← Chapters

ကံကြမ္မာမျိုးနွယ်စု၏ဂုဏ်သတင်းကျော်ကြားမှု

Vol. 38 Ch. 517

ကံကြမ္မာမျိုးနွယ်စု၏ဂုဏ်သတင်းကျော်ကြားမှု

Vol. 38 Ch. 517

စုမင်က အဝေးရှိ ကံကြမ္မာမျိုးနွယ်စုဝင်များကို မြင်သောအခါတွင် သူ့နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ထင်ရှားသွားသည် ။ဆယ့်ငါးနှစ်တာကာလအတွင်း ဤလူအုပ်စုက ယင်ကိုးပါးလောက၌ သေမင်း၏နှုတ်ခမ်းဝသို့ အဆက်မပြတ် ပေါက်ရောက်စေခဲ့သော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ဖြတ်သန်းခဲ့ရသည်။ ထိုလူအုပ်ကြီးထဲရှိ ရှင်သန်နိုင်သူအားလုံးက ထင်ရှားပေါ်လွင်သော ထူးချွန်သူများ ဖြစ်မှာ သေချာလေ၏။

ဤလူများက နှောင်းပိုင်းရှာမန်များ မဟုတ်သော်လည်း ၎င်းတို့၏ထူးခြားသောအတွေ့အကြုံများရှိလေသည်။ထို့ကြောင့် ၎င်းတို့အတွင်း၌ ပြတ်သားမှုနှင့်သတ်ဖြတ်လိုစိတ် ရောင်ဝါကို ၎င်းတို့ပတ်ဝန်းကျင်ရှိလူအားလုံးကို ကျော်တက်အောင် ပြုလုပ်ပေးခဲ့သည်။ သူတို့နှစ်ဦးက ကောင်းကင်သို့ ပျံတက်သွားပြီး တန်ခိုးကြီးသော တည်ရှိမှုကို အခိုင်အမာ ရပ်တည်ကာ ၎င်းတို့၏ ကံကြမ္မာအတွက် တိုက်ပွဲဝင်စေနိုင်သည်။

အဘယ့်ကြောင့်ဆိုသော် သူတို့က ကံကြမ္မာမျိုးနွယ်စုဝင်များဖြစ်သောကြောင့်ဖြစ်၏။

သူတို့၏ကံကြမ္မာက သူတို့လက်ထဲတွင် ရှိနေ၍ဖြစ်သည်။ သူတို့ကိုကယ်တင်ရန် အပြင်လူများကို မတောင်းပေ။ သူတို့ကိုယ်သူတို့ ကယ်တင်မည်။

ယင်ကိုးပါးလောက၌ မွေးဖွားလာသော ကံကြမ္မာမျိုးနွယ်စုများ စွန့်ပစ်ခံရရုံသာမက လမ်းပျောက်ခဲ့ရပြီနောက် သူတို့၏အနာဂတ်ကို မည်သို့ပုံဖော်ခဲ့ကြောင်း တစ်လောကကြီးလုံးရှိလူများကို မြင်စေချင်လေ၏။

လောကကြီး၏စွန့်ပယ်ခံရခြင်းကြောင့် သူတို့က တစ်ခြားလူများနှင့်မတူဘဲ တသီးတခြားဖြစ်လာသည်။ သူတို့က သူတို့ဆွေမျိုးသားချင်းများကိုသာ နွေးထွေးမှုပေးကြသည်။သူတို့၏ ကံကြမ္မာကို ကာကွယ်ရန်အတွက် တိုက်ပွဲများတွင် သွေးစွန်းခံမည်ဖြစ်သည်။

အချိန် ကုန်ဆုံးပြီး နှစ်ကြာလာသည်နှင့်အမျှ ထိုကံကြမ္မာမျိုးနွယ်စုများက ခြေတစ်လှမ်းတိုးပြီး နှောင်းပိုင်းရှာမန်များဖြစ်လာသည်။သူတိုက ဖော်ပြ၍မရအောင် အင်အားကြီးမားသော မုန်တိုင်းတစ်ခုနှင့် ဤ မြေကြီးနှင့် လောကကြီးကို လှုပ်နှိုးလိုက်ကြလိမ့်မည်။

ဤမုန်တိုင်းက သူတို့၏စိတ်ပိုင်းဖြတ်မှု၊ စွန့်ပစ်ခံရပြီးနောက် ၎င်းတို့၏ကံကြမ္မာကို ထိန်းချုပ်လိုသောဆန္ဒမှ လာမည်ဖြစ်သည်။

စုမင် သူတို့ကို ကြည့်လိုက်သော် သူတို့အပေါ်ရှိ အရှိန်အဝါများကိုတွေ့ပြီးနောက် သူတို့ကို ကူညီရန် စိတ်ကူးကို စွန့်လွှတ်လိုက်သည်။ ဤကံကြမ္မာမျိုးနွယ်စုက မည်မျှ စွမ်းအားများ ဖော်ထုတ်နိုင်သည်ကို သူ မြင်ချင်သည်။ကံကြမ္မာမျိုးနွယ်စု ၏တိုက်ပွဲတွင် သူဝင်ရောက်စွက်ဖက်ရန် အချိန်မတန်သေးပေ။

ထို့အပြင် သူအနားရှိကတည်းက ကံကြမ္မာမျိုးနွယ်စုကို မည်သူ့ကိုမျှ အသက်အန္တရာယ်ရှိသော အကျပ်အတည်းတစ်ခုတွင် ပိတ်လှောင်မထားနိုင်ပေ။

ရှေ့ဖြစ် ဟောသူလေးယောက်၊ စိတိဝိညာဉ်ဖမ်းသူလေးယောက်၊ စိတ်ဝိညာဉ်အလယ်လတ်အဆင့်လေးယောက်၊ တိုက်ပွဲဝင် ရှာမန်နှစ်ယောက်ရှိ၏။ ဤဆယ့်လေးယောက်တို့သည် တောင်ကြား၌ ရပ်နေကြ၏။ သတ်ဖြတ်လိုစိတ်အငွေ့အသက်များက သူတို့ခန္ဓာကိုယ်ကနေ ပျံ့ထွက်ပြီး ကောင်းကင်ကို ပျံ့လွင့်သွားသည်။ထို့ကြောင့် အလင်းလွှာအကာကွယ်အပြင်ဘက်ရောက်လာသော အဘိုးအို၏ခြေလှမ်းကို ရပ်တန့်စေခဲ့သည်။

စုမင်က စိတ်မကောင်းနေသောမျက်နှာဖြင့် ပေထောင်ပေါင်းများစွာအကွာရှိ ကျွန်းငယ်လေးကို စိုက်ကြည့်နေလေသည်။ထိုတောင်ကြားရှိ လူများကလည်း သူ့ကိုစိုက်ကြည့်နေလေသည်။

“ဘေးဆိုးကြီးပြီးတဲ့နောက် တောင်ပိုင်းအရုဏ်ဦးနယ်‌မြေမှာ ဒီလိုမျိုး တောက်ပတဲ့ ဝိညာဉ်တွေ ရှိလာဖို့ မမျှော်လင့်ထားဘူး… သူတို့ရဲ့စိတ်ဝိညာဉ်တွေထဲက တစ်ခုတည်းက ဒီတိုက်ကြီးမှာရှိတဲ့ တခြားလူဒါဇင်ပေါင်းများစွာနဲ့ ညီမျှနေပြီ”

အဘိုးအိုက အသံတိုးတိုးဖြင့်ပြောရင်း သူ့မျက်လုံးများက လင်းလက်လာသည်။ထို့နောက် ကျွန်းဆီသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် အဘိုးအိုက ညာလက်ကို ရှေ့သို့ လှည့်လိုက်သော် ချက်ချင်းပင် သူ့အောက်ရှိ ပင်လယ်ရေထဲမှ ကျယ်လောင်စွာ တော်လဲသံကြီးများထွက်‌ပေါ်လာကာ ကျွန်းတစ်ခုလုံးကို ဝိုင်းရံလိုက်သည်။ ကျွန်းကိုရေမြုပ် စေရန် ရည်ရွယ်ချက်နှင့်အတူ ရှေ့သို့ တိုးလာသော လှိုင်းလုံးကြီးများ ဖြစ်သွားသည်။

အဘိုးအိုက သူ့လက်ကို ရှေ့သို့ တွန်းလိုက်သည်နှင့် တစ်ချိန်တည်းတွင် ပေတစ်ထောင်ရှိသော မရဏပင်လယ်ဘီလူးကြီးတစ်ကောင်က အနက်ရှိုင်းဆုံးတစ်‌‌ နေရာမှ ထွက်ပေါ်လာသည်။ ၎င်း၏မျက်လုံးများက ကျွန်ပြုခံထားသကဲ့သို့ မှုန်မှိုင်းကာ အသက်မဲ့နေသည်။ ထို့နောက်ဟိန်းဟောက်သံကြီး ထွက် ပေါ်လာပြီး ကျွန်းဆီသို့ တန်းတန်းမတ်မတ် တိုးဝင်လာသည်။

ယာမူ၏ နှလုံးသားက ရှေ့သို့ခုန်ထွက်မတက်ဖြစ်နေလေသည်။ ထ်ိုရဏပင်လယ်ဘီလူးကြီးကို သူ ယခင်က မြင်ဖူးသည်။ ၎င်းက သူဦးဆောင်သည့်အဖွဲ့ရှိ လူအများစုကို သတ်ခဲ့သည့် ရက်စက်သော သားရဲဖြစ်သည်။

၎င်းက ထိုကံကြမ္မာမျိုးနွယ်စုကို သတိပေးရန် ကြွေးကြော်နေချိန်၌ ရှေ့ဖြစ်ဟောသူလေးဦးက မျက်လုံးများကိုမှိတ်ထားကာ ၎င်းတို့၏ စွမ်းအားများက လျင်မြန်စွာ ထွက်ပေါ်လာပြီး ၎င်းတို့ ပတ်ဝန်းကျင်ရှိမမြင်နိုင်သော ရောင်ဝါများအဖြစ်သို့ ပြောင်းလဲသွားသည်။ထိုရောင်ဝါများက သာမန်မျက်စိနှင့်မမြင်ရဘဲ တိုက်ပွဲဝင်ရှာမန်နှစ်ယောက်ဆီ ဦးတည်သွားသည်။

နှစ်ယောက်သား လက်ထဲမှ လက်နက်ကြီးများကို ကိုင်လိုက်သည် ။ ထိုလေးများကို ဆွဲတင်လိုက်သည်နှင့် တပြိုင်နက်ပင် စိတ်ဝိညာဉ်ဖမ်းသူလေးဦး၏ မျက်လုံးများသည် မှောင်မိုက်သော အလင်းရောင်ဖြင့် တောက်ပလာသည်။ထိုစဉ် ကောင်းကင်ရှိ တိမ်တိုက်များက ပို၍ပင် ဒေါသတကြီး တလိမ့်လိမ့်တက်လာလေသည်။ ကောင်းကင်မှ ကျဆင်းလာသော မိုးစက်များသည်ပင် စိတ်ဝိညာဉ်ဖမ်းသူများ အတွက် လေထုထဲတွင် စုပုံနေပုံရသည်။

မကြာခင်မှာပင် စိတ်ဝိညာဉ်အလယ်လတ်လေးယောက်က သူတို့ ၏လက်များကို ကျယ်ကျယ်ဖွင့်ပေးထားသည်။ ဗလုံးဗထွေးသံများက လေထဲတွင် ပဲ့တင်ထပ်နေချိန်တွင် ကျွန်းတစ်ဝိုက်ရှိမရဏပင်လယ်မှ စူးရှသော ဟစ်အော်သံတစ်ခုထွက်ပေါ်လာသည်။ ကျွန်းတစ်ဝိုက်တွင် သေဆုံးနေသော စိတ်ဝိညာဉ်များ လွင့်ပျံလာပြီး တိုက်ပွဲဝင်ရှာမန်တို့၏လက်ထဲရှိ လေးများဆီသို့ စူးစူးရဲရဲ ထွက်ပေါ်လာသည်။

တဝီဝီမြည်သံနှင့်အတူ၊ သက်လတ်ပိုင်း တိုက်ပွဲဝင်ရှာမန်က သူ့လက်ထဲရှိ လေးညှို့ကို ပထမဆုံးပစ်လွှတ် နိုင်သူ ဖြစ်လာခဲ့သည်။ မှောင်မိုက်သော အလင်းတန်းတစ်ခုက လေထဲရှိအလင်းလွှာကို ဖြတ်သွားကာ မရဏပင်လယ်ဘီလူးကြီးဆီသို့ တည့်တည့် တိုးဝင်သွားသည်။

ထိုမြှားချက်က လျင်မြန်စွာ လေထဲသို့ ဖြတ်သွားသောကြာင့် လေထုဟင်းလင်းပြင်ထဲတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။ ထိုအလင်းတန်းများအတွင်းတွင် ဖော်မပြနိုင်သော ရူးသွပ်မှုနှင့် သတ်ဖြတ်လိုသော ရောင်ဝါတစ်ခုလည်း ရှိနေပြီး ပြင်းထန်လွန်းသဖြင့် ကောင်းကင်ရှိ တိမ်လွှာအချို့ပင် နောက်ပြန် ရွေ့လျားသွားစေသည်။ ခဏအကြာတွင် အလင်းတန်းများက ဘီလူးကြီးနှင့်နီးကပ်သွားပြီး ဟိန်း ဟောက်သံကြီးနှင့်အတူ ပင်လယ်ထဲသို့ နစ်မြုပ်သွားသည်။

“ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်တဲ့ စွမ်းအားလား...”

ယာမူ၏ မေးရိုးများပင် တဆတ်ဆတ်တုန်လှုပ်သွားကာ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ သူ့ဘေးနားရှိမာန်ဝိညာဉ်ကျင့်ကြံသူအမျိုးသမီး၏ အသက်ရှူသံသည်လည်း လျင်မြန်လာပြီး သူမမျက်လုံးများပင် မယုံကြည်နိုင် ဖြစ်သွားသည်။

ကျယ်လောင်သောအသံများက လေထဲတွင် ချက်ချင်းပဲ့တင်ထပ်ကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။ မရဏပင်လယ်ဘီလူးကြီးက နာကျင်မှုကြောင်း စူးစူးဝါးဝါး အော်ဟစ်ပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုနှင့်အတူ ၎င်း၏ ခန္ဓာကိုယ်က ပေါက်ကွဲသွားခဲ့သည်။ ထို့နောက် ဘီလူးကြီးက ပင်လယ်ပြင်ပေါ်သို့ လဲကျသွားသည်။

“အဲဒီမြှားက ဘာပါလိမ့်”

တစ်ချိန်တည်းမှာပင် ယာမူ၊မာန်ဝိညာဥ်ကျင့်ကြံသူအမျိုးသမီးနှင့် အရှေ့မြေရိုင်းသားအဘိုးအို၏ ပါးစပ်မှ တူညီသော စကားလုံးများ ထွက်ပေါ်လာသည်။

ယာမူက လုံးဝအံ့အားသင့်သွားသည်။ ဤကျွန်းတွင်နေထိုင်သော ယခင်က ကံကြမ္မာမမျိုးနွယ်ဝင်များက ဤမျှကြီးမားသော ခွန်အားကို ပိုင်ဆိုင်လိမ့်မည်ကို သူ စိတ်ကူးမယဉ်နိုင်ပေ။

အဘိုးအိုပင် လုံးဝတုန်လှုပ်သွားခဲ့သည်။ နောက်ဆုံးမှာတော့ ပင်လယ်ဘီလူးကြီးက မာန်စိတ်ဝိညာဉ်ကနဦးအဆင့်လောက်စွမ်းအားကြီးသော်လည်း ထိုမြှားက ၎င်းကိုဖျက်စီးနိုင်ခဲ့သည်။ ဘီလူးကြီးက လုံးဝမသေနိုင်သော်လည်း ထိုစွမ်းအားမျိုးက အဘိုးအိုကို ထိတ်လန့်လောက်အောင်ပင် ရှိသေးသည်။

“ဒါက ရွှေလင်းနို့တွေနဲ့‌လေလွင့်နေတဲ့ဝိညာဉ်တွေကိုသတ်ဖို့ ဆယ့်ငါးနှစ်ကြာ ဖန်တီးထားတဲ့ကံကြမ္မာမျိုးနွယ်စုတွေရဲ့ လေးတော်ပဲ.. သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ မရေမတွက်နိုင်အောင် သေဆုံးခဲ့ရတယ်”

စုမင်က တိုးညှင်းသော အသံဖြင့် ပြောသည်။

“ ငါတို့ကံကြမ္မာမျိူးနွယ်စုတွေက တောင်ပိုင်းအရုဏ်ဦးနယ်မြေ ဒါမှမဟုတ် အရှေ့မြေရိုင်းနယ်မြေကလူတွေကို တိုက်ခိုက်မှာမဟုတ်ဘူး.. ဒီနေရာက ငါတို့ကံကြမ္မာမျိုးနွယ်ပိုင်တယ် မကျူးကျော်လို့မရဘူး!”

ဟု ပြောလာသူမှာ လက်ထဲရှိ လေးကို မလွှတ်တင်သေးသော အဘိုးကြီးဖြစ်သည်။ သူက ကောင်းကင်ယံရှိ အရှေ့ဘက်မြေရိုင်းနယ်မြေဟောင်းကို ကြည့်ကာ တင်းမာစွာ ကြေငြာလိုက်သည်။

“ကံကြမ္မာမျိုးနွယ်စု…”

အရှေ့ မြေရိုင်းနယ်မြေသား အဘိုးအို၏မျက်လုံးအိမ်များ တုန်လှုပ်သွားသည်။ ထိုနာမည်ကို သူပထမဆုံးကြားဖူးခြင်းပင်ဖြစ်၏။ သူ့နောက်က ကောင်လေးက ကြောက်အားလန့်အားဖြင့်ဖျော့တော့နေလေသည်။ ထိုမြှားချက်က သူ့ကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့ပြီ။

‘ကျေးဇူးတင်စရာကောင်းတာက ဒီကံကြမ္မာမျိူးနွယ်စုက အရေအတွက်နည်းနည်းပဲရှိတယ်.. သူတို့ ရာနဲ့ချီ ရှိခဲ့မယ် ဆိုရင်… သူတို့ဟာ ကြောက်စရာကောင်းတဲ့ အင်အား ဖြစ်လာလိမ့်မယ်...’

အရှေ့မြေရိုင်းသား အဘိုးအိုကြီးက အသက်ရှုပင်ကြပ်လာသည်။ သူ စိတ်ကူးယဉ်ပြီးသားပင်ဖြစ်သည်။ အကယ်၍ ထိုမြှားတစ်ရာနီးပါးသာ ရှိခဲ့ပါက၊ ၎င်းတို့နောက်မှ အဖျက်စွမ်းအားက မာန်စိတ်ဝိညာဉ်နှောင်းပိုင်း နောက်ပိုင်းအဆင့်စွမ်းအားအပြည့်ဖြင့် ထိုးနှက်လိမ့်မည်ဖြစ်သည်။

အဘိုးအိုက ကျွန်းပေါ်ရှိ လေးများကိုင်ဆောင်ထားသော လူများကို စိုက်ကြည့် လေသည်။ထို့နောက် မှိန်ပျပျမျက်လုံးများဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ အေးစက်သော လှောင်ပြောင်သော အပြုံးဖြင့် ကျွန်းပေါ်သို့ ငုံ့ကြည့်လိုက်သည်။

“မင်းရဲ့မြှားက သန်မာပေမယ့် မင်းတို့ကံကြမ္မာမျိုးနွယ်စုမှာတခြားလျှို့ဝှက်ချက်တွေရှိသေးရင် ငါမြင်ချင်မိတယ်...”

ဟု ပြောပြီး အဘိုးအိုက ကျွန်းနားသို့နီးကပ်လာကာ ညာလက်ကို အမြန်မလိုက်သည်။ ချက်ချင်းဆိုသလိုပင် ကျယ်လောင်သောအသံများ ထွက်ပေါ်လာသည်။ မယုံနိုင်လောက်အောင်ကို စီးဆင်းနေသော မြစ်ပါသော တောင်ကြီးတစ်ခု(ပုံရိပ်)က သူ့အထက်မှာ ပျံ့လွင်နေပြီး ၎င်းက ကျွန်းဆီသို့ ပစ်ပေါက်ခြင်းခံလိုက်ရသည်။

လေးကိုင်ထားသောကံကြမ္မာမျိုးနွယ်စုဝင် အဘိုးအိုက သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ တစ်ချက်မျှ မနှောင့်နှေးဘဲ သူ့လက်ကို လွှတ်လိုက်ပြီး လေထဲတွင် ကျယ်လောင်သော အသံများ တစ်ဖန် ပဲ့တင်ထပ်လာသည်။ ကမ္ဘာကြီး တုန်ခါသွားသည်နှင့်အမျှ မှောင်မိုက်သော အလင်းတန်းတစ်ခု လင်းလက်ပြီး လေထဲသို့ ရွေ့လျားသွားသည်။ ထိုမြှားက စီးဆင်း‌နေသောမြစ်ပါသောတောင်ကြီးဆီသို့ မသွားဘဲ အရှေ့မြေရိုင်းသား အဘိုးအိုဆီသို့ တည့်တည့်ပြေးဝင်သွားသည်။

ထိုအလင်းတန်းက အရှေ့မြေရိုင်းသား အဘိုးအိုနှင့်နီးကပ်လာသည့်အခါ သူ့မျက်လုံးများ တုန်လှုပ်သွားသည်။ သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ၏လက်ချောင်းတစ်ဖက်ရှိ လက်စွပ်တစ်ခုမှ ပြင်းထန်သော အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းရောင်က နယ်မြေတစ်ခုလုံးကို တခဏအတွင်း လင်းထိန်သွားကာ လူတိုင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

အလင်းက တခဏချင်း ပျောက်ကွယ်သွားပြီး အမှောင်မြှားကို လည်းပျောက်ကွယ်သွားစေသည်။ အဘိုးအိုက နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်လိုက်ရာ သူ့မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။

“ဘယ်လောက်တောင် အစွမ်းထက်တဲ့ ပစ်ချက်လဲ… မင်းက နှောင်းပိုင်းရှာမန်တစ်ယောက်ဆိုရင် ငါ့ကို ဆိုးဆိုးရွားရွား ဒဏ်ရာရစေလိမ့်မယ်၊ ဒါပေမယ့် အခုတော့…”

အဘိုးအို၏ မျက်လုံးထဲမှာ သတ်ဖြတ်ချင်စိတ်တွေ ပေါ်လာပြီး သူ့ညာလက်ကို မြှောက်လိုက်ချိန်၌ တောင်နှင့်မြစ်၏ပုံရိပ်ယောင်များက ကျွန်းပတ်လည်ရှိအလင်းလွှာကို ဝင့်ဆောင့်လေသည်။

ထိုအလင်း၏မျက်နှာပြင်က ကွဲအက်သွားပြီး မရေမတွက်နိုင်သော အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကာ ကျွန်း၏ အကာအကွယ်ပုံစံအားလုံးကို ချက်ချင်းဆုံးရှုံးသွားစေသည်။ ယာမူ၏ မျက်နှာက ဖြူဖျော့သွားကာ သူ့ဘေးနားရှိ အမျိုးသမီးက အလားတူ တုံ့ပြန်ခဲ့သည်။ သူတို့မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့သောအရိပ်အယောင်ပေါ်လာသည်။

သူတို့မြင်သည့်အတိုင်း ကံကြမ္မာမျိုးနွယ်စု၏စွမ်းအားက ကန့်သတ်ချက်ရှိ လေသည်။စိတ်ဝိညာဉ်အလတ်လတ်အဆင့်တွင်ရှိနေပြီဖြစ်သော အရှေ့မြေရိုင်းသားအဘိုးအိုကို တွန်းလှန်ရန်ပင် မမျှော်လင့်နိုင်ပေ။

သို့သော် မကြာမီတွင် ကံကြမ္မာမျိုးနွယ်စုများ၏အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်းမရှိကြောင်း သူတို့နှစ်ဦးစလုံး လျင်မြန်စွာ သဘောပေါက်လိုက်ကြသည်။ ၎င်းတို့က ယခင်အတိုင်း သီခြားဆန်ပြီး အေးစက်နေကြဆဲဖြစ်သည်။် ထိုအချိန်တွင် မြှားပစ်သော အဘိုးအိုက ၎င်း၏ညာဖက်ခြေထောက်ကို မြှောက်ကာ မြေပြင်ကိုဆောင့်နင်းလိုက်သည်။

ကျယ်လောင်သော အသံများနှင့်အတူ ကျွန်းက တုန်ခါနေတော့သည်။ တောင်နှင့်မြစ်ပုံရိပ်ယောင်မှာ အလင်းလွှာဖန်သားပြင်ကို ချိုးဖျက်ပြီး ၎င်းတို့ဆီသို့ ကျဆင်းလာသည်။ အုပ်စုအတွင်းရှိ စိတ်ဝိညာဉ်အလယ်လတ်အဆင့်နှင့် စိတ်ဝိညာဉ်ဖမ်းသူများက စုမင်၏ရုပ်တုအောက်တွင် ဒူးထောက်ထိုင်ချလိုက်သည်။ သေမင်း၏ထူထပ်သောအရှိန်အဝါ လှိုင်းလုံးများက ချိုင့်ဝှမ်းမှ ပစ်မလွှတ်လိုက်ခင် လျင်မြန်စွာ စုစည်းသွားသည်။

“မရဏတိုက်ခိုက်မှုအရှိန်အဝါ”

ကံကြမ္မာမျိုးနွယ်ဝင် အဘိုးအိုက ဖြည်းညှင်းစွာ ကြေငြာလိုက်သည်။ ကံကြမ္မာမျိုးနွယ်စုက မရဏလှိုင်းလုံးကြီးများရှိသည့်နေရာများတွင် အမြဲစုဝေးခဲ့ရသည်။ ဤသည်မှာဆယ့်ငါးနှစ်တာ ကာလအတွင်း ယင်ကိုးပါးလောကရှိ ခုခံကာကွယ်ခြင်းနှင့်သတ်ဖြတ်ခြင်းက ပျောက်ကွယ်မသွားသော ၎င်းတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်ခဲ့သည်။

ထို့ကြောင့် ဤကျွန်းငယ်လေးကို ရွေးချယ်ခဲ့ခြင်းမှာ မရဏတိုက်ခိုက်မှုအရှိန်အဝါကို သတိပြုမိသောကြောင့် ဖြစ်သည်။ ယင်ကိုးပါးလောကရှိ မရဏရောင်ဝါနှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း အချို့ကို လွှတ်ပေးလိုက်လျှင် စွမ်းအားအချို့ကို ထုတ်ဖော်နိုင်သေးသည်။

ဤပြောင်းလဲမှုက ကံကြမ္မာမျိုးနွယ်စု၏ထူးခြားသောနည်းလမ်းဖြစ်ပြီး၊ ၎င်းတို့က ဘဝနှင့်သေဆုံးမှုအခြေအနေများကြားတွင် စမ်းသပ်မှုများနှင့် အမှားအယွင်းများစွာဖြင့် ၎င်းကိုစမ်းသပ်ခဲ့ကြသည်။

သေခြင်းတရား၏ အရှိန်အဝါက ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကျွန်းပေါ်သို့ ထိုးဆင်းလာသော တောင်နှင့်မြစ်ပုံရိပ်ယောင်ဆီသို့ ဦးတည်သွားသည်။ သူတို့ ထိတိုက်မိသည်နှင့် တပြိုင်နက် ကျယ်လောင်သော အသံများက လေထဲတွင် ပြင်းထန်စွာ တုန်ခါသွားသည် ။ တောင်နှင့်မြစ်တို့က ပျက်စီးသွား၍ မရဏအရှိန်အဝါပျောက်ကွယ်သွားသည်။ ကောင်းကင်ယံရှိ အရှေ့မြေရိုင်းသား အဘိုးအို၏မယုံကြည်နိုင်ဖြစ်နေပုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

သူ့ဘေးတွင် ရပ်နေသော ကောင်လေး၏ မျက်လုံးများ ပြူးကျယ်သွားကာ တုန်လှုပ်ခြောက်ခြားသွားသည် ။

“ယင်မရဏအရှိန်အဝါတွေလား... မင်း... မင်းတို့ကံကြမ္မာမျိုးနွယ်စုက ဘယ်က လာတာလဲ.. ဒီကျွန်းက လွန်ခဲ့တဲ့ လေးနှစ်လောက်က တည်ထောင်ခဲ့တာပဲ.. လေးနှစ်အတွင်းမှာ ယင်မရဏလှိုင်းတွေရဲ့ စွမ်းအားတွေ ထွက်လာပြီး ဒီနေရာကို ပြောင်းလဲဖို့ မဖြစ်နိုင်ဘူး..ယင်ဓါတ်သယ်ဆောင်သူ မျိုးနွယ်စုကြီးတွေကပဲ ဆယ်နှစ်အတွင်းမှာမှ လုပ်နိုင်တာ”

အဘိုးအိုက လှမ်းအော်ရင်း နောက်ပြန်ဆုတ်သွားသည်။

စုမင်က တောင်ကြားမှ ထွက်ပေါ်လာသော မရဏအရှိန်အဝါကို ကြည့်လိုက်သည်။ အရှေ့မြေရိုင်းသား အဘိုးအို၏ စကားသံကို လေထဲတွင် ကြားလိုက်ရသောအခါ ကံကြမ္မာမျိုးနွယ်စု မည်ကဲ့သို့ အလုပ်လုပ်သည်ကို သူ ရုတ်တရက် နားလည်လာသည်။ဆယ့်ငါးနှစ်တာကာလအတွင်း သူတို့က ယင်ကိုးပါး လောကတွင် ရုန်းကန်တိုက်ခိုက်ရန် တောင်ကြားကို မှီခိုအားထားခဲ့ရသည်။ ဤကဲ့သို့သော အတွေ့အကြုံမျိုးက ၎င်းတို့အား မြေမျက်နှာသွင်ပြင်ဆိုင်ရာ အားသာချက်များကို အသုံးပြုရာတွင် မယုံနိုင်လောက်အောင် ကောင်းမွန်လာစေသည်။

ပိုတိကျစွာပြောရလျှင် သူတို့က မရဏအရှိန်အဝါလှိုင်းများကို ကောင်းကောင်းအသုံးချတတ်ကြသည်။

ယာမူ ဤကျွန်းကို ရောက်ကတည်းက သူ ထပ်ခါတလဲလဲ တုန်လှုပ်သွားပြီး ဤတစ်ကြိမ် တုန်လှုပ်မှုက အပြင်းထန်ဆုံးပင်ဖြစ်၏။ သူက ‌တောင်ကြားကို စိုက်ကြည့်ကာ သူ့ကျောများစိမ့်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ကံကြမ္မာမျိုးနွယ်စု၏ စွမ်းအားက သူ့မျှော်လင့်ချက်ထက် ကျော်လွန်သွားပြန်သည်။

မဝေးကွာသောအနာဂတ်တွင် ကံကြမ္မာမျိုးနွယ်စုက ကြီးမြတ်မြင့်မားလာပြီး မာန်မျိုးနွယ်စုတပြည်လုံးနှင့် ယင်မရဏနယ်မြေပင်လျှင် ထူးခြားသောစွမ်းအားရှိသူများဖြစ်လာလိမ့်မည်။

တောင်ကြားများက မျိုးနွယ်စုများ တည်ဆောက်မည့်နေရာ ထာဝရဖြစ်လိမ့်မည်။

ထိုအံ့အားသင့်ဖွယ်ကြီးမားသောလေးက ၎င်းတို့၏လက်နက်ရွေးချယ်မှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် ထာဝရတည်ရှိနေမည်ဖြစ်သည်။

ထူထပ်သောမရဏရောင်ဝါများက ၎င်းတို့၏ မျိုးနွယ်စုများအောက်တွင် ထာဝရတည်ရှိနေမည်ဖြစ်သည်။

အလားတူပင် ၎င်းတို့၏သေဆုံးသွားသော မျိုးနွယ်စုများက ‌တောင်ကြားနောက်တွင် တည်ထားသော ယဇ်ပလ္လင်တစ်ခုအောက်တွင် ထာဝစဉ် မြှုပ်နှံထားမည်ဖြစ်ပြီး၊ ၎င်းတို့သည် ၎င်းတို့၏လူမျိုးကို လုံခြုံစေမည့် သေမင်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကာ လူမျိုးကို ကာကွယ်စောင့်ရှောက်သော ဘိုးဘေးများဟု အမှန်တကယ်ပင် တည်ရှိလာမည်ဖြစ်သည်။

“တိုက်ချင်သေးလား..မင်းတိုက်ချင်ရင် ငါတို့က အဆုံးအထိ တိုက် ပေးမယ်.. ဒါပေမဲ့ ငါတို့သေသွားရင်တောင် မင်း အသင့်အနေထားနဲ့အမြဲသတိရှိနေသင့်တယ်.. ဘာလို့လဲဆိုတော့ တခြားမျိုးနွယ်ဝင် တွေက မင်းအသက်ကိုယူဖို့ လာလိမ့်မယ်၊ မင်းမသေမချင်း ရပ်တန့်မှာမဟုတ်ဘူး..”

“ငါတို့ကံကြမ္မာမျိုးနွယ်စုရဲ့ ဝိညာဉ်တွေက ချည်နှောင်ထားလို့ပဲ..ငါတို့ထဲက တစ်ယောက်ယောက်ကို သတ်လိုက်ရင် ငါတို့လူတွေက အဲဒါကို သိနိုင်တယ်.. ငါတို့ရဲ့ လေးစားအပ်တဲ့အကြီးအကဲမိုက မင်းကို ငရဲဆိုတာ ဘာလဲဆိုတာ အတိအကျ ပြောပြလိမ့်မယ်.. “

ကံကြမ္မာမျိုးနွယ်စုဝင် အဘိုးအိုက ခေါင်းကို မော့ကာ အေးစက်စွာ ကြေငြာလိုက်သည်။

ထို့နောက် ကလေးများ အပါအဝင် အားလုံးက အေးစက်စွာ ကြည့်နေကြသည်။

All Chapters