အပြင်လောကကြီး
Vol. 38 Ch. 515
ကြည်လင်သောကောင်းကင်ကြီးက သည်းထန်စွာရွာသွန်းနေသောဝဿန်မိုးကြောင့် ထာဝရ ပျောက်ကွယ်သွားခဲ့သည်။ အဆုံးမရှိသောပင်လယ်ပြင်အထက်တွင် တိမ်မည်းလိပ်ကြီးများက အုပ်စိုးလိုက်ရာ ၎င်းတို့ကို မြင်သူတိုင်း ရင်ဘတ််တွင် လေးလေးနက်နက် ဖိနှိပ်မှုတစ်မျိုးကို ခံစားလိုက်ရသည်။ သာမာန်လူအများစုက ခံနိုင်ရည်ရှိသော်လည်း အချို့မှာ ကံဆိုးခြင်းမှလွတ်မြောက်နိုင်သော်လည်း ကြည်လင်သောကောင်းကင်ပြာကို နောက်တစ်ကြိမ်ပြန်မြင်နိုင်တော့မည်မဟုတ်ပေ။ သူတို့ မြင်နိုင်သမျှကတော့… ထိုပိန်းပိတ်အောင်မှောင်နေသော အမှောင်ထုပင်..
မည်သူမဆို ကောင်းကင်ပြာပြာကို မြင်ချင်လျှင် ကျင့်ကြံမှုအဆင့်မြှင့်မြှင့်တစ်ခုကို ပိုင်ဆိုင်ထားရန် လိုအပ်ပါသည်။ သို့မှသာ သူတို့က တိမ်တိုက်အလွှာများကို ဖြတ်ကျော်ပျံသန်းကာ တိမ်ဖုံးကွယ်နေသော ကောင်းကင်ကြီးကို မြင်နိုင်မည်ဖြစ်သည်။
သို့သော်လည်း မြေပြင်အနီးတွင် ပျံသန်းရန်မှာ လွယ်ကူသော်လည်း အသားစများဖြစ်အောင် ဆုတ်ဖြဲနိုင်သည့် လျှပ်စီးကြောင်းများဖြင့် ပြည့်နေသော တိမ်လွှာများကို ဖြတ်ကျော်ရန်မှာ မလွယ်ကူသည်မှာ သေချာ လေ၏။။ တိမ်များကိုဖြတ်၍ ရွေ့လျားနိုင်သော ခန္ဓာကိုယ်အတွက် မယုံနိုင်လောက်အောင် မြင့်မားသော လိုအပ်ချက်တစ်ခုသာ ရှိသေးသည်၊ အကယ်၍ ထိုလူက မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ မရောက်ရှိသေးပါက၊ လျှပ်စီးကြောင်းများပြည့်နေသော တိမ်ထဲတွင် ကြာရှည်နေရန် ခက်ခဲလွန်းလှပါသည်။ခန္ဓာကိုယ်က ကွဲအက်နေသောကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားနိုင်လေသည်။
ထိုထူထပ်သောတိမ်လွှာများက ယခင်က ရှာမန်နှင့်မာန်မျိုးနွယ်စု များပိုင်သောမြေကို ဖုံးလွှမ်းခဲ့သည်...
ပင်လယ်ရေက အဝေးတစ်နေရာသို့ ကျယ်ကျယ် ပြန့်ပြန့် နေရာယူထားပြီး ကုန်းမြေပေါ်တွင် အခြားမည်သည့်အရာကိုမျှ မမြင်နိုင်ပေ... မိုးရေထဲတွင် မှုန်ဝါးဝါးဖြစ်နေပြီး ကြီးမားပြီး အနက်ရောင် အရိပ်တစ်ခုမှလွဲ၍ ဘာမျှမရှိ။ ထိုအရိပ်က အရှေ့မြေရိုင်းနယ်မြေကဲ့သို့ပင်....ထိုပုံရိပ်ရှေ့တွင် အမှောင်ထုကြီးကြီးစိုးနေလေသည်။
တောင်ပိုင်းအရုဏ်ဦးနယ်မြေ ပျောက်ကွယ်သွားသကဲ့သို့ပင်ဖြစ်နေလေသည်။
ထိုအချိန်တွင် မှောင်မိုက်နေသော ကောင်းကင်ကြီးနှင့် တိမ်တိုက်များအောက်ရှိ မိုးရေထဲတွင် အရှိန်ဖြင့်ပြေးလာသော ပုံရိပ်သုံးခုကို တွေ့ရှိနိုင်သည်။ ၎င်းတို့က ရှည်လျားသော လျှပ်စီးများအဖြစ်သို့ ပြောင်းလဲသွားပြီး ရှေ့သို့ တိုးဝင်လာကြသည်။
လူသုံးဦးက မျက်နှာများ ထိတ်လန့်တကြားဖြစ်နေပြီး အဝေးသို့ ပြေးသွားကြသည်။ ၎င်းတို့က အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည်။ သူတို့၏ အသွင်အပြင်နှင့် ပတ်သက်၍ ထူးထူးခြားခြား တစ်စုံတစ်ရာ မရှိခဲ့ပေ။ ၎င်းတို့၏ကျင့်ကြံမှု အဆင့်များကြောင့် သူတို့ပုံရိပ်များက ထင်ရှားပေါ်လွင်နေလေသည်။ သူတို့အထဲမှာ အသန်မာဆုံးက ယောက်ျားဖြစ်ပြီး၊ သူက နှောင်းပိုင်းရှာမန်ဖြစ်ရန် အနည်းငယ်သာလိုတော့သည်။ အခြားလူက အလယ်လတ်ရှာမန်နှောင်းပိုင်းအဆင့်တွင်ဖြစ်သည်။
သို့သော် သိချင်သည်မှာ၊ သူတို့ သုံးဦးထဲမှ အမျိုးသမီးက မာန်ကျင့်ကြံသူတစ်ဦးဖြစ်ပြီး သူမ၏ အထောက်အထားကို ဖုံးကွယ်ရန် ဘာမှ မလုပ်ခဲ့ပေ။ ယဇ်ပူဇော်ရာနေရာရှိ မာန်စွမ်းအားလှိုင်းများက သူမ၏ခန္ဓာကိုယ်မှ ရှင်းရှင်းလင်းလင်း ပျံ့နှံ့သွားသည်။ ၎င်းကိုကြည့်ခြင်းအားဖြင့် သူမသည် ရိုးရေစတေးနယ်ပယ်၏ နှောင်းပိုင်းအဆင့်ဟု ယူဆရသည်။
၎င်းတို့၏ စွမ်းအားဖြင့် မကြာသေးမီကမှ နှောင်းပိုင်းရှာမန် ဖြစ်လာသည့် သာမန်အင်အားကြီးရှာမန်တစ်ဦးထံ ပြေးသွားပါက၊ ရုန်းကန်နေရသော်လည်း တိုက်ပွဲကို ဆက်လက် ဆင်နွှဲနိုင်မည်ဖြစ်သည်။ သူတို့ ရှုံးနေသော်လည်း အတူပူပေါင်းတိုက်ခိုက်လျှင် သူတို့ထဲက တစ်ယောက် လွတ်မြောက်နိုင်လေသည်။
ထိုသုံးယောက်က ပင်လယ်ပြင်အထက်သို့ အလွန်လျင်မြန်စွာ ခရီးဆက်နိုင်ခဲ့သည်။ သို့သော် သူတို့၏ ထိတ်လန့်သော အမူအရာနှင့် ပြင်းထန်သော အရှိန်ကြောင့် ၎င်းတို့ကို မြင်သူတိုင်းသည် သူတို့၏ အသက်ဘေးမှလွတ်အောင် ပြေးနေကြောင်း ပြောနိုင်လိမ့်မည် ။
ထိုသုံးယောက်နောက်သို့ လိုက်နေသည့် ရှည်လျားသော လျှပ်စီးမျှင်နှစ်ချောင်းရှိကာ ၎င်းတို့မှာ အဘိုးကြီးနှင့် ဆယ်ကျော်သက် လူငယ်တစ်ဦးဖြစ်သည်။ အဘိုးအို၏ မျက်နှာမှာ ဘာမှမထူးခြားပေ။ သူ၏ခန္ဓာကိုယ်သည် မလှုပ်ရှားဘဲ၊ သူ၏ခြေထောက်က လေထဲတွင် ပျံ့လွင့်သွားခဲ့သည်။ သူ့နောက်ရှိ ကောင်လေး၏မျက်နှာမှာ မာနကြီးပြီး ကဲ့ရဲ့ လှောင်ပြောင်တတ်သောအမူအရာရှိနေလေသည်။ ထွက်ပြေးသွားသော လူသုံးယောက်ကို ကြည့်ပြီး ခနဲ့တဲ့တဲ့စကားပြောနေလေသည်။
“ဆရာ၊ ဒီသုံးယောက်က လူမိုက်တွေလား.. သူတို့မှာ အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူးဆိုတာကိုသိရက်နဲ့ ဘာလို့ ဒီလောက်အသဲအသန် ထွက်ပြေးနေရတာလဲ.. ကျုပ်သာဆိုရင် သေတဲ့အထိ တိုက်ခိုက်မယ်”
ကောင်လေးက သူ့ဘေးနားက အဘိုးအိုကို တစ်ချက်ကြည့်လိုက်သည်။
“ငါ သူတို့ကို မျှော်လင့်ချက်တွေ ပေးထားတာ...”
ဟု အဘိုးအိုက ပွင့်ပွင့်လင်းလင်းပြောခဲ့သည်။ မိုးရွာပြီးနောက် ကောင်းကင်ကြီး ကြည်လင်လာသည့် လူတစ်ဦးကဲ့သို့ပင် အေးဆေးငြိမ်သက်စွာ ငြိမ်သက်နေပုံရသည်။ လောကကြီးတွင် သူ့အမူအရာကို ပြောင်းလဲသွားနိုင်သည့် အရာအနည်းငယ်သာ ရှိသကဲ့သို့ပင်။ .
“အဘိုးရဲ့ စွမ်းအားနဲ့ ဒီလူသုံးယောက်ကို သတ်လိုက်တာက အဘိုးလက်မှောက်ချည်လှန်ချည်လုပ်လိုက်ရုံပဲလေ.. ...”
ကောင်လေးက မျက်မှောင်ကြုတ်လိုက်သည်။
“ဒီလူသုံးယောက်က အမှိုက်သာသာချည်းပဲ... ဒါပေမယ့် ငါ အမဲလိုက်ဖို့ မင်းကိုခေါ်လာတာ.. ပြီးတော့ ငါတို့လည်း နောက်ထပ်အမဲလိုက်ဖို့လူတွေလိုက်ရှာရလိမ့်မယ်.. သူတို့လွတ်မြောက်ဖို့အတွက်အကူညီတွေတောက်လျှောက်တောင်းလို့ မမိသေးတာ.. တောင်ပိုင်းအရုဏ်ဦးနယ်မြေအပြင်ဘက်ကိုရောက်အောင် သူတို့ ဆွဲဆောင်ပါလိမ့်မယ်....အဲဒါနဲ့ကောက်ညှင်း
လမုန့်ပွဲတော်အတွင်းမှာ မင်းအတွက် လုံလောက်တဲ့ တိုက်ပွဲအောင်မြင်မှုတွေ ရရှိနိုင်လိမ့်မယ်.. အဲ့ဒါမှ မင်းကို ကောက်ညှင်းလမုန့်ဘုရားကျောင်းထဲကို ခေါ်သွင်းနိုင်မယ်...”
အဘိုးအိုက အရာအားလုံးကို လုံးလုံးလျားလျား ထိန်းချုပ်ထားသကဲ့သို့ ငြိမ်သက်နေဆဲပင်။
“ကျုပ်တို့ အခု မျှားခေါ်ခံနေရတာလား”
ကောင်လေး၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ ရှေ့မှထွက်ပြေးလာသူ သုံးဦးကို ကြည့်လိုက်ရာ သူ့အပြုံးက ပို၍ထင်ရှားလာသည်။
“ကောက်ညှင်းလမုန့်ပွဲတော်…”
ကောင်လေး၏မျက်နှာတွင် မျှော်လင့်ချက်တစ်ခုပေါ်လာသည်။ ထိုစကားလုံးသုံးလုံး၏ နောက်ကွယ်က အဓိပ္ပါယ်က သူ့အတွက် မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေသကဲ့သို့ပင်....
“ငါတို့မျိုးနွယ်စု အများစုက ကောက်ညှင်းလမုန့်ပွဲတော်မတိုင်မီ တစ်နှစ်ခွဲအလိုမှာ စိတ်ဝိညာဉ်တွေကို သိမ်းဆည်းဖို့ တောင်ပိုင်းအရုဏ်ဦးနယ်မြေရဲ့ လွင်ပြင်တီးခေါင်ထဲကို လာကြတယ်...ဒါ့ကြောင့် သူတို့ကို ရှောင်ရှားပြီး ဒီနေရာကို စောစောစီးစီးစွာ လာဖို့ လိုတယ်..”
ဆရာကြီးနှင့် တပည့် အချင်းချင်း စကားပြောနေစဉ် လွတ်မြောက်လာသူ သုံးဦးအောက်ရှိ ပင်လယ်ရေပြင်ကြီးက ရုတ်တရက် ပေါက်ကွဲသွားသည်။ ပင်လယ်ရေက လေထုထဲသို့ မြင့်တက်လာတာ ထိုထဲမှာ ပုံရုပ်လေးခုက လေထဲသို့ ပျံတက်သွားသည်။ ထိုလူလေးယောက်က ကောင်းကင်ပေါ်သို့ ပျံတက်သွားစဉ် မယုံနိုင်လောက်အောင် လျင်မြန်လွန်းလှသည်။ ထိုသို့ပေါ်လာသည်နှင့် ထိုပုံရုပ်ပုံများက လူလေးယောက် ဖြစ်သွားသည်။
သူတို့လေးယောက်လုံးက လူလတ်ပိုင်းအရွယ်များပင်ဖြစ်သည်။ ၎င်းတို့ထဲမှ သုံးဦးက မာန်ဝိညာဉ်ကျင့်ကြံသူများဖြစ်ပြီး နောက်ဆုံးမှာ ရှာမန်ဖြစ်သည်။ ထိုလူလေးယောက် ပေါ်လာသည်နှင့် တပြိုင်နက် သူတို့၏ ကြီးထွားမှု စွမ်းအား အပြည့်က သူတို့၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ချက်ချင်းဆိုသလိုပင် ရှေ့ကထွက်ပြေးလာသော လူသုံးယောက်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ မဆိုင်းမတွဘဲ သူတို့က နောက်ပြန်ဆုတ်သွားကာ အခြားလေးယောက်နှင့်အတူ အဘိုးကြီးနှင့် ကောင်လေးဆီကို အရှိန်တင်လိုက်သည်။
“မင်းတို့က ရိုးရေစတေးနယ်ပယ်သူပုန်တွေနဲ့ အလယ်လတ်ရှာမန် တွေချည်းပဲ.. မင်းတို့ငါ့ကို ဘယ်လိုတောင်ချောင်းမြောင်းတိုက်ရဲတာလဲ...”
အဘိုးအိုက ပြတ်ပြတ်သားသားပြောပြီး မထီမဲ့မြင်ပြုသော မျက်လုံးများဖြင့် ညာလက်ကို မြှောက်ကာ သူ့လက်ဖဝါးကို အောက်ပင်လယ်ပြင်ကို ဖိလိုက်သည်။
ထိုပင်လယ်ကြီး ချက်ချင်းပေါက်ကွဲသွားပြီး ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုလှိုင်းလုံးကြီးက ကောင်းကင်သို့ တက်လာပြီး ဧရိယာတစ်ခုလုံး ချက်ချင်း လွှမ်းသွားသည်။ ကျယ်လောင်သောအသံများနှင့် နာကျင်အော်ဟစ်သံများက လေထဲတွင် ပဲ့တင်ထပ်ကာ လှိုင်းလုံးများ ပျောက်ကွယ်သွားသောအခါ ပုံရိပ်ခုနစ်ခုအနက်မှ ငါးခုက ပေါက်ကွဲထွက်ကာ ပြန့်ကျဲနေသော အသားစများအဖြစ်သို့ ပြောင်းလဲသွားသည်။ ကျန်အမျိုးသား နှင့် အမျိုးသမီး တို့က သွေးတစ်လုတ်အန်လိုက်ရသည်။သူတို့မျက်နှာများက ညှိုးငယ်ကာ လျင်မြန်စွာ ဆုတ်ခွာသွားပြီး နောက်တစ်ကြိမ် ဒုန်းစိုင်း ထွက်ပြေးသွားကြသည်။
အဘိုးအိုသည် သူ့မူလနေရာ၌ ရပ်နေကာ ခေါင်းယမ်းလိုက်သည်။
“တောင်ပိုင်းအရုဏ်ဦးနယ်မြေက လူတွေက အရမ်းအားနည်းတယ်.. တိုက်ပွဲတောင် မတိုက်နိုင်တော့ဘူး.. သွားကြစို့..ငါတို့ နောက်ထပ်လူသုံးရာကို သတ်ပစ်မယ်၊ ပြီးတော့ မင်းအတွက် လုံလောက်တဲ့ တိုက်ပွဲအမှတ်တွေ ရလိမ့်မယ်”
ဟု အဖိုးအိုက ပြတ်ပြတ်သားသား ပြောလိုက်သည်။ထို့နောက် ရှေ့ကလူနှစ်ယောက်ကို အေးအေးဆေးဆေး လိုက်ရှာ လေသည်။
ကောင်လေးက သူ့ဆရာကို ကြည်ညိုလေးစားသောမျက်လုံးများဖြင့်ကြည့်လိုက်ပြီး နောက်ကနေ အမြန်လိုက်သွားသည်။
....
မရဏပင်လယ်၏နက်နဲ မှောင်မိုက်သောနေရာနှင့် ခပ်လှမ်းလှမ်းအကွာ အမှောင်ထဲတွင် တခဏအတွင်း ပြင်းထန်သော အလင်းတန်းတစ်ခု ပေါ်လာသည်။ အလင်းက ပင်လယ်အောက်ခြေမှ ပေါ်လာပြီး လေထု၏ပုံပျက်မှုနှင့်အတူ တံခါးမှ ထွက်လာသည်။
ထိုတံခါးက လုံးဝပြိုကျလုနီးပါးဖြစ်ပြီး အလင်းရောင် ပျောက်ကွယ်သွားသောအခါတွင် လူတစ်ဦး ပေါ်လာသည်။
ထိုလူက စုမင်ပင်..
ယခင်က မရဏပင်လယ်၏ အောက်ခြေမှာ နစ်မြုပ်နေခဲ့သည်။
သူ့ခေါင်းကိုလှည့်ပြီး တံခါးကို တစ်ချက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက အပေါ်သို့ တက်လာခဲ့သည်။ မရဏပင်လယ်တွင် အလင်းရောင် သိပ်မရှိတော့ဘဲ အထဲမှာရက်စက်ကြမ်းကြုတ်သော သားရဲများစွာ ရှိနေသည်။ သို့သော်လည်း စုမင်က ချက်ချင်းပင် ပျံတက်သွားပြီး ခရမ်းရောင် အလင်းတန်းများ သူ့ခန္ဓာကိုယ်မှ ပျံ့ထွက်သွားပြီး သူ့ပတ်ဝန်းကျင်ရှိ တိရစ္ဆာန်များ တုန်လှုပ်ခြောက်ခြားကာ လျင်မြန်စွာ ထွက်ခွာသွားစေသည်။ သူက ၎င်းတို့အတွက် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းသော တည်ရှိမှုဖြစ်နေပုံပင်....
စုမင်က မရဏပင်လယ်ကိုဖြတ်၍ တိတ်တဆိတ် အလွန်လျင်မြန်စွာ ရွေ့လျားသွားသဖြင့် မရဏပင်လယ်၏ နက်နဲသော လှိုင်းလုံးများကို လှုပ်ခတ်သွားစေခဲ့သည်။ ထို့ နောက်ရေဝဲဖြစ်ပေါ်လာပြီး ထိုရေဝဲက ကျယ်လောင်သော အသံများနှင့်အတူ ရွေ့လျားသွားကာ ပင်လယ်မျက်နှာပြင်သည်လည်း ဖြည်းညှင်းစွာ တုန်ခါလာသည်။ အချိန်အတော်ကြာပြီးနောက်၊ ပင်လယ်မျက်နှာပြင် က ပေါက်ကွဲသွားပြီး လေထဲတွင် တဟုန်ထိုး တုန်ခါလာသောအခါ စုမင်က ပင်လယ်အောက်ခြေမှ တိုးထွက်လာလေသည်။
ပင်လယ်ရေက တရိပ်ရိပ်တက်လျှက်ရှိနေ ပြီး ကောင်းကင်က မိုးစက်များနှင့် ပြည့်နေလေသည်။ စုမင်က ပင်လယ်မျက်နှာပြင်ပေါ်တွင် ရပ်ကာ သူ့ပတ်ဝန်းကျင်ကို လှမ်းကြည့်သည်။ အဆုံးမရှိသော ကွက်လပ်ကြီးတစ်ခုသာရှိ၍ အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားစေသည်။
‘တောင်ပိုင်းအရုဏ်ဦးနယ်မြေက မရှိတော့ဘူး’
စုမင်က တောင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာက မာန်မျိုးနွယ်စုများ၏နယ် မြေဖြစ်သည်။ နဝမအကြိမ်မြောက် ထိပ်သီးအစည်းအဝေး တည်ရှိရာနေရာလည်းဖြစ်သည်။
သူ ဆက်ကြည့်လိုက်သော် သူ့မျက်လုံးထဲမှာ နက်နဲပြီး လွမ်းဆွတ်တောင့်တသော အကြည့်တစ်ခု ပေါ်လာသည်။ နဝမမြောက်တောင်ထွတ်ကို လွဲချော်ပြီး၊ သူ့ဆရာကြီးကို လွမ်းဆွတ်.. သူ့အကြီးဆုံးအစ်ကို... ဒုတိယအစ်ကိုနှင့် ဟူကျီတို့ကိုလည်း လွမ်းဆွတ်ခဲ့သည်။
“အနှစ်နှစ်ဆယ်…”
စုမင်က တိုးတိုးလေးပြောသည်။ သူက နဝမမြောက်တောင်ထွတ်မှ အနှစ်နှစ်ဆယ်ကြာ ထွက်ခွာသွားခဲ့သည်။ ယခုအချိန်တွင် အေးခဲနေသော ရေခဲကမ္ဘာမှ ပြန်လာသောသူကမာန်မျိုးနွယ်စုနယ်မြေသို့သွားရန်၊ နဝမမြောက်တောင်ထွတ်သို့ ပြန်သွားရန်၊ တစ်ချိန်က ရှိခဲ့သော အရာများကို ကြည့်ရှုရန် ပြင်းပြင်းထန်ထန် တောင့်တခဲ့သည်။
သူ့နှလုံးသားထဲတွင် ထိုတောင့်တမှုနှင့်အတူ စုမင်က ရှည်လျားသောလျှပ်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး မာန်မျိုးနွယ်စု နယ်မြေရှိရာဆီသို့ တည့်တည့်သို့ ဦးတည်ကာ လေထဲတွင် လွင့်နေလေသည်။
သူ့အရှိန်အဝါကို ဖုံးကွယ်မထားပေ။ ကောင်းကင်ထဲသို့ တိုးဝင်လာသော အံ့ဩဖွယ်ရာ အမြန်နှုန်းနှင့် နှစ်အတော်ကြာကြာ စုမင်၏ ခန္ဓာကိုယ်ထဲတွင် စုပုံလာသော အေးခဲနေသော ရောင်ဝါများက သူ့ကို သတိပြုမိသူအားလုံးကို အသဲအူတိုင်အထိ တုန်လှုပ်သွားစေသည်။
မာန်စိတ်ဝိညာဉ်နယ်ပယ်သို့ရောက်ရှိသွားသော သို့မဟုတ် နှောင်းပိုင်းရှာမန်များပင်လျှင် စုမင် ၏ကိုယ်ခန္ဓာရှိနေသည်ကိုတွေ့လိုက်ရသည်နှင့် ထိုခံစားချက်က သူတို့၏နှလုံးသားများကို ကြောက်ရွံ့ထိတ်လန့်စေသည့်ဖိအားမျိုးခံစားရလိမ့်မည်။
စုမင်က မရပ်မနား ခရီးဆက်နေလေသည်။ သူ့အကြည့်များက သူ့အောက်က ပင်လယ်ရေမျက်နှာပြင်ပေါ်ကို ရောက်သွားသော် ပေါ်နေသောကျွန်းများကို တွေ့လိုက်ရသည်။
တိုက်ပွဲတွင် တောင်ပိုင်းအရုဏ်ဦးနယ်မြေ ကွဲအက်သွားသည်… နယ်မြေက ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွားသည် သို့မဟုတ် ကျွန်းပေါင်းမြောက်မြားစွာအဖြစ်သို့ ပြောင်းလဲသွားသည်။ တောင်ပိုင်းအရုဏ်ဦးနယ်မြေ၏ မြေမျက်နှာသွင်ပြင် တစ်ခုလုံး လုံးလုံး ပြောင်းလဲသွားပြီ။’
စုမင်က ခေါင်းယမ်းလိုက်သည်။ ထို့နောက် မီးတောက်တစ်ချက်နှင့် ချက်ချင်း ပျောက်သွားသည်။ သူပြန်ပေါ်လာသောအခါ၊ သူက ယခင်ကမာန်မျိုးနွယ်စု များတည်ရှိရာအရပ်ဆီသို့ ဦးတည်ကာ အဝေးသို့ရောက်ရှိနေပြီဖြစ်သည်။ သူ ရှေ့ကို ဆက်သွားခါနီးမှာ ရုတ်တရက် ရပ်လိုက်ပြီး အဝေးက ပင်လယ်မျက်နှာပြင်ကို တစ်ချက်ကြည့်ရန် ခေါင်းကို ဘေးတိုက် လှည့်လိုက်သည်။
“အဲ့ဒါ...”
စုမင် ခဏလောက် အံ့ဩထိတ်လန့်သွားပြီး လမ်းကြောင်းပြောင်းလိုက်သည်။
....
မရဏပင်လယ်တွင် ကျွန်းတစ်ကျွန်းရှိခဲ့သည်။ သေးငယ်ပြီး တောင်ကျောက်တုံးများဖြင့် ပြည့်နှက်နေ လေသည်။ ကျွန်းပေါ်တွင် အပင်များမရှိသဖြင့် မယုံနိုင်လောက်အောင် ခေါင်ပါးနေသည်။
မူလက ထိုနေရာမှာ ကျွန်းမရှိပေ။ တောင်ပိုင်းအရုဏ်ဦးနယ်မြေ၌ ကျွန်းများ တစ်ခါမှ မ ပေါ်ထွန်းခဲ့ဖူးပေ။ သို့သော်လည်း သဘာဝဘေးအန္တရာယ် ကျရောက်ပြီးနောက်တွင် ကျွန်းအများအပြားသည် တဖြည်းဖြည်း ပေါ်ထွန်းလာခဲ့သည်။
ထိုနတ္တိကျွန်းပေါ်တွင် လူနှစ်ဆယ်အောက်သာ တည်းခိုကြပြီး ရိုးရှင်းသော ကာကွယ်မှုအဖြစ် ထိုကျွန်းကို ဖုံးအုပ်ထားသည့် အလင်းရောင်မှိန်ပျပျ ဖန်သားပြင်တစ်ခုရှိသည်။ ထိုဒါဇင်နှင့်ချီသောလူများက ရိုးရှင်းသော ဂူဗိမာန်များကို ဖွဲ့ပြီးနေထိုင်ခဲ့ကြသည်။
သူတို့၏ဂူများက ချိုင့်ဝှမ်းတစ်ခုသဖွယ်ရှိသော ကျွန်း၏အစိတ်အပိုင်းတစ်ခုပေါ်တွင် တည်ရှိသည်။ တောင်ထိပ်မှာတော့ ရုပ်ပွားတော်တစ်ခု ရှိသည်။ ထိုရုပ်တုကို အကြမ်းဖျင်း ထွင်းထုထားသော်လည်း ၎င်းကို မြင်သူတိုင်းက ဆံပင်ရှည်နှင့် လူဖြစ်ကြောင်း ပြောနိုင်သည်။
ထိုလူက ခေါင်းကိုမော့ပြီး အဝေးကိုကြည့်နေလေသည်။ သူ၏ညာလက်၌ လေးတစ်ချောင်းကို ကိုင်ထားသော်လည်း သူ၏အသွင်အပြင်မှာ ကွဲလွဲနေပြီး သူ၏မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
ထိုလူ၏ရုပ်တုအောက်ရှိ တောင်ကြောပေါ်တွင် အဘိုးအိုနှစ်ဦး ထိုင်နေသည်။ ဤလူနှစ်ယောက်က စုတ်ပြဲနေသောအဝတ်ကို ၀တ်ဆင်ထားပြီး ရှေးကျသောပုံပေါက်သည်။ လောလောဆယ် မျက်စိမှိတ်ပြီး တရားထိုင်နေကြသည်။ မျိုးနွယ်စုဝင်များက အစားအစာပြင်ဆင်နေသောကြောင့် ဂူအတွင်းမှ မီးခိုးငွေ့များ ပြန့်ကျဲနေသည်။
ထိုကျွန်းပေါ်မှာ လူနှစ်ဆယ်နီးပါး စုဝေးပြီး သူတို့၏ သေးငယ်သောမျိုးနွယ်စုကို ဖွဲ့စည်းခဲ့သည်။ထို့နောက် သူတို့က တစ်နေ့ပြီးတစ်နေ့ ရိုးရှင်းစွာ နေထိုင်လာကြသည်။
မကြာခင်မှာပဲ ကျွန်းသားများက သူတို့၏ လိုဏ်ဂူထဲက ထွက်လာကြသည်။ ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အို ငယ်ရွယ်သူများ ပါ၀င်၍ တောင်ပေါ်၌ စုရုံးရန် ပြောင်းရွှေ့လာကြသည်။ ထို့နောက် သူတို့က ရုပ်တုရှေ့မှာ ဒူးထောက်ပြီး စ ရှိခိုးကြသည်။
“ကျွန်ုပ်တို့ကံကြမ္မာမျိုးနွယ်စုက ခေါင်ပါးပြီး မဖွံ့ဖြိုးတဲ့နေရာမှာ မွေးဖွားလာခဲ့တယ်..ကျွန်ုပ်တို့က ကျွန်ုပ်တို့ရဲ့ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးချင်ခဲ့တယ်.. မူလက အနာဂတ်မရှိခဲ့ဘူး... လေးစားအပ်တဲ့အကြီးအကဲမိုက ဤကမ္ဘာမှ ကွယ်ပျောက်သွားတဲ့အထိ ကိုးကွယ်ပါမယ်...”
“လေးစားအပ်တဲ့အကြီးအကဲမိုက ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဘုံဖြစ်တယ်..ကျွန်ုပ်တို့က ထိုကောင်းကင်ဘုံမှာနေထိုင်တဲ့ ဝိညာဉ် တွေဖြစ်ပြီး...ကျွန်ုပ်တို့ရဲ့ကိုးကွယ်ရာရှိခိုးတိုင်တည်မှုတွေက ဘယ်သောအခါမှ ပြောင်းလဲမှာမဟုတ်ပါ..”
“ငါတို့ကောင်းကင်ယံမြစ်တောင်တန်းမှာ စုဝေးကြမယ်.. ကံကြမ္မာမျိုးနွယ်စုဝင်တွေ ဒါကို သတိရရမယ်...ကောင်းကင်ယံမြစ်တောင်တန်းကို ရှာရမယ်...”
လွန်ခဲ့သည့် နှစ်အနည်းငယ်ကပင် နေ့တိုင်းလုပ်နေသည့် ဤဝတ်ပြုကိုးကွယ်မှုက ရပ်တန့်သွားခြင်းမရှိခဲ့ပေ။ မိုးမရွာခဲ့သိလို နေလည်းထွက်မလာခဲ့ပေ။ သူတို့၏ ရိုးသားတဲ့ ဓလေ့ထုံးတမ်းများကနေ သူတို့ကို ဘယ်အရာကမှ တားဆီးနိုင်မှာ မဟုတ်ပေ။
မှတ်စု-
လေးစားအပ်တဲ့စီနီယာမိုဟူဆိုလျှင် ပို၍မလေးနက်မည်စိုးသောကြောင့် လေးစားအပ်သောအကြီးအကဲမိုဟု သုံးထားခြင်းဖြစ်သည်။