟုတ်တယ်။ သစ်ရွက်နီဓားသူတော်စင်အရှင်မက မကြာသေးမီကမှ ပိုပြီးထင်ရှားကျော်ကြားလာတယ်။ သူမက ထိပ်ဆုံးလေးယောက်ထဲ ဝင်နိုင်လောက်တယ်"
အပြေးလာကြတဲ့ဓားသူတော်စင်အရှင်အများစုက ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တွေရဲ့ဓားပညာတွေကို မြင်တွေ့ခွင့်ရဖို့အတွက်ပဲ။ အနည်းစုကသာ ဓားသူတော်စင်တွေ့ဆုံပွဲအတွက် ဒီနေရာကို လာကြတာပါပဲ။
နေ့တွေ ကျော်ဖြတ်လာတာနဲ့အမျှ လီဖူချန်းပါဝင်ခဲ့တဲ့အဖြစ်အပျက်က ပျံ့နှံ့သွားတယ်။
"ဒါဆို နောက်ထပ်ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်ရှိနေတာပဲ။ ကြည့်ရတာ ဒီနှစ်ရဲ့ဓားသူတော်စင်တွေ့ဆုံပွဲက ပိုပြင်းထန်လာမယ့်ပုံပဲ"
"အသစ်ဖြစ်လာတဲ့ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်က ရုတ်ရုတ်သဲသဲဖြစ်ရပ်တစ်ခုကို ဖြစ်စေနိုင်ပါ့မလား"
"မင်း မိုးချုံးသံဓားသူတော်စင်အရှင်နဲ့လေပြင်းဓားသူတော်စင်အရှင်တို့ပြောတာကို မသိလိုက်ဘူးလား။ မူလအဆုံးစွန်းဓားသူတော်စင်အရှင်က ဧရာမစိတ်ဝိညာဉ်သူတော်စင်အရှင်နဲ့မီးလျှံဖျက်ဆီးခြင်းနတ်ဆိုးရှင်ဘုရင်တို့ကို မောင်းထုတ်နိုင်ခဲ့တယ်လေ"
"သူ အန္တိမအဆင့်ဓားအသုံးပြုတာကို ထည့်တွက်လို့မရဘူး။ ဓားသူတော်စင်တွေ့ဆုံပွဲမှာ အန္တိမအဆင့်ဓားကို အသုံးပြုခွင့်မရှိဘူး"
လီဖူချန်း၊ သစ်ရွက်နီဓားသူတော်စင်အရှင်မနဲ့လေတိမ်ဓားသူတော်စင်အရှင်တို့အကြား လေ့ကျင်ခဲ့တဲ့ပြိုင်ပွဲတွေနဲ့ပတ်သက်ပြီး တစ်ယောက်မှမသိဘူး။ ဒါပေမယ့် လူတိုင်းရဲ့လီဖူချန်းအပေါ်ယူဆချက်က စင်မြင့်ရဲ့အစမှာ ရှိသေးတယ်။
"ဒီလူတွေက မူလအဆုံးစွန်းဓားသူတော်စင်အရှင်ရဲ့ခွန်အားကို သိရင် သူတို့က ပါးစပ်အဟောင်းသားဖြစ်သွားရလိမ့်မယ်"
ဒီစကားကို ကြားတဲ့အခါ သစ်ရွက်နီဓားသူတော်စင်အရှင်မက ပြုံးလိုက်တယ်။
သိုင်းပြိုင်ကွင်းက လူတွေနဲ့ ပြည့်နှက်နေလျက်ရှိတယ်။
နှစ်ပေါင်းများစွာ စွန့်စားခရီးထွက်ပြီးနောက် ငါရဲ့ခွန်အားကို လူတိုင်းကို မြင်တွေ့စေချင်မိတယ်။
"လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်၊ ကျေးဇူးပြုပြီး ငါ့ကို သင်ကြားပေးပါ"
သိုင်းစင်မြင့်ရဲ့အလယ်မှာ ပုံရိပ်နှစ်ရိပ်က တစ်ဖက်နဲ့တစ်ဖက် စိုက်ကြည့်နေတယ်။
ပုံရိပ်နှစ်ရိပ်က အတော်လေးကျော်ကြားတယ်။ စိန်ခေါ်သူကတော့ ဓားသမားအစည်းအရုံးရဲ့အထွတ်အထိပ်ဓားတာအိုသူတော်စင်အရှင်တစ်ယောက်ပဲ။ သူ့ကို ခုတ်ပိုင်းသူလေဓားသူတော်စင်အရှင်လို့ ခေါ်တယ်။ သူက ဓားသူတော်စင်တွေ့ဆုံပွဲမှာ တောက်ပလိမ့်မယ်လို့ မြင့်မားတဲ့မျှော်လင့်ချက်တွေမရှိပေမယ့် သူ့ရဲ့ခွန်အားကို လျှော့တွက်လို့မရဘူး။
လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်အနေနဲ့ သူက ပိုတောင်ကျော်ကြားတယ်။ သူက ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်ဖြစ်ပြီး ဘာလို့ သူက စိန်ခေါ်မှုကို လက်ခံရသလဲကို မသိဘူး။
"ဒါဆို မင်းလှုပ်ရှားတော့" လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်။
"ဓားတစ်ထောင်ခုတ်ပိုင်းချက်......"
ခုတ်ပိုင်းသူလေဓားသူတော်စင်အရှင်က သူ့ရဲ့အမှတ်အသားတိုက်ကွက်ကို ချက်ချင်း အသုံးပြုလိုက်တယ်၊ ဓားအရိပ်ထောင်ပေါင်းများစွာက လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်ထံ ခုတ်ပိုင်းလာတယ်။
သူ့ခန္ဓာကိုယ်က အလေးချိန်ဆုံးရှုံးသွားတာကို လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က ခံစားမိတယ်။ ကြည့်ရတာ သူတို့က သူတို့ရဲ့အစစ်အမှန်ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ပုံပဲ။ ဓားအရိပ်ထောင်ကျော်က သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပေမယ့် သူ့ကို လုံးဝဒဏ်ရာမရစေနိုင်ဘူး။
"မယုံနိုင်စရာပဲ၊ လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က အံ့မခန်းပဲ"
လူတိုင်းက ထိတ်လန့်သွားကြတယ်၊ ခုတ်ပိုင်းသူလေဓားသူတော်စင်အရှင်က တကယ်တော့ အထွတ်အထိပ်ဓားတာအိုသူတော်စင်အရှင်တစ်ယောက်လေ။ သူတို့က လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်ကို မတိုက်ခိုက်နိုင်ရင် သူတို့က ဘာအတွက်နဲ့ ဒီနေရာမှာ ရှိနေရမှာလဲ။
"လေခုတ်ပိုင်းချက်၊ ပင်လယ်ခွဲဖြတ်ခြင်း......"
ခုတ်ပိုင်းသူလေဓားသူတော်စင်အရှင်က အော်လိုက်ပြီး သူ့ရဲ့သတ်ဖြတ်ကွက်ကို ပေါက်ကွဲထွက်စေလိုက်တယ်။
ဓားဆန္ဒက တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားကွက်တစ်ခုဖြစ်လာဖို့ နီးကပ်နေတယ်။ ရှေးဦးဖရိုဖရဲဆန္ဒတစ်ခုရှိလာတာနဲ့ သူက ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်ဖြစ်လာပေလိမ့်မယ်။
"အသုံးမဝင်ဘူး" လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က ခေါင်းခါလိုက်တယ်၊ ဓားချီအား သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းခွင့်ပေးလိုက်ပေမယ့် ဒဏ်ရာအနာတရမရှိပါဘူး။
"ငါ ရှုံးသွားပြီ"
ခုတ်ပိုင်းသူလေဓားသူတော်စင်အရှင်က ထပ်မလှုပ်ရှားတော့ပါဘူး၊ သူက မချိတင်ကဲရယ်လိုက်မိတယ်။
တိုက်ခိုက်မှုက ပစ်မှတ်ကို မထိနိုင်ရင် သူက ဘာလို့တိုက်ခိုက်နေတော့မှာလဲ။
"အံ့မခန်းပဲ၊ လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က ထိပ်ဆုံးလေးယောက်ထဲသေချာပေါက်ဝင်နိုင်လိမ့်မယ်"
ကြည့်ရှုနေသူတိုင်းက စိတ်လှုပ်ရှားမှုအပြည့်ဖြစ်နေကြတယ်။
"ငါက အရင်းမြစ်စွမ်းအားနဲ့ ချိတ်ဆက်ထားပြီးပြီ၊ ငါ နောင်ထပ်အခွင့်အရေးတစ်ခုကို လက်လွှတ်ခံလိမ့်မှာမဟုတ်ဘူး" ဆွေးနွေးချက်ကို ကြားတဲ့အခါ လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က သူ့ရာသူပြောလိုက်တယ်။
သုံးနှစ်က သာမန်လူတစ်ယောက်အတွက် အလွန်ကြာရှည်ပေမယ့် သူတော်စင်အရှင်တစ်ယောက်အတွက်ကတော့ လျှို့ဝှက်ကျင့်ကြံဖို့အချိန်ပါပဲ။
မကြာမီမှာပဲ ဓားသူတော်စင်တွေ့ဆုံပွဲက ရောက်ရှိလာတော့တယ်။
…
ဓားသမားအစည်းအရုံးအထဲမှာ ဧရာမသိုင်းစင်မြင့်တစ်ခုရှိတယ်။ ပုံမှန်နေ့ရက်တွေမှာ ဒီသိုင်းစင်မြင့်ကို ဖွင့်လိမ့်မှာမဟုတ်ဘူး။ ဓားသူတော်စင်တွေ့ဆုံပွဲလို ကြီးမားတဲ့ပွဲတော်တွေအတွက်သာ အဲဒါကို ဖွင့်လှစ်ပါလိမ့်မယ်။
သိုင်းစင်မြင့်ကို ဝန်းရံထားတဲ့ထိုင်ခုံတစ်ဝက်လောက်က ပြည့်နေပါပြီ။ အဲဒါက တကယ်ကို ကြီးမားတဲ့လူအုပ်တစ်ခုပါပဲ။
လီဖူချန်း၊ လေတိမ်ဓားသူတော်စင်အရှင်နဲ့ သစ်ရွက်နီဓားသူတော်စင်အရှင်မတို့က သိုင်းစင်မြင့်အောက်ကို အတူတကွရောက်ရှိလာကြတယ်။
"ဘယ်လိုတောင် များပြားတဲ့ပရိသတ်တွေလဲ......"
ပရိသတ်ထိုင်ခုံတွေမှာ သူတော်စင်တွေနဲ့ ပြည့်နေတာကို လီဖူချန်းက မြင်လိုက်တယ်။ ဒါ့ပြင် သူတို့အားလုံးက ဓားတာအိုသူတော်စင်တွေပါပဲ။ ဒိိီလောက်များပြားတဲ့ဓားတာအိုသူတော်စင်တွေ စုဝေးနေတာကို လီဖူချန်းမြင်တွေ့ရတဲ့ပထမဆုံးအကြိမ်ပါပဲ။
လေတိမ်ဓားသူတော်စင်အရှင်က ပြောလိုက်တယ်" ကျားအင်ပါယာကြယ်ပိုင်နက်ရဲ့ဓားကြယ်မြိုနဲ့နှိုင်းယှဉ်ရင် အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားတာအိုသူတော်စင်အရေအတွက်က ထောင်ဂဏန်းလောက်ပါပဲ။ ဒါပေမယ့် ဓားကြယ်မြို့မှာ ဓားရေကန်ရှိပြီး နက်နဲသိမ်မွေ့တဲ့သက်ရောက်မှုရှိတာကြောင့် ဓားတာအိုသူတော်စင်တွေကို ထုတ်လုပ်ဖို့ အခွင့်အရေးမြင့်မားတယ်"
"ဓားရေကန်က အဲ့လောက်တောင်ထူးခြားတာလား" သစ်ရွက်နီဓားသူတော်စင်အရှင်မက ဓားကြယ်မြို့ကို မရောက်ဖူးသေးဘူးလေ။
လေတိမ်ဓားသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်" လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက ငါ့ရဲ့ဓားပညာက တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားပညာတစ်ခုမဟုတ်သေးဘူး။ ဒါပေမယ့် ဓားရေကန်ကို ဝင်ရောက်ပြီးနောက် ငါ့ရဲ့ဓားပညာက တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားပညာတစ်ခုအဖြစ်သို့ ချက်ချင်းအဆင့်မြင့်တက်သွားတယ်"
"တစ်ဝက်တစ်ပျက်အန္တိမအဆင့်ကို ချက်ချင်မြင့်တက်သွားတာလား" သစ်ရွက်နီဓားသူတော်စင်အရှင်မရဲ့မျက်လုံးတွေက ပြူးကျယ်သွားရတယ်။
လွန်ခဲ့တဲ့နှစ်ဒါဇင်အနည်းငယ်က သူမက တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားကွက်တစ်ခုကိုသာ နားလည်ခဲ့တယ်။ တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားပညာတစ်ခုကို နားလည်ဖို့အခက်အခဲကို သူမက ရှင်းရှင်းလင်းလင်းသိတယ်။ ကံကြမ္မာအခွင့်အလမ်းတစ်ခုသာ မရှိရင် ရာစုနှစ်ဒါမှမဟုတ်ထောင်စုနှစ်ကြာတောင်မှ သူမက သစ်ရွက်နီလှည့်လည်ခြင်းကို နားမလည်နိုင်ပါဘူး။
သူတို့ရဲ့အဆင့်ထိ ကျင့်ကြံပြီးနောက် ရုတ်ချည်းနားလည်မှုကို လိုအပ်တယ်။
ရုတ်ချည်းနားလည်မှုတစ်ခုမရှိရင် ကြီးမားတဲ့အချိန်ပမာဏတစ်ခုကို ပျင်းရိငြီးငွေ့ဖွယ်ကောင်းစွာ အသုံးပြုနေရလိမ့်မယ်။
"ဒါ့ပြင် ငါက ဓားရေကန်ရဲ့အပြင်နယ်နိမိတ်မှာပဲ ရှိသေးတာ၊ ငါ ဓားရေကန်ရဲ့ဗဟိုချက်ကိုတောင် မနီးကပ်နိုင်ခဲ့ဘူး" လေတိမ်ဓားသူတော်စင်အရှင်က ထပ်လောင်းပြောကြားလိုက်တယ်။
"ဓားရေကန်က တကယ်ကိုပါပဲလား" အသက်ကို နက်ရှိုင်းစွာ ရှုသွင်းပြီးနောက် သူမက ဓားသူတော်စင်တွေ့ဆုံပွဲရဲ့ထိပ်ဆုံးလေးယောက်ထဲ ဝင်ရောက်နိုင်ရမယ်လို့ သစ်ရွက်နီဓားသူတော်စင်အရှင်မက ဆုံးဖြတ်လိုက်တယ်။
သူမက ဓားရေကန်မှာ မကျင့်ကြံနိုင်ရင် ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာဖို့ ဆယ်ဆဒါမှမဟုတ်အဆတစ်ရာအချိန်ပေးဖို့ လိုအပ်တယ်။
မကြာသေးမီကနှစ်အတွင်း သူမရဲ့ဓားပညာက ကြီးကြီးမားမားတိုးတက်လာပြီး အရင်းအမြစ်စွမ်းအားကြောင်းတစ်ခုနဲ့ ချိတ်ဆက်ခဲ့တယ်။ ဒါပေမယ့် အဓိကအားဖြင့် အဲဒါက အပြည့်အဝအသုံးမပြုရသေးတဲ့အရင်ကံကြမ္မာအခွင့်အလမ်းတွေနဲ့ လေတိမ်ဓားသူတော်စင်အရှင်၊လီဖူချန်းတို့နဲ့ဖလှယ်မှုတွေကြောင့်သာ ဖြစ်တယ်။ အဲဒါက သူမကို ချိုးဖြတ်ခွင့်ရစေခဲ့တယ်။
ဒါ့အပြင် သူမက အရင်းမြစ်စွမ်းအားတစ်ကြောင်းနဲ့သာ ချိတ်ဆက်ခဲ့တယ်။ သူမက အန္တိမအဆင့်ဓားပညာတစ်ခုကိုနားလည်ဖို့ ဝေးကွာလွန်းနေသေးတယ်။ ပုံမှန်အနေအထားမှာ နှစ်သောင်းအနည်းငယ်အချိန်မပေးဘဲနဲ့ မဖြစ်နိုင်ပါဘူး။
"မင်းရဲ့ခွန်အားနဲ့ဆိုရင် မင်းမှာ ထိပ်ဆုံးလေးယောက်ထဲဝင်ဖို့ အခွင့်အလမ်းရှိလာမှာပါ"
သူတို့က ပြောနေရင်း လီဖူချန်းက ဓားသူတော်စင်တွေ့ဆုံပွဲမှာ ယှဉ်ပြိုင်နေတဲ့ဓားသူတော်စင်အရှင်အားလုံးကို တစ်ချက်ကြည့်လိုက်တယ်။ လီဖူချန်းနဲ့လေတိမ်ဓားသူတော်စင်အရှင်ကလွဲပြီး သစ်ရွက်နီဓားသူတော်စင်အရှင်မထက် ပိုသန်မာတဲ့ချီတည်ရှိမှုတစ်ခုသာ ရှိတယ်။ ကျန်သူတွေက ညီမျှနေပြီး ဘယ်သူမဆို အောင်မြင်နိုင်ဖို့အခွင့်အရေးတစ်ခုသာ ရှိတယ်။
လေတိမ်ဓားသူတော်စင်အရှင်က ခေါင်းညိတ်လိုက်တယ်"မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်က ပြန်မရောက်သေးဘူး။ ခံစားချက်မဲ့ဓားသူတော်စင်အရှင်ကသာ မင်းထက် ပိုသန်မာတာ။ မြစ်နက်ဓားသူတော်စင်အရှင်အတွက်ကတော့ သူ့ရဲ့ပါရမီနဲ့ထိုးထွင်းသိမြင်မှုက မင်းထက် နိမ့်ကျတယ်။ သူက ဓားရေကန်ကို အရင်က သွားခဲ့တယ်ဆိုပေမယ့် ဒီနှစ်တစ်သောင်းအတွင်း သိသိသာသာတိုးတက်လာခြင်းမရှိဘူး။ သူက အများဆုံးအရင်းမြစ်စွမ်းအားကြောင်းအနည်းငယ်သာ ချိတ်ဆက်ထားလိမ့်မယ်။ ဓားရေကန်ထက်မနိမ့်ကျတဲ့ကံကြမ္မာအခွင့်အလမ်းတစ်ခုကို မင်းက ဆုံတွေ့ခဲ့ပြီးပြီပဲ"
ပြီးခဲ့တဲ့ဓားသူတော်စင်တွေ့ဆုံပွဲမှာ မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်က ပထမ၊ လေတိမ်ဓားသူတော်စင်အရှင်က ဒုတိယ၊ ခံစားချက်မဲ့ဓားသူတော်စင်အရှင်က တတိယ၊ မြစ်နက်ဓားသူတော်စင်အရှင်က စတုတ္ထဖြစ်တယ်။ အဲ့တုန်းက မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်ကသာ တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားပညာကို နားလည်ထားခဲ့တယ်။
လေတိမ်ဓားသူတော်စင်အရှင်က အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးရှိနံပါတ်၁ဓားတာအိုသူတော်စင်အရှင်ဖြစ်ပေမယ့် သူက မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်အတွက်ကတော့ ပြိုင်ဘက်တစ်ယောက်မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှ ထွက်သွားခဲ့ပုံရပြီး ဘယ်တော့မှ ပြန်မလာခဲ့ဘူး။ ဒါကြောင့် နံပါတ်၁ဓားသူတော်စင်အရှင်ဆိုတဲ့နာမည်က သူ့အပေါ် ကျရောက်လာတယ်။
"ဒါဆိုလည်း ငါ မင်းရဲ့ကောင်းချီးပေးမှုကို လက်ခံရတာပေါ့" သစ်ရွက်နီဓားသူတော်စင်အရှင်မက ပြုံးလိုက်တယ်။
"ဒီလူက မူလအဆုံးစွန်းဓားသူတော်စင်အရှင်လား" လေတိမ်ဓားသူတော်စင်အရှင်နဲ့သစ်ရွက်နီဓားသူတော်စင်အရှင်မတို့ လီဖူချန်းရဲ့ဘေးနားမှာ ရှိနေတာကို မြင်ပြီး လူတိုင်းက စိတ်ထဲမှာ တွေးလိုက်မိကြတယ်။
"သူက ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်ရဲ့ခွန်အားရှိတယ်လို့ သူတို့က ပြောကြတယ်။ ဒီလိုဆိုမှတော့ ငါတို့တွေ ဒီဓားသူတော်စင်တွေ့ဆုံပွဲမှာ သူ့ရဲ့ခွန်အားကို လေ့လာနိုင်ပြီးပေါ့"
လွန်ခဲ့တဲ့နှစ်တစ်သောင်းက ဓားသမားအစည်းအရုံးမှာ ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တွေခြောက်ယောက်ရှိတယ်၊ နောက်နှစ်ပေါင်းတစ်သောင်းကြာတော့ ခြောက်ကနေ ရှစ်ဖြစ်လာတယ်။
ပြိုင်ဘက်ကင်းဓားသူတော်စင်ရှစ်ယောက်က လေးနေရာအတွက် ယှဉ်ပြိုင်နေမှတော့ ဒီပြိုင်ပွဲက စိတ်လှုပ်ရှားစရာကောင်းလိမ့်မယ်ဆိုတာ သိသာတယ်။
ဓားသူတော်စင်ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့အခြားအထွတ်အထိပ်သူတော်စင်အရှင်တွေအတွက်ကတော့ သူတို့ကို လစ်လျူရှုထားနိုင်တယ်။
"ငါ မြစ်နက်ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ ချိတ်ဆက်ထားပြီးပြီ။ ငါ ဓားကန်ကို နောက်တစ်ခေါက် ထပ်သွားနိုင်ရမယ်"သိုင်းစင်မြင့်ရဲ့အခြားတစ်ဖက်မှာတော့ မြစ်နက်ဓားသူတော်စင်အရှင်က ထက်ရှတဲ့မျက်လုံးတွေနဲ့ တစ်ချက်ကြည့်လိုက်တယ်။
လွန်ခဲ့တဲ့နှစ်တစ်သောင်းက ဓားရေကန်ကို သွားရောက်နိုင်ခဲ့တာ သူ့အတွက် အတော်လေးကံကောင်းသွားခဲ့တယ်။ နောက်နှစ်အနည်းငယ်ကြာတော့ သူက တစ်ဝက်တစ်ပျက်အန္တိမအဆင့်ဓားပညာကို နားလည်နိုင်ခဲ့တယ်။
ပရိသတ်ထိုင်ခုံတွေက ၉၀ရာခိုင်နှုန်းလောက် ပြည့်လာပါပြီ။
ရုတ်တရက် ပုံရိပ်တစ်ခုက သိုင်းစင်မြင့်ပေါ်မှာ ထွက်ပေါ်လာတယ်။ လူတိုင်းက သူတို့ရဲ့မျက်လုံးတွေကို အာရုံစိုက်ထားကြတယ်။ ဒါက ဒုအစည်းအရုံးခေါင်းဆောင်သက်တံဖြူကောင်းကင်ဘုံအရှင်ပါပဲ။
"ဓားသူတော်စင်တွေ့ဆုံပွဲကို နှစ်တစ်သောင်းပြည့်တိုင်း တစ်ကြိမ်ကျင်းပတယ်။ ထိပ်ဆုံးလေးယောက်က ကျားအင်ပါယာကြယ်ပိုင်နက်ရဲ့ဓားကြယ်မြို့ကို သွားရောက်ကာ ဓားရေကန်မှာ ကျင့်ကြံနိုင်လိမ့်မယ်။ လွန်ခဲ့တဲ့နှစ်ထောင်အနည်းငယ်က မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာခဲ့ပြီး ငါတို့အံ့ဖွယ်သစ်ရွက်မြို့ရဲ့ဓားအစည်းအရုံးအတွက် နောက်ထပ်တစ်နေရာစာကို ရရှိခဲ့တယ်။ ဒါကြောင့် ဒီနှစ်တွေ့ဆုံပွဲရဲ့ထိပ်ဆုံးငါးယောက်က ဓားရေကန်ကို သွားရောက်ခွင့်ရလိမ့်မယ်" သက်တံဖြူကောင်းကင်ဘုံအရှင်ရဲ့အသံက လူတိုင်းရဲ့နားထဲကို ရှင်းလင်းစွာ ကူးပြောင်းလာတယ်။
"ဘာ။ မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်က ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်သွားပြီးလား"
"မယုံနိုင်စရာပဲ။ မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်က ဒီလောက်နှစ်တွေကြာတာတောင် ဘာလို့မထွက်ပေါ်လာတာလဲလို့ ငါတို့က စဉ်းစားနေတာ"
လူတိုင်းက စတင်ဆွေးနွေးနေကြတော့တယ်။
"ဓားသူတော်စင်တွေ့ဆုံပွဲကို တရားဝင်ဖွင့်လှစ်ပြီ။ စွမ်းဆောင်နိုင်တယ်လို့ထင်တဲ့သူတွေက အပေါ်ကို တက်သွားနိုင်တယ်" လက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ရာ သက်တံဖြူကောင်းကင်ဘုံအရှင်က သိုင်းစင်မြင့်ကို ငါးပိုင်းခွဲလိုက်တယ်။
ထိုစကားကို ကြားပြီးနောက် ပုံရိပ်ရှစ်ခုက သိုင်းစင်မြင့်ပေါ်ကို တစ်ဟုန်ထိုးတက်လာကြတယ်။
ပုံရိပ်ရှစ်ခုကတော့ လီဖူချန်းအပါအဝင် ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်ရှစ်ယောက်ပါပဲ။
"ပြန်ဆင်းစမ်း"
ရှစ်ယောက်က သိုင်းစင်မြင့်ငါးခုအတွက် ယှဉ်ပြိုင်နေကြတယ်။ ဒါကြောင့် စင်အများစုမှာ ယှဉ်ပြိုင်သူနှစ်ယောက်ရှိနေတယ်။ လီဖူချန်းက မြစ်နက်ဓားသူတော်စင်အရှင်နဲ့ ယှဉ်ပြိုင်နေတယ်။
မြစ်နက်ဓားသူတော်စင်အရှင်က အနက်ရောင်ဓားတစ်လက်ကို ဆွဲထုတ်ကာ ခုတ်ပိုင်းလိုက်တယ်၊ ဓားအလင်းတစ်ခုက အနက်ရောင်လှိုင်းတစ်ခုနဲ့ တူတယ်။ အဲဒါက ပုံရိပ်ယောင်ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အစစ်အမှန်ဖြစ်နေတယ်။ ဝိရောဓိဖြစ်လွန်းတာကြောင့် ကြည့်လိုက်ရုံနဲ့ သွေးပွက်ပွက်အန်စေတဲ့ဆန္ဒတစ်ခုကို ဖြစ်ပေါ်စေတယ်။
"ပြန်ဆင်းရမဲ့သူက မင်းပဲ"
လီဖူချန်းရဲ့ခန္ဓာကိုယ်က ဓားပင်လယ်တစ်ခုကို ထုတ်လွှတ်ပြီး အနက်ရောင်လှိုင်းနဲ့ ရင်ဆိုင်စေလိုက်တယ်။
ဝုန်း.........
မြစ်နက်ဓားသူတော်စင်အရှင်က လွင့်ထွက်သွားရပြီး သွေးတွေက သူ့ရဲ့ပါးစပ်နဲ့နှာခေါင်းမှ စီးကျလာတယ်။
ဘာ။ သူက ဓားတောင်မဆွဲထုတ်ဘဲနဲ့ ငါ့ကို လွင့်ထွက်သွားစေတာလား" မြစ်နက်ဓားသူတော်စင်အရှင်က အံ့အားသင့်သွားတယ်။
သူက မြစ်နက်ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ ချိတ်ဆက်ထားခဲ့ပြီး လေတိမ်ဓားသူတော်စင်အရှင်နဲ့ခံစားချက်မဲ့ဓားသူတော်စင်အရှင်တို့ကို ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်ထားတယ်။ ဓားကို မဆွဲထုတ်ဘဲနဲ့ သူ့ကို အနိုင်ယူနိုင်တဲ့သူ ရှိနေမယ်လို့ သူ မထင်ထားခဲ့ဘူးလေ။
"အားကောင်းလွန်းတယ်။ မူလအဆုံးစွန်းဓားသူတော်စင်အရှင်က မတရားအားကောင်းလွန်းပါတယ်။ ဒါတောင် မြစ်နက်ဓားသူတော်စင်အရှင်က ယခင်ဓားသူတော်စင်တွေ့ဆုံပွဲရဲ့အဆင့်လေးနော်"
"လွှမ်းမိုးနိုင်လွန်းတယ်။ ဒီဓားသူတော်စင်တွေ့ဆုံပွဲက သည်းထိတ်ရင်ဖိုစရာတွေ သိပ်မရှိတော့ဘူးပဲ"
ပရိသတ်တွေက မှင်တက်နေမိကြတယ်။
မြစ်နက်ဓားသူတော်စင်အရှင်ကို အနိုင်ယူပြိးနောက် လီဖူချန်းက သိုင်းစင်မြင့်တစ်ခုအပေါ်မှာ အောင်မြင်စွာ ရပ်နိုင်ခဲ့တယ်။
သူ့အပြင် လေတိမ်ဓားသူတော်စင်အရှင်နဲ့ခံစားချက်မဲ့ဓားသူတော်စင်အရှင်တို့လည်း သိုင်းစင်မြင့်တစ်ခုပေါ်မှာ အသီးသီးရပ်နိုင်ခဲ့တယ်။
လေတိမ်ဓားသူတော်စင်အရှင်က အံ့အားမသင့်သွားပေမယ့် လီဖူချန်းရဲ့တိုက်ခိုက်မှုကို မြင်ပြီးနောက် ခံစားချက်မဲ့ဓားသူတော်စင်အရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားရတယ်။
အတိတ်ကို ပြန်ကြည့်ရင် မြင့်မြတ်နှလုံးသားဓားသူတော်စင်အရှင်ကတောင် ဒီလောက်ထိမထူးချွန်ခဲ့ဘူးလေ။
အခြားသိုင်းစင်မြင့်နှစ်ခုကတော့ တိုက်ပွဲပြင်းထန်နေတယ်။
သစ်ရွက်နီဓားသူတော်စင်အရှင်မက ယင်ယန်ဓားသူတော်စင်အရှင်လို့ခေါ်တဲ့ပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်တယ်။ သူက ယင်ယန်ဓားတာအိုကို ကျင့်ကြံထားခဲ့ပေမယ့် ယင်ယန်ဓားတာအိုရဲ့အထွတ်အထိပ်အခြေအနေကို ချိုးဖြတ်နိုင်ခဲ့တာ သိသာတယ်။ သူ့ရဲ့ဓားပညာမှာ ယင်နဲ့ယန်ရောနှောနေပြီး ရှေးဦးအခြေအနေပါဝင်တယ်။ ဓားကွက်တစ်ခုစီက အကန့်အသတ်မဲ့စွမ်းအင်တွေနဲ့ ပြည့်နေပြီး ဆန့်ကျင်တိုက်ခိုက်ဖို့ခက်ခဲတယ်။
သစ်ရွက်နီဓားသူတော်စင်အရှင်မက သစ်ရွက်နီဓားတာအိုအရင်းမြစ်စွမ်းအားကြောင်းတစ်ခုနဲ့ ချိတ်ဆက်ထားခဲ့တာ ကံကောင်းတယ်၊ သို့မဟုတ်ရင် သူမက ခုခံနိုင်မှာမဟုတ်ဘူး။
အခြားစင်မြင့်ပေါ်မှာတော့ လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က အခြားပြိုင်ဘက်ကင်းဓားတာအိုသူတော်စင်အရှင်တစ်ယောက်နဲ့ တိုက်ခိုက်နေတယ်။ သူ့ရဲ့လျှို့ဝှက်အရိပ်ဓားပညာက ပုံသဏ္ဍာန်မဲ့ကာ မမြင်နိုင်ဘူး။ အဲဒါက ပုံရိပ်ယောင်နဲ့အစစ်အမှန်အခြေအနေမှာ ရှိတယ်။ သူ့ရဲ့ပြိုင်ဘက်က အလွန်ခက်ခဲတဲ့အချိန်တစ်ခုရှိနေပြီး အချိန်တစ်ခုကြာပြီးနောက် လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က သူ့ပြိုင်ဘက်ကို အနိုင်ယူနိုင်လိမ့်မယ်။
မကြာမီမှာတော့ လျှို့ဝှက်အရိပ်ဓားသူတော်စင်အရှင်က သူ့ပြိုင်ဘက်ကို အနိုင်ယူနိုင်ခဲ့ပြီး စင်မြင့်ပေါ်မှာ ရပ်နေနိုင်ခဲ့တယ်။
သစ်ရွက်နီဓားသူတော်စင်အရှင်မက ယင်ယန်ဓားသူတော်စင်အရှင်နဲ့ တိုက်ခိုက်နေတုန်းပါပဲ။
ယင်ယန်ဓားသူတော်စင်အရှင်က ယင်ယန်ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ မချိတ်ဆက်နိုင်ပေမယ့် ယင်ယန်ဓားတာအိုရဲ့အထွတ်အထိပ်အခြေအနေကို ချိုးဖြတ်ထားခဲ့တယ်။ ခံစစ်နဲ့တိုက်စစ်ပေါင်းစည်းခြင်းနဲ့အတူ သူ့ရန်သူရဲ့စွမ်းအားကို အသုံးပြုရာမှာ သူက ကျွမ်းကျင်တယ်။ သစ်ရွက်နီဓားသူတော်စင်အရှင်မက ယင်ယန်ဓားသူတော်စင်အရှင်ကို ဖိနှိပ်နေပုံရပေမယ့် သူမက အပေါ်စီးကိုတော့ ရရှိထားခြင်းမရှိပါဘူး။
အကွက်ထောင်ကျော်ဖလှယ်ပြီးနောက် ယင်ယန်ဓားသူတော်စင်အရှင်က ရှုံးနိမ့်သွားတော့တယ်။ အရင်းမြစ်စွမ်းအားနဲ့ မချိတ်ဆက်ထားရင် သူ့ရဲ့ပေါက်ကွဲခွန်အားက သစ်ရွက်နီဓားသူတော်စင်အရှင်မထက် နိမ့်ကျတယ်။ အားနည်းချက်သေးသေးလေးတစ်ခုက သစ်ရွက်နီဓားသူတော်စင်အရှင်မအခွင့်ကောင်းယူဖို့အတွက် လုံလောက်ပြီး သူ့ကို အနိုင်ယူခဲ့တယ်။