အကဲခတ် မမှားဘူး
Vol. 21 Ch. 315
“မနာလိုလိုက်တာ မနာလိုလိုက်တာ။ သူများကို မျက်နှာပူအောင် ဒီလိုပဲ လုပ်ကြတာလား”
“လူမြင်ကွင်းကြီးမှာ မျက်နှာပူစရာတွေ လုပ်နေတယ်။ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကို သတ်ဖို့ ဘယ်သူ ကူပေးမလဲ။”
“ဒါပေမယ့် တကယ် အရမ်းချိုမြိန်တာပဲ။ ဘဝရဲ့ပျော်ရွှင်မှု Season 2 လည်း ပြီးသွားပြီ။ အဲ့ဒီ တီဗီရှိုးက တော်တော်ကောင်းတယ်”
“လင်းဖန် ဓားနှင့်နတ်သမီးဒဏ္ဍာရီ Season 3 ကို ဘယ်တော့ ရိုက်မလဲမသိဘူးနော်။ ငါအဲ့ဒီနေ့ရောက်ဖို့ စောင့်နေခဲ့တာ တော်တော်ကြာပြီ”
“လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးက ရုပ်သံဒရမ်မာတွေထဲမှာ အရမ်းချိုမြိန်တယ်။ အပြင်မှာ ပိုတောင် ချိုမြိန်သေးတယ်”
လင်းဖန်က ရှားဝမ်ချွေ့ ခေါင်းလေးကို ညင်သာစွာ ပွတ်ပေးလိုက်ပါသည်။ “ဒီအန်ဒိုစာ ရိုက်ပြီးသွားရင် ငါတို့ အိမ်တူတူ ပြန်ကြမယ်”
ရှားဝမ်ချွေ့ ခေါင်းငြိမ့်လိုက်ပါသည်။ “အင်း~”
ထို့နောက် လင်းဖန် အန်ဒိုစာသွားရိုက်ကူးလေသည်။ ရှားဝမ်ချွေ့က ထိုင်စရာနေရာရှာကာ ထိုင်လိုက်ပြီး ယန်ချင်းက သူမအတွက် ထီးမိုးပေးထားသည်။
ရှားဝမ်ချွေ့က ပါးကို လက်ဖြင့်ထောက်လျက် လင်းဖန်ကို ကြည့်နေသည်။ လက်ထဲမှာလည်း ရေသန့်တစ်ဗူးကိုင်ထား၏။
“ချွေ့ချွေ့ ဘယ်လိုခံစားရလဲ” ယန်ချင်းက မေးလိုက်သည်။
“အင်း… နည်းနည်းချောတယ်” ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ တောက်ပစွာ ပြုံးလိုက်ပါသည်။
သူမအဖေကို လင်းဖန်တွေ့ရဖို့က ၂ လသာ လိုတော့သည်။
ဘာကြောင့်မှန်းမသိဘဲ ရှားဝမ်ချွေ့ ထိုနေ့ကို မျှော်နေမိပါသည်။
လင်းဖန်ရဲ့ မိဘတွေကိုလည်း ဘယ်တော့ တွေ့နိုင်မလဲ တွေးမိသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ဘေးက ပရိတ်သတ်များစွာက မနာလို ဖြစ်သွားကြ၏။
အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် ယောက်ျားလေး ပရိတ်သတ်တစ်ယောက်က အနည်းငယ် မပျော်မရွှင် ဖြစနေသည့် ပုံစံပင်။
“ဟင်းဟင်း လင်းဖန်က ရှားဝမ်ချွေ့နဲ့ ဒီတိုင်း နည်းနည်း ပိုရင်းနှီးရုံလေးပါ။ သူနဲ့ တခြား မိန်းကလေးဆယ်လီတွေရဲ့ ဆက်ဆံရေးကိုလည်း ကြည့်လိုက်ဦးလေ”
ဘေးက ကတုံးလူကြီး တစ်ယောက်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ “တကယ်တော့ လင်းဖန်က မိန်းကလေးတွေနဲ့ သိပ်ပြီး မပတ်သတ်ပါဘူး။ ရှားဝမ်ချွေ့နဲ့ စတွဲကတည်းက တခြား ကောင်မလေးတွေကလည်း လင်းဖန်နား မကပ်ကြတော့ဘူး”
ဘေးက မိန်းကလေး ပရိတ်သတ်တစ်ဦးက ပြောလိုက်သည်။ “လင်းဖန်က မိန်းကလေးတွေနဲ့ မပတ်သတ်ဘူးလို့ ဘယ်သူ ပြောလဲ။ သူက မိန်းကလေးတွေကြားထဲမှာမှ တကယ် နာမည်ကြီးတာ”
အနက်ရောင်ဝတ်စုံဖြင့် ယောက်ျားက ပြောလိုက်၏။ “အဓိပ္ပာယ်မရှိတာ။ သူက မိန်းကလေးတွေကြား နာမည်ကြီးတယ်ဆို ဘာလို့ ရှားဝမ်ချွေ့တစ်ယောက်တည်း လင်းဖန်ကို လာတွေ့တာလဲ။ တခြား ဆယ်လီတွေ ဘာလို့ မရှိတာလဲ”
ကတုံးကလည်း ခေါင်းငြိမ့်လိုက်သည် “နင်တိို့ မိန်းမတွေက အဓိပ္ပာယ်မရှိတာတွေ အရမ်းပြောတာပဲ။ လင်းဖန်က မိန်းကလေးတွေကြားထဲမှာ ရေပန်းစားရင် ငါခုချက်ချင်း ချီးပုံကောက်စားပြမယ်”
အနက်ရောင်ဝတ်စုံနဲ့ ယောက်ျားကလည်း ခေါင်းငြိမ့်လိုက်ပါသည်။ “ငါကောပဲ။ လင်းဖန်က အခု စိတ်ကူးစိတ်သန်းတောင် သိပ်မကောင်းတော့ဘူးလို့ မထင်ဘူးလား။ ရှားဝမ်ချွေ့နဲ့ အချစ်ရေး ဇာတ်ဝင်ခန်း ရိုက်ဖို့လောက်ပဲ တတ်တယ်။ ဘာလို့ တခြား ဇာတ်ဝင်ခန်းတွေ မရိုက်ကြတာလဲ”
ကတုံးက ရယ်မောလိုက်ပါသည် “တခြား မင်းသမီးတွေဘယ်သူမှ လင်းဖန်နဲ့ အလုပ် မလုပ်ချင်လို့နေမှာပေါ့”
ထိုအချိန်တွင် အနက်ရောင်ဝတ်စုံနဲ့လူ ကြက်သေသေသွား၏။ ကတုံးလည်း မြင်ဖူးနေသည့် လူတစ်ယောက်ကို မြင်လိုက်ရပါသည်။
တရုတ်နိုင်ငံရဲ့ ကြယ်ပွင့် စုရှောင်းယွီ ဖြစ်သည်။
စုရှောင်းယွီလည်း ရောက်လာပါသည်။
စုရှောင်းယွီ ပေါ်လာတော့ သူမ တောက်ပနေခဲ့၏။
အဖြူရောင်ဂါဝန်တစ်ခုကို ဝတ်ဆင်ထာားပြီး လေပြည်လေးများက သူမရဲ့ ဆံနွယ်ရှည်များကို ပွတ်တိုက်သွား၏။ ချစ်ဖို့ကောင်းပြီး လှပပါသည်။
စုရှောင်းယွီလည်း လင်းဖန်ဆီကို ရောက်လာခြင်း ဖြစ်သည်။
မိန်းကလေး ပရိတ်သတ်က ပြောလိုက်၏။ “ကြည့်ဦး။ အဲ့တာ လင်းဖန်ရဲ့ မိန်းကလေးတွေကြားမှာ ရေပန်းစားမှုပဲ။ စုရှောင်းယွီတောင် လင်းဖန်ကို လာတွေ့ရတယ်”
အနက်ရောင်ဝတ်စုံနဲ့လူကော ကတုံးနဲ့လူကော ဆွံ့အသွားသည်။
သူတို့နှစ်ယောက်စလုံး အနည်းငယ် မှင်သက်သွားရ၏။
စုရှောင်းယွီက တရုတ်နိုင်ငံရဲ့ ကြယ်ပွင့် တစ်ယောက်ဖြစ်သည်။ သူမမှာ ပရိတ်သတ်များစွာ ရှိပါသည်။
ဘာလို့ လင်းဖန်ကို လာတွေ့ရတာလဲ။
ထို့အပြင် လင်းဖန်မှာ ကောင်မလေး ရှိပြီးသား ဖြစ်သည်။ သို့သော် စုရှောင်းယွီက လင်းဖန်ကို လာတွေ့ဆဲဖြစ်၏။
ဆိုလိုရင်းက လင်းဖန်နဲ့ စုရှောင်းယွီတို့လည်း ဆက်ဆံရေး ကောင်းသည့် သဘောပင်။
စုရှောင်းယွီ ရောက်လာပြီးနောက် သူတို့တွေ နောက်ထပ် ကြယ်ပွင့်တစ်ပွင့်ကို မြင်လိုက်ရပါသည်။
ပေကျင်းရုပ်ရှင် တက္ကသိုလ်ရဲ့ Queen လင်းခဲ့ရှင်းလည်း ရောက်လာခဲ့ပါသည်။
လင်းခဲ့ရှင်းက ရိုးရိုးတန်းတန်း အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း အလွန်လှပနေသည်။
သူမမှာလည်း နက်မှောင်နေသည့် ဆံနွယ်ရှည်များ ရှိနေပါသည်။
အနက်ရောင်ဝတ်စုံနဲ့လူက ပြောလိုက်သည်။ “လခွမ်း… လင်းခဲ့ရှင်းကပါ ဘာလို့ လင်းဖန်ဆီ ရောက်လာတာလဲ။ ဘာလို့ လင်းဖန်က ဒီလောက်များတဲ့ မိန်းမလှလေးတွေနဲ့ ရင်းနှီးနေရတာလဲ”
ကတုံးက ပိုပြီးတောင် ဇဝေဇဝါ ဖြစ်သွားသည်။ “အဓိပ္ပာယ်မရှိဘူး”
ထို့နောက် မိန်းမလှလေး ၂ ယောက် ထပ်ရောက်လာခဲ့ပါသည်။
လင်းဖန်၏ မန်နေဂျာများဖြစ်ကြသော စုမူချင်းနဲ့ လင်းချမ့်ဝေတို့ ဖြစ်ကြသည်။
ကောင်မလေးများစွာကို မြင်လိုက်ရသောအခါ အနက်ရောင်ဝတ်စုံနဲ့လူနဲ့ ကတုံးတို့ လှစ်ခနဲ ထွက်ပြေးဖို့ ကြံစည်ကြသည်။
မိန်းကလေး ပရိတ်သတ်က ပြုံးကာ ပြောလိုက်၏။ “မပြေးနဲ့။ နင်တို့ အဲ့ဒီ ချီးပုံ ကောက်စားပြရဦးမယ်”
ထို့နောက် အနက်ရောင်ဝတ်စုံနဲ့လူနဲ့ ကတုံးတို့ ခပ်မြန်မြန် ထွက်ပြေးသွားကြပါတော့သည်။
သူတို့က ရှိုးထုတ်ကာ လင်းဖန်ကို လှောင်ချင်ရုံ ဖြစ်သည်။
နောက်ဆုံးမှာတော့ ခပ်မြန်မြန်ပဲ ပြန်အရှက်ခွဲ ခံလိုက်ရပါသည်။
အခက်ခဲဆုံး အန်ဒိုစာများကို သူပဲ ယူထားသဖြင့် လင်းဖန်က နောက်ဆုံးကျန်သူ ဖြစ်နေပါသည်။
“ဆရာ မတွေ့တာတောင်ကြာပြီ။ ပိုချောလာတယ်နော်~” စုရှောင်းယွီက လင်းဖန်ကို ကြည့်ကာ ပြုံးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ် သူအရမ်းချောတုန်းပဲ” လင်းခဲ့ရှင်းကလည်း သဘောတူစွာ ခေါင်းငြိမ့်လိုက်ပါသည်။
“နင်တို့ ပန်ပန်းလာကြမှာပေါ့။ အိမ်ပြန်ပြီး စားကောင်းသောက်ဖွယ်တွေ စားလိုက်ကြရအောင်’ လင်းဖန် ပြုံးလိုက်သည်။ ကောင်မလေး နှစ်ယောက်ကို ကြည့်လိုက်ပြီး ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
ရှားဝမ်ချွေ့ လက်ကို ကိုင်ပြီး လင်းဖန်တို့ အိမ်ပြန်ဖို့ ပြင်ကြသည်။
အန်ဒိုစာ အားလုံးကို ရိုက်ကူးပြီးနောက် လင်းဖန် ၁.၅ ဘီလီယံ နီးပါး ရရှိခဲ့၏။
၁.၅ ဘီလီယံတွင် အခွန်နဲ့ တခြားကုန်ကျစရိတ်များကို နုတ်လိုက်ပါက လင်းဖန် အသားတင်အမြတ် ၁ ဘီလီယံ ရနိုင်ပါသေးသည်။
တစ်လတည်းနဲ့ ၁ ဘီလီယံယွမ်ကို ရှာနိုင်ခဲ့သည်။
သူများတွေသာ သိသွားပါက မနာလို ဖြစ်သွားကြပါလိမ့်မည်။
ကြော်ငြာပုဂ္ဂိုလ်အဖြစ် အလုပ်လုပ်ပြီးနောက် လင်းခဲ့ရှင်းရဲ့ ရေပန်းစားမှုကလည်း အများကြီး မြင့်တက်လာခဲ့ပါသည်။
ထို့အပြင် ဘဝရဲ့ပျော်ရွှင်မှု Season 2 လည်း အဆုံးသတ်သွားလေပြီ။
ဇာတ်သိမ်းပြီးနောက်တွင် ပရိတ်သတ်များစွာက အများကြီး ပိုပျော်ရွှင်သွားကြပါသည်။
အဘယ့်ကြောင့်ဆိုသော် ဒီရုပ်သံစီးရီးက… အလွန်ကောင်းလွန်းသောကြောင့် ဖြစ်သည်။
ကျေနပ်အားရဖို့ ကောင်းပြီး ဇာတ်လမ်းထဲမှာလည်း အချိုးအကွေ့ အလှည့်အပြောင်းများစွာ ပါဝင်သည်။ ပရိတ်သတ်က သဘောကျပါသည်။
အင်တာနက်ပေါ်မှာ ကောမန့်တွေ အလုံးအရင်းနဲ့ တက်လာခဲ့ပါသည်။
“လင်းဖန် ဒီလောက်ကောင်းတဲ့ ဇာတ်ညွှန်းကို ဘယ်လိုများ ရေးခဲ့တာလဲ။ ဘဝရဲ့ ပျော်ရွှင်မှု Season 2 အတွက် ဒါရိုက်တာတောင် လုပ်ပေးခဲ့တာ။ ဒီရုပ်သံဒရမ်မာကို ကောက်ချက်ချဖို့ စကားလုံးနည်းနည်းပဲ သုံးလို့ရတယ်။ ကောင်းလွန်းတယ်”
“လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က အရမ်း ကောင်းတယ်။ အဓိကအချက်က ဒီရုပ်သံဒရမ်မာမှာ ဘာအပြစ်အနာအဆာမှ ရှာမရတာပဲ”
“အထူးသဖြင့် ဇာတ်လမ်းရဲ့ နောက်ပိုင်း အဆင့်တွေမှာ ရုပ်သံစီးရီးတစ်ခုလုံးရဲ့ တိုက်ခိုက်မှုတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ အလှည့်အပြောင်းတွေက အရမ်းကို ထူးခြားလွန်းတယ်”
“လင်းဖန်ရဲ့ ရုပ်သံစီးရီိးက တကယ်ကောင်းတယ်။ ငါ့တစ်သက်လုံး ရုပ်သံစီးရီးတွေ ကြည့်လာခဲ့တာဆိုပေမယ့် ဒီလောက်ကောင်းတာမျိုး ကြည့်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ”
“လင်းဖန် နောက်ထပ် ရုပ်သံဒရမ်မာတွေ ထပ်ထုတ်လုပ်ပေးပါလို့ တောင်းဆိုပါတယ်”
“လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်အပြင် ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ရဲ့ သရုပ်ဆောင် စွမ်းရည်တွေကလည်း အရမ်းကောင်းကြတယ်။ လင်းခဲ့ရှင်းလည်း အတူတူပဲ။ သူလည်းတော်တယ်”
“ဟုတ်တယ်။ အထူးသဖြင့် လင်းခဲ့ရှင်းပေါ့။ နောက်ဆုံးတော့ ဟွာစဲပစ်ချားက ဘယ်လောက် ရွံစရာကောင်းခဲ့သလဲ နားလည်သွားပြီ။ သူတို့ လင်းခဲ့ရှင်းကို ထုတ်ပစ်ခဲ့ကြတာ။ ကံကောင်းလို့ လင်းဖန်က ငါတို့ ရှင်းရှင်းကို ကယ်ခဲ့လို့ပေါ့”
“အရင်တုန်းက လင်းဖန်နဲ့ လင်းခဲ့ရှင်းတို့မှာ အဲ့လို ဆက်ဆံရေးမျိုးရှိတယ်ဆိုပြီးတော့ တစ်ယောက်ယောက်က နာမည်ဖျက်ခဲ့တယ်။ ဒီနေ့ လင်းခဲ့ရှင်းက လင်းဖန်ကိုတောင် သွားတွေ့ခဲ့တယ်။ ဆိုလိုရင်းက လင်းဖန်နဲ့ လင်းခဲ့ရှင်းတို့ ခင်မင်ရင်းနှီးကြတဲ့ဆိုတဲ့ သဘောပဲ။ လင်းဖန်က လင်းခဲ့ရှင်းရဲ့ ကယ်တင်ရှင်လိုပဲလေ”
“လင်းဖန်ရဲ့ ရုပ်သံဒရမ်မာထဲက လင်းခဲ့ရှင်းရဲ့ သရုပ်ဆောင်မှုက ငါမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲ။ သူက ဒီဒရမ်မာအတွက် အများကြီး အားထုတ်ပေးခဲ့ပြီး လင်းဖန်ကို စိတ်မပျက်စေခဲ့ဘူး”
“လင်းဖန်က လင်းခဲ့ရှင်းကို အန်ဒိုစာ ၃၅ ခုတောင် ပေးခဲ့တာ မသိဘူးလား။ ဒီလောက် များတဲ့ ရင်းမြစ်တွေကို ဟွာစဲပစ်ချားမှာ ရဖို့ဆို ဖြစ်တောင် မဖြစ်နိုင်လောက်ဘူး။ သူ့ကိုယ်တိုင် ကြိုးစားအားထုတ်မှုအပြင် လင်းခဲ့ရှင်း ရေပန်းစားလာရတာက လင်းဖန်လို ဘော့စ်ကောင်းတစ်ယောက် ရှိနေလို့ပေါ့”
အွန်လိုင်းပေါ်က ကောမန့်တွေကလည်း လင်းခဲ့ရှင်းကို ဝေဖန်မှုမှ ထောက်ခံမှုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါသည်။
အဘယ့်ကြောင့်ဆိုသော် လင်းခဲ့ရှင်း ပါဝင်သရုပ်ဆောင်ထားသည့် ရုပ်သံဒရမ်မာကို အားလုံး အသိအမှတ် ပြုကြသောကြောင့် ဖြစ်ပါသည်။
လင်းဖန်ရဲ့ ထောက်ပံ့ပေးမှုနဲ့ သူမ တစ်ဖန် ပြန်လည်မွေးဖွားလာရသလိုပင်။
အန်ဒိုစာ ၃၅ ခုနဲ့ လင်းခဲ့ရှင်းရဲ့ ရေပန်စားမှုက အရင်ထက်တောင် ပိုမြင့်လာခဲ့ပါသည်။
အရေးအကြီးဆုံးက လင်းဖန်အတွက် သူမ ငွေတွေအများကြီး ရှာပေးနိုင်ခဲ့သည်။
သူမ တစ်လလောက်သာ အလုပ်များခဲ့ရသော်လည်း လင်းဖန်အတွက် သန်း ၄၅၀ ကို ရှာပေးခဲ့သည်။
လင်းဖန်က ၈၀ ရာခိုင်နှုန်းရမည်ဆိုလျှင် သန်း ၃၆၀ ရပါလိမ့်မည်။
လင်းခဲ့ရှင်းကို လင်းဖန် ကူညီပေးခဲ့သည့် စာချုပ်လျော်ကြေးလည်း ပြန်ဆပ်ပြီးပါပြီ။
အစပိုင်းသာ ရှိသေးသော်လည်း ဒီလောက် ငွေတွေ အများကြီး ရနေပါပြီ။
လင်းဖန်နဲ့ လင်းခဲ့ရှင်းတို့က ၅ နှစ်တာ စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်၏။ လင်းခဲ့ရှင်းလို ကြယ်ပွင့်မျိုး အနားမှာ ရှိပါက လင်းဖန် ငွေတွေ အများကြီး ရနိုင်ပါလိမ့်မည်။
ဖြစ်ချင်တော့ သူ့ရွေးချယ်မှု မှန်ကန်ခဲ့ပါသည်။
ယခင်တုန်းက လင်းဖန် စာချုပ်လျော်ကြေး သန်း ၂၀၀ ပေးခဲ့တုန်းက ဟွာစဲပစ်ချားရဲ့ စီအီးအိုလျို့ရှမ့်က ပျော်ရွှင်နေခဲ့သည်။
နောက်ဆုံးမှာတော့ ၂ လတည်းနဲ့ လင်းခဲ့ရှင်းက လင်းဖန်အတွက် သန်း ၃၆၀ ပြန်ရှာပေးနိုင်ခဲ့ပါသည်။
ဒါက အပေါ်ယံ ဝင်ငွေသာ ရှိသေးသည်။ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုရှိပါက သူမ ငွေဘယ်လောက် ရှာနိုင်မလဲ ပြောလို့မရပါ။
လူပေါင်းများစွာ၏ အသိအမှတ်ပြုခြင်းကို ခံရပြီးနောက် လင်းခဲ့ရှင်း မျက်လုံးများ နီရဲသွားသည်။
သူမ အလုပ်တွေ အများကြီး ကြိုးစားခဲ့ရသော်လည်း တန်ပါသည်။
လင်းခဲ့ရှင်း Weibo ပေါ်မှာတောင် တစ်ယောက်တည်း ပို့စ်တင်ခဲ့သေး၏။
[ ကူညီပေးခဲ့တဲ့ ဘော့စ်လင်းဖန်နဲ့ အားပေးခဲ့ကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ပါတယ်။ လင်းဖန်သာ မရှိရင် လင်းခဲ့ရှင်းဆိုတဲ့ ကျွန်မ ဒီနေ့ ဒီလိုနေရာကို ရောက်နေနိုင်မှာ မဟုတ်ဘူး။ အဲ့တာကြောင့် ကျွန်မကို ပြန်လည်မွေးဖွားခွင့်ပေးတဲ့ လင်းဖန်ကို ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ ကျွန်မ ပိုကြိုးစားသွားမှာဖြစ်ပြီး အားလုံးအတွက် လှပတဲ့ လက်ရာတွေ ဖန်တီးပေးပါ့မယ်။ ]
လင်းခဲ့ရှင်း Weibo ပေါ်မှာ ထိုပို့စ်ကို တင်လိုက်တော့ လင်းဖန် ပြုံးလိုက်ပါသည်။
လင်းခဲ့ရှင်းရဲ့ စရိုက်နဲ့ ပုံစံကြောင့်ပဲ သူမကို လင်းဖန် အခွင့်အရေး ပေးခဲ့ခြင်းဖြစ်သည်။
ယခုတော့ သူမကို အကဲခတ်ခဲ့တာ မှန်ကန်သွားသည့် ပုံစံပင်။
ဘဝရဲ့ပျော်ရွှင်မှု Season 2 က အစပိုင်းသာ ရှိသေးသည်။ နောက်ပိုင်း ပိုရေပန်းစားသည့် ဒရမ်မာတွေနဲ့ ရုပ်ရှင်တွေကို ဖန်တီးနိုင်ပါသည်။
ဟွာစဲပစ်ချားကလူတွေကိုလည်း လင်းခဲ့ရှင်းကို ထုတ်ပယ်လိုက်တာက အဆိုးရွားဆုံး ဆုံးဖြတ်ချက် ဖြစ်မှန်း သိသွားအောင် လုပ်မည်။
ထိုအချိန်တွင်် ဟွာစဲပစ်ချား၏ စီအီးအို လျို့ရှမ့်က လင်းခဲ့ရှင်းရဲ့ Weibo ပို့စ်ကို မြင်သွားပါသည်။
သူ တခြားအကြောင်းအရာတစ်ခုကိုလည်း သိထားသေး၏။
လင်းခဲ့ရှင်းက အန်ဒိုစာ ၃၅ ခု လက်ခံကာ လင်းဖန်ကို သန်း ၃၆၀ ရှာပေးခဲ့သည်။
သူမသာ တစ်လကို ဒီလောက် အများကြီး ရှာပေးနိုင်ပါက ၅ နှစ်ကြာသည့်အခါ လင်းဖန်အတွက် သူမ ဘီလီယံဆယ်ချီပြီး ရှာပေးနိုင်ပါလိမ့်မည်။
“ငါ့လခွီးထဲမှ…” လျို့ရှမ့်၏ မျက်နှာထားက အကျည်းတန်ဆုံး ဖြစ်သွားလေသည်။
သူ ဆိုးဆိုးရွားရွား အရှက်ခွဲခံလိုက်ရသည်ဟု ခံစားလိုက်ရပါတော့သည်။