ကံကြမ္မာမျိုးနွယ်စု
Vol. 38 Ch. 516
စုမင်က နတ္တိကျွန်း၏အထက်လေထုထဲမှာ ပေါ်လာလေသည်။ သူက ကျွန်းရှိလူများကို ကြည့်ကာ အနည်းငယ်ရင်းနှီးသော မျက်နှာများကို တွေ့လိုက်ရသည်။ ဤလူများက ယင်ကိုးပါးလောကမှ ကံကြမ္မာမျိုးနွယ်ဝင်များဖြစ်သည်။
စုမင်က သူတို့ကို တွေ့လိုက်ရသောအခါ သူ့နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ တစ်ချက်လှုပ်ရုံဖြင့် သူက အလင်းလွှာအကာကွယ်ကို ဖြတ်ကျော်ကာ ကျွန်းထဲသို့ လျှောက်သွားသည်။
ချိုင့်ဝှမ်းအတွင်းရှိ ရုပ်ထုကို ဝတ်ပြုကိုးကွယ်နေကြသူများ၏ အာရုံက သူဆီသို့ရောက်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် စုမင်က ကျွန်းရှိ တောင်ကြောတစ်ခုပေါ်တွင် ရပ်နေပြီး လူများ ကိုးကွယ်နေသည့် ရုပ်တုကို စိုက်ကြည့်နေသည်။
ထိုရုပ်တု၏အသွင်အပြင်က ကွဲကွဲပြားပြားဖြစ်သော်လည်း ထိုလူက သူဖြစ်ကြောင်း တစ်ချက်တည်းဖြင့် ပြောနိုင်သေးသည်။
‘ကံကြမ္မာ မျိုးနွယ်စု...’
တစ်ဖန် ယင်ကိုးပါးလောကတွင် မွေးဖွားလာခဲ့သည့် ထိုမျိုးနွယ်စုက သူ့နှလုံးသားထဲတွင် လေးနက်သော အထင်ကြီးမှုကို ဖြစ်စေပြန်သည်။ ယင်ကိုးပါးလောကထဲရှိစဉ်က ဤသို့သဘောထားရန်လွယ်ကူပေလိမ့်မည်။ ထိုအချိန်က စုမင်က သူတို့အတွက် အလွန်အရေးကြီးပါသည်။
အမှန်တော့ စုမင်က သူတို့က ယင်ကိုးပါးလောကကနေထွက်သွားပြီးလျှင် သူတို့၏ကတိကို လိုက်နာ မနာကို ဂရုမစိုက်ခဲ့ပေ။ သို့သော် ကံကြမ္မာမျိုးနွယ်စုက ၎င်းတို့၏ ကတိအတိုင်း လိုက်နာပြီး သူ့ကို ရှိခိုးနေသည့် လူများကို မြင်လိုက်ရသည်။သူ့စိတ်ထဲတွင် ထိုမျိုးနွယ်စုအပေါ် သူ၏ ခံယူချက်က ပိုမိုနက်ရှိုင်းလာရုံသာမက၊ သူတို့အပေါ် အနည်းငယ် ကွဲပြားသော ခံစားချက်မျိုးလည်း ပေါက်ပေါ်လာခဲ့သည်။
ရှိခိုးရွတ်ဆိုနေသည့်စကားများ၊ ‘လေးစားအပ်ပါသော အကြီးအကဲမို’ ဟုရည်ညွှန်းသောအသံများနှင့်ကောင်းကင်ယံမြစ်တောင်တန်းတွင်စုဝေးရန်ဘယ်သောအခါမှမမေ့သောကတိများက စုမင်၏စိတ်ကိုလှုပ်ရှားစေသည်။ သူ့အကြည့်များက သူ့ရုပ်ထုဆီသို့ရောက်သွားသည်။ထို့နောက် သူတို့ရှေ့သို့ လျှောက်သွားရင်း သူ မျက်မှောင်ကြုတ်မိသွားလေသည်။
သူက သူ့ရုပ်ထုကို ကိုးကွယ်ဆဲဖြစ်သော ထိုကံကြမ္မာမျိုးနွယ်စုများကို ကျော်ဖြတ်ကာ အဝေးက ကောင်းကင်ကို မျှော်ကြည့်သည်။
ထိုအချိန်တွင် အရှေ့မြေရိုင်းနယ်မြေမှ လူများ၏ လိုက်ဖမ်းခြင်းကို ခံနေရသည့် ထွက်ပြေးလာသော အမျိုးသားနှင့် အမျိုးသမီးကို ကျွန်းငယ်လေးမှ လီရာနှင့်ချီသော ကောင်းကင်ယံ၌ တွေ့ရှိနိုင်သည်။ သူတို့၏မျက်နှာများက ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေလေသည်။အတိတ်က ရှာမန်နှင့်မာန်မျိုးနွယ်စုကြားတွင်ရှိသော အမုန်းတရားများကို မတွေ့ရတော့ပေ။
“ယာမူ.. ငါတို့ ဘာလုပ်သင့်လဲ...နတ္တိကျွန်းရဲ့ကျန်ရှိသူတွေက ငါတို့ရှေ့မှာရှိတယ်...”
မာန်ဝိညာဉ်ကျင့်ကြံသူအမျိုးသမီး က သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူမ၏မျက်နှာက မှုန်ဖျော့ဖျော့ဖြစ်ပြီး နှုတ်ခမ်းထောင့်စွန်းများတွင် သွေးများပင် စီးကျနေသည်ကို မြင်တွေ့နိုင်သည်။
“ဆရာကျုံးကျီ နဲ့ ဆရာယွမ်လွမ်တို့က စိတ်ဝမ်းကွဲနေကြတုန်းပဲ မဟုတ်ရင်မာန်စိတ်ဝိညာဉ်နယ်ပယ်မှာရှိတဲ့ အရှေ့မြေရိုင်းသားတွေက ငါတို့မြေမှာ ဒီလောက်အထိရမ်းကားဖို့ ဘယ်လို လုပ်သတ္တိရှိမှာလဲ.. ဒီလူက ကပ်ဆိုးကြီးမဖြစ်ခင် ဒီကိုလာရဲရင် သူသေမှာသေချာတယ်...”
ယာမူအမည်ရှိလူ၏မျက်နှာမှာ ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေပြီး ထိုသူမှာ ဟိုယခင်ကဆောင်းဦးပင်လယ်မျိုးနွယ်စုတွင် စုမင်နှင့်ရင်းနှီးခဲ့သော ယာမူဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် သူသည် လူလတ်ပိုင်းတစ်ဦး ဖြစ်လာပြီး သူ၏နားထင်များတွင် အဖြူရောင် အစက်အပြောက်များပင် ရှိနေသည်။
“အရှေ့မြေရိုင်းသားတွေက အမြဲတမ်း စိတ်ခံစားချက်ကိုဦးစား ပေးပြီး မာနကြီးတယ်.. သူက ငါတို့ကို ဒီနည်းနဲ့ လိုက်ဖမ်းနေပေမယ့် ငါတို့ရဲ့အသက်ကို ဘယ်တော့မှနှုတ်ယူဖို့ မကြိုးစားဘူး...ငါတို့လူတွေကို မြှူဆွယ်ဖို့ ငါတို့ကို အသုံးချဖို့ တွေးနေလိမ့်မယ်...”
“ငါတို့ကျွန်းကို မပြန်နိုင်ဘူး..ငါတို့ဘယ်မှာရှိတယ်ဆိုတာ အရှေ့ မြေရိုင်းသားတွေကို မသိစေချင်ဘူး နတ္တိကျွန်းရဲ့ကျန်ရှိသူတွေက... ငါတို့ရှေ့မှာရှိနေရင် အဲဒီကို သွားမယ်”
ယာမူ၏ မျက်နှာပေါ်တွင် ပြတ်ပြတ်သားသား အကြည့်တစ်ခု ပေါ်လာသည်။
“ဒါပေမယ့် အဲဒီကံကြမ္မာမျိုးနွယ်စု တစ်ချို့က နတ္တိကျွန်ရဲ့ကျန်ရှိနေတဲ့အစိတ်အပိုင်းတွေမှာနေကြတယ်... ငါတို့...”
“အဲ့ဒါကြောင့် ငါတို့ စိတ်မပူရတော့ဘူး”
ယာမူက သူ့ဦးတည်ချက်ပြောင်းကာ နတ္တိကျွန်း ဦးတည်ရာဆီသို့ တည့်တည့် အရှိန်တင်လိုက်သည်။
အဘိုးကြီးနှင့် ကောင်လေးက သူတို့နောက်တွင် လီရာနှင့်ချီပြီး ကျန်နေခဲ့ပြီး ၎င်းတို့က ၎င်းတို့အား တင်းတင်းကြပ်ကြပ် မညှဉ်းဆဲလိုသော စိတ်ရှိသောကြောင့် ယာမူနှင့် အမျိုးသမီးသည် နတ္တိကျွန်း၏ နေရာများဆီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။ အမွှေးတိုင်တစ်တိုင်စာ အချိန်ယူပြီးနောက်၊ ကျွန်းရှိနေရာလွတ်များ ၎င်းတို့၏ အမြင်အာရုံတွင် တဖြည်းဖြည်း ပေါ်လာသည်။
သူတို့က လျင်မြန်စွာ နီးကပ်အောင်သွားလိုက်ကြပြီး ကျွန်းအထက်လေထုထဲသို့ ရောက်သည့်အခါ အလင်းလွှာအကာကွယ်တစ်ခုအောက်ရှိ ကံကြမ္မာမျိုးနွယ်စုဝင်များကို တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်က ထိုရုပ်တုနှင့် သိပ်မရင်းနှီးပေ။ အမှန်မှာ၊ သူတို့သည် လွန်ခဲ့သော နှစ်နှစ်ခန့်က ဤနေရာကို လာခဲ့ကြပြီး ဤနေရာရှိ ရှာမန်များကို တောင်ပိုင်းစိမ့်မြေကျွန်းသို့ လာရန် ဆွဲဆောင်ခဲ့သည်။ ထိုကျွန်းက ကပ်ဆိုးကြီးပြီးနောက် ဒေသတွင်းမှာ အကြီးဆုံးကျွန်းပင်ဖြစ်သည်။
သို့သော်လည်း ဤလူများက သူတို့ကို အဖက်မလုပ်ခဲ့ပေ။ထို့ကြောင့် ၎င်းတို့၏ ဆွဲဆောင်မှု ပျက်ပြားသွားခဲ့သည်။ ယာမူ၏မျက်လုံးများတွင် ထိုရှာမန်များက မယုံနိုင်လောက်အောင် ထူးဆန်းနေခဲ့သည်။ သူတို့ကိုယ်သူတို့ ကံကြမ္မာမျိုးနွယ်စုဟု ခေါ်ကြပြီး ‘လေးစားရသောအကြီးအကဲမို”ကို ကိုးကွယ်ကြသည်။ထို့နောက် သူတို့၏ ‘လေးစားအပ်သောအကြီးအကဲမို” ၏ရုပ်တုကိုပင် ထွင်းထုကာရှိခိုးကြသည်။
ပို၍အံ့သြစရာကောင်းသည်မှာ ရုပ်တုက သူနှင့် အတော်အတန်ရင်းနှီးသည်ဟု ခံစားခဲ့ရသော်လည်း ၎င်းကို ကြမ်းတမ်းစွာပြုလုပ်ထားပြီး ၎င်း၏အသွင်အပြင်မှာ ကွဲကွဲပြားပြားဖြစ်နေသောကြောင့် ထိုရုပ်တုအား အဘယ်ကြောင့် သူနှင့်ရင်းနှီးသည်ဟု မဆိုနိုင်ပေ။
ယာမူနှင့် အမျိုးသမီးက ကျွန်းသို့ရောက်လာသည်။စုမင်က တောင်ကြောတစ်ခုပေါ်တွင် ရပ်ကာ သူတို့နှစ်ဦးကို ကြည့်နေသည်ကို နှစ်ယောက်လုံး သတိမထားမိကြပေ။
“ယာမူ…”
အလင်းလွှာအပြင်ဘက်ရှိလူက စုမင်နှင့် အနည်းငယ်ရင်းနှီးသည်ဟု ခံစားရသည်။ ထို့နောက် စုမင် မှတ်မိသွားလေသည်။ ယာမူ၏ လျှို့ဝှက်ထိတ်လန့်မှု၏ အရင်းအမြစ်ဖြစ်သည့် အဘိုးအိုကိုလည်း သူ သတိပြုမိလိုက်သည် ။
‘မာန်စိတ်ဝိညာဉ်နယ်ပယ် အလယ်လတ်အဆင့်...’
ထိုအချိန်တွင် သူ အပြင်မထွက်ရန် ဆုံးဖြတ်လိုက်သည်။ ယင်းအစား သူက တောင်ကျောက်တုံးပေါ်တွင် ထိုင်ကာ တိတ်ဆိတ်စွာ ကြည့်နေတော့သည်။
“တောင်ပိုင်းအရုဏ်ဦးနယ်မြေမှာရှိတဲ့ကံကြမ္မာမျိုးနွယ်စုဝင်တွေကို နှုတ်ဆက်ပါတယ်..ကျုပ်က ဆောင်းဦးပင်လယ်မျိုးနွယ်စုက ယာမူပါ အခုလောလောဆယ် တောင်ပိုင်းစိမ့်မြေကျွန်းရဲ့တတိယအဆင့် သံတမန်တစ်ယောက်ပါ.. လွန်ခဲ့တဲ့ ၂ နှစ်လောက်က ငါ ဒီကိုလာခဲ့ သေးတယ်..”
ယာမူက အလင်းလွှာအပြင်ဘက်တွင် ရပ်နေချိန်တွင် ရင်တွင်းရှိ ထိတ်လန့်မှုကို လျော့ပါးစေသည်။ ချိုင့်ဝှမ်းရှိ လူများဆီသို့ ဦးညွှတ်ကာ လက်သီးဆုပ်ဖြင့် အရိုအသေပြုဟန်လုပ်သည်။
သူ့ဘေးနားရှိမာန်ကျင့်ကြံသူ အမျိုးသမီးသည်လည်း သူမ၏ လက်သီးများကို လက်ဖဝါးဖြင့် ပတ်ကာ ဦးညွှတ်လိုက်သည်။
“အခု ကျုပ်တို့နောက်ကို အင်အားကြီးတဲ့ရန်သူလိုက်တာကို ခံနေရပြီး နောက်မှာ ပါလာတယ်..မိတ်ဆွေတို့ ကျေးဇူးပြုပြီး မင်းတို့ရဲ့အလင်းလွှာဖွင့်ပြီး အန္တရာယ်ကနေ ရှောင်တိမ်းခွင့်ပေးပါ..”
ဤစကားများကို ယာမူပြောသောအခါ သူကိုယ်သူ ခြေသုတ်ပုဆိုးကဲ့သို့ ခံစားလိုက်ရသည်။ ထိုအရာက ရန်သူကို ကျွန်းပေါ်သို့ မြှား ခေါ်နေသော်လည်း သူ့မှာ ရွေးချယ်စရာ မရှိခဲ့ပေ။ သူတို့က ဤနေရာတွင် သေဆုံးခဲ့ရသည် သို့မဟုတ် ကံကြမ္မာမျိုးနွယ်စုကို အသုံးချနိုင်သည်။ ထို့နောက် သူတို့က ဤ နေရာလေးမှာ ရှင်သန်ရန် အခွင့်အလမ်းကောင်းများ ရလာနိုင်သည်။
တောင်ပိုင်းစိမ့်မြေကျွန်းကို ပြန်သည့်အတွေးကို သူ့စိတ်ထဲတွင် စိတ်မကူးရဲပေ။ ကပ်ဆိုးကြီးပြီးနောက် နှစ်နှစ်အကြာတွင် အရှေ့မြေရိုင်းသားများက လူနေထိုင်ရာကျွန်းများကို ရှာဖွေခဲ့ကြပြီး တစ်ကြိမ်တွေ့တိုင်း အစုလိုက်အပြုံလိုက်သွေးထွက်သံယိုဖြစ်ခဲ့ကြောင်း သူသိသည်။
တောင်ပိုင်းစိမ့်မြေကျွန်းက ဒေသတွင်းရှိ ကျွန်းကြီးတစ်ကျွန်းဖြစ်သဖြင့် အင်အားကြီးရှာမန် နှင့် မာန်မျိုးနွယ်စုများက ၎င်းကို ဖုံးကွယ်ရန် အတတ်နိုင်ဆုံး လုပ်ဆောင်ခဲ့သည်။ ၎င်းမှာ ကျွန်းကို မထိမခိုက်စေသော အကြောင်းရင်းဖြစ်သည်။ ကျွန်း၏တည်ရှိမှုအကြောင်းကို ပြင်ပလူများက လေ့လာနိုင်သည့်နည်းလမ်းမရှိသည့်အပြင် ကျွန်းမှထွက်ခွာသွားသူအားလုံး၏အလောင်းများအတွင်းတွင် တံဆိပ်တစ်ခုထည့်ထားသည်။ တစ်ယောက်ယောက်က သူတို့၏အမှတ်တရများကို ပြင်းပြင်းထန်ထန်ကြိုးစားခဲ့လျှင် ကျွန်းပေါ်ရှိ သူတို့၏အမှတ်တရကချက်ချင်းပျက်စီးသွားလိမ့်မည်။
“ကျုပ်တို့ကို လိုက်ရှာတဲ့သူက အရှေ့မြေရိုင်းနယ်မြေကလာတယ်..သူက တောင်ပိုင်းအရုဏ်ဦး နယ်မြေက ကျုပ်တို့ကို အ သေသတ်ချင်နေတာ..သူတို့က တောင်ပိုင်းအရုဏ်ဦးနယ်မြေက တစ်ယောက်ယောက်ကိုတွေ့ရင် အဲ့ဒီ့သူကို သတ်ပြီး စိတ်ဝိညာဉ်ကို လုယူသွားတယ်... ကျုပ်တို့မှာ မျှော်လင့်ချက်မဲ့နေပြီ.. မိတ်ဆွေတို့.. ကျုပ်တို့ကို ကူညီပေးပါ..အခုထွက်သွားရင်တောင် ဒီကျွန်းနေရာကို သိသွားလိမ့်မယ်…”
ယာမူက မချိတင်ကဲအမူအရာဖြင့် ပြောဆိုကာ အလင်းလွှာ နောက်ဘက်ရှိ လူအုပ်ကြီးက ခေါင်းမော့ကာ နှစ်ယောက်လုံးကို စိမ်းကားစွာ ကြည့်လိုက်သည်။
ကံကြမ္မာမျိုးနွယ်စုတွင် ကြောက်ရွံ့ခြင်း သို့မဟုတ် ထိတ်လန့်ခြင်းအရိပ်အမြွက်မျှမရှိပေ။ ကိုးရင်ကမ္ဘာတွင် ဆယ့်ငါးနှစ်တာကာလအတွင်း တွေ့ကြုံခံစားခဲ့ရသည့်အရာများနှင့် နှိုင်းယှဉ်ကြည့်လျှင် ဤအရာအားလုံးက သူတို့၏မျက်လုံးထဲတွင် ဖုန်မှုန့်အမှုန်အမွှားမျှသာဖြစ်သည်။
နောက်ဆုံးတော့ သူတို့ အခုရင်ဆိုင်ရမည့် ရန်သူက လူသားပင်...ရွှေလင်းနို့ကြီးများ... လွင့်မျောနေသောဝိညာဉ်များ သို့မဟုတ် ယင်ကိုးပါး လောက၏ဝိညာဉ်တော် မဟုတ်ပေ။
အဘိုးအိုတစ်ဦးက လူတစ်စုထဲမှ ထွက်လာခဲ့သည်။ သူ့အကြည့်များက လျှပ်စီးကြောင်းလို စူးရှပြီး သူ့ ၏ကျင့်ကြံမှုအဆင့်က ယာမူနှင့် အတူတူပင်ဖြစ်၏။ ၎င်းတို့နှစ်ဦးစလုံးက ထိုအဆင့်၏
အထွတ်အထိပ်သို့ရောက်ရှိခဲ့ကြသော အလယ်လတ်ရှာမန် များဖြစ်ပြီး ၎င်းတို့နှစ်ဦးစလုံးက နှောင်းပိုင်းရှာမန်ဖြစ်ရန် တစ်ဝက်သာ လိုတော့သည်။
ယာမူနှင့် အမျိုးသမီးကို ဦးစွာ ဝေးရာသို့ လှမ်းကြည့်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် သူတို့အောက်ရှိ အလင်းလွှာက အက်ကွဲကြောင်းတစ်ခုနှင့်အတူ ပွင့်သွားသည်။
ယာမူနှင့် အမျိုးသမီးက တုံ့ဆိုင်းမနေဘဲ ကျွန်းထဲသို့ ခြေလျင်လျှောက်ရန် အက်ကြောင်းထဲသို့ လျင်မြန်စွာ တွားသွားခဲ့သည်။ အလင်းလွှာမှအက်ကွဲသံများ ပိတ်သွားသောအခါတွင် အဝေးရှိကောင်းကင်တွင် အဖိုးအိုတစ်ဦးက ကောင်လေးတစ်ယောက်နှင့်အတူ အေးအေးလူလူ လမ်းလျှောက်နေသည်ကို မြင်တွေ့ရသည်။
တောင်ကြားတွင်ရပ်နေချိန်တွင် ယာမူက ကံကြမ္မာမျိုးနွယ်စုဝင်များဆီသို့ အကြည့် ရောက်သွားသည်။ သူတို့၏အမူအရာအားလုံးက မယုံနိုင်လောက်အောင်ပင် သီးခြားဆန်နေကာ ၎င်းတို့နှစ်ဦးလုံးလေကဲ့သို့ ဆက်ဆံနေသည်ဟု ခံစားရလေသည်။
ထိုအကြည့်မျိုးကြောင့် ယာမူဘေးမှ အမျိုးသမီးအား အလိုလိုနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားစေသည်။
ယာမူက ကံကြမ္မာမျိုးနွယ်စုနှင့် ပတ်သက်၍ ဗဟုသုတများစွာမရှိသော်လည်း သူက ထိုမိန်းမထက် အနည်းငယ်ပိုသိသေးသည်။ ဤထူးဆန်းသောမျိုးနွယ်က ရှာမန် များနှင့်လုံးဝဖွဲ့စည်းထားသည်ကိုသူသိသည်။ သူတို့က ဤလေးစားထိုက်သောအကြီးအကဲမိုကို ကိုးကွယ်ကြပြီး ပြင်ပလူများနှင့် မည်သို့မျှ မဆက်ဆံချင်ကြပေ။ သူတို့က အလွန်သီခြားဆန်သော အုပ်စုဖြစ်သည်။
ထိုအချက်ကလွဲ၍ တခြားဘာမှ သူမသိပေ။
ကံကြမ္မာမျိူးနွယ်စု၏ စိမ်းကား သောအကြည့်များအောက်တွင် ယာမူက ချက်ချင်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်သီးကို လက်ဖဝါးဖြင့် ပတ်ကာ သူ့ရှေ့မှ ဧရာမရုပ်တုဆီသို့ လေးလေးနက်နက် ဦးညွှတ်ပြလိုက်သည်။
“ကျုပ်က တောင်ပိုင်းစိမ့်မြေကျွန်းက ယာမူပါ.. လေးစားအပ်ပါသောအကြီးအကဲမို၏ရုပ်တုကို နှုတ်ခွန်းဆက်သပါတယ်..မင်းထာဝရတည်မြဲပြီး မင်းရဲ့စိတ်ဝိညာဥ် ဘယ်တော့မှမသေဆုံးပါနဲ့လို့ ဆုတောင်းပါတယ်...”
ယာမူဘေးမှ အမျိုးသမီးက ချက်ချင်းပင် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ရုပ်တုကို ဦးညွှတ်ပြသည်။
ကံကြမ္မာမျိုးနွယ်စုက ထိုလူနှစ်ယောက်၏ အပြုအမူကို မြင်သောအခါတွင် သူတို့က တဖြည်းဖြည်း နွေးထွေးလာသော်လည်း သူတို့၏ အမူအရာမှာ အေးစက်နေသေးသည်။
“လေးစားရတဲ့အကြီးအကဲမိုက စိတ်ဝိညာဉ်မဟုတ်ပါဘူး..သူက စိတ်ဝိညာဥ်တစ်ခုထက်တောင် သာ သေးတယ်.. သူက ငါတို့မျိုးနွယ်စုရဲ့ နတ်ဘုရားပဲ.. မင်း သူ့ကို ကိုးကွယ်ရင် မင်းလက်ထဲမှာ မကောင်းတာ ဘာမှ ရှိလာမှာ မဟုတ်ဘူး”
ဟု အဘိုးအိုက ငြီးတွားပြောဆိုသည်။ ထိုအခိုက် သူက ဤကျွန်းရှိ ကံကြမ္မာမျိုးနွယ်စု၏ခေါင်းဆောင်လည်းဖြစ်သည်။
ယာမူက သူ့နှလုံးသားထဲတွင် အဖိုးအို၏ စကားများကို သဘောမတူသော်လည်း သူ့အမူအရာမှာ လေးနက်တည်ကြည်နေခဲ့သည်။ သူစကားပြောခါနီးတွင် ကံကြမ္မာမျိုးနွယ်စုဝင်အဘိုးအိုက သူ့ညာဖက်လက်ကို မြှောက်ထားသည်ကိုတွေ့လိုက်ရပြီး ချက်ချင်းဆိုသလိုပင် သူ့လက်ထဲတွင် အနက်ရောင်လေးနက်ကြီးတစ်ခု ပေါ်လာသည်။
ထိုအချိန်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ၎င်းတို့ပတ်ဝန်းကျင်ရှိ စုရုံးနေသော ကြမ္မာမျိုးနွယ်စုမှ ထွက်ပေါ်လာသည်။ ညာလက်ကို မြှောက်လိုက်သောအခါတွင် အလားတူ ကြီးမားသော လေးတစ်ချောင်း ပေါ်လာသည်။
ထို့နောက် လူလေးယောက်က လူအုပ်ကြားမှ ချက်ချင်း ထွက်လာပြီး ကံကြမ္မာမျိုးနွယ်စု၏တိုက်ခိုက်မှုကို တစ်ခါမှ မမြင်ဖူးသော နှစ်ယောက်ကို ဝိုင်းရံလာကြသည်။ သူတို့၏ကိုယ်ခန္ဓာမှ ပြန့်နှံ့သွားသောအရှိန်အဝါကြောင့် ၎င်းတို့နှစ်ဦးစလုံးက စိတ်ဝိညာဉ်ဖမ်းသူများဖြစ်ကြောင်း အံ့သြထိတ်လန့်စွာ တွေ့ရှိခဲ့ကြသည်။
ထို့အပြင်၊ ၎င်းတို့က နှောင်းပိုင်းအဆင့်သို့ရောက်ရှိခဲ့သော အလယ်လတ်စိတ်ဝိညာဉ်ဖမ်းသူများ ဖြစ်သည်။ ၎င်းတို့က ကြီးစွာသော ကျော်ဖြတ်ခြင်းသို့ မရောက်နိုင်သော်လည်း စိတ်ဝိညာဉ်ဖမ်းသူများက အစွမ်းထက်ပြီး ၎င်းတို့ကြားတွင် အနည်းငယ် ရှားပါးပါသည်။
ယာမူက ကြက်သေသေနေမိလေသည်။ ထို့နောက် လူလေးဦးက ဒါဇင်နှင့်ချီသော လူများကြားမှ ထွက်လာခဲ့သည်။ အဘိုးကြီးနှင့် သက်လတ်ပိုင်းအရွယ် အဘိုးအိုတို့ အနားတွင် လေးများကိုင်ကာ ရပ်လိုက်ကြပြီး သူတို့၏ ခန္ဓာကိုယ်မှ အရှိန်အဝါများထွက်လာသော် ၎င်းတို့က အလယ်လတ်စိတ်ဝိညာဉ်ကျင့်ကြံသူများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
‘‘သူတို့မှာ ဆယ့်ကိုးယောက်ရှိပြီး သုံးယောက်က ဆယ်ကျော်သက်တွေပါ.. ကျန်တဲ့ဆယ့်ခြောက်ယောက်ထဲမှာ လေးယောက်က စိတ်ဝိညာဉ်ဖမ်းသူတွေ..လေးယောက်စိတ်ဝိညာဉ်အလယ်လတ်အဆင့်..နှစ်ယောက်က တိုက်ပွဲဝင်ရှာမန်တွေ..’
ယာမူက အသက်ရှုကြပ်စွာ ရေရွတ်လိုက်သည်။ကပ်ဘေးကြီးမဖြစ်မီကပင် အလယ်အလတ်တန်းစား မျိုးနွယ်စုတစ်ခုသာ ဤကဲ့သို့သော အုပ်စုကို မွေးထုတ်နိုင်ခဲ့ပြီး ၎င်းတို့အားလုံးမှာ အလတ်လတ်ရှာမန်များသာဖြစ်သည်။
အသက်ရှုမဝခင်မှာပင် အခြားလူလေးယောက်က အုပ်စုထဲက ကျန်လူနည်းစုထဲမှ တစ်ဖန် ထွက်လာသည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားသည် ။
ထိုလူလေးယောက်က လူအုပ်ရှေ့မှာ မျက်လုံးမှိတ်ပြီး လက်ကို မြှောက်လိုက်သည်။ ထိုအခါ ရှေ့ဖြစ်ဟောသူများ၏ စွမ်းအားက သူတို့၏ ခန္ဓာကိုယ်မှ ရုတ်ခြည်း ပျံ့နှံ့သွားလေသည်။
‘ ရှေ့ဖြစ်ဟောသူ’
ယာမူက အလိုလိုနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ကာ သူမြင်လိုက်ရသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
ရှေ့ဖြစ်ဟောသူလေးယောက်၊ စိတ်ဝိညာဉ်ဖမ်းသူလေးယောက်၊ စိတ်ဝိညာဉ်အလယ်လတ်အဆင့်လေး ယောက်နှင့်တိုက်ပွဲဝင်ရှာမန်နှစ်ယောက်... သူတို့က ဆယ့်ကိုးယောက်သာရှိပြီး ထိုကဲ့သို့သော အစွမ်းထက်သောစစ်သည်များ သူတို့ကြားတွင်ရှိကြပါသလား။
ယာမူက ရှေ့ဖြစ်ဟောသူများ မည်မျှ အစွမ်းထက်သည်ကို ကောင်းစွာ သိပါသည်။ ထိုလေး ယောက်တို့သည် မိမိတို့နယ်ပယ်၏ နောက်ပိုင်းအဆင့်သို့ ရောက်ရှိလာကြသော အလယ်အလတ်ရှေ့ဖြစ်ဟောသူများဖြစ်ကြသည်ကို မြင်သောအခါ အံ့ဩမဆုံးနိုင်ပေ။
နောက်ထပ် မယုံကြည်နိုင်စရာဖြစ်အောင် တွန်းပို့ခဲ့တာကတော့ သူတို့၏ အရိပ်အယောင်အောက်ကနေ ထွက်ပေါ်လာသော ထူထဲသော လူသတ်ရောင်ဝါကြီးတစ်ခုပင်ဖြစ်သည်။ ထိုလူသတ်ရောင်ဝါကြီးက နေ့ချင်းညချင်း မွေးဖွားလာနိုင်သည့် အရာမဟုတ်ပေ။ ဤသည်မှာ အဆက်မပြတ် သတ်ဖြတ်ခြင်း နှင့် မရပ်မနား ပြင်းထန်သော သွေးရူးသွေးတန်း လှိုင်းလုံးများ မှတဆင့်သာ ထင်ရှားနိုင်သော လူသတ် ရောင်ဝါ တစ်ခု ဖြစ်သည်
ယာမူက ကလေးသုံးယောက်ပတ်ပတ်လည်တွင် တူညီသောလူသတ်အငွေ့အသက်များ ထူထပ်စွာမြင်လိုက်ရသောအခါ၊ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ရုတ်တရက်ပေါ်လာခဲ့သော ဤလျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာမျိုးနွယ်စုကို မယုံနိုင်လောက်အောင် သတိပြုမိလာသည်။
‘အာ...သူတို့ ဘယ်ကလာတာလဲ’
ဘာသာပြန်သူ၏မှတ်ချက်-
ယာမူ: စုမင် ခရီးထွက်တုန်းက စုမင်ကို ကြင်နာတတ်တဲ့ဆောင်းဦးပင်လယ်မျိုးနွယ်စုက တစ်ဦးတည်းသောလူပင်...စုမင် မသွားခင် ရှာမန်တွေရဲ့မြေပုံကိုလည်း ပေးခဲ့တယ်..
ထို့အပြင် အဆိုပါ အမျိုးသမီး၏ အမည်ကို နောက်ပိုင်းတွင် ထုတ်ဖော်သွားမည်ဖြစ်သည်။ သူမက စုမင်လည်း သိသူဖြစ်သည်။