← Chapters

ငါနင့်ကို သတိရတယ်

Vol. 21 Ch. 314

ငါနင့်ကို သတိရတယ်

Vol. 21 Ch. 314

လင်းဖန် အလုပ်များကို စီစဉ်ပေးပြီးနောက် အိမ်မြန်မြန်ပြန်ဖို့ ပြင်လိုက်ပါသည်။

ဒီတစ်ခေါက် သူ့အိမ်မှာ ညအိပ်ဖို့ လင်းခဲ့ရှင်းကိုပါ ခေါ်လာခဲ့သည်။

လင်းခဲ့ရှင်း၏ အလုပ်တာဝန်က အများဆုံး ဖြစ်သည်။ အန်ဒိုစာ ၃၅ ခုဖြစ်ပြီး လင်းဖန်ထက်တောင် ၅ ခုပိုပါသည်။

ယွဲ့ဟွာဆယ်လီ အများစုက သက်ပြင်းချလိုက်မိကြ၏။

“လင်းဖန်က အန်ဒိုစာ အကုန်လုံးကို ရှားဝမ်ချွေ့၊ စုရှောင်းယွီနဲ့ လင်းခဲ့ရှင်းတို့ကိုပဲ ခွဲပေးလိုက်တယ်”

“လခွီးကောင်လင်းဖန်။ သူငယ်ချင်းတွေထက် မိန်းမတွေကို ပိုတန်ဖိုးထားတဲ့ကောင်’

“ငါလည်း အန်ဒိုစာ လိုချင်တယ်။ ဘာလုပ်ရမလဲ”

“လင်းဖန်က ငါတို့ ကုမ္ပဏီကလို့ ထင်ထားတာ။ ဘာလို့ငါတို့ကျတော့ အန်ဒိုစာ မရတာလဲ”

လင်းကျင်းကျင်းက ရှုယန်ကို ကြည့်ကာ ပြုံးလိုက်ပါသည်။ “ရှုယန် ကျွန်မတို့လည်း လင်းဖန်ရဲ့ ကုမ္ပဏီကို သွားကြရအောင်~~ သူ့အနုပညာရှင် လုပ်ကြစို့လေ”

ရှုယန်က လင်းကျင်းကျင်း၏ လက်ကိုကိုင်ကာ သူမ ခေါင်းကို ပွတ်သပ်ပေးလိုက်ပါသည်။ “ကျင်းကျင်း ကိုဂရုမစိုက်ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုတို့ စာချုပ်တွေလည်း သက်တမ်း ကုန်တော့မှာပဲကို။ ဒါပေမယ့် မင်းက အဆိုတော်တစ်ယောက် ဖြစ်နေတုန်းပဲနော်။ လင်းဖန်လက်အောက်မှာ စာချုပ်ချုပ်လိုက်ရင် မင်းရဲ့ အနာဂတ်လုပ်ငန်းအပေါ် မထိခိုက်နိုင်ဘူးလား”

လင်းကျင်းကျင်းက ခေါင်းခါလိုက်၏။ “မထိခိုက်လောက်ပါဘူး။ လင်းဖန်က အရမ်း သဘောကောင်းပါတယ်။ အဆိုပညာလည်း အရမ်းတော်တယ်။ သူသာ နောက်ပိုင်း ဂီတ လမ်းကြောင်းပေါ်လျှောက်ရင် ကျွန်မသူ့ကို အားကိုးလို့ရတယ်”

ရှုယန်က ခေါင်းငြိမ့်လိုက်၏။ “ဒါဆို ဆုံးဖြတ်လိုက်ပြီနော်။ ကိုအချိန်အားရင် ကိုတို့ နှစ်ယောက်စလုံး သူ့ဆီမှာ စာချုပ်ချုပ်မယ်လို့ လင်းဖန်ကို ပြောလိုက်မယ်”

ရှုယန်က စကားပြောရင်း လင်းကျင်းကျင်းကို အိမ်ပြန်ခေါ်လာခဲ့သည်။

လင်းကျင်းကျင်းကို ညင်သာစွာ ရှုယန် ပွေ့ဖက်လိုက်သည်။ သူ့ဘဝကြီး တကယ် ကံကောင်းလှသည်ဟု ခံစားလိုက်ရပါသည်။

လင်းကျင်းကျင်းနဲ့ သူတွဲကတည်းက နေ့တိုင်း ပျော်ပျော်ရွှင်ရွှင် နေရသည်။

ရေချိုးပြီးနောက် ကုတင်ပေါ်က လင်းကျင်းကျင်းကို ရှုယန်ကြည့်လိုက်ပြီး သူမ လက်ကို ကိုင်လိုက်သည်။

“ဒီနေ့က ကိုယ်…” ရှုယန်က လင်းကျင်းကျင်းကို ကြည့်ကာ မေးလိုက်ပါသည်။

လင်းကျင်းကျင်းက အနည်းငယ် ရှက်ရွံ့စွာဖြင့် ညင်ညင်သာသာ ခေါင်းငြိမ့်လိုက်သည်။

“ဒီနေ့ည ဘာမှ မသုံးလည်း ရပါတယ်…”

“ကျွန်မ… ဆေးသောက်လိုက်ပါ့မယ်” လင်းကျင်းကျင်းက ရှုယန်ကို မျက်လုံးလှလှလေးများဖြင့် ကြည့်ကာ ပြောလိုက်ပါသည်။

“ဘယ်ဟုတ်ပါ့မလဲ” ရှုယန်က ပြုံးပြီး လင်းကျင်းကျင်းကို ပြန်ကြည့်လိုက်ပါသည်။ သူမကို ဒီလို အနိုင်ကျင့်ရက်ပါ့မလား။

အခန်းထဲက နံရံတွေပေါ်မှာ ပန်းချီကားတွေ စောင်းသွား၏။ စားပွဲပေါ်က ခွက်လေး တစ်ခွက်လည်း ကြမ်းပြင်ပေါ် ကျသွားပါသည်။

အခန်းထဲမှာလည်း အဝတ်အစား အပြဲအစတချို့ကို မြင်နိုင်ပြီး ထိုင်ခုံလေး တစ်ခုံတောင် ကြမ်းပြင်ပေါ်မှာ လဲကျနေပါသည်။

ကြမ်းပြင်ပေါ်မှာလည်း အဝတ်အစား တချို့ ရှိနေ၏။ အလွန်သေးငယ်သည့် ပစ္စည်းများလည်း ရှိနေပါသေးသည်။

အခန်းထဲမှာ ဝိုင်နီရနံ့လေးသင်းပျံ့နေ၏။ အလွန်လှပသည့် ညလေးတစ်ညဖြစ်ခဲ့ကာ စိတ်ကူးများ အထိန်းအကွပ်မဲ့သွားနိုင်ပါသည်။

နှလုံးသားရေကန် ဗီလာတွင်။

လင်းဖန် ခံနိုင်ရည် မရှိတော့ပေ။

ဒီဘဝကြီးက တော်တော် ကောင်းလွန်းပါသည်။

အိမ်ပြန်လာပြီးနောက် အဲကွန်းနဲ့ ချိတ်ဆက်ထားသည့် ဝါယာကြိုးက ပျက်စီးသွားခဲ့သည်။

လင်းဖန်၏ အိမ်က အဲကွန်း အလုပ်မဖြစ်တော့လောက်အောင် ပျက်စီးသွားခဲ့ပါသည်။

အဲကွန်းသာ အလုပ်မဖြစ်ပါက တစ်အိမ်လုံး အတော်ပူပြင်းလာနိုင်သည်။

ထို့နောက် စုရှောင်းယွီက စကတ်တိုတစ်ထည် ချက်ချင်းလဲလိုက်ပါသည်။

စကတ်တွေက ပိုအေးမြသောကြောင့် ဖြစ်သည်။

လင်းခဲ့ရှင်းလည်း ဘောင်းဘီတို လဲလိုက်သည်။ သူမက ပေကျင်းရုပ်ရှင် တက္ကသိုလ်မှ Queen တစ်ယောက်ဖြစ်သဖြင့် ခြေတံသွယ်သွယ်လှလှလေးများ ရှိပါသည်။

ရှားဝမ်ချွေ့လည်း ပိုအေးမြအောင် ဝတ်ဆင်ထား၏။ ထိုကောင်မလေး ၃ယောက် တီဗီကြည့်ရင်း အချင်းချင်း စနောက်နေကြသည်။

လင်းဖန် စိတ်ပျက်နေပါသည်။

သူ ဒီတိုင်းသာ ကြည့်နေနိုင်၏။ ဒါ အဆိုးရွားဆုံးပင်။

ထို့ကြောင့် လင်းဖန် သူ့အခန်းထဲမှာပဲ တရုတ် စစ်တုရင် ဆက်ကစားနေလိုက်ပါသည်။

ထိုအချိန်တွင် တံခါးခေါက်သံ ထွက်ပေါ်လာ၏။

လင်းဖန် တံခါးဖွင့်ကြည့်လိုက်သောအခါ ရှားဝမ်ချွေ့ သူ့ကိုကြည့်ရင်း မတ်တပ်ရပ်နေတာကို မြင်လိုက်ရပါသည်။

“မြောင်မြောင်” ရှားဝမ်ချွေ့က ခေါင်းကလေး ပြူကာ အထဲကို ကြည့်လိုက်၏။

“ဘာဖြစ်လို့တုန်း” လင်းဖန် ပြုံးလိုက်သည်။ ရှားဝမ်ချွေ့ကိုကြည့်ရင်း သူ စိတ်မထိန်းနိုင်တော့ပါ။

သူမအခန်းထဲမှာ သူမ အလွန် မလုံမခြုံ ဝတ်ထားသည်။ ကံကောင်းစွာဖြင့် လင်းဖန်က အတော်လေး ဖြောင့်မတ်သူ ဖြစ်နေသောကြောင့်ပင်။ တခြားသူတစ်ယောက်သာဆို စိတ်မထိန်းနိုင်လောက်ပါ။

“မနက်ဖြန်ကစပြီး ငါတို့ တစ်ယောက်ကိုတစ်ယောက် ၁ လလောက် မတွေ့ရတော့ဘူးလား” ရှားဝမ်ချွေ့က မေးလိုက်သည်။ သူမရဲ့ မျက်လုံးလှလှလေးများက အနည်းငယ် စိတ်ပျက်နေသည့် အရိပ်အယောင်ပေါ်နေပါသည်။

သူမနဲ့ လင်းဖန်တို့က ဟန်းနီးမွန်းကာလထဲမှာပဲ ရှိသေးသည်။ သူမတို့ တစ်လလောက် မတွေ့ရတော့မှာကို အနည်းငယ် ဝမ်းနည်းသွားပါသည်။

“အဲ့လိုမျိုးပဲ။ ငါ့အချိန်စာရင်းကို စစ်ကြည့်တော့ တော်တော်ပြည့်နေတာ” လင်းဖန် ပြောလိုက်သည်။ သူဘာမှ မတတ်နိုင်ပေ။ သူငွေရှာရပါမည်။

“ဒါဆို ဒီနေ့ည ငါဒီမှာ အိပ်မယ်” ရှားဝမ်ချွေ့ မျက်နှာ နီနီရဲရဲဖြင့် ပြောလိုက်ပါသည်။

“...” လင်းဖန် ကြက်သေသေသွား၏။

သူ့ကံထူးချိန် ရောက်လာပြီလား။

“နင်က လက်မခံချင်ဘူးလား” ရှားဝမ်ချွေ့က အနည်းငယ် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ရင်း လင်းဖန်ကို ကြည့်လိုက်ပါသည်။

“ဒီတိုင်း… အလွန်ဆုံး ဖက်လို့ပဲရတယ်။ ကျန်တာ ဘာမှ လုပ်ခွင့်မရှိဘူးနော်” ရှားဝမ်ချွေ့က ပြောလိုက်၏။

“ဟုတ်ပါပြီ” လင်းဖန် ခေါင်းငြိမ့်လိုက်သည်။

ဒီတော့… လင်းဖန်အတွက် ပျော်စရာကောင်းသော်လည်း နာကျင်စရာ ညတစ်ည ဖြစ်လာခဲ့ပါသည်။

နောက်ဆုံးတော့ ရှားဝမ်ချွေ့ကို ဖက်အိပ်လို့ ရပါပြီ။

သို့သော် ကျန်တာ ဘာမှ လုပ်လို့မရပါ။ လင်းဖန် သက်ပြင်းသာ ချနိုင်တော့သည်။၊

သို့သော်လည်း သူမကို ဖက်အိပ်နိုင်ရုံနဲ့ တိုးတက်လာသည်ဟု ဆိုနိုင်ပါသည်။

နောက်တစ်နေ့မနက်…

လင်းဖန် ပြတင်းပေါက်ကို ဖွင့်ကာ ရှုခင်းကို ပြုံးပြုံးကြီး ကြည့်လိုက်ပါသည်။

ရှားဝမ်ချွေ့ရဲ့ လက်ကလေးကို ကိုင်ပြီး သူမ နဖူးပေါ်မှာ တင်ထားပေးလိုက်သည်။

“လင်းဖန်…” ရှားဝမ်ချွေ့က မျက်လုံးဖွင့်လိုက်ပြီး လင်းဖန်ကို ကြည့်လိုက်သည်။

“နင်အနားမှာရှိနေတာ ကောင်းလိုက်တာ” ရှားဝမ်ချွေ့က နူးညံ့စွာပြောလိုက်ပြီး ချိုချိုမြိန်မြိန် ပြုံးလိုက်လေသည်။

“အင်း” လင်းဖန် ခေါင်းငြိမ့်လိုက်၏

ဧကန္တ နေ့တိုင်း အပျော်ရွှင်ရဆုံးအရာက သူမ လက်ကလေးကို ကိုင်ကာ အတူတူ နိုးထရင်း လှပသည့် ကမ္ဘာကြီးကို ခံစားနိုင်ခြင်း ဖြစ်လောက်သည်။

“လင်းဖန် နင်အလုပ်ကြိုးစားမှ ဖြစ်မယ်နော်”

“၃ လကြာတဲ့အခါ ငါ့အဖေရဲ့ စမ်းသပ်ချက်ကို အောင်မြင်နိုင်ရင် ငါ… နင့်ကိုလက်ထပ်မယ်”

“အဲ့အချိန်ကျမှ နင်လုပ်ချင်တာမှန်သမျှ လုပ်လို့ရတယ်” ရှားဝမ်ချွေ့ ပြောလိုက်ပါသည်။

“၃ လဆိုတာ ခဏလေးပါ။ ငါ ၃ လအတွင်း အလုပ်အရမ်းကြိုးစားမယ်။ နင့်အဖေရဲ့ သဘောတူမှုကို သေချာပေါက် အရယူပြမယ်” လင်းဖန်က ပြောလိုက်ပါသည်။

“~~~”

ဘာမှန်းမသိလိုက်ဘဲ ၂၅ ရက် ကုန်လွန်သွားခဲ့သည်။

လွန်ခဲ့တဲ့ ၂၅ ရက်အတွင်း လင်းဖန်က မြို့ပေါင်း ၂၆ မြို့ကို ခရီးသွားခဲ့ရသည်။ သွားတိုင်းလည်း လေယာဉ်စီးသွားရပါသည်။

ထို ၂၅ ရက်စလုံးက အပင်ပန်းဆုံး အချိန် ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။

လင်းဖန်က အန်ဒိုစာ ၂၉ ခုရိုက်ကူးပြီးပြီ ဖြစ်ကာ နောက်ဆုံးတစ်ခုကို ရိုက်ကူးနေပါသည်။

လင်းဖန်ပေါ်လာတိုင်း ပရိတ်သတ်များစွာက အော်ဟစ်ကြသည်။

အန်ဒိုစာ ကုမ္ပဏီတွေထဲက ကောင်မလေးများစွာရဲ့ မျက်နှာပေါ်မှာလည်း လေးစားအားကျမှုများ ပေါ်လွင်နေပါသည်။

ဒီ ၂၅ ရက်လုံးလုံး လင်းဖန် ရှားဝမ်ချွေ့ကို မတွေ့ရပါ။

ဗီဒီယို Chat ပြောဖို့တောင် အချိန်မရပေ။ နေ့တိုင်း ဂွတ်မောနင်း၊ ဂွတ်နိုက် ပို့ရုံကလွဲပြီး စာတောင် သေချာ မပို့ခဲ့ရပါ။

၂၅ ရက်တောင်ဖြစ်သဖြင့် လင်းဖန် သူ့ကြောင်မလေးကို သတိရနေပါပြီ။

ဒီနေ့ အန်ဒိုစာ ရိုက်ကူးပြီးနောက် လင်းဖန် ရှားဝမ်ချွေ့ကို သွားတွေ့ခဲ့ပါသည်။

သူ အားလုံးကို ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

လင်းဖန် ဒီနေ့ Suit တစ်စုံနဲ့ ပေါ်လာခဲ့သည်။

လင်းဖန်ကိုသာ အားလုံး အာရုံစိုက်နေကြ၏။

“လင်းဖန် လင်းဖန် လင်းဖန်”

“ငါ လင်းဖန်ကို တွေ့တယ်။ လင်းဖန်က အရမ်းချောတာပဲ”

“လင်းဖန် ဘာလို့ ဒီလောက်ချောရတာလဲ။ ငါ့အိုင်ဒေါက အမြဲတမ်း သူပဲ ဖြစ်နေတော့မှာ”

“မြန်မြန် ဓာတ်ပုံရိုက်ထားကြ ငါ့အိုင်ဒေါကို တစ်ခါတွေ့ရဖို့က လွယ်တာမဟုတ်ဘူး”

လင်းဖန်ရောက်လာပြီးနောက် နောက်ဆုံး ရိုက်ကူးရေး အဆင့်ကို ရောက်ရှိသွားပါသည်။

ရိုက်ကူးရေးပြီးသောအခါ ရှားဝမ်ချွေ့ကို သွားတွေ့နိုင်ပါပြီ။

လင်းဖန် ရိုက်ကူးရေးစတင်ဖို့ ပြင်လိုက်စဉ်မှာပင် လက်ဆွဲသေတ္တာ တစ်လုံးကို ကိုင်ဆောင်ထားပြီး ချစ်စရာ ကြောင်နားရွက်ဦးထုပ်လေးကို ဆောင်းထားသည့် ကောင်မလေးတစ်ယောက် မြင်ကွင်းထဲကို ဝင်လာခဲ့သည်။

မျက်လုံးတွေအားလုံး သူမဆီကို ရောက်ရှိသွားလေသည်။

ထိုကောင်မလေးနောက်တွင် ယန်ချင်းနဲ့ လုံခြုံရေး အစောင့်များစွာ ပါလာသည်။

ဒါက ရိုက်ကူးရေးနေရာဖြစ်ပြီး ပြင်ပလူတွေ ဝင်ခွင့်မရှိသော်လည်း ဘယ်သူမှ ကောင်မလေးကို မတားကြပေ။

အားလုံး ကောင်မလေးကို မြင်သောအခါ မြေပေါ် ကျောက်ရုပ်လို ရပ်တန့်သွားကြ၏။

ယောက်ျားလေးတွေကော မိန်းကလေးတွေကော သူမရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရသည်။

သူမ ပေါ်လာတော့ သူမ ဘေးက အရာအားလုံး အရောင်တွေ မှေးမှိန်သွားခဲ့သည်။

စူပါစတား ရှားဝမ်ချွေ့ ရောက်လာခဲ့ပါပြီ။

သူမ အန်ဒိုစာများကို ရိုက်ကူးပြီးသွားပြီ ဖြစ်ကာ လင်းဖန်ဆီကို လာလည်ခြင်း ဖြစ်သည်။

ရှားဝမ်ချွေ့ လင်းဖန်ဆီ ရောက်လာတာကို မြင်ပြီး ယောက်ျားမိန်းမ များစွာ၏ အသည်းများ ကွဲကုန်ကြပါသည်။

တရုတ်နိုင်ငံရဲ့ ကြယ်ပွင့် ရှားဝမ်ချွေ့က လင်းဖန်ဆီကို ရောက်လာခဲ့သည်။

ဒါ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေး ဘယ်လောက် ကောင်းသလဲဆိုတာကို ပြသနေခြင်း ဖြစ်ပါသည်။

“ငါ့နတ်သမီးလေးက လင်းဖန်ကို လာတွေ့တာပါလား”

“လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ဆက်ဆံရေးကို အားကျလိုက်တာ။ ရှားဝမ်ချွေ့က ဘာလို့ ဒီလောက် ကောင်းရတာလဲ”

“ငါမနာလိုဖြစ်လွန်းလို့ ငိုတောင်ငိုချင်လာပြီ။ ငါ့နတ်သမီးလေး လင်းဖန်ရဲ့ ကောင်မလေး ဖြစ်သွားပြီ။ သူတို့က နီးစပ်လွန်းလို့ ငါအခွင့်အရေးတောင် မရှိတော့ပါဘူး”

ရှားဝမ်ချွေ့ ရောက်လာတော့ လင်းဖန် လှည့်ကြည့်လိုက်မိပြီး သူမကို မြင်သွားပါသည်။

ရှားဝမ်ချွေ့ကို မြင်သွားတော့ လင်းဖန် သူလုပ်ရမည့်အရာများ၊ ရိုက်ကူးရမည့် အရာများကို မေ့ပျောက်သွားခဲ့သည်။

ရင်းနှီးနေသည့် ကောင်မလေး၊ ရင်းနှီးနေသည့် မျက်နှာလေးကိုသာ မြင်နေပါသည်။

၂၅ ရက်လောက် ခွဲခွာခဲ့ရပြီးနောက် သူမကို အလွန် သတိရနေပါသည်။

ဒီနေ့ သူမက သူ့ဆီကို ရောက်လာခဲ့၏။

သူမ အရင်တုန်းကလိုပဲ လှပဆဲဖြစ်သည်။ ရိုက်ကူးရေးတွေ ရက်ပေါင်းများစွာ လုပ်ခဲ့ရသဖြင့် သူမအတွက် ခက်ခဲခဲ့သော်လည်း နောက်ဆုံးအန်ဒိုစာကို ရိုက်ကူးပြီးတာနဲ့ လင်းဖန်ကို တန်းလာတွေ့ခဲ့ပါသည်။

“မြောင် မြောင် ငါနင့်ကို လာကြည့်တာ” ရှားဝမ်ချွေ့က လင်းဖန်ရှေ့မှာ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်ပါသည်။

လင်းဖန်က ချစ်စရာ ကောင်မလေးကို ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောတော့ပါ။

အကြည့်ပေါင်းများစွာ၏ အောက်တွင် လင်းဖန် ရှေ့ကို တိုးသွားပြီး ရှားဝမ်ချွေ့ကို ပွေ့ဖက်လိုက်သည်။ သူပြောလိုက်တဲ့ စကားက ရိုးရှင်းသော်လည်း ဘေးပတ်လည်က ပရိတ်သတ်တွေကို အော်ဟစ်သွားစေသည်။

“သတိရတယ်”

ရှားဝမ်ချွေ့ကို လင်းဖန်က လူမြင်ကွင်းမှာ ပွေ့ဖက်လိုက်ပါသည်။

ရှားဝမ်ချွေ့ကလည်း ချိုမြိန်စွာ ပြုံးလိုက်ပြီး မတွန်းလှန်ပါ။

အပြင်မှာလည်း လင်းဖန်ကို သူမ မျက်နှာသာ ပေးပါသည်။

ဘေးပတ်လည်က ပရိတ်သတ်တွေ ဆက်အော်ဟစ်နေကြပါသည်။

ရှားဝမ်ချွေက ရှက်သွေးဖြာသွားပြီး ပြောလိုက်၏။ “... ငါလည်း နင့်ကို သတိရပါတယ်။”

All Chapters